CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
KNDF၊ ပစ်ခံရသော လေယာဉ်နဲ့ ဒဏ်ရာရသွားသော လူနာကို ကုသနေစဉ်

လွိုင်ကော်ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှု အပြန်အလှန်လွှဲချနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1290

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်လေဆိပ်သို့ ဆင်းသက်လာသော ခရီးသည်တင် လေယာဉ်တစ်စင်း စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရသော်လည်း မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကိုတော့ လက်သည်မပေါ်ဘဲ အပြန်အလှန် လွှဲချနေကြသည်။

အဆိုပါ ပစ်ခတ်မှုကို ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ PDF တို့က ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နစကဘက်က စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ကယားပြည်နယ်အတွင်းမှာ KNPP လွိုင်ကော် PDF၊ ဒီးမော့ဆိုး PDF၊ မိုးဗြဲ PDF၊ ဖယ်ခုံ PDF တို့နှင့် အတူတူ တွဲ၍ စစ်ရေးလှုပ်ရှားနေသော ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကလည်း မိမိတို့ မပစ် ကြောင်း၊ တပ်မတော် တပ်ဖွဲ့များသာ လွိုင်ကော်လေဆိပ်အနားမှာ ရှိကြောင်း ပြောသည်။

KNDF သည် လက်ရှိ ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက် ရှိသော အဖွဲ့အစည်းဖြစ်သည်။

အရပ်သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ကို မိမိတို့ အဖွဲ့အစည်းအနေဖြင့် ပစ်ခတ်ခြင်းမျိုး မရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှာ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

လွိုင်ကော်လေဆိပ် အဆင်း ခရီးသည်တင် လေယာဉ်ပစ်ခတ်ခံရမှု အခြေပြမြေပုံ

၎င်းက “ဒါကတော့ ပြောရမယ်ဆိုလို့ရှိရင် အရပ်သားတွေ စီးနင်းတဲ့ ဒီလိုလေယာဉ်မျိုးပေါ့နော်၊ လေယာဉ်တွေ၊ ကားတွေ ကားတွေကို ပစ်ခတ်တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ဖို့ဆိုပြီးမှ ညွှန်ကြားချက် ကျ‌နော်တို့မှာ မရှိသလို ကျနော်တို့မှာလည်း အဲဒီလိုမျိုး လုပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးပေါ့နော်၊ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ မူတွေ ခိုင်ခိုင်မာမာနဲ့ သွားနေတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရပ်သားတွေကို ပစ်မှတ် ထား ပြီးတော့မှ လုပ်ရမယ့်ဟာ တစ်ခုမှ မရှိဘူးပေါ့နော်၊ တိုက်ခိုက်တဲ့ဟာ မရှိဘူး။ ကျနော်တို့က စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဟာတွေပဲ ရှိတာပေါ့နော်” ဟု ပြောသည်။

နစကကတော့ ခရီးသည်များ တင်ဆောင်လာသော လေယာဉ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ပစ်ခတ်ခဲ့ပြီး လေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်အား ထိမှန်ခဲ့ကာ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ခရီးသည်တင် လေယာဉ်သည် ခရီးသည် ၆၃ ဦးကိုတင်ဆောင်လာပြီး ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ် ပြေးဆွဲစဉ် လွိုင်ကော်လေဆိပ်သို့ အဆင်းမှာ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “လေယာဉ်ဆင်းသက်မှု အဆင့်တွေတိုင်းမှာ လုပ်‌ဆောင် နေချိန်မှာ လေယာဉ်ပြေးလမ်းရဲ့ မြောက်ဖက်လောက် ကနေပြီးတော့မှ KNPP၊ PDF အဖွဲ့တွေက လေယာဉ်ကို လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ ခရီးသည်တင် လေယာဉ်ကို ဒီလိုလုပ်ဆောင်ခဲ့တာဟာ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာမျိုး ဖြစ်ပါတယ်၊ ပြည်သူလူထုအနေနဲ့ရော ငြိမ်းချမ်းရေးကို လိုလားတဲ့၊ အေးချမ်း သာယာရေးကို လိုလားတဲ့ ပြည်သူလူထုအနေနဲ့ရော အဖွဲ့အစည်းတွေ အနေနဲ့ရော ဒီကိစ္စကို ဒါဝိုင်းဝန်းရှုတ်ချဖို့ လိုပါတယ်၊ ဒါလေယာဉ်တစ်ခုခု ဖြစ်သွားတယ်ဆိုလို့ရှိရင် ခရီးသွားလုပ်သားပြည်သူများပဲ ဒါဒုက္ခရောက်မှာ ဖြစ်ပါတယ်၊ ခရီးသွားလုပ်သားပြည်သူများ ဒုက္ခရောက်မှာ ဖြစ်တယ်၊ ပြီးရင် ဒေသခံ ပြည်သူလူထုရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို သူတို့ အနေနဲ့ ဖြတ်တောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်” ဟု ပြောသည်။

ပစ်ခတ်ခံရသော လေယာဉ်ကိုတွေ့ရစဉ်

လွိုင်ကော်လေဆိပ်၏ အနေအထားအရ ဘေးပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော်၏ နယ်မြေခံတပ်များ၊ အမြောက်တပ်များ ရှိနေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ဒီလိုမျိုး ခရီးသည်တင် လေယာဉ်မျိုးကို ပစ်ခတ်တာ ဆိုတာမျိုးကလည်း မဖြစ်နိုင်ဘူးလို့ ကျနော်အနေနဲ့ ထင်တယ်‌ပေါ့၊ ဘာလို့လဲဆို ဒီလွိုင်ကော်ရဲ့ အနေအထားက လွိုင်ကော်လေဆိပ်ရဲ့ အနေအထားက လေယာဉ် အတက်အဆင်းလုပ်တဲ့ နေရာတွေရော တခြားနေရာတွေပေါ့ဗျာ၊ ဒီလေယာဉ်နဲ့ ပတ်သက်တဲ့ လေကြောင်း ပတ်တဲ့ ဟာတွေမျိုးပေါ့၊ အဲဒီလမ်းကြောင်းတွေ အကုန်လုံးမှာက စစ်ကောင်စီရဲ့ တပ်တွေပဲ ရှိတာပေါ့နော်၊ တစ်လျှောက် လုံးမှာ လေယာဉ်ဆင်းတဲ့ ပြေးလမ်းနားဆိုရင်လည်း ကျ‌နော်တို့ တွေ့နိုင်ပါတယ်၊ အဲဒီနားမှာဆိုရင်လည်း စစ်ကောင်စီရဲ့ တပ်က ၃ တပ်လောက် ရှိတယ်ပေါ့နော်၊ တပ်ရင်း ၃ ခုလောက် ရှိတယ်၊ ရွာတွေဖက် ဖြစ်ဖြစ်ပေါ့ နော်၊ ဒီတိုက်ပွဲဖြစ်တဲ့ နေရာတွေပဲ ဖြစ်ဖြစ်၊ လက်နက်ကြီး ပစ်ကူနေတဲ့ တပ်ရင်းတွေ၊ အမြောက်တပ်တွေလည်း ရှိတယ်၊ ပြီးရင် နယ်မြေခံတပ် ၂ တပ်လောက်ကလည်းရှိတယ်၊ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့၊ ပစ်မယ်ဆိုလို့ရှိရင်” ဟု ပြောသည်။

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ KNPP ၏ လက်အောက်ခံ ကရင်နီတပ်မတော်(KA) နှင့် KNDF၊ PDF အဖွဲ့များ ပူးပေါင်း၍ မြန်မာ့တပ်မတော်အား တိုက်ခိုက်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၁၆၀,၀၀၀ ကျော်ရှိပြီး နေအိမ် ပျက်စီးမီးလောင်မှု ၄၃၆ လုံးထက်မနည်း ရှိနေကြောင်း ISP – Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်လိုက်တဲ့သတင်းကို ကြည့်နေကြစဉ်(AP)

တင်းမာနေသည့်ကြားမှ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1447

CNI International News

ပြုံယမ်း၊အောက်တိုဘာ ၁

မြောက်ကိုရီးယားသည် ပြုံယမ်းမြို့တော်၏ ဧရိယာထဲမှ တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပစ်လွှတ်ခဲ့ကြောင်း အောက်တိုဘာ ၁ ရက်နေ့ ရက်စွဲဖြင့် အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ ပစ်လွှတ်မှုသည် ရက်သတ္တတစ်ပတ်အတွင်း ပြုံယမ်း၏ စတုတ္ထမြောက် ဒုံးကျည်ပစ်လွှတ်မှုဖြစ်ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်တာဝန်ရှိသူများက ပြောသည်။

အောက်တိုဘာ ၁ ရက် နံနက်ပိုင်း၌ မြောက်ကိုရီးယားမှ ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း၊ ကျရောက်မှုမှာ ဂျပန်၏ သီးသန့် စီးပွားရေးဇုန် အပြင်ဘက်တွင် ဖြစ်သော်လည်း ဂျပန်ပင်လယ်အတွင်းသို့ပင် ကျရောက်သည်ဟု ယုံကြည်ရကြောင်း ဂျပန်အစိုးရပိုင် NHK ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

“မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ဖြစ်ပုံရပါတယ်” ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က အောက်တိုဘာ ၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၇ မိနစ် (ဂရင်းစံတော်ချိန် ည ၉ နာရီ ၄၇ မိနစ်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား အလံကိုတွေ့ရစဉ် (Reuters)

ထိုပစ်လွှတ်မှုအပြီး ၁၅ မိနစ်အကြာတွင် နောက်ထပ် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ ကြောင်း ဒုတိယသတင်းထုတ်ပြန်ချက်၌ ဂျပန်ကမ်းခြေတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်များ အပြင်ဘက်သို့ ကျရောက်သွားသည်ဟု ယူဆရ ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ NHK က သတင်းဖော်ပြခဲ့သည်။

ယခုနောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုများကို ခွဲခြမ်းစိတ်ဖြာ၍ လူ၊ လေယာဉ်နှင့် သင်္ဘောများ ဘေးကင်းစေရေး ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၏ တွစ်တာစာမျက်နှာ၌ ရေးသားလွှင့် တင်ထားသည်။

တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန် ဒုတိယသမ္မတ ကာမယ်လာဟားရစ် လာရောက်လည်ပတ်သည့် နာရီပိုင်း အတွင်း စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်များ၌ မြောက်ကိုရီးယားသည် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်။

ဟားရစ်က ၎င်း၏ အာရှမဟာမိတ်များ လုံခြုံရေးအတွက် အမေရိကန် ကတိကဝတ်ကို ၎င်း၏ခရီးစဉ်အတွင်း ထပ်လောင်း ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဇာပိုရေဇီးယား၊ ခါဆွန်လွတ်လပ်ရေးအမိန့် ပူတင်လက်မှတ်ထိုးပေး

By CNI
CNI
Category: Watch TV
Hits: 662

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ယူကရိန်းခွဲထွက်ခေါင်းဆောင်များ၊ ကုလလုံခြုံရေးကောင်စီ သံတမန်များကိုတွေ့ရစဉ်

ယူကရိန်းနယ်မြေသိမ်းပိုက်မှု UN လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားပယ်ချပြီး တရုတ်မဲမပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2146


CNI International News

နယူးယောက်၊ အောက်တိုဘာ ၁

ယူကရိန်းနယ်မြေ အစိတ်အပိုင်းများကို မော်စကို သိမ်းပိုက်ကြောင်း ကြွေးကြော်ခြင်းအပေါ် အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့၏ ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်ရေး တင်သွင်းမှုကို ကောင်စီအမြဲတမ်းအဖွဲ့ဝင် ရုရှားက ဗီတိုအာဏာဖြင့် စက်တင်ဘာ ၃၀ ရက်၌ ပယ်ချခဲ့သည်။

အခြား အမြဲတမ်း အဖွဲ့ဝင် တစ်ဦးဖြစ်သည့် တရုတ်ကတော့ မဲမပေးဘဲ နေခဲ့သည်။ တရုတ်သည် ရုရှား၏ မဟာ ဗျူဟာမြောက် မိတ်ဖက်ဖြစ်သည်။

အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပိုင်နက် ၁၅ ရာခိုင်နှုန်းဖြစ်သည့် နယ်မြေ ၄ ခုကို ရုရှား က အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသိမ်းပိုက်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် အကြီးမားဆုံး နယ်မြေသိမ်းပိုက်မှု ဖြစ်သည်။

ရုရှား၏ အဆိုပါလုပ်ရပ်ကို အနောက်အုပ်စု နိုင်ငံများနှင့် ရုရှား၏ရင်းနှီးသော မဟာမိတ်နိုင်ငံများကပင် ဆန့်ကျင်ခဲ့ ကြသည်။

ကုလလုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ် (AP)

ထိုသို့ ဆန့်ကျင်ကန့်ကွက်မှုကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမတ်ဂရင်းဖီးလ် (Linda Thomas-Greenfield) က တင်ပြခဲ့ပြီး ယူကရိန်း၏ နယ်နိမိတ် အပြောင်းအလဲ အခြေအနေကို အသိအမှတ် မပြုကြရန်နှင့် ရုရှားတပ်များ ပြန်လည် ရုပ်သိမ်းရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုခဲ့သည်။

အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေကို သိမ်းပိုက်ရန် ကြိုးပမ်းမှုသည် ကုလသမဂ္ဂ၏ အခြေခံမူများ နှင့် ဆန့်ကျင်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်း သံအမတ်လင်ဒါက ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

အဆိုပါ သိမ်းပိုက်မှုကို ပူတင်က စက်တင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့ရာ ယင်းကြေညာမှုသည် နိုင်ငံတကာ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို အတိအလင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

အမေရိကန်၏အဆိုကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ထောက်ခံခဲ့ကြသော်လည်း တရုတ်၊ ဂါဘွန်၊ အိန္ဒိယနှင့် ဘရာဇီးတို့ က ကြားနေခဲ့ကြသည်။

ယူကရိန်းခွဲထွက်ခေါင်းဆောင်များနှင့် ပူတင်ကိုတွေ့ရစဉ် (AP)

ရုရှား၏ လုပ်ရပ်များကို ရှုတ်ချရန် ဝါရှင်တန်သည် အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သံအမတ် လင်ဒါက ဆက်လက် ပြောကြားခဲ့သည်။
“အထွေထွေညီလာခံမှာ ကမ္ဘာ့နိုင်ငံတွေ ကျယ်ကျယ်လောင်လောင်နဲ့ ဒီကိစ္စဆွေးနွေး ကြပါလိမ့်မယ်။ တခြားနိုင်ငံ တွေရဲ့နယ်နိမိတ်တွေကို အင်အားသုံးပြီး မြေပုံပြန်ဆွဲဖို့ ကြိုးပမ်းတာဟာ တရားမဝင်ပါဘူး။ လက်မခံနိုင်ပါဘူး” ဟု လင်ဒါသောမတ်ဂရင်းဖီးလ်က ထပ်လောင်းက ပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ရက်သတ္တ တစ်ပတ်အကြာ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ လေးပုံတစ်ပုံနီးပါးက ထိုအရေးကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ကြ သည်။

ထို့နောက် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက ရုရှားကို နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန် ဖြစ်စေရန် ကြိုးပမ်းခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းတရားရုံးက ဝန်ကြီးချုပ်၏ ရာထူးသက်တမ်း စီရင်ဆုံးဖြတ်မည်

By CNI
CNI
Category: Watch TV
Hits: 677

Share
Tweet
Share
Share
powered by social2s

ယူကရိန်းလုံခြုံရေးအကြီးအကဲများ အရေးပေါ်အစည်းအဝေးခေါ်၍ အဓိကဆုံးဖြတ်ချက်များချမည်

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s

လဲချားတွင် RCSS နှင့် SSPP တို့ စစ်ရေးတင်းမာနေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 614

Share
Tweet
Share
Share
powered by social2s
၂၀၂၁ ခုနှစ်အတွင်း အာဏာရဗဟိုလက်ယာ GERB ပါတီ၏ ရွေးကောက်ပွဲ ပိုစတာများကပ်ထားစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်းစစ်ပွဲဂယက်များကြားမှ ဘူလ်ဂေးရီးယားရွေးကောက်ပွဲကျင်းပမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1520

CNI International News

ဆိုဖီယာ၊ စက်တင်ဘာ ၃၀

ယူကရိန်းစစ်ပွဲဂယက်ကြောင့် နှစ်နှစ်အတွင်း စွမ်းအင်ကုန်ကျစရိတ်များ ကြီးလာခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း တိုးလာခြင်းတို့ရှိနေစဉ်အတွင်းမှာပဲ ဘူလ်ဂေးရီးယားနိုင်ငံသားများသည် စတုတ္ထအကြိမ်မြောက် ကျင်းပတော့မည့် ရွေးကောက်ပွဲသို့ သွားရောက်မဲပေးကြရမည်ဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

လက်ရှိ နိုင်ငံရေးစနစ်အပေါ် မကျေနပ်မှုများနှင့် စိတ်ပျက်မှုများရှိနေသဖြင့် ယင်းရွေးကောက်ပွဲသို့ သွားရောက် မဲပေးသူနည်းပါးမည်ဖြစ်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲပြားနေသည့် လွှတ်တော်သာ ပေါ်ပေါက်လာမည်ဟု ဘူလ် ဂေးရီးယား မဲဆန္ဒရှင်များက ယုံကြည်ထားကြသည်။လွှတ်တော်ထဲတွင် လူကြိုက်များ ရေပန်စားပြီး ရုရှား လိုလား သောအုပ်စုများက ၎င်းတို့၏ကိုယ်စားပြုမှုကို နေရာတိုးချဲ့ယူနိုင်သည့် အလားအလာရှိနေကြောင်း အေပီက ဆက်လက်ရေးသားထားသည်။

အနောက်အုပ်စုလိုလားသော ဝန်ကြီးချုပ် ကီရယ်ပက်ကော့ဗ် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လတွင် အယုံအကြည်မရှိကြောင်း မဲအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရွေးကောက်ပွဲကျင်းပရန် ဖြစ်ပေါ် လာခဲ့သည်။

မော်စကိုသည် မိမိ၏အစိုးရကို နှိမ့်ချရန်အတွက် ပေါင်းစပ်စစ်ပွဲနည်းပရိယာယ်ကို အသုံးပြုခဲ့ကြောင်း ကီရယ် ပက်ကော့ဗ်က ပြောကြားခဲ့သည်။ ၎င်းအစိုးရသည် ဓာတ်ငွေ့နှင့်လောင်စာစရိတ်ကို ရူဘယ်ငွေကြေးဖြင့် ပေးချေ ရန် ငြင်းဆိုခဲ့ပြီး ရုရှားသံတမန်ဝန်ထမ်း ၇၀ ကို ဘူလ်ဂေးရီးယားပြည်တွင်းမှ နှင်ထုတ်ရန် အမိန့်ပေးခဲ့သည်။

လာမည့်အောက်တိုဘာ ၂ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၇ ပါတီအထိ ၄ ရာခိုင်နှုန်း သတ်မှတ်ချက်ကို ကျော်လွန်သွားနိုင်ကြောင်း နောက်ဆုံးကောက်ယူခဲ့သော လူထု သဘောထားစစ်တမ်းများအရ သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘူလ်ဂေးရီးယားနိုင်ငံ ပါလီမန်နှင့် သမ္မတရွေးကောက်ပွဲများအတွင်း လူတစ်ဦးသည် မဲရုံတစ်ခုတွင် မဲပေးနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယခင်ရွေးကောက်ပွဲများတွင် ဝန်ကြီးချုပ်ဟောင်း ဘွိုင်ကိုဘောရစ်ဆော့ဗ်၏ GERB ပါတီကို ထောက်ခံမှု ကျဆင်းခဲ့သော်လည်း ယခုပွဲတွင် ရှေ့တန်းရောက်လာနိုင်စရာလည်း ရှိနေသည်။

အကျပ်အတည်းကာလတွင် အပြောင်းအလဲတစ်ရပ်ကို လက်ခံရန် မဲဆန္ဒရှင်များ တုံ့ဆိုင်းနေကြသော်လည်း ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သော ပါတီများကို ဦးစားပေးရွေးချယ်ရန် အလားအလာကောင်းနေသဖြင့် အပြောင်း အလဲဖြစ်နိုင်ခြေများကြောင်း လေ့လာသုံးသပ်သူများက ပြောကြသည်။

ယူကရိန်းစစ်ပွဲသည် ယခုလာမည့်ဘူလ်ဂေးရီးယားရွေးကောက်ပွဲအပေါ် အထူးသက်ရောက်မှုရှိနေကြောင်း ဆိုဖီယာမြို့တော်အခြေစိုက် Gallup နိုင်ငံတကာအဖွဲ့မှ နိုင်ငံရေးလေ့လာသုံးသပ်သူ ပါဗန်စီမီယိုနော့ဗ်က ပြောကြားခဲ့သည်။

“အရင်ရွေးကောက်ပွဲတွေတုန်းကတော့ GERB ပါတီနဲ့ ဘွိုင်ကိုဘောရစ်ဆော့ဗ်တို့ ပုံဖော်ထားတဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်အုပ်ချုပ်ရေးပုံစံ ထပ်ဟပ်မှုရှိပေမယ့်လည်း အခုပွဲမှာတော့ အဓိကရင်ဆိုင်နေရတဲ့ပြဿနာတွေက တည်ငြိမ် ရေး၊ ဈေးနှုန်းကျဆင်းရေးနဲ့ စစ်ပွဲအကျိုးဆက်များ ကိုင်တွယ်ဖြေရှင်းရေးတို့ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

“တိုင်းပြည်ရဲ့အဓိကပိုင်းခြားမှုက လက်ရှိအနေအထားမှာ အပြောင်းအလဲတစ်ခုဆိုတာထက် နိုင်ငံရေးမြေပုံအရ အရှေ့နဲ့အနောက် ကွာဟချက်ပဲဖြစ်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် ဘွိုင်ကိုဘောရစ်ဆော့ဗ်၏ပါတီသည် တစ်ပါတီတည်းဖြင့် အစိုးရအဖွဲ့ရန် ကြိုတင်ခန့်မှန်းတွက်ချက် မှုများအရ ရာခိုင်နှုန်းမလုံလောက်နိုင်ပေ။ ၎င်း၏ GERB ပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အခြား ပြိုင်ဘက်အားလုံး၏ အကျင့်ပျက်ခြစားမှုအပြစ်တင်ခံနေရသဖြင့် ရွေးကောက်ပွဲအောင်နိုင်ခြေ နည်းပါးနေသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးကို တွေ့ရစဉ် (Reuters)

ယူကရိန်းလုံခြုံရေးအကြီးအကဲများ အရေးပေါ်အစည်းအဝေးခေါ်၍ အဓိကဆုံးဖြတ်ချက်များချမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1601

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၃၀

ယူကရိန်းဒေသ ၄ ခုကို သိမ်းပိုက်ရန် ရုရှား၏ အစီအစဉ်ကြောင့် အခြေခံကျ၍ အဓိကအရေးကြီးသော ဆုံးဖြတ် ချက်များချမှတ်မည့် အရေးပေါ် ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စက်တင်ဘာ ၃၀ ရက်တွင် ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း ယူကရိန်းတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၉ ရက် တွင် ပြောကြားခဲ့သည်။

အတုအယောင် ဆန္ဒခံယူပွဲများဟု ကိယက်ဗ်နှင့် အနောက်အုပ်စုတို့က ပြောကြားထားသည့် ရုရှားသိမ်းယူထား သော ယူကရိန်းနယ်မြေများကို အပြီးအပိုင် သိမ်းယူကြောင်း ကြေညာထားသည့် စာရွက်စာတမ်းများအား သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၃၀ ရက်၌ လက်မှတ်ထိုးပေးခဲ့ကြောင်း ကရင်မလင်က သတင်းထုတ်ပြန်ခဲ့သည်။

အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီသည် စက်တင်ဘာ ၃၀ ရက်တွင် တွေ့ဆုံညှိနှိုင်းရန် ရှိကြောင်း ဇာလန်းစကီး၏ ရုံးက ပြောကြားခဲ့သည်။

အဆိုပါ ကောင်စီ၏ အတွင်းရေးမှူး အိုလက်စကီဒနီလော့ဗ် (Oleksiy Danilov) က ယခုအစည်းအဝေးနှင့် ပတ်သက်၍ “ကျနော်တို့နိုင်ငံအတွက် အရေးကြီးပြီး အခြေခံကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ ယုံကြည် ပါတယ်” ဟု ပြောကြားခဲ့သည်။

ယူကရိန်း၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီကို တွေ့ရစဉ် (GETTY IMAGES)

ယူကရိန်း 1+1 ရုပ်သံလိုင်းကို ဖြေကြားခဲ့သော ဒနီလော့ဗ်သည် အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

လူထုဆန္ဒခံယူပွဲဟု ခေါ်ဝေါ်ခြင်းသည် တရားမဝင်ကြောင်း၊ ယူကရိန်းက ခိုင်မာစွာ တုံ့ပြန်သွားမည်ဟု သတိပေး ကြောင်း ဇာလန်းစကီးက ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။

ယူကရိန်း၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြား ရေးဝန်ကြီးနှင့် ဝန်ကြီးချုပ်များ၊ ယူကရိန်းလုံခြုံရေးဌာန အကြီးအကဲတို့ ပါဝင်ကြသည်။

၎င်းတို့သည် အမျိုးသားလုံခြုံရေး မူဝါဒရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးအတွက် သမ္မတနှင့် လက်တွဲ ဆောင် ရွက်ရန် တာဝန်ရှိကြသူများ ဖြစ်ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခံထားရဆဲ ပရာယွတ်ချန်အိုချာ(ဓါတ်ပုံ-အေပီ)

ထိုင်းတရားရုံးက ဝန်ကြီးချုပ်၏ ရာထူးသက်တမ်း စီရင်ဆုံးဖြတ်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1888

CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၃၀

စက်တင်ဘာ ၃၀ ရက်သည် ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်အဖြစ် ရာထူးသက်တမ်း စတင်မည့်နေ့ဖြစ်၍ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ စီရင်ဆုံးဖြတ်မှုများကို အားလုံးက အာရုံစိုက်စောင့်ကြည့်နေကြကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းစာမျက်နှာက ရေးသားဖော်ပြသည်။

ထိုင်းတွင် နိုင်ငံရေးအခင်းအကျင်းသစ် အပြောင်းအလဲဖြစ်ပေါ်လာနိုင်သည်ဟုလည်း ပညာရှင်များအကြား ထင်ကြေးပေးနေကြသည်။

အကယ်၍ တရားရုံးက ဝန်ကြီးချုပ်ကို ထောက်ခံလိုက်မည်ဆိုလျှင် ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၎င်း၏အာဏာကို ဆက်လက်စိန်ခေါ်နေမည်ဖြစ်၍ တုန်လှုပ်ခြောက်ခြားစရာကောင်းသည့်အခြေအနေ၌ ဆက်ရှိနေနိုင်သည်။

သို့သော် တရားရုံးက ဗိုလ်ချုပ်ကြီးပရာယွတ်နှင့် ဆန့်ကျင်ဘက်ဆုံးဖြတ်ချက်ချခဲ့လျှင် ပရာယွတ် ရာထူးမှဆင်း ပေးရမည်ဖြစ်ပြီး နောက်ထပ်ဝန်ကြီးချုပ်အသစ်ကို ရွေးချယ်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်တွင် တရားရုံးက ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ထားရန် ၅ မဲ-၄ မဲဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီးချုပ်ရာထူးသက်တမ်း ကန့်သတ်ချက် လက်ခံစဉ်းစားမှုမပြီးမချင်း ဆက်လက်ဆိုင်းငံ့ထားခဲ့သည်။

သို့သော်လည်း ၎င်းကို ကာကွယ်ရေးဝန်ကြီး ရာထူးဆက်လက်ထမ်းဆောင်ရန်ကိုတော့ တရားရုံးက ခွင့်ပြုခဲ့သည်။

ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးဖို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက အစိုးရ အိမ်ရှေ့တွင် စုဝေးဆန္ဒထုတ်ဖော်ကြစဉ်(ဓါတ်ပုံ-Getty Images)

ဗိုလ်ချုပ်ကြီး ပရာယွတ်အား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရမည့်ရက်ကို ပြန်လည်သုံးသပ်ရန် အတိုက်အခံ များ၏ တင်ပြပန်ကြားချက်ကို တရားရုံးက လက်ခံခဲ့ပြီး တရားရုံးအဖွဲ့ ခုံသမာဓိအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ပြီးနောက် ၎င်း၏ရာထူးကို ဆိုင်းငံ့ထားရန် ဖြစ်ပေါ်လာခဲ့သည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၁၅၈ ပြဋ္ဌာန်းချက်အရ ဝန်ကြီးချုပ်တစ်ဦးသည် အများဆုံးရာထူးသက်တမ်း ထမ်းဆောင်သည့်ကာလမှာ ၈ နှစ် ဖြစ်သည်။

သို့ဖြစ်၍ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် ဝန်ကြီးချုပ်ရာထူး စတင်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးပရာယွတ်သည် ယခုနှစ် ဩဂုတ် ၂၄ ရက်တွင် ရာထူးသက်တမ်းကုန်ဆုံး၍ ဆင်းပေးရတော့မည်ဟု ၎င်းကို ဝေဖန်ထောက်ပြသူ များက ယုံကြည်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်သည် ပရာယွတ် စစ်အာဏာသိမ်းပြီးနောက် ယာယီ ပဋိညာဉ်ကို ပြဋ္ဌာန်းခဲ့သည့်နေ့လည်းဖြစ်သည်။

၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင်မှ တရားဝင်ဖြစ်လာသည်ဟု ယုံကြည်ကြသူများလည်းရှိရာ ၎င်းတို့က ပရာယွတ်၏သက်တမ်းသည် ၂၀၂၇ ခုနှစ်ကျမှ ကုန်ဆုံးမည်ဟု စောဒကတက်ကြသည်။

အချို့ကလည်း အာဏာသိမ်းပြီးနောက် ၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံအောက်၌ ယာယီပဋိညာဉ်ကို အစားထိုးခဲ့သဖြင့် ထို အချိန်မှစ၍ ဝန်ကြီးချုပ်ရာထူး စတင်သည်ဟု ပြောဆိုနေကြပြီး ၎င်း၏ရာထူးသက်တမ်းသည် ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဟုလည်း ယုံကြည်လက်ခံထားကြသည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရုရှားလိုလားသော ခွဲထွက်ဒေသက မဲပေးနေသူများ (AP)

ဇာပိုရေဇီးယား၊ ခါဆွန်လွတ်လပ်ရေးအမိန့် ပူတင်လက်မှတ်ထိုးပေး

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1662

CNI International News

မော်စကို၊ စက်တင်ဘာ ၃၀

၇ လကြာ ကျူးကျော်စစ်အတွင်း ယူကရိန်းပိုင်နက်များ အပြီးအပိုင်သိမ်းရန် ပြင်ဆင်နေချိန်၌ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဇာပိုရေဇီးယားနှင့် ခါဆွန်နယ်မြေများ၏ လွတ်လပ်ရေး ရရှိကြောင်း အမိန့်ကို လက်မှတ် ရေးထိုး၍ အတည်ပြုကြေညာခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရေဇီးယား၊ ခါဆွန်တို့၏ အချုပ်အခြာ အာဏာနှင့်လွတ်လပ်ရေးကို အသိအမှတ် ပြု ကြောင်း ပူတင်က စက်တင်ဘာ ၂၉ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော သမ္မတ၏အမိန့်စာတွင် အတည်ပြုခဲ့ သည်။

ရုရှားသိမ်းထားသည့် ယူကရိန်းနယ်မြေများတွင် လူထုဆန္ဒခံယူပွဲများ အလျင်အမြန် ကျင်းပပြီးနောက် ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် ကရင်မလင်သမ္မတနန်းတော်ထဲ၌ ကြီးကျယ်စည်ကားသော အခမ်းအနား တစ်ရပ် ကျင်းပပြီး အဆိုပါနယ်မြေနှစ်ခုကို ရုရှားထဲသို့ ပေါင်းထည့်ရန် စီစဉ်ထားသည်။

 ယူကရိန်းနိုင်ငံအတွင်းက ခွဲထွက်၍ ရုရှားနဲ့ပူးပေါင်းရေး မဲပေးနေကြစဉ် 

ရုရှားနှင့်ပေါင်းရန်အတွက် အဆိုပါဒေသခံများ၏ ထောက်ခံမဲ ၉၉ ရာခိုင်နှုန်းအထိ အများစုက တောင်းဆိုထား ကြောင်း ကရင်မလင်က ပြောသည်။

ပူတင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဒွန်နက်စ်နှင့်လူဟန့်စ် နယ်မြေနှစ်ခု၏ လွတ်လပ်ရေးကိုလည်း အသိအမှတ် ပြုခဲ့ပြီး ဖြစ်သည်။

ခရိုင်းမီးယား ကျွန်းဆွယ်ကို ယူကရိန်းလက်မှ ရုရှားသိမ်းပိုက်ပြီး ၈ နှစ်အကြာ ယခုကဲ့သို့ ကရင်မလင်နန်းတော်၌ အခမ်းအနားတစ်ရပ်ကို ဒေသစံတော်ချိန် ညနေ ၃ နာရီ (ဂရင်းနစ်စံတော်ချိန် မွန်းတည့် ၁၂ နာရီ) တွင် ကျင်းပ မည်ဟု သိရသည်။

ယခု အခမ်းအနားကို ရွှေကွပ်ထားသည့် စကျင်ကျောက်များ စီခြယ်ထားသော ကရင်မလင်နန်းတော်၏ ဂျော်ဂျီဗာ စကီ (Geogrevsky) ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က “ရုရှား၏သိမ်းယူမှုသည် ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ပြီး တရားဝင်တန်ဖိုး ပျောက်ဆုံးနေကြောင်း”နယူးယောက်မြို့၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် သာမန်ထက် ပြင်းထန်သော လေသံဖြင့် ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော်မှာ ရုရှားနဲ့ပူးပေါင်းမယ့် ယူကရိန်းကခွဲထွက်ဒေသ မဲပေးမှု အောင်မြင်မှု အထိမ်းအမှတ် ကျင်းပရန် ပြင်ဆင်နေစဉ် (AP)

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်၌ စတင်ခဲ့သော ရုရှားကျူးကျော်စစ်ကို ခေတ်သစ်ကမ္ဘာတွင် နေရာမပေးနိုင် ကြောင်း၊ လက်မခံသင့်ကြောင်း ဂူတာရက်စ်က ဆက်လက်ပြောကြားခဲ့သည်။

ရုရှား ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ထဲတွင် အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့က ယနေ့ (စက်တင်ဘာ ၃၀ ရက်)တွင် တွေ့ဆုံရန် စီစဉ်ထားပြီး ယခုကဲ့သို့ သိမ်းပိုက်မှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်မူကြမ်း ထွက်ရှိနိုင်ရေး ကြိုးပမ်းကြမည်ဖြစ်သည်။

ယူကရိန်းပိုင်နက်ကို ရုရှားတောင်းဆိုမှုအား အမေရိကန်က အသိအမှတ်မပြုကြောင်း စက်တင်ဘာ ၂၉ ရက်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်တိုက်ပွဲရှောင်စခန်းများ အလှူရှင်နည်းပါး၊ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၌ ရုရှားလူထုဆန္ဒခံယူပွဲအပေါ် အိန္ဒိယ၏ရပ်တည်ချက် UN တွင် ထုတ်ပြောမည်

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

တာလီဘန်များကို အထီးကျန်ဆက်ထားလျှင် အန္တရာယ်များကြောင်း ပါကစ္စတန်သတိပေး

By CNI
CNI
Category: Watch TV
Hits: 786

Share
Tweet
Share
Share
powered by social2s

နယ်စပ်ထွက်ပြေးကြသူများကို တားဆီးရန် ရုရှားက ယာယီစစ်ဆေးရေးဂိတ်များ ဖွင့်

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

“ဝ”ကို ပြည်နယ်ပေးမည်ဆိုသည့် စစ်တပ်၏ အာမခံချက်က မသေချာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60

Page 56 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar