CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁ ရက် နေပြည်တော်ရောက်လာတဲ့ PNLO- ALP- LDU ကိုယ်စားလှယ်အဖွဲ့များ

PNLO၊ ALP၊ LDU တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1468

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက် တစ် အစည်းအရုံး(LDU)မှ ခေါင်းဆောင်များသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် သြဂုတ် ၂၁ ရက်က နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် တွေ့ဆုံ ဆွေးနွေးမှုကို သြဂုတ် ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ALP မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

PNLO အဖွဲ့ကို ဥက္ကဋ္ဌဖြစ်သူ ခွန်သူရိန်က လည်းကောင်း၊ ALP အဖွဲ့ကို ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက လည်းကောင်း၊ LDU အဖွဲ့ကို အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က လည်းကောင်း ဦးဆောင် လာခဲ့ ကြောင်း သိရသည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုသည် နစက၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်သည်။

 ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က PNLO မှ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

ပထမအကြိမ် ငြိမ်းချမ်းရေး တွေ့ဆုံမှုကို ဇွန်လ ၁၃ ရက်နေ့က ALP မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း၊ ဇွန်လ ၁၅ ရက်နေ့က PNLO မှ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း၊ ဇူလိုင် ၇ ရက်နေ့က LDU မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သော ကိုယ်စားလှယ်နှင့် နစကဥက္ကဋ္ဌကြား လည်းကောင်း အသီးသီး တွေ့ဆုံ ထားပြီး ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မီးရှို့ဖျက်ဆီးခံလိုက်ရသော မြန်မာ့တပ်မတော်စခန်း (Karenni Army Center-Kn.A.C)

ရှမ်း-ကယားနယ်စပ်က တပ်မတော်စခန်းကို ကရင်နီအဖွဲ့များ သိမ်းပိုက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2229

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ်အတွင်းရှိ ရှမ်း-ကယားနယ်စပ်က မြန်မာ့တပ်မတော်၏ ခြေကုပ် စခန်းတစ်ခုကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) B17-B14 တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သြဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စခန်းသည် မြန်မာ့တပ်မတော်၏ ခြေကုပ်စခန်းပွိုင့်အမှတ် ၅၃၅၀ (ဒေသအခေါ် တငူးဆို စခန်း)ဟု ကရင်နီတပ်မတော်(KA)၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

၎င်းထုတ်ပြန်ချက်တွင် “စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ စစ်အာဏာသိမ်းပြီးနောက် ရှားတောမြို့နယ်အတွင်း စကစ ကြားစခန်း အပါအဝင် ခြေကုပ်စခန်း(၈)ခု သိမ်းပိုက်ရရှိခဲ့ပါသည်”ဟု ဖော်ပြထားသည်။

ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အသိမ်းခံလိုက်ရတဲ့ မြန်မာ့တပ်မတော်စခန်း (Karenni Army Center-Kn.A.C)

KNDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးကနေ တပ်မတော် ဖြုတ်ချရေးအတွက် ပေါ်ပေါက်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။ KA ကတော့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်း ဖြစ်သည်။

လက်ရှိတွင် ကယားပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် KA- KNDF  ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူများလည်း ရှိသလို နေအိမ်များ မီးလောင် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိနေသည်။

 

 

 

Share
Tweet
Share
Share
powered by social2s

G-20 အစည်းအဝေးသို့ ရုရှားတက်ခွင့်မရှိဟု ဗြိတိန်ပြော

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s
ပူတင်ကို တွေ့ရစဉ်

G-20 အစည်းအဝေးသို့ ရုရှားတက်ခွင့်မရှိဟု ဗြိတိန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1670

CNI Internaional News

လန်ဒန်၊ ဩဂုတ် ၂၀

ရုရှားသည် ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့် နိုင်ငံပေါင်း ၂၀ ပါဝင်သည့် G-20 အုပ်စုအစည်းအဝေးသို့ တက် ရောက်ခွင့် မရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ်လ ၁၉ ရက်တွင် ပြောကြား ခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

“ယူကရိန်းမှာ ရန်လိုမှု ဆက်ရှိနေတဲ့အတွက် ရုရှားဟာ G-20 အစည်းအဝေး တက်ခွင့်မရှိပါဘူး” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“G-20 အစည်းအဝေးမှာ ရုရှားရဲ့ သက်ရောက်မှုတွေကို ထည့်စဉ်းစားဖို့ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းချက်ကို ကြိုဆိုပါတယ်။ ထို့အတူ G-20 ထိပ်သီး အစည်းအဝေးကို သမ္မတ ဇာလန်းစကီး ကိုယ်စားပြုပြီး ယူကရိန်းတက်မယ့် အလားအလာကိုလည်း ကြိုဆိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီး အစည်းအဝေးကို လာမည့် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ တက်ရောက်ကြမည်ဟု သိရသည်။

ဗြိတိန် ဝန်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင်၏ နေရာကို အစားထိုးရန် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နှစ်ဦး အနက်မှ တစ်ဦးဖြစ်သူ ရီရှီဆန်းနက်က “မော်စကိုအနေဖြင့် ယူကရိန်းစစ်ပွဲ ရပ်တန့်သွားချိန်အထိ ပူတင်ကို အစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ရန်” G-20 အုပ်စုဝင်နိုင်ငံများအား တောင်းဆိုခဲ့သည်။

G-20 အစည်းအဝေး

“ကျနော်တို့ G-20 မိတ်ဖက်နိုင်ငံတွေ၊ မဟာမိတ်တွေအနေနဲ့ ပူတင်ရဲ့ စက်ဆုပ်စရာကောင်းတဲ့ အပြုအမူကို စုပေါင်း ဖော်ထုတ်ကြဖို့ တာဝန်ရှိပါတယ်။ ယူကရိန်းမှာ သူ့ရဲ့ တရားမဝင်စစ်ပွဲကို မရပ်မချင်း (G-20 အစည်း အဝေး) စားပွဲဝိုင်းမှာ ဝင်ထိုင်ခွင့် မရှိဘူးဆိုတာ ပူတင်ဆီကို အသိပေးလိုပါတယ်” ယခင်ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဟောင်းဖြစ်ခဲ့သူ ရီရှီဆန်းနက်၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ချခဲ့သည်။

ဘောရစ်ဂျွန်ဆင် နေရာအတွက် ယှဉ်ပြိုင်နေသူ လက်ရှိ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ် (Liz Truss) ကတော့ “အိန္ဒိယနှင့်အင်ဒိုနီးရှားတို့လို မဟာမိတ်နိုင်ငံများ၏ ရှေ့မှာ ပူတင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ အရေးကြီးကြောင်း” ယခင်ဇူလိုင်လ သူမ၏ သဘောထား မှတ်ချက်များကို ကိုးကားပြီး ထပ်မံပြောကြားခဲ့သည်။

“ကျမ အဲဒီ အစည်းအဝေးတက်မယ်။ အဲဒီမှာ ပူတင်ကို ပြောမယ်” ဟု ယခင် ဇူလိုင် ၂၅ ရက်၌ ရုပ်သံလိုင်း ထုတ်လွှင့်ခဲ့သည့် စကားစစ်ထိုးပွဲတွင် လစ်ဇ်ထရက်ဇ်က မှတ်ချက်ပေးခဲ့သည်။

G-20 အစည်းအဝေးသို့ တက်ရောက်ရန် ရှီကျင့်ဖျင်နှင့် ပူတင်တို့ထံမှ မိမိ အတည်ပြုချက် ရပြီးဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။

Source: Reuters, The Straits Times

 

 

 

 

Share
Tweet
Share
Share
powered by social2s
FBI တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

FBI ကို ဘိုင်ဒန်၏ဂက်စတာပိုပုလိပ်များအဖြစ် အမေရိကန်နိုင်ငံသားများ ရှုမြင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1455


CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂၀

အမေရိကန်၏စုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)ကို သမ္မတ ဂျိုးဘိုင်ဒန်၏ကိုယ်ရေးကိုယ်တာ ဂက်စတာပို ပုလိပ်များဟု အမေရိကန်နိုင်ငံသားအချို့အား ကောက်ယူခဲ့သည့် စစ်တမ်းတစ်စောင်သို့ ဝင်ရောက်ဖြေဆိုသူများက ရှုမြင်ခဲ့ကြ သည်ဟု အာရ်တီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်းအား စုံစမ်းစစ်ဆေးမှုအတွင်း ဗဟိုရဲဌာနနှင့်ပတ်သက်၍ သဘောကွဲလွဲမှုအမြင်များ ပိုမိုတိုးပွားလာခြင်းကို အဆိုပါစစ်တမ်းတွင် ထင်ဟပ်မှုရှိခဲ့သည်။

ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရက်မက်ဆန် (Rasmussen) စစ်တမ်းတွင် FBI အပေါ် အမေရိကန် နိုင်ငံသားများ၏ သဘောထားကွဲလွဲမှုများကို အဓိကပြသခဲ့ပြီး ထရမ့်၏ဖလော်ရီဒါပြည်နယ်ရှိနေအိမ်ကို မကြာ သေးမီက ဝင်ရောက်စီးနင်းမှုအတွက် စစ်တမ်းဖြေဆိုသူ ၄၄ ရာခိုင်နှုန်းတို့က FBI အပေါ် ယုံကြည်ချက်များ ပျောက်ဆုံးစေခဲ့သည်။

သို့သော် ဖြေဆိုသူ ၂၉ ရာခိုင်နှုန်းတို့က FBI အပေါ် ၎င်းတို့ယုံကြည်မှုတိုးလာကြောင်း ပြသခဲ့ကြပြီး ကျန် ၂၃ ရာခိုင် နှုန်းကတော့ ထူးခြားမှုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ်း၏ နေအိမ်ကို FBI တပ်ဖွဲ့ဝင်များက ရှာဖွေစီးနင်းမှုများပြလုပ်နေစဉ်(ဓါတ်ပုံ-AP)

FBI ကို ပြည်တွင်းထိပ်ပိုင်းရှိ နိုင်ငံရေးလူရမ်းကားများဟု ပြောခဲ့သည့် ထရမ့်၏အကြံပေးဟောင်း ရော်ဂျာစတုန်း (Roger Stone) ၏ ယခင်မှတ်ချက်ဟောင်းကို စစ်တမ်းတွင် ထည့်သွင်းမေးမြန်းရာ FBI အပေါ် ဂျိုးဘိုင်ဒန်၏ ကိုယ်ရေးကိုယ်တာသုံး ဂက်စတာပိုရဲများအဖြစ် အသုံးချနေခဲ့ကြောင်း ဖြေဆိုသူအများစုဖြစ်သည့် ၅၃ ရာခိုင် နှုန်းက သဘောတူလက်ခံခဲ့ကြသည်။ ၎င်းတို့အထဲတွင် ၃၄ ရာခိုင်နှုန်းက ခြွင်းချက်မရှိ သဘောတူကြောင်း ပြသခဲ့ကြသည်။

အဆိုပါရာခိုင်နှုန်းသည် ပြီးခဲ့သည့်ဒီဇင်ဘာလ၌ ကောက်ယူခဲ့သော စစ်တမ်းမှ ၄၆ ရာခိုင်နှုန်းတက်လာသော်လည်း ၃၆ ရာခိုင်နှုန်းကတော့ ရော်ဂျာစတုန်း၏ စရိုက်လက္ခဏာကို မကြိုက်ကြောင်း ဖော်ပြခဲ့ကြသည်။ စစ်တမ်းရလဒ် များအနက် ရီပက်ဘလစ်ကန်ပါတီဝင် ၇၆ ရာခိုင်နှုန်းနှင့် ဒီမိုကရက်တစ်ပါတီဝင် ၃၇ ရာခိုင်နှုန်းတို့က ဂက်စတာရဲ ဟူသော အဆိုကို သဘောတူကြသဖြင့် နိုင်ငံရေးပါတီဝင်များထံမှ စစ်တမ်းရလဒ်များမှာ လုံးဝကွဲပြားသွားခဲ့သည်။

ထရမ့်၏ ဖလော်ရီဒါပြည်နယ်ရှိ နေအိမ်ကို FBI ဝင်ရောက်စီးနင်းမှုတွင် အိမ်ဖြူတော်ထံမှ ထရမ့်ယူထားသည့် စာရွက်စာတမ်းများကို ခွဲခြားသိမ်းဆည်းထားမှုအား အဓိကရှာဖွေခဲ့ခြင်းဖြစ်ပြီး အချို့မှတ်တမ်းများမှာ ထိပ်တန်း လျှို့ဝှက်ချက်များဖြစ်ကြောင်း၊ နျူကလီးယားလက်နက်ကိစ္စများပင် ပါဝင်နိုင်ခြေရှိကြောင်း FBI ဗျူရိုက မျှော်လင့် ခဲ့သည်ဟု အမေရိကန်အစိုးရတာဝန်ရှိသူများအချို့က ပြောကြားခဲ့သည်။

သို့သော် ယင်းသို့ရှာဖွေမှုအပြီး မည်သည့်အကြောင်းအရာများကို တွေ့ရှိကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသေးကြောင်း၊ မကြာသေးမီက NBC မီဒီယာမှ ကိုးကားဖော်ပြခဲ့သော အမည်မဖော်လိုသူ သတင်းရင်းမြစ်၏အဆိုအရ FBI အေးဂျင့်များသည် ရှာဖွေသိမ်းဆည်းရမိသော မှတ်တမ်းဖိုင်များကို ခွဲခြားစိတ်ဖြာ ရန် အချိန်လိုအပ်သေးကြောင်း သိရသည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s
SNA နဲ့ KIA ကိုတွေ့ရစဉ်

ဗန်းမောက်တွင် SNA တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်း တိုက်ခိုက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2930

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် နမ့်တောင်ကျေးရွာရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ (ဩဂုတ် ၂၀ ရက်) နံနက်ပိုင်း ၆ နာရီဝန်းကျင်က SNA ၏ ရှေ့တန်းစခန်းတစ်ခုကို KIA၊ PDF မှ အင်အား ၂၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက CNI သို့ ပြောသည်။

ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “ဗန်းမောက်ဖက်မှာ ကျနော်တို့ SNA စခန်းတစ်ခုကို KIA၊ PDF က ဝင်တိုက်သွား တယ်၊ ဗန်းမောက်မြို့နယ်ထဲက နမ့်တောင်ကျေးရွာလို့ ပြောတယ်။ အဲဒီကျေးရွာရဲ့ ရွာမြီးပိုင်းဖြစ်မယ်။ ဟုတ် တယ်။ ရွာမြီးပိုင်းမှာ ကျနော်တို့ စခန်းတစ်ခုရှိတယ်။ အဲဒီရှေ့တန်း စခန်းငယ်လေးတစ်ခုကို ဒီနေ့ မနက်ဖြစ်မှာ‌ပေါ့။ ဒီနေ့ မနက်ပိုင်းမှာ လာတိုက်သွားတယ်လို့ ပြောတယ်။ KIA၊ PDF အင်အား ၂၀၀ လောက်ရှိတယ်တဲ့။ အဲဒီ ၂၀၀ လောက်ကနေပြီးတော့မှ သူတို့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်သွားတယ်။ ကျနော်တို့ကြတော့ ရွာနဲ့ အရမ်းနီးတော့ လူထုထိခိုက်မှာစိုးလို့ ကျနော်တို့ ဒါလေး နောက်ဆုတ်ပေးလိုက်တယ်” ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

အဆိုပါ စခန်းမှာ တပ်သား အင်အား ၁၀ ကျော်သာရှိသည့် ရှေ့တန်းစခန်းငယ် တစ်ခုသာဖြစ်ကြောင်း၊ ထိခိုက် ကျဆုံးမှုမရှိကြောင်း ၎င်းက ပြောသည်။

ဗန်းမောက်မြို့နယ်၊ နမ့်တောင်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများအားလုံး ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများ ပြတ်တောက်နေကြောင်း၊ ထို့ကြောင့် တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ် မသိရှိသေးကြောင်း ဗန်းမောက် ဒေသခံတစ်ဦးဖြစ်သူ စိုင်းနောင်က CNI သို့ ပြောသည်။

၎င်းက “သူတို့ နှစ်ဖက် အထိအခိုက်ကတော့ ဘာမှ မကြားရသေးဘူး။ မနက်ပိုင်းလို့ ပြောတယ်။ မနက် ၆ နာရီလို့ ပြောတယ်။ ကျနော်ဟိုဖက်က ဖုန်းပြန်ဆက်တာကို စောင့်နေတာကြောင့်မို့လို့ သူ့ဆီကနေရရင်‌တော့ အတိအကျ တော့ရမယ် သတင်းက။ အခုလောလောဆယ် ကျနော် ခုနပြောသလိုပေါ့၊ ကျနော် ဂဃနဏလည်း မသိသေးတဲ့ အခါကြတော့ ဘာမှ မပြောနိုင်သေးတာပေါ့” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KIA မှ တာဝန်ရှိသူထံ CNI က ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း အပြင်ရောက် နေသောကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း စာပို့အကြောင်းပြန်ခဲ့သည်။

KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ် 

အလားတူ ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအနီးရှိ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ၏ ရှေ့တန်း တပ်စခန်းတစ်ခုကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသို မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အပါအဝင် ကချင် ပြည်နယ်၊ မိုးညှင်း မြို့နယ်၊ မိုးကောင်းမြို့နယ် တို့တွင် လှုပ်ရှားလျက် ရှိသည်။

ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်းနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးနေစဉ်တွေ့ရသည် (Reuters)

ရုံးတင်စစ်ဆေးအပြီး ဒေါ်အောင်ဆန်းစုကြည်ကို စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1877

CNI International News

ရန်ကုန်၊ ဩဂုတ် ၂၀

ဖြုတ်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးများတွင် စစ်ဆေးမှုများအပြီး၌ အာဏာသိမ်းမှု အကျပ်အတည်း အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း မြန်မာစစ်တပ်အကြီးအကဲက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု AFP သတင်းကို ကိုးကား၍ CNA ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အသက် ၇၇ နှစ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု၌ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ ဖြုတ်ချခြင်း၊ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

သူမကို စွဲချက်တင်ပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားခဲ့သည်။ စစ်တပ်အုပ်ချုပ်မှုအောက်ရှိ တရားရုံးတွင် ထောင် ဒဏ် ဆယ်စုနှစ်နှင့်ချီနိုင်သည့် အခြားသော စွဲချက်များကိုလည်း သူမအနေဖြင့် ဆက်လက် ရင်ဆိုင်နေရသည်။

“၎င်းအပေါ် ဥပဒေအရ တရားစီရင်မှုကိစ္စများ ပြီးဆုံးပြီးနောက် မိမိတို့လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများကို မူတည်၍ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ပါသည်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

တရားရုံးမှာ အမှုရင်ဆိုင်နေသော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် (AFP)

တရားစီရင်နေမှုများကို သတင်းထောက်များ သတင်းယူခွင့် တားမြစ်ခြင်း၊ သူမ၏ရှေ့နေများက သတင်းမီဒီယာ များအပေါ် နှုတ်ဆိတ်နေခြင်းတို့ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုများ မည်သည့်အချိန်တွင် နိဂုံးချုပ်မည်ဆိုသည့် အလားအလာကိုမူ နစကဘက်မှ ထုတ်ပြောခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အကျင့်ပျက်ခြစားမှုဖြင့် ဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော တောင်ကိုရီးယားသမ္မတ ပက်ချုံဟီး (Park Geun-hye) ၏ အမှုကိုလည်း ၎င်းက ကိုးကားဖော်ပြခဲ့သည်။

ပက်ချုံဟီးကိုတော့ နောက်ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လွှတ်ပေးခဲ့ကြောင်း AFP က ဆက်လက် ရေးသားသည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် 

ဒေါ်အောင်ဆန်းစုကြည်အပေါ် အခြားစွဲချက် ၇ ချက်တွင် အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနှင့် ကိုလိုနီခေတ် တရားဝင် လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှု အပါအဝင် အခြားစွဲချက် အတင်ခံထားရသည့် ဩစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ် (Sean Turnell) နှင့်လည်း ပူးတွဲ စွပ်စွဲထားသည်။

၎င်းတို့နှစ်ဦးစလုံးသည် အဆိုပါစွပ်စွဲချက်တွင် အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်။

ရှောင်တာနဲလ်ကို ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မှုအတွက် လုံလောက်သည့် သက်သေ အထောက်အထားများ ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အသေးစိတ် အချက်အလက်များကို ဖော်ပြခြင်း မရှိသော်လည်း ဩစတြေးလျအစိုးရဘက်မှ အပြုသဘောဆောင် လုပ်ဆောင်ပါက ၎င်းအနေဖြင့် သက်ညှာနိုင်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

Source: AFP, Channel News Asia

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မစ္စနိုလင်းဟေဇာကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက် တွေ့ရစဉ်

မိမိတို့ကို ဘာကြောင့်အသိအမှတ် မပြုရသလဲဟု UN အား နစက မေးခွန်းထုတ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2373

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀

ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် အသိအမှတ် မပြုရသလဲ ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ် ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်က တာဝန်ယူခဲ့ရပါသည်။ မြန်မာနိုင်ငံကို တရားဥပဒေ လမ်းကြောင်းအပေါ် လျှောက် လှမ်းနိုင်ရေး ပြန်လည် ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် မပြုသည်ကို တွေ့ရှိရပါသည်။ ကုလသမဂ္ဂ အနေဖြင့် မည်သည့်အတွက်ကြောင့် အသိအမှတ် မပြု ခြင်းနှင့် ပတ်သက်၍ မေးခွန်းများရှိလာပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဟု ပြောကြားလျက်ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင် ချက်များအပေါ် အသိအမှတ်မပြုသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ကို သိရှိလိုပါသည်”ဟု ပြော သည်။

 စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

အမေရိကန် အပါအဝင် အနောက်နိုင်ငံများက တပ်မတော်ကို မယုံကြည်သည့်အတွက် တပ်မတော်ဘက်က ဘာပဲပြောပြော အသိအမှတ် မပြုခြင်း ဖြစ်နိုင်ကြောင်း၊ ထိုအပေါ် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပြီး တပ်မတော်ဘက်က သူတို့ကို အသိအမှတ် မပြုရခြင်း အကြောင်းအရင်းကို မေးခွန်းထုတ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။

ဦးရဲထွန်းက “သူ့ဘက်ကကျတော့ ဘာဖြစ်လို့ ဒီလိုပြန်ပြောရတာလဲဆိုတော့ နှိုင်းယှဉ်စရာက ထိုင်းနဲ့ သွားပြီး တော့ နှိုင်းလို့ရတာပေါ့။ ထိုင်းနဲ့ မြန်မာက အိမ်နီးချင်းနိုင်ငံဆိုတော့ ကျနော့်အမြင်ကတော့ ထိုင်းအာဏာသိမ်းတာကို အမေရိကန်တို့၊ အနောက် နိုင်ငံတို့က သိပ်ပြင်းပြင်းထန်ထန် မကန့်ကွက်ဘဲနဲ့ မြန်မာနိုင်ငံကျမှ တပ်က အာဏာသိမ်းတာကို ဒီလောက် ပြင်းပြင်းထန်ထန် ကန့်ကွက်တာ။ သူတို့ရဲ့ မူလ ဗီဇပေါ့နော်။ သူတို့ဗီဇကို အနောက်နိုင်ငံတွေက မယုံဘူး။ ထိုင်းရဲ့စစ်တပ်ကိုကျတော့ သူတို့မူလက လက်ခံထား တဲ့ ပုံစံက ဒီကောင်က ပရော်ဖက်ရှင်နယ် စစ်တပ်ပေါ့နော်။ သူတို့က တိုင်းပြည်မှာ လိုအပ်လို့သာ အာဏာကို ဝင်ထိန်းတာ သူတို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ စနစ်ကလည်း တော်တော်လေး အခြေကျနေပြီ။ အဲတော့ ခဏတဖြုတ်ပဲ ဝင်ထိန်းတာ နောက်တစ်ခုက ဒီတပ်က ဘာပဲဖြစ်ဖြစ် အနောက်ယိမ်းတဲ့ တပ်ပေါ့ဗျာ။အဲဒီလိုမျိုး ယူဆပြီးတော့ ဒီမြန်မာ့ တပ်မတော်ကိုကျတော့ သူတို့က အရင် ဆိုရှယ်လစ် စနစ်ကနေ ပေါက်ဖွားလာတဲ့ ကျနော်တို့ တစ်ပါတီ အာဏာရှင်စနစ်ပေါ့နော်၊ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပေါက်ဖွားလာတဲ့ လက်ဝဲယိမ်း တဲ့ တပ်လို့ အဲဒီလို အမြင်ကနေပြီးတော့ ယုံကြည်မှု၊ သူတို့ရဲ့စကားကို ယုံကြည်မှု လက်ခံမှု ကွာသွားတယ်လို့ ကျနော်ကတော့ အဲလိုထင်တယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ် (EPA)

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေး ကြစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးလိုကြောင်း၊ အကြမ်း ဖက်မှုများ ကို ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ပေးလိုကြောင်း၊ သေဒဏ်အမိန့်ချမှတ်ထားသူများကို ဆက်လက်ပြီး သေဒဏ် ကျင့်သုံးမှု မပြုလုပ်စေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံ၌ အကျပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေးအရ ဖိအားများ ပေးခဲ့ခြင်း ဖြစ်ပါသည်။ အာဆီယံ အနေဖြင့် လည်းကောင်း၊ ကုလသမဂ္ဂ အနေဖြင့် လည်းကောင်း ဖိအား အမျိုးမျိုးပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော် လည်း မိမိတို့ဘက်မှ ကိုယ်စားလှယ်ကို လက်မခံခဲ့ပါ”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ပြောကြားချက်များသည် တစ်ဖက်သတ် ပြောကြားချက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေလိုသည့်အတွက် အပြု သဘောဆောင်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နှင့် ဆက်ဆံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စနိုလင်းဟေဇာကို ပြောခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၈၀၀ ထပ်ပေးရန် အမေရိကန်ပြင်ဆင်နေ

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

ရုရှား၏ အရည်အသွေးညံ့ လက်နက်များမဝယ်ရန် အရှေ့တောင်အာရှနိုင်ငံများကို ယူကရိန်းတိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 685

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ICJ အရေးဆွေးနွေးကြစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက်အရေးယူနိုင်သော်လည်း သက်ညှာထားဟုပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1268

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀

မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက် ပိုမိုအရေးယူနိုင်သော်လည်း သက်ညှာထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် သြဂုတ် ၁၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစသည်။

မစ္စနိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ပြစ်ဒဏ်များ ချမှတ်ခြင်း မပြုလုပ်မီ နေအိမ်သို့ ပြန် လည် ပို့ဆောင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် နစကဥက္ကဋ္ဌကို ဆွေးနွေးခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမိုအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အရာကို ဦးစားပေးနှိုင်းယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကို ဦးစားပေး၍ ဆောင်ရွက်မည်ဖြစ်သော်ကြောင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံ

တရားစွဲဆိုခြင်းကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေ ကို နားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည် ဖြေရှင်း ရန် တာဝန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ပြန်လည် ဆွေးနွေး ချပြခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ စသည်တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်များ အသီး သီးချမှတ်ထားသည်။

ထို့နောက် နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကနေ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်း ရွေ့ကာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် အထူးအဆောက်အအုံတစ်ခု ဆောက်လုပ်ကာ ထားရှိ ထားကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

 

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ- မုံရွာမြို့နယ် ပကဖ

ကိုယ်တိုင်ထုတ် လက်နက်များကို မုံရွာပကဖ ထုတ်ပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1276

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

ကိုယ်ပိုင် ထုတ်လုပ်သော Shot Gun များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာမြို့နယ်မှ သြဂုတ် ၁၉ ရက်နေ့ တွင် အများပြည်သူ သိရှိနိုင်စေရန်ဟုဆိုကာ ထုတ်ပြခဲ့သည်။

အဆိုပါ Shot Gun များကို 12 Gauge ကျည်ဖြင့် အသုံးပြုရကြောင်း၊ ချေမှုန်းရေးနှင့် ကာကွယ်ရေးအတွက် ထိ ရောက်သော လက်နက်များ ဖြစ်ကြောင်း မုံရွာမြို့နယ် ပကဖက ထုတ်ပြန်ခဲ့သည်။

မုံရွာမြို့နယ် ပကဖထုတ် လက်နက်များ

၎င်းက “ ကာကွယ်ရေး ရဲဘော်များနှင့် ရပ်ကျေး ပကဖများထံလည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထား ပြီး ဖြစ်သည်။ မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးလုပ်ငန်းများ ထိရောက်စွာ အလက်ရေများများ ထုတ်လုပ်နိုင်ရန် ရံပုံငွေများ ထည့်ဝင်ကူညီပေးကြဖို့ တစ်ပါတည်း တိုက်တွန်းလိုက်ရပါသည်။ များများထုတ် မြန်မြန်တပ်ဆင် စနစ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်”ဟု ပြောသည်။

မုံရွာမြို့နယ် ပကဖသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကာ မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသမ္မတကို ပါးစပ်ပိတ်ထားရန် ကင်မ်ဂျုံအန်း ညီမပြော

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

နစကနှင့် PNLO၊ ALP၊ LDU တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါ်သန်းသန်းဆွေဖြစ်လာ၊ ဦးခင်ရီ-ဦးချစ်နိုင်-ဦးသန်းညိန်း-ဦးဝင်းသော်ကို အနားပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1577

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားပေးပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နစက-က ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်သွားသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေသည်  ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့ နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်သုံးလွှာ အခန်း ၁၄ တွင် နေထိုင်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်၍ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသူ ဖြစ်သည်။ 

လက်ရှိတွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ယူ ကိုင်တွယ် နေသူလည်း ဖြစ်သည်။

ထို့နောက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်၏ နေရာတွင် ဦးဇော်မြင့်နိုင်ကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ 

အလားတူ နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။ 

ဦးခင်ရီ နေရာတွင် ဦးမြင့်ကြိုင်ကို အစားထိုး တာဝန်ပေးခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကနေ အနားပေးခံရသူ ဦးငွန်ဆန်းအောင်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1807

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သူ ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း နစက-က သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တစ်ဆက်တည်း ထုတ်ပြန်သွားသည်။

ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်းထုတ်ပြန်ချက်

ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပေါက်ဖွားလာခဲ့သော နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသော ဒေသတစ်ခု ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့၏ သံသယဝင်ခံရသူများလည်း ဖမ်းဆီး ရိုက်နှက်ခံရမှုများ ရင်ဆိုင် ကြုံတွေ့နေရသော ဒေသဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s
  • 69
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78

Page 74 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar