CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

AA က စစ်နိုင်အောင် တိုက်ပြပြီး လိုချင်တာ ရအောင်ယူရမယ်လို့ မြင်တာ

By CNI
CNI
Category: Exclusive Interview
Hits: 1554

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

မြန်မာမှာ နိုင်ငံခြားတပ်များကို အခြေစိုက်ခွင့်မပြုဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1795

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားတပ်ဖွဲ့များကို အခြေစိုက်ခွင့်မပြုကြောင်း ပြဋ္ဌာန်း ထားသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်၍မရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်မှ ၈ ရက်နေ့အထိ သွားရောက်ခဲ့စဉ်အတွင်း ရုရှားနိုင်ငံမှ RIA သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့များ တပ်စွဲနေရာချထားရေးပေါ့လေ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ အခြေခံ ဥပဒေမှာ ခွင့်ပြုထားတာမရှိဘူး။ အခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်လို့တော့ မရဘူး။ အခြေခံဥပဒေ ဘောင် အတွင်းမှာပဲ အကောင်းဆုံးကို ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ စခန်းချဖို့ တော့ ကျနော်တို့ မပေးထားပါဘူး။ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေ၊ အခွင့်အလှမ်းတွေများသာရှိတယ် ဆိုတာလေးတော့ ကျနော်တွေ့ပါတယ်”ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RIA သတင်းဌာန အင်တာဗျူး လုပ်ကြစဉ်

ထို့နောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆယ်စုနှစ် နှစ်စု ကျော် လက်တွဲခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံနဲ့ကတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုက ဆယ်စုနှစ် နှစ်စုကျော် လောက်တော့ ဖြစ်သွားပြီး။ တော်တော်လေးလည်း အရှိန်အဟုန်လည်း ကျနော်တို့ ရပါတယ်။ တော်တော် လေးလည်း မြင့်မားပါတယ်။ ရုရှားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးအဆောင် ပစ္စည်းတွေက တကယ်ကို အဆင့် အတန်းလည်း မြင့်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက်လည်း များစွာ အထောက်အကူရပါတယ်။ ကျနော် တို့လည်း အင်မတန် နှစ်ခြိုက်ပါတယ်။ ဆက်လက်ပြီးလည်း တိုးချဲ့ ဆောင် ရွက်သွားဖို့ စီစဉ်နေဆဲ ရှိကြောင်း ပြောလိုပါတယ်”ဟု ပြောသည်။

 

 ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံခြားတပ်ဖွဲ့များ အခြေစိုက်ခွင့်မပြုကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့်အတွက် နစကဥက္ကဋ္ဌ ပြောသွားသည်မှာ မှန်ကန်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြော သည်။

ဦးရဲထွန်း “သူကလည်း ရုရှားခေါင်းဆောင်ကို နည်းနည်း မြှောက်ပြောထားတာ ရှိတာကိုး။ ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်။ ကမ္ဘာ့တည်ငြိမ်ရေးအတွက် စောင့်ကြည့်ထိန်းကြောင်းနေတဲ့လူဖြစ်တယ် ဘာညာဆိုပြီးတော့ အဲလိုမျိုးတွေ ချီးမြှောက်ထားတော့ ဟိုဘက်ကလည်း မေးလို့နေမှာပေါ့။ ရုရှားရေတပ်စခန်းတွေ ဘာတွေ တောင်းဆိုရင် ဖွင့်ခွင့်ပြုမှာလားဆိုတာတွေ မေးလို့နေမှာပေါ့။အခုကတော့ သူဖြေလိုက်တဲ့ဟာက မှန်ပါတယ်။ သူကအခြေစိုက်ခွင့် ပြုမယ်လို့ ဖြေလိုက်ရင်တော့ ပြဿနာတက်မှာ ကျနော်တို့ အခြေခံဥပဒေမှာ နိုင်ငံခြား တပ်တွေ အခြေစိုက်ခွင့်မပြုဆိုတာ ပါပြီးသားလေ”ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂ (ခ)တွင် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မ ပြုဟု ပြဋ္ဌာန်းထားသည်။

နိုင်ငံကြီးတချို့သည် မြန်မာနိုင်ငံအတွင်းရှိ ကိုကိုးကျွန်းတွင် ရေတပ်စခန်း အခြေစိုက်ခွင့် ရရှိရေး ကြိုးပမ်းမှု များရှိကြောင်း ကမ္ဘာ့အရေးစောင့်ကြည့်သူများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်နှင့်ပါကစ္စတန်ခြိမ်းခြောက်မှုကြောင့် ပြည်တွင်းကာကွယ်ရေးစနစ်မြှင့်တင်ရန် မိုဒီညွှန်ကြား

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

အနောက်အုပ်စုဈေးနှုန်းကန့်သတ်လျှင် ရုရှားစွမ်းအင်တင်ပို့မှုရပ်မည်ဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

F-35 တိုက်လေယာဉ် အစိတ်အပိုင်းတချို့ တရုတ်မှာတွေ့ရ၍ ရောင်းချမှု ပင်တဂွန်ဆိုင်းငံ့

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

တစ်နှစ်အတွင်း အဆုံးသတ်တိုက်ပွဲ ရောက်လာမည်ဟု NUG ယာယီသမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 682

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီးလီးဇလူဇညယ်ကို တွေ့ရစဉ် (Reuters)

ရုရှားတို့ နျူကလီးယားသုံးဖို့ ခြိမ်းခြောက်နေဟု ယူကရိန်းစစ်ဦးစီးချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1109

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၈

ယူကရိန်းစစ်မျက်နှာတွင် ရုရှားတို့ နျူကလီးယား အသုံးပြုဖို့ ခြိမ်းခြောက်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က စက်တင်ဘာ ၇ ရက်တွင် သတိပေးခဲ့သည်ဟု ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ သတိပေးမှုသည် ၎င်း၏ရှားရှားပါးပါး အများသိစေသည့် သဘောထား မှတ်ချက်လည်း ဖြစ်သည်။

ရုရှား၏ ခြိမ်းခြောက်မှုသည် အင်အားကြီးနိုင်ငံများ အကန့်အသတ်ဖြင့် နျူကလီးယားပဋိပက္ခ ဖန်တီးနိုင်ဖွယ် ရှိနေကြောင်း ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီးလီးဇလူဇညယ်က ပြောကြားခဲ့သည်ဟု လွှတ်တော် အမတ် တစ်ဦးဖြစ်သူ မီခေလိုဇာဘရိုစကီး၏ ဆောင်းပါးထဲတွင် ထည့်သွင်း ရေးသားထားသည်။

အဆိုပါ ဆောင်းပါးကို ယူကရိန်းပိုင် သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် Ukrinform က ဖော်ပြခဲ့သည်။

ရုရှား၏ နျူကလီးယား ထိပ်ဖူးကို သယ်ဆောင်လာစဉ် (EPA)

ထိုဆောင်းပါးထဲတွင် ယူကရိန်းစစ်ဦးစီးချုပ်ထံမှ ယနေ့ကာလအထိ စစ်နှင့်ပတ်သက်၍ အသေးစိတ် အကဲဖြတ်ချက်အများဆုံး ပါရှိပြီး ယူကရိန်းတပ်၏ ပြတ်သားသည့် သဘောထားများ ထင်ဟပ်နေခဲ့သည်။

“ရုရှားစစ်တပ်က နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေကို တချို့အခြေအနေတွေမှာ ထုတ်သုံးမယ် ဆိုပြီး တိုက်ရိုက် ခြိမ်းခြောက်တာတွေ ရှိပါတယ်” ဟု ဇလူဇညယ်က ပြောကြားခဲ့သည်။

အကန့်အသတ်ဖြင့် ဖြစ်ပွားလာနိုင်သည့် နျူကလီးယား ပဋိပက္ခတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံများ တိုက်ရိုက် ပါဝင် ပတ်သက်နိုင်ခြေမရှိဟု လုံးဝငြင်းဆိုရန် မဖြစ်နိုင်ပေ။

ယခင်ကလည်း နျူကလီးယား (သို့မဟုတ်) ဓာတုလက်နက် သုံးစွဲနိုင်ခြေ ထင်ကြေးများကိုလည်း မော်စကိုက ငြင်းဆိုခဲ့ပြီး ဖြစ်သည်။

စစ်ပွဲရေစီးကြောင်း အပြောင်းအလဲအတွက် မော်စကို၏ လက်နက်များနှင့် တိုက်ခိုက်မှု အကွာအဝေးတို့ကို ယူကရိန်းက ဟန်ချက်ညီညီ တုံ့ပြန်နိုင်ဖို့ လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး ဇလူဇညယ်နှင့် ဆောင်းပါးရှင်း ဇာဘရိုစကီးတို့က သုံးသပ်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

“ဗျူဟာမြောက် အခြေအနေမှာ အခြေခံအကျဆုံး အပြောင်းအလဲဖြစ်ဖို တစ်ခုတည်းသော လမ်းကြောင်းကတော့ လာမယ့် ၂၀၂၃ ခုနှစ် စစ်ဆင်ရေးတွေကျရင် ယူကရိန်းတပ်တွေ တန်ပြန်တိုက်ခိုက်မှု အဆက်မပြတ် လုပ်တာမျိုး (ဒါမှမဟုတ်) စံနမူနာပြ တိုက်ခိုက်တာမျိုး တပြိုင်တည်း လုပ်ပြနိုင်မှ ရမယ်” ဟု ၎င်းတို့က ဆက်လက် သုံးသပ်ပြသည်။

ရုရှားပိုင်နက်ထဲရှိ ပစ်မှတ်များကို ထိမှန်ရန် သုံးစွဲခွင့်မရှိသော တာဝေးပစ် လက်နက်များကို ကိယက်ဗ် အစိုးရထံသို့ ထောက်ပံ့ခဲ့ကြောင်း အမေရိကန်က ပြောခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်လ၌ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ရုရှားလေတပ် အခြေစိုက် စခန်းများကို ဒုံးကျည်ဖြင့် ထိမှန်ပျက်စီးစေခဲ့ ခြင်းအတွက် မိမိတို့တာဝန်ရှိကြောင်း ပထမဆုံး ယူကရိန်းဘက်မှ အသိအမှတ်ပြုသည့် အချက်လည်း ယခု ဆောင်းပါးထဲတွင် ဖော်ပြထားသည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

လက်ရှိ ကာလအထိ ခရိုင်းမီးယား ပေါက်ကွဲမှု ဖြစ်စဉ်များ၌ ယူကရိန်း ပါဝင်ပတ်သက်မှုကို ငြင်းဆိုနေဆဲဖြစ်ပြီး ရုရှား၏ လက်တုံ့ပြန်မှုကို စိုးရိမ်နေရကြောင်း အမည်မဖော်လိုသူ စစ်ဘက် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ကျနော်တို့က ရန်သူရဲ့ ခရိုင်းမီးယား လေတပ်စခန်းတွေကို ဒုံးကျည်နဲ့ အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်။ ပထမဆုံး ပစ်မှတ်ချက် ဆာကီ (Saky) လေယာဉ်ကွင်းပဲဖြစ်တယ်” ဟု ဆောင်းပါးထဲတွင် ဖော်ပြထားသည်။

မည်သည့် ဒုံးကျည် အမျိုးအစား ဖြစ်ကြောင်းကိုတော့ ဆောင်းပါး၌ မတွေ့ရပေ။

ဆာကီလေယာဉ်ကွင်း တိုက်ခိုက်ခံရမှုကြောင့် ဩဂုတ် ၉ ရက်တွင် ရုရှားစစ်လေယာဉ် ၁၀ စင်း ပျက်စီးခဲ့ရသည်ဟု ၎င်းဆောင်းပါးထဲတွင် ဆက်လက်ဖော်ပြထားသည်။

ယူကရိန်းပိုင်နက်ထဲမှ အနည်းဆုံး ကီလီုမီတာ ၂၀၀ ကွာဝေးသည့် လေယာဉ်ကွင်းသို့ တိကျစွာ ထိမှန်နိုင်သည့် လက်နက်မျိုး ယူကရိန်းထံတွင် ရှိ/မရှိ ရှင်းရှင်းလင်းလင်း မသိရပေ။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယစစ်သားများ တရုတ်နယ်စပ်အနီးတွင် Bofors ဆိုသည့် စစ်လက်နက်ပစ္စည်းကို နေရာချထားရန် ပြင်ဆင်နေစဉ်(ဓါတ်ပုံ- အေအက်ဖ်ပီ)

တရုတ်နှင့်ပါကစ္စတန်ခြိမ်းခြောက်မှုကြောင့် ပြည်တွင်းကာကွယ်ရေးစနစ်မြှင့်တင်ရန် မိုဒီညွှန်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 3298

CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၈

တရုတ်နှင့်ပါကစ္စတန်တို့၏ ခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေရန်အတွက် အိန္ဒိယအနေဖြင့် ပြည်တွင်း ကာကွယ်ရေးစနစ်များ ထုတ်လုပ်မှုမြှင့်တင်ရန် ဝန်ကြီးချုပ်နရိန္ဒာမိုဒီက ညွှန်ကြားခဲ့ကြောင်း အဆိုပါ ကိစ္စနှင့်နီးစပ်သူများကို ကိုးကားလျက် South China Morning Post သတင်းစာက စက်တင်ဘာ ၈ ရက် (ယနေ့) ရက်စွဲဖြင့် ရေးသားထားသည်။

အိန္ဒိယ၏ ကြည်း၊ ရေ၊ လေတပ်များအနေဖြင့် သက်တမ်းကြာမြင့်၍ အိုဟောင်းသွားသည့် စစ်ရေးအသုံးအဆောင် များနေရာတွင် အစားထိုးရန် အရေးကြီးသည့် လက်နက်စနစ်တချို့ကို ပြည်ပမှ တင်သွင်းတော့မည် မဟုတ် ကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

ထို့ကြောင့် အိန္ဒိယသည် ၂၀၂၆ ခုနှစ်အရောက်တွင် ရဟတ်ယာဉ်များ ပြတ်တောက်သွားမည့်အပြင် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရာနှင့်ချီသော တိုက်လေယာဉ်များ လက်ကျန်ကုန်သွားနိုင်သည့်အန္တရာယ်ရှိကြောင်း ၎င်းတို့က ဆက်လက်ပြောကြားခဲ့ကြသည်။

မိုဒီသည် ၂၀၁၄ ခုနှစ်တွင် အာဏာလရလာပြီး မကြာမီမှာပင် အလုပ်အကိုင်များ ဖန်တီးရန်နှင့် နိုင်ငံခြားငွေကြေး စီးဆင်းမှုလျှော့ချရန်တို့အတွက် အိန္ဒိယပြည်တွင်း၌ပင် မိုဘိုင်းလ်ဖုန်းများမှ ဂျက်တိုက်လေယာဉ်များအထိ ထုတ်လုပ်သွားနိုင်ရန် Make in India မူဝါဒကို ချမှတ်ခဲ့သည်။

သို့သော် ၈ နှစ်အကြာတွင် ကမ္ဘာ့အကြီးဆုံးစစ်လက်နက်ပစ္စည်းတင်သွင်းနေသူ အိန္ဒိယသည် ကာကွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လက်နက်များ ပြည်တွင်း၌ အလုံအလောက် မထုတ်လုပ်နိုင်ခဲ့ပေ။ ထို့ပြင် အစိုးရ၏မူဝါဒနှင့်စည်းမျဉ်းအရ ပြည်ပမှ တင်သွင်းမှုကိုလည်း ပိတ်ပင်ထားခဲ့သည်။

အိန္ဒိယနိုင်ငံထုတ် စက်လက်နက်ပစ္စည်းများကိုတွေ့ရစဉ်

မိုဒီ၏အစီအစဉ်အရ စစ်တပ်အတွက် လက်နက်များ ဝယ်ယူဖြည့်တင်းရာတွင် ပြည်တွင်းဖြစ်အရေအတွက်၏ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းကြား ဝယ်ယူပိုင်ခွင့်ပေးထားသည်။

၂၀၂၀ ပြည့်နှစ်တွင် ဟိမဝန္တာနယ်စပ်တလျှောက် အိန္ဒိယတပ်ဖွဲ့ဝင်များသည် ပါကစ္စတန်နှင့်တရုတ်တို့ကို အားပြိုင် လာရသည့်အခါ အိန္ဒိယစစ်ရေးပြင်ဆင်မှုများမှာ သတိပြုစရာဖြစ်လာခဲ့သည်။

အထူးသဖြင့် တရုတ်နှင့်ထိစပ်နေသော နယ်စပ်တလျှောက် ကျူးကျော်ရန်စမှုများကို ဟန့်တားရန် မြေပြင်တွင် လှုပ်ရှားရမည့် တပ်ဖွဲ့ဝင်ဦးရေး နှစ်ဆလိုအပ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့သည်။

ထိုသို့အခြေအနေများနှင့်ပတ်သက်၍ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသို့ အီးမေးလ်ဖြင့် သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပေ။

အိန္ဒိယစစ်တပ်သည် ကာကွယ်ရေးပစ္စည်းအချို့ကို ပြည်တွင်း၌ တိုးမြှင့်ထုတ်လုပ်နေသော်လည်း ဒီဇယ်-လျှပ်စစ် နှစ်မျိုးသုံး ရေငုပ်သင်္ဘောများနှင့် အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ကဲ့သို့ ရှုပ်ထွေးသော နည်းပညာ ပလက်ဖောင်းများကိုတော့ မထုတ်လုပ်နိုင်သေးပေ။

ပြည်တွင်းထုတ် အင်ဂျင်တစ်လုံးတည်းတပ်ဆင်ထားသော တိုက်လေယာဉ်များ ရှားပါးလာသည့်အပြင် အင်ဂျင် နှစ်လုံးတပ် တိုက်လေယာဉ်များကိုလည်း ပြည်ပမှ ဝယ်ယူမည့်အစီအစဉ်ကိုလည်း မိုဒီအစိုးရက ခေတ္တဆိုင်းငံ့ခဲ့သည်။

အိန္ဒိယလေတပ်၏အခြေအနေမှာ အထူးဆိုးရွားလှပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် တိုက်လေယာဉ် အစင်း ၃၀ အောက်သာ ကျန်တော့မည်ဖြစ်သော်လည်း တရုတ်နှင့်ပါကစ္စတန်နယ်စပ်များကို ထိရောက်စွာ ကာကွယ်ရန်မှာ အရေးကြီးကြောင်း၊ ဂျက်တိုက်လေယာဉ် ၁၆ စင်းမှ ၁၈ စင်းခန့် အခြေစိုက်စခန်းချနိုင်အောင် တွန်းအားပေးသွား မည်ဖြစ်ကြောင်း စစ်ဘက်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: South China Morning Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

သဘာဝဓာတ်ငွေ့နှင့်တခြားသော လုပ်ငန်းတွေမှာ ရင်းနှီးမြှုနှံရန် နစကဖိတ်ခေါ်

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-အေပီ)

အနောက်အုပ်စုဈေးနှုန်းကန့်သတ်လျှင် ရုရှားစွမ်းအင်တင်ပို့မှုရပ်မည်ဟု ပူတင်ပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 2324

CNI International News

မော်စကို၊ စက်တင်ဘာ ၈

ရုရှားပို့ကုန်များ၏ဈေးနှုန်းကို ကန့်သတ်ဖို့ ကြိုးစားလာလျှင် အနောက်အုပ်စုထံသို့ မိမိတို့စွမ်းအင်တင်ပို့မှု လုံးဝရပ်ဆိုင်းမည်ဟု သမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၇ ရက်တွင် ခြိမ်းခြောက်လိုက်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ယူကရိန်းတွင် မော်စကို၏စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ မိမိတို့ရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။

ရုရှားနိုင်ငံအရှေ့ဖျား၊ ဗလာဒီဗော့စတော့ဆိပ်ကမ်းမြို့တွင် နှစ်စဉ်ကျင်းပနေကျ EEF စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ ပူတင်က “ရုရှားရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်းများ အကျုံးဝင်စေမည့် ဥရောပသမဂ္ဂ (EU) အစီအမံများသည် မိုက်မဲသော အကြံအစည်ဖြင့် ဈေးနှုန်းတက်စေခြင်းသာ ဖြစ်လိမ့်မည်” ဟု လှောင်ပြောင်သရော်ခဲ့သည်။

အုပ်ချုပ်ရေးနည်းလမ်းဖြင့် ဈေးနှုန်းကန့်သတ်ရန် ကြိုးပမ်းမှုသည် အရူးထခြင်းသက်သက်ပဲဖြစ်ကြောင်း၊ အဓိပ္ပါယ် မရှိသော လုပ်ရပ်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။

“သူတို့က အဲဒီမိုက်မဲတဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင် ဆုံးဖြတ်ချက်ချတဲ့သူတွေအတွက် လည်း ဘာမှအကျိုးရှိမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ EU လုပ်ဆောင်မှုသည် လက်ရှိစာချုပ်များအပေါ် အတိအလင်းချိုးဖောက်နေခြင်းကို ကိုယ်စားပြု ကြောင်း၊ ရုရှားသည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းများကို ရပ်တန့်လိုက်ခြင်းဖြင့် တုံ့ပြန်နိုင်ကြောင်း ပူတင်က သတိပေးခဲ့သည်။

ရုရှားနိုင်ငံပိုင် ဂက်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီ လုပ်ငန်းခွင်



“စာချုပ်တွေကို ချိုးဖောက်ပြီး နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှာလား။ အဲဒီလိုအခြေအနေမျိုးက ကျနော်တို့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတယ်ဆိုရင် ပို့ပေးနေတာတွေ ရပ်လိုက်ရုံပဲဗျ။ ဓာတ်ငွေ့၊ ရေနံ၊ ဒီဇယ်ဆီ (ဒါမှမဟုတ်) ကျောက်မီးသွေး ဘာတစ်ခုမှ ရမယ်မထင်နဲ့။ ကမ္ဘာ့ဈေးကွက်ထဲမှာ ဝယ်လိုအားက အင်မတန်များနေတော့ ရောင်းရတာ ပြဿနာမရှိဘူး” ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။

မိမိတို့နိုင်ငံသည် စွမ်းအင်တင်ပို့မှုအတွက် ဥရောပကို စွန့်ခွာနိုင်ရန် အာရှ၌ ဝယ်လက်များ အလုံအလောက် ရှာဖွေ နိုင်မည်ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

“ကျနော်တို့အပေါ်မှာ တစ်ခုခုဖိအားပေးဖို့ ကြိုးစားတဲ့သူတွေဟာ ဒီနေ့ခေတ် သူတို့ရဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်မယ့် အနေအထား မရှိပါဘူး” ဟု အနောက်အုပ်စုနိုင်ငံများ၌ စွမ်းအင်ဈေးနှုန်းတက်၍ ဆန္ဒပြပွဲများ ပေါ်ပေါက်နေခြင်းကို ထောက်ပြကာ ပူတင်က ပြောကြားခဲ့သည်။

အထက်ပါပြောကြားချက်များသည် ဂျာမနီသို့ စွမ်းအင်ပိုက်လိုင်း ပြုပြင်မှု ၃ ရက်ကြာ ရပ်နားပြီးနောက် ပုံမှန် အတိုင်း ပြန်လည်ပေးပို့ရန် နာရီပိုင်းအလိုတွင် ထွက်ပေါ်လာခဲ့သည်။

ရုရှားနိုင်ငံပိုင် ဂက်ပရွန် (Gazprom) စွမ်းအင်ကုမ္ပဏီသည် တာဘိုင်များတွင် ရေနံယိုစိမ့်မှုများ ပြုပြင်၍ မပြီးမချင်း ပုံမှန်အတိုင်း ပေးပို့ထုတ်လွှတ်နိုင်မည်မဟုတ်ကြောင်း ယခင်သီတင်းပတ်က ကြေညာခဲ့ပြီးဖြစ်သည်။

ယင်းကြေညာချက်ပါ အကြောင်းပြချက်များကို ဂျာမနီအစိုးရတာဝန်ရှိသူများနှင့် အင်ဂျင်နီယာများက လက်မခံခဲ့ ကြပေ။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပါကစ္စတန်နိုင်ငံရေးမှာ အီမရန်ခမ်း ရှိနေဆဲဟု ဆန္ဒပြပွဲနှင့်သက်သေပြ

By CNI
CNI
Category: Watch TV
Hits: 773

Share
Tweet
Share
Share
powered by social2s

စွမ်းအင်နှင့်စီးပွားရေးအကျပ်အတည်း ဖြေရှင်းပေးမည်ဟု ဗြိတိန်ဝန်ကြီးချုပ်သစ် ကတိပြု

By CNI
CNI
Category: Watch TV
Hits: 704

Share
Tweet
Share
Share
powered by social2s

နစကနှင့် NUG နှစ်ဖွဲ့စလုံး ဖက်ဒရယ်မူကို မချပြသေးဟု ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ရုရှားသမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

By CNI
CNI
Category: Watch TV
Hits: 974

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်က အိန္ဒိယအစိုးရနဲ့ အပစ်ရပ်သက်တမ်းတိုးခဲ့သော NSCN-(Niki)ကိုယ်စားလှယ်အဖွဲ့

NSCN(Niki) နှင့် အိန္ဒိယအစိုးရတို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1752

 

CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၇

အိန္ဒိယအစိုးရနှင့်  နာဂလက်နက်ကိုင် NSCN/GPRN (Niki) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ယခုနှစ် စက်တင်ဘာ ၇ ရက်မှ လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်အထိ ၁ နှစ် သက်တမ်းတိုးခဲ့‌ကြောင်း သိရသည်။

NSCN/GPRN CFSB အဖွဲ့မှ ကွပ်ကဲရေးမှူး Abel Zingrü Thuer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့ရှိ The Hotel Ashoka တွင် ဗဟိုအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးစာချုပ်ကို ယနေ့ (စက်တင်ဘာ ၇ ရက်)တွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၅ ရက်တွင် နယူး‌ဒေလီမြို့သို့ စတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

နီကီဆူမီကို တွေ့ရစဉ်

NSCN(Niki)အဖွဲ့သည် မြန်မာဘက်ခြမ်းတွင် နေထိုင်ကာ အိန္ဒိယဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေသော  နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)မှ ခွဲထွက်သွားသည့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင် သော အဖွဲ့ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ်၊ ဒီမာပူဒေသမှာ အခြေစိုက် နေထိုင်လျက်ရှိသည်။

NSCN ကို ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မြန်မာနာဂ ကပ္ပလန်နှင့် အိန္ဒိယနာဂ မွီးဗာ၊ အိုက်ဇက်ချီရှီဆူတို့ ဦးဆောင် ဖွဲ့စည်းကာ နာဂနိုင်ငံ ထူထောင်ရေး ကြိုးပမ်းနေစဉ် သဘောထားကွဲလွဲ၍ ကပ္ပလန် ဦးဆောင်သည့် NSCN-K နှင့် မွီးဗာ-အိုက်ဇက်ချီရှီဆူတို့ ဦးဆောင်သော NSCN-IM ဆိုပြီး နှစ်ဖွဲ့ကွဲသွားခဲ့သည်။

ထို့နောက် ကပ္ပလန်ဦးဆောင်သော NSCN-K သည် မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်၍ အိန္ဒိယအစိုးရကို တော်လှန် လျက်ရှိပြီး မွီးဗာနှင့် အိုက်ဇက်ချီရှီဆူ ဦးဆောင်သည့် NSCN-IM ကမူ အိန္ဒိယဘက်ခြမ်းမှာ အခြေစိုက် ကာ အိန္ဒိယအစိုးရ အား တော်လှန်လျက်ရှိသည်။

အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေးယူထားသည့် NSCN-IM ခေါင်းဆောင် မွီးဗာ

လက်ရှိမှာတော့ NSCN-IM သည် အိန္ဒိယအစိုးရနှင့် ၁၉၉၇ ခုနှစ်က ငြိမ်းချမ်းရေးယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံရေး သဘောတူညီချက် လက်မှတ်ရေးထိုးကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ညှိနှိုင်းလျက်ရှိနေသလို NSCN-K ကတော့ ၂၀၁၂ ခုနှစ်၊ ဧပြီလ မှာ မြန်မာအစိုးရနှင့် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral)ရေးထိုးထားသည်။

NSCN-K ကိုတည်ထောင်ခဲ့သူ  ကပ္ပလန်

သို့သော် NSCN-K ဥက္ကဋ္ဌ ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည့် အတွက် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်ကို NSCN-K ၏ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သော်လည်း ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်တွင် ဖြုတ်ချခံလိုက်ရပြီး ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြောက်ခဲ့သည်။

ထို့နောက် ဦးယုံးအောင် ဦးဆောင်သော အုပ်စုနှင့် ဒုစစ်ဦးစီးချုပ် နီကီဆူမီ ဦးဆောင်သည့် အုပ်စုကြား ငြိမ်းချမ်း ရေး ဆွေးနွေးရန် သဘောထားကွဲလွဲကာ နှစ်ခြမ်းကွဲသွား၍ နီကီဆူမီက အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ NSCN-(Niki) ဆိုသော အမည်ကိုသုံးပြီး ဦးယုံးအောင်က NSCN-YA ဟု အတိုကောက် ခေါ်ဝေါ်ကြသည်။

 

 

Share
Tweet
Share
Share
powered by social2s

စစ်တပ်က တိုင်းပြည်ရဲ့ နယ်မြေထက်ဝက်ကျော်တောင် မထိန်းချုပ်နိုင်တော့ဘူး

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71

Page 67 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar