CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ဇွန်လ ၂၂ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး ယနေ့ (ဇွန်လ ၂၄ ရက်)တွင်  သူ၏ ဈာပန အခမ်းအနားကို တွေ့ရသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သည် SSPP/SSA ၏ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က ပါဝင် တက်ရောက် ခဲ့သေးသည်။