CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့ (ဇွန်လ ၁၃ ရက်)နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် နစက အဖွဲ့ဝင်များဖြစ် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဒေါ်စောမြရာဇာလင်းတို့ ဆက်လက်၍ အသေးစိတ်ကို ဆွေးနွေးကြမည် ဖြစ်သည်။

နစကသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ထားသလို တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်များအား ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဟု ဧပြီ ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြော ခဲ့သည်။

ထို့နောက် မေလ ၂၀ ရက်မှ ဇွန်လ ၇ ရက်နေ့အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP)ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့်လည်းကောင်း၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ဥက္ကဋ္ဌ ဦးစောထော့လေး နှင့်လည်းကောင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ဒုဥက္ကဋ္ဌ ဦးလော့ယာကုနှင့် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)ဒုဥက္ကဋ္ဌ ဦးစံပေ့နှင့်လည်းကောင်း အသီးသီး တွေ့ ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။