CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ယူကရိန်းသမ္မတ၏ စီးပွားရေး အကြံပေးအရာရှိချုပ်နှင့် ပညာရှင် အိုလက်ယူစတန်ကို(AP)

စစ်ဒဏ်ကြောင့် ယူကရိန်းပြန်လည်ထူထောင်ရေးဘဏ္ဍာငွေ လိုအပ်နေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1655

CNI International news

ကိယက်ဗ်၊ စက်တင်ဘာ ၂၃

စစ်ပွဲအတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုများအပြင် ရုရှားကို ခုခံကာကွယ်ရန် ပြည်ပအကူအညီကိုသာ အားထား နေရသဖြင့် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုး ပိုမိုဖိစီးလာကြောင်း ယူကရိန်းအစိုးရ ထိပ်တန်းစီးပွားရေးပညာရှင် တစ်ဦးက စက်တင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

သို့သော် စစ်ရေးအောင်ပွဲခံဖို့ကိစ္စမှာ ယူကရိန်း၏မဟာမိတ်များက ရုရှားကို ဖိအားပေးနိုင်မှုအပေါ် မူတည်ကြောင်း ယူကရိန်းသမ္မတ၏ စီးပွားရေး အကြံပေးအရာရှိချုပ်နှင့် ပညာရှင် အိုလက်ယူစတန်ကို (Oleg Ustenko)က ဆက်လက် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတွင် လက်ရှိအနေအထား၌ လစဉ်ဘဏ္ဍာရေးလိုငွေ ယူရို ၅ ဘီလီယံ (ဒေါ်လာ ၅ ဘီလီယံ) ရှိနေသဖြင့် စစ်ပွဲမစတင်မီ ခန့်မှန်းခြေ ယူရို ၇ ဘီလီယံနှင့် နှိုင်းယှဉ်ကြည့်လျှင် လစဉ်လိုအပ်ချက် ပေါ်ပေါက်လာခဲ့သည်။

ယူကရိန်း၏ မြေဆီမြေနှစ် ကောင်းမွန်သော လယ်မြေများတွင် ယခုအခါ စိုက်ပျိုးရန် အန္တရာယ်များနေပြီး စက်ရုံ အလုပ်ရုံများလည်း ပျက်စီးခဲ့သဖြင့် စစ်ပွဲအကြိုကာလ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက် ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းများမှာ ပျက်ပြယ်သွားခဲ့သည်။

ယူကရိန်းနိုင်ငံတွင်းက စစ်ကြောင့် ပျက်စီးနေမှု (GETTY IMAGES)

ယခုနှစ် ယူကရိန်း၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) မှာလည်း ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ကျုံ့ဝင်သွားနိုင်ကြောင်း အိုလက်ယူစတန်ကိုက ပြောကြားခဲ့သည်။

“ဒီစစ်ပွဲကြောင့် ကျနော်တို့စီးပွားရေး ထိခိုက်မှုဟာ ယူရို ၁ ထရီလီယံအဆင့်မှာ ရှိပါတယ်” ဟု ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက အေပီသို့ ဖြေကြားခဲ့သည်။

အဆိုပါ ပမာဏသည် ၂၀၂၁ ခုနှစ်တုန်းက ယူကရိန်း GDP တစ်ခုလုံး၏ ၅ ဆဖြစ်သွားခဲ့သည်။

သို့သော် ယူကရိန်းသည် ၎င်း၏မဟာမိတ်များထံမှ ဘဏ္ဍာရေးအကူအညီ ထပ်မံရရှိရန် မျှော်လင့်နေသလို မော်စကိုအပေါ် ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမို ချမှတ်စေလိုကြောင်း ယူစတန်ကိုက ပြောကြားခဲ့သည်။

“ကျနော်တို့အတွက် ဘဏ္ဍာရေးနဲ့ ခဲယမ်းမီးကျောက်တွေ၊ လက်နက်တွေ ဆက်ပေးဖို့ အင်မတန်အရေးကြီးပါ တယ်။ ဒါပေမယ့် အဲဒါနဲ့ ထပ်တူ အရေးကြီးတဲ့ နောက်တစ်ခုကတော့ ကျနော်တို့အပေါ် ရန်လိုနေတဲ့နိုင်ငံကို ဖြစ်နိုင်ခြေရှိတဲ့ ဘဏ္ဍာရေး အမှန်တကယ် ဆက်ပြီးတော့ ဖြတ်တောက်ထားဖို့ ဖြစ်ပါတယ်” ဟု ၎င်းက တိုက်တွန်း ခဲ့သည်။

လက်ရှိ စွမ်းအင်ဈေးနှုန်းများ မြင့်မားနေ၍ ရုရှားသည် စစ်ပွဲအတွက် အသုံးစရိတ် ကြီးမားနေသော်လည်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးတင်ပို့မှုမှ ဝင်ငွေများ နေ့စဉ် ပိုမိုရရှိနေကြောင်း ယူစတန်ကိုက ထောက်ပြခဲ့ သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
PNO/PNA စစ်သမီးပျိုများကိုတွေ့ရစဉ် (Special region 6)

PNLO တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရသည့်ကိစ္စ ဖြေရှင်းပြီးပြီဟု PNO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2732

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၃

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ တပ်ဖွဲ့ဝင်များကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/ PNA) မှ ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်ကိစ္စ ဖြေရှင်းပြီးပြီဟု PNO မှ ဒုတိယကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေ က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံး ကျေးရွာတွင် PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို PNO/PNA မှ ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး ခွန်ထွန်းရွှေက “အားလုံး အဆင်ပြေသွားပါပြီဗျ၊ လိုအပ်တာတွေလည်း ကျနော်တို့ လုပ်ပေး လိုက်ပါပြီဗျ၊ သူတို့ ကျေနပ်တဲ့ဟာတွေပေါ့၊ နှစ်ဦးနှစ်ဖက်ကျေနပ်တဲ့ ကျနော်တို့ စစ်ရေးကိစ္စရော၊ လူမှုရေးကိစ္စ ရောပေါ့၊ အားလုံး ကျနော်တို့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ပြေလည်သွားပါပြီခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါကိစ္စမျိုး နောက်နောင် မဖြစ်စေရေး ပိုမိုကျစ်လစ်သည့် ဆက်ဆံရေးဌာနမှတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် နှစ်ဖက်အဖွဲ့အစည်းက တာဝန်ယူထားကြောင်း ၎င်းက ပြောသည်။

မိမိတို့ ပအိုဝ်းဒေသကို စစ်ဘေးစစ်ဒဏ် မခံရစေရေး အဖွဲ့အစည်းများ အားလုံးနှင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရန် ကြိုးစားနေကြောင်း ဒုဗိုလ်မှူးကြီး ခွန်ထွန်းရွှေက ပြောသည်။

PNLO/PNLA စစ်သားတစ်ဦးကိုတွေ့ရစဉ် 

၎င်းက “ကျနော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းပဲနေပြီး ကျနော်တို့ ဒေသတည်ငြိမ်အေးချမ်း အောင် ကျနော်တို့ နယ်မြေလူထုတွေ မခံရအောင်ပေါ့၊ ကျနော်တို့ကတော့ တတ်နိုင်တဲ့ဘက်ကနေပြီး အဖွဲ့အစည်း တွေ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားနေတယ်ပေါ့နော်၊ ကြိုးစားတယ်၊ ဖြစ် အောင်လည်း ကျနော်တို့ ညှိနှိုင်းတယ်ပေါ့နော်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့နော်၊ ကျနော်တို့ ဒေသ၊ ကျနော်တို့ မိဘ ပြည်သူတွေ စစ်ဘေးစစ်ဒဏ် မဖြစ်အောင်တော့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

PNLO/PNLA သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိသည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့ သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

စစ်ရေးအရှိန်မြှင့်ဖို့ တရုတ်စစ်တပ်ကို ရှီကျင့်ဖျင် တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 712

Share
Tweet
Share
Share
powered by social2s

ဘယ်လ်ဂျီယံတွင် စွမ်းအင်ဈေးတက်သဖြင့် လူထောင်နှင့်ချီ၍ ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 874

Share
Tweet
Share
Share
powered by social2s

နျူကလီးယား လက်နက်များထုတ်သုံးရန် တွန့်ဆုတ်နေမည်မဟုတ်ဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

USDP ဥက္ကဋ္ဌ အပြောင်းအလဲမှာ အကြီးဆုံးရာထူးကို လျာထားပုံရဟု ပြော

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားနဲ့ရုရှား ခေါင်းဆောင် (AP)

ယူကရိန်းစစ်အတွင်း ရုရှားသို့ လက်နက်မပို့ဟု မြောက်ကိုရီးယားငြင်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1669

CNI International News

ပြုံယမ်း၊ စက်တင်ဘာ ၂၂

ယူကရိန်းစစ်ပွဲအတွင်း ရုရှားနိုင်ငံသို့ မည်သည့်လက်နက်မျှ မိမိတို့ မတင်ပို့ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ရန် လည် အစီအစဉ်မရှိကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် လက်နက်လွှဲပြောင်းရေးဆိုင်ရာ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာများသည် မိမိတို့ ဂုဏ်သိက္ခာ ကျဆင်းအောင် ကြိုးပမ်းနေခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယားက ဆက်လက် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၂ ရက် (ယနေ့) မြောက်ကိုရီးယား မီဒီယာတစ်ခု၏ သတင်းဖော်ပြချက်ထဲတွင် အမည်မဖော်လိုသူ မြောက်ကိုရီးယား ကာကွယ်ရေး အရာရှိတစ်ဦးက “မဆင်မခြင် ပြောဆိုမှုများ ရပ်တန့်ရန်နှင့် ပါးစပ်ပိတ်ထားကြရန်” အမေရိကန်သို့ တုံ့ပြန် ပြောကြားခဲ့သည်။

ရုရှားသည် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီသော အမြောက်ကျည်များနှင့် ဒုံးကျည်များ အပါအဝင် စစ်လက်နက် များ ဝယ်ယူနေကြောင်း အမေရိကန် ထောက်လှမ်းရေး၏ အကဲဖြတ်ချက်ကို ယခုလ အစောပိုင်းတွင် ဘိုင်ဒန် အစိုးရတာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ စစ်ဘက်ခေါင်းဆောင်များ(KCNA)

မော်စကိုအစိုးရသည် ယူကရိန်းမြေပေါ်တွင် စစ်ဘက်ထောက်ပံ့ ပို့ဆောင်ရေး အကျပ်ရိုက်ခြင်းမှ ရုန်းထွက်နိုင်အောင် ကြိုးပမ်းနေရချိန်၌ အမေရိကန် ဦးဆောင်သော အနောက်အုပ်စု၏ ရုရှားပို့ကုန်ထိန်းချုပ်မှုနှင့် ပိတ်ဆို့ ဒဏ်ခတ်မှုများကြောင့် အခြေအနေ ပိုဆိုးလာခဲ့သည်။

အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာအရ တွေ့ရှိချက်များသည် သတင်း အတုအယောင်သာဖြစ်ကြောင်း မော်စကိုက ချေပပြီး သီတင်းပတ် အတန်ကြာပြီးနောက် မြောက်ကိုရီးယား၏ ယခုငြင်းဆိုချက် ထွက်ပေါ်လာခဲ့ သည်။

အကယ်၍ ရုရှားထံသို့ မြောက်ကိုရီးယား လက်နက်တင်ပို့သည်ဆိုလျှင် ပြုံယမ်းအစိုးရအပေါ် လက်နက် အရောင်း အဝယ်ကိစ္စ တားမြစ်ထားသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်မည်ဖြစ်သည်။

ထိုသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ၏ ပိတ်ဆို့ဒဏ်ခတ်မှုကို ပြုံယမ်းအနေဖြင့် တရားမဝင်ဟု မှတ်ယူပြီး အသိအမှတ်မပြုကြောင်း မြောက်ကိုရီးယား အစိုးရအရာရှိတစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။

ပိတ်ဆို့ဒဏ်ခတ်ရန် UNSC ၏ ဆုံးဖြတ်ချက်မှာ အမေရိကန်နှင့် ၎င်း၏ဩဇာခံ နိုင်ငံများ ခြယ်လှယ်မှုဖြစ်၍ ဆန့်ကျင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

စစ်လက်နက်များ တင်ပို့ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအတွက် ဥပဒေနှင့်ညီသော အခွင့်အရေး တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယား၏ တရားဝင် ကိုရီးယားဗဟိုသတင်းဌာန (KCNA) ၏ ထုတ်လွှင့်ချက်အရ သိရသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးခင်ရီကိုတွေ့ရစဉ် (Sai Aung Main)

USDP ဥက္ကဋ္ဌ အပြောင်းအလဲမှာ အကြီးဆုံးရာထူးကို လျာထားပုံရဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2064


CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းမှုမှာ ၎င်းတို့ အစိုးရတစ်ရပ် ဖြစ်သည့် အခါ အကြီးဆုံးရာထူးကို လျာထားခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းတို့၏ မူဝါဒအတိုင်း အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း၊ မိမိ၏ တစ်ဦးတည်း အမြင်အရ အကြီးဆုံးရာထူးကို လျာထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “အဲဒါကတော့ သူတို့ လာမယ့်‌ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုရင် သူတို့ ဘယ်နိုင်ငံရေးပါတီ မဆို သူတို့ လျာထားတာ ရှိမှာပေါ့နော်၊ ဒါတော့ သူတို့ အတွင်းရေး ကျနော်တို့ လောလောဆယ်တော့ မခန့်မှန်းနိုင် ဘူးပေါ့နော်၊ ဒါပေမဲ့ များသောအားဖြင့် ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းမဆို ဥက္ကဋ္ဌ ဖြစ်တဲ့လူကတော့ ဒါသူတို့ပေါ့ နော် ဥပမာ အစိုးရတစ်ရပ် ဖြစ်လာတဲ့အခါ ဒီအတွင်းမှာ အကြီးဆုံးရာထူးကို လျာထားတာတော့ များတာပေါ့နော်၊ ဖြစ်နိုင်ချေများတာပေ့ါနော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သော USDP ပါတီ၏ အစည်းအဝေးအပြီး ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် ပါတီဥက္ကဋ္ဌတာဝန်ကို ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန်းဋ္ဌေးမှာ ကျန်းမာရေး အခြေအနေများကြောင့် USDP ပါတီဥက္ကဋ္ဌ တာဝန်ကို လွှဲပေးလိုက်ခြင်းဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးခင်ရီနဲ့ ဦးသန်းဋ္ဌေးကိုတွေ့ရစဉ် 

၎င်းက “သူတို့ ကြေညာထားတာတော့ ကျန်းမာရေးကြောင့်လို့ ပြောတာပဲ။ လာမယ့် မကြာခင် အောက်တိုဘာလ ထဲလား မသိဘူး။ သူတို့ ပါတီညီလာခံ လုပ်ဖို့ရှိတယ်လေ၊ အဲဒီတော့ ပါတီညီလာခံမှာကြတော့ ခေါင်းဆောင် အသစ်တွေ ပြန်ရွေးရမှာ အဲဒီတော့ ဒီကြားထဲမှာ အဲဒီပါတီညီလာခံ ကျင်းပဖို့ ပြင်ဆင်တာ၊ ဒီခေါင်းဆောင်သစ် ရွေးချယ်မှုအတွက် ပြင်ဆင်တာတွေ လုပ်ဖို့အတွက် နောက် သူ့နဂိုကလည်း ကျန်းမာရေး ခါးခွဲထားရတယ်လို့ ကြားတယ်၊ အဲဒါတွေကြောင့် တာဝန်လွှဲပေးလိုက်တာလို့ အဲဒီလို ယူဆတာပဲ” ဟု ပြောသည်။

ဦးခင်ရီသည် နစက၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ တာဝန်က အနားယူပြီး ပါတီလုပ်ငန်းတာဝန်များကို ပြန်လည်ရယူခဲ့ခြင်း ဖြစ်သည်။

တချို့ကတော့ ဦးခင်ရီသည် နစက ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် USDP အနိုင်ရပါက အစိုးရဖွဲ့စည်းသည့် အခါ သမ္မတ သို့မဟုတ် ဒုသမ္မတအဖြစ် မြင်တွေ့လာရနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများကြား ထင်ကြေးပေး နေကြသည်။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၄၂ ဦး၊ ဗဟိုကော်မတီ ဝင် ၂၇၅ ဦးနှင့် အရံ ဗဟိုကော်မတီဝင် ၇၅ ဦးရှိကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိတိုက်ပွဲရှောင်များ၏အခြေအနေ(ဓါတ်ပုံ-သဘာဝနဒီဆရာတော်)

ပြည်သူများ အဆင်ပြေပါက AA အဆင်ပြေသည်ဟု မှတ်ယူ၍ ပိတ်ပင်ခြင်းဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1607

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုတို့ကြောင့် ကန့်သတ်ပိတ်ပင်မှု အများအပြားရှိလာသဖြင့် ဒေသခံများမှာ စားဝတ်နေရေးအပါအဝင် ဘက်ပေါင်းစုံ၌ ဒုက္ခကြုံတွေ့နေကြရသည်ဟု ရခိုင်ပြည်သူများထံမှ သိရသည်။

ယခုကဲ့သို့ ကန့်သတ်ပိတ်ပင်ခြင်းများ လုပ်ဆောင်ခြင်းသည် ပြည်သူများ အဆင်ပြေပါက AA အဆင်ပြေသည်ဟု မှတ်ယူပြီး ဒေသခံပြည်သူများအား ပိတ်ပင်ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့ဒေသခံ ကိုဇော်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“မြောက်ဦးမြို့ကတော့ နေရာပေါင်းစုံမှာ သူတို့အစစ်အဆေးတွေ လုပ်တယ်။ ကားရော၊ ဆိုင်ကယ်ရော၊ လူရော။ စီးပွားရေးကအစ နေထိုင်ရေးကအစ သိပ်ဒုက္ခရောက်တယ် ဒီတလောတော့။ ပြေလည်ဖို့ဆိုတာ သိပ်မရှိတော့ဘူး ကြည့်ရတာလေ။ သူတို့ကလည်း နောက်ဆုတ်မယ့် အခြေအနေမျိုး မရှိဘူး။ သူတို့အချင်းချင်း မလုပ်နိုင်တဲ့အခါ ကျတော့ ဒေါက်တိုင်တွေကို သူတို့ဖြုတ်ချချင်တဲ့ သဘောပေါ့။ ဒီပြည်သူတွေ အဆင်ပြေလို့ AA အဆင်ပြေတယ် ပေါ့လေ။ အဲဒီသဘောနဲ့ ဗျူဟာတစ်ခုနဲ့ အဲဒီလိုဒုက္ခပေးတဲ့ပုံစံမျိုးလို့ ကျနော်နားလည်တယ်။ ပြည်သူကတော့ ဆုံးရှုံးစရာမရှိတဲ့အချိန်ကို ရောက်လာပြီ။ ဘာလို့လဲဆိုရင် ကိုယ့်အလုပ် ကိုယ်မလုပ်နိုင်၊ ကိုယ့်စီးပွား ကိုယ်မလုပ် နိုင်၊ ကိုယ့်အိမ်မှာကိုယ် ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုနဲ့ မနေနိုင်။ ဒါမျိုးက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာတာကို။ ပြည်သူတွေ အခက်အခဲက လမ်းပန်းဆက်သွယ်ရေးကို သူတို့ စစ်ဆေးတာတွေကို ဘာမှမဆိုင်တဲ့နေရာတွေမှာ ဥပမာ မြို့ပေါ် ရပ်ကွက်တွေမှာ သူတို့လုပ်ချင်တိုင်းလုပ်နေတဲ့ ကိစ္စမျိုးတွေကို သူတို့ရပ်တန့်ဖို့လိုတယ်။ ပြီးရင် ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း သူတို့ ပြန်ဖွင့်ပေးဖို့လိုမယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် INGO/NGO အဖွဲ့အစည်းများအား ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၆ မြို့နယ်သို့ ကူညီထောက်ပံ့ခြင်းနှင့် ခရီးသွားလာခြင်းကို ကန့်သတ်ထားသည့်အတွက် စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရကြောင်း ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံ က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိတိုက်ပွဲရှောင်များ၏အခြေအနေ(ဓါတ်ပုံ-သဘာဝနဒီဆရာတော်)

“ဒီလကုန်ရင်တော့ ဘယ်လိုဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။ ပြီးခဲ့တဲ့လက ရရှိထားတဲ့ ရိက္ခာတွေ၊ ထောက်ပံ့ ထားတာတွေနဲ့ပဲ အခုလောလောဆယ် စားသောက်နေကြရတာပေါ့။ ပြည်တွင်း အရပ်ဖက် အဖွဲ့အစည်းတွေ ကလည်း မလှူဒါန်းနိုင်ဘူးပေါ့ တကယ်တမ်းပြောရရင်။ အခိုက်အတန့်အားဖြင့်သာ မြို့ပေါ်ရောက်လာတဲ့ IDP တွေလောက်ပဲ လှူဒါန်းနိုင်ကြတာပေါ့။ လှူဒါန်းတယ်ဆိုတာကလည်း အလှူခံလို့ရတဲ့အခါမှပေါ့။ ဒေသမှာ အလှူခံဖို့ဆိုတာကလည်း အခက်အခဲရှိတယ်။ နောက် အရင်တုန်းကတော့ တချို့အဖွဲ့အစည်းတွေ မြို့ပေါ်မှာ အလှူခံတာရှိတယ်။ အဲဒါကတော့ ဟန့်တားတာတွေလည်း ရှိတာပေါ့။ ပြည်ပရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ လှူဒါန်းမှုဆိုတာကလည်း အရင်က ရခိုင်တစ်ခုတည်းဖြစ်တဲ့အခါကျတော့ အကုန်ဝိုင်းပြီးလှူကြတာပေါ့။ အခုကျတော့ နေရာတိုင်းလိုလို ဖြစ်နေတဲ့အခါကျတော့ ပြည်ပကအလှူရှင်တွေရဲ့ အလှူငွေကလည်း ရေရှည် ရပ်တည်လို့ရတဲ့ဟာမဟုတ်ဘူး။ နိုင်ငံတကာ လူသားချင်းစာနာတဲ့အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက စနစ်တကျလုပ်ဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာ အဆင်ပြေမယ့်သဘောမှာ ရှိနေတာပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲရှောင်စခန်းများတွင် ဆေးဝါး၊ အဝတ်အထည်စသည်တို့ကအစ ပြတ်လပ်နေသည့်အတွက် လူသားချင်း စာနာထောက်ပံ့မှု အကူအညီတွေ အရေးပေါ်လိုအပ်နေသည့်အတွက်ကြောင့် INGO/NGO အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများအနေဖြင့် အဖွဲ့လိုက်ဖြစ်စေ၊ လူပုဂ္ဂိုလ်လိုက်ဖြစ်စေ လာရောက်လှူဒါန်းပေးရန် အထူးအလေးထားတိုက်တွန်းလိုကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် ဒေသတွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက် လျက်ရှိပြီး ယခင်ကထက် နှစ်ဆခန့်မြင့်တက်နေကြောင်း ရခိုင်ပြည်သူများက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လက်ရှိတိုက်ပွဲရှောင်များ၏အခြေအနေ(ဓါတ်ပုံ-သဘာဝနဒီဆရာတော်)

မောင်တောဒေသခံ ကိုမောင်မောင်ထွန်းက “ကျနော်တို့ မောင်တောမြောက်ပိုင်း၊ တောင်ပိုင်းပြည်သူတွေ ဘယ်မှ သွားလို့မရဘူး။ စားနပ်ရိက္ခာပိုင်းဆိုင်ရာလည်း တော်တော်လေး အခက်အခဲဖြစ်နေတာပေါ့။ ကျနော်တို့ ဒီနေ့နဲ့ ဆိုရင် တစ်လကျော်လောက်ဖြစ်သွားပြီ။ စကစက လမ်းတွေပိတ်ထားတာလေ။ ဆန်တို့ ဆီတို့ စားကုန်တွေ ဘာမှမသယ်ရဘူး။ စစ်ဖြစ်တဲ့နေရာဆိုရင် စစ်ဖြစ်တဲ့နေရာက စစ်ဘေးရှောင်တွေလည်း ဘယ်မှသွားလို့မရဘူး။ အခုဖြေရှင်းနေရတာက ဟိုဘက် ဒီဘက် မရှိတဲ့လူက ရှိတဲ့လူဆီကနေ တောင်းစား ဒီလိုမျိုးဖြစ်နေတာပေါ့။ ဒီကုန်ဈေးနှုန်းအနေအထားမှာဆိုရင်လည်း တော်တော်လေး ဈေးတက်နေတာပေါ့။ အခုရှိတဲ့လူလည်း ပိုက်ဆံ ပေးပြီးတော့ ဝယ်လို့မရတဲ့ဟာတွေ အများကြီးပေါ့။ ကူညီကယ်ဆယ်ရေးတွေကျတော့လည်း ဘယ်မှ မသွားရဘူး အဲဒီလိုဖြစ်နေတာပေါ့။ကျနော်တို့ ပြည်သူလူထုတွေ လမ်းတွေသွားလာရေး၊ စားဝတ်နေရေး အခက်အခဲကြောင့်နဲ့ ဆန်တို့ ဆီတို့ တင်သွင်းရချင်တာပေါ့နော်။ ဒီလိုဖြစ်နေတာကတစ်ပိုင်း။ ကျနော်တို့ ပြည်သူလူထုက အခု ဒီလိုမျိုး နှိပ်စက်ရာကျနေတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့၌ တပ်မတော်နှင့် AA အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများရှိနေကြောင်း ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။

၎င်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင် ဦးရေ မှာလည်း ပိုမိုများပြားလာကာ လက်ရှိအချိန်ထိ တိုက်ပွဲရှောင် တစ်သောင်းကျော်ခန့် ရှိလာကြောင်း အရပ်ဖက် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

ဒေသခံများ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ယခင်ရှိနေသည့် တိုက်ပွဲရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်သူ များ ရှိသကဲ့သို့ အနီးရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကိုတွေ့ရစဉ် (AP)

နျူကလီးယား လက်နက်များထုတ်သုံးရန် တွန့်ဆုတ်နေမည်မဟုတ်ဟု ပူတင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1531

CNI International News

မော်စကို စက်တင်ဘာ ၂၂

ရုရှားပိုင်နက်ကို ကာကွယ်ရန်အတွက် နျူကလီးယားလက်နက်များ ထုတ်သုံးရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်းထန်စွာ သတိပေးလိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယခုရက်ပိုင်းများအတွင်း ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေအချို့၌ လူထုဆန္ဒခံယူပွဲများ အဆောတလျင် ကျင်းပရန် စီစဉ်ခဲ့ပြီးနောက် ယူကရိန်းအပေါ် မော်စကိုက ယခုကဲ့သို့ နောက်ထပ် သတိပေး ခြိမ်းခြောက်လိုက် ခြင်းလည်း ဖြစ်သည်။

အနောက်နိုင်ငံများအနေဖြင့် ထိုကဲ့သို့ ပူတင်၏ လေသံမျိုးကို ယခင်က ကြားခဲ့ဖူးသော်လည်း ယခု အခြေအနေများ က သိသိသာသာ ကွဲပြားခြားနားနေပြီ ဖြစ်သည်။

ပူတင်ကို ရုရှားနိုင်ငံသားတချို့ ကန့်ကွက် (Reuters)

စက်တင်ဘာ ၂၃ ရက် (မနက်ဖြန်) စတင်ရန် စီစဉ်ထားသော ယူကရိန်းထံမှ ရုရှားသိမ်းပိုက်ထားသည့် နယ်မြေများ အလိုက် လူထုဆန္ဒခံယူပွဲများကို ကရင်မလင် သမ္မတနန်းတော်က ကြိုးကိုင်ရန် အသင့်ပြင်ဆင်ထားသည်။

ထိုလူထုဆန္ဒခံယူပွဲများ ကျင်းပစေခြင်းဖြင့် ဒေသခံပြည်သူလူထုက ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လိုခြင်း ရှိ/မရှိ ဆန္ဒထုတ်ဖော်၍ မဲထည့်ကြရမည်ဖြစ်သည်။ ဆိုလိုသည့် သဘောမှာ ထောက်ခံမဲ အများစုသည် ရုရှားအလိုလိုက် အကြိုက်ဆောင် စေရမည်ဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်များတွင် ထိုနယ်မြေများကို ရုရှားက အပြီးအပိုင် ချုပ်ကိုင်ရန် ဟန်ပြင်နေသည်။

သို့ဖြစ်၍ ယူကရိန်းနယ်မြေ အစိတ်အပိုင်းများကို စည်းရုံးသိမ်းသွင်းရန် ကြေညာခြင်းဖြင့် ပူတင်သည် ရသမျှ နည်းလမ်းကို အသုံးချသွားမည်ဟု အတိအလင်း ပြောကြားထားသည်။ ယင်းနည်းလမ်းများတွင် အားလုံး တုန်လှုပ် ခြောက်ခြားစေမည့် နျူကလီယားလက်နက်ကို ယခုအခါ နောက်ထပ်တဖန် ရည်ညွှန်းပြောကြားလာခဲ့သည်။

ဒွန်နက်စ်နဲ့လူ့ဟန်စ်ဒေသက ရုရှားလိုလာသူများကိုတွေ့ရစဉ် 

ယခုလ အစောပိုင်း၌ ယူကရိန်း၏ တန်ပြန်ထိုးစစ် အောင်မြင်ပြီးနောက် လက်ရှိအနေအထားကို လက်ခံနိုင်ရန် နောက်ဆုံး ထွက်ပေါက်အဖြစ် နျူကလီးယား ခြိမ်းခြောက်မှုအသစ်ကို ပူတင်လုပ်ဆောင်လာကြောင်း လေ့လာ သုံးသပ်သူများက ရှုမြင်နေကြသည်။

လူထုဆန္ဒခံယူပွဲကို အလျင်စလို ပူတင် အကောင်အထည်ဖော်စေခြင်းသည် ကရင်မလင်သမ္မတနန်းတော်၏ ဆုံးဖြတ်ချက်ကို လိုက်နာစေဖို့ အကြောင်းပြချက်တစ်ခု ရှာကြံခြင်းဖြစ်ကြောင်း လွတ်လပ်သော နိုင်ငံရေးလေ့လာ သုံးသပ်သူ တာတီယာနာစတန်နိုဗာယာ (Tatiana Stanovaya) က ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံအချင်းချင်းဖြစ်သည့် ပဋိပက္ခများကို ဖြေရှင်းပေးသူအဖြစ် ရပ်တည်ရန် တူရကီကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ရှမ်းနီများ လူမျိုးသုဉ်းသတ်ဖြတ်ခံရမည့် အခြေအနေကို ရင်ဆိုင်နေရဟု SNA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2105

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီဒေသများရှိ ရှမ်းနီလူမျိုးများသည် ကချင်လွတ်လပ် ရေးတပ်မတော်(KIO/KIA)၏ လူမျိုးသုဉ်းသတ်ဖြတ်မည့် ကြိုးပမ်းဆောင်ရွက်နေမှုများဖြင့် ရင်ဆိုင်နေရခြင်း ကြောင့် ပြည်တွင်း/ပြည်ပက လူ့အခွင့်အရေးအဖွဲ့အစည်းများက တားဆီးပေးရန် ရှမ်းနီအမျိုးသားများတပ်မ တော် (SNA)က စက်တင်ဘာ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

 

 

SNA ထုတ်ပြန်ချက် 

SNA ထုတ်ပြန်ချက်

SNA ထုတ်ပြန်ချက်

 

Share
Tweet
Share
Share
powered by social2s

ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေ ၄ ခု၌ လူထုဆန္ဒခံယူပွဲ ကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို မည်သည့်နိုင်ငံမျှ ဥပေက္ခာမပြုရန် ပြင်သစ်ပြော

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s

မိုးဗြဲမြို့တွင် လူထု ၅၀၀ နီးပါး ပိတ်မိ၍ ကျန်ရှိနေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 814

Share
Tweet
Share
Share
powered by social2s
ဦးသန်းဋ္ဌေးနဲ့ ဦးခင်ရီကိုတွေ့ရစဉ်

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် ဦးသန်းဋ္ဌေးက ဦးခင်ရီကို လွှဲပြောင်းပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2221
 
 
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၁
 
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် ပါတီဥက္ကဋ္ဌတာဝန်ကို ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ထောင် စုနယ်မြေ USDP ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က ပြောသည်။
 
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ USDP ပါတီရုံးတွင် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပ ခဲ့သော ပါတီ၏ EC အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့် အစည်းအဝေးမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
ဦးမြင့်လှိုင်က “ ဦးသန်းဋ္ဌေးဟာ သူ့ရဲ့ ကျန်းမာရေး အခြေအနေအရ ခွဲစိတ်ကုသမှု ပြင်းပြင်းထန်ထန် လုပ်ထားရ တဲ့ အခြေအနေကြောင့် ပါတီတာဝန်အရပ်ရပ်ကို အချိန်ပြည့် ထမ်းဆောင်နိုင်ခြင်းမရှိတော့တဲ့အတွက် ဒီပါတီဥက္ကဋ္ဌ တာဝန်ကို ဒုဥက္ကဋ္ဌ ဦးခင်ရီထံသို့ ပါတီတာဝန် အရပ်ရပ်ကို လွှဲပြောင်းပေးအပ်ထားပြီး”ဟု ပြောသည်။
 
USDP ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပစဉ်
 
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၅/၂၀၂၂)ကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ဦးသန်းဋ္ဌေးက ပါတီဥက္ကဋ္ဌတာဝန်ကို ဦးခင်ရီထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
 
ဦးခင်ရီသည် နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ယူခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ တာဝန်က အနားယူပြီး ပါတီလုပ်ငန်းတာဝန်များကို ပြန်လည် ရယူခဲ့ သည်။
 
ထို့နောက် USDP ပါတီဥက္ကဋ္ဌ တာဝန် ၅ နှစ် ထမ်းဆောင်ခဲ့ပြီးဖြစ်သော ဦးသန်းဋ္ဌေးက ဒုဥက္ကဋ္ဌ(၂) ဦးခင်ရီကို ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
 
 
Share
Tweet
Share
Share
powered by social2s
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64

Page 60 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar