CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၉

ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ကာဗာနီဟာ စပိန်ကလပ် ဗလင်စီယာ အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်အသင်းမှာ နှစ်ရာသီကြာကစားပြီးနောက် မနှစ်ကရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာပါ။ဥရုဂွေးတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ကာ အခု အချိန်မှာ ဂတ်တူဆို ကိုင်တွယ်နေတဲ့ ဗလင်စီယာအသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဗလင်စီယာ နည်းပြ သစ် ဂတ်တူဆိုဟာ ဝါရင့်တိုက်စစ်မှူးဖြစ်တဲ့ ကာဗာနီကို ချီးကျူးမှုပြုလုပ်ထားတာပါ။

ဂတ်တူဆိုက “ကာဗာနီအကြောင်းကို ခင်ဗျားပြောတဲ့အခါမှာ သူက သာမန်ကစားသမားမဟုတ်ပါဘူး။သူဟာ ထိပ်တန်းကလပ်တွေနဲ့ ထိပ်တန်းအဆင့်မှာ အချိန်တော်တော်ကြာ ကစားခဲ့တဲ့သူပါ။သူဟာ အသက် ၃၅ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကျနော် ပြောနေတာက နည်းစနစ်ပိုင်းပါ၊ ပိုက်ဆံအကြောင်းမဟုတ်ပါဘူး။အဲဒါက ကျနော့်ပြဿနာမဟုတ်သလို အဆိုပါ အကြောင်းအရာ ၂ ခုကလည်း မတူညီပါဘူး” လို့ အသလက်တီကိုနဲ့ ပွဲမတိုင်ခင်ပြောခဲ့တာဖြစ်ပါတယ်။

ဗလင်စီယာအသင်းဟာ လာလီဂါပြိုင်ဘက် ဆိုစီဒက်အသင်းကို အသာရပြီး ကာဗာနီကို ၂ နှစ်စာချုပ်ချုပ်ဆိုမယ် လို့ ဖာဘရီဇီယိုရိုမန်နိုက ပြောခဲ့တာပါ။အဆိုပါ အပြောင်းအရွှေ့ကျွမ်းကျင်သူက ကာဗာနီဟာ စာချုပ်နဲ့ ပတ်သက် တဲ့ နောက်ဆုံးရ အချက်အလက်တွေကို ဆွေးနွေးနေပြီး ဆေးစစ်မှုခံယူမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ ၂၀၂၀ က အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ယူနိုက်တက်အသင်းထံ အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ဥရုဂွေးတိုက်စစ်မှူးဟာ မန်ချက်စတာကလပ်အတွက် ၅၉ ပွဲပါဝင်ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီက ရော်နယ်ဒိုရောက်လာပြီးနောက် ပုံမှန်ပွဲထွက်ကစားခွင့် မရရှိ တော့သလို ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာ ပါဝင်ကစားခဲ့ရတာပါ။

ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ ဆုဖလား ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ဘဲ အသင်းဟောင်း ပီအက်စ်ဂျီအသင်းနဲ့သာ လီဂူးဝမ်းဖလား ၆ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:DailyMail