CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရခိုင်မှာရေလမ်းခရီး ကန့်သတ်ခြင်းများကြောင့် စားဝတ်နေရေး ခက်ခဲလာနိုင်

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ် နရိန္ဒရာမိုဒီ တို့သည် ဉဇဘက်ကစ္စတန်နိုင်ငံ စမတ်ခန်း တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြစဉ်(ဓါတ်ပုံ-ရိုက်တာ)

ယူကရိန်းစစ်ပွဲ အမြန် အဆုံးသတ်ချင်ကြောင်း မိုဒီကို ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2284

CNI International News

မော်စကို၊ စက်တင်ဘာ ၁၇

ယူကရိန်းစစ်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်စေချင်ပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာမိုဒီကို ပြောကြားခဲ့သည်ဟု ကရင်မလင်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းစစ်ရေး ပဋိပက္ခနှင့်ပတ်သက်၍ နယူးဒေလီအစိုးရ၏ စိုးရိမ်မှုများကို နားလည်ပါကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပသည့် ဒေသတွင်း လုံခြုံရေး မဟာမိတ်ထိပ်သီးအစည်းအဝေး၏ ပြင်ပ၌ သီးခြား တွေ့ဆုံရာတွင် မိုဒီက “ဒီနေ့ခေတ်ဟာ စစ်တိုက်ရမယ့်ခေတ် မဟုတ်ဘူးလို့ ကျနော် နားလည်တယ်။ ဒီအကြောင်း အဆွေတော်ကို ကျနော်ဖုန်းနဲ့လည်း ပြောဖူးပါတယ်။ ဒီမိုကရေစီအရေး၊ သံခင်းတမန်ခင်း၊ တွေ့ဆုံဆွေးနွေးရေး တွေနဲ့ ကမ္ဘာကြီးကို အတူတကွ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်” ဟု ပူတင်ကို ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် တင့်ကားအပိုင်းအစအပျက်တစ်ခုကို လမ်းပေါ်တွင် ပြန့်ကျဲနေသည်ကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

သို့ရာတွင် စေ့စပ်ညှိနှိုင်းရေးကမ်းလှမ်းချက်များကို ယူကရိန်းအစိုးရအနေဖြင့် ပယ်ချခဲ့ပြီး စစ်မြေပြင် အောင်မြင်ရေးလမ်းကြောင်း ချမှတ်ထားကြောင်း ပူတင်က ပြန်လည်ပြောကြားခဲ့သည်။

“ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး အဆွေတော်ရဲ့ရပ်တည်ချက်ကို ကျနော် နားလည်ပါတယ်။ အဆက်မပြတ် ပြသနေတဲ့ အဆွေတော်ရဲ့စိုးရိမ်မှုကိုလည်း ကျနော်သိပါတယ်” ဟု ဥဇဘက်ကစ္စတန်နိုင်ငံ၊ စမာခန်မြို့တွင် ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် သီးခြားတွေ့ဆုံစဉ် မိုဒီကို ပူတင်က ရှင်းပြခဲ့သည်။

“ဒါကို တတ်နိုင်သမျှ အမြန်ဆုံး ရပ်တန်ဖို့ အစစအရာရာ ကျနော်လုပ်သွားမှာပါ။ စိတ်မကောင်းစရာက ယူကရိန်းခေါင်းဆောင်ပိုင်းကနေ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ပယ်ချကြောင်း ကြေညာခဲ့ပါတယ်။ စစ်ရေးနည်းနဲ့ ရည်မှန်းချက် ပြည့်မြောက်စေချင်တယ်လို့လည်း သူတို့ပြောနေပါတယ်” ဟု ပူတင်က ဆက်လက်ရှင်းပြခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် မီးလောင်ပျက်ဆီးသွားသည့် ငါးထပ်တိုက်အဆောက်အဦးကို ကြည့်နေ သည့် အမျိုးသားတစ်ဦး(ဓါတ်ပုံ-အေအက်ဖ်ပီ)

နယူးဒေလီနှင့်မော်စကိုသည် စစ်အေးခေတ်ကာလတလျှောက် ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့ကြပြီး ရုရှားသည် ယနေ့အချိန်အထိ အိန္ဒိယထံ စစ်လက်နက်ပစ္စည်း ပံ့ပိုးရောင်းချပေးသူဖြစ်နေခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို အိမ်နီးချင်းယူကရိန်းနိုင်ငံအတွင်းသို့ လမ်းကြောင်းများစွာမှ စေလွှတ်တိုက်ခိုက်စေခဲ့ပြီးနောက် လက်ရှိတွင် ရုရှားသည် ယူကရိန်းနယ်မြေ ငါးပုံတစ်ပုံကို ထိန်းချုပ်ထားသည်။

အနောက်နိုင်ငံ၏ရန်စမှု တားဆီးရန်နှင့် ယူကရိန်းပိုင်နက်အတွင်း ရုရှားဘာသာစကားပြောဆိုသုံးစွဲသူများကို အကာအကွယ်ပေးရန် မိမိတို့စစ်ဆင်ရေးလိုအပ်ကြောင်း မော်စကိုအစိုးရက ထပ်တလဲလဲ ပြောကြားခဲ့သည်။

အဆိုပါပြောကြားချက်ကို ကိယက်ဗ်အစိုးရနှင့် ၎င်း၏အနောက်အုပ်စု မဟာမိတ်များက နယ်ချဲ့ပုံစံ ကျူးကျော် စစ်အတွက် အခြေအမြစ်မရှိသော အကြောင်းပြချက်အဖြစ် ပယ်ချခဲ့ပြီး ရုရှားအနေဖြင့် ခြွင်းချက်မရှိ ပြန်လည် ဆုတ်ခွာရန် တောင်းဆိုထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

မည်သည့်နိုင်ငံမျှ ထိုင်ဝမ်အရေး စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိဟု ရှီကျင့်ဖျင်ပြော

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s

အမုန်းတရားပြန့်စေသည့် လူမှုမီဒီယာများကို ကိုင်တွယ်ရန် လွှတ်တော်ကို ဘိုင်ဒန်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

ရုရှားဆုတ်ခွာခဲ့သော အီဇယွန်မြို့တွင် အလောင်းများ စုပြုံမြှုပ်နှံထားဟု ယူကရိန်းပြော

By CNI
CNI
Category: Watch TV
Hits: 759

Share
Tweet
Share
Share
powered by social2s

SNA ကို PDF က တိုက်ခိုက်နေမှု NUG ဖြေရှင်းပေးသင့်ဟု ဒေသခံများပြော

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

တရုတ်သမ္မတရှီကျင့်ဖျင် ဥဇဘက်ကစ္စတန်နိုင်ငံသို့ ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 1209

Share
Tweet
Share
Share
powered by social2s
ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုကိုတွေ့ရစဉ် (Reuters)

ယူကရိန်းတွင် ရှုံးနိမ့်မှု ကာကွယ်ရေးဝန်ကြီးကို ဆင့်ခေါ်ရန် ရုရှားလွှတ်တော်စဉ်းစားနေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1946

CNI International News

မော်စကို၊ စက်တင်ဘာ ၁၆

လွှတ်တော် အပြီးသတ် အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုကို ဆင့်ခေါ်မေးမြန်းရန် ရုရှား အောက်လွှတ်တော်က စဉ်းစားနေကြောင်း ထိပ်တန်းလွှတ်တော်အမတ် တစ်ဦးဖြစ်သူ ဆာဂျေမိုင်ရိုနော့ဗ်က ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်ထုတ် ကွမ်မာဆင့် (Kommersant) သတင်းစာကို ကိုးကားလျက် ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

သို့ရာတွင် ကာကွယ်ရေးဝန်ကြီးကို အွန်လိုင်းမှတစ်ဆင့် နိုင်ငံတော် ဒူးမားလွှတ်တော်သို့ ဆင့်ခေါ်နိုင်ခြင်း ရှိ/မရှိ မသိရသေးပေ။

ယူကရိန်းနိုင်ငံ၊ ခါကိဗ်ဒေသရှိ အစိတ်အပိုင်းများကို ယူကရိန်းတပ်က အလျင်အမြန် ပြန်လည် သိမ်းပိုက်နိုင်ခဲ့၍ ရုရှားဘက်မှ လက်လွှတ် ဆုံးရှုံးခဲ့ရခြင်းအပေါ် ယခုသီတင်းပတ်အတွင်း ရုရှားစစ်တပ်အား စစ်ရေး လေ့လာသုံးသပ် သူများက အတိအလင်း ဝေဖန်ထောက်ပြခဲ့ကြသည်။

ယူကရိန်းစစ်မြေပြင်မှာတွေ့ရသော ရုရှားစစ်သားများ(Reuters)

လွှတ်တော်အမတ် ဆာဂျေမိုင်ရိုနော့ဗ်သည် ယူကရိန်းသို့ ရုရှားကျူးကျော်မှုနှင့် ကရင်မလင် သမ္မတနန်းတော်ကို အခိုင်အမာထောက်ခံနေသည့် Just Russia ပါတီ၏ ခေါင်းဆောင်ဖြစ်သည်။

ထိုသို့ စစ်ရေးရှုံးနိမ့်ခြင်းနှင့်ပတ်သက်၍ လွှတ်တော်၏ လုပ်ငန်းစဉ်များကို စီမံခန့်ခွဲသော နိုင်ငံတော်ဒူးမား လွှတ်တော်ကောင်စီတွင် စက်တင်ဘာ ၁၉ ရက်၌ ဆွေးနွေးသွားမည်ဟု ဆာဂျေမိုင်ရိုနော့ဗ်၏ ပြောကြားချက်ကို ကွမ်မာဆင့် သတင်းစာက ဆက်လက် ရေးသားသည်။

မိမိပါတီသည် ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂုနှင့် ဆွေးနွေးရေး လွှတ်တော်ထဲတွင် အဆိုပြုခဲ့ကြောင်း မိုင်ရိုနော့ဗ်က စက်တင်ဘာ ၁၄ ရက်၌ တွစ်တာပေါ်သို့ ရေးသားလွှင့်တင်ခဲ့သည်။

ရုရှားဒူးမားလွှတ်တော်(GETTY IMAGES)

“လွှတ်တော် ကိုယ်စားလှယ်တွေက သူနဲ့ တံခါးပိတ် စကားပြောပြီးတော့ ကျနော်တို့ အမတ်တွေနဲ့ ကျနော်တို့ နိုင်ငံ သားတွေ စိတ်ဝင်စားကြတဲ့ မေးခွန်းအားလုံး မေးနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ထိုကဲ့သို့ ခါကိဗ်ဒေသတွင် ရုရှား၏ ရှုံးနိမ့်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သော ကျူးကျော်စစ် ပထမပိုင်းအတွင်း ယူကရိန်းမြို့တော် ကိယက်ဗ်မှ ဆုတ်ခွာရပြီးနောက်ပိုင်း နောက်ထပ် အကြီးမားဆုံး ရှုံးနိမ့်မှု ဖြစ်သည်။

အနောက်နိုင်ငံများ၏ ရန်စမှုများကို တားဆီးဟန့်တားရန်နှင့် ယူကရိန်းပိုင်နက်အတွင်း ရုရှားဘာသာစကား ပြောဆို သုံးစွဲသူများအတွက် အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေး လိုအပ်သဖြင့် ဝင်ရောက် တိုက်ခိုက် ရခြင်း ဖြစ်ကြောင်း မော်စကိုက စစ်စတင်ချိန်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်များသည် နယ်ချဲ့ပုံစံ ကျူးကျော်စစ်အတွက် အခြေအမြစ်မရှိသော အကြောင်းပြချက်များ အဖြစ် ကိယက်ဗ်အစိုးရနှင့် ၎င်း၏အနောက်အုပ်စု မဟာမိတ်နိုင်ငံများက ပယ်ချခဲ့ကြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
SNA၊ KIA၊ NUG နဲ့ ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

SNA ကို PDF က တိုက်ခိုက်နေမှု NUG ဖြေရှင်းပေးသင့်ဟု ဒေသခံများပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2593

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဗန်းမောက်မြို့နယ်ထဲတွင် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ် ၂၃ ရက်ကလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်မှ ဒေသခံ စိုင်းခမ်းက “SNA ဆိုတာကလည်း မူဘောင်တစ်ခုရှိတယ်ဗျ၊ ဘာကိုသွားနေလဲဆို တော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်၊ KIA ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေ တယ်၊ PDF ဆိုတာကလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားနေတယ်လို့ နားလည်ထားတယ်ဗျ၊ PDF ကလေးလေးတွေ က တော်လှန်ရေးအဖွဲ့ အချင်းချင်းကို ဘာကြောင့် လာတိုက်နေသလဲ၊ ဒီလိုလုပ်တာက NUG ရဲ့ လမ်းညွန်ချက် မဟုတ်ဘူးဆိုရင်တော့ ဒီပူးပေါင်းတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်က အရမ်းမှားယွင်းနေတယ်၊ ဒီလုပ်ရပ် ဖြစ်စဉ် အပေါ် မှာလည်း NUG ကနေ တာဝန်ခံသင့်တယ်” ဟု ပြောသည်။

ဗန်းမောက်မြို့အ၀င်ကိုတွေ့ရစဉ်

ဗန်းမောက်မြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့ကြား ဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခ ကြောင့် မိမိတို့ ဒေသခံများ လယ်ယာလုပ်ငန်းများ လုပ်ကိုင်၍ မရဘဲ ဖြစ်နေသလို KIA-PDF ပူးပေါင်းတပ်ဖွဲ့၏ ဖမ်းဆီးခြင်းနှင့် လူသစ်စု ဆောင်းခြင်းများလည်း ခံနေရကြောင်း၊ စားဝတ်နေရေးလည်း အခက်အခဲ ရှိလာကြောင်း၊ ထို့ကြောင့် NUG က ကြားဝင်ဖြေရှင်းပေးသင့်ကြောင်း ဒေသခံများက ပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းကို သွားနေသည့် အဖွဲ့အစည်း အချင်းချင်းကြား တိုက်ခိုက်စရာ မရှိကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရလို့ရှိရင်‌တော့ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်ဆောက်ရေး လမ်းကြောင်းပေါ်ကို သွားနေကြတဲ့ သူအချင်းချင်း၊ သွားနေကြတဲ့ အဖွဲ့အချင်းချင်း လာရောက် တိုက်ခိုက်တယ်ဆိုတာက ပြောရလို့ရှိရင် ကြားထဲက အမှောင်ပယောဂ မကင်းဘူးလို့ပဲ ပြောရမှာပေါ့။ အမှောင်ပယောဂ ရှိနေလို့သာ အခုလို လာတိုက်ခိုက်တာလို့ ပြောလို့ရတာပေါ့။ ပြောရလို့ရှိရင် PDF တွေက ကျနော်တို့ကို လာတိုက်ခိုက်စရာ မရှိဘူး။ အဓိက KIA ကနေပြီးမှ ကြိုးကိုင်ခြယ်လှယ်နေလို့ ဒီကိစ္စတွေ သူတို့ လိုက်လုပ်နေတာ ဖြစ်တယ်၊ အဓိက KIA ပါပဲ။ KIA တပ်မှူးတွေက PDF တွေကို ဦးဆောင်နေတဲ့ အခါကြတော့ သူတို့ အမိန့်တွေ ညွှန်ကြားတိုင်း လုပ်ရတာဆိုလို့ရှိရင် PDF တွေလည်း လိုက်လုပ်ရမှာပဲ။ အဲဒီတော့ NUG ဖက်ကတော့ ကျ‌နော်တို့ကို ဘာတစ်ခုမှ ပြန်ပြောလာတာတော့ မရှိသေးပါဘူး။ ကျနော်တို့ အနေနဲ့လည်း ပြန်ပြီး‌တော့မှ အဆက်အသွယ်လုပ် ပြောဆိုဆွေးနွေးတာလည်း မရှိသေးပါဘူး” ဟု ပြော သည်။

SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲနှင့် ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများသည် နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲဝိုင်းမှာ အဖြေရှာရမည်ဖြစ်ကြောင်း ကချင်နိုင်ငံ‌ရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

PDF တပ်ဖွဲ့နှင့် NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ ဘယ်ဟာကို မှားတယ်၊ မမှားဘူးဆိုတာကို ကျနော် ပြောစရာတော့ မရှိပါဘူး။ ကျနော် နိုင်ငံရေးသမား တစ်ယောက်နေနဲ့ကတော့ အဓိကတော့ ကျနော်တို့ လက်နက်ကိုင်ပြီးမှ သွားတယ်ဆိုရင် အကုန် လုံး လက်နက်ကိုင် ကြတယ်ဆိုရင်တော့ ဒီဟာတွေကိုင်တဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့်လည်း တင်းမာ မှု၊ မတင်းမာမှု ဆိုတာကတော့ ကာယကံရှင်တွေရဲ့ အခြေအနေပေါ်မှာပဲ မူတည်တယ်၊ ကျနော်ကတော့ ကျနော် ပြောလိုတာကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှပဲ အမြန်ဆုံး တည်ဆောက်ဖို့လိုတယ်၊ တည်ဆောက်မှပဲ ကျနော်တို့ နိုင်ငံဟာ ငြိမ်းချမ်းတဲ့ သာယာတဲ့ နိုင်ငံတစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါမှ မဟုတ်ဘူးဆိုရင် ကျ‌နော်တို့ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော်ပါပြီ၊ အခုထိ အဖြေက မရသေးဘူး။ ဒါကြောင့်လည်း နောက်ဆုံး မှာ အခုကတော့ နိုင်ငံရေးထက် လက်နက်ကိုင် လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ အပိုင်းတွေပဲ သက်ရောက်လာပါတယ်၊ ဒါပေမဲ့ ဘယ်သူပဲ လက်နက်ကိုင်ပြီးမှ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ နိုင်ငံရေးအရ စားပွဲ ပေါ်မှာ ဆွေးနွေးပြီးမှ အဖြေရှာ၊ ရှာသွားကြတာပဲ တွေ့မြင်နေရပါတယ်၊ ဒါကတော့ နိုင်ငံရေးအရ အဖြေရှာဖို့ တစ်နေ့ကြရင်‌တော့ ဒီနိုင်ငံရေးစားပွဲပေါ်ကိုပဲ အဖြေရှာပြီးတော့ ဆုံးဖြတ်ကြပါလိမ့်မယ်” ဟု ပြောသည်။

SNA ၊ KIA ၊ PDF တို့ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA- PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

KIA သည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ် သလို PDF ကတော့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကနေ အာဏာရှင်စနစ် တွန်းလှန်ရေး ကြိုးပမ်းနေသော လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(ဓါတ်ပုံ-The New York Times)

အမုန်းတရားပြန့်စေသည့် လူမှုမီဒီယာများကို ကိုင်တွယ်ရန် လွှတ်တော်ကို ဘိုင်ဒန်တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1315

CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၁၆

လူမျိုးရေးခွဲခြားမှုနှင့် အစွန်းရောက်ဝါဒကို ဆန့်ကျင်ပြောဆိုကြရန် အမေရိကန်ပြည်သူများကို သမ္မတ ဂျိုးဘိုင်ဒန် က စက်တင်ဘာ ၁၅ ရက် အိမ်ဖြူတော်တွင် ကျင်းပသည့်ထိပ်သီးဆွေးနွေးပွဲအတွင်း တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အမုန်းတရားပြန့်ပွားမှုအတွက် လူမှုကွန်ရက်မီဒီယာများကို တာဝန်ယူကိုင်တွယ်ကြရန် ကွန်ဂရက်(လွှတ်တော်)သို့ မိမိတောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“လူဖြူကြီးစိုးရေးဝါဒီတွေရဲ့စကားသံတွေ တိတ်သွားစေရမယ်” ဟု ဘိုင်ဒန်က United We Stand ခေါင်းစဉ်ဖြင့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် ပါတီနှစ်ခုမှ ခေါင်းဆောင် များ၊ ကျွမ်းကျင်ပညာရှင်များ၊ အခြေအနေဆိုးတစ်ရပ်မှ အသက်ကျန်ရစ်သူများရှေ့မှောက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း လူနည်းစုများအပေါ် နိုင်ငံရေးနှင့်မီဒီယာများက မီးလောင်ရာလေပင့်ခဲ့ကြသဖြင့် အမေရိကန်နိုင်ငံသည် အမုန်းတရားများ၏ဒဏ်ရာကို ကာလအတန်ကြာအောင် ခံစားခဲ့ရကြောင်း ဘိုင်ဒန်က ဆက်လက်ပြောကြားခဲ့သည်။

“ကျနော်တို့ ဆက်ပြီးတော့ ဒါကို ကျယ်ကျယ်လောင်လောင် ပြောနေဖို့ သိပ်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ဘယ်လိုလူစားတွေဆိုတာ ပြည်သူတွေသိဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ အော်လန်ဒိုမြို့ရှိ လိင်တူချစ်သူညကလပ်တစ်ခုဖြစ်စဉ်နှင့် ယခုနှစ် နယူးယောက်ပြည်နယ်၊ ဘက်ဖဲလိုးမြို့ရှိ စူပါမားကက်ဖြစ်စဉ်တို့တွင် အမုန်းတရားများ အခြေခံ၍ အများအပြား တိုက်ခိုက်ခြင်းခံခဲ့ရသည့် လူ့အသိုင်းအဝိုင်းတစ်ရပ်ကိုလည်း ဘိုင်ဒန်က အသိအမှတ်ပြုခဲ့သည်။ စူပါမားကက်ဖြစ်စဉ်၌ လူမည်း ၁၀ ဦးကို လူမျိုးရေးခွဲခြားမှုဦးတည်၍ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။

လူမည်းအမျိုးသား ဂျော့ရှ်ဖလိုက် သေဆုံးခဲ့သည့် နေရာအနီး၌ ၎င်း၏ ပုံတူနှင့်အတူ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ထားစဉ်(ဓါတ်ပုံ- Associated Press)

အမေရိကန်နိုင်ငံတွင် အမုန်းတရားအခြေခံသည့် ရာဇဝတ်မှုများ ၂၀၂၀ ပြည့်နှစ်အထိ ၁၂ နှစ်ကြာ တိုးပွားလာခဲ့ရာ အဆိုပါတိုးပွားလာမှုနှုန်းသည် နောက်ဆုံးရရှိထားသော အချက်အလက်များပေါ်တွင် မူတည်၍တွက်ချက်ထားကြောင်း ရာဇဝတ်မှုနှိမ်နင်းရေး FBI က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

ယခုဆွေးနွေးပွဲ၌ ဘိုင်ဒန်ကို ဗာဂျီးနီးယားပြည်နယ်၊ ချားလော့စ်ဗီလီမြို့တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ လူဖြူအမျိုးသားရေးဝါဒီများ စုဝေးပွဲအတွင်း အသတ်ခံခဲ့ရသည့် ဟီသာဟေယာ (Heather Heyer) ၏မိခင် ဆူဇန်ဘရို (Susan Bro) နှင့် မိတ်ဆက်ပေးခဲ့သည်။

“အဲဒီတုန်းက အသတ်ခံရမှုဟာ ကမ္ဘာတခုလုံး ပဲ့တင်ထပ်ခဲ့ပေမယ့် အမုန်းတရားကတော့ အဲဒီနေရာမှ မရပ်တန့်ခဲ့ပါဘူး” ဟု ဆူဇန်ဘရိုက ပြောကြားခဲ့သည်။

“အမုန်းတရားပြန့်ပွားမှုအတွက် လူမှုကွန်ရက်မီဒီယာကုမ္ပဏီများကို ကွန်ဂရက်(လွှတ်တော်)က တာဝန်ယူ စေလိုကြောင်း” ဘိုင်ဒန်က ပြောကြားခဲ့သည့်အခါ ဆွေးနွေးပွဲတက်ရောက်လာသူများက အားပေးကြိုဆို၍ ဩဘာပေးခဲ့ကြသည်။

“လူမှုမီဒီယာကုမ္ပဏီတွေကို အထူးအကာအကွယ်ပေးတာကို ဖယ်ရှားပြီးတော့ သူတို့အားလုံးအတွက် ပိုပြီး ခိုင်မာတဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ လိုအပ်ချက်တွေကို ချမှတ်ပေးဖို့ ကွန်ဂရက်ကို တောင်းဆိုလိုက်ပါတယ်” ဟု ဘိုင်ဒန်က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အလောင်းများ မြှုပ်နှံထားသည့်နေရာမှာ ယူကရိန်းစစ်သားကိုတွေ့ရစဉ် (AP)

ရုရှားဆုတ်ခွာခဲ့သော အီဇယွန်မြို့တွင် အလောင်းများ စုပြုံမြှုပ်နှံထားဟု ယူကရိန်းပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1488

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၆

ရုရှားတပ်များ ဆုတ်ခွာပြီးနောက် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ယူကရိန်းအရှေ့မြောက်ပိုင်းရှိ အီဇယွန်မြို့ ၌ အလောင်း ၄၄၀ ကို စုပြုံမြှုပ်နှံထားသော သင်္ချိုင်းတစ်ခုကို ယူကရိန်းအာဏာပိုင်များက တွေ့ရှိရကြောင်း ရိုက်တာ သတင်းအရ သိရသည်။

စစ်ဖြစ်ပွားနေစဉ် ပစ်ခတ်မှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ ဖြစ်ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ရုရှားလက်လွှတ်သွားခဲ့ရတဲ့ အီဇယွန်မှာ အလောင်းတွေ စုပြုံမြှုပ်ထားတဲ့ သင်္ချိုင်းတွေ ကျနော်တို့ တွေ့ရပါတယ်” ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီး၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ခါကိဗ်ဒေသဆိုင်ရာ ယူကရိန်းရဲအရာရှိချုပ် ဆာဟေးဘော်ဘီနော့ဗ်က Sky News မီဒီယာသို့ ပြောကြားရာတွင် “အမြောက်များ ပစ်ခတ်မှုကြောင့် လူတချို့ သေဆုံးခဲ့ရကြောင်း၊ တချို့သေဆုံးမှုများမှာ လေကြောင်း တိုက်ခိုက်ခံ ရ၍ ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းဘက်မှ ထုတ်ပြန်သည့် သတင်းများကို ရိုက်တာက ချက်ချင်း အတည်မပြုနိုင်သေးသလို ရုရှားထံမှလည်း လတ်တလော သဘောထား မှတ်ချက်ပေးခြင်း မရှိသေးပေ။

စက်တင်ဘာ ၁၄ ရက်တွင် အီဇယွန်မြို့သို့ လာရောက်ကြည့်ရှုခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီးက ယခုတွေ့ရှိချက်ကို စစ်ပွဲအစောပိုင်း ကာလများ၌ ကိယက်ဗ်မြို့တော် အပြင်ဘက် ဘူချာမြို့ရှိ အရပ်သားများ အပေါ် ရုရှားတပ်များ၏ စစ်ရာဇဝတ်မှု ကျူးလွန်ပုံများနှင့် နှိုင်းယှဉ်ပြခဲ့သည်။

ယူကရိန်းစစ်သားများကိုတွေ့ရစဉ် (Reuters)

“ရုရှားက နေရာတိုင်းမှာ သတ်ဖြတ်ခဲ့တာတွေ ချန်ထားရစ်ခဲ့တဲ့အတွက် တာဝန်ယူရလိမ့်မယ်” ဟု ဇာလန်းစကီးက စက်တင်ဘာ ၁၅ ရက်နှောင်းပိုင်း ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရုရှားဘက်ကတော့ အရပ်သားများကို ပစ်မှတ်ထားခြင်း (သို့မဟုတ်) စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

အရှေ့မြောက် စစ်မျက်နှာတွင် ရက်သတ္တတစ်ပတ်ကြာ ယူကရိန်းတို့က အရှိန်အဟုန်ဖြင့် စစ်ရေးတိုးမြှင့်လာခဲ့ရာ ယင်းအရှိန်အဟုန်ကို ရုရှားတပ်ဖွဲ့များ တားဆီးနိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

ယခုလအတွင်း ၎င်းတပ်ဖွဲ့များ ကြုံတွေ့ရသော ဖရိုဖရဲ ဆုတ်ခွာရမှုများနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အများသိအောင် သဘောထား မှတ်ချက်မပေးသေးပေ။

ယခုအခါ ဆိုက်ပရပ်စ်ကျွန်း အရွယ်အစားခန့်ရှိသည့် ယူကရိန်းနယ်မြေဟောင်း စတုရန်းကီလိုမီတာ ၉,၀၀၀ (၃,၄၀၀၀ စတုရန်းမိုင်) ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသွားသူများ (Mobye Rescue Team)

မိုးဗြဲမှာ လက်နက်ကြီးကျည် မှန်၍ ကလေးငယ် ၂ ဦးနှင့် အမျိုးသား ၂ ဦးသေဆုံး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1636

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်စပ် မိုးဗြဲမြို့ရှိ မွေတော်ဘုရားကျောင်းတွင် တိုက်ပွဲရှောက်နေသူများ၏ နေရာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေးငယ်(မောင်နှမ)၂ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံး သွားကြောင်း စက်တင်ဘာ ၁၆ ရက်တွင် Mobye Rescue Team က ထုတ်ပြန်ထားသည်။

Mobye Rescue Team က “မိုးဗြဲပြည်သူများ အနေဖြင့် လူစုလူဝေးများ ရှောင်ရှားပေးပါရန်နှင့် လုံခြုံသောနေရာတွင် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်”ဟု ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာ့တပ်မတော်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် မိုးဗြဲမွေတော်ဘုရားကျောင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၃ ဦး ထိမှတ်ခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်(မောင်နှမ) ၂ ဦးနှင့် အသက် ၅၀ ကျော် အမျိုးသား ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Mobye Rescue Team က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်က လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားသူ ၄ ဦးရုပ်အလောင်းကိုတွေ့ရစဉ် (Mobye Rescue Team)

မိုးဗြဲမြို့အတွင်းမှာ စက်တင်ဘာ ၈ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင် နီတပ်မတော်(KA)၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF ၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ပူးပေါင်းအဖွဲ့တို့ကြား စက်တင်ဘာ ၁၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး အချိန်မရွေး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမည့်အခြေအနေအတွက် စစ် ရေး ပြင်ဆင်မှုများ လုပ်နေကြသည်။

စက်တင်ဘာ ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မိုးဗြဲတိုက်ပွဲရှောင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသမ္မတ ယာဉ်မတော်တဆမှုဖြစ်သော်လည်း အန္တရာယ်မရှိ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ရုရှား-အိန္ဒိယ စစ်ရေးနည်းပညာပူးပေါင်းမှု တိုးတက်လာနေဟု ရုရှားသံအမတ်ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ပအိုဝ်းဒေသကို စစ်တလင်း မဖြစ်ချင်ဟု PNO ပြော

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

ဟေတီ၌ လောင်စာဆီဈေးတက်၍ လူထုဒေါသကြောင့် ဆန္ဒပြပွဲ ပိုများလာ

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67

Page 63 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar