CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မဏိပူရရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ပီဒွန်ဂဲလ်ကိုတွေ့ရစဉ် (ANI)

မဏိပူရသည် ရွှေတြိဂံဒေသ၏ ဆိုးကျိုးများကို ခံစားနေရဟုဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1345

CNI International News

အင်ဖယ်လ်၊ ဇန်နဝါရီ ၂၀

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင်ရှိသော မဏိပူရပြည်နယ်သည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ ဒေသကြောင့် တိုက်ရိုက်နစ်နာသူ ဖြစ်လာပုံရကြောင်း NORTHEAST NOW သတင်းတွင် ဖော်ပြထားသည်။

မဏိပူရရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ပီဒွန်ဂဲလ် (P Doungel)က မြို့တော် အင်ဖာတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မဏိပူရပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၃၉၈ ကီလိုမီတာ ထိစပ်နေပြီး ရွှေတြိဂံဒေသမှ သက်ရောက်မှုများကို တိုက်ရိုက် ကြုံတွေ့နေရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံးသော ဥရောပနှင့် မြောက်အမေရိကသို့ မူးယစ်ဆေးဝါး တင်ပို့ရာ လမ်းကြောင်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်အတွင်း မဏိပူရပြည်နယ်ရှိ ရဲတပ်ဖွဲ့နှင့်တခြားသော ဥပဒေစိုးမိုးရေး အေဂျင်စီများက ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။

အာသံရိုင်ဖယ်တပ်က မူးယစ်ဆေးသယ်ယူသူများကို ဖမ်းဆီးရမိစဉ် (GETTY IMAGES)

ထိုငါးနှစ်အတွင်း ရဲတပ်ဖွဲ့မှ မူယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၂၄၃ ခုကိုလည်း မှတ်တမ်း တင်နိုင်ခဲ့သည်။ မြန်မာနှင့်နယ်စပ်ဒေသသည် ပြည်နယ်၏ တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နှိမ်နင်းရေးအတွက် အဟန့်အတား ဖြစ်နေသည်ဟု ဒွန်ဂဲလ်က ပြောသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ဘိန်းဖြူ ၂၃၈ ဒသမ ၇၂ ကီလိုဂရမ်၊ ဆေးခြောက် ၇၉၃၂ ကီလိုဂရမ်နှင့် ဘိန်း ၁၈၆၅ ဒသမ ၁၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ထို့အပြင် SP ဆေးတောင့် ၅၀၂ ဒသမ ၄၄ ကီလိုဂရမ်၊ N-10 ဆေးပြား ၇၆၀၉၂ လုံး၊ WY ဆေးပြား ၁၆၈၈ ဒသမ ၉၆ ကီလိုဂရမ်၊ ချောင်းဆိုးပျောက်ဆေး ၉၃၂၉၀ ဗူး၊ သကြားညို ၉၄၃ ဒသမ ၄၁ ကီလိုဂရမ်၊ pseudo-ephedrine ၁၈၁ ဒသမ ၄၉ ကီလိုဂရမ်နှင့် alphavin ဆေးပြား ၃၀၈၀ ပြားတို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။

လွန်ခဲ့သော ငါးနှစ်အတွင်း တခြားသော မူးယစ်ဆေးဝါးများအပြင် ဘိန်းခြောက် ၃၇၅၀ ကီလိုဂရမ်နှင့် ဘိန်းစေ့ ၇ အိတ်တို့ကိုလည်း ဖမ်းမိခဲ့သည်။

ထိုသို့သော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်နေသော အမှုပေါင်း ၂၈၁၇ ခုရှိခဲ့ပြီး အမျိုးသမီး ၅၉၅ ဦး အပါအဝင် လူပေါင်း ၂၈၁၇ ဦးကိုပါ ဖမ်းဆီးခဲ့သည်ဟု မဏိပူရရဲအရာရှိက ပြောခဲ့သည်။

Source: Northeast News

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဖျားရောဂါကြောင့် ဂမ်ဘီယာဒုသမ္မတ အိန္ဒိယတွင် ကွယ်လွန်

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijun ကိုတွေ့ရစဉ်

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်က ကူညီချင်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1664

CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်မှ ကူညီချင်သည်ဟု မိမိအား ပြောလာကြောင်း ရခိုင့်ဦးဆောင် ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံဘက်က ရက္ခိုင့်တပ်တော် (ULA/AA) နှင့် မြန်မာ့တပ်တော်တို့ ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲလိုက် သည်ကိုလည်း စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားပါတယ် တရုတ်ကလေ၊ ULA/AA နဲ့ မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲသွားတဲ့ ကိစ္စလေးတွေလည်း သူတို့က သိချင်တယ်၊ သူတို့ (တရုတ်) ကိုယ်တိုင် ကလည်း ငြိမ်းချမ်းရေးကို ကူညီဆောင်ရွက်ပေးလိုတဲ့ သဘော ကျနော်တို့ ဒီစာသားလေးတွေကို ကြည့်တဲ့အခါမှာ ပြောတာဆိုတာလေးတွေကို ကြည့်တဲ့အခါမှာ ဒါမျိုးသုံးသပ်တာပေါ့၊ တရုတ်ပြည်ဖက်က ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီချင်တယ်၊ ULA/AA နဲ့ မြန်မာ့တပ်မတော်၊ နောက် မြောက်ပိုင်းလည်း ပါမှာပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့သည်။

 AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက်ထား၍ နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုယူ၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်က တိုက်ပွဲများ ပြန်လည်ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြ သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သည်မှာ အမှန်တရားဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အားလုံးကတော့ ကိုယ့်အကျိုးစီးပွားအပေါ် မူတည်ကြတာပေါ့နော်၊ မြန်မာပြည်ကြီးက အေးချမ်းသွား ပြီဆိုရင် ဒါကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွက်ကတော့ အကျိုးကျေးဇူးတစ်ခုပဲလေ၊ တရုတ်က မြန်မာကို ငြိမ်းချမ်းရေးမှာ ကူညီချင်တယ်ဆိုတာလည်း ဒါကတော့ အမှန်တရားပါပဲ၊ တစ်ခုရှိတာက တရုတ်က သူက သူ့သမိုင်းစဉ်လာကိုက လက်တွေ့ဖြစ်တည်မှု သဘောတရားကို သူက သွားတဲ့ သဘောရှိတယ်၊ မူဝါဒတွေထက်ကို တကယ်အလုပ်ဖြစ်ဖို့ အတိုင်းအတာကို သူက စဉ်းစားတဲ့သဘောရှိတယ်၊ အဲဒီအခါကြတော့ သူ့မှာ ဘာပြဿနာ ဖြစ်နေသလဲဆိုရင် ကျနော်က သူတို့ စိတ်ထဲကို ကြည့်လိုက်တာ လက်ရှိ ရှိနေတဲ့ နိုင်ငံရေးအကျပ်အတည်းမှာ သူ့ ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ပိုက်လိုင်းကိစ္စ၊ ပိုက်လိုင်းကိစ္စရယ်၊ ကုန်သွယ်မှု ကိစ္စပေါ့နော်၊ ပြီး‌တော့ အဲဒီနေရာတွေမှာ တရုတ်အနေနဲ့က မြန်မာကို ကူညီတယ်၊ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ်မှာလည်း သူက မစွန့်ပစ်နိုင်ဘူး။ လိုရင် လိုသလို ကစားမယ်ဆိုတဲ့ သဘောထားကို သွားပြီးတော့ တွေ့နေတယ်” ဟု ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့နဲ့ NSPNC  ဆွေးနွေးပွဲကိုတွေ့ရစဉ်

တရုတ်နိုင်ငံ၏ ရင်းနှီးမြှပ်နှံမှုအဖြစ် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ခရိုင်ရှိ ကူမင်းမြို့သို့ မိုင်ပေါင်း ၄၇၉ မိုင် ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများရှိသလို နယ်စပ် ကုန် သွယ်မှုမှတဆင့် ‌အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ရရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး စသည့် အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ်မှာ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်လျက်ရှိပြီး နယ်စပ်အနီးတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရား နှင့် မျှတမှု အမျိုးသားပါတီ (MNDAA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆိုမာလီစစ်သားများကို တွေ့ရစဉ် (GETTY IMAGES)

စစ်စခန်းတစ်ခု အယ်လ်ရှာဘတ်ဝင်တိုက်၊ စစ်သား ၅ ဦးနှင့် အကြမ်းဖက်သမား ၂၁ ဦးသေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1172

CNI International News

မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၁၈

ဆိုမာလီနိုင်ငံ၏ မြို့တော် မိုဂါဒစ်ရှူး (Mogadishu)မြို့ မြောက်ဘက် စစ်တပ် အဆောက်အဦတစ်ခုကို အယ်လ် ရှာဘတ် (al-Shabab) အစွန်းရောက်အုပ်စုက အင်္ဂါနေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဆိုမာလီအာဏာပိုင်များက ပြောသည်။

ထိုတိုက်ခိုက်မှုကို ဆိုမာလီတပ်ဖွဲ့များက တွန်းလှန်နိုင်ခဲ့ပြီး အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမား ၂၁ ဦးကို အသေ ဖမ်းဆီးရမိခဲ့သည်ဟုလည်း အေပီသတင်းတွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုသည် မိုဂါဒစ်ရှူးမြောက်ဘက် ၇၅ ကီလိုမီတာအကွာ မစ်ဒယ်ရှာဘယ်လီဒေသ (Middle Shabelle)ရှိ ရှာဝတ်လီ (Xawaadley) ကျေးရွာရှိ ဟာဝတ်လီ (Hawaadley) စစ်စခန်းတွင် ဖြစ်ပွားခဲ့ကာ ယင်းကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု အယ်လ်ရှာဘတ်အဖွဲ့က ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုကို အသင့်အနေအထားတွင် ရှိနေသည့် ရဲရင့်သော ဆိုမာလီစစ်သားများက တွန်းလှန်နိုင်ခဲ့သည်ဟု ဆိုမာလီစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုဒီဝါယူဆွတ်ဖ်ရေ့ (Odawa Yusuf Rage) က ပြောသည်။

အယ်လ်ရှာဘတ် အဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

သေဆုံးသူများတွင် စစ်တပ်အရာရှိတစ်ဦး ပါဝင်သည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

တိုက်ခိုက်မှု မဖြစ်ခင်ကတည်းက အကြမ်းဖက်သမားများ စီးနင်းလာမည့် ကားများအပြင် ၎င်းတို့၏ သတင်းကို ကြိုတင် ရရှိထားကြောင်းနှင့် တိုက်ခိုက်မှု ဖြစ်စဉ်တွင် စစ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း စစ်စခန်းတွင် ရှိနေသော စစ်သားတစ်ဦးက အေပီသို့ ပြောသည်။

စစ်စခန်း ဝင်ပေါက်တွင် ပထမဆုံး အသေခံ ကားဗုံးခွဲခဲ့ကြောင်း၊ ထို့နောက် စခန်းအတွင်း ရောက်ရှိလာချိန်တွင် အသေခံ ဗုံးခွဲသူနှစ်ဦးက ထပ်မံ ဖောက်ခွဲခဲ့ကြောင်းနှင့် ထို့နောက်တွင်မှ သေနတ်သမားများက ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ အချိန်တွင် ဆိုမာလီအစိုးရသည် ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ထိုးစစ်ဆင်မှုအဖြစ် အယ်လ်ရှာ ဘတ် အဖွဲ့အပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။ သို့သော် ထိုအဖွဲ့သည် မြို့တော် အပါအဝင် တခြားသော နေရာများတွင် ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲပင် ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဖီဂျီစစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျုံးကာလူနီဝေကိုတွေ့ရစဉ် (GETTY IMAGES)

ဝန်ကြီးချုပ်သစ်၏ မြန်ဆန်သော ပြုပြင်ပြောင်းလဲမှုများအပေါ် ဖီဂျီစစ်ဦးစီးချုပ်စိုးရိမ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1204

CNI International News

ဆူဗာ၊ဇန်နဝါရီ ၁၈

ဝန်ကြီးချုပ်သစ် ဆီတီဗန်နီ ရာဘူကာ(Sitiveni Rabuka)အစိုးရ လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲ မှုများ၏ ရည်ရွယ်ချက်နှင့် မြန်နှုန်းတို့အပေါ် ဖီဂျီစစ်ဦးစီးချုပ်မှ စောဒကတက်ခဲ့ခြင်းက ၃၅ နှစ်အတွင်း အာဏာသိမ်းမှု ၄ ကြိမ်ဖြစ်ပွားခဲ့သော ပစိဖိတ်နိုင်ငံအတွင်း စိုးရိမ်မှုများကို မြင့်တက်စေသည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး ဂျုံးကာလူနီဝေ (Jone Kalouniwai)၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ကို အစိုးရအဖွဲ့က ချက်ချင်း တုန့်ပြန်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီး ပီအို တီကိုဒွာဒွာ (Pio Tikoduadua)က စစ်ဦးစီးချုပ်ကို ဆင့်ခေါ်ကာ အစိုးရဘက်မှ စိုးရိမ်မှုများ အကြောင်းအား ပြောဆိုခဲ့သည်။

ပြည်သူများ စိုးရိမ်စေသည့် ထုတ်ပြန်ချက်မျိုး မလုပ်ဆောင်တော့ဟု စစ်ဦးစီးချုပ်ဘက်မှ ပြောကြောင်း တီကိုဒွာဒွာ ကပြောသည်။

စစ်တပ်သည် လက်ရှိအစိုးရအပေါ် လေးစားမှု ရှိသွားမည်ဖြစ်ကြောင်းလည်း ကာလူနီဝေက နောက်ပိုင်းတွင် သတင်းထောက်များကို ပြောခဲ့သည်။

ဝန်ကြီးချုပ်သစ် ဆီတီဗန်နီ ရာဘူကာ(Sitiveni Rabuka)ကို တွေ့ရစဉ် (GETTY IMAGES)

ဖီဂျီသည် စစ်တပ်မှ အာဏာသိမ်းခဲ့သည့် မှတ်တမ်းဆိုးများရှိရာ နိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် ရာဘူကာ ကိုယ်တိုင် ၁၉၈၇ ခုနှစ်တွင် နှစ်ကြိမ်အာဏာသိမ်းခဲ့သည်။

ရာဘူကာသည် မဟာမိတ်ပါတီများ၏ ထောက်ခံမှုကြောင့် ဒီဇင်ဘာ ၂၄ ရက်တွင် ဝန်ကြီးချုပ် ရာထူးကို ရရှိခဲ့သည်။ ၎င်း၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုသည် စစ်ဦးစီးချုပ်ဟောင်း ဖရန့်ခ် ဘိုင်နီမာရာမာ (Frank Bainimarama) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖီဂျီဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် နိုင်ငံရေး၌ ဝင်ရောက် စွက်ဖက်ရန် အာဏာရှိနေပြီး ရာဘူကာအစိုးရက အခြေခံဥပဒေကို ပြောင်းလဲရန် ၎င်းတို့၏ ဦးစားပေးလုပ်ငန်းများမှ တစ်ခု အဖြစ် သတ်မှတ်ထားသည်။

ဖီဂျီနိုင်ငံက မြို့တော်တစ်ခုကိုတွေ့ရစဉ်(GETTY IMAGES)

အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ပထမဆုံး ကြေညာချက်၌ ကာလူနီဝေက အစိုးရ၏ မြန်ဆန်သော ပြောင်းလဲမှုများ အပေါ် ဖီဂျီစစ်တပ်အတွင်း စိုးရိမ်မှုများ မြင့်တက်လာပြီဟု ပြောခဲ့သည်။

မည်သည်ကို ရည်ရွယ်ကြောင်း ဖော်ပြထားခြင်း မရှိသော်လည်း အစိုးရ၏ ပြောင်းလဲမှုများသည် လုပ်ငန်းစဉ်များ အပေါ် အပြည့်အဝ နားလည် သဘော ပေါက်ခြင်းမရှိ သို့မဟုတ် ဖွဲ့စည်းပုံနှင့် ဥပဒေများအပေါ် စိန်ခေါ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု စစ်တပ်က စိုးရိမ်မိကြောင်းလည်း ၎င်းက ပြောသည်။

သို့သော် တီကိုဒွာဒွာက စစ်ဦးစီးချုပ်ကို ဆင့်ခေါ်ကာ အစိုးရ၏ လုပ်ငန်းစဉ်များသည် ဥပဒေနှင့်အညီ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာလူနီဝေကလည်း ၎င်းအနေဖြင့် အာဏာသိမ်းရန် အစီအစဉ်မရှိကြောင်း သတင်းထောက်များကို ပြောသည်။

စစ်တပ်၏ ဝေဖန်မှုနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယနဲ့ ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်စဉ် (GETTY IMAGES)

တရုတ်အပေါ် စိုးရိမ်မှုမြင့်နေချိန် ဂျပန်နှင့်အိန္ဒိယတို့ ပူးတွဲစစ်ရေးလေ့ကျင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1283

CNI International News

တိုကျို၊ဇန်နဝါရီ ၁၇

ဂျပန်နှင့်အိန္ဒိယတို့သည် တိုကျိုမြို့အပြင်ဘက် နေရာတစ်ခုတွင် နှစ်နိုင်ငံကြား ပထမဆုံးသော စစ်ရေး လေ့ကျင့်မှု ကို လုပ်ဆောင်ခဲ့သည်ဟု South China Morning Post သတင်းတွင် ဖော်ပြထားသည်။

ထိုနှစ်နိုင်ငံသည် တခြားနိုင်ငံများနည်းတူ တရုတ်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းအပေါ် စစ်ရေး လေ့ကျင့် မှုများဖြင့် တုန့်ပြန်ခဲ့သည်။

တနင်္လာနေ့တွင် စတင်ခဲ့သော ထိုလေ့ကျင့်မှုကို တိုကျိုမြို့ အရှေ့မြောက်ဘက် အီဘာရာကီ (Ibaraki) စီရင်စုရှိ လေတပ်စခန်းတစ်ခုတွင် ဇန်နဝါရီ ၂၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် F-2 လေယာဉ် ၄ စင်းနှင့် F-15 တိုက်လေယာဉ် ၄ စင်းတို့ ပါဝင်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဌာနက ပြောသည်။

ဂျပန်နှင့် အိန္ဒိယတို့သည် တခြားနိုင်ငံများတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ဖူးသော်လည်း တနင်္လာ နေ့ လေ့ကျင့်မှုသည် နှစ်နိုင်ငံတည်း ပထမဆုံးအကြိမ် လေ့ကျင့်မှု ဖြစ်သည်။

ယခု ပူးတွဲလေ့ကျင့်မှုသည် တရုတ်ကို စောင့်ကြည့်ရေး ဂျပန်နိုင်ငံ၏ မဟာမိတ်များနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kshida) ၏ အီတလီ၊ ယူကေ၊ ကနေဒါနှင့် အမေရိကန်ခရီးစဉ် ပြီးဆုံးချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျပန်သည် အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော Quad မဟာမိတ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဂျပန်သည် အိန္ဒိယ၊ သြစတြေးလျနှင့် အမေရိကန်တို့ ပါဝင်သော Quad အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ရုံမက အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရေး နိုင်ငံအဖြစ်လည်း ရှုမြင်ခြင်း ခံထားရသည်။

အိန္ဒိယနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နယူးဒေလီတွင် ပြုလုပ်ခဲ့သော လုံခြုံရေး ဆွေး နွေးပွဲတွင် စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည်ဟု Kyodo သတင်းတွင် ဖော်ပြသည်။

အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်နှင့် ဂျာမနီတို့ပြီးနောက် အိန္ဒိယသည် ဂျပန်ဘက်မှ စစ်ရေးလေ့ကျင့်မှုများကို လက်ခံ ကျင်းပပေးသော ၅ နိုင်ငံမြောက် နိုင်ငံဖြစ်သည်ဟုလည်း ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား ပြီး သတင်းတွင် ရေးသားထားသည်။

အိန္ဒိယသည် ယခု စစ်ရေးလေ့ကျင့်မှုကို ရုရှားလုပ် Su-30Mki တိုက်လေယာဉ်၊ အမေရိကန်လုပ် C-17 ပို့ဆောင်ရေး လေ့ယာဉ်များဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း လေတပ်အရာရှိ အာဟစ် မိုဂီ (Ashish Moghe) က ပြောသည်။

မြင့်တက်လာသော ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကို ထင်ဟပ်စေရန် နှစ်နိုင်ငံသည် ရှုပ်ထွေးသော လေကြောင်း တိုက်ခိုက်မှု လေ့ကျင့်ခန်းများနှင့် ကောင်းမွန်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

Source: SCMP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံအတွင်းရှိ အဆောက်အဦတစ်ခု ဒုံးကျည်ထိမှတ်ပျက်စီးသွားစဉ် (AP)

ရုရှားပစ်လိုက်သည့် ဒုံးကျည် ယူကရိန်း လူနေအဆောက်အဦ ထိမှန်၍ ၂၅ ဦးအထိသေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1618

CNI International News

ဒီနီပရို၊ ဇန်နဝါရီ ၁၆

ရုရှားဒုံးကျည် ထိမှန်ခဲ့သော ယူကရိန်း အရှေ့တောင်ပိုင်း ဒီနီပရိုမြို့ရှိ လူနေအဆောက်အဦမှ သေဆုံးသူ အရေ အတွက်သည် တနင်္ဂနွေနေ့တွင် ၂၅ ဦးအထိ မြင့်တက်လာပြီဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy)က ပြောသည်။

အပျက်အစီးများကြားမှ အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေဆဲ ဖြစ်သည်။

ဒုံးကျည်ထိခဲ့သော လူနေ အဆောက်အဦတွင် အထပ်ပေါင်းများစွာ ပါရှိပြီး ယင်းက စနေနေ့ ရုရှားတို့၏ ပစ် ခတ်မှုမှ လူသေဆုံးမှု အများဆုံး ဖြစ်ရပ်လည်း ဖြစ်သည်။

စနေနေ့ တိုက်ခိုက်မှုများသည် မြို့တော် ကိယက်ဗ်နှင့် ခါကိဗ်မြို့တို့ကို ပစ်မှတ်ထားခဲ့သည်။ ရုရှားဘက်မှ ဒုံးကျည် ၃၃ လုံး ပစ်ခဲ့ပြီး ယင်းမှ ၂၁ လုံးကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းစစ်ဦးချုပ်က ပြောသည်။

တင့်ကားတစ်စီးကိုတွေ့ရစဉ်

အဆောက်အဦကို ထိမှန်ခဲ့သော ဒုံးကျည်မှာ Kh-22 ဖြစ်ပြီး ယင်းကို ရုရှားက ခရွတ်(Kursh) ဒေသမှ ဖြစ်ခတ်ခဲ့ ကြောင်းနှင့် ယူကရိန်းတွင် ထိုသို့ ပစ်ခတ်နိုင်သော လက်နက်စနစ် မရှိကြောင်း ယူကရိန်းဘက်က ထုတ်ပြန်ထားသည်။

ထိမှန်ခဲ့သော အဆောက်အဦတွင် လူ ၁၇၀၀ နီးပါး နေထိုင်ကြောင်း၊ အပျက်အစီးများ အောက်တွင် ပိတ်မိနေ သူများကို ရှာဖွေရန် ယူကရိန်းကိုပါ အသုံးပြုနေရသည်ဟု သိရသည်။

ဇာလန်းစကီး၏ ထုတ်ပြန်ချက်တွင် အနည်းဆုံး လူ ၇၃ ဦး ဒဏ်ရာရခဲ့ကာ တနင်္ဂနွေနေ့ နေ့လည်အထိ ၃၉ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ပါရှိသည်။

ထို့နောက် လူ ၄၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဒီနီပရို မြို့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

မဟာဗျူဟာအရ လုံးဝအရေးပါမှု မရှိသော လူနေ အဆောက်အဦးများကို ပစ်မှတ်ထားသည့် ရုရှား၏ လုပ်ရပ် အပေါ် အံ့သြထိတ်လန့်မိသည်ဟု အသက်အန္တရာယ်မှ လွတ်မြောက်လာသူ အိုင်ဗန် ဂါးနက် (Ivan Garnuk) က ပြောသည်။

ယူကရိန်း ကယ်ဆယ်ရေးသမားများက အမျိုးသမီးတစ်ဦးကို သယ်ဆောင်နေစဉ်(AP)

၎င်းသည် ဒုံးကျည်ထိမှန်ခဲ့သော အဆောက်အဦတွင် နေထိုင်သူဖြစ်သည်။ အပျက်အစီးများ ကြားရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံများပါ ပါဝင်ကူညီခဲ့ကြပြီး တချို့က အစားအစာနှင့် စောင်များကိုပါ ထောက်ပံ့ခဲ့ ကြ သည်။

ယခုတိုက်ခိုက်မှုသည် အကြမ်းဖက်မှုဖြစ်ကြောင်း၊ လူပီသမှုမရှိကြောင်း ကယ်ဆယ်ရေးသမား တစ်ဦးက ပြောသည်။

စနေနေ့ ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ရုရှားဘက်က ထုတ်ပြန်ထားပြီး ပစ်ခတ်များကိုလည်း ထိမှန်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဌနာက ထုတ်ပြန်သည်။

ယူကရိန်းစစ်ဌာနချုပ်တစ်ခု၊ ထိန်းချုပ်ရေးစနစ်နှင့် ဆက်စပ်နေသော စွမ်းအင်စက်ရုံများသို့ ဒုံးကျည်များ ထိမှန်ခဲ့ သည်ဟု ရုရှားကာကွယ်ရေးဌာန၏ တယ်လီဂရမ် ပို့စ်တစ်ခုတွင် ရေးသားထားသော်လည်း ဒီနီပရိုမှ လူနေ အဆောက်အဦ ထိမှန်မှု အကြောင်းကို ဖော်ပြခဲ့ခြင်း မရှိပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကိုးကန့်တပ်ဖွဲ့(MNDAA)က နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကို သင်တန်ပေးပြီးနောက် လက်နက်များ ပေးအပ်နေစဉ်

ဒီမိုကရေစီခေတ်ရောက်မှ လက်နက်ကိုင်များ ပိုများလာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1852

CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

ဒီမိုကရေစီလမ်းစဉ်ဖြင့် သွားလိုက်သည့်အချိန် မြန်မာပြည်မှာ လက်နက်ကိုင်လမ်းစဉ် ပိုမိုများပြားလာကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားလုံခြုံရေးအရ ကြည့်မည်ဆိုပါက ဒီမိုကရေစီခေတ်တွင် လက်နက်ကိုင်များမှ ငြိမ်းချမ်းရေး၊ လူ့အခွင့် အရေး စသည့် အရေးကိစ္စများဖြင့် သူတို့၏ အခွင့်အလမ်းများကို လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “ပြောရရင်တော့ ကောင်းတော့ မကောင်းဘူးပေါ့နော်၊ ဒီမိုကရေစီ တည်ဆောက်ရေး လမ်းစဉ် ဆိုပြီး သွားလိုက်တဲ့ အချိန်ကြမှပဲ မြန်မာပြည်မှာ လက်နက်ကိုင်လမ်းစဉ်က ပေါလာလိုက်တာ မိုးဦးကျ မှိုပေါက် တာမှ နည်းနည်း နည်းချင်နည်းနေဦးမယ်၊ အရမ်းများတဲ့ အတွက်ကြောင့် အဲဒီလက်နက်ကိုင်တွေက ဘယ်ဦးတည် ချက်နဲ့ သူတို့ သွားနေကြတာလဲ၊ ပြောရရင်တော့ သီအိုရီအရတော့ နန့်စတိတ်အက်တာတွေပါ၊ သူတို့မှာ ဘာဖြစ် လဲဆိုတော့ နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်တွေ ရှိတယ်၊ နိုင်ငံရေးဆိုင်ရာ ဦးတည်ချက်တွေ မရရအောင် လုပ်မယ်ဆို ရင်တော့ အဲဒါတွေကို ပြန်လည် ဖြေရှင်းရင်းနဲ့ စစ်ရေးက နောက်က ကျွဲကူးရေပါ ဆိုသလို နောက်က လိုက်လာမှာ ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

NUG လက်အောက်ရှိ PDF များကိုတွေ့ရစဉ်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခွင့်မရ၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ခွန်မြင့်ထွန်းက “ကျနော်တို့ တိုင်းပြည်မှာ ဒီတော်လှန်ရေးတွေ ပေါ်ပေါက်လာရတာကတော့ ဒီမိုကရေစီ မိုးမှောင် ကျသွားလို့ ဖြစ်ပါတယ်၊ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီတွေ မိုးမှောင်ကျခဲ့တယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းခွင့် မရခဲ့လို့ လူထုအပေါ်မှာ ဖိစီးနှိပ်စက်တယ်၊ အဲဒီအခါမှာ လူထုက မိမိကိုယ်ကို မိမိ ခုခံ ကာကွယ်ရတယ်၊ ဒီနေ့ နွေဦးတော်လှန်ရေး ဖြစ်စဉ်က အဲဒါပါ၊ ဒီမိုကရေစီ မိုးမှောင်ကျသွားတယ်၊ ပါးစပ်နဲ့ ပြောလို့ ရှင်းလို့ မရတော့ဘူး။ ရှင်းလို့မရတဲ့အပြင် လူထုကို ပြည်သူကို ရန်သူလို့ သတ်မှတ်ပြီး သတ်ဖြတ်နှိပ်စက်တဲ့ အချိန် မှာ ပြည်သူလူထုက ပေါ်ပြူလေးရှင်း ပရိုတက်ရှင်းပေါ့၊ လူထုက ပြန်ပြီးတော့ ခုခံတွန်းလှန်ရတာပေါ့၊ ဒီနေ့ ကျနော် တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ တော်လှန်ရေးရဲ့ အခြေခံက အဲဒါပါ။ ဒါကြောင့် အရင်းခံ အကြောင်းအရင်းက ဒီစစ် အာဏာရှင်စနစ်နဲ့ ဒီစစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ကျင့်သုံးနေတဲ့ စစ်အာဏာရှင်တွေကြောင့် ဖြစ်ပါတယ်၊ ဒါကတော့ အခြေခံ အကြောင်းအရင်းပါ” ဟု ပြောသည်။

တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့များကိုတွေ့ရစဉ် 

မြန်မာပြည်မှာ လက်နက်ကိုင် အဖွဲ့အစည်း များပြားလာခြင်းမှာ ဒီမိုကရေစီ အခွင့်အရေး မခံစား၍သောကြောင့် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “ဒီမိုကရေစီခေတ်မှာကတော့ လက်နက်ကိုင်တွေ ပိုများတယ်ဆိုတာက ကျနော်တို့က ဒီမိုကရေစီ အခွင့်အရေး မခံစားရလို့ပါ၊ ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်က အဲဒီအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းတဲ့ ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့အခါမှာ အဲဒီအင်အားစုတွေ ပိုပြီးတော့ တိုးပွားများပြားလာတာ ဖြစ်ပါတယ်၊ စစ်ကောင်စီရဲ့ မတရား အာဏာသိမ်းမှုအောက်မှာ ပေါ်ပေါက်လာတဲ့ PDF ဆို တာ သိန်းနဲ့ချီပြီးတော့ ရှိသွားပြီ၊ အဖွဲ့အစည်းတွေလည်း ရာနဲ့ချီပြီး ရှိသွားပြီ၊ အဲဒီအဖွဲ့အစည်းတွေက အရင်တုန်း က ဖက်ဒရယ်အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ ပေါင်းစပ်မိတဲ့အခါ ပိုပြီးတော့ များပြားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး အခင်းအကျင်း ကြောင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် နိုင်ငံအနှံ့ ရာနှင်ချီ ပေါ်ပေါက်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား-ယူကရိန်း စစ်ပွဲ ရှေ့တန်းစစ်ပြေပြင်ကိုတွေ့ရစဉ် (Reuters)

ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှားကြေညာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1439

CNI International News

ကိယတ်ဗ်၊ ဇန်နဝါရီ ၁၄

ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသော ဆားတူးဖော်ရေးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ရုရှားဘက်က သောကြာနေ့ တွင် ကြေညာခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ယင်းက ယူကရိန်းစစ်ပွဲအတွင်း ဆုံးရှုံးမှုများနေသော ရုရှားတို့အတွက် ကြုံတောင့်ကြုံခဲ အောင်ပွဲတစ်ခုလည်း ဖြစ်သည်။ သို့သော် ဆိုလီဒါ (Soledar) မြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဟု ယူကရိန်းဘက်က ပြောသည်။

ဆိုလီဒါနှင့် အနီးအနားရှိ ဘတ်မုမြို့ တိုက်ပွဲများသည် ယူကရိန်းအရှေ့ပိုင်းဒေသ တစ်ခုလုံးကို သိမ်းပိုက်ရန် အရေးပါသော တိုက်ပွဲများ အဖြစ်သာမက ယူကရိန်းရှိ အကောင်းဆုံး တပ်ဖွဲ့များ အားလျော့ကာ တန်ပြန် ထိုးစစ်များ မလုပ်ဆောင်နိုင်ရန် အဓိကကျသည့် တိုက်ပွဲများအဖြစ် ရုရှားဘက်က သတ်မှတ်ထားသည်။

သို့သော် ယူကရိန်းဘက်က အရှေ့ပိုင်းမှ ခြေကုပ်ဒေသများကို စွမ်းစွမ်းတမံ ခုခံနေခြင်းက ရုရှားတပ်ဖွဲ့များကို ပိတ်မိနေစေရန် အထောက်အကူ ဖြစ်စေသည်ဟု ပြောသည်။

ဆိုလီဒါမြို့ကို ရုရှားတပ်က ပစ်ခတ်နေစဉ် (AP)

ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ရုရှားသည် ဒွန်းနက်စ်(Donetsk)နှင့် လူဟန့်ခ်(Luhansk) ပြည်နယ်များ ပါဝင်သော ဒွန်းဘတ်စ် (Donbas) ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဦးစားပေးခဲ့သည်။

အဆိုပါ ပြည်နယ်များသည် ၂၀၁၄ ခွဲထွက်ရေး ပုန်ကန်မှုကို ထောက်ခံသည့် နယ်မြေများ ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ရုရှားသည် လူဟန့်ခ်ပြည်နယ် အများစုကို သိမ်းပိုက်ထားနိုင်သော်လည်း ဒွန်းနက်စ် ပြည်နယ် တစ်ဝက်ခန့်သည် ယူကရိန်း၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိနေသေးသည်။

ဆိုလီဒါမြို့သိမ်း တိုက်ပွဲနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ပေါ်ထွက်လျက်ရှိပြီး မည်သည့်ဘက်က ထုတ်ပြန် ချက်က မှန်ကန်သည်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယူကရိန်းတပ်မှူး စကားပြောနေစဉ် (AP)

ဆိုလီဒါမြို့သည် ဇန်နဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတွင် လွတ်မြောက်သွားခဲ့ပြီဟု ရုရှားကာကွယ်ရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

အဆိုပါ ဒွန်းညက်စ်ဒေသသည် ထိုးစစ်ဆင်မှုများကို ဆက်လက် ပြုလုပ်နိုင်ရန် အရေးပါသည်ဟု ဆိုသည်။ ဆိုလီဒါ မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ရုရှားတပ်ဖွဲ့များသည် ဘတ်မု(Bakhmut)မြို့ရှိ ယူကရိန်းတပ်ဖွဲ့များအတွက် ထောက်ပံ့ရေး လမ်းကြောင်းများကို ဖြတ်တောက်နိုင်ကာ ယင်းရှိ ယူကရိန်းတပ်ဖွဲ့များအား ပိတ်ဆို့၊ ဝန်းရံနိုင်လိမ့် မည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ စစ်ပွဲများကို စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုကလည်း ဆိုလီဒါမြို့ကို ရုရှားတို့ ရရှိခဲ့သော်လည်း ယင်းက ရုရှားအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်မှုရှိရန် ရာခိုင်နှုန်း နည်းပါးသည်ဟု သုံးသပ်သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗာချယ်ဆပ်ဗ် ဗိုလိုဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

ရုရှားကို စော်ကားပြောသည့် ပြည်ပရောက်နိုင်ငံသားများ၏ ပိုင်ဆိုင်မှုများ သိမ်းယူသင့်ဟု ဆို

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1317

CNI International News

မော်စကို၊ဇန်နဝါရီ ၁၄

နိုင်ငံနှင့် စစ်တပ်ကိုဝေဖန်နေသည့် ပြည်ပရောက်ရုရှားနိုင်ငံသားများ၏ ပိုင်ဆိုင်မှုများကို နိုင်ငံပိုင်အဖြစ် သိမ်းယူ သင့်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဗာချယ်ဆပ်ဗ် ဗိုလိုဒင် (Vyachlesav Volodin) က ပြောကြောင်း BBC သတင်းတွင်ဖော်ပြသည်။

ရုရှားသမ္မတပူတင်၏ ကာလရှည်မဟာမိတ်တစ်ဦးဖြစ်သော ဗိုလိုဒင်က ရုရှားနိုင်ငံ၊နိုင်ငံသား၊ စစ်သား သို့မဟုတ် အရာရှိများကိုစော်ကားသူများနှင့် ဗီလိန်များကို ပေါ်ပေါ်ထင်ထင်ထောက်ခံသူအားလုံးကို အရေးယူရန် ပြောဆို ခဲ့ခြင်းဖြစ်သည်။

ယူကရိန်းကိုစစ်ပွဲစတင်ခဲ့ခြင်းကြောင့် ရုရှားနိုင်ငံသားထောင်ပေါင်းများစွာသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ကြသည်။ အများစုမှာ စစ်မှုထမ်းရန် ခိုင်းစေခံရခြင်းမှရှောင်လွှဲရန်ဖြစ်သည်။ ပြည်ပရောက် ထင်ရှားသူများက ရုရှားအစိုးရ၏ စစ်ပွဲနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများအပေါ် ပူတင်ကို ထောက်ခံသူများအကြား စိတ်ဆိုးဒေါသထွက်မှုများ ရှိနေချိန်တွင် ဗိုလိုဒင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံရှိ မီးလောင်ပျက်ဆီးနေသည့် အဆောက်အဦတစ်ခု(ဓါတ်ပုံ-ယူကရိန်းတိုင်းမ်)

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ယူကရိန်းဘက်သို့ ကျူးကျော်စစ် စတင်ပြီး ရက်အနည်းငယ်အကြာတွင် ရုရှားနိုင်ငံ၌ လက်နက်ကိုင်တပ်ဖွဲ့များကို ဝေဖန်ခြင်း (သို့မဟုတ်) ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ သတင်း အမှားများ ထုတ်ပြန်ခြင်းသည် ရာဇဝတ်မှုမြောက်သည်ဆိုသော ဥပေဒတစ်ရပ်ကို အတည်ပြုခဲ့သည်။

ယင်းကြောင့် ထင်ရှားသော အတိုက်အခံများအပါအဝင် အစိုးရနှင့် သဘောထားကွဲလွဲသူများစွာသည် စစ်ပွဲကို ဆန့်ကျင်ခြင်းအတွက် ဖမ်းဆီးထောင်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ပူတင်၏ အမာခံထောက်ခံသူတစ်ဦးဖြစ်သော သမ္မတဟောင်း ဒီမီထရီ မတ်ဗီဒတ်ဗ် (Dmitry Medvedev) က အဖနိုင်ငံတော်ကြီးကို ပျက်စီးစေလိုသော သစ္စာဖောက်များအတွက် စစ်ပွဲကာလအတွင်း အထူးဥပဒေများ ရှိခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောခဲ့သည်။ ၎င်းသည် ရုရှားလုံခြုံရေးကောင်စီဝင်လည်းဖြစ်သည်။

စစ်ဒဏ်ခံလိုက်ရသည့် ယူကရိန်းရှိ နယ်မြေတစ်ခုမြင်ကွင်း

သမ္မတဟောင်းမတိုင်ခင် ရုရှားသရုပ်ဆောင် တစ်ဦးဖြစ်သော အာသာ စမိုယာနီနော့ဗ်( Artur Smolyaninov) က သူ့အနေဖြင့် စစ်ပွဲအတွင်း ပါဝင်ခွင့်ရလျှင်ယူကရိန်းဘက်မှဝင်တိုက်ပေးချင်သည်ဟု ပြောခဲ့သည်။ အဆိုပါ ပြော စကားကြောင့် စမိုယာနီနော့ဗ်ကို နိုင်ငံတော်မှရိုက်ကူးသောဇာတ်ကားများတွင် ပါဝင်ခွင့်ပိတ်ပင်ရန် ရုရှားအမတ် များက တောင်းဆိုခဲ့ကာ အဆိုပါ ပြောစကားအတွက် စုံစမ်းစစ်ဆေးရေးကော်မတီက ရာဇဝတ်မှုဖြင့် အမှုဖွင့်ခဲ့ သည်။

ထို့အပြင် ဒူဘိုင်းနှစ်သစ်ကူးဖျော်ဖြေပွဲ၌ ယူကရိန်းနိုင်ငံသားများအတွက် ဆုတောင်းပေးခဲ့သော ရုရှား အဆိုတော် ဗယ်လာရီ မီလတ်ဇီ(Valery Meladze)ကိုလည်း နိုင်ငံသားအဖြစ်မှဖယ်ရှားရန် တောင်းဆိုခဲ့ကြသည်။ ဗိုလိုဒင်သည် ရုရှားအောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်ကာ တိုင်ပြည်ကိုစော်ကားသည့်ပြောစကားများကို တုန့်ပြန်ရေး သတ်မှတ် ချက်များသည် ထိရောက်မှုမရှိကြောင်း၊ ထိုသို့စော်ကားပြောဆိုသူများကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကာ အရေးယူသင့်သည်ဟု သူ၏ တယ်လီဂရမ်တွင် ရေးသားခဲ့သည်။ နိုင်ငံပိုင်သိမ်းရန် ၎င်း၏ တောင်းဆိုမှုကိုလည်း ရုရှားဆီနိတ်တာတစ်ဦးဖြစ်သူ အန်ဒရီ ကလစ်ရှက်စ် (Andrei Klishas) ကလည်း ထောက်ခံခဲ့သည်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့(VDGs)ကို သင်တန်းပေးနေစဉ် (GETTY IMAGES)

အိန္ဒိယအစိုးရက ကတ်ရှ်မီးယားတွင် ကျေးရွာကာကွယ်ရေးတပ်များ ပြန်လည်ဖွဲ့စည်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1430

CNI International News

ဆရီနာဂါ၊ ဇန်နဝါရီ ၁၃

စစ်သွေးကြွတစ်ဦး၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယအစိုးရသည် ဂျမ်မူး (Jammu) နှင့် ကတ်ရှ်မီးယား(Kashmir) ဒေသတို့တွင် ရွာစောင့်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်သော ကွန်ယက်တစ်ခုကို ပြန်လည် အသက်သွင်းခဲ့သည်ဟု ရဲအရာရှိတစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

တပ်ဖွဲ့ဝင်တချို့ကို အော်တိုရိုင်ဖယ်များ တပ်ဆင်ပေးထားသည်ဟုလည်း သိရသည်။

အိန္ဒိယအစိုးရသည် ကတ်ရှ်မီးယား ဒေသတွင် ကာလရှည်ကြာ လက်နက်ကိုင် ပုန်ကန်မှုနှင့် ရင်ဆိုင်နေရပြီး အကြမ်းဖက်သမားများကို ပါကစ္စတန်ဘက်က ထောက်ပံ့နေသည်ဟု စွပ်စွဲထားသော်လည်း ပါကစ္စတန်ဘက်က ငြင်းဆို ထားသည်။

ကတ်ရှ်မီးယားတွင် မူဆလင်အများစုရှိပြီး ဂျမ်မူးတွင် ဟိန္ဒူအများစု နေထိုင်ကာ အိန္ဒိယနှင့်ပါကစ္စတန်တို့က အစိတ်အပိုင်းများအလိုက် ထိန်းချုပ်ထားသည်။

အိန္ဒိယ ကတ်မီးရှ်ယားမှာ အိန္ဒိယစစ်တပ်ကို တွေ့ရစဉ်(GETTY IMAGES)

ဂျမ်မူး၏ ရာဂျိုရီ(Rajouri) ခရိုင်ရှိ ဝေးလံခေါင်သီသော ကျေးရွာတစ်ခုမှ ဟိန္ဒူအသိုက်အဝန်းတွင် စစ်သွေးကြွ တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီးနောက် အာဏာပိုင်များသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော အဖွဲ့ဝင် ၂၆၀၀၀ နီးပါးရှိ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ (VDGs) ကို ပြန်လည် ဖွဲ့စည်းခဲ့သည်။

ရှိထားပြီးသော ကျေးရွာကာကွယ်ရေးတပ်ဖွဲ့(VDGs)များကို ပြန်လည် စုစည်းဖွဲ့စည်းခဲ့သည်ဟု ဒေသခံ ရဲအရာရှိ ချုပ် ဟာဆိဘ်မက်ဟယ် (Haseeb Mughal) က ပြောသည်။

နှစ်ပေါင်းများစွာ တည်ငြိမ်ခဲ့သော်လည်း ယခုအသစ်တဖန် တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာခဲ့ကြောင်း၊ ထို့ကြောင့် ယခုလို တိုက်ခိုက်မှုများကို တားဆီးရန် ဒေသခံများအား စုစည်းကာ သင်တန်းပေးမှုများ လုပ်ဆောင်နေကြောင်း၊ တချို့ကို အော်တိုရိုင်ဖယ်များ ထောက်ပံ့ပေးထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ရာဂျိုရီခရိုင်အတွင်း တိုက်ခိုက်မှုသည် ကတ်ရှ်မီးယား တောင်ကြားဒေသ၌ စစ်တပ်အင်အား များပြားနေမှုကြောင့် စစ်သွေးကြွများက ဂျမ်မူးသို့ ပြောင်းလဲတိုက်ခိုက်ရန် မျက်စိကျလာသည့် အရိပ်အယောင် ဖြစ်ကြောင်း အမည် မဖော်လိုသည့် အိန္ဒိယအရာရှိတစ်ဦးက ပြောသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီကိုတွေ့ရစဉ် (GETTY IMAGES)

၂၀၁၉ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ဂျမ်မူးနှင့်ကတ်ရှ်မီးယားတို့ကို ဖက်ဒရယ်အုပ်ချုပ်ရေးဆိုင်ရာ နယ်မြေများအဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်၊ သွေးထွက်သံယို ပုန်ကန်မှုများ ကို လျှော့ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

VDGs များကို အစိုးရဘက်မှ လစာအဖြစ် တစ်လလျှင် ရူပီး ၄၀၀၀ ထောက်ပံ့သွားမည်လည်း ဖြစ်သည်။ ထိုသို့ လက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ပေးခြင်းတို့ကို ဒေသခံ VDGs များက ကြိုဆိုကြသော်လည်း ထိုအဖွဲ့တွင် ရာဇဝတ်မှု ကျူးလွန်သူများ ပါဝင်နေခြင်းကြောင့် အစိုးရ၏လုပ်ရပ်ကို ဒေသတွင်း နိုင်ငံရေးသမားတချို့က ဝေဖန်ထားကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိုကီနာဝါရှိ မရိမ်းတပ်ကို အပြောင်းအလဲလုပ်ရန် အမေရိကန်နှင့်ဂျပန် သဘောတူဖွယ်ရှိ

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

ထိုင်းရှိ နိုင်ငံကူးလက်မှတ်သက်တမ်းကုန် မြန်မာများကို စက်ရုံများထိ လာလုပ်ပေးမည်

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

ပီရူးရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင် ရဲတစ်ဦး မီးရှို့အသတ်ခံရ

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

ဘော်ဆိုနာရို ဖလော်ရီဒါ ရောက်နေမှုက အမေရိကန်အပေါ် ဖိအားများရှိလာ

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s

အိမ်နီးချင်း နိုင်ငံများအနေဖြင့် နစကကို အရေးယူရန် NUG တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25

Page 21 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar