CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ နိုင်ဟံသာကိုတွေ့ရစဉ် (NCA-S EAO)

PPST ၏ ဦးဆောင်နာယက တာဝန်လက်ခံမှု ပြန်ရုပ်သိမ်းဟု KNU ဥက္ကဋ္ဌပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1224

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)၏ ဦးဆောင် နာယက အဖြစ် လက်ခံထားမှုကို ပြန်လည် ရုပ်သိမ်းပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၁ ရက်နေ့က KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပခဲ့ရာ PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ကို လိုက်နာခဲ့သည်ဟု PPST သို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

PPST က အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်ရေးအရ ဦးဆောင်နာယကအဖြစ် တာဝန်ယူပေးရန် ကမ်း လှမ်းခဲ့ခြင်းကို လက်ခံကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဩဂုတ် ၄ ရက်နေ့စွဲဖြင့် PPST ထံ စာပေးပို့ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (EPA)

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက "ကျနော်၏ ကိုယ်ပိုင်သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြု ဘဲ ပုဂ္ဂိုလ်အရလွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ဩဂုတ် ၃၁ ရက်တွင် ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ကျနော်သည် PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန် မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်”ဟု PPST သို့ ပေးပို့သော စာတွင် ဖော်ပြထားသည်။

ထို့နောက် KNU ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သော ကျနော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဉပဒေ၊ နည်းဉပဒေများကို တာဝန်ခံထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ “မူ”၊ လမ်းစဉ်အား ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်ယူရန် သဘောတူသည့် ပေးစာအား ပြန်လည် ရုပ်သိမ်းပါကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST သို့ စာတစ်စောင် ပေးပို့ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို NCA-S EAO Summit မှာတွေ့ရစဉ် (NCA-S EAO)

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် PPST ကို စတင် ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် နုတ်ထွက်သွားခဲ့သည်။

လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။

ကျန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုး သားတပ်ဦး(CNF)တို့က အဖွဲ့အဝင်များအဖြစ် ပါဝင်မှုကနေ ရပ်နားထားကြောင်း သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ကိုတွေ့ရစဉ်

UPDJC ယန္တရားမှာ ပျက်နေသလို ဖြစ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1347

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ ယန္တရားမှာ ပျက်နေသလို ဖြစ်နေကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

UPDJC ဆိုသည့် အသုံးအနှုန်းကို နစက ကိုယ်တိုင်လည်း မသုံးသလို လက်ရှိ အခြေအနေမှာ UPDJC ယန္တရား ပေါ်မလာကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “အခုဟာက UPDJC အသုံးအနှုန်းကို နစက ကိုယ်၌ကိုက မသုံးဘူး။ ဘာကြောင့်လဲဆိုတော့ UPDJC ဆိုတာက အစိုးရ၊ တပ်၊ လွှတ်‌တော်က တစ်စု၊ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်များက တစ်စု၊ နိုင်ငံရေးပါတီများက တစ်စုဆိုပြီးတော့ ၃ စုပေါင်းမှ UPDJC လို့ ကျနော်တို့က သတ်မှတ်လို့ ရတာဖြစ်တဲ့ အတွက်ကြောင့် အခုအခြေအနေမှာ UPDJC ဆိုတဲ့ ယန္တရားကိုယ်၌က ပေါ်မလာဘူး။ ပျက်သလိုဖြစ်နေတယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒါ UPDJC ဆိုတာကို နစက-ကလည်း မသုံးဘူးဆိုတာ ကျ‌နော်က သတိထားမိတယ်” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည် ဦးဆောင်သည့် NSPNC ကိုတွေ့ရစဉ်

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ(NSPNC)တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက်က UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်ရွေးချယ်ခဲ့သည်။

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ NSPNC နှင့် တစ်လတွင် တစ်ကြိမ် တွေ့ဆုံဆွေးနွေးနေကြောင်း UPDJC နိုင်ငံ‌ရေးပါတီများ အစုအဖွဲ့မှ အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်ချိုချိုကျော်ငြိမ်းက “နစက-က တာဝန်ယူပြီး လုပ်ပေးတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တရားမျှတတယ်လို့ လက်ခံပြီးတော့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းပဲ၊ အတွင်းရေးမှူးကလည်း အန်တီပဲ ပြန်ဖြစ်ပါတယ်။ ဆိုတော့ သားပြော တာ မှားတယ်၊ သားတို့ ကြားတာတွေက မဟုတ်ပါဘူး။ အမြဲတမ်းပဲ သူတို့ (နစက) နဲ့လည်း တွေ့နေပါတယ်။ သူတို့ကလည်း အန်တီတို့ဆီက အကြံဥာဏ်တွေ ယူနေပါတယ်” ဟု ပြောသည်။

NSPNC နှင့် UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ တွေ့ဆုံ ဆွေးနွေးစဉ်

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ စိုင်းအိုက်ပေါင်းက တာဝန်ယူထားပြီး အတွင်းရေးမှူးအဖြစ် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တာဝန်ယူထားကြောင်း၊ တခြားသော ကိုယ်စားလှယ်များကတော့ အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားကြောင်း သိရ သည်။

UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရ မည်ဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရ-တပ်မတော်-လွှတ်တော်ဘက်မှ ကိုယ်စားလှယ် များ ဖွဲ့စည်း ထားခြင်း မရှိသေးသလို နိုင်ငံရေးပါတီများဘက်ကလည်း ယခု UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ သည် နိုင်ငံရေးပါတီများ အားလုံးကို ကိုယ်စားပြုမှု ရှိ/မရှိ အငြင်းပွားနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အီတလီရှိ ယူကရိန်းသမ္မတ၏အိမ်ကို ရုရှားနိုင်ငံသားများထံ ငှားရမ်းထား

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

ရုရှားတွင် မိမိကိုယ်သာ အားကိုးစရာရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

By CNI
CNI
Category: Watch TV
Hits: 760

Share
Tweet
Share
Share
powered by social2s

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ နယူးယောက်တွင်‌ သေနတ်ကိုင်ဆောင်ခွင့် တားမြစ်

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

KIA၊ PDF က စစ်တပ်ကို မတိုက်ဘဲ SNA အား ဦးတည်တိုက်ခိုက်လာဟု ပြော

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ NSPNC တွေ့ဆုံစဉ် မိန့်ခွန်းပြောနေခြင်း

သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်မည့် ဆွေးနွေးပွဲများ ဖြစ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1070

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

ဆွေးနွေးပွဲများ၏ အခင်းအကျင်းကို ပြင်ဆင်သည့်အခါ သူ့ဘက်ကိုယ့်ဘက် မျှမျှတတဖြစ်မည့် ဆွေးနွေးပွဲများ ဖြစ်ရန် လိုအပ် သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့က RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ဗိုလ်ချုပ်ကြီးယွက်စစ်က “ ဆွေးနွေးညှိနှိုင်းရာမှာ တရားဝင်ပွဲတွေ ကျင်းပသလို အလွတ်သဘောပွဲတွေကိုလည်း မကြာခဏ လုပ်ပေးဖို့လိုအပ်ပါတယ်။ ဆွေးနွေးပွဲရဲ့ အခင်းအကျင်းကိုလည်း နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေတဲ့ အခင်းအကျင်းမျိုး ဖြစ်အောင်လည်း နှစ်ဖက်ညှိနှိုင်းပြီး စီစဉ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့လိုချင်တဲ့ ရလဒ် မျိုးရရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ သူ့ဖက်ကိုယ့်ဖက် မျှမျှတတ ဖြစ်စေဖို့လည်း ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်၏ မိန့်ခွန်းပါ ကောက်နုတ်ချက်တချို့ကို RCSS ၏ သတင်းပြန်ကြားရေးဌာနအောက်ရှိ Tai Freedom ကနေရေးသားဖော်ပြထားသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ ယုံကြည်မှု တည်ဆောက်ခြင်းဟာ အဓိကကျပါတယ်၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးအတွက် နှစ်ဦးနှစ်ဖက်က လက်တွေ့လုပ်ဆောင်ပြရမှာ ဖြစ်ပါတယ်၊ ဆွေးနွေးညှိနှိုင်းတဲ့ နေရာမှာလည်း သူ့မူကိုယ့်မူကို အလျှော့အတင်းလုပ်ပြီး ညှိနှိုင်းမှသာ ကောင်းမွန်တဲ့ရလဒ်၊ နှစ်ဦးနှစ် ဖက်အတွက် Win Win Solution ရရှိမှာ ဖြစ်ပါတယ်၊ ငြမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်တည်း တစ်ဖွဲ့ တစ်စည်းတည်း တဘက်တည်းနဲ့ ဆောင်ရွက်တာ မရနိုင်သလို ထိုက်သင့်တဲ့ ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ များများ ပါဝင်လာနိုင်ရေးကိုလည်း မိမိတို့ စီစဉ်ဖန်တီးပေးဖို့ လိုအပ်ပါတယ်”ဟု နောက်ဆုံးပိတ် မိန့်ခွန်း ပြောစဉ် ထည့်သွင်း ပြောသွားခဲ့သည်။

RCSS နှင့် NSPNC ဆွေးနွေးနေခြင်း

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၉ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် နစက အဖွဲ့ဝင်များပါဝင်သော ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ ဆက် လက် ဆွေးနွေးခဲ့ကြသည်။

RCSS သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဗရော့လ်ကို တွေ့ရစဉ် (Tass)

ရုရှားတွင် မိမိကိုယ်သာ အားကိုးစရာရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1363

CNI International News

မော်စကို၊ စက်တင်ဘာ ၁

သမိုင်းဝင်ကာလတစ်ခုကို အချိန်ကြာမြင့်စွာ ဖြတ်သန်းနေရသည့် ရုရှားနိုင်ငံအတွက် မိမိကိုယ်သာ အားကိုးစရာ ရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး လာဗရော့လ်က ဩဂုတ် ၃၁ ရက်၌ ကျင်းပသည့် Znaiye ပညာရေး မာရသွန် (ဗဟုသုတ)ဟောပြောပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ကျနော်တို့မြင်တဲ့ အတိုင်းပါပဲ။ ရုရှားရဲ့ အထူးစစ်ဆင်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်တာကို အနောက်အုပ်စုက ကမ္ဘာနဲ့ချီပြီး ကျနော်တို့ အားပျော့သွားအောင် ရည်ရွယ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ဒီလို ရည်ရွယ် လုပ်ဆောင်တာဟာ ကျနော်တို့နိုင်ငံကို ယိုင်လဲစေဖို့ဆိုတာ အနောက်အုပ်စုနိုင်ငံ တွေက နိုင်ငံရေးသိပ္ပံပညာရှင်တချို့လည်း ဝန်ခံကြပါတယ်” ဟု လာဗရော့လ်က ပြောကြားခဲ့သည်။

“အခုဖြတ်သန်းနေရတဲ့ ခေတ်ကာလမှာ၊ အတိအကျပြောရရင် သမိုင်းတွင်မယ့် ကာလရှည်ကြီးမှာ … ကျနော်တို့ ဟာ ကိုယ့်ကိုယ်ကို အားကိုးဖို့ကလွဲလို့ တခြားမရှိဘူးဆိုတာ နားလည်ဖို့ ပြင်ဆင်ထားရမယ်” ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

နေတိုး အထွေထွေအတွင်းရေးမှူးကိုတွေ့ရစဉ် (GETTY IMAGES)

အနောက်အုပ်စု၏ စေ့စပ်ညှိနှိုင်းနိုင်မှုနှင့် ကတိကဝတ်များ ထိန်းသိမ်းနိုင်စွမ်း ကင်းမဲ့ခြင်းကို ရုရှား ကောင်းစွာ သဘောပေါက်ကြောင်း၊ အနောက်အုပ်စုသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်(နေတိုး)အဖွဲ့ကို အရှေ့ဘက်သို့ ချဲ့ထွင်ရန်နှင့် လုံခြုံရေးမူဝါဒများကို မလိုက်နာဘဲ အမှိုက်ပုံးထဲ ထည့်ခဲ့ကြကြောင်း လာဗရော့လ်က အလေးပေး ပြောကြားခဲ့သည်။

“အမေရိကန်နဲ့ သူ့ရဲ့ ဥရောပမဟာမိတ်တွေ၊ တခြားမဟာမိတ်တွေ ချိုးဖောက်ခဲ့ကြတဲ့ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အခြေခံမူတွေ၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုတွေကို ကျနော်တို့က လေးစားလိုက်နာပြီးတော့ ရှေ့ဆက်ရမယ့် အစီအစဉ်တွေကို ချဲ့ထွင်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ရုရှားဆန့်ကျင်ရေး၊ ရုရှားမုန်းတီးရေး ကိုင်စွဲပြီး နိုင်ငံရေးပင်မ ရေစီးကြောင်းထဲ နေ့စဉ် ဖိအားတွေရှိနေပေမယ့် ကျနော့်ဘက်မှာ ကုလသမဂ္ဂပဋိညာဉ် စာတမ်းတင်မကဘဲ ကျနော်တို့နဲ့အတူ ရပ်တည်ပေးတဲ့ နိုင်ငံတွေ အုပ်စုလိုက် ရှိပါသေးတယ်” ဟု လာဗရော့လ်က ပြောကြားရင်း ၎င်း၏မိန့်ခွန်းကို နိဂုံးချုပ်ခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
SNA ၊ KIA၊ PDF တို့ကိုတွေ့ရစဉ်

KIA၊ PDF က စစ်တပ်ကို မတိုက်ဘဲ SNA အား ဦးတည်တိုက်ခိုက်လာဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2959

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ‌ဒေသကာကွယ်ရေးတပ် (PDF) တို့ အနေဖြင့် စစ်တပ်ကို မတိုက်ဘဲ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)အား ဦးတည်တိုက်ခိုက်လာနေကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းနီမျိုးနွယ်စုများ နေထိုင်ရာဒေသတွင် KIA မှ ဦးဆောင်၍ တိုက်ပွဲဖော်ဆောင်လာကြောင်း၊ ရှမ်းနီမျိုးနွယ်စု အလုံးစုံ ပျက်သုဉ်းရေးကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက “KIA နဲ့ KIA၊ PDF တွေက စစ်ကောင်စီကို မတိုက်ဘဲနဲ့ ကျ‌နော်တို့ SNA ကို ဦးတည် ပြီး တိုက်ခိုက်နေတာက ဘာကြောင့်လဲဆိုလို့ရှိရင် ကျနော်တို့ SNA ထိန်းချုပ်နယ်မြေတွေ နံပါတ်တစ် အချက်ပေါ့ ဗျာ၊ ကျနော်တို့ SNA ထိန်းချုပ်နယ်မြေတွေ ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေ ကြွယ် ဝ နေတယ်၊ ဒီဟာတွေကို KIA က ထိုးဖောက် ဝင်ရောက်ချင်နေတာ ကြာပြီဗျ။ ကြာတဲ့အခါကြတော့ သူတို့က အခု နိုင်ငံရေး အကျပ်အတည်းကာလမှာ PDF ကို အသုံးချပြီးတော့ ဝင်ရောက်လာတာ ဖြစ်တယ်၊ ဒါက တစ်ချက်။ နောက်တစ်ချက်ကြတော့ သူတို့ အခုတိုက်ပွဲ ပုံဖော်နေတဲ့ နေရာတွေ အကုန်လုံးက ရှမ်းနီမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒေသတွေနဲ့ ကျနော်တို့ ထိန်းချုပ်နယ်မြေတွေမှာပဲ KIA က ဦးဆောင်ပြီး တိုက်ပွဲတွေ ပုံဖော်နေတယ်၊ ဒါက ဘာလဲ ဆိုလို့ရှိရင် သေကြေထိခိုက်ဒဏ်ရာရ မြို့ရွာတွေ ပျက်စီး၊ ဒေသပျက်စီး၊ စစ်ဘေးစစ်ဒဏ်ခံရဆိုတဲ့ ကိစ္စတွေ အကုန် လုံးကို ကျနော်တို့ ရှမ်းနီမျိုးနွယ်စုတွေနဲ့ ရှမ်းနီမျိုးနွယ်စုတွေ အများဆုံးနေထိုင်တဲ့ ‌ဒေသကလူတွေပဲ ခံရစေ၊ သူတို့ ကချင်တွေ ရှိတဲ့ နေရာမှာ ဒီဒုက္ခ၊ ဒုက္ခတွေ၊ စစ်ဘေးစစ်ဒဏ်တွေ မခံရစေနဲ့ ဆိုတဲ့ ပုံစံမျိုးကို ဦးတည်ထားသလို ရှမ်းနီမျိုးနွယ်စုအားလုံး အလုံးစုံပျက်သုဉ်းရေးကို သူတို့ ဦးတည်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်နေတယ်လို့လည်း ပြောလို့ ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့အတွင်းကို တွေ့ရစဉ်

ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းက ဗန်းမောက်မြို့နယ် အရှေ့ကုန်းရွာကို KIA၊ PDF ပူးပေါင်းတပ်နှင့် SNA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိ ဗန်းမောက်မြို့နယ်တွင် KIA၊ PDF တို့က ကျေးရွာတစ်ရွာကို လူ ၅ ယောက်ပေးရန် တောင်းခံနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း CNI အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ဗန်း‌မောက်မြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်၍ မိမိတို့ အနေဖြင့် မကြားမိသေးကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့ အခုလောလောဆယ်တော့ SNA နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မကြားမိဘူး ခင်ဗျ၊ အဲဒါတော့ ကျနော်တို့တော့ မကြားမိဘူး။ စစ်ကိုင်းဖက်ခြမ်းမှာပါ၊ စစ်ကိုင်းနယ်စပ်ဖက်မှာပေါ့နော်၊ ဆို တော့ အခုလောလောဆယ်တော့ ကျနော်တို့ဆီမှာ ဘာမှ သတင်းက သူတို့ တင်ပြတာ မရှိသေးဘူး။ ကျနော်တို့ လည်း အဲဒီဟာ အသေးစိတ်ကတော့ ဘာမှမသိဘူး။ သတင်းအစအနတောင်မှ အခုလိုက်လို့ မရသေးဘူး” ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ် 

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ SNA ၏ ရှေ့တန်း စခန်းတစ်ခု ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

အလားတူ ဩဂုတ် ၂၃ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် နမ့်သောင်ကျေးရွာအနီးရှိ SNA ၏ စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်စလုံးထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် တိုင်းမ်ရင်ပြင်တွင် သေနတ်ကိုင်ဆောင်ခွင့်ကို တားမြစ်ထားသည့် ကြေငြာဆိုင်းဘုတ်ကို ကပ်နေစဉ်(ဓါတ်ပုံ-အေပီ)

တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ နယူးယောက်တွင်‌ သေနတ်ကိုင်ဆောင်ခွင့် တားမြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1481

CNI International News

နယူးယောက်၊ စက်တင်ဘာ ၁

နယူးယောက်မြို့၏ တိုင်းမ်ရင်ပြင် (Times Square) တွင် တောက်ပသော မီးရောင်များနှင့် အီလက်ထရောနစ် ကြော်ငြာဘုတ်များအကြား လူစည်ကားရာ လမ်းဆုံများ၌ မြို့အာဏာပိုင်များက ‘သေနတ်ကင်းမဲ့ဇုန်’ ဟု ရေး ထားသည့် ဆိုင်းဘုတ်များကို စိုက်ထူလိုက်ကြကြောင်း စက်တင်ဘာ ၁ ရက်တွင် အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

စက်တင်ဘာ ၁ ရက်တွင် စတင် အသက်ဝင်သည့် နယူးယောက်ပြည်နယ် ဥပဒေသစ်အရ သေနတ်ကိုင်ဆောင်ခွင့် ကို ပန်းခြံများ၊ ဘုရားကျောင်းများ၊ ပြဇာတ်ရုံများ အပါအဝင် ထိလွယ်ရှလွယ်သော အများပြည်သူဆိုင်ရာ နေရာ များမှာ တားမြစ်လိုက်ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လတွင် အမေရိကန် တရားရုံးချုပ်က သေနတ်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ခဲ့ ပြီးသည့်နောက် ယခုကဲ့သို့ တင်းကြပ်သည့်အစီအမံများကို ချမှတ်ကျင့်သုံးလာခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့် တားမြတ်သည့် ဆိုင်းဘုတ်နှင့်အတူ တိုင်းမ်ရင်ပြင်ရှိ လမ်းမ(ဓါတ်ပုံ-အေပီ)

သေနတ်ကိုင်ဆောင်ခွင့်လျှောက်ထားသူများသည် သင့်လျော်သောအကြောင်းပြချက် ခိုင်လုံရန် လိုအပ်မည် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် နယူးယောက်ပြည်နယ်သည်လည်း အထက်တရားရုံး၏တားမြစ်ချက်အရ သေနတ် ကိုင်ဆောင်ခွင့်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားသော ဆယ်ဂဏန်းမျှရှိသည့် ပြည်နယ်များစာရင်းထဲတွင် ပါဝင်သွားခဲ့ သည်။

ယခုအစီအမံသစ်နှင့်စပ်လျဉ်း၍ မိမိနှင့်ပြည်နယ်လွှတ်တော်မှ ဒီမိုကရက်တစ်ပါတီဝင်အမတ်များသည် လာမည့် ရက်သတ္တပတ်တွင် အရေးယူကိုင်တွယ်မှုများ ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကာသီဟိုချွဲက ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသို့ အရေးယူသွားမည့်အကြောင်းရင်းမှာ ပြည်နယ် အတွင်း ပုန်းလျှိုးကွယ်လျှိုး လက်နက်ကိုင်သူ၏အန္တရာယ်မှ မိမိတို့နိုင်ငံသားများကို ဥပဒေဖြင့် အကာအကွယ် ပေးနိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နယူးယောက် မြို့တော်ဝန် အဲရစ်အဒမ်ကို “Gun Free Zone” အားအကောင်အထည်ဖော်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

သို့သော် သေနတ်ကိုင်ဆောင်သူများဆိုင်ရာဥပဒေသည် ရှုပ်ထွေးမှုများရှိနေခဲ့ပြီး တရားရုံးတွင် စိန်ခေါ်စရာလည်း ဖြစ်လာခဲ့သည်။ သေနတ်ကိုင်ဆောင်သူအချို့က ယင်းဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို လွဲမှားစွာ ကန့်သတ်ထားကြောင်း စောဒကတက်ခဲ့ကြသည်။

“သူတို့က သေနတ်နဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြေ နည်းပုံရပါတယ်။ အဲဒီတော့ လူတွေ သေနတ်မကိုင်နိုင်အောင် တားဆီးဖို့ ဥပဒေရေးဆွဲထားပုံလည်း ရတယ်။ တကယ်လို့ သေနတ်ကိုင်တဲ့သူတွေဟာ တရားဥပဒေကို လေးစားလိုက်နာပြီး ထက်မြက်တဲ့နိုင်ငံသားတွေ ဖြစ်နေရင်တောင်မှ တရားရုံးချုပ်က သူတို့ရဲ့ရပိုင်ခွင့် ပေးအပ်ရမှာဖြစ်ပါတယ်” ဟု ဂျွန်သန်ကော်ဘက် (Jonathan Corbett) က ဝေဖန်ခဲ့သည်။

၎င်းသည် ဘရွတ်ကလင်းမှ ရှေ့နေတစ်ဦးဖြစ်ပြီး ယခုဥပဒေအတွက် တရားရုံးတွင် စိန်ခေါ်သူအများအပြားထဲမှ တစ်ဦးဖြစ်သည်။

Source: AP

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးနဲ့ သူ၏ နေအိမ်ကို တွေ့ရစဉ် (GETTY IMAGES

အီတလီရှိ ယူကရိန်းသမ္မတ၏အိမ်ကို ရုရှားနိုင်ငံသားများထံ ငှားရမ်းထား

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1674

CNI International News

ရောမ၊ စက်တင်ဘာ ၁

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် အီတလီနိုင်ငံ၊ တက်ကန်နီ (Tuscany) ဒေသရှိ ၎င်း၏ဇိမ်ခံအိမ်ကို ရုရှား နိုင်ငံသားများထံ ငှားရမ်းခဲ့ကြောင်း အီတလီပြည်တွင်း၌ ထုတ်ဝေသည့် အီတီရန်နို (II Tirreno) သတင်းစာမှ ဩဂုတ် ၃၁ ရက်တွင် ရေးသားခဲ့သည်ဟု အာရ်တီသတင်းဌာနက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ဇာလန်းစကီးသည် ရုရှားခရီးသွား ဧည့်သည်များ၏ ပြည်ဝင်ခွင့်(ဗီဇာ)များကို ငြင်းပယ်ရန် ဥရောပသမဂ္ဂ (EU) အုပ်စုဝင်နိုင်ငံများထံသို့လည်း တောင်းဆိုခဲ့သည်။

လန်ဒန်မြို့ နေရပ်လိပ်စာ ပေးထားသည့် ရုရှားလူမျိုး စုံတွဲတစ်တွဲသည် ပြီးခဲ့သည့် ဩဂုတ်လ၌ ဇာလန်းစကီး ပိုင်ဆိုင်သည့် နေအိမ်ကို ယူရိုငွေ ၅၀,၀၀၀ (၅၀,၂၃၇ ဒေါ်လာ)ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြောင်း အီတီရန်နို သတင်းစာက ဆက်လက် ရေးသားထားသည်။

သတင်းထောက်များ အီတလီရှိ ဇာလန်းစကီးနေအိမ်ရှေ့မှာ သတင်းတင်ဆက်နေစဉ်(Reuters)

အီတလီနိုင်ငံ၊ ပင်လယ်ကမ်းခြေမြို့လေးဖြစ်သော ဖော်တစ်တီးမာရမီ (Forte dei Marmi)တွင် တည်ရှိသော ဇိမ်ခံရိပ်သာနေအိမ်ကို ဇာလန်းစကီးက ယူရိုငွေ ၄ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ ထိုစဉ်က သရုပ်ဆောင်အလုပ် လုပ်ကိုင်နေဆဲ အချိန်ဖြစ်ကြောင်း သိရသည်။

ငှားရမ်းနေထိုင်ခဲ့ကြသည့် စုံတွဲ၏ လူမှုကွန်ရက်ပေါ် တင်ထားသော ဓာတ်ပုံများသည် ဇာလန်းစကီး ပိုင်ဆိုင်သည့် နေအိမ်တွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်း အီတီရန်နိုသတင်းစာက အတည်ပြုခဲ့သည်။

အခြား အီတလီ သတင်းစာ တစ်စောင်ဖြစ်သည့် ကိုရေးဒယ်လာစီရာတွင်လည်း “အိမ်ငှားတွေက ရုရှားလူမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုယ်ရေးကိုယ်တာဖြစ်လို့ ကျနော့်ကို တားမြစ်ထားတဲ့အတွက် ထုတ်ပြောလို့ မရပါဘူး” ဟု ၎င်းနေအိမ်ကိစ္စ စီမံနေသည့် အိမ်ခြံမြေ အကျိုးဆောင်သမား၏ ပြောကြားချက်ကို ဖော်ပြထားသည်။

၎င်းအိမ်ငှားများသည် ရုရှားနွယ်ဖွားများ ဖြစ်နိုင်သော်လည်း မူလနေရပ်လိပ်စာမှာ အင်္ဂလန်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဆက်လက် ရေးသားထားသည်။

 ဇာလန်းစကီးနဲ့ ဉရောပခေါင်းဆောင်များကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားတပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ယူကရိန်းသို့ ကျူးကျော်လာပြီးကတည်းက ဇာလန်းစကီးသည် ရုရှားခရီးသွား ဧည့်သည်များကို ခရီးသွားဗီဇာ ပိတ်ပင်ရန် EU နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ရုရှားပြည်သူများအနေဖြင့် ၎င်းတို့အတွေးအခေါ် အယူအဆ မပြောင်းမချင်း သူတို့၏ သီးခြားကမ္ဘာထဲတွင်သာ နေထိုင်သင့်ကြောင်း ဇာလန်းစကီးက ဩဂုတ်လ အစောပိုင်းတွင် ဝါရှင်တန်ပို့စ် မီဒီယာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ယခင်မတ်လကလည်း ဇာလန်းစကီးက “ရုရှားလူမျိုးများ ပိုင်ဆိုင်သော အိမ်ခြံမြေနှင့် လူမှုကွန်ရက် account များကို ပိတ်ပင်သွားရန်” အီတလီအစိုးရကို တောင်းဆိုခဲ့သေးသည်။

မော်စကို၏ ယူကရိန်း စတင်ကျူးကျော်စဉ်ကပင် EU နိုင်ငံများနှင့် ရုရှားတို့အကြား လေယာဉ်ပျံသန်း ပြေးဆွဲခြင်း အားလုံး ရပ်ဆိုင်းခဲ့ပြီး EU တစ်နိုင်ငံချင်းနှင့် ရုရှားတို့အကြား ဗီဇာကိစ္စ ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဩဂုတ် ၃၁ ရက်တွင် ဖြတ်တောက်ခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

အကြမ်းမဖက်နိုင်ငံရေးကသာ လူထုအားလုံးပါဝင်နိုင်ဟု ဦးကိုကိုကြီးပြော

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

ရုရှားဓာတ်ငွေ့ ရပ်တန့်၍ ဥရောပတွင် စွမ်းအင် တဖြည်းဖြည်းကျပ်တည်းလာ

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

ပါကစ္စတန်ရေဘေးအတွက် ရန်ပုံငွေ ဒေါ်လာသန်း ၁၆၀ ရရှိရန် UN ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

စစ်တပ်က ဘီလူးဆိုင်းတီးလုပ်ရင် လူထုက AA နဲ့ ပူးပေါင်းလာမှာပဲ

By CNI
CNI
Category: Exclusive Interview
Hits: 1003

Share
Tweet
Share
Share
powered by social2s
ဂေါ်ဘာချော့ဗ်ကို တွေ့ရစဉ် (Reuters)

ဂေါ်ဘာချော့ဗ် ကွယ်လွန်ခြင်းကနေ ရုရှားအပေါ် အမေရိကန်အမတ်များ အခွင့်ကောင်းယူ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1317

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၃၁

ဆိုဗီယက်ပြည်ထောင်စု သမ္မတဟောင်း မီးခေးလ်ဂေါ်ဘာချော့ဗ်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၌ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများက အတည်ပြု ရေးသားခဲ့ကြသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သည့် ဂေါ်ဘာချော့ဗ်သည် ဆိုဗီယက်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၈၅ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့ပြီး စစ်အေးခေတ်ကို အဆုံးသတ်စေခဲ့သည့် ဆိုဗီယက်နောက်ဆုံး ခေါင်းဆောင်ဟောင်းလည်း ဖြစ်ခဲ့သည်။

သူကွယ်လွန်သွားသည့် သတင်းကြောင့် လက်ရှိ တာဝန်ထမ်းဆောင်နေသူများနှင့် အငြိမ်းစား အမေရိကန် အစိုးရ အရာရှိဟောင်းများက ၎င်း၏ ဆောင်ရွက်ချက်များအပေါ် ချီးကျူးပြောကြားခဲ့ကြကြောင်း၊ အချို့ကတော့ လက်ရှိ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဝေဖန်ထိုးနှက်ရန်နှင့် ပူတင်၏ နိုင်ငံရေးရန်သူများကို ချီးကျူးထောပနာပြုရန် အခွင့်ကောင်းယူခဲ့ကြကြောင်း အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ပက်ထရစ်လီယာဟေး (Reuters)

ဂေါ်ဘာချော့ဗ်သည် ဒီမိုကရေစီအရေး၊ အမေရိကန်-ဥရောပတို့နှင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကို လက်ခံခြင်းဖြင့် ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီမှ ဘော့မီနန်ဒက်ဇ် (နယူးဂျာစီပြည်နယ်မှ ဒီမိုကရက်တစ်ပါတီဝင်) က တွစ်တာလူမှုကွန်ရက်ပေါ် ရေး သား လွှင့်တင်ခဲ့သည်။

“ဥရောပမြေပုံကို ပူတင် ပြန်လည်ပြင်ဆင် ရေးဆွဲနေခြင်းကြောင့် ယနေ့ ငရဲကျနေရသည့် ရုရှား ပြည်သူများ အတွက် ဝမ်းနည်းမိကြောင်း၊ ဂေါ်ဘာချော့ဗ်သည် ပကတိတရားကို ရင်ဆိုင်ရန် မကြောက်ဘဲ သူ့နိုင်ငံနှင့် ကမ္ဘာ အတွက် ရှေ့သို့ချီတက်နိုင်ရန် အပြုသဘောဆောင်၍ လူသားဆန်၊ ရဲရင့်သော ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း” အမေရိကန်အထက်လွှတ်တော်အမတ် ပက်ထရစ်လီယာဟေး (ဗားမောင့်ပြည်နယ်မှ ဒီမိုကရက် တစ်ပါတီဝင်)က ထုတ်ဖော် ပြောကြားခဲ့သည်။

ပူတင်နဲ့ ဂေါ်ဘာချော့ဗ်ကို တွေ့ရစဉ် (AP)

၎င်းသည် ဂေါ်ဘာချော့ဗ်နှင့် လူချင်းတွေ့ဆုံခဲ့ဖူးသူ ဖြစ်သည်။

“သူဟာ ရုရှားနိုင်ငံ ခေတ်မီစေရမယ်လို့ ယုံကြည်ချက်ရှိပြီးတော့ ပူတင်လိုမျိုး စစ်ရာဇဝတ်မှုတွေ ဘယ်တော့မှ လုပ်မယ့်လူ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

အိမ်ဖြူတော်တွင် ၂၀၀၉ ခုနှစ်တုန်းက ဂေါ်ဘာချော့ဗ်နှင့် တွေ့ဆုံခဲ့ဖူးသော လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဩဂုတ် ၃၀ ရက်၊ ည ၈ နာရီအထိ တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးပေ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကိုဒိုလီဇာရိုက်က “ဂေါ်ဘာချော့ဗ် ကွယ်လွန်သည့်သတင်း ကြားသိရ၍ ဝမ်းနည်းမိကြောင်း” တွစ်တာတွင် ရေးသားခဲ့သည်။

“သူဟာ သူ့လူမျိုးအတွက် ပိုကောင်းတဲ့ ဘဝတစ်ခု စွမ်းဆောင်ဖို့ ကြိုးစားခဲ့သူပါ။ သူသာ သတ္တိမရှိရင် စစ်အေး တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူး” ဟု ၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သည့် ရိုက်က ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72
  • 73
  • 74

Page 70 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar