CNI International News

မော်စကို၊ ဩဂုတ် ၂၉

အနောက်အုပ်စုနိုင်ငံများသည် ဘက်စုံဟန်ချက်ညီသော ကမ္ဘာတစ်ခုကို ဖွဲ့စည်းဖြစ်တည်ခြင်းကို နှေးကွေးစေရန် ရည်ရွယ်၍ သမိုင်းဝင်ဖြစ်စဉ်အား လျစ်လျူရှုဖို့ ကြိုးပမ်းနေသော်လည်း ထိုဖြစ်စဉ်များကိုတော့ ရပ်တန့်သွားမည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်က Zvezda ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်ဟု ၎င်းနိုင်ငံခြားရေးဝန်ကြီး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“ဝမ်းနည်းစရာကောင်းတာက အမေရိကန်ကို လုပ်ပိုင်ခွင့်အာဏာ လွှဲပေးခဲ့ကြတဲ့ အနောက်အုပ်စု မိတ်ဖက် နိုင်ငံတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သမိုင်းဝင် ဖြစ်စဉ်တွေကို လျစ်လျူရှုဖို့ ကြိုးစားနေ ကြ ပါတယ်။ သူတို့လုပ်ရပ်တွေဟာ ဘက်စုံဟန်ချက်ညီတဲ့ ကမ္ဘာကြီး ဖွဲ့စည်းမှုဖြစ်စဉ်ကို နှေးကွေးစေပေမယ့် ဘယ် တော့မှ ရပ်တန့်လို့ မရပါဘူး” ဟု လာဗရော့လ်က ပြောကြားခဲ့သည်။

ဖွဲ့စည်းပြီးပြီဟု ထင်ရသည့် ဘက်စုံဝင်ရိုး (multipolarity) ဘယ်လောက်ရှိသလဲဟု လာဗရော့က ပြန်လှန် မေးခွန်း ထုတ်ခဲ့သည်။

နေတိုးနဲ့ မဟာမိတ်များ (GETTY IMAGES)

“အကောင်အထည်ဖော်ရမယ့် သဘောတူထားပြီးသား လုပ်ထုံးလုပ်နည်းတော့ မဟုတ်ဘူး။ အဲဒါမျိုးက အပူ တပြင်း အကောင်အထည်တဲ့ စီမံကိန်း (ဒါမှမဟုတ်) ၃ နှစ်စာ ဘတ်ဂျက်လိုလည်း မဟုတ်ဘူး။ တခြားနိုင်ငံတွေ မှာလည်း နှစ်အလိုက် ဘတ်ဂျက်တွေ မတူကြပါဘူး။ ဒါဟာ အသက်ဆက်နိုင်ဖို့ ဖြစ်စဉ်ပါ။ ဒီနေရာမှာ နိုင်ငံရေး သမားတွေရဲ့ အရည်အချင်းကို ပြရမှာပါ။ တကယ့် လက်တွေ့ဘဝမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ မြင်ပြီး သမိုင်း ရဲ့ တောင်းဆိုချက်နဲ့အညီ သူတို့ရဲ့မူဝါဒကို ရေးဆွဲရပါလိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“အပြောင်းအလဲ တစ်ခုအတွက် ဗြိတိန်ရဲ့ဘဝကို ဥပမာ ကြည့်ရအောင်ဗျာ။ ပန်းခင်းထားတဲ့လမ်း မဖောက်ခင်မှာ လူတို့ရဲ့ အလိုဆန္ဒအတိုင်း လမ်းတစ်ခု ဖောက်နိုင်ဖို့ လိုတယ်ဆိုပြီး ဆိုရိုးစကားရှိတယ်ဗျ။ ရိုးရိုးရှင်းရှင်း စကားပြော ရရင်တော့ ဒါတွေကို နိုင်ငံတကာနယ်ပယ်မှာ လုပ်ဖို့ လိုပါတယ်။ ဘက်ပေါင်းစုံက ဆန္ဒသဘောထားတွေ အပါ အဝင် ရည်မှန်းချက်နဲ့ဆိုင်တဲ့ သဘောထားတွေကို ဆန့်ကျင်တာ မလုပ်ရဘူး။ ကျနော် ဆိုလိုချင်တာက လူတစ်ဦး ချင်းစီရဲ့ တက်ကြွတဲ့ မူဝါဒကို တည်ဆောက်ဖို့ လိုတယ်လို့ ပြောချင်တာပါ။ ဒါက ကျနော်တို့ အခုလုပ်ပြနေတဲ့ ပုံစံ ပါပဲ” ဟု လာဗရော့လ်က အလေးအနက် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသား ဖော်ပြထားသည်။

Source: တာ့စ်သတင်းဌာန