CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အိန္ဒိယက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့(VDGs)ကို သင်တန်းပေးနေစဉ် (GETTY IMAGES)

အိန္ဒိယအစိုးရက ကတ်ရှ်မီးယားတွင် ကျေးရွာကာကွယ်ရေးတပ်များ ပြန်လည်ဖွဲ့စည်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1228

CNI International News

ဆရီနာဂါ၊ ဇန်နဝါရီ ၁၃

စစ်သွေးကြွတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယအစိုးရသည် ဂျမ်မူး (Jammu) နှင့် ကတ်ရှ်မီးယား(Kashmir) ဒေသတို့တွင် ရွာစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သော ကွန်ယက်တစ်ခုကို ပြန်လည် အသက်သွင်းခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

တပ်ဖွဲ့ဝင်တချို့ကို အော်တိုရိုင်ဖယ်များ တပ်ဆင်ပေးထားသည်ဟုလည်း သိရသည်။

အိန္ဒိယအစိုးရသည် ကတ်ရှ်မီးယား ဒေသတွင် ကာလရှည်ကြာ လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်သမားများကို ပါကစ္စတန်ဘက်က ထောက်ပံ့နေသည်ဟု စွပ်စွဲထားသော်လည်း ပါကစ္စတန်ဘက်က ငြင်းဆို ထားသည်။

ကတ်ရှ်မီးယားတွင် မူဆလင်အများစုရှိပြီး ဂျမ်မူးတွင် ဟိန္ဒူအများစု နေထိုင်ကာ အိန္ဒိယနှင့်ပါကစ္စတန်တို့က အစိတ်အပိုင်းများအလိုက် ထိန်းချုပ်ထားသည်။

အိန္ဒိယ ကတ်မီးရှ်ယားမှာ အိန္ဒိယစစ်တပ်ကို တွေ့ရစဉ်(GETTY IMAGES)

ဂျမ်မူး၏ ရာဂျိုရီ(Rajouri) ခရိုင်ရှိ ဝေးလံခေါင်သီသော ကျေးရွာတစ်ခုမှ ဟိန္ဒူအသိုက်အဝန်းတွင် စစ်သွေးကြွ တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော အဖွဲ့ဝင် ၂၆၀၀၀ နီးပါးရှိ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ (VDGs) ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

ရှိထားပြီးသော ကျေးရွာကာကွယ်ရေးတပ်ဖွဲ့(VDGs)များကို ပြန်လည် စုစည်းဖွဲ့စည်းခဲ့သည်ဟု ဒေသခံ ရဲအရာရှိ ချုပ် ဟာဆိဘ်မက်ဟယ် (Haseeb Mughal) က ပြောသည်။

နှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော်လည်း ယခုအသစ်တဖန် တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာခဲ့ကြောင်း၊ ထို့ကြောင့် ယခုလို တိုက်ခိုက်မှုများကို တားဆီးရန် ဒေသခံများအား စုစည်းကာ သင်တန်းပေးမှုများ လုပ်ဆောင်နေကြောင်း၊ တချို့ကို အော်တိုရိုင်ဖယ်များ ထောက်ပံ့ပေးထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ရာဂျိုရီခရိုင်အတွင်း တိုက်ခိုက်မှုသည် ကတ်ရှ်မီးယား တောင်ကြားဒေသ၌ စစ်တပ်အင်အား များပြားနေမှုကြောင့် စစ်သွေးကြွများက ဂျမ်မူးသို့ ပြောင်းလဲတိုက်ခိုက်ရန် မျက်စိကျလာသည့် အရိပ်အယောင် ဖြစ်ကြောင်း အမည် မဖော်လိုသည့် အိန္ဒိယအရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုတွေ့ရစဉ် (GETTY IMAGES)

၂၀၁၉ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဂျမ်မူးနှင့်ကတ်ရှ်မီးယားတို့ကို ဖက်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေများအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်၊ သွေးထွက်သံယို ပုန်ကန်မှုများ ကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

VDGs များကို အစိုးရဘက်မှ လစာအဖြစ် တစ်လလျှင် ရူပီး ၄၀၀၀ ထောက်ပံ့သွားမည်လည်း ဖြစ်သည်။ ထိုသို့ လက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ပေးခြင်းတို့ကို ဒေသခံ VDGs များက ကြိုဆိုကြသော်လည်း ထိုအဖွဲ့တွင် ရာဇဝတ်မှု ကျူးလွန်သူများ ပါဝင်နေခြင်းကြောင့် အစိုးရ၏လုပ်ရပ်ကို ဒေသတွင်း နိုင်ငံရေးသမားတချို့က ဝေဖန်ထားကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိုကီနာဝါရှိ မရိမ်းတပ်ကို အပြောင်းအလဲလုပ်ရန် အမေရိကန်နှင့်ဂျပန် သဘောတူဖွယ်ရှိ

By CNI
CNI
Category: Watch TV
Hits: 577

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ နိုင်ငံကူးလက်မှတ်သက်တမ်းကုန် မြန်မာများကို စက်ရုံများထိ လာလုပ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 619

Share
Tweet
Share
Share
powered by social2s

ပီရူးရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ရဲတစ်ဦး မီးရှို့အသတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 637

Share
Tweet
Share
Share
powered by social2s

ဘော်ဆိုနာရို ဖလော်ရီဒါ ရောက်နေမှုက အမေရိကန်အပေါ် ဖိအားများရှိလာ

By CNI
CNI
Category: Watch TV
Hits: 540

Share
Tweet
Share
Share
powered by social2s

အိမ်နီးချင်း နိုင်ငံများအနေဖြင့် နစကကို အရေးယူရန် NUG တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 533

Share
Tweet
Share
Share
powered by social2s
ပီရူးနိုင်ငံ ဂျူလီယာကာမြို့တော်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့က ဆူပူအုံကြွမှုအတွင်း သေဆုံးသွားသည့် လူတစ်ဒါဇင်ကျော်၏ ဈာပနမြင်ကွင်း(ဓါတ်ပုံ-အေပီ)

ပီရူးရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ရဲတစ်ဦး မီးရှို့အသတ်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 962

CNI International News

လီမာ၊ ဇန်နဝါရီ ၁၂

ပီရူးနိုင်ငံ ပူနို(Puno) ပြည်နယ်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဆန္ဒပြသူများက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု တာဝန်ရှိသူများက အင်္ဂါနေ့တွင်ပြောကြားသည်ဟု AP သတင်းတွင်ဖော်ပြသည်။

ယင်းကြောင့် သမ္မတ ပီဒရို ကတ်စတီလို (Pedro Castillo)ကို ဖြုတ်ချခြင်းကြောင့်ပေါ်ပေါက်လာသော ဆန္ဒပြပွဲ များအတွင်း သေဆုံးသူအရေအတွက်သည် ၄၇ ဦးအထိရှိလာပြီလည်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဟိုဆေးလူးဝစ္စဆွန်ကိုကွစ်စပီ(Jose Luis Soncco Quispe) သည် ၎င်း၏လုပ်ဖော် ကိုင်ဖက်တစ်ဦးနှင့်အတူ တနင်္လာနေ့ညတွင် ဂျူလီယာကာ(Juliaca) မြို့၌ ကင်းလှည့်ခဲ့ကြပြီး ၎င်းတို့ကို လူရမ်းကားတစ်စုက တိုက်ခိုက်ခဲ့ကာ ကားကိုပါ မီးရှို့ခဲ့သည်ဟု ပီးရူးရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆွန်ကို၏လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာ ရော်နယ် ဗီလက်ဆန်တီ (Ronald Villasante) ဆိုသူဖြစ်ပြီး ၎င်းတို့ကို ဆန္ဒပြသူ ၃၅၀ ခန့်က ဖမ်းဆီးထိန်းသိမ်းကာ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည်။ ဗီလက်ဆန်တီသည် ရိုက်နှက်ခံရမှုများကြောင့် ဦးခေါင်းတွင် ဒဏ်ရာများစွာရရှိခဲ့ပြီး လီမာမြို့ရှိ ဆေးရုံတစ်ခုသို့တင်ခဲ့ရကြောင်း၊ ၎င်းသည် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဆွန်ကို သေဆုံးခြင်းကိုလည်း မသိရှိကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဆူပူအုံကြွမှုအတွင်း သေဆုံးခဲ့ရသည့် သူငယ်ချင်းတစ်ဦး၏ ခေါင်းတလားကို ဖက်ပြီး ငိုနေသည့် အမျိုးသမီး တစ်ဦး(ဓါတ်ပုံ-အေပီ)

ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတို အော်တာရိုလာ (Alberto Otarola) ကလည်း ဆွန်ကိုသေဆုံးမှုကို အတည်ပြု ပေးခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆန္ဒပြသူများက တိုက်ခိုက်ခဲ့သည်ဟု လွှတ်တော်အစီအစဉ်တစ်ခုတွင် ပြောခဲ့ သည်။ အခင်းဖြစ်ရာသို့ ရဲများရောက်ရှိချိန်တွင် ရဲတစ်ဦးကို ကြိုးတုပ်ရိုက်နှက်ထားကြောင်း၊ ဆွန်ကိုမှာ ကင်းလှည့် ကားပေါ်တွင် အရှင်လတ်လတ်မီးရှို့ခံရမှုကြောင့် သေဆုံးနေပြီဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ယင်းကြောင့် ပူနိုပြည်နယ်တွင် ည ၈ နာရီမှ မနက် ၄ နာရီ ညမထွက်ရအမိန့်ကို သုံးရက်ကြာ ထုတ်ပြန်ထား ကြောင်းနှင့် ဆွန်ကိုသေဆုံးမှုအတွက် ဗုဒ္ဓဟူးနေ့ကို အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်းလည်း အော် တာရိုလာက ပြောသည်။

ပီရူးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့အစည်း(Peru’s Ombudsman’s Office) ၏ အဆိုအရ ကတ်စတီလိုကို ဖြုတ်ချခဲ့သည့် ဒီဇင်ဘာလအစောပိုင်းမှ စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း ရဲများနှင့် ပဋိပက္ခ ဖြစ်ပွားမှုကြောင့် အရပ်သား ၃၉ ဦးသေဆုံးကာ ခုနှစ်ဦးမှာ ယာဉ်မတော်တဆမှုများအတွင်း သေဆုံးခဲ့ ကြောင်း၊ ယခု ဆွန်ကို သေဆုံးမှုကြောင့် စာရင်းမှာ ၄၇ ဦးအထိ မြင့်တက်လာပြီဟု သိရသည်။

ဆွန်ကို သေဆုံးမှုမတိုင်ခင် တနင်္လာနေ့က ဂျူလီယာကာမြို့တော်(Juliaca)တွင် ကတ်စတီလိုကို ထောက်ခံဆဲ ဖြစ်သော ကျေးလက်ဒေသများ၌ ရွေးကောက်ပွဲများကို ပြန်လည်စတင်ရန် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဆိုပါ ဖြစ်စဉ်များတွင် ဆန္ဒပြသူ ၁၇ ဦး သေဆုံးခဲ့ရသည်။

Source:AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယီမင်သို့ပို့ဆောင်မည့် အီရန်ချေမှုန်းရေးရိုင်ဖယ်များကို အမေရိကန်ရေတပ်သိမ်းဆည်း

By CNI
CNI
Category: Watch TV
Hits: 565

Share
Tweet
Share
Share
powered by social2s

မလေးရှားရှိ တိုင်းရင်းသားအဖွဲ့အစည်းအချို့ အဖမ်းခံရမှု UNHCR ကို ဖိအားပေးသင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 602

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးအာမခံချက်မရှိလျှင် ရွေးကောက်ပွဲကို ဖျက်သိမ်းရမည်ဟု နိုင်ဂျီးရီးယားပြော

By CNI
CNI
Category: Watch TV
Hits: 525

Share
Tweet
Share
Share
powered by social2s

နွေဦးတော်လှန်ရေးမှာ မပါဝင်ရန် CNF ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 540

Share
Tweet
Share
Share
powered by social2s

ပြည်သူပိုင်နေရာများမှ ပါလက်စတိုင်းအလံများကို ဖယ်ရှားရန် အစ္စရေးအစိုးရညွှန်ကြား

By CNI
CNI
Category: Watch TV
Hits: 539

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ မြန်မာသံရုံးက မြန်မာအလုပ်သမားများအပေါ် တာဝန်ယူဆောင်ရွက်ပေးမှု ညံ့ဖျင်း

By CNI
CNI
Category: Watch TV
Hits: 598

Share
Tweet
Share
Share
powered by social2s

လွှတ်တော်နှင့်သမ္မတနန်းတော်ကို စီးနင်းသူများထဲမှ လူ ၃၀၀ ကို ဘရာဇီးလ်ရဲတပ်ဖွဲ့ဖမ်းဆီး

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s

လက်နက်ကိုင် တိုက်ခိုက်မှုများရပ်တန့်ရန် လိုအပ်ဟု နစကဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 505

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်သို့ရည်ရွယ်ကာ တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 520

Share
Tweet
Share
Share
powered by social2s
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25

Page 21 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar