CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ကျင်းပခဲ့သော သက္ကရာဇ် ၂၁၁၇ ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို လုံခြုံရေးယူထားသော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် မြန်မာ့တပ်မတော်တို့ နိုဝင်ဘာ ၂၅ ရက်နေ့က တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

SSPP က သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်ထိ ကျင်းပခဲ့ရာ လုံခြုံရေးယူပေးခဲ့ကြောင်း၊ ထို့နောက် တပ်မတော်မှ အင်အား ၈၀ ခန့်ဖြင့် ထိုးစစ်ဆင်လာသည့် အတွက် နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ကနေ နံနက် ၇ နာရီထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း SSPP က သတင်းထုတ်ပြန်ခဲ့သည်။

 သီပေါမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကျင်းပနေသည့် ရှမ်းနှစ်သစ်ကူးပွဲကို တွေ့ရစဉ်

အဆိုပါ တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စု အတွင်းမှ ဒေသခံ ၆၀၀ ခန့် သီပေါမြို့ပေါ်နှင့် လုံယွန်းဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် နှစ်ဖက် အင်အားများ ဖြည့်တင်းလျက်ရှိပြီး စစ်ရေးတင်မာနေကြောင်း သိရသည်။