CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းသန်းအောင် ဇွန်လ ၂၂ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

ဗိုလ်မှူးစိုင်းသန်းအောင်သည် SSPP/SSA ၏ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် SSPP/SSA ကိုယ်စားလှယ်တို့ နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့စဉ်က ပါဝင် တက်ရောက် ခဲ့သေးသည်။