CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉

လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ပပျောက်ရေး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

သြဂုတ် ၂၉ ရက်နေ့က နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ဆွေးနွေးကြခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)တို့ကို အခြေခံ၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့နောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည် ဆောက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံးဆောင်ရွက်ရေး၊ နိုင်ငံ ရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ ပြည်သူလူထုတို့၏ လူနေမှုဘဝမြှင့်တင်ရေး၊ လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှုများ ပပျောက်ရေးဆိုင်ရာများ၊ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ သဘောထား အမြင်များကို ဆွေးနွေးခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခများကြားတွင် မီးရှို့ခံထားရသော နေအိမ်

နစကဥက္ကဋ္ဌကလည်း ကမ္ဘာပေါ်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးဆောင်ရွက်သည့်နိုင်ငံ အများအ ပြား ရှိကြပြီး မိမိတို့နိုင်ငံ၏ ပထဝီဝင် အနေအထား၊ အမျိုးသားရေး စရိုက်လက္ခဏာ၊ ယဉ်ကျေးမှုတို့နှင့် ကိုက်ညီ သည့် ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်ကျင့်သုံး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ စစ်မှန်စည်း ကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များ ပြည့်စုံရန် မဖြစ်မနေလိုအပ်မည်ဖြစ်ပြီး ပညာတတ်များ ပေါကြွယ်ဝမှသာလျင် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို အရှိန်မဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပညာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိ အခြေအနေများ စသည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် RCSS ကိုယ်စားလှယ်အဖွဲ့နှင့် နစကအဖွဲ့ဝင်များ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့မှ ကိုယ်စားလှယ် များဖြင့် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် နစက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ယခု သြဂုတ် ၂၉ ရက်နေ့ လာရောက်ခြင်းက ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၀ ရက်က ပထမအကြိမ် အနေဖြင့် တွေ့ဆုံ ဆွေး နွေးထားသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်က ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

RCSS/SSA သည် NCA ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ နှင့် နယ်မြေ ထိန်းချုပ်ရေး စစ်ရေး အားပြိုင်လျက်ရှိနေသည်။

အလားတူ မြန်မာနိုင်ငံ၏ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး တို့တွင် တပ်မတော်နှင့် နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာသော ဒေသ ကာကွယ်ရေးတပ်ဖွဲ့များကြား လည်းကောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား လည်းကောင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကနေ နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်း၊ အရပ်သား ပြည်သူများ သံသယ ဝင်ခံရပြီး ဖမ်းဆီး သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားလျက်ရှိနေသည်။