CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရဆဲ ပရာယွတ်ချန်အိုချာ(ဓါတ်ပုံ-အေပီ)

ထိုင်းတရားရုံးက ဝန်ကြီးချုပ်၏ ရာထူးသက်တမ်း စီရင်ဆုံးဖြတ်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1710

CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၃၀

စက်တင်ဘာ ၃၀ ရက်သည် ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်အဖြစ် ရာထူးသက်တမ်း စတင်မည့်နေ့ဖြစ်၍ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ စီရင်ဆုံးဖြတ်မှုများကို အားလုံးက အာရုံစိုက်စောင့်ကြည့်နေကြကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းစာမျက်နှာက ရေးသားဖော်ပြသည်။

ထိုင်းတွင် နိုင်ငံရေးအခင်းအကျင်းသစ် အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပညာရှင်များအကြား ထင်ကြေးပေးနေကြသည်။

အကယ်၍ တရားရုံးက ဝန်ကြီးချုပ်ကို ထောက်ခံလိုက်မည်ဆိုလျှင် ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၎င်း၏အာဏာကို ဆက်လက်စိန်ခေါ်နေမည်ဖြစ်၍ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့်အခြေအနေ၌ ဆက်ရှိနေနိုင်သည်။

သို့သော် တရားရုံးက ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် ဆန့်ကျင်ဘက်ဆုံးဖြတ်ချက်ချခဲ့လျှင် ပရာယွတ် ရာထူးမှဆင်း ပေးရမည်ဖြစ်ပြီး နောက်ထပ်ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်တွင် တရားရုံးက ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ထားရန် ၅ မဲ-၄ မဲဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူးသက်တမ်း ကန့်သတ်ချက် လက်ခံစဉ်းစားမှုမပြီးမချင်း ဆက်လက်ဆိုင်းငံ့ထားခဲ့သည်။

သို့သော်လည်း ၎င်းကို ကာကွယ်ရေးဝန်ကြီး ရာထူးဆက်လက်ထမ်းဆောင်ရန်ကိုတော့ တရားရုံးက ခွင့်ပြုခဲ့သည်။

ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးဖို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက အစိုးရ အိမ်ရှေ့တွင် စုဝေးဆန္ဒထုတ်ဖော်ကြစဉ်(ဓါတ်ပုံ-Getty Images)

ဗိုလ်ချုပ်ကြီး ပရာယွတ်အား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရမည့်ရက်ကို ပြန်လည်သုံးသပ်ရန် အတိုက်အခံ များ၏ တင်ပြပန်ကြားချက်ကို တရားရုံးက လက်ခံခဲ့ပြီး တရားရုံးအဖွဲ့ ခုံသမာဓိအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် ၎င်း၏ရာထူးကို ဆိုင်းငံ့ထားရန် ဖြစ်ပေါ်လာခဲ့သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၅၈ ပြဋ္ဌာန်းချက်အရ ဝန်ကြီးချုပ်တစ်ဦးသည် အများဆုံးရာထူးသက်တမ်း ထမ်းဆောင်သည့်ကာလမှာ ၈ နှစ် ဖြစ်သည်။

သို့ဖြစ်၍ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် ဝန်ကြီးချုပ်ရာထူး စတင်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးပရာယွတ်သည် ယခုနှစ် ဩဂုတ် ၂၄ ရက်တွင် ရာထူးသက်တမ်းကုန်ဆုံး၍ ဆင်းပေးရတော့မည်ဟု ၎င်းကို ဝေဖန်ထောက်ပြသူ များက ယုံကြည်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်သည် ပရာယွတ် စစ်အာဏာသိမ်းပြီးနောက် ယာယီ ပဋိညာဉ်ကို ပြဋ္ဌာန်းခဲ့သည့်နေ့လည်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင်မှ တရားဝင်ဖြစ်လာသည်ဟု ယုံကြည်ကြသူများလည်းရှိရာ ၎င်းတို့က ပရာယွတ်၏သက်တမ်းသည် ၂၀၂၇ ခုနှစ်ကျမှ ကုန်ဆုံးမည်ဟု စောဒကတက်ကြသည်။

အချို့ကလည်း အာဏာသိမ်းပြီးနောက် ၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံအောက်၌ ယာယီပဋိညာဉ်ကို အစားထိုးခဲ့သဖြင့် ထို အချိန်မှစ၍ ဝန်ကြီးချုပ်ရာထူး စတင်သည်ဟု ပြောဆိုနေကြပြီး ၎င်း၏ရာထူးသက်တမ်းသည် ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဟုလည်း ယုံကြည်လက်ခံထားကြသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရုရှားလိုလားသော ခွဲထွက်ဒေသက မဲပေးနေသူများ (AP)

ဇာပိုရေဇီးယား၊ ခါဆွန်လွတ်လပ်ရေးအမိန့် ပူတင်လက်မှတ်ထိုးပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1453

CNI International News

မော်စကို၊ စက်တင်ဘာ ၃၀

၇ လကြာ ကျူးကျော်စစ်အတွင်း ယူကရိန်းပိုင်နက်များ အပြီးအပိုင်သိမ်းရန် ပြင်ဆင်နေချိန်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဇာပိုရေဇီးယားနှင့် ခါဆွန်နယ်မြေများ၏ လွတ်လပ်ရေး ရရှိကြောင်း အမိန့်ကို လက်မှတ် ရေးထိုး၍ အတည်ပြုကြေညာခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရေဇီးယား၊ ခါဆွန်တို့၏ အချုပ်အခြာ အာဏာနှင့်လွတ်လပ်ရေးကို အသိအမှတ် ပြု ကြောင်း ပူတင်က စက်တင်ဘာ ၂၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော သမ္မတ၏အမိန့်စာတွင် အတည်ပြုခဲ့ သည်။

ရုရှားသိမ်းထားသည့် ယူကရိန်းနယ်မြေများတွင် လူထုဆန္ဒခံယူပွဲများ အလျင်အမြန် ကျင်းပပြီးနောက် ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် ကရင်မလင်သမ္မတနန်းတော်ထဲ၌ ကြီးကျယ်စည်ကားသော အခမ်းအနား တစ်ရပ် ကျင်းပပြီး အဆိုပါနယ်မြေနှစ်ခုကို ရုရှားထဲသို့ ပေါင်းထည့်ရန် စီစဉ်ထားသည်။

 ယူကရိန်းနိုင်ငံအတွင်းက ခွဲထွက်၍ ရုရှားနဲ့ပူးပေါင်းရေး မဲပေးနေကြစဉ် 

ရုရှားနှင့်ပေါင်းရန်အတွက် အဆိုပါဒေသခံများ၏ ထောက်ခံမဲ ၉၉ ရာခိုင်နှုန်းအထိ အများစုက တောင်းဆိုထား ကြောင်း ကရင်မလင်က ပြောသည်။

ပူတင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဒွန်နက်စ်နှင့်လူဟန့်စ် နယ်မြေနှစ်ခု၏ လွတ်လပ်ရေးကိုလည်း အသိအမှတ် ပြုခဲ့ပြီး ဖြစ်သည်။

ခရိုင်းမီးယား ကျွန်းဆွယ်ကို ယူကရိန်းလက်မှ ရုရှားသိမ်းပိုက်ပြီး ၈ နှစ်အကြာ ယခုကဲ့သို့ ကရင်မလင်နန်းတော်၌ အခမ်းအနားတစ်ရပ်ကို ဒေသစံတော်ချိန် ညနေ ၃ နာရီ (ဂရင်းနစ်စံတော်ချိန် မွန်းတည့် ၁၂ နာရီ) တွင် ကျင်းပ မည်ဟု သိရသည်။

ယခု အခမ်းအနားကို ရွှေကွပ်ထားသည့် စကျင်ကျောက်များ စီခြယ်ထားသော ကရင်မလင်နန်းတော်၏ ဂျော်ဂျီဗာ စကီ (Geogrevsky) ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ရုရှား၏သိမ်းယူမှုသည် ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ပြီး တရားဝင်တန်ဖိုး ပျောက်ဆုံးနေကြောင်း”နယူးယောက်မြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် သာမန်ထက် ပြင်းထန်သော လေသံဖြင့် ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်မှာ ရုရှားနဲ့ပူးပေါင်းမယ့် ယူကရိန်းကခွဲထွက်ဒေသ မဲပေးမှု အောင်မြင်မှု အထိမ်းအမှတ် ကျင်းပရန် ပြင်ဆင်နေစဉ် (AP)

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်၌ စတင်ခဲ့သော ရုရှားကျူးကျော်စစ်ကို ခေတ်သစ်ကမ္ဘာတွင် နေရာမပေးနိုင် ကြောင်း၊ လက်မခံသင့်ကြောင်း ဂူတာရက်စ်က ဆက်လက်ပြောကြားခဲ့သည်။

ရုရှား ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ထဲတွင် အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့က ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် တွေ့ဆုံရန် စီစဉ်ထားပြီး ယခုကဲ့သို့ သိမ်းပိုက်မှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်မူကြမ်း ထွက်ရှိနိုင်ရေး ကြိုးပမ်းကြမည်ဖြစ်သည်။

ယူကရိန်းပိုင်နက်ကို ရုရှားတောင်းဆိုမှုအား အမေရိကန်က အသိအမှတ်မပြုကြောင်း စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တိုက်ပွဲရှောင်စခန်းများ အလှူရှင်နည်းပါး၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 602

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၌ ရုရှားလူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ရပ်တည်ချက် UN တွင် ထုတ်ပြောမည်

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s

တာလီဘန်များကို အထီးကျန်ဆက်ထားလျှင် အန္တရာယ်များကြောင်း ပါကစ္စတန်သတိပေး

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

နယ်စပ်ထွက်ပြေးကြသူများကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေးဂိတ်များ ဖွင့်

By CNI
CNI
Category: Watch TV
Hits: 611

Share
Tweet
Share
Share
powered by social2s

“ဝ”ကို ပြည်နယ်ပေးမည်ဆိုသည့် စစ်တပ်၏ အာမခံချက်က မသေချာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 576

Share
Tweet
Share
Share
powered by social2s
၂၀၁၇ ခုနှစ် (၁၉) ကြိမ်မြောက် အမျိုးသားကွန်ကရက်တွင် ကိုယ်စားလှယ်များရှေ့၌ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရပ်နေစဉ်(ဓါတ်ပုံ-ရိုက်တာ)

တရုတ်ထောက်လှမ်းရေးအရာရှိဟောင်းကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖြင့် စွဲချက်တင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1559

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၂၉

တရုတ်နိုင်ငံ၏ထောက်လှမ်းရေးနှင့်တန်ပြန်ထောက်လှမ်းရေးဌာနမှ ထိပ်တန်းအရာရှိဟောင်းတစ်ဦးကို အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် စွဲချက်တင်ထားကြောင်း အေပီသတင်းအရ သိရသည်။

အာဏာရကွန်မြူနစ်ပါတီ၏ အရေးပါသောကွန်ဂရက်ညီလာခံမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် သမ္မတရှီကျင့်ဖျင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လက်မှတ်ရေးထိုးပေးခဲ့သည့်အတိုင်း အရေးယူ လုပ်ဆောင်လျက်ရှိနေသည်။

ယင်းသို့အရေးယူလုပ်ဆောင်ချက်များအရ ပါတီ၏ စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန၊ ဌာနခွဲကို ဦးဆောင်နေသူ ထောက်လှမ်းရေးအရာရှိဟောင်း လျူယန်ပင်ကို စက်တင်ဘာ ၂၈ ရက်တွင် စွဲချက်တင်ခဲ့သည်။ ယခုစွဲချက်သည် ယင်ကောင်နှင့်ကျားများအကြား အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် ရှီ၏ ကတိကဝတ်ကို အခြေခံသည့် နောက်ထပ်သတိပေးချက် ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် စက်တင်ဘာ ၂၃ ရက်တွင် လက်ထောက် ရဲဝန်ကြီးဟောင်း စွန်းလီဂျန်းကို စတော့ရှယ်ယာ ဈေးကွက်အရှုပ်တော်ပုံ၊ လာဘ်ပေးလာဘ်ယူမှုနှင့် အခြားပြစ်မှုများဖြင့် စွဲချက်တင်ခဲ့ပြီး သေဒဏ်ချမှတ်ခဲ့သည်။ ယင်းအမှုတွင် အစိုးရအဖွဲ့ဝင် အရာရှိဟောင်း နှစ်ဦးထက်မနည်း အမှုတွဲတွင် ပါဝင်ခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

လျူယန်ပင်ကို ယခုလအစောပိုင်း ပါတီမှထုတ်ပယ်ခဲ့ပြီး စွဲချက်တင်၍ စုံစမ်းစစ်ဆေးလျက်ရှိရာ ၎င်းသည် နှစ်ရှည် ထောင်ဒဏ်ကျခံရန် သေချာလုနီးပါးဖြစ်နေသည်။

အဆိုပါ ကနဦးစုံစမ်းစစ်ဆေးမှုတွင် လျူသည် အတွေးအခေါ်များ ပျက်ပြားနေပြီး ခံယူချက်များလည်း နိုင်ငံရေး အရ ဆိုးရွားစွာ ယိုယွင်းနေကြောင်း တွေ့ရှိရသည်ဟု အေပီသတင်းအရ သိရသည်။

“အကျိုးစီးပွားအတွက် နိုင်ငံရေးအာဏာကို အလဲအလှယ်လုပ်ပြီး သူ့အာဏာကို နိုင်ငံရေးအရင်းအနှီး၊ ပုဂ္ဂိုလ်ရေး အရ ခံစားခွင့်နဲ့ချမ်းသာကြွယ်ဝမှု ရှာဖွေဖို့ အသုံးချစရာကိရိယာအဖြစ် အသွင်ပြောင်းခဲ့ကြောင်း” အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

လျူသည် အယူသီးသော လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း၊ ဂေါက်သီးရိုက်ကစားပွဲများ၊ ခရီးစဉ်များကို ဖိတ်ကြား သည့်အတိုင်း လက်ခံခဲ့ကြောင်း၊ အစိုးရတာဝန်များကို ထမ်းဆောင်ရာတွင် ၎င်း၏သမာသမတ်ရှိမှုကို ထိခိုက်စေ သည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များထံမှ ဆေးဝါးကုသမှုဆိုင်ရာဝန်ဆောင်မှုများ ရယူခဲ့ကြောင်း ၎င်း အစီရင်ခံစာထဲတွင် ဆက်လက်ဖော်ပြထားသည်။

စွန်းလီဂျန်း၏အမှုတွင်လည်း ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲခံထားရသော တရားရေးဝန်ကြီးဟောင်းနှင့် အာဏာရ ပါတီ၏ ထိပ်တန်းတာဝန်ရှိသူဟောင်းတစ်ဦးကိုလည်း အလားတူပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

စွန်းသည် ၂၀၂၈ ခုနှစ်တွင် ယွမ်ငွေ ၆၄၆ သန်း (ဒေါ်လာ ၉၁ သန်း) လာဘ်ယူခဲ့ကြောင်း၊ ၎င်း၏အစိုးရရာထူးကို အသုံးပြု၍ ကုန်သည်တစ်ဦး နစ်နာဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ရန် စတော့ရှယ်ယာရောင်းဝယ်ရေးကိစ္စ၌ ကြိုးကိုင် ချယ်လှယ်မှုဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များကို တွေ့ရစဉ်

ရခိုင်တိုက်ပွဲရှောင်စခန်းများ အလှူရှင်နည်းပါး၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1319

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်စခန်းများသို့ အလှူရှင်များ၏ လာရောက်လှူဒါန်းမှုမှာ နည်းပါးလာသည့်အပြင် တိုက်ပွဲရှောင်ဦးရေမှာလည်း တိုးပွားလာသဖြင့် စားနပ်ရိက္ခာမှာ အဓိက အခက်အခဲဖြစ်နေကြောင်း တိုက်ပွဲ ရှောင်စခန်းများမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့နယ် စေတီပြင်တိုက်ပွဲရှောင်စခန်းမှ ကိုအောင်မင်းစိုးက “ပြည်ပရောက်နေတဲ့ လူငယ်တွေ ပြည်ပ မှာ ရောက်နေတဲ့အဖွဲ့အစည်းတွေကနေ လှမ်းပြီးအကူအညီတောင်းပြီး လှူကြတဲ့အလှူငွေတွေနဲ့ လောလော ဆယ်တော့ ကျနော်တို့ ဆန်တစ်ခုလောက်ပဲ ကူညီထားပါတယ်။ ရေရှည်ကတော့ အဆင်မပြေဘူး။ ကျနော်တို့ အရင်တုန်းကဆိုရင် ၇ ရက်လုံးလုံး ဆန်ရိက္ခာတွေ ထုတ်ပေးတယ်။ အခု တစ်ပတ်ကို ၄ ရက်ပေါ့ ၃ ရက်လောက် ကိုတော့ ရှိတာလေးနဲ့ ကြံဖန်စားကြ။ ကျနော်တို့က တစ်ပတ်ကို ၄ ရက်လောက်ကို အဲဒီ အလှူငွေတွေနဲ့ ရသ လောက်တော့ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ဆန်ရိက္ခာတွေကို ကူညီပေးနေတာတွေ ရှိပါတယ်။

အလှူရှင်တွေ ကတော့ ပထမဖြစ်တုန်းဆိုတော့ တော်တော်လေး လှူကြတယ်။ နည်းနည်းလောက် ငြိမ်သွားတော့ နောက်ပြီး အခြားတစ်ဖက်မှာ တော်တော်လေးအခက်အခဲဖြစ်နေတယ်ဆိုရင် အဲဒီအလှူရှင်တွေက အဲဒီဘက်ကို ရောက်သွား တော့ ရေရှည်ဖြစ်လာတဲ့အခါကျတော့ အလှူရှင်တွေလည်း နည်းနည်းလျော့နည်းလာကြတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် တိုက်ပွဲရှောင်စခန်းတစ်ခု

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြို့နယ် ၆ မြို့နယ်ဖြစ်သည့် မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့သို့ NGO အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို ရပ်နားထားရန် တပ်မတော် ဘက်မှ ညွှန်ကြားထားကြောင်း သိရသည်။

တိုက်ပွဲရှောင်စခန်းအများစုသည် ICRC မှ ရိက္ခာထောက်ပံ့မှုနှင့် တိုက်ပွဲရှောင်တစ်ဦးလျှင် တစ်လစာအတွက် ၁၈၀၀၀(တစ်သောင်းရှစ်ထောင်)ကျပ်နှုန်းထားဖြင့် WFP မှ ထောက်ပံ့ခြင်းတို့ကို အဓိကအားထားနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ ကူညီထောက်ပံ့မှုများအား ရပ်နားခိုင်းသည့်အတွက် အခက်အခဲဖြစ်ကြောင်း တိုက်ပွဲရှောင်စခန်းများမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

သျှစ်သောင်းတိုက်ပွဲရှောင်စခန်းမှ ဦးစောလှအောင်က “တစ်ဖွဲ့မှလည်း ရောက်လို့မရှိသေးဘူး။ ပေးတာကတော့ WFP ကမ္ဘာ့စားနပ်ရိက္ခာများအဖွဲ့ကပေါ့။ အဲဒီအဖွဲ့လည်း ဒီ ၉ လပိုင်းမှာ လုံးဝမရောက်ဘူးလေ။ NGO အဖွဲ့တွေက လစဉ် ပုံမှန်ပေးတာလေ။ လစဉ်ပုံမှန်ပေးတာ ဒီ ၉ လပိုင်းမှာ ဒီနေ့ဆို ၂၉ ရက် ရှိပြီ သူတို့လည်း ပိတ်ထားလို့ မရောက်ဘူးထင်တယ်။ အခက်အခဲကတော့ ဖြစ်တာပေါ့။ ကယ်ဆယ်ရေးစခန်း အလျောက် စားနပ်ရိက္ခာ အခက် အခဲကြုံနေရတယ် အကုန်လုံး။ camp တိုင်းပေါ့။ တစ် camp တည်း မဟုတ်ဘူး။ ကူညီပေးနိုင်ရင် အဲဒီရိက္ခာလေး တွေကို နည်းနည်းကူညီထောက်ပံ့ပေးနိုင်ရင်တော့ ကောင်းမယ်လို့ ထင်မိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ နှစ်ဖက်အကြား အပြန်အလှန် စစ်ရေးတင်းမာမှုများရှိနေပြီး လမ်းပန်းဆက်သွယ်ရေးများအား ကန့်သတ်ပိတ်ပင်ထားခြင်းနှင့် စစ်ဆေးရေးများ တင်းကြပ်ခြင်းတို့ကြောင့် ကျန်းမာရေးပိုင်းဆိုင်ရာတွင်လည်း အခက်အခဲများကြုံတွေ့နေကြောင်း တိုက်ပွဲရှောင် စခန်းများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ဒေသတွင်း မတည်မငြိမ်ဖြစ်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းမှာလည်း မြင့်တက်လာသည့်အတွက် အဆင်မပြေကြောင်းလည်း ရသေ့တောင်မြို့နယ် စေတီပြင်တိုက်ပွဲရှောင်စခန်းမှ ကိုအောင်စိုးမိုးက CNI သတင်း ဌာနသို့ ပြောသည်။

တိုက်ပွဲရှောင်လာသည့် ဒေသခံများကို တွေ့ရစဉ်

“ကျနော်တို့အရင်တုန်းက ဆန်တစ်အိတ်ကို နှစ်သောင်းခွဲပဲရှိတာ အခုက လေးသောင်းရှစ်ထောင်၊ လေးသောင်းခွဲ အဲဒီလိုဝယ်ပြီးတော့ ပေးနေရတာ။ ဆန်ဈေးကလည်း တစ်ဟုန်ထိုးတက်သွားတယ် ဒီမှာ။ ဆန်ရိက္ခာတွေကလည်း ဒီဘက်မှာတော့ နည်းတော့နည်းနေပြီ။ ဆန်မတင်ရဘူး။ ဆီမတင်ရဘူး။ နောက် သံပစ္စည်းတို့ မတင်ရဘူး။ တွေ့ ရင် ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့လည်း သူတို့ ကြေညာထားတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ မဟုတ် ဘဲနဲ့ တိုက်ပွဲမဖြစ်တဲ့ဒေသတွေကို လက်နက်ကြီးတွေနဲ့ ရမ်းပြီး ပစ်တာကိုက တော်တော်လေးကို အခက်အခဲ ရှိတယ်။ ကျနော်တို့ ဒေသခံတွေ အခက်အခဲဖြစ်လာတာက လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်လိုက်တာ။ ကျနော်တို့ ၁ နာရီနဲ့ ရောက်မယ့်ခရီးကို ၄ နာရီလောက်သွားရတယ်။ ကျန်းမာရေးဆိုရင်လည်း အချိန်မီရောက်ရင် အဆင်ပြေတဲ့နေရာကို အချိန်အကြာကြီးနဲ့ လူနာတွေကို သွားပြီး ပို့ရတယ်”ဟု ၎င်းက ပြောသည်။

ယခင်က တိုက်ပွဲရှောင်စခန်းများမှ တိုက်ပွဲရှောင်များသည် ၎င်းတို့ စားဝတ်နေရေးအတွက် မြို့ပေါ်သို့တက်၍ ကြုံရာကျပန်း အလုပ်များအား လုပ်ကိုင်ကာ ဝင်ငွေရှာဖွေကြခြင်းဖြစ်ပြီး ယခုအခါတွင် အလုပ်မလုပ်ကိုင် နိုင်ကြတော့ကြောင်း မြတန်ဆောင်းတိုက်ပွဲရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးညီဘုက CNI သတင်းဌာနသို့ ပြောသည်။

“စစ်ဆေးမှုတွေဝင်နေတော့ လူတွေကို လမ်းကိုမထွက်ရဲဘူး။ အပြင်ကိုထွက်ပြီး အလုပ်လုပ်တဲ့လူတွေလည်း အလုပ်ထွက်လို့ မလုပ်ရဲကြဘူးဆိုတော့ ကယ်ဆယ်ရေးစခန်းမှာပဲနေကြတဲ့အခါ စားဝတ်နေရေးက တော်တော် အခက်အခဲဖြစ်သွားပါတယ် အခုမှာလေ” ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားနေသည့် ကျေးရွာများရှိ ဒေသခံများမှ ထွက်ပြေးတိမ်းရှောင်လာကြသကဲ့သို့ တိုက်ပွဲ မဖြစ်ပွားဘဲ လက်နက်ကျည်များ ကျရောက်မှုတို့ကြောင့် စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများ လည်း ရှိသဖြင့် တိုက်ပွဲရှောင်စခန်းများတွင် လူဦးရေ များပြားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာများအနေဖြင့် တိုက်ပွဲမဖြစ်ပွားသည့် မြို့နယ်ဒေသများအား ပစ်ခတ်ခြင်းများ မပြုလုပ်ရန် တိုက်ပွဲရှောင်စခန်းများက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် တိုက်ပွဲရှောင်အသစ်ဦးရေသည် တစ်သောင်းခွဲကျော်ခန့်ရှိပြီဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ ကုလညီလာခံမှာ မိန့်ခွန်းပြောနေစဉ်

ယူကရိန်း၌ ရုရှားလူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ရပ်တည်ချက် UN တွင် ထုတ်ပြောမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1401

CNI International news

နယူးဒေလီ၊ စက်တင်ဘာ ၂၉

ရုရှားဖက်ဒရေးရှင်းထဲသို့ တရားဝင် သွတ်သွင်းရန်အတွက် ပုံဖော်လုပ်ဆောင်ခဲ့သည့် ယူကရိန်းနယ်မြေ အစိတ် အပိုင်းများ၌ ရုရှားလိုလားသော လူထုဆန္ဒခံယူပွဲများ ကျင်းပနေစဉ် အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန် ကာ (S Jaishankar) က ကုလသမဂ္ဂ(UN)တွင် ၎င်း၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားရန် ရှိကြောင်း နယူးဒေလီက သတင်းထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်ဒီစီတွင် ၎င်း၏ (၁၁)ရက်ကြာ အမေရိကန်ခရီးစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ၌ ဂျိုင်ရှန် ကာကို ဟိန္ဒူစတန်တိုင်းမ်မီဒီယာက “ရုရှား၏ ဆန္ဒခံယူပွဲ ကျင်းပခြင်းအပေါ် ဘယ်လိုထင်မြင်ပါသလဲ၊ ငြိမ်းချမ်း ရေးအတွက် အထောက်အကူဖြစ်စေပြီး UN ပဋိညာဉ်စာတမ်းကို လိုက်နာခြင်းရှိ/မရှိ” မေးမြန်းခဲ့ရာ ၎င်းက “ယူကရိန်း အရေးနှင့်ပတ်သက်၍ အိန္ဒိယက မိမိချမှတ်ထားသော မူဝါဒနှစ်ရပ်အပေါ် ရပ်တည်သွားမည်” ဟု ဖြေကြားခဲ့သည်။

ယူကရိန်း နယ်မြေထဲကနေ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲလုပ်နေစဉ် (AP)

ဂျိုင်ရှန်ကာက “ဒါဟာ စဉ်းစားရမယ့် ကိစ္စတစ်ခုလို့ ကျနော်ထင်ပါတယ်။ ကျနော် နားလည်တာကတော့ အဲဒီ အဖြေက UN ထဲမှာ ရှိပါတယ်။ UN မှာ ကျနော်တို့ သံအမတ် ဘာပြောမလဲဆိုတာ စောင့်ကြည့်ဖို့ တိုက်တွန်းချင် ပါတယ်” ဟု ဆက်လက် ဖြေကြားခဲ့သည်။

ယူကရိန်းနယ်မြေများ၌ ရုရှား၏ လူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ ရပ်တည်ချက်သည် ယူကရိန်း စစ်ပွဲနှင့် ပတ်သက်၍ သံတမန်ရေးရာ နောက်ထပ် စမ်းသပ်ချက်တစ်ခု ဖြစ်လာမည်ဟု ဟိန္ဒူစတန်တိုင်းမ်က ရေးသား ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံစဉ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက “ယခုခေတ်သည် စစ်ဖြစ်ရမယ့် ခေတ် မဟုတ်ကြောင်း” ပြောကြားခဲ့မှုအပေါ် အနောက်အုပ်စုနိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးခဲ့ကြသည်။

ယူကရိန်း နယ်မြေထဲကနေ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲလုပ်နေစဉ် (AP)

သို့သော် ဥဇဘက်ကစ္စတန်နိုင်ငံ၊ စမာခန်မြို့၌ ပြောကြားခဲ့သည့် မိုဒိ၏ မှတ်ချက်ကြောင့် မြေပြင် စစ်ရေး ဆုတ် ယုတ်နေသည့် ရုရှားသည် နောက်ထပ် စစ်ရေးအင်အား ဖြည့်တင်းရန် စည်းရုံးကြေညာခြင်းများ၊ နျူကလီးယား ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ၎င်းထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေများကို တရားဝင် သိမ်းပိုက် နိုင်ရန် အလို့ငှာ လူထုဆန္ဒခံယူပွဲများ အဆောတလျင် ကျင်းပစေခဲ့သည်။

အမေရိကန်သည် ယခုသီတင်းပတ်အကုန်ပိုင်း (သို့မဟုတ်) လာမည့် သီတင်းပတ် အစောပိုင်းတွင် ဆွေးနွေးရန် မျှော်မှန်းထားသော ခိုင်မာသည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) တွင် တင်သွင်း ထားပြီး ဖြစ်သည်။

သို့သော် မည်သည့် ပုံစံဖြင့်မဆို UNSC သို့ တင်သွင်းသည်ဖြစ်စေ ကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်သော ရုရှား၏ ဗီတိုအာဏာကြောင့် ယင်းဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်မည့် အလားအလာ မရှိပေ။

ထို့နောက် UN အထွေထွေညီလာခံတွင် ဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ဆောင်မည်ဟု အမေရိကန်က ပြောကြား ထားသည်။

Source: Hindustan Times

 

 

 

 

Share
Tweet
Share
Share
powered by social2s
UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ်

“ဝ”ကို ပြည်နယ်ပေးမည်ဆိုသည့် စစ်တပ်၏ အာမခံချက်က မသေချာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1750

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၉

“ဝ”ကို ပြည်နယ်‌ပေးရန် မူအားဖြင့် သဘောတူသည်ဆိုသည့် မြန်မာ့တပ်မတော်၏ အာမခံချက်မှာ မသေချာကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

“ဝ”ကို ပြည်နယ် ပေးလိုက်ပါက အဆိုပါ ဒေသမှ တိုင်းရင်းသားများနှင့် စိတ်ဝမ်းကွဲမှုများ ရှိလာမှာဖြစ်ကြောင်း၊ အခြားသော လူမျိုးစုများမှ ပြည်နယ်တောင်းဆိုမှု၊ ဒေသတောင်းဆိုမှုများ ရှိလာမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ ၂၀၀၈ အောက်က ရမယ်ဆိုတာက လောလောဆယ် စစ်တပ်က ပေးတဲ့ ကတိပဲ ဖြစ်တယ်၊ ဒါ တောင် သူက မူအားဖြင့်ပဲ သဘောတူတယ်ပြောတာ၊ သူတို့ဖက်က သဘောတူတယ်ပေါ့ဗျာ၊ ၂၅ ရာခိုင်နှုန်းက သဘောတူတယ်ပေါ့၊ ၇၅ ရာခိုင်နှုန်းရဖို့ အဲဒါက လွှတ်‌တော်ထဲမှာလည်း ဒီစနစ်က လျှို့ဝှက်မဲပေးတဲ့ စနစ်ဆိုတော့ အဲဒါက မရတာ ငါတို့နဲ့ မဆိုင်ဘူးဖြစ်သွားမှာပေါ့၊ တကယ်လို့ ၇၅ ရာခိုင်နှုန်း မကျော်ဘူးဆိုရင် ငါတို့ကတော့ ပေး တယ်၊ ဒီပြင် ပါတီတွေက မပေးဘူးဆိုပြီးတော့ တစ်ဖက်လှည့်နဲ့တောင် ရန်တိုက်ပေးခိုင်းနိုင်တဲ့ အခြေအနေမျိုး တောင်မှ ရောက်သွားဦးမယ်၊ ဆို‌တော့ ဒီစစ်တပ်ရဲ့ အာမခံချက်က မသေချာဘူးဗျ။ စစ်တပ်ရဲ့ အာမခံချက်ဟာ မသေချာဘူး။ သူတို့ရဲ့ သဘောထားကိုပဲ မူအားဖြင့်ပြောတာ၊ ဒီတော့ အဲဒီကိစ္စလောက်နဲ့တော့ ဒါပြည်နယ် မရနိုင်လောက်ဘူးပေါ့”ဟု ပြောသည်။

ထို့နောက် “ဝ”ကို ပြည်နယ်ပေးလိုက်ပါက တခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ UWSA- NDAA- SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ်

ဦးဖေသန်းက “ တခြားပြည်နယ် “ဝ”ကို ပေးလိုက်မယ်ဆိုရင် တခြားဘေးထွက်ဆိုးကျိုး တွေလည်း ရှိသေးတယ်၊ သူ့ဒေသမှာလည်း တိုင်းရင်းသားတွေနဲ့ စိတ်ဝမ်းကွဲပြားမှု တွေလည်း ရှိလာဦးမယ်၊ တခြားပြည်နယ်တောင်းတာတို့ အုပ်ချုပ်ခွင့် ဒေသတောင်းတာတို့လည်း ဖြစ်လာဦးမယ်၊ ဆိုတော့ ဒါက နိုင်ငံရေးအရ တော်တော်ကို အခက်အခဲ ဖြစ်စေနိုင်တဲ့၊ အကျပ်အတည်း ဖြစ်စေနိုင်တဲ့ ကိစ္စဖြစ်တယ်၊ ဒါကြောင့်လည်းပဲ တပ်မ‌တော်က မူအားဖြင့် သဘော တူ တယ်ဆိုတာတော့ လောလောဆယ်ပေါ့ဗျာ၊ ပြဿနာ အေးရာအေးကြောင်း ပြောလိုက်တဲ့ သဘောထက် မပို ဘူးလို့ ကျနော်မြင်တယ်ဗျ၊ ရှေ့မှာ အာမခံချက်မရှိဘူး” ဟု ပြောသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)သည် နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အခြားတိုင်းရင်းသားပြည်နယ်နှင့် တန်းတူရည်တူသော “ဝ” အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တည်ထောင်ရန် တင်ပြ တောင်းဆိုမှုကို တပ်မတော်ဘက်က မူအားဖြင့် သဘောတူခဲ့သည်။

“ဝ” ကို ပြည်နယ်ဖွဲ့စည်းပေးရန် တပ်မတော်မှ သဘောတူမှုမှာ မဖြစ်နိုင်ကြောင်း မြန်မာ့အရေး လေ့လာသုံး သပ်သူ ဒေါက်တာလှကျော်ဇောက CNII သတင်းဌာနသို့ ပြောသည်။

၎င်းက “မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူး။ သူက ပြောပြီးသားလေ၊ ဒီဆွေးနွေးပွဲတွေပြီးလို့ လက်နက်ကိုင်တပ်တွေ ရှိလို့ရှိရင်လည်း လက်နက်ဆက်ကိုင်ချင်ရင် border guard လုပ်ရမယ်၊ နယ်ခြားစောင့်တပ် လုပ်ရမယ်၊ သူ့တပ် ဝင်ရမယ်၊ ဒါမျိုးတွေ ပြောထားတာ၊ ဘယ်လိုလုပ် ဒီ “ဝ”တို့၊ မိုင်းလားတို့ကလည်း ဒါကို သဘောတူနိုင်မလဲဗျ ခင်ဗျ၊ စဉ်းစားကြည့်ဦး” ဟု ပြောသည်။

NSPNC နဲ့ UWSA-NDAA-SSPP ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ်

နိုင်ငံတော်နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံသုံးပုံနှင့် အထက်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံမဲပေးပါက နိုင်ငံ‌တော်သမ္မတမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။

ဦးဖေသန်းက “ “ဝ” ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒါမှမဟုတ် သူ့ရဲ့ မဟာမိတ်ပါတီတွေ လွှတ်တော် ကိုယ်စားလှယ်တွေက တင်ပြရမှာပေါ့၊ အဲဒီအတိုင်းပဲ သွားရမှာ အဓိကကတော့ “ဝ”အနေနဲ့လည်းပဲ ဒီကိစ္စမှာ သူတို့ အခုရထားတဲ့ အဆင့်အတန်းက ပြည်နယ်ဆိုတဲ့ အဆင့်အတန်းထက် အများကြီး ပိုပါတယ်။ ပြည်နယ်ဆို တာ သိတဲ့အတိုင်းပဲလေ ကျ‌နော်တို့ တိုင်းရင်းသားတွေ ဒီနေ့ရထားတဲ့ ပြည်နယ်က ဘာမှ တိုင်းရင်းသားတွေ လိုချင်တဲ့ အဆင့်အတန်းရှိတဲ့ ပြည်နယ်မျိုးမဟုတ်ဘူး။ “ဝ”က တောင်းလာတဲ့ အခါမှာလည်း ကျနော်တို့ ပြည်နယ်ရထားတဲ့ လူတွေက “ဝ”က ပြည်နယ်တောင်းတယ်ဆိုတော့ တော်တော့်ကို အံ့ဩတယ်ပေါ့၊ ဘာမှ အနှစ်သာရမရှိတဲ့ ပြည်နယ်ကို “ဝ”က အကုန်လုံး လုံခြုံရေးကအစ၊ ကာကွယ်ရေးကအစ ယူထားတဲ့ အဆင့် အတန်းမျိုးက လာတောင်းတယ်ဆိုတော့ တော်တော်ကို ကျနော်တို့လည်း စဉ်းစားရခက်တာပေါ့၊ ဒါပေမဲ့ အဲဒီ အခက်အခဲတွေကတော့ ‌ရှေ့မှာ အများကြီးရှိလာဦးမယ်၊ ပြည်နယ်ရရုံနဲ့တော့ “ဝ”တွေလိုချင်တဲ့ အဆင့်အတန်း မျိုး ကတော့ ရမှာမဟုတ်ဘူး။ အဲဒီမှာ ပြဿနာတွေ ရှိဦးမှာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် UWSA သည် ပန်ခမ်း(ပန်ဆန်း)မြို့ကို ဌာနချုပ် မြို့တော်အဖြစ် သတ်မှတ်ကာ တရားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ အခွန် ဌာန၊ လုံခြုံရေးဌာန အပါအဝင် ဌာနဆိုင်ရာများကို ဖွဲ့စည်း၍ ထိန်းချုပ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံသားများ စစ်မှုမထမ်းလို၍ နိုင်ငံက ထွက်ခွာလာကြ (AP)

နယ်စပ်ထွက်ပြေးကြသူများကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေးဂိတ်များ ဖွင့်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1128

CNI International News

မော်စကို၊ စက်တင်ဘာ ၂၉

ယူကရိန်းစစ်ပွဲသို့ တိုက်ခိုက်ရန်အတွက် ရုရှားစစ်တပ်က နိုင်ငံသားများကို စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ခြင်းကြောင့် စစ်မှုမထမ်းလိုသူများက အိမ်နီးချင်းနိုင်ငံများသို့ထွက်ခွာနေကြခြင်းကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်လာကြောင်း သိရသည်။

ယူကရိန်းသို့ သွား‌ရောက် တိုက်ပွဲဝင်ဖို့ ဆင့်ခေါ်ခံရခြင်းမှ လွတ်မြောက်ရန် ကြိုးစားနေသည့် ရုရှားနိုင်ငံသားများ သည် စက်တင်ဘာ ၂၈ ရက်၌ နယ်စပ်သို့ထွက်သည့် အဝေးပြေးလမ်းများတွင် တန်းစီလျက် ယာဉ်ကြောပိတ်ဆို့ နေဆဲဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့ ထွက်ပြေးကြသူများကို ကြားဖြတ်ဟန့်တားရန်အတွက် မော်စကိုအစိုးရက နယ်စပ်များတွင် ယာယီရုံးခန်း များ အသစ်ဖွင့်လှစ် ထားခဲ့သည်။

နယ်စပ် စစ်ဆေးရေးဂိတ်နဲ့ ရုရှားနိုင်ငံသားများ (AP)

ဂျော်ဂျီယာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရုရှားနိုင်ငံ၊ မြောက်ပိုင်း အိုစီတီယားတွင် အထူးသတိပေးချက် တစ်ရပ် ထုတ်ပြန်ထားပြီး ရက်ပေါင်းများစွာ တန်းစီစုပြုံ နေသူများအတွက် အစားအစာ၊ သောက်ရေ၊ အပူပေး စနစ်နှင့်အခြား အထောက်အကူပစ္စည်းများ ယူဆောင်လာသင့်ကြောင်း နှိုးဆော်ထားသည်။

ဂျော်ဂျီယာနယ်စပ်ရှိ စေတနာ့ဝန်ထမ်းကလည်း သောက်ရေ၊ ခြုံစောင်နှင့် အခြား အထောက်အကူများကို လာရောက် ပေးအပ်ကြကြောင်း တွေ့ရသည်ဟု အေပီက သတင်းဆက်လက် ဖော်ပြသည်။

မြောက်ပိုင်း အိုစီတီယားဒေသ၌ ရုရှားပိုင်နက်အတွင်း ခရီးသည်ယာဉ် အရေအတွက် ကန့်သတ်တားမြစ်ထားပြီး ဗာခေးလာ့စ် (Verkhy Lars) နယ်စပ်ဖြတ်ကျော်သည့် နေရာတွင် ယာယီရုံးခန်းတစ်ခု ဖွင့်ထားကြောင်း ရုရှား သတင်းဌာနများက ရေးသားကြသည်။

နယ်စပ် စစ်ဆေးရေးဂိတ် (AP)

စစ်မှုထမ်းရုံးဟု ရေးသားထားသည့် အနက်ရောင် ဗင်ကားကို ရုရှားမီဒီယာများတွင် ပြသခဲ့ပြီး နယ်စပ်လမ်း ကြောင်း ဖြတ်ကျော်နေကြသူများ၏ ဓာတ်ပုံများကိုပါ ထုတ်ပြန်ခဲ့သည်။

အလားတူ ရုရှား-ဖင်လန် နယ်စပ်မျဉ်း တလျှောက်တွင်လည်း ရုရှား၏နောက်ထပ် စစ်ဆေးရေးဂိတ်နှင့် ယာယီ ရုံးခန်းတစ်ခု ထပ်မံဖွင့်လှစ်ခဲ့ကြောင်း ရုရှားပြည်တွင်း မီဒီယာတစ်ခုဖြစ်သော မီဒူဇာ (Meduza) က သတင်းဖော် ပြခဲ့သည်။

ယူကရိန်းတွင် ရုန်းကန်နေရသော ရုရှားတပ်ဖွဲ့များ အားဖြည့်တင်းရန်အတွက် သမ္မတ ဗလာဒီမာပူတင်၏ စစ်မှု ထမ်းရေး လှုံ့ဆော်ချက် ကြေညာပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း ရုရှားနိုင်ငံသားပေါင်း သောင်းနှင့်ချီ၍ ပြည်တွင်းမှ ထွက်ပြေးခဲ့ကြသည်။

ယခင် စစ်မှုထမ်းဟောင်း ဖြစ်ခဲ့ဖူးသူ ၃ သိန်းခန့်ကို ရည်ရွယ်ခေါ်ဆိုခြင်းဖြစ်သည်ဟု သိရသော်လည်း ရုရှားနိုင်ငံ သား အများအပြားကတော့ ထို့ထက်ပို၍ စိုးရိမ်စိတ်များ ပြင်းထန်နေခဲ့ကြသည်။

စစ်ရေး အတွေ့အကြုံမရှိသော အမျိုးသား အများအပြားနှင့် အသက်အရွယ်မရွေး စစ်မှုထမ်းရန် အကြောင်းကြား စာ ရုရှားနိုင်ငံသားများ လက်ဝယ်သို့ ပေးပို့ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

အိန္ဒိယဝေဖန်၍ ပါကစ္စတန်သို့ လက်နက်ရောင်းချမှုကို အမေရိကန်ခုခံကာကွယ်ပြော

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s

ဒုက္ခသည်ကတ် လျှောက်ထားသူ ရခိုင် ၅၀၀၀ ကျော်တွင် ၂၀ ဝန်းကျင်သာရသေး

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s

၃ ပတ်အတွင်း ပထမဆုံးအကြိမ် ရှီကျင့်ဖျင် လူထုမြင်ကွင်း၌ ပြန်လည်ထွက်ပေါ်လာ

By CNI
CNI
Category: Watch TV
Hits: 584

Share
Tweet
Share
Share
powered by social2s

စစ်ထဲမဝင်လိုသော ရုရှားနိုင်ငံသား တစ်သိန်းကိုးသောင်းကျော် ထွက်ပြေးတိမ်းရှောင်

By CNI
CNI
Category: Watch TV
Hits: 546

Share
Tweet
Share
Share
powered by social2s
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60

Page 56 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar