CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇


ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ကြသည်။


အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နိုင်ငံရေး အခြေအနေများနှင့် ဒေသတွင်း အခြေအနေများကို တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီလို ကာလအတွင်းမှာ အနိမ့်အမြင့် အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း သမိုင်းအစဉ်အလာ ကြီးမားတဲ့နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ရုရှားနိုင်ငံဟာ အခက်အခဲများ ရှိခဲ့သော်လည်း အခုဆိုရင် ထိပ်ဆုံးကို ရောက်နေတာကို မြင်ရပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှုကြောင့် အခု ရုရှားနိုင်ငံ ထိပ်ဆုံးကို ရောက်လာတာဖြစ်ပါတယ်။ အဆွေတော်က ကမ္ဘာထိပ်ဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ် ပါတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစက ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။


ထို့နောက် စက်တင်ဘာ ၇ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်သည်။