CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ ရပ်တည်နေသော ဦးကျော်မိုးထွန်းကို UN က ကိုယ်စားလှယ်အနေနှင့် ဆက်လက် ထားရှိရေး ဆောမြို့နယ်၌ စက်တင်ဘာ ၆ ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုမှုကို ယောလူထုတိုက်ပွဲကော်မတီနှင့် YDF SAW တို့မှ ဦးဆောင်၍ ဒေသခံများ စုပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆောမြို့နယ်က ဆန္ဒပြ သပိတ် (ယောလူထုတိုက်ပွဲကော်မတီ)

ထို့နောက် NUG ကို ထောက်ခံကြောင်းလည်း တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒပြ တောင်းဆိုမှုကို YDF SAW က လက်နက်များ ကိုင်ဆောင်၍ လုံခြုံရေး ရယူကာ ဝန်းရံပေးခဲ့သည်။