CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
တူရကီသမ္မတအာဒိုဂန် ကုလမှာ မိန့်ခွန်းပြောနေစဉ် (AP)

နိုင်ငံအချင်းချင်းဖြစ်သည့် ပဋိပက္ခများကို ဖြေရှင်းပေးသူအဖြစ် ရပ်တည်ရန် တူရကီကြိုးပမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1095

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၁

ဆီးရီးယားမှ ယူကရိန်းအထိ ဖြစ်ပွားနေသည့် နိုင်ငံအချင်းချင်း ပဋိပက္ခများကို ဖြေရှင်းပေးသူအဖြစ် ရပ်တည်ရန် ဆောင်ရွက်မည့် တူရကီ၏ မဟာဗျူဟာများကို တူရကီသမ္မတအာဒိုဂန်က စက်တင်ဘာ ၂၀ ရက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်း၌ ချပြကာ ကြိုးပမ်းနေကြောင်း သိရသည်။

တူရကီသမ္မတသည် ဒေသတွင်း အငြင်းပွားမှုများ ပတ်ပတ်လည်တွင် ဝိုင်းနေသည့် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်နေ ရသူ ဖြစ်သည်။

တူရကီနိုင်ငံ၏ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ တရားဝင် ၈၀ ရာခိုင်နှုန်းဖြစ်သော်လည်း ယင်းပမာဏထက် နှစ်ဆပိုများကြောင်း လေ့လာသူများက ထောက်ပြနေချိန်၌ အထက်ပါအတိုင်း သမ္မတအာဒိုဂန်၏ မိန့်ခွန်း ထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အာဒိုဂန်သည် သူ့အစိုးရ၏ စီးပွားရေးမူဝါဒများထက် တကမ္ဘာလုံး အတိုင်းအတာဖြင့် အစားအသောက်နှင့် စွမ်းအင်ဈေးနှုန်း မြင့်မားလာခြင်း၊ ငွေ‌ကြေးဖောင်းပွမှုနှုန်း အဆမတန် ဖြစ်နေခြင်းတို့အပေါ် အပြစ်တင်ခဲ့သည်။
တူရကီသည် ကမ္ဘာ့နိုင်ငံအချင်းချင်း ပဋိပက္ခများ၌ ဖြေရှင်းချက်တိုင်း၏ တစိတ်တပိုင်း ဖြစ်စေရန် ကြိုးစားနေ ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကုလ ညီလာခံ (GETTY IMAGES)

အာဒိုဂန်၏ မိန့်ခွန်းထဲတွင် ကမ္ဘာ့ပြဿနာများကို ထိထိမိမိ ချပြသွားခဲ့ရာ အီရတ်တွင် တည်ငြိမ်ရေး လိုအပ်ချက်၊ လစ်ဗျားတွင် တရားမျှတသော ရွေးကောက်ပွဲနှင့် အာဖရိကဦးချိုဒေသ စားနပ်ရိက္ခာဖူလုံရေး၊ ပါလက်စတိုင်း နိုင်ငံတော်အတွက် လိုအပ်ချက်၊ မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မူရင်း-ရို)ကိစ္စနှင့် တရုတ်နိုင်ငံမှ ဝီဂါမွတ်ဆလင်ကိစ္စ၊ ကမ္ဘာ တဝန်း မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်များ စသည်တို့လည်း ပါဝင်ခဲ့သည်။

၎င်းမှတ်ချက်များတွင် ပဋိပက္ခ အများအပြား၌ တူရကီ၏ အခန်းကဏ္ဍကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မီးမောင်းထိုးပြခဲ့သည်။

ဆီးရီးယားမြောက်ပိုင်း၌ အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်သူပုန်များကို တိုက်ရိုက်ချေမှုန်းခြင်း၊ ယူကရိန်း၌ အဆင့်မြင့် သံတမန်ဆက်ဆံရေး၊ ထရီပိုလီ အခြေစိုက် အစိုးရကို ထောက်ခံသည့် လက်နက်ကိုင်တွင် လစ်ဗျားတပ်စွဲထားခြင်း၊ ဆိုက်ပရက်စ်နှင့်ဂရိတို့ ကာလအတန်ကြာ တင်းမာနေမှု၊ အဇာဘိုင်ဂျန်နှင့်အာမေးနီးယား ပဋိပက္ခတို့ကိုလည်း အာဒိုဂန်က သုံးသပ်ပြောကြားခဲ့သည်။

“လူသန်းပေါင်းများစွာကို ထိခိုက်စေတဲ့ အဲဒီကပ်ဘေးတွေအားလုံးအတွက် ကုလသမဂ္ဂက ပိုထိရောက်ရမယ်၊ ဩဇာပိုရှိရမယ်” ဟု အာဒိုဂန်က မှတ်ချက်ချခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန် (AP)

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို မည်သည့်နိုင်ငံမျှ ဥပေက္ခာမပြုရန် ပြင်သစ်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2262

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၁

ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ရှုတ်ချဖို့အတွက် မည်သည့်နိုင်ငံမျှ ဥပေက္ခာပြု၍ ကြားမနေကြရန် ကမ္ဘာ့နိုင်ငံ အသီးသီးအား ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်က စက်တင်ဘာ ၂၀ ရက်တွင် သတိပေးခဲ့ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

မော်စကို၏ ကျူးကျော်မှုသည် နယ်ချဲ့လက်သစ်ပုံစံ တစ်ခုဖြစ်ကြောင်း ၎င်းက အတိအလင်းကြေညာခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များ စုဝေးရာ ကုလသမဂ္ဂ (UN) အထွေထွေညီလာခံ၌ မက်ခရွန်က “၆ လကျော်ကြာ စစ်ပွဲကို အဆုံးသတ်စေရန် စေ့စပ်ညှိနှိုင်းမှုတိုင်း၌ ယူကရိန်း၏ အချုပ်အခြာအာဏာပို လေးစားပါက အကျပ်အတည်းမှ လွတ်မြောက်ပြီး ၎င်းနိုင်ငံ၏လုံခြုံရေးကို အကာအကွယ်ပြုနိုင်မှာ သေချာကြောင်း” အခိုင်အမာပြောကြားခဲ့သည်။

သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဘုရင်များနှင့် အခြားဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသော UN နှစ်ပတ် လည် ညီလာခံတွင် ယူကရိန်းစစ်ပွဲကို အခြေခံ၍ အစားအသောက် ဈေးတက်လာမှု၊ လောင်စာဆီ စရိတ်ကြီးလာမှု၊ ယူကရိန်း နျူကလီးယား ဓာတ်အားပေး စက်ရုံကိစ္စ၊ ရုရှားနှင့် အနောက်အုပ်စုတို့ တင်းမာမှုများ စသည့် အကြောင်း များမှာ ဦးစားပေး ဆွေးနွေးစရာ ဖြစ်နေခဲ့သည်။

ယူကရိန်းစစ်ပွဲအတွင်းက ထွက်ပြေးတိမ်းရှောင်နေရသူများ (AP)

သို့သော် ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံစလုံးကတော့ သီတင်းပတ်တစ်ပတ်ကြာ ကမ္ဘာ့ခေါင်းဆောင်များ တစ်လှည့်စီ မိန့်ခွန်း ပြောကြားသည့် စာရင်းထဲမှ ပေါ်ထွက်မလာသေးပေ။

“လူတိုင်းလုံခြုံရေးနဲ့ အချုပ်အခြာအာဏာနဲ့ အင်အားချိန်ခွင်လျှာဟာ မဟာမိတ်တွေရဲ့ ပေါင်းစည်း အင်အား အပေါ်မှာသာ မကဘဲ နိုင်ငံအသီးသီးရဲ့ လက်ကိုင်နက် အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေ အပေါ်မှာလည်း မူတည် နေပါတယ်” ဟု မက်ခရွန်က ၎င်း၏မိန့်ခွန်းထဲတွင် အဓိကအလေးပေး ပြောကြားခဲ့သည်။

“ယူကရိန်းကျူးကျော်ခံရလို့ ပိတ်ဆို့အရေးယူစရာ မလိုဘူးဆိုတဲ့ အကြောင်းပြချက်ကို ဒီနေရာမှာ ဘယ်သူက ကာကွယ်ပြောဆိုနိုင်မလဲ။ ခင်ဗျားတို့ရော ကိုယ့်ထက် ပိုအင်အားကြီး အိမ်နီးချင်းဆီက အလားတူ အဖြစ်အပျက် မျိုး ကြုံလာနိုင်တယ်ဆိုတာ ထည့်စဉ်းစားဖို့ပါ။ ဒါမျိုးလုပ်ရပ်ကို ကမ္ဘာကရော၊ ဒေသတွင်း နိုင်ငံတွေကပါ နှုတ်ဆိတ် နေရမှာလား” စသည်ဖြင့် မက်ခရွန်က မေးခွန်းထုတ်ခဲ့သည်။

အထွေထွေညီလာခံထဲ၌ မက်ခရွန် မိန့်ခွန်းပြောရမည့် အလှည့်မတိုင်မီ အာဖရိက ခေါင်းဆောင်များက ပြောကြား ရာတွင် “မိမိတို့တိုက်ကို စစ်အေးခေတ်သစ်၏ အသုံးချခံ နယ်မြေ မဖြစ်စေလိုကြောင်း၊ နိုင်ငံအသီးသီးအတွက် ဖိအားများရှိနေသဖြင့် ကမ္ဘာတဝန်း ပဋိပက္ခများ၌ ဘက်လိုက်မှုများ ရှိနေကြောင်း” ထုတ်ဖော် ပြောကြား ခဲ့ကြ သည်။

ယူကရိန်းစစ်ပွဲအတွင်း ပျက်စီးမှုများ (AFP)

ယခုအချိန်အထိ အာဖရိကနိုင်ငံများသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ ကြားနေကြသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။

ကိုလိုနီအုပ်ချုပ်ရေး အဆုံးသတ်ရန် အာဖရိကနိုင်ငံများ၏ ယခင်ကြိုးပမ်းချက်များ၌ တစ်ချိန်က ဆိုဗီယက် ပြည်ထောင်စု၏ ထောက်ခံမှုကို အားပြုခဲ့ကြရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းသို့ ရုရှားကျူးကျော်မှု စတင်ပြီးနောက် မကြာမီ UN အထွေထွေညီလာခံ ၌ မဲခွဲဆုံးဖြတ်ခဲ့ရာ UN အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄၀ ခန့်က ရုရှားကို ရှုတ်ချခဲ့ကြပြီး ယူကရိန်းကို အကာအကွယ်ပေး ရန် တောင်းဆိုခဲ့ကြသည်။

သို့သော် ယင်းဆုံးဖြတ် ချမှတ်ရန်အတွက် တရုတ်၊ အိန္ဒိယနှင့် တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တို့ကတော့ လက်ရှောင်နေခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဒွန်နက်စ်နှင့်လူ့ဟန်ပြည်နယ်အတွင်းက ရုရှားလိုလားသူများကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေ ၄ ခု၌ လူထုဆန္ဒခံယူပွဲ ကျင်းပမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1765

CNI International News

မော်စကို၊ စက်တင်ဘာ ၂၁

ယူကရိန်း အရှေ့ပိုင်းနှင့်တောင်ပိုင်းရှိ ရုရှားထိန်းချုပ်နယ်မြေ ၄ ခုမှ ခွဲထွက်ရေးသမားများက ၎င်းနယ်မြေများကို ရုရှားနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာစေရေး လူထုဆန္ဒခံယူပွဲများ ကျင်းပရန် စီစဉ်နေကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

ထိုခြေလှမ်းသည် မော်စကိုအတွက် ၇ လကြာစစ်ပွဲကို အရှိန်မြှင့် ပေးလိုက်ခြင်းဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

ဆန္ဒမဲများပေးမည့် အစီအစဉ်များကို စက်တင်ဘာ ၂၃ ရက်တွင် စတင်ရန်ရှိနေပြီး စက်တင်ဘာ ၂၇ ရက်အထိ ဆန္ဒခံယူပွဲ ကျင်းပသွားမည်ဟု ၎င်းခွဲထွက်ရေးအုပ်စုက ပြောကြားခဲ့ကြသည်။

အဆိုပါ အစီအစဉ်သည် စစ်မြေပြင်တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်ပြီးနောက် ရုရှား၏ နောက်ထပ် ခြေလှမ်းသစ်အဖြစ် ယူကရိန်းက ရှုတ်ချခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမီထရိုကူလီဘာ (Reuters) 


“အတုအယောင် ဆန္ဒခံယူပွဲသည် မည်သည့်အရာကိုမျှ ပြောင်းလဲစေမည်မဟုတ်ကြောင်း” ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) က တွစ်တာလူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။
“ရုရှားဟာ ယူကရိန်းနယ်မြေ အစိတ်အပိုင်းတွေကို မတရားသိမ်းပိုက်ဖို့ ရန်လိုသူအဖြစ် ဆက်ရှိနေပါတယ်။ ယူကရိန်း အနေနဲ့ ကိုယ့်နယ်မြေတွေကို လွတ်မြောက်စေခွင့် ရှိပါတယ်။ ရုရှား ပြောသမျှထဲက ဆက်ပြီးတော့ ရုန်းထွက်နေဦးမှာပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ယူကရိန်းနိုင်ငံထဲသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တပ်များမစေလွှတ်မီ လွတ်လပ် ရေး ရကြောင်း ၎င်းအသိအမှတ်ပြုခဲ့သည့် ဒွန်နက်စ်နှင့်လူဟန့်စ် သမ္မတနိုင်ငံနှစ်နိုင်ငံရှိခဲ့ရာ ထိုနိုင်ငံများ၌ မကြာမီ ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာလာခြင်းဖြစ်သည်။

အဆိုပါ နယ်မြေများသည် ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကြီးအတွင်း တည်ရှိနေကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Reuters)

ထို့ပြင် ရုရှား၏ ထိုးစစ်အစောပိုင်း၌ သိမ်းပိုက်ခြင်း ခံခဲ့ရသော ယူကရိန်း၏ ခါဆွန်ဒေသနှင့် ရုရှားတစိတ်တပိုင်း ထိန်းချုပ်ထားသည့် ဇာပိုရေဇီးယားဒေသတို့တွင် အလားတူ ဆန္ဒခံယူပွဲများ ဖြစ်မြောက်ရန် ရုရှားလိုလားသော ခွဲထွက်ရေး အုပ်စုများက စီစဉ်နေကြသည်။

သို့သော် ရုရှားသည် ဒွန်နက်စ်နယ်မြေတွင် ၆၀ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်သလို ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာသည့် နယ်မြေ ၄ ခုကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

“စစ်ဆင်ရေး အစကတည်းက အဲဒီနယ်မြေတွေက လူတွေဟာ သူတို့ရဲ့ကံကြမ္မာကို သူတို့ပဲ ဆုံးဖြတ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိအခြေအနေ တစ်ခုလုံးမှာလည်း သူတို့ကံကြမ္မာကို အတည်ပြုဖို့ ဖြစ်လာပါတယ်” ဟု လူထု ဆန္ဒခံယူပွဲ အခြေအနေနှင့်ပတ်သက်၍ မေးခွန်းကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ဖြေကြားခဲ့ သည်။

အဆိုပါ ဒေသများ ရုရှားလက်အောက်သို့ ပေါင်းစည်းခြင်းသည် ယူကရိန်းပဋိပက္ခကို သိသိသာသာ တိုးမြင့်လာစေ ဖို့ ကိုယ်စားပြုကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသမ္မတ၏ UN မိန့်ခွန်းကို အမေရိကန်နှင့်တရုတ် ကျေနပ်နိုင်

By CNI
CNI
Category: Watch TV
Hits: 681

Share
Tweet
Share
Share
powered by social2s

ယူကရိန်းကို ကူညီရန် ကြိုးပမ်းမှုအတွက် ဂုဏ်ယူမိဟု ထိုင်ဝမ်သမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

မောင်တောမြောက်ပိုင်းသို့ တိုက်ပွဲရှောင်သွားသည့် ဒေသခံများ ပိတ်မိနေ

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

ရှင်ကျန်းအရေး အစီရင်ခံစာထွက်လာ၍ UN ၌ ဖိအားနှင့် တရုတ်ရင်ဆိုင်နေရ

By CNI
CNI
Category: Watch TV
Hits: 773

Share
Tweet
Share
Share
powered by social2s

အာရက္ခအစိုးရဟု သုံးနှုန်းခြင်းမှာ စိတ်ဓါတ်ရေးရာ မြှင့်တင် ခြင်းလည်း ဖြစ်နိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ဗမာကို ပြည်နယ်ဖွဲ့ခိုင်းတာ လက်တွေ့မကျဘူး

By CNI
CNI
Category: Exclusive Interview
Hits: 1406

Share
Tweet
Share
Share
powered by social2s
ဗြိတိန်ဘုရင်မကြီး ဈာပန ဘိုင်ဒန် ၁၄ တန်းမြောက်ခုံမှာ ထိုင်ရစဉ်

ဗြိတိန်ဘုရင်မဈာပန၌ ပိုလန်သမ္မတ၏နောက် ၁၄ တန်းမြောက်တွင် ဘိုင်ဒန်ထိုင်ခဲ့ရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1317

CNI International News

လန်ဒန်၊ စက်တင်ဘာ ၂၀

ဂျိုးဘိုင်ဒန်သည် ကမ္ဘာပေါ်တွင် ဩဇာအာဏာ အရှိဆုံးပုဂ္ဂိုလ်အဖြစ် နေရာအတော်များများ၌ နိုင်ငံတကာ ခေါင်းဆောင်များ စုဝေးမိသည့်အခါတိုင်း ရှေ့ဆုံးနှင့် အလယ်ဗဟိုတွင် နေရာယူစမြဲ ဖြစ်သော်လည်း ဗြိတိန် ထီးသုံးနန်းသုံး တော်ဝင်ဓလေ့ထုံးစံနှင့် နှိုင်းယှဉ်လာသည့်အခါ အနောက်သို့ ရောက်သွားခဲ့ကြောင်း The Telegraph မီဒီယာက ရေးသားဖော်ပြသည်။

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ၏ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ ရက်၌ ဝက်စမင်စတာ အက်ဗေး ဘုရားကျောင်းမှာ ကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် သမ္မတကတော်တို့သည် ခန်းမ၏ တောင်ဘက် ခြမ်း၊ ၇ တန်းတွဲ ထိုင်ခုံ၏ အနောက်ဘက်တွင် အစီအစဉ် နေရာချထားပေးမှုအတိုင်း ထိုင်ခဲ့ကြရသည်။

မစ္စတာဘိုင်ဒန်၏ ရှေ့တန်းတွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒျူး ထိုင်ခွင့်ရသည်။ ကနေဒါသည် သာမန် အချိန်များတွင် အမေရိကန်၏ ချိုးနှိမ်ခြင်းကို မကြာခဏ ခံရလေ့ရှိသည့် အိမ်နီးချင်းဖြစ်သည်။

ထို့ပြင် ဈာပနအခမ်းအနား ထိုင်ခုံအစီအစဉ်အရ အသက် ၇၉ နှစ်အရွယ်ရှိ ဘိုင်ဒန်သည် ပိုလန်ခေါင်းဆောင် အန်ဒရေးဒူဒါ၏ အနောက်တည့်တည့်သို့ ရောက်သွားခဲ့ပြီး ချက်သမ္မတနိုင်ငံ၏ ဝန်ကြီးချုပ် ပက်သလစ် ဖီယာလာ က ဘိုင်ဒန်၏ အနောက်ဘက်တန်းတွင် ထိုင်နေခဲ့သည်။

ဗြိတိန်ဘုရင်မကြီး ရုပ်ကလာပ်ကို သယ်ဆောင်နေစဉ် 

အမေရိကန်သမ္မတ ဘိုင်ဒန်ကတော့ သူနှင့် ဘေးကပ်လျက် နေရာရသူ ဆွစ်ဇာလန်သမ္မတ အစ်နာဇီယိုကက်ဆစ် နှင့် စကားလက်ဆုံ ကျနေခဲ့သည်။

ဘုရားကျောင်းအတွင်း ခုံတန်းနှင့်နံရံအကြား မင်းလမ်းနှင့်အပြိုင် တစ်ဖက်တချက်တွင် ဘိုင်ဒန်နှင့် ယှဉ်လျက် ထိုင်နေသူ တစ်ဦးကတော့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ ဖြစ်သည်။ ထိုခုံတန်း၏ နှစ်တန်းမြောက်တွင် ပြင်သစ်သမ္မတ အီမန်နွယ်မက်ခရွန်ကို အစီအစဉ်အတိုင်း နေရာချထားပေးသည်။

ဈာပနသို့ တက်ရောက်လာသည့် ကနေဒါ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဘီစီ၏ Killing Eve အစီအစဉ် တင်ဆက်သူ မင်းသမီး စန္ဒရာအိုးလည်း ပါဝင်ခဲ့ပြီး ၎င်းသည် ပြီးခဲ့သည့် ဇွန်လ၌ အနုပညာ အောင်မြင်မှုများအတွက် Order of Canada အဆင့်အတန်း ပေးအပ်ခြင်းခံရသူဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ အနုပညာသည် တစ်ဦးဖြစ်သည့် အော်ပရာအဆိုတော် ဒိန်းကီရီတီကာနာဝါသည် နယူးဇီလန် နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ဘုရင်မကြီး၏ ဈာပနသို့ တက်ရောက်လာခဲ့ကြောင်း တွေ့ရသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အနောက်ဘက် ခုံတန်းတွင် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးသူ ၇ ဦးစလုံး စုံညီစွာ တက်ရောက်ခဲ့ကြပြီး သူ့ခုံနှင့်သူ ခန့်ညားစွာ ထိုင်ခဲ့ကြသည်။

ဈာပနအခမ်းအနားသို့ တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်များ

၎င်းတို့နှင့်အတူ ဘုရင်မကြီး အဲလိဇဘက် (၂) လက်ထက်တွင် ဝန်ကြီးချုပ် ၁၅ ဦး တိတိရှိခဲ့ရာ ပထမဆုံး ဝန်ကြီး ချုပ်မှာ ဝင်စတန်ချာချီဖြစ်ပြီး နောက်ဆုံး ဝန်ကြီးချုပ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေဆဲ လစ်ဇ်ထရက်စ်တို့ ဖြစ် သည်။

လစ်ဇ်ထရက်စ်သည် ဘုရင်မကြီး မကွယ်လွန်မီ ရက်ပိုင်းအလိုမှာပင် ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့သည်။

နိုင်ငံတော်အဆင့် ဈာပန အခမ်းအနားဖြစ်၍ ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များအကြား တခါတရံ အဖုအထစ် ဖြစ်လေ့ရှိသော သံခန်းတမန်ခင်းရေးရာ ပြဿနာများကို နော့ဖလော့မြို့စား အားလ်မာရှယ်က တာဝန်ယူ ကြီးကြပ်၍ စီစဉ်ပေးခဲ့သည်။

ဘုရင်မကြီး မကွယ်လွန်မှီ နောက်ဆုံး အသိအမှတ်ပြုပေးခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် လစ်ဇ်ထရက်စ်

ယခု ဈာပနအခမ်းအနား ထိုင်ခုံအစီအစဉ်ကို မည်ကဲ့သို့ ရေးဆွဲထားကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးသို့ The Telegraph မီဒီယာက ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်းခေါ်ဆိုမှု အားလုံးကို ဘာကင်ဟမ်နန်းတော်သို့သာ လွှဲပြောင်းပေးခဲ့သည်။

ဝက်စမင်စတာအက်ဗေးတွင် ကျင်းပသော အဆိုပါ အခမ်းအနားသို့ တက်ရောက်ကြသည့် နိုင်ငံတကာ ဧည့်သည် တော်များ ၂,၂၀၀ ရှိသည်။ ဖိတ်ကြားခံရသူ လေးပုံတစ်ပုံ (သို့မဟုတ်) လူ ၅၀၀ ခန့်မှာ နိုင်ငံအသီးသီးမှ ခေါင်းဆောင် အကြီးအကဲများ (သို့မဟုတ်) နိုင်ငံတကာ ဂုဏ်သရေရှိပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်သမ္မတ ဘိုင်ဒန်သည် လက်ရှိဗြိတိန်ဘုရင်သစ် ချားလ်စ်၏ ခပ်လှမ်းလှမ်းတွင် ထိုင်ခဲ့ရသည်။ ဘိုင်ဒန်၏ ခုံတန်းနှင့်အတူတူ အခြားတဖက်တွင် တရုတ် ဒုတိယသမ္မတ ဝမ်ကျူရှန် ထိုင်နေခဲ့ ကြောင်း The Telegraph က ရေးသားဖော်ပြထားသည်။

Source: The Telegraph

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှင်ကျန်းဒေသ လုံခြုံရေးစောင့်ကြည့် နေရာတစ်ခုကိုတွေ့ရစဉ်(AP)

ရှင်ကျန်းအရေး အစီရင်ခံစာထွက်လာ၍ UN ၌ ဖိအားနှင့် တရုတ်ရင်ဆိုင်နေရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1472

CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၀

တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ၌ ဖြစ်ပျက်နေမှုများကို ထပ်မံစိစစ်ရန် ဘေဂျင်းအစိုးရ ကြိုးစား နေသဖြင့် သံတမန်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက အဆိုပါဒေသရှိ ဝီဂါနှင့် အခြားမွတ်ဆလင် အများစု အပေါ် တရုတ်၏ပြုမူဆက်ဆံပုံများကို အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ (UN) တွင် အရှိန်မြှင့် ဖိအားပေးနေကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

လူသားမျိုးနွယ်အပေါ် တရုတ်ကျူးလွန်နိုင်ဖွယ်ရှိသည့် ရှင်ကျန်းဒေသ အစီရင်ခံစာ တစ်စောင်ကို ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက လက်ခံဖတ်ရှုပြီးနောက် နှစ်ပတ်အကြာ နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) အစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘာအရပ်ရပ်မှ ခေါင်းဆောင်များ အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိလာခဲ့သည်။

တရုတ်သည် ရှန်ကျန်းဒေသ၌ ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ်ရှိသည်ဟု UN လူ့အခွင့်အရေးကောင်စီက ပြောကြားခဲ့ ပြီးလည်း ဖြစ်သည်။

အတ္တလန္တိတ်ကောင်စီနှင့် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ကမကထပြု၍ ကျင်းပခဲ့သည့် ဖိုရမ်တွင် UN ၏ လူနည်းစုအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဖာနန်ဒီဗာရန်နက်စ် (Fernand de Varennes) က “ ဒီအရေးကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဆောင်နိုင်စရာ မရှိတော့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အရေးမယူဘဲ ခွင့်ပြုရင် ဘယ်လို သတင်းစကား(မတ်ဆေ့ချ်)မျိုး ဒီနေရာမှာ ဖြန့်နေလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။

ရှင်ကျန်းဒေသသို့ ရှီကျင့်ဖျင်ရောက်ရှိစဉ် (GETTY IMAGES)

UN ဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ် ဂျက်ဖရေးပရီစကော့ (Jeffrey Prescott) က UN အဝန်းအဝိုင်း ထဲ၌ တရုတ်ကို တုံ့ပြန်ရာတွင် အဖွဲ့အစည်းဆိုင်ရာ အသွင်သဏ္ဌာန် (the institution)၏ ဂုဏ်သိက္ခာ အရေးကြီး ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။

“ဒီလိုရက်စက်မှုတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အဖြေရှာရင် နောက်ဆုံးမှာ အဲဒီနိုင်ငံရဲ့စနစ်ရဲ့ ယုံကြည်စိတ် ချရမှု၊ ကျနော်တို့ နိုင်ငံတကာ လက်ခံတဲ့စနစ်ရဲ့ ယုံကြည်စိတ်ချရမှုဆီကို ရောက်သွားလိမ့်မယ်” ဟု ဂျက်ဖရေးက ပြောကြားခဲ့သည်။

“ခေတ်မီတဲ့ UN စနစ်ဖန်တီးရာမှာ အဓိကအရေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်၊ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်လည်းဖြစ်တဲ့ နိုင်ငံကနေ ဒီလိုအနေအထားတွေ့ရတာဟာ အင်မတန် စိတ်မကောင်းစရာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကုလ အထူးကိုယ်စားလှယ် ဖာနန်ဒီဗာရန်နက်စ် (GETTY IMAGES)

ရှန်ကျန်းဒေသရှိ ထိန်းသိမ်းရေးစခန်း ကွန်ရက်တစ်ခုတွင် လူပေါင်း ၁ သန်းကျော် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ၂၀၁၈ ခုနှစ်တွင် လူမျိုးရေးခွဲခြားမှု ပပျောက်ရေးဆိုင်ရာ UN ကော်မတီက စတင်ဖော်ထုတ်ခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဝီဂါမွတ်ဆလင်များအပေါ် အဓမ္မလုပ်အားပေး စေခိုင်းမှုမှ မိသားစု ခွဲထွက်နေထိုင်ရေး အထိ အလွဲသုံးစားပြုခဲ့ကြောင်း၊ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သရုပ်လက္ခဏာများကို ဖျက်ဆီးခဲ့ ကြကြောင်း ပညာရှင်များ၊ ပြည်ပရောက်သူများနှင့် မီဒီယာများက ဆက်လက်ဖော်ထုတ်၍ ဖွင့်ချခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို နယူးယောက်မြို့၌ နှစ်စဉ် ကျင်းပနေချိန်အတွင်း လူ့အခွင့်အရေးကောင်စီ၏ အစည်းအဝေးကိုလည်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်လျက်ရှိနေသည်။

မကြာသေးမီ နှစ်များအတွင်း တရုတ်အပေါ် ရန်လိုမှုများ ကြီးထွားလာနေခဲ့သည့် စက်မှုထိပ်သီး (G-7) အုပ်စုကဲ့သို့ အမေရိကန်ဦးဆောင်သည့် အစုအဖွဲ့များကို တန်ပြန် ဖိအားပေးသည့် အနေဖြင့် ဘေဂျင်းအစိုးရသည် ယခင် ကတည်းက ၎င်းနှင့်မိတ်ဖက်ဖြစ်ခဲ့သည့် နိုင်ငံများထံမှ အထောက်အကူပြုနိုင်ရန် မျှော်ကိုး၍ UN ကိစ္စအများအပြား တွင် ငွေကြေးအလုံးအရင်းသုံးလျက် ထောက်ပံ့ကူညီနေခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒရုန်းများလွှတ်၍ တရုတ်ခြိမ်းခြောက်မှုအသစ်များနှင့် ထိုင်ဝမ် ရင်ဆိုင်နေရ

By CNI
CNI
Category: Watch TV
Hits: 660

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံသားများအတွက် လစ်သူယေးနီးယား ကာလတိုဗီဇာပိတ်ပင်ထား

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s

တရုတ်ကျူးကျော်မည့်အရေးမှ ထိုင်ဝမ်ကို ကာကွယ်သွားမည်ဟု ဘိုင်ဒန်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 639

Share
Tweet
Share
Share
powered by social2s

UWSA နှင့် လက်တွဲပြီး အလုပ်လုပ်နိုင်ရန် ဆွေးနွေးခဲ့ဟု AA ဒုစစ်ဦးစီးချုပ် ပြော

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s

ULA/AA သည် အာရကန်နိုင်ငံ အစိုးရဖြစ်ဖို့ ကြိုးပမ်းနေဟု ဦးခိုင်သုခ ပြော

By CNI
CNI
Category: Watch TV
Hits: 1003

Share
Tweet
Share
Share
powered by social2s
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65

Page 61 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar