CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒေါက်တာအေးမောင်ကိုတွေ့ရစဉ်

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုလျှင် နိုင်ငံရေးပါတီများကို ကန့်သတ်မှု မလုပ်သင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1439

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုပါက နိုင်ငံရေးပါတီများနှင့် ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်းကို မကန့် သတ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သို့ ပြောသည်။

နိုင်ငံရေးပါတီများသည် အစိုးရလုပ်ငန်းများကို ဆောင်ရွက်မည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စ များကို ဥပဒေပြဋ္ဌာန်းထားပါက လုံလောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “နိုင်ငံတကာ သံတမန်ဆက်သွယ်မှုဆိုတဲ့ ဥစ္စာကိုလည်ပဲ နားစွင့် အလေ့အကျင့်လေး လုပ်ရတာပေါ့။ ဘာလို့ဆို နိုင်ငံရေးပါတီများကို အစိုးရ အဆက်ဆက်ကလည်း နောက်အစိုးရ လုပ်ငန်းကို ဆောင် ရွက်မယ့် ပါတီများလို့ပဲ အလေးအနက် အသိအမှတ်ပြုရတာကိုး။ အခုကတည်းက နိုင်ငံရေးပါတီများကလည်း အလေ့အကျင့် လို တယ်လေ၊ သံတမန်နဲ့ တွေ့တာပြုတာ၊ မိမိရဲ့ နိုင်ငံရေးအမြင်၊ သူ့ရဲ့နိုင်ငံရေးအမြင်၊ မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့ ဘာခေါ်မလဲ ခုနလို စေတနာရှိရင် ဝေဒနာလည်း ပေးနိုင်တာကိုးဗျ။ သူတို့ဖက်က သုံးသပ်မှုပေါ့ ဗျာ၊ ကောင်းခြင်း၊ ဆိုးခြင်းကို နိုင်ငံရေးပါတီများ ဖက်ကလည်း လေ့လာဖို့ လိုအပ်တာပေါ့။ ဆောင်ရန် ရှောင်ရန်ပေါ့ ဗျာ။ အဲဒါကြောင့် ပါတီစုံဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင် နိုင်ငံရေးပါတီများနဲ့ ပြည်ပ သံတမန် များ၊ ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းကို မကန့်သတ် အပ်ဘူးဗျ၊ မကန့်သတ်သင့် ဘူး။ ခုနပြောသလိုပေါ့၊ ငွေရေးကြေးရေးနဲ့ ကြိုးကိုင်မှုကိုပေါ့ဗျာ၊ လက်သပ်မွေးမှုတွေ မရှိအောင်တော့ဖြင့် ဥပဒေ အရ ပြဋ္ဌာန်းခိုင်း ဒီလောက်ဆိုရင် လုံလောက်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက UEC သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံခြင်းသည် အပိုဒ် ၅ ပါ ဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းနိုင်ကြောင်း နိုင်ငံရေးပါတီများကို ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အဆိုပါ ကန့်သတ်ချက်ကို နှစ်ဖက်ကြည့်ပြီး လုပ်ဆောင်သင့်ကြောင်း ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သို့ ပြောသည်။

မန်းအောင်ပြည်စိုးက “ဒါကတော့ နှစ်ဖက်ကြည့်ပြီးတော့ သုံးသပ်ရမှာပေါ့ဗျာ။ ကိုယ်က ဒီဖက်မှာ လွတ်လပ်တဲ့ အဖွဲ့အစည်း ကိုယ့်ကိုယ် ပြည်သူတစ်ရပ်အနေနဲ့ အရပ်ဖက်အနေနဲ့ ကိုယ်နေကြည့်မယ်၊ ကိုယ်က အစိုးရ ဖြစ်နေ မယ်ဆိုရင် တစ်ဖက် ဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲပေါ့လေ၊ အဲဒီအပိုင်းမျိုးတော့ နှစ်ဖက်မျှပြီးတော့ တွေးကြည့်ဖို့တော့ လိုတယ်လို့ ကျနော်ကတော့ အဲဒါလေးတော့ နည်းနည်းလေး ပြောချင်တယ်။ သူတို့ဖက်က ဘာအခက်အခဲရှိလဲ၊ ဘာတွေ ပြဿနာရှိနေသလဲပေါ့။ ကျ‌နော်တို့ဖက်ကလည်း ကျ‌နော်တို့ တွေ့ချင်ပြုချင်တဲ့ဟာ ဘာအကြောင်းအရာလည်း၊ ဘာအခြေအနေလဲပေါ့လေ၊ အဲဒါနှစ်ဖက်မျှပြီးတော့ သုံးသပ်ပြီးတော့ ဒီဟာကို ပြောလို့ ရမယ် ထင်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

နစကအနေဖြင့် ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကျပ်အတည်း ကာလကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးပါတီများ၏ ကဏ္ဍကို ဖွင့်ပေးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

UEC က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာသည့် ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာသည့်ပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော ပါတီ ၃၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ- မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ(fb)

စစ်ပွဲများကြားက အာဏာရှင် ဆန့်ကျင်ရေး ဒီပဲယင်း သပိတ်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1043
 
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားက ဒီပရင်္ဂမြေ(ဒီပဲယင်း)မြို့နယ်အတွင်း ဒေသခံများနှင့် သပိတ် ကော်မတီများ စုပေါင်း၍ အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
 
အဆိုပါ လူထုသပိတ်သို့ မုံရွာပင်မသပိတ်က သွားရောက်ပူးပေါင်းခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။
 
ဓာတ်ပုံ- မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ(fb)
 
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဒီပဲယင်း၊ ယင်မာပင်၊ ကလေး စသည့် မြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
 
 
 
Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲကို သမ္မတခြိမ်းခြောက်၍ ဘရာဇီးလ်နိုင်ငံသားများ ဒီမိုကရေစီအရေးဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 637

Share
Tweet
Share
Share
powered by social2s

အာဏာရပြီး တစ်နှစ်အတွင်း တာလီဘန် စစ်ရေးအင်အား ပိုကောင်းလာ

By CNI
CNI
Category: Watch TV
Hits: 615

Share
Tweet
Share
Share
powered by social2s

ကင်ညာရွေးကောက်ပွဲရလဒ်များ ကြန့်ကြာနေ၍ လူထုအားမရဖြစ်

By CNI
CNI
Category: Watch TV
Hits: 619

Share
Tweet
Share
Share
powered by social2s
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

NUG နှင့်တွေ့ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောစကားကို နစက ကန့်ကွက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1374

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အာဆီယံ တွေ့ဆုံသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ ၏ ပြောစကားအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် သြဂုတ် ၈ ရက်က ကျင်းပသည့် အာဆီယံနေ့ အခမ်းအနားနှင့် သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ထို ပြောကြားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု နစက-က ထုတ်ပြန်ခဲ့ သည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်နေသည့် မတရားအသင်း အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံအဖွဲ့ဝင်များအား တိုက်တွန်းသည့် မလေးရှား နိုင်ငံခြား ရေးဝန်ကြီး၏ တာဝန်မဲ့ ပြောကြားချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ယင်းကဲ့သို့ မဆင်မချင် ပြောကြားချက်များသည် နိုင်ငံတွင်း မငြိမ်မသက်မှုနှင့် အကြမ်းဖက် လုပ်ရပ်များကို အားပေးရာ ရောက်သည့် အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက် သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး

ထို့နောက် အဆိုပါ ပြောကြားချက်များသည် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ(င)နှင့် (စ)ကို လည်း ကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာ ရောက်သည်ဟု လည်း နစက-က ပြောသည်။

၎င်းက “ တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ မဟုတ် သည့် နိုင်ငံများကို ပါဝင်လာစေရန် ပြောဆိုချက်များသည် အာဆီယံ၏ အချက်အချာကျမှုကို လျော့ပါးစေပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကိုလည်း လမ်းကြောင်းလွဲမှား စေမည်ဖြစ် သည်”ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ် တွေ့မြင်လိုသည့် ဆန္ဒရှိသည့် မည်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံမဆို မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆိုးရွားစွာထိခိုက်စေမည့် ပြောကြားချက်မျိုးကို ရှောင်ရှားသင့်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး နစကဥက္ကဋ္ဌ တက်ရောက်ခဲ့

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ တရားဝင် အစိုးရဖြစ်ရေး ကြိုးပမ်းလျက်ရှိရာ ဖြုတ်ချခံ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်း ကာ နစကအား ဖြုတ် ချရေးနှင့် တရားဝင် အစိုးရဖြစ်ရေး ကြိုးပမ်းလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်ပြည်နယ်တွင် AA မှလွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ မလိုအပ်ဟု AA ပြော

By CNI
CNI
Category: Watch TV
Hits: 627

Share
Tweet
Share
Share
powered by social2s
နစက ဖွဲ့စည်းပေးထားသည့် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကို တွေ့ရစဉ်

နိုင်ငံရေးပါတီများ နိုင်ငံခြားအဖွဲ့အစည်းနှင့်တွေ့မည်ဆို ခွင့်ပြုချက်ရမှ တွေ့ရမည်ဟု UEC စာပို့

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1057

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ အကြောင်းကြားရမည်ဟု နိုင်ငံရေးပါတီများသို့ UEC က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်က စာပို့သည်။

UEC က "နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်  ဖြစ်ပါသည်"ဟု နိုင်ငံရေးပါတီများသို့ ပေးပို့သည် စာထဲတွင် ရေးသားထားသည်။

UEC ၏ နိုင်ငံရေးပါတီများသို့ ပေးပို့သည်စာသည် ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီကြောင်း၊ သံတမန် တစ်ဦး ဖုန်းဆက်လာပါက UEC သို့ ခွင့်ပြုချက်တင် တောင်းခံပြီးမှ ဖုန်းရမည့် အခြေအနေထိ ဖြစ်နေကြောင်း၊ နိုင်ငံရေး ပါတီသည် လွတ်လပ်သော အသင်းအဖွဲ့ဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၄၀၇ (ဂ)၊ ၄၀၈ နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဉပဒေ ပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွက်ဝှိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်း တို့၏ ဩဇာခံယူခြင်း မပြုရေး”ကို နိုင်ငံရေးပါတီများအနေဖြင့် စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ပြောထားသည်။

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံသားများ (AFP)

ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားပြည်သူ မထိခိုက်စေလိုဟု အမေရိကန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 850

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၂

ရုရှားနိုင်ငံကို ဆန့်ကျင်လျက် ပိတ်ဆို့အရေးယူမှုများကြောင့် အမေရိကန် အာဏာပိုင်များအနေဖြင့် ရုရှားပြည်သူလူထု ထိခိုက်စေလိုသည့် ဆန္ဒမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသား အားလုံးကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခြင်း ရပ်တန့်ရန် စက်မှုထိပ်သီး (G-7) အုပ်စုဝင် နိုင်ငံများထံသို့ ယူကရိန်း မေတ္တာရပ်ခံခြင်းနှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပေးရန် တောင်းခံခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်စွဲဖြင့် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ဘယ်လို ဗီဇာပိတ်တာမျိုးမှာမဆို ကျနော်တို့က ရုရှားပြည်သူတွေကို ထိခိုက်မှု မရှိစေဖို့ (ဒါမှမဟုတ်) သိသိသာသာ နစ်နာ ဆုံးရှုံးတာ မဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောထား ကွဲလွဲတာတော့ မဟုတ်ပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့ရေးရာဗျူရို၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲက ပြောကြားခဲ့သည်။

အနောက်အုပ်စု နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံသားအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်သင့်ကြောင်း ဝါရှင်တန်ပို့စ် မီဒီယာနှင့် အင်တာဗျူးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက အစောပိုင်း၌ ပြောကြားခဲ့သည်။

အလားတူ ရုရှားနိုင်ငံသားများကို ခရီးသွားဗီဇာ ထုတ်ပေးခြင်းအား တားမြစ်ရန် ဥရောပသမဂ္ဂ (EU) နိုင်ငံများကို အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကာလက်စ်က တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (GETTY IMAGES)

ဥရောပသို့ အလည်ပတ် လာရောက်ခြင်းသည် အခွင့်ထူးသာဖြစ်ပြီး လူ့အခွင့်အရေး မဟုတ်ကြောင်း ကာဂျာကာလက်စ်က ဆက်လက် ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံမှ ထုတ်ပေးသော ဗီဇာများကို သုံး၍ ရုရှားနိုင်ငံသားများအနေဖြင့် အခြားဥရောပနိုင်ငံများသို့ ခရီးသွားရန် ကြိုးစားလျှင် မိမိတို့က ကန့်သတ်သွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ရုရှားအစိုးရနှင့် ရုရှားနိုင်ငံသားများကို သီးခြားစီ ခွဲထုတ်ရန် ကြိုးပမ်းမှုအနေဖြင့် အသုံးဝင်မည် မဟုတ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗက်က ပြောကြားခဲ့သည်။

နိုင်ငံအချို့သည် မော်စကိုအပေါ် ဖော်ရွေသည့် သဘောထား ရှိရင်းစွဲဖြစ်၍ အရာအားလုံးကို မေ့ထားကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နာဇီဝါဒကို အခြေခံ၍ ထုတ်ပြန်ချက် ဖြစ်သဖြင့် အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကာလက်စ်ကို အပြစ်တင် ရှုတ်ချကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့သည်။

ဇာလန်းစကီးမှ အစပြု၍ အဒေါ့ဖ်ဟစ်တလာ၏ စိတ်ကူးစိတ်သန်းများကို တဖန်ပြန်လည်၍ အမှတ်ရစေခဲ့ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီး ကျော်ဟန်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် AA မှလွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့ မလိုအပ်ဟု AA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2185

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)မှ လွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့များ မလိုအပ်ဟု ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ သည်။

ULA/AA သည် နိုင်ငံရေးအဆင့်အတန်းအနေဖြင့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးရရှိလိုကြောင်း၊ ရခိုင်ပြည် နယ်တွင် ULA/AA မှလွဲပြီး တခြားသော တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ခွင့် မပြုလိုသော သဘောထားများ ထုတ်ဖော်လာခဲ့သည်။

ထို့နောက် တပ်မတော်နှင့် NUG ကြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့၏ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးကို တောင်းဆိုမှုအပေါ် မည်သို့ စဉ်းစားထားချက်များ ရှိသနည်းဟု မေးခွန်းထုတ်မှုများလည်း ရှိလာနေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ကွန်ဖက်ဒရေးရှင်း ပုံစံဆန်သော သဘောထားများ ရှိလာသည့် အပေါ်မှာ NUG အနေဖြင့် လောလောဆယ် ညှိနှိုင်းဖြေရှင်းနိုင်စွမ်း မရှိသေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

ALP နဲ့ AA ခေါင်းဆောင်တို့ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကျနော်ကတော့ အဲဒါဟာ ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားအတွက် အကျိုးမရှိဘူး။ နောက် ပြီးတော့ ရခိုင်အမျိုးသားတွေကို အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးမယ် ဆိုလို့ရှိရင် အဲဒီ သဘောထားတွေ မထားသင့်ဘူးလို့ပဲ ယူဆပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီကာလမှာ အဲဒီ လို သဘောထားတွေနဲ့ ရခိုင်အမျိုးသားတွေ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကျနော်တို့ အသိ အမှတ်ပြုတဲ့အနေနဲ့ အခု AA ပြောနေတဲ့ သဘောထားဟာ ကျနော်တို့ ဒီမိုကရေစီ နည်းမကျတဲ့ ချဉ်းကပ် ဖြေရှင်းမှု ဖြစ်တဲ့အတွက် ကျ‌နော်တို့ အနေနဲ့တော့ မသင့်လျှော်ဘူးလို့ သုံးသပ်တဲ့အကြောင်း ပြောတာပါခင်ဗျ” ဟု ပြောသည်။
ထို့အတူ မြန်မာပြည်၏ အရေးကြီးသည့် နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသည့် ပုဂ္ဂိုလ်များ၏ သဘောထားများ မသိရှိနိုင်‌သေးသည့်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် မရေးဆွဲနိုင်သေးသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။
AA အနေဖြင့် ၎င်းတို့လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း၊ ၎င်း နိုင်ငံရေး အဆင့် အတန်း မရပါက ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမည်ဆိုသည့် စကားမျိုး ပြောကြားဖူးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ဦးဖေသန်းက “သူတို့ကတော့ ကွန်ဖက်ဒရိတ်ကို လိုချင်တယ်၊ ကွန်ဖက်ဒရိတ်ကို ဆန့်ကျင်ရင်တော့ အဲဒီအဖွဲ့တွေနဲ့ သူတို့ ရန်သူတို့ သတ်မှတ်တယ်ဆိုတဲ့ စကားမျိုး ပြောသွားတယ်လေ။ သူတို့လိုချင်တဲ့ ကွန်ဖက်ဒရိတ်ကတော့ အနိမ့်ဆုံးအဆင့်ပေါ့။ အဲဒါလည်း အရင်လည်း စစ်ဦးစီးချုပ်လည်း ပြောထားပြီး ဖြစ်ပါတယ်၊ ဒီကိစ္စ။ သူတို့လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းမှ မရ ရင်တော့ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စကားမျိုးတော့ ပြောဖူးတာပေါ့နော်။ ဆိုတော့ သူတို့လိုချင်တဲ့ အမြင့်ဆုံး အဆင့်အတန်းက ကွန်ဖက်ဒရိတ်လို့ ကျနော်တို့ နားလည်လို့ ရတာ ပေါ့” ဟု ပြောသည်။

လက်ရှိ အနေအထားအရ AA လိုချင်သည့် ပုံစံကို တပ်မတော်နှင့် NUG တို့ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း၊ AA လိုချင် သည့် ပုံစံနှင့် ပေးနိုင်မည့် အနေအထားကို ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

AA လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ လက်ရှိ ဖြစ်နေသည့် ပြဿနာကို ပိုမိုကြီးစေကြောင်း သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “အဲဒီစကားရပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကွန်ဖက်ဒရိတ်ဆိုတဲ့ စကားလုံး သုံးထားတဲ့ အတွက်ကြောင့် သေချာတာကတော့ ရခိုင်ဘက်ကနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးပိုင်းဆိုင်ရာမှာ ပြဿနာတက်ဖို့ များလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ဟာတောင်မှ အချင်းချင်းကြားထဲမှာ နားလည်မှုရအောင် အတော်လေး ကြိုးစားခဲ့ရတာလေ၊ ကွန်ဖက်ဒရိတ်ဆိုတာ ဖက်ဒရယ်ရဲ့ ဟိုဘက်ကို အရမ်းလွန်သွားပြီ။ ဒီလောက်လွန်နေတဲ့ အခွင့်အရေးကို ချက်ချင်း သူတို့တောင်းနေတယ်ဆိုတာ သူတို့အတွက်တော့ အရမ်းများသွားပြီ။ သိပ်လွယ်မှာ မဟုတ်တဲ့အပြင် လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ ပိုပြီး ကြီးစေတဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ULA/AA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ အာဆာ (ARSA) စသည့် လက်နက်ကိုင်ထားသော အင်အားစုများ လှုပ်ရှားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
CRPH ကို ထောက်ခံကြောင်း ပြသခြင်း (EPA)

ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်‌ရေး ကြိုးပမ်းသွားမည်ဟု CRPH ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1002

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

ယနေ့ (ဩဂုတ် ၁၂ ရက်) တွင် ကျရောက်သည့် ၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ တွင် အထက်ပါအတိုင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအား နိုင်ငံတဝှမ်းရှိ ပြည်သူများက တခဲနက် ဆန့်ကျင်တော်လှန်နေကြသည့် ယခုအချိန်မျိုးတွင်လည်း ကရင်တိုင်းရင်းသားတို့သည် ညီနောင်တိုင်းရင်းသား များနှင့်အတူ လက်တွဲ၍ အသက်နှင့် ခန္ဓာအား ပေးလှူကာ ဆက်လက်တိုက်ပွဲ ဝင်နေကြဆဲပင် ဖြစ်ကြောင်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

စောဘဦး ရုပ်တုကိုတွေ့ရစဉ် 

ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသားများ အနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အလွှာအသီးသီးမှ မိတ်ဖက်နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများအား နွေးထွေးစွာ ကြိုဆိုပြီး ကူညီစောင့်ရှောက်ပေးမှုများသည် တော်လှန်ရေး အောင်မြင်ရန်အတွက် ကြီးမားသည့် တွန်းအားတစ်ရပ်ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သသည်။

ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်ပြည်၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်ကြောင်း၊ ယနေ့ ကရင်တိုင်းရင်းသားများ ဖိနှိပ်ခံဘဝမှ လွတ် မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြရင် ကျဆုံးသွားခဲ့ကြသူ စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်း သား အာဇာနည်များအားလုံးကို အောက်မေ့ ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကရင်အာဇာနည်နေ့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင့်တော်လှန်ရေးကို ဦးဆောင်ခဲ့သော စောဘဦး ၁၉၅၀ ခုနှစ်၊ ဩဂုတ် ၁၂ ရက်တွင် ကွယ်လွန်သည့် နေ့ကို ကရင်အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယနေ့ (ဩဂုတ် ၁၂ ရက်တွင်) ၇၂ နှစ်မြောက် ခဲ့ပြီး ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်သမ္မတ ဂျာအိဘော်ဆိုနာရိုကို ဆန္ဒပြ(AP)

ရွေးကောက်ပွဲကို သမ္မတခြိမ်းခြောက်၍ ဘရာဇီးလ်နိုင်ငံသားများ ဒီမိုကရေစီအရေးဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1338

CNI International News

ဘရာဇီလီယန်၊ ဩဂုတ် ၁၂

နိုင်ငံ၏ဒီမိုကရေစီ အဖွဲ့အစည်းများကို အကာအကွယ်ပေးရန်အတွက် ထောင်နှင့်ချီသော ဘရာဇီးလ်နိုင်ငံသားများ သည် လွန်ခဲ့သော ၄၅ နှစ်နီးပါးခန့်က ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းရှုတ်ချခဲ့သည့် သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ဥပဒေကျောင်းတစ်ကျောင်းရှေ့၌ ဩဂုတ် ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြသူများသည် ၎င်းတို့နိုင်ငံ၏ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲစနစ်များကို ခုခံကာကွယ်သည့် ကြေညာ ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ အမျိုးသားရေးဝါဒီ လက်ယာအစွန်းရောက်သမ္မတ ဂျာအိဘော်ဆိုနာရိုသည် ယမန်နှစ် အောက်တိုဘာလတွင် ပြန်လည် ရွေးကောက် တင်မြှောက်မှုမခံရမီ ၎င်းရွေးကောက်ပွဲ စနစ်များကို အကြိမ်ကြိမ် ထိုးနှက်နေခဲ့သည်။

လက်ရှိ ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းတွင် ဘော်ဆိုနာရို၏အမည်ကို အတိအကျ မဖော်ပြထားသော်လည်း လက်ယာစွန်းသမ္မတ အနေဖြင့် ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ခြေရာကို လိုက်နင်းသွားနိုင် ကြောင်း၊ အာဏာပြန်ရရေး ကြိုးပမ်းမှုတွင် ၎င်းကို မထောက်ခံသော ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်ပြီး ၎င်းအပေါ် တတိုင်းပြည်လုံး အတိုင်းအတာဖြင့် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း အလေးပေး ရေးသားထားသည်။

ဘရာဇီးလ်ပြည်သူများ ဘရာဇီးလ်သမ္မတ ဂျာအိဘော်ဆိုနာရို ရုပ်ပုံပါ အလံကို ကိုင်ဆောင်ထားစဉ် (AP)

ဩဂုတ် ၁၁ ရက် လူထုစုဝေးမှုတွင် ဖတ်ကြားခဲ့သော ကြေညာချက် တစ်စောင်တွင် လက်မှတ်ပေါင်း ၈ သောင်း ကျော် စုစည်းနိုင်ခဲ့ပြီး ထိုကြေညာချက်မှနေ၍ ဘရာဇီးလ်ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရပြီဟု သတိပေးခဲ့သည်။

“ကျနော်တို့မှာ အာဏာသိမ်းခံရမယ့် အန္တရာယ်ရှိနေတယ်။ ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေကနေ ဒီမိုကရေစီအရေး အာမခံချက်ပေးဖို့ ရပ်တည်ပြီး တိုက်ပွဲဝင်ရမှာပါ” ဟု တရားရေးဝန်ကြီးဟောင်း ဂျိုစီ ကားလို့စ် ဒိုက်ယက်စ် (Jose Carlos Dias) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၇၇ ခုနှစ်က ကြေညာစာတမ်းနှစ်စောင်ကို ယနေ့ခေတ်နှင့် ကိုက်ညီအောင် ပြင်ဆင်ရေးသားရာတွင် ပါဝင်ကူညီခဲ့သည်။ ထိုကြေညာစာတမ်းကို ဩဂုတ် ၁၁ ရက်၌ ဘရာဇီးလ် လူထုအကြားတွင် ဖတ်ကြားခဲ့ပြီးဖြစ် သည်။

ဆော်ပိုလိုမြို့တွင် ယာဉ်မောင်းသူများက လူထုစုဝေးခဲ့သည့် ဥပဒေကျောင်းသို့ သွားရာ အဓိကလမ်းမများပေါ်တွင် ဩဘာပေးခဲ့ကြပြီး ကျောင်းသားများက ဒီမိုကရေစီအရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ဥပဒေကျောင်း အဆောက်အဦ၏ ပင်မ ဆင်ဝင်ပေါက်အနီးတွင် ဧရာမ အီလက်ထရောနစ် ဆိုင်းဘုတ်ထောင်၍ “မဲဆန္ဒရှင်များကို လေးစားပါ” ဟူသော ဆောင်ပုဒ်ကို စာတန်းဖော်ခဲ့ကြသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တာလီဘန်တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

အာဏာရပြီး တစ်နှစ်အတွင်း တာလီဘန် စစ်ရေးအင်အား ပိုကောင်းလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1155


CNI International News

ကဘူးလ်၊ ဩဂုတ် ၁၂

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာပြန်ရလာသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး ယခင်ကထက် စစ်ရေးအင်အား ပိုကောင်းလာသော်လည်း ၎င်းတို့၏အုပ်ချုပ်ရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
၎င်းတို့အာဏာချုပ်ကိုင်မှု ပိုမိုတင်းကျပ်ရန်အတွက် တာလီဘန်တို့သည် စစ်ရေးခြိမ်းခြောက်မှု တစ်ခုအဖြစ် ရင်ဆိုင်နေရသော ပန်ရှာဂျာ (Panshjir) တောင်ကြားသို့ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့သည်။

အာဖဂန်နစ္စတန်အရှေ့မြောက်ပိုင်းရှိ ရှုခင်းသာချိုင့်ဝှမ်းဖြစ်သော ပန်ရှာဂျာတောင်ကြားသည် ပြင်ပမှ ဝင်ရောက် လာသော လက်နက်ကိုင်များကို ခုခံတိုက်ခိုက်ရန်အတွက် အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) စတင်မွေးဖွားရာ ဒေသ ဖြစ်သည်။

တာလီဘန်တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

အခြား တဖက်တွင်လည်း အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် (IS-K) အဖွဲ့ကလည်း လွန်ခဲ့သည့် ၁၂ လအတွင်း ဗုံးများ ကြဲချပြီး အသေခံ တိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့သည်။

သို့သော် ဂျီဟက်ဝါဒီများသည် တာလီဘန်တို့နှင် ထိပ်တိုက် ဖြေရှင်းမည့်အစား ရှီးယိုဗလီများနှင့် ဆစ်ခ်ဘုရား ကျောင်းများကို အာရုံစိုက်ခဲ့ကြသည်။

ယမန်နှစ်၊ ဩဂုတ် ၃၁ ရက်တွင် အမေရိကန် ဦးဆောင်သော တပ်များ အာဖဂန်မှ ထွက်ခွာသွားခဲ့သော်လည်း တာလီဘန်တို့၏ အုပ်ချုပ်ရေးကို အနောက်အုပ်စု၏ ခြိမ်းခြောက်မှုက ရှိနေခဲ့သည်။

မကြာသေးမီက ကဘူးလ်မြို့တော်တွင် ခိုအောင်းနေခဲ့သည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီကို အမေရိကန်က ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တာလီဘန် ခေါင်းဆောင်များ အတွက်လည်း နည်းပညာမြင့်မားလှသည့် ရန်သူလက်ချက်ဖြင့် မည်သို့ထိခိုက်လွယ်နိုင်ကြောင်း ပြသနေခဲ့သည်။

ပန်ရှာဂျာ (Panshjir) တောင်ကြားက NRF တပ်ဖွဲ့ခေါင်းဆောင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပန်ရှာဂျာ တောင်ကြားကို တာလီဘန်တို့ အစိုးရိမ်ဆုံး ဖြစ်သော်လည်း ၎င်းတို့အတွက် ပြင်းထန်သော ခုခံမှုမှ အလှမ်းဝေးသည်ဟု ဝါရှင်တန်အခြေစိုက် ဝီလ်ဆင်စင်တာမှ တွေးခေါ်ပညာရှင် မိုက်ကယ်ကူဂဲမန်း (Michael Kugelman) က ယုံကြည်ထားသည်။

“တကယ်လို့ IS-K ရဲ့ တိုက်ခိုက်မှု စတွေ့လာရပြီး နောက်ထပ် တိုက်ခိုက်မှုတွေလည်း ရှိလာမယ်ဆိုရင် NRF အတွက် တကယ်အကျိုးရှိနိုင်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ သုံးသပ်ပြ သည်။

အကယ်၍ အာဖဂန်နိုင်ငံသားများ အနေဖြင့် IS-K ၏ ဖောက်ခွဲဖျက်ဆီးခံရသော မိသားစုများ၏ အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ရလျှင် တာလီဘန်အုပ်ချုပ်ရေး၏ တရားဝင်မှု (legitimacy) ကို အစွန်းအထင်း ဖြစ်စေ နိုင်သလို NRF အတွက်လည်း အကျိုးရှိမည့် ထွက်ပေါက်တစ်ခု ရလာမည်ဟု မိမိ ယူဆကြောင်း မိုက်ကယ်ကူဂဲမန်း က ဆက်လက် ပြောကြားခဲ့သည်။

Source: AFP

 

 

 

Share
Tweet
Share
Share
powered by social2s

ခရိုင်းမီးယား၌ ဗုံးပေါက်ကွဲ၍ ရုရှားစစ်လေယာဉ် ၉ စင်းပျက်စီးဟု ယူကရိန်းပြော

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s

ကက်ရှ်မီးယားစိန်ခေါ်မှု၌ အိန္ဒိယ၏နိုင်ငံခြားရေးမူဝါဒ တရုတ်ဘက်လှည့်လာ

By CNI
CNI
Category: Watch TV
Hits: 648

Share
Tweet
Share
Share
powered by social2s
ဂျပန်အမတ် Mr. Hiromichi Watanabe နဲ့ နစကဥက္ကဋ္ဌ

ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ပူးပေါင်းရေးနှင့် မြန်မာ့အရေး ဂျပန်အမတ်နှင့် နစကဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 840

 

CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကို ဂျပန်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဂျပန်အမတ် Mr. Hiromichi Watanabe

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82

Page 78 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar