CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

တရုတ်စစ်ရေးလှုပ်ရှားမှုအတွက် ထိုင်ဝမ် အရန်ကာကွယ်ရေးအင်အားများ လေ့ကျင့်နေ

By CNI
CNI
Category: Watch TV
Hits: 826

Share
Tweet
Share
Share
powered by social2s

ရခိုင်ပြည်နယ်တွင် တိုက်ပွဲ‌ရှောင် ၁ သောင်းကျော် ထပ်တိုးလာ

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

EEF ဖိုရမ်တွင် မြန်မာအပါအဝင် နိုင်ငံခြားခေါင်းဆောင်များနှင့် ပူတင်တွေ့မည်

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်ကို သွားရောက်လေ့လာနေစဉ်

ရေငုပ်သင်္ဘောဌာနချုပ်ကို နစကဥက္ကဋ္ဌ သွားရောက်လေ့လာနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1188

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့ကို သွားရောက်ပြီး လေ့လာခဲ့သည်ဟု နစကဘက်က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လာသည်။

နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံမှာ ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် အရှေ့ဖျားရေငုပ်သင်္ဘောဌာန ချုပ်သို့ သွားရောက် လေ့လာနေခြင်း ဖြစ်ကြောင်း သိရသည်။

Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိကြောင်း၊ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်၀င် အခမ်းအနားကျင်းပနေစဉ် 

ထို့နောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများ၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးရမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အိန္ဒိယကနေ ၂၀၂၀ ပြည့်နှစ်၊ မတ်လက ဝယ်ယူထားသော ရုရှားလုပ် တစ်ပတ်ရစ် ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ထားသလို တရုတ်ကနေလည်း တစ်ပတ်ရစ် ရေငုပ်သင်္ဘော တစ်စင်းကို ဝယ်ယူထား သည့်အတွက် စုစုပေါင်း ရေငုပ်သင်္ဘော ၂ စင်းရှိသည်။

အဆိုပါ ရေငုပ်သင်္ဘောများသည် မင်းရဲကျော်ထင် (တရုတ်က ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေး ထားခြင်း)နှင့် မင်းရဲသိင်္ခသူ (အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေးထားခြင်း) တို့ ဖြစ်သည်။

ထို့နောက် ရုရှားနိုင်ငံကနေလည်း ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရန် မြန်မာ့တပ်မတော်က ကြိုးပမ်းနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ နိုင်ငံခြားခေါင်းဆောင်များကို တွေ့ရစဉ်

EEF ဖိုရမ်တွင် မြန်မာအပါအဝင် နိုင်ငံခြားခေါင်းဆောင်များနှင့် ပူတင်တွေ့မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1971

CNI International News

မော်စကို၊ စက်တင်ဘာ ၅

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စက်တင်ဘာ ၇ ရက်တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကျင်းပ ချိန်၌ သီးခြား အစီအစဉ်အဖြစ် ဖိတ်ကြားထားသည့် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကရင်မလင် သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာခဲ့ကြောင်း ရုရှားမီဒီယာ တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ရုရှားသမ္မတဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ယာယီအစိုးရဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့အတူ အာမေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် နီကိုးပါရှင်ယန် (Nikol Pashinyan) ၊ မွန်ဂိုလီးယားဝန်ကြီးချုပ် လက်ဆန်မန် စလာယန်အိုယန်အာဒင်း (Luvsannamsrayn Oyun-Erdene) ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီဇန်ရှု (Li Zhanshu) တို့ကို တွေ့ဆုံပါလိမ့်မယ်” ဟု အဆိုပါကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၄ ရက်နေ့က ရုရှားကို ရောက်လာစဉ်

ထို့အပြင် အာမေးနီးယား၊ တရုတ်၊ မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ ၎င်းဖိုရမ်သို့ တက်ရောက်ရန် မျှော်လင့်ရပြီး စက်တင်ဘာ ၇ ရက် စုံညီအစည်းအဝေးတွင်လည်း ပါဝင်ဆွေးနွေးကြမည် ဖြစ် သည်။

"ဗလာဒီမာပူတင်နဲ့ EEF-2022 သို့ ဖိတ်ကြားထားပြီး တက်ရောက်လာမယ့် နိုင်ငံခြားခေါင်းဆောင်တွေကြား နှစ်နိုင်ငံတွေ့ဆုံပွဲတွေကို နေ့စဉ် ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ခေါင်းဆောင်များ တွေ့ဆုံမှုမှာ နှစ်နိုင်ငံနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်”ဟု ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်နေ့က ရောက်ရှိလျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

စက်တင်ဘာ ၈ ရက်နေ့အထိ ရုရှားနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ထိုခရီးစဉ်အတွင်းမှာ ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြလုပ်မည်ဖြစ်သလို ရုရှားနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ် များနှင့် စက်ရုံ-အလုပ် ရုံများသို့ သွားရောက် လေ့လာသွားမည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လက ရုရှားနိုင်ငံတွင် ကျင်းပသော နိုင်ငံတကာလုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ရန် ပထမဆုံးအကြိမ် ရုရှားကို သွားရောက်ခဲ့ပြီး ဒုတိယအကြိမ် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက သွားရောက်ခဲ့ကာ ယခု ရုရှားခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်သည်လည်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ကာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သေးသည်။

Source: တာ့စ်

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိန္ဒိယပြည်တွင်းဖြစ် ပထမဆုံးလေယာဉ်တင်သင်္ဘောမှာ ကမ္ဘာ့ရေတပ်လက်ရွေးစင်ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 806

Share
Tweet
Share
Share
powered by social2s

အရှေ့အလယ်ပိုင်း၏ မူးယစ်ဆုံချက်မှာ ဆော်ဒီဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 797

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်သို့ လက်နက် ၁ ဘီလီယံကျော် ရောင်းချရန် အမေရိကန်အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s

ULA/AA အနေနှင့် လွတ်လပ်ရေးအထိ သွားနိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 692

Share
Tweet
Share
Share
powered by social2s
ULA/AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

ULA/AA အနေနှင့် လွတ်လပ်ရေးအထိ သွားနိုင်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 3125

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃

ရက္ခိုင့်တပ်တော်(ULA/AA) အနေဖြင့် လွတ်လပ်ရေးအထိ သွားနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသား လုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များဆိုသည့် ခေါင်းစဉ်ဖြင့် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်း ရေးဆွဲရေးအဖွဲ့ (ANPCC)က ‌ဆွေးနွေးရာတွင် ULA/AA ကို ဖိတ်ခေါ်ခဲ့သော်လည်း ULA/AA အနေဖြင့် တက်ရောက် ခြင်း မရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မိုင်တိုင်အမှတ် ၄၀ စခန်းကို ULA/AA တိုက်ခိုက်မှု နစကထုတ်ပြန်ချက်

ဦးဖေသန်းက “ULA/AA အနေနဲ့တော့ အဲဒီလိုမဟုတ်ဘူး။ သူ့အနေနဲ့ အနည်းဆုံး ကွန်ဖက်ဒရိတ်အဆင့်လောက်ကို သူ့ဖက်က တောင်းထားတာ ရှိတယ်။ အဲဒါကြတော့ ဒီဖက်က လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ပြီးတော့ သူတို့နဲ့ ပေါင်းပြီးတော့ တကယ်တမ်း ဆွေးနွေးမယ် ဆိုရင်တောင်မှ ULA/AA အနေနဲ့ ပါတီတွေ၊ ALP တွေ သူတို့လိုပေါ့ နော်၊ ရောရောသောသော သူတို့ ဆွေး‌နွေးလို့ ဆွေးနွေးချင်ပုံ မရဘူး။ တကယ်တမ်း ဆွေးနွေးချင်ရင် သီးသန့် ဆွေး နွေးလို့ ရနိုင်တဲ့ အခွင့်အရေးတွေ လည်း ရှိတယ်။ သီးသန့်လည်း ဖိတ်ခေါ်ထားတာလည်း ရှိတယ်၊ ဒါကြောင့် အင်အား မရှိဘဲနဲ့ သွားပြီးတော့၊ ကိုယ့် မှာ ဘာမှ အင်အားမရှိဘဲ သွားပြီးတော့ တောင်းရတာဆိုတာက လက်ဖြန့် တောင်းရသလိုမျိုး ဖြစ်နေတာပေါ့။ ပြော ရ၊ ဆိုရ ဆွေးနွေးရတာဟာ သူတို့ပေးဖို့အတွက် ကိုယ့်ဖက်က လက်ဖြန့် တောင်းသလိုမျိုး ဖြစ်နေတယ်၊ ULA/AA ရဲ့ သဘောထားကတော့ ကိုယ့်အင်အားကို အပြတ်အသတ် တည်ဆောက် မယ်၊ ပြီးတော့မှ အင်အားအပေါ်မှာ မူတည် ပြီးတော့ သူတို့ ကိုယ်လိုချင်ရတာ ရအောင် ပုံဖော်မယ်ပေါ့။ အဲဒီ သဘောမျိုး ဖြစ်တဲ့အတွက်နဲ့ ဒါက သူတို့နဲ့ မဆွေးနွေးတာ သူတို့ဆွေးနွေးပွဲကို စိတ်မဝင်စားတာလည်း ဖြစ်နိုင် တယ်၊ ဖက်ဒရယ်ဆိုတာကတော့ ပြောနေကြ တာပဲလေ ဟိုကလည်း ဖက်ဒရယ်၊ ဒီကလည်း ဖက်ဒရယ်၊ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်မျိုး ဆိုတာလည်း ဘယ် ဘက်ကမှ မချပြဘူး။ ဒီဘက်ကလည်း ULA/AA ဘက်ကတော့ ပြော ပြီး သားလေ၊ သူတို့ကတော့ ကွန်ဖက်ဒရိတ် ဆိုပြီး ပြောပြီးသား။ ဆိုတော့ အဲဒီထက် အောက်ဈေးလို့ပဲ ပြောလို့ရ တယ်၊ အပေါ်ဈေးကတော့ လွတ်လပ်ရေးအထိ သွားနိုင်တယ်၊ ဒါကြောင့် သူတို့ ဒီဆွေးနွေးပွဲတွေကို စိတ်မဝင်စား တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ANPCC ထုတ်ပြန်ချက်

ANPCC ၏ “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ANPCC အဖွဲ့ဝင်များအား ကိုယ်စားပြု သော ရခိုင်တော်လှန်ရေးပါတီ (၂) ဖွဲ့ ရခိုင်ပြည်လွတ်‌မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အပါအဝင် ရခိုင်နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD) နှင့် ဌာနေတိုင်းရင်းသားပါတီ ၃ ပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦး၊ တသီးပုဂ္ဂလိက ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားခဲ့ကြောင်း၊ တက်လာသည့် အဖွဲ့အစည်းများ ရှိသလို၊ မတက်လာသည့် အဖွဲ့အစည်းများလည်းရှိကြောင်း ANPCC မှ ညှိနှိုင်းရေးမှူး ဦးခင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့‌ ဆွေးနွေးပွဲထဲမှာ မပါတာ မဟုတ်ဘူး။ ကျ‌နော်တို့က အကုန်လုံးကို ဖိတ်ခဲ့ပါတယ်။ အကုန်လုံး ကျနော်တို့ ANPCC လုပ်ကတည်းက အကုန်လုံးပါပါတယ်၊ သူတို့ မအားလို့ မတက်ကြတာလားဆိုတဲ့ အခြေအနေ မှာ ဖြစ်ချင်ဖြစ်မှာပေါ့၊ ကျ‌နော်တို့ကတော့ ဒီအစည်းအဝေး စတင်ကတည်းက ရခိုင်အမျိုးသားအဆင့် ဆွေး‌နွေးပွဲ ကို စတင်ကတည်းကပေါ့နော် ANPCC စတင်ကတည်းက နိုင်ငံရေးပါတီ အကုန်လုံးပါတယ်၊ တော်လှန်ရေးပါတီ အားလုံးပါတယ်၊ အရပ်ဖက် အဖွဲ့အစည်း တော်တော်များများကို ကျနော်တို့ ဖိတ်ပါတယ်။ အမျိုးသမီးကဏ္ဍရော၊ မသန်စွမ်းတွေရော၊ အကုန်လုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေရော ပြောမယ်ဆိုရင် အဖွဲ့အစည်းပေါင်းစုံ၊ သူကဏ္ဍနဲ့ သူ့လုပ်ငန်းမှာ အဖွဲ့အစည်းပေါင်းစုံ အကုန်လုံး ဖိတ်ခဲ့ပါတယ်။ အဲဒီတုန်းက မတက်တဲ့ အဖွဲ့အစည်း တွေလည်း ရှိတယ်၊ တက်လာတဲ့ အဖွဲ့အစည်းတွေလည်း ရှိတာပေါ့နော်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ULA/AA သွားချင်သည့် နိုင်ငံ‌ရေးလမ်းကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများ၏ နိုင်ငံရေး ချည်းကပ်ပုံ၊ ချည်းကပ် နည်း မတူကြောင်း၊ ULA/AA အနေဖြင့် မိမိတို့ အင်အားကို တည်ဆောက်ကာ မိမိရည်မှန်းချက်အတိုင်း လုပ်ဆောင် သွားမည်ဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို ရလိုကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အိမ်ဖြူတော် ပြန်တက်ရလျှင် ကာပီတိုအဓိကရုဏ်း ကျေအေးမည်ဟု ထရမ့်ပြော

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s

UPDJC ယန္တရားမှာ ပျက်နေသလို ဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာအကျပ်အတည်းအတွက် IMF ဒေါ်လာ (၂.၉) ဘီလီယံပံ့ပိုးမည်

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s
ဝက်အင်းပေါက်တိုက်ပွဲရှောင်ကို တွေ့ရစဉ် (လှည်းကူးလူမှုပလက်ဖောင်း)

ဝက်အင်းပေါက် တိုက်ပွဲရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1214

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့အနီးရှိ ဝက်အင်းပေါက် တိုက်ပွဲရှောင်စခန်းတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူများ လိုအပ်နေကြောင်း တိုက်ပွဲရှောင် တစ်ဦးဖြစ်သူ ဒေါ်အေးမြစိန်က CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် အဆိုပါ တိုက်ပွဲရှောင်စခန်းရှိ ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများလည်း လိုအပ် နေကြောင်း ၎င်းက ပြောသည်။

ဒေါ်အေးမြစိန်က “ခုလောလောဆယ်က စားဝတ်နေရေး အဆင်မပြေဘူး ၊ ဆန်ရယ်၊ ဆားရယ်၊ ဆီရယ် လိုတာ ပေါ့နော်။ ပြီးတော့ ကလေးတွေ နေမကောင်းဖြစ်တဲ့ အချိန်မှာလည်း ဆေးခန်းသွားရ လာရတာက အဝေးကြီး ဆိုတော့ မသွားနိုင်ဘူးပေါ့‌။ ဒီမှာ ဆေးရုံဆေးခန်းရှိရင် ပိုကောင်းတယ်၊ ဆေးရုံဆေးခန်း မရှိရင်တောင်မှ ဆေးတွေ ဘာတွေ လှူပေးရင်ပိုကောင်း လိမ့်မယ်လို့ ထင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဝက်အင်းပေါက်တိုက်ပွဲရှောင်စခန်းကို တွေ့ရစဉ် (လှည်းကူးလူမှုပလက်ဖောင်း)

ဝက်အင်းပေါက် တိုက်ပွဲရှောင်စခန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလထဲက ရှိနေခြင်းဖြစ်ပြီး မြိုလူမျိုး အများစု နေထိုင် ကာ ချင်း၊ ကရင် ၊ ဗမာ ၊ရခိုင် အစရှိသော တိုင်းရင်းသားများလည်း နေထိုင်ကြကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအထိ ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ကြသူများ ဖြစ်ကြသည်။

ထိုတိုက်ပွဲရှောင် စခန်းတွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လက လူဦးရေ ၇၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် တိုးချဲ့ ကုက္ကိုလ်တောင်ဘက်သို့ တိုက်ပွဲရှောင် ပြည်သူတချို့ ပြောင်းရွှေ့သွားကြောင်း သိရသည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ မေလ စာရင်းအရ ဝက်အင်းပေါက် တိုက်ပွဲရှောင်စခန်းတွင် အိမ်ခြေ ၁၄၆ အိမ်ရှိပြီး လူဦီးရေ ၅၃၀ ဦး ရှိကြောင်း သိရသည်။

ဝက်အင်းပေါက်တိုက်ပွဲရှောင်စခန်းမှ ကလေးငယ်များကို တွေ့ရစဉ် (လှည်းကူးလူမှုပလက်ဖောင်း)

အဆိုပါ တိုက်ပွဲရှောင်များ နေထိုင်နေသော နေရာများသည် မြေပိုင်ရှင်များရှိကြောင်း၊ ထိုမြေပိုင်ရှင်များက ခေတ္တ နေခွင့်ပြုထား၍ နေထိုင်ရေးအတွက် အဆင်ပြေသော်လည်း စားသောက်ရေးအတွက် အခက်အခဲ ရှိနေကြောင်း ဝက်အင်းပေါက် တိုက်ပွဲရှောင်စခန်း၏ လက်ရှိတာဝန်ခံ ဦးကျော်လှထွန်းက ပြောသည်။

ဦးကျော်လှထွန်းက “အမှန်တော့ ကိုယ့်ဒေသ ကိုယ့်ရွာမှာတော့ ပြန်တော့ ပြန်ချင်ကြတာပေါ့၊ စိတ်တွေကလေ။ ဒါပေမယ့် အဲ့လိုဖြစ်လာပြီဆိုတော့ အသက်လုံခြုံရေး မရှိဘူးလေ၊ ဒါကြောင့် လူတွေက မပြန်ရဲတော့ဘူးပေါ့။ တချို့လူတွေကြတော့ ဘာပဲဖြစ်ဖြစ် လုံးဝမပြန်တော့ဘူး အဲ့လိုဖြစ်လာတယ်။ တချို့ကကြတော့ မီးမလောင်ဘဲ အဲ့လို ပြန်လေ့လာတဲ့လူတွေ ရှိတယ်။ သူတို့ကြတော့ ပြန်တဲ့လူတွေပြန်တယ်။ တစ်ရွာလုံး မီးလောင်တဲ့ ဟာတွေက တော့ အဲ့မှာကျ ပြန်သွားလို့ မရတော့ဘူး။ သွားလို့မရတော့ အဲ့လူတွေကျ မပြန်ရဲတော့ဘူး” ဟု CNI သတင်းဌာန သို့ ပြောသည်။၊

တိုက်ပွဲရှောင် စခန်းအတွင်းရှိသူများကို ကျန်းမာရေးနှင့် ပတ်သက်ပြီး အသိပညာပေး သင်တန်းပို့ချပေးရန် ပြင်ဆင်နေသော်လည်း ဆေးဝါးလိုအပ်ချက်၊ ငွေကြေး လိုအပ်ချက်များ ရှိနေသည့်အတွက် အကောင်အထည် မဖော်နိုင်သေးကြောင်း ၎င်းက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို သေနတ်ဖြင့်ချိန်ရွယ်လုပ်ကြံရန်ကြိုးပမ်းနေစဉ် (AP)

အာဂျင်တီးနားဒုသမ္မတကို လုပ်ကြံပစ်ခတ်ရန် ကြိုးစားသူအား ဖမ်းဆီးရမိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1137

CNI International News

ဗျူရိုနိုအေရိစ်၊ စက်တင်ဘာ ၂

အာဂျင်တီးနားတွင် နိုင်ငံရေးအရ ဩဇာတိက္ကမ ကြီးမားသော ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို သေနတ် ဖြင့် ချိန်ရွယ်ခဲ့သည့် အမျိုးသားတစ်ဦးကို စက်တင်ဘာ ၁ ရက်၊ ညပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ သေနတ်မှ ကျည်မထွက်သဖြင့် လုပ်ကြံသတ်ဖြတ်မှု မအောင်မြင်ခဲ့ကြောင်း သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ပြော ကြားခဲ့သည်။

“လူတစ်ယောက်က သူ့ခေါင်းကို သေနတ်နဲ့ချိန်ပြီး မောင်းခလုတ်ကို ဆွဲလိုက်တာဗျ” ဟု သမ္မတက တနိုင်ငံလုံးသို့ ထုတ်လွှင့် တင်ဆက်မှုတစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် အာဂျင်တီးနားနိုင်ငံတွင် ၁၉၈၃ ခုနှစ် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ပြီး နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်စဉ်ဟု သမ္မတက မှတ်ချက်ချလိုက်ပြီး ထိုဖြစ်စဉ်မျိုးကို ဆန့်ကျင် ကန့်ကွက်သွား ကြရန် နိုင်ငံရေး ခေါင်းဆောင်များနှင့် လူ့အဖွဲ့အစည်း တစ်ခုလုံးအား တိုက်တွန်းခဲ့သည်။

ခရစ္စတီးနား ဖာနန်ဒက်ဇ်၏ ၂၀၀၇-၂၀၁၅ ဒုတိယသမ္မတ သက်တမ်းအတွင်း အကျင့်ပျက် ခြစားမှု စွပ်စွဲချက်များ ပါဝင်သည့် အမှုနှင့်ပတ်သက်၍ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ရန် အစိုးရရှေ့နေက တောင်းဆိုခဲ့ပြီးနောက် ၎င်းကို ထောက်ခံသူများက ယခင်သီတင်းပတ်မှ စတင်၍ သူမ၏ နေအိမ်အနီးတဝိုက် လမ်းမပေါ် စုဝေးလာခဲ့ကြသည်။

ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို ထောက်ခံသူများ အထိတ်တလန့်ဖြစ်သွားစဉ် (AP)

လက်ရှိ သမ္မတနှင့် မသက်ဆိုင်သည့် ခရစ္စတီးနား ဖာနန်ဒက်ဇ်ကတော့ သူမအပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆို ထားသည်။

ပြည်တွင်း ရုပ်သံလိုင်းများမှ ထုတ်လွှင့်ခဲ့သည့် အခင်းဖြစ်ပွားပုံ ဗွီဒီယိုမှတ်တမ်းတွင် သူမသည် နေအိမ်အပြင်ဘက် ရှိ ထောက်ခံသူများ ဝန်းရံထားစဉ် မော်တော်ယာဉ်ဖြင့် မောင်းနှင်ထွက်လာရင်း ပစ္စတိုနှင့်တူသော အရာကို ကိုင်၍ လက်ဆန့်တန်းထားသူတစ်ဦးက သူမကို ချိန်ရွယ်ခဲ့ကြောင်း တွေ့ရှိရသည်။

ယင်းဗွီဒီယိုကို ထုတ်လွှင့်ပြသပြီးနောက် မကြာမီ၌ အာဂျင်တီးနားသမ္မတက ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာ အာဂျင်တီးနားမြို့တော် ဗျူရိုနိုအေရိစ်ရှိ ရီကိုလီတာ ရပ်ကွက်အတွင်း အဆိုပါ သေနတ်သမား ပေါ်ထွက်လာခြင်းကြောင့် ဒုတိယသမ္မတကို ဝန်းရံထောက်ခံသူများ တုန်လှုပ်ခြောက်ခြား သွားသည့်နည်းတူ ဒုတိယသမ္မတလည်း အထိတ်တလန့် ဖြစ်ခဲ့ရသည်။

ဒုတိယသမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်ကို တွေ့ရစဉ် (IMAGO)

သေနတ် ကိုင်ဆောင်ထားသော ယင်းအမျိုးသားကို အခင်းဖြစ်ပွားပြီး စက္ကန့်ပိုင်းအတွင်း ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့ သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ ၎င်းနှင့်အတူ သိမ်း ဆည်း ရမိသော သေနတ်ထဲမှာ ကျည်ဆန် ၅ တောင့် ထည့်ထားပြီး မောင်းခလုတ်ကို ဆွဲခဲ့သော်လည်း ပစ်ခတ် နိုင်ခဲ့ခြင်း မရှိကြောင်း သမ္မတက တိုင်းပြည်သို့ ရှင်းပြခဲ့သည်။

ဒုတိယသမ္မတဖြစ်သူမှာ ထိခိုက်ဒဏ်ရာရသည့် အရိပ်အယောင် မတွေ့ရသော်လည်း လက်ရှိ ၎င်းမှာ မည်သည့် နေရာ ရောက်နေမှန်း မသိရသေးပေ။

“သေနတ်ကိုင်ထားတဲ့လူကို ဒုသမ္မတရဲ့ လုံခြုံရေးဝန်ထမ်းက ဖမ်းထားပြီးပါပြီ” ဟု အာဂျင်တီးနား လုံခြုံရေး ဝန်ကြီး အနီဘယ်ဖာနန်ဒက်ဇ်က ပြည်တွင်း ရုပ်သံလိုင်း တစ်ခုဖြစ်သော C5N ကို ပြောကြားခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုတွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခြင်းအပေါ် ပြန်ဆွေးနွေးရန် အဆင်သင့်မဖြစ်သေးဟု RCSS ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1309

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ဆွေးနွေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပေါ် RCSS ကိုယ်စားလှယ်အဖွဲ့က ပြန်လည် ဆွေးနွေးရန် အဆင်သင့် မဖြစ်သေးဟု ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS/SSA)က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နစက၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအရ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်တွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းကောင်း၊ နစက ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

RCSS က “ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေ ခံမူများအပေါ် နှစ်ဖက် ရပ်တည်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းရန် အချိန်လိုအပ်ခြင်း၊ နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ဆွေးနွေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအပေါ် RCSS ကိုယ်စားလှယ် အဖွဲ့က ပြန်လည်ဆွေးနွေးရန် အဆင်သင့်မဖြစ်ခြင်း၊ RCSS ၏ အဆိုပြုချက်များကိုလည်း ပြန်လည် ဆွေးနွေးရန် အတွက် နိုင်ငံတော်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့က ပြင်ဆင်ချိန်လိုအပ်သဖြင့် နောင်တွေ့ဆုံပွဲများတွင် နှစ်ဖက် အဆိုပြုချက်များအား ဆက်လက် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးစဉ်

ထို့နောက် ၃ ရက်တာ တွေ့ဆုံ ဆွေးနွေးမှုတွင် လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်အတည်း ဖြေရှင်းရေး အတွက် RCSS ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ RCSS ၏ ဖက်ဒရယ်အခြေခံမူများ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသခံ ပြည်သူလူထု အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် အခြေအနေများကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဆွေးနွေးခဲ့သည်။

အလားတူ နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား(၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား(၂) ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဥပဒေပြုစာရင်း၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း(၁၊ ၂၊ ၃)ပါ သဘောတူညီချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာသုံးသပ်ချက်များနှင့် အခြား အကြောင်းအရာများကို ဆွေးနွေးရှင်းလင်းခဲ့ သည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အလွတ်သဘော ဆွေးနွေးပွဲများလည်း ပြုလုပ်သင့်ကြောင်း၊ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်သည့် ဆွေးနွေးပွဲများ ဖြစ်ရန်လိုအပ်ကြောင်း၊ ပါဝင်သင့် ပါဝင်ထိုက် သူများ အားလုံးပါဝင်သော ဆွေးနွေးပွဲဖြစ်ရန်လည်း လိုအပ်ကြောင်း စက်တင်ဘာ ၁ ရက်နေ့က ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72
  • 73

Page 69 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar