- By CNI
- Category: နိုင်ငံရေး
- Hits: 2254
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ကုလသမဂ္ဂအနေဖြင့် မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် အသိအမှတ် မပြုရသလဲ ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ သြဂုတ် ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်က တာဝန်ယူခဲ့ရပါသည်။ မြန်မာနိုင်ငံကို တရားဥပဒေ လမ်းကြောင်းအပေါ် လျှောက် လှမ်းနိုင်ရေး ပြန်လည် ဆောင်ရွက်နေသည့်အချိန်၌ ကုလသမဂ္ဂအနေဖြင့် မိမိတို့၏ လုပ်ဆောင်ချက်များ အပေါ် အသိအမှတ် မပြုသည်ကို တွေ့ရှိရပါသည်။ ကုလသမဂ္ဂ အနေဖြင့် မည်သည့်အတွက်ကြောင့် အသိအမှတ် မပြု ခြင်းနှင့် ပတ်သက်၍ မေးခွန်းများရှိလာပါသည်။ ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဟု ပြောကြားလျက်ရှိသော်လည်း မည်သည့်အတွက်ကြောင့် မိမိတို့၏ လုပ်ဆောင် ချက်များအပေါ် အသိအမှတ်မပြုသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ကို သိရှိလိုပါသည်”ဟု ပြော သည်။

စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို တွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)
အမေရိကန် အပါအဝင် အနောက်နိုင်ငံများက တပ်မတော်ကို မယုံကြည်သည့်အတွက် တပ်မတော်ဘက်က ဘာပဲပြောပြော အသိအမှတ် မပြုခြင်း ဖြစ်နိုင်ကြောင်း၊ ထိုအပေါ် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပြီး တပ်မတော်ဘက်က သူတို့ကို အသိအမှတ် မပြုရခြင်း အကြောင်းအရင်းကို မေးခွန်းထုတ်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။
ဦးရဲထွန်းက “သူ့ဘက်ကကျတော့ ဘာဖြစ်လို့ ဒီလိုပြန်ပြောရတာလဲဆိုတော့ နှိုင်းယှဉ်စရာက ထိုင်းနဲ့ သွားပြီး တော့ နှိုင်းလို့ရတာပေါ့။ ထိုင်းနဲ့ မြန်မာက အိမ်နီးချင်းနိုင်ငံဆိုတော့ ကျနော့်အမြင်ကတော့ ထိုင်းအာဏာသိမ်းတာကို အမေရိကန်တို့၊ အနောက် နိုင်ငံတို့က သိပ်ပြင်းပြင်းထန်ထန် မကန့်ကွက်ဘဲနဲ့ မြန်မာနိုင်ငံကျမှ တပ်က အာဏာသိမ်းတာကို ဒီလောက် ပြင်းပြင်းထန်ထန် ကန့်ကွက်တာ။ သူတို့ရဲ့ မူလ ဗီဇပေါ့နော်။ သူတို့ဗီဇကို အနောက်နိုင်ငံတွေက မယုံဘူး။ ထိုင်းရဲ့စစ်တပ်ကိုကျတော့ သူတို့မူလက လက်ခံထား တဲ့ ပုံစံက ဒီကောင်က ပရော်ဖက်ရှင်နယ် စစ်တပ်ပေါ့နော်။ သူတို့က တိုင်းပြည်မှာ လိုအပ်လို့သာ အာဏာကို ဝင်ထိန်းတာ သူတို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ စနစ်ကလည်း တော်တော်လေး အခြေကျနေပြီ။ အဲတော့ ခဏတဖြုတ်ပဲ ဝင်ထိန်းတာ နောက်တစ်ခုက ဒီတပ်က ဘာပဲဖြစ်ဖြစ် အနောက်ယိမ်းတဲ့ တပ်ပေါ့ဗျာ။အဲဒီလိုမျိုး ယူဆပြီးတော့ ဒီမြန်မာ့ တပ်မတော်ကိုကျတော့ သူတို့က အရင် ဆိုရှယ်လစ် စနစ်ကနေ ပေါက်ဖွားလာတဲ့ ကျနော်တို့ တစ်ပါတီ အာဏာရှင်စနစ်ပေါ့နော်၊ တစ်ပါတီ အာဏာရှင်စနစ်ကနေ ပေါက်ဖွားလာတဲ့ လက်ဝဲယိမ်း တဲ့ တပ်လို့ အဲဒီလို အမြင်ကနေပြီးတော့ ယုံကြည်မှု၊ သူတို့ရဲ့စကားကို ယုံကြည်မှု လက်ခံမှု ကွာသွားတယ်လို့ ကျနော်ကတော့ အဲလိုထင်တယ်”ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ် (EPA)
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကတော့ မြန်မာနိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေး ကြစေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးလိုကြောင်း၊ အကြမ်း ဖက်မှုများ ကို ရပ်ဆိုင်းသွားအောင် လုပ်ဆောင်ပေးလိုကြောင်း၊ သေဒဏ်အမိန့်ချမှတ်ထားသူများကို ဆက်လက်ပြီး သေဒဏ် ကျင့်သုံးမှု မပြုလုပ်စေလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မြန်မာနိုင်ငံ၌ အကျပ်အတည်းများစွာ ကြုံတွေ့ခဲ့ရသည့်အချိန်တွင် အဆွေတော်တို့ဘက်က နိုင်ငံရေးအရ ဖိအားများ ပေးခဲ့ခြင်း ဖြစ်ပါသည်။ အာဆီယံ အနေဖြင့် လည်းကောင်း၊ ကုလသမဂ္ဂ အနေဖြင့် လည်းကောင်း ဖိအား အမျိုးမျိုးပေးခဲ့ပါသည်။ မိမိတို့ဘက်မှ ပြန်လည်တင်ပြရန် ဆောင်ရွက်ခဲ့သော် လည်း မိမိတို့ဘက်မှ ကိုယ်စားလှယ်ကို လက်မခံခဲ့ပါ”ဟု ပြောသည်။
ထို့နောက် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ ပြောကြားချက်များသည် တစ်ဖက်သတ် ပြောကြားချက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်စေလိုသည့်အတွက် အပြု သဘောဆောင်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ နှင့် ဆက်ဆံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စနိုလင်းဟေဇာကို ပြောခဲ့သည်။
- By CNI
- Category: Watch TV
- Hits: 650
- By CNI
- Category: Watch TV
- Hits: 628
- By CNI News
- Category: နိုင်ငံရေး
- Hits: 1165
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက် ပိုမိုအရေးယူနိုင်သော်လည်း သက်ညှာထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် သြဂုတ် ၁၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစသည်။
မစ္စနိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ပြစ်ဒဏ်များ ချမှတ်ခြင်း မပြုလုပ်မီ နေအိမ်သို့ ပြန် လည် ပို့ဆောင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် နစကဥက္ကဋ္ဌကို ဆွေးနွေးခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမိုအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အရာကို ဦးစားပေးနှိုင်းယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကို ဦးစားပေး၍ ဆောင်ရွက်မည်ဖြစ်သော်ကြောင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်”ဟု ပြောသည်။
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံ
တရားစွဲဆိုခြင်းကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေ ကို နားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည် ဖြေရှင်း ရန် တာဝန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ပြန်လည် ဆွေးနွေး ချပြခဲ့သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ စသည်တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်များ အသီး သီးချမှတ်ထားသည်။
ထို့နောက် နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကနေ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်း ရွေ့ကာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် အထူးအဆောက်အအုံတစ်ခု ဆောက်လုပ်ကာ ထားရှိ ထားကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1154
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ကိုယ်ပိုင် ထုတ်လုပ်သော Shot Gun များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာမြို့နယ်မှ သြဂုတ် ၁၉ ရက်နေ့ တွင် အများပြည်သူ သိရှိနိုင်စေရန်ဟုဆိုကာ ထုတ်ပြခဲ့သည်။
အဆိုပါ Shot Gun များကို 12 Gauge ကျည်ဖြင့် အသုံးပြုရကြောင်း၊ ချေမှုန်းရေးနှင့် ကာကွယ်ရေးအတွက် ထိ ရောက်သော လက်နက်များ ဖြစ်ကြောင်း မုံရွာမြို့နယ် ပကဖက ထုတ်ပြန်ခဲ့သည်။
မုံရွာမြို့နယ် ပကဖထုတ် လက်နက်များ
၎င်းက “ ကာကွယ်ရေး ရဲဘော်များနှင့် ရပ်ကျေး ပကဖများထံလည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထား ပြီး ဖြစ်သည်။ မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးလုပ်ငန်းများ ထိရောက်စွာ အလက်ရေများများ ထုတ်လုပ်နိုင်ရန် ရံပုံငွေများ ထည့်ဝင်ကူညီပေးကြဖို့ တစ်ပါတည်း တိုက်တွန်းလိုက်ရပါသည်။ များများထုတ် မြန်မြန်တပ်ဆင် စနစ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်”ဟု ပြောသည်။
မုံရွာမြို့နယ် ပကဖသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကာ မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: Watch TV
- Hits: 691
- By CNI
- Category: နိုင်ငံရေး
- Hits: 1455
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားပေးပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နစက-က ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်သွားသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေသည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့ နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်သုံးလွှာ အခန်း ၁၄ တွင် နေထိုင်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်၍ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသူ ဖြစ်သည်။
လက်ရှိတွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ယူ ကိုင်တွယ် နေသူလည်း ဖြစ်သည်။
ထို့နောက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်၏ နေရာတွင် ဦးဇော်မြင့်နိုင်ကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။
အလားတူ နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။
ဦးခင်ရီ နေရာတွင် ဦးမြင့်ကြိုင်ကို အစားထိုး တာဝန်ပေးခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1669
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သူ ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း နစက-က သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တစ်ဆက်တည်း ထုတ်ပြန်သွားသည်။
ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်းထုတ်ပြန်ချက်
ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပေါက်ဖွားလာခဲ့သော နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသော ဒေသတစ်ခု ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့၏ သံသယဝင်ခံရသူများလည်း ဖမ်းဆီး ရိုက်နှက်ခံရမှုများ ရင်ဆိုင် ကြုံတွေ့နေရသော ဒေသဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1340
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး၍ ယနေ့ (သြဂုတ် ၁၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ပြင်ဆင်ဖွဲ့စည်းမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ ကို ဦးခင်ရီအစား ဦးမြင့်ကြိုင်ဖြင့် ပြောင်းလဲထားသလို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေသော ဒေါက်တာအောင်နိုင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးထားသည်ကို တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1605
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
နစကနှင့် အပစ်ရပ်ထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
နစကနှင့် တစ်ဖွဲ့ချင်း မဟုတ်ဘဲ အစုအဖွဲ့နှင့် တွေ့ဆုံနိုင်သည့် အခင်းအကျင်းကို တောင်းဆိုခဲ့ကြောင်း၊ လက်ရှိ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယအကြိမ် ပြန်စတင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်တို့ သွားပြီးသား အဖွဲ့ကနေပြီးတော့ အဲဒီလိုမျိုး တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲနဲ့ စုပြီးတော့ သွားနိုင်တဲ့ အခင်းအကျင်းကိုလည်း ကျနော်တို့ တောင်းဆိုခဲ့တယ်။ သို့သော်လည်းပဲ ၇ ဖွဲစလုံး၊ ၁၀ ဖွဲ့ စလုံး သွားနိုင်တဲ့ အခင်းအကျင်းတော့ ကျနော်တို့ မလုပ်နိုင်သေးဘူး။ လောလောဆယ်ကတော့ ၃ ဖွဲ့ပေါ့လေ။ ပြန် လည်ပြီးတော့ ၂၁၊ ၂၂၊ ၂၃ အဲဒီရက်တွေမှာပေါ့လေ ဒုတိယအကြိမ်ပေါ့လေ၊ ပြန်ဖိတ်ထားတာ ရှိတယ်ခင်ဗျ။ အခုဆို ရင် ဒုတိယအကြိမ် ပထမဦးဆုံး အနေနဲ့ကတော့ လာမယ့် ၂၂ ရက်နေ့ဆိုရင် ကျနော်တို့ PNLO ရယ်၊ ALP ရယ်၊ ပြီးတော့ LDU ရယ် အဲဒီ ၃ ဖွဲ့ ကနေပြီးတော့ စုပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုပြီးတော့ ပြည်လည် ဖိတ်ခေါ်ထားတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ အဖွဲ့တွေကြတော့လည်း ဘယ်လိုဆက်ပြီးတော့ အကြောင်းကြား လာမလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။

PNLO နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်
နစက-က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုလအတွင်း ဒုတိယအကြိမ် ပြန်စတင်မည် ဖြစ်ကြောင်း၊ အဖွဲ့ ၁၀ လုံး ကို အုပ်စုဖွဲ့ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အတူ စက်တင်ဘာလမှာလည်း ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်တွင် ပြောထားသည်။
အဆိုပါ တွေ့ဆုံမှုအပြီး သဘောတူ လက်မှတ်ထိုးနိုင်ရေး ကြိုးစားမည်ဖြစ်ကြောင်း၊ အခြေခံ သဘောတူညီချက် ရရှိထားပြီး ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
လက်ရှိ ၃ ဖွဲ့ ဖိတ်ကြားမှုအရ PPST အစုအဖွဲ့ကို ဖိတ်ကြားသည့် ပုံစံမဟုတ်သည့်အတွက် အဆိုပါကိစ္စကို PPST အနေဖြင့် ညှိနှိုင်းတိုင်ပင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
၎င်းက “၃ ဖွဲ့ကိုတော့ ဖိတ်လိုက်တဲ့ အကြောင်းကြားစာအရ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေး အကြောင်း အရာ တွေက ကျယ်ပြန့်တယ်လို့ ပြောလို့ရမှာပါခင်ဗျ။ ပြီးခဲ့တဲ့ ကျနော်တို့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုပြီးတော့ အဲဒီလိုမျိုး ဆွေး နွေးတဲ့ အချက်အလက်ပါမှာ ဖြစ်သလို နောက်ဆုံး ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ် အပိုင်း ၄ မှာပါတဲ့ ၂၀၂၀ အလွန် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေလည်းပဲ ရှေ့ဆက်ဘယ်လို အကောင် အထည် ဖော်ဆောင်နိုင်မလဲဆိုတာကို ညှိနှိုင်းဆွေးနွေးဖို့ အဲဒီ ကိစ္စရပ်တွေလည်း ဆွေးနွေးမှာ ဖြစ်ပြီးတော့ တော် တော်လေး ကျယ်ပြန့်တယ်လို့ ပြောလို့ ရပါတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။

ALP နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်
နစကနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးထားသည်။
အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ခေါင်းဆောင်များ လည်း နစကနှင့် တွေ့ဆုံ ဆွေးနွေးထားကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1184
CNI International News
ဆိုးလ်၊ ဩဂုတ် ၁၉
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ (Yoon Suk Yeol) ကမ်းလှမ်းလာသည့် စီးပွားရေး အကျိုးအမြတ် အကူအညီ ကို လက်ခံမည် မဟုတ်ကြောင်းနှင့် ပါးစပ်ပိတ်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမ ဖြစ်သူ ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။
နျူကလီးယားကင်းစင်ရေး ခြေလှမ်းများအတွက် ပြန်လည်စဉ်းစားရန် တောင်ကိုရီးယားဘက်မှ အဆိုပြုချက်များ ကိုလည်း မြောက်ကိုရီးယားက ထပ်တလဲလဲ ပယ်ချခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ၏ အတင့်ရဲသော ကမ်းလှမ်းချက်ကို ပြီးခဲ့သည့် မေလတွင် စတင် အဆိုပြုခဲ့ ခြင်းအပေါ် မြောက်ကိုရီးယားမှ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးအနေဖြင့် အထက်ပါအတိုင်း ပထမဆုံးအကြိမ် တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။
ကင်မ်ယိုဂျုံ၏ သဘောထား မှတ်ချက်များသည် သူမအတွက် အစိုးရတာဝန်ယူခြင်း ရက် ၁၀၀ ပြည့် အထိမ်း အမှတ်အဖြစ် ဩဂုတ် ၁၇ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ထပ်လောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကင်မ်ယိုဂျုံက “တကယ့်ကို ရိုးရှင်းပါတယ်။ ကလေးဆန်တဲ့ သဘောရှိတာကြောင့် သူ့ပုံစံက ပါးစပ်ပိတ်ထားရင် ပိုအဆင်ပြေမှာပါ” ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ထုတ်လွှင့်ခဲ့သည်။
“မြောက်ကိုရီးယားရဲ့ဂုဏ်သိက္ခာနဲ့ နျူကလီးယား လက်နက်တွေကို စီးပွားရေးနဲ့ လဲမယ်လို့ သူထင်နေတာ။ ပြောင်းဖူး ကိတ်မုန့် တစ်လုံးရဖို့ ကိုယ့်ကံကြမ္မာကို ဘယ်သူကမှ အလဲအလှယ် မလုပ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ(Reuters)
သူမ၏ သဘောထား မှတ်ချက်များသည် သေးသိမ်ယုတ်ညံ့လွန်းကြောင်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကိစ္စ ကိုင်တွယ်နေရသည့် တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းဝန်ကြီးက ပြောကြားခဲ့သည်။
နျူကလီးယား လက်နက် ထုတ်လုပ်မှု ရပ်တန့်ပြီး အဏုမြူကင်းစင်ရေး စတင်လျှင် မြောက်ကိုရီးယားကို စီးပွား ရေး အကူအညီများ ပေးအပ်ရန် ဆန္ဒရှိကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက ယခင်ကတည်းက ပြော ကြား နေခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားအပေါ် စစ်ရေးအရ ဟန့်တားမှုကို တိုးမြှင့် လုပ်ဆောင်သွားရန်လည်း သမ္မတယွန်က အလေးပေး နေခဲ့သည်။
တောင်ကိုရီးယားသည် လာမည့် သီတင်းပတ်တွင် လုပ်ဆောင်မည့် ကွင်းဆင်း လေ့ကျင့်မှု အပါအဝင် အမေရိကန် နှင့် အချိန်အတန်ကြာ ဆိုင်းငံ့ထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြန်လည် စတင်ခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက သမ္မတယွန်၏ မူဝါဒများကို ဝါရှင်တန်အနေဖြင့် ထောက်ခံ ကြောင်း ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
သိုသော် ယခုစတင်မည့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများ သံတမန်ရေးရာ ပြောဆို ဆက်ဆံမှုမှာ ရိုးဖြောင့်ခြင်း မရှိပုံကို ပြသနေကြောင်း ကင်မ်ယိုဂျုံက ဝေဖန်ခဲ့သည်။
“သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လို့မရဘူးဆိုတာ ရှင်းပါတယ်” ဟု ယွန်ဆော့ရွဲနှင့်ပတ်သက်၍ ၎င်းက ဆက်လက် ဝေဖန်ခဲ့သည်။
ကင်မ်ယိုဂျုံသည် မကြာသေးမီ နှစ်များအတွင်း တောင်ကိုရီးယားကို ဝေဖန် အပြစ်တင်သူ တစ်ဦးဖြစ်လာခဲ့ပြီး အစ်ကို ဖြစ်သူ၏ ပြောကြားချက်များကို ပိုမိုသိမ်မွေ့စွာ ထပ်ဆင့် ပြောဆိုရာ၌ ရဲရဲတင်းတင်း ရှိသူအဖြစ် လေ့လာ သုံးသပ်သူများက ရှုမြင်နေကြသည်။
ဩဂုတ် ၁၉ ရက် သတင်းထုတ်ပြန်ချက်သည် ယနေ့ အချိန်အထိ ယွန်ဆော့ရွဲ အပေါ် သူမ၏ အပြင်းထန်ဆုံး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုဖြစ်ကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။
Source: Reuters
- By CNI
- Category: Watch TV
- Hits: 646
- By CNI
- Category: Watch TV
- Hits: 608
Page 74 of 137
