CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အာဖဂန် သမ္မတဟောင်း ဂါနီ(AP)

တာလီဘန်တို့ထံ အညံ့မခံလို၍ ထွက်ပြေးခဲ့ဟု အာဖဂန်သမ္မတဟောင်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1211

CNI International News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ကို တာလီဘန်တို့ ပြန်သိမ်းခဲ့သည့် နှစ်ပတ်လည် အကြိုနေ့တွင် သမ္မတ ဟောင်း အရှရက်ဖ်ဂါနီက “၎င်းအနေဖြင့် နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ရန် ဆုံးဖြတ်ချက်ချမည့် အချိန်မှာ စက္ကန့်ပိုင်းသာ ရခဲ့ကြောင်း၊ သူပုန်များထံ လက်နက်ချအညံ့ခံ၍ အရှက်တကွဲဖြစ်ရခြင်းမှ ရှောင်ရှားခဲ့ခြင်းသာဖြစ်ကြောင်း” သူ့ကိုယ်သူ ကာကွယ်ပြောကြားခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက အာဖဂန်မြို့တော် ကဘူးလ်ဂိတ်ပေါက်ဝသို့ တာလီဘန်များ ရောက်ရှိ လာသည်နှင့်တပြိုင်နက် သမ္မတနေအိမ်ရှိ အစောင့်များ ပျောက်ကွယ်သွားပြီးနောက် မိမိသာ အိမ်ထဲတွင် နောက်ဆုံး ကျန်တော့ကြောင်း၊ ကဘူးလ်ကို အကာအကွယ် မပေးနိုင်တော့ခြင်းအား ကာကွယ်ရေးဝန်ကြီးက ထိုနေ့ အစောပိုင်းတွင် မိမိထံသို့ ပြောခဲ့ကြောင်း ဂါနီက CNN သတင်းဌာနသို့ ရှင်းပြသည်။

ကဘူးလ်မြို့တော်ရှိ သမ္မတအိမ်တော်ကို တာလီဘန်တို့ ထိန်းချုပ်လိုက်စဉ် (AP)

ကဘူးလ်မြို့ တာလီဘန်လက်သို့ ကျခဲ့သည့်နေ၌ ၎င်း၏လုပ်ရပ်များ တရားမျှတမှုရစေရန် ဂါနီက ယခင်ကလည်း ကြိုးပမ်းခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ ယခု ဩဂုတ် ၁၄ ရက်ကျမှ မီဒီယာသို့ ပြောကြား ရန် ကမ်းလှမ်းခဲ့သည်။

သမ္မတ နေအိမ်အတွင်းရှိ ထမင်းချက်တစ်ဦးကို အဆိပ်ခတ်ရန် ဒေါ်လာ ၁ သိန်းပေးခဲ့ကြောင်း မိမိသိရသဖြင့် နေထိုင်ရာ ပတ်ဝန်းကျင်မှာ မလုံခြုံတော့ဟု ဂါနီက အကြောင်းပြခဲ့သည်။

“ကျနော် ထွက်သွားရတဲ့ အကြောင်းရင်းကတော့ တာလီဘန်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက အာဖဂန်သမ္မတ ကို အရှက်တကွဲ ဖြစ်စေခဲ့တယ်ဆိုတဲ့ ကျေနပ်မှု ပီတိမျိုး မပေးချင်တာကြောင့်ပါ။ သူတို့အစိုးရဟာ တရားဝင် (legitimacy) ဖြစ်ပါတယ်ဆိုပြီး ကျနော့်ကို လက်မှတ်ထိုးခိုင်းတော့မှာလေ။ ကျနော်က တခါမှ ကြောက်တာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တာလီဘန်တို့ အာဏာရပြီး တစ်နှစ်အကြာ အခြေအနေ (AFP)

အာဖဂန်ပြည်တွင်း၌ အနှစ် ၂၀ ကြာ ရှိနေခဲ့သော အမေရိကန်နှင့် နေတိုးတပ်များ ဖရိုဖရဲ ဆုတ်ခွာခဲ့ခြင်း၏ နောက် ဆုံး အဆင့်တွင် ဂါနီ ရုတ်တရက် လျှို့ဝှက်စွာ ထွက်ပြေးခဲ့သဖြင့် ဩဂုတ် ၁၅ ရက်မှစ၍ ကဘူးလ်မြို့တော်ကို အထိန်းအကွပ် ကင်းမဲ့သွားခဲ့ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ကြသည်။

၎င်းနှင့် အခြားအစိုးရ ထိပ်တန်းပုဂ္ဂိုလ်များ ရဟတ်ယာဉ်တစ်စင်းဖြင့် ထွက်ပြေးကြစဉ် ဒေါ်လာသန်းပေါင်းများစွာ ယူဆောင်သွားကြောင်း စွပ်စွဲချက်များကို ယခုအခါ ဂါနီက ငြင်းဆိုခဲ့သည်။

ယခင်သီတင်းပတ်၌ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် အမေရိကန်ကွန်ဂရက် (လွှတ်တော်) စောင့် ကြည့် အဖွဲ့က “ဂါနီနှင့် ၎င်း၏ ထိပ်တန်း ခေါင်းဆောင်များ လွတ်မြောက်ရေး ထွက်ပြေးရာ၌ ရဟတ်ယာဉ်ပေါ်သို့ ငွေသားအများအပြား ယူဆောင်သွားသည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း” ငြင်းဆန်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကော့ကရိတ် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားသည့် အရပ်သားတစ်ဦးနဲ့ KNU က ဖမ်းဆီးရမိခဲ့သည့် လက်နက်များ (CJ)

ကော့ကရိတ်မြို့ပေါ်တိုက်ပွဲ ရဲမှူး အပါအဝင် ၁၂ ဦးသေဆုံးဟု KNU ထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1651

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)သည် ရဲစခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမှူး အပါအဝင် ၁၂ ဦး သေဆုံးပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ကရင်အမျိုး သား အစည်းအရုံး(KNU)က ယနေ့ (သြဂုတ် ၁၅ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ၂ ဦးမှာ တရားဥပဒေ အရာရှိတစ်ဦးနှင့် ရုံးလုပ်သားတစ်ဦး ဖြစ်ကြောင်းလည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံးပျက်စီးသွား(CJ)

ထို့နောက် လက်နက် ၆ လက်ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကော့ကရိတ်မြို့ပေါ် တိုက်ပွဲအတွင်း ပြန် လည် ဆုတ်ခွာလာခဲ့သည့် KNLA တပ်ဖွဲ့ကို မြန်မာ့တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့ဖြစ်သည်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို စစ်သင်တန်းများပေးကာ ပူးတွဲ၍ တိုက်ပွဲ ဝင် လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်သူလူထု စက်သုံးဆီ လိုအပ်ချက်အပေါ် နစက ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s
ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (AFP)

အခြားသူလက်သုံး၍ အကြမ်းဖက်ဝါဒတံဆိပ်ကပ်ရန် အမေရိကန်ကြိုးစားနေဟု ရုရှားပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1362

CNI International News

မော်စကို၊ ဩဂုတ် ၁၅

အခြားနိုင်ငံများ၏လက်ကို သုံး၍ ရုရှားအပေါ် အကြမ်းဖက်ဝါဒ တံဆိပ်ကပ်ရန် အမေရိကန်ကြိုးစားခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ မာရီယာဇာဒါရိုဗာ (Maria Zakharova) က ဩဂုတ် ၁၅ တွင် ပြောကြား ခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသား ဖော်ပြသည်။

ထို့နောက် ကမ္ဘာပေါ်တွင် ရုရှားကို သီးခြားအထီးကျန်စေဖို့ အမေရိကန်၏ အစီအစဉ် မအောင်မြင်ခဲ့ကြောင်း ၎င်းက ဆက် လက် ပြောကြားခဲ့သည်။

“ကျမတို့နိုင်ငံကို ဒီစာရင်းထဲကို သူတို့စိတ်ကူး အကောင်အထည် ဖော်တဲ့နေရာမှာ တခြားသူတွေကို အသုံးချတာ ရှင့်။ တကယ်တော့ ဘောလ်တစ်နိုင်ငံတွေက ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောပြီးသား ဖြစ်ပါတယ်” ဟု Rossiya-1 ရုပ်သံလိုင်းမှ ထုတ်လွှင့်နေကျဖြစ်သည့် ဗလာဒီမာ ဆိုလိုယော့ဗ် (Vladimir Solovyov) အစီအစဉ်နှင့် ဗော့ရက်နီဗီချာ (Voskerensy Vecher) ကဏ္ဍတို့နှင့် အင်တာဗျူးတွင် မာရီယာဇာဒါရိုဗာက ပြောကြားခဲ့သည်။

ရုရှားယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာကို ဖျက်သိမ်းရန် ရည်ရွယ်၍ အနောက်အုပ်စု နိုင်ငံများသည် ရုရှားကို အထီးကျန်စေရန် ကြိုးစားမှုမှာ မအောင်မြင်ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ မာရီယာဇာဒါရိုဗာ (TASS)

“ဘာမှ မထိရောက်ခဲ့ပါဘူး။ ဝါရှင်တန် ပြောသမျှကိုလည်း ကမ္ဘာက ဂရုမစိုက်ဘူး။ ကျမတို့နိုင်ငံကို သီးခြား ခွဲထုတ် ပြီး ကျန်ရစ်နေအောင် သူတို့တတ်နိုင်သမျှ အန္တရာယ်ပေးဖို့ Plan B ကိုလည် စခဲ့ပါတယ်။ အဲဒါတွေ အများစုက တစ်ဆင့်ခံ (သူများလက်ငှားပြီး) လုပ်တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မကြာသေးမီက ဥရောပသမဂ္ဂ (EU) အုပ်စုထဲ ဝင်ရောက်လာသည့် အဖွဲ့ဝင် နိုင်ငံသစ်များမှတဆင့် ထိုသို့ အပြုအမူ မျိုး ပြုလုပ်ပြစေခြင်းကို ဝါရှင်တန်က ပိုမိုလိုလားကြောင်း မာရီယာက ဆက်လက် ပြောကြားခဲ့သည်။

မော်စကိုသည် ယခုအဆင့် သတ်မှတ်ချက် (ရုရှားကို အကြမ်းဝါဒ အားပေးသည့် နိုင်ငံများ စာရင်းထဲသို့ သွင်းခြင်း) ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဝါရှင်တန်အား အတိအလင်း ရှင်းလင်း အသိပေးပြီးဖြစ်ကြောင်း ၎င်းက ပြန်ပြောင်း ပြောကြားခဲ့သည်။

“အဲဒီလို အသိပေးတာတွေ သူတို့ဖတ်မိရင် နားလည်လောက်ပါတယ်။ နှုတ်နဲ့ပြောရုံတင် မဟုတ်ဘဲ စာနဲ့ရေးထား တဲ့ သဘောထား မှတ်ချက်တွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီးလည်း ကျမတို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒီ တော့ မေးစရာရှိတာက ကျမတို့နဲ့ ဆက်ဆံတဲ့သူတွေကိုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ဘက်ကတော့ ဒီကိစ္စ အားလုံးဟာ ကျမတို့ အကြိမ်ကြိမ် ပြောပြီးသားတွေရှင့်” ဟု မာရီယာတွင် ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲမှာ ပျက်စီးနေခြင်း (Reuters)

လက်ဗီးယားနိုင်ငံ၏ လွှတ်တော်သည် ယခင်သီတင်းပတ် ဩဂုတ် ၁၁ ရက်တွင် ယူကရိန်းမြေပေါ်၌ ရုရှား၏ လုပ်ရပ်များကို အကြမ်းဖက်ဝါဒအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ရုရှားကို အကြမ်းဖက်ဝါဒ ကျင့်သုံးနေသော နိုင်ငံဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံသားများကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားရေး လက်ဗီးယား လွှတ်တော်အမတ် များက EU နိုင်ငံကို တောင်းဆိုခဲ့သည်။

အလားတူ ယူကရိန်းကလည်း အကြမ်းဖက်ဝါဒ ပံ့ပိုးကူညီသည့် နိုင်ငံများ စာရင်းထဲသို့ ရုရှားကို ထည့်သွင်းရန် အမေရိကန်ထံသို့ တောင်းဆိုခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
KNU နဲ့ NUG-PDF ကိုတွေ့ရစဉ် (KNU-NUG -fb)

KNU နယ်မြေအတွင်း အခြားအဖွဲ့အစည်း၏ အုပ်ချုပ်ရေးယန္တရားဖွဲ့စည်းခြင်း ခွင့်မပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 2099

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၄

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ စီမံအုပ်ချုပ်နယ်မြေအတွင်း မည်သည့်အဖွဲ့အစည်းမှ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ သီးခြား ဖွဲ့စည်းတည်‌ဆောက်ခြင်းကို ခွင့်မပြုကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

KNU ၏ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် စည်းရုံးဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း၊ မည်သည့် အဖွဲ့ အစည်းမှ ပြည်သူလူထုအပေါ် နိုင်ငံရေးဆိုင်ရာဝိဝါဒ ကွဲပြားစရာများ ဖြစ်ပေါ်စေခြင်း၊ နားလည်မှု ကွဲလွဲမှု ဖြစ်ပေါ် စေခြင်းနှင့် ပြည်သူလူထု၏ လုံခြုံမှုကို ထိခိုက်စေခြင်း၊ အခွင့်အရေး ဆုံးရှုံးစေခြင်း စသည့် လုပ်ရပ်များ စည်းရုံး ဖွဲ့စည်းခြင်းများကို ခွင့်မပြုကြောင်း KNU တပ်မဟာ (၁) သထုံခရိုင်မှ ထုတ်ပြန်ခဲ့သည်။

အလားတူ KNU တပ်မဟာ (၃) ကျောက်ကြီးမြို့နယ်၊ ထိုးဝါးစိုက်အုပ်စု၊ ရွာကန့်လန့်ကျေးရွာတွင် PDF မှ ဆေးခန်း ဖွင့်လှစ်ခြင်း၊ ဆေးကုသခြင်းနှင့် ကျေးရွာအတွင်း လူငယ်များမှ သင်တန်း လာရောက်တက်ခြင်း စသည့် အကြောင်းအရာများ သတင်းထွက်ပေါ် လာခြင်းမှာ မှန်ကန်မှုမရှိကြောင်း KNU မှ ထုတ်ပြန်ခဲ့သည်။

ကျောက်ကြီးအုပ်ချုပ်နယ်မြေအတွင်း အဖွဲ့အစည်းတစ်ခုခုမှ မည်သည့် လုပ်ငန်းမဆို လုပ်ကိုင်ဆောင်ရွက်လိုပါက သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းသို့ ခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

KNU ၏ ထုတ်ပြန်ချက် (KNU-fb)

အဆိုပါ ပဋိပက္ခများ ကြီးထွားမလာစေရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှတဆင့် ညှိနှိုင်းဖြေရှင်းသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်

ဦးသန်းစိုးနိုင်က “ကျနော်ကတော့ အခိုင်အမာအားဖြင့် အဲဒီဖက်က အခြေအနေ‌တော့ အသေးစိတ် မသိသေးတဲ့ အခါကြတော့ ကျနော်ပြောရဆိုရတာ ခက်ပါတယ်။ ဒါပေမဲ့ PDF နဲ့ EAO ဆိုတာ‌က ကျ‌နော်တို့ နွေဦးတော်လှန် ရေးရဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အစိတ်အပိုင်းတွေပါ အဲဒီလို အဖွဲ့အစည်း အချင်းချင်းဖြစ်တဲ့ သဘောထား မတူ ဘူး၊ ပဋိပက္ခ ဖြစ်တယ်ဆိုတာ မကောင်းပါဘူး။ ဒါပေမဲ့ ဖြေရှင်းရမယ့် နည်းလမ်းကတော့ NUG ကနေတဆင့် ညှိနှိုင်း ဖြေရှင်းစေချင်တယ်၊ စစ်ရေးပဋိပက္ခတွေ မဖြစ်အောင် ထိန်းသိမ်းစေချင်တယ်၊ အဲဒီလောက်ပဲ ကျနော့် အနေနဲ့ ယေဘုယျ ပြောနိုင်တဲ့ အနေအထား ဖြစ်ပါတယ်” ဟု ပြောသည်။

KNPP ၏ ထုတ်ပြန်ချက် 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့် PDF များမှ နွေဦးတော်လှန်ရေးအတွက် ပူးပေါင်းရမည့် အဖွဲ့စည်း များဖြစ်ကြောင်း၊ လက်ရှိ ကာလအရ ညီညွတ်ရေးမှာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

ကယားပြည်နယ်အတွင်းမှာ NUG ၏ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းကြောင့် ကယားပြည်နယ်အတွင်း လှုပ်ရှားနေသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ကန့်ကွက်မှုများ ၂၀၂၂ ခုနှစ်၊ ဧပြီလက ဖြစ်ပွားခဲ့သေးသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် KNU ၏ လက်နက်ကိုင်တပ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF တို့၏ ပူးပေါင်းတပ်နှင့် တပ်မတော်တို့အကြားလည်းကောင်း၊ KNPP ၏ စစ်ရေး လက်အောက်ခံ ကရင်နီတပ်မတော်(KA)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ ပူးပေါင်းတပ်နှင့် တပ်မတော်ကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ကင်မ်ဂျုံအန်း (GETTY IMAGES)

မြောက်ကိုရီးယားနှင့်ဆက်ဆံရေးတိုးချဲ့မည်ဟု ပူတင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1637

CNI International News

မော်စကို၊ ဩဂုတ် ၁၅

မော်စကိုနှင့်ပြုံယမ်းတို့အကြား ဆက်ဆံရေးကို တိုးချဲ့လိုကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းကို ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ် ဂျပန်တို့လက်အောက်မှ ပြန်လည်လွတ်မြောက်ခြင်း ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပူတင်က ကင်မ်ဂျုံအန်းထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ရာ နှစ်နိုင်ငံစလုံး အကျိုးစီးပွားအတွက် ပိုမိုနီးကပ်သော ဆက်ဆံရေး ထားရှိ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယား KCNA သတင်းဌာနက ဩဂုတ် ၁၅ ရက်တွင် ထုတ်လွှင့်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

၎င်း၏သဝဏ်လွှာထဲတွင် ရုရှားနှင့်မြောက်ကိုရီးယားတို့သည် ဘုံကြိုးပမ်းမှုများဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို အပြုသဘော ဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် အာရှတိုက်၏ အရှေ့ မြောက်ဒေသ လုံခြုံရေးနှင့်တည်ငြိမ်စေရေးကို ၎င်းအနေဖြင့် အထောက်အကူ ပြုသွားမည်ဖြစ်ကြောင်း ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ကို ၁၉၁၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်သိမ်းပိုက် ခံထားရခြင်းမှ အောင်ပွဲခံ၍ လွတ်မြောက်လာ ခဲ့သဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ရုရှား-မြောက်ကိုရီးယား ချစ်ကြည်ရင်းနှီးမှုကို မိမိတို့ လက်ထက်တွင်လည်း အတုယူရမည် ဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပူတင်ထံ ပေးပို့သော စာတစ်စောင်ထဲတွင် ရေးသားခဲ့သည်။

အထူးသဖြင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးမှုနှင့် စည်းလုံးမှုတို့မှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ အထူးသဖြင့် စစ်အင်အားကြီး နိုင်ငံများထံမှ ခြိမ်းခြောက်မှုနှင့် ရန်လိုမှုများကို ဖြိုခွင်းရန် မိမိတို့ ဘုံကြိုးပမ်းမှုတွင် ပါဝင်ကြောင်း ကင်မ်က ဆက်လက် ရေးသားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း(KCNA)

ရန်လိုသော စစ်အင်အား(တပ်ဖွဲ့)ဆိုသော အသုံးအနှုန်းဆိုသော KCNA ၏ ထုတ်လွှင့်ချက်တွင် မည်သူမည်ဝါဟု အတိအကျ မရည်ညွှန်းသော်လည်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို ဆိုလို၍ ယေဘုယျသုံးနှုန်းထားကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် တွေ့ရသည်။

ရုရှားနှင့်မြောက်ကိုရီးယားအကြား ၂၀၁၉ ခုနှစ်တွင် ၎င်းနှင့်ပူတင်တို့ တွေ့ဆုံစဉ် ချုပ်ဆိုခဲ့သော သဘောတူ စာချုပ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု တိုးလာမည်ဟု မျှော်မှန်းကြောင်း ကင်မ်က ၎င်း၏ ပေးစာထဲတွင် ထပ်လောင်း ပြောကြားခဲ့ သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားကျောထောက် နောက်ခံပြု ခွဲထွက်နယ်မြေနှစ်ခုကို ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံအဖြစ် လွတ်လပ်သော နိုင်ငံများဖြစ်ကြကြောင်း မြောက်ကိုရီးယားက အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အဆိုပါနယ်မြေသို့ ဆောက်လုပ်ရေးကဏ္ဍနှင့် လုပ်သားအင်အား ကူညီရန်အတွက် မြောက်ကိုရီးယားလုပ်သားများ စေလွှတ်မည့် အလားအလာကိုလည်း ကင်မ်ဂျုံအန်းက တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွယ်လွန်သွားသည့် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းကိုတွေ့ရစဉ် (Tai Freedom)

RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်၏ ဘာသာပြန် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 2033

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၅

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဘာသာပြန်သူ ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း ယနေ့ (သြဂုတ် ၁၅ ရက်)တွင် ကွယ်လွန်သွားကြောင်း RCSS ဘက်က အတည်ပြုပြောကြားသည်။

ကွယ်လွန်သွားသည့် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းကိုတွေ့ရစဉ် (Tai Freedom)

ဒုဗိုလ်မှူးကြီး စိုင်းမိဏ်းသည် RCSS ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယူခဲ့သလို ဗိုလ်ချုပ်ကြီးယွက်စစ်၏ ပြည်တွင်း/ပြည်ပ ခရီးစဉ်များတွင် လိုက်ပါ၍ ဘာသာပြန်ပေးခြင်း တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်သည် ယနေ့ (သြဂုတ် ၁၅ ရက်) နံနက် ၃ နာရီက ချင်းမိုင်ခရိုင်၊ မယ်ရိမ်းမြို့နယ် နခွန်းဖင်း ဆေးရုံမှာ အသည်းရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဘုရင်၊ လိပ်ကျွန်းလူသတ်မှုဖြင့် ထောင်ဒဏ် တသက်တစ်ကျွန်းကျခံနေရသည့် ဝင်းနှင့် ဇော်ကို တွေ့ရစဉ်

ထိုင်းဘုရင်မှ ပြစ်ဒဏ်လျှော့ပေါ့ပေးမည့် အကျဉ်းသားများထဲတွင် ဝင်းနှင့်ဇော်ပါသင့်ဟု ဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1821

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၅

ထိုင်းဘုရင်နှင့် ၎င်းမယ်တော်ကြီးတို့၏ မွေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ ပေးမည့် ထိုင်းနိုင်ငံရှိ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားတစ်သိန်းကျော်ထဲတွင် ဝင်းနှင့်ဇော်လည်း ပါသင့် ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

“အရင်တုန်းက ထောင်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ရင် တချို့ကျတော့ တစ်ဝက်ရတာတို့၊ တစ်ချို့ ကျတော့ ဘယ်နှနှစ်ရတာတို့ ဒါမျိုးတွေပေါ့။ သူတို့တော့ တစ်ခုခုတော့ အကျိုးခံစားခွင့်ရသင့်တယ်။ ရမယ်လို့ လည်း ကျနော်တို့ မျှော်လင့်တယ်။ ဒါပေမယ့် ဘယ်လို အခွင့်အရေးမျိုးရမလဲဆိုတာတော့ ကျနော်တို့ ပြောလို့ မရသေးဘူး။ ဒီအခေါက်တော့ ဝင်းနဲ့ဇော်ပေါ့ အဓိကအားဖြင့် ထောင်စည်းမျဉ်းစည်းကမ်းနဲ့ တကယ်နေခဲ့တယ်လို့ ထိုင်းအစိုးရအနေနဲ့ ယုံကြည်လို့ရှိရင်တော့ သူတို့ကို တစုံတရာ တရားသေကြီး လွတ်ပေးတာမဟုတ်တောင်မှ ပြစ်ဒဏ်ကျခံနေရတဲ့ ပြစ်ဒဏ်တွေကိုတော့ လျှော့ပေါ့ပေးသင့်တယ်လို့ ယူဆတယ်။ အခုကတော့ လုံးဝကွင်းလုံး ကျွတ်ကြီး မလွှတ်ပေးရင်တောင်မှပဲ သူတို့ကျခံထားရတဲ့ ထောင်နှစ်ကိုတော့ လျှော့သင့်တာပေါ့။ တခြား အကျဉ်း သားတွေလိုမျိုး တစ်ဝက်လျှော့ပေးတာတို့ ၃ ပုံ ၁ ပုံ လျှော့ပေးတာတို့၊ ၅ နှစ်လျှော့ပေးတာတို့ ၁၀ နှစ် လျှော့ပေး တာတို့ အဲဒီပုံစံတော့ အနည်းဆုံးဖြစ်သင့်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထိုင်းဘုရင်နန်းတော်၏ သက်ညှာထောက်ထားခွင့်ဖြင့် အကျဉ်းသား တစ်သိန်းကျော်တွင် အကျဉ်းသား ရှစ်သောင်း ကျော်သည် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရရှိပြီး နှစ်သောင်းကျော်သည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မည်ဖြစ်ကာ အာမခံနှင့် နေထိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် ထောင်ဒဏ် တသက်တစ်ကျွန်းကျခံနေရသည့် ဝင်းနှင့်ဇော်အား ရုံးထုတ်လာစဉ်

ဝင်းနှင့်ဇော်တို့သည် ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှု စွတ်စွဲချက်ဖြင့် ၂၀၁၄ ခုနှစ်ကတည်းက အကျဥ်း ကျခံနေခြင်းဖြစ်သော်လည်း လက်ရှိ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးမည့်အထဲ ပါ၊ မပါ မသိရ သေးကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။

“လူငယ်တွေက ထောင်ထဲမှာ ဘယ်လိုပဲကြိုးစားပြီးနေနေ တစုံတရာစိတ်ဖိစီးမှု၊ သူတို့မိသားစုအတွက်ရော သူတို့ရဲ့အနာဂတ်အတွက်ပါ စိတ်ဖိစီးမှုတွေ ရှိနေတယ်။ အဲဒါတစ်ခုက ကျနော်တို့အတွက်တော့ အစိုးရိမ်ဆုံး ပဲပေါ့လေ။ အဲဒီလိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ ဒီကလေးတွေကတော့ ပိုပြီး စိတ်ဓာတ်ကျဆင်းမှုတွေဖြစ်လာမယ်။ နောက်တစ်ခုက အဲဒီကိစ္စတွေကို အဓိက ကူညီဆောင်ရွက်ပေးနိုင်တာက အစိုးရအချင်းချင်းတွေပေါ့။ ဘယ်အစိုးရ ပဲဖြစ်ဖြစ် အစိုးရအချင်းချင်းတွေ သေချာလေး ပြောဆို မေတ္တာရပ်ခံရင်တော့ အများကြီးလျှော့ပေါ့နိုင်တယ်လို့ ယုံကြည်တယ်”ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများဖြစ်သည့် ဝင်းနှင့်ဇော်သည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း၌ ဗြိတိသျှ နိုင်ငံသား ဟန်နာနှင့် ဒေးဗစ်မေးလာတို့ အတွဲကို မုဒိန်းကျင့် လူသတ်မှုဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရပြီး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့၌ ထိုင်းဘုရင်၏ လွတ်ငြိမ်းသက်သာခွင့်အရ သေဒဏ်မှ လွတ်မြောက်ကာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံ နေရခြင်းဖြစ်သည်။

ထို့သို့ ပြောင်းလဲကျခံပြီးနောက်ပိုင်း ဝင်းနှင့်ဇော်သည် ထောင်ထဲတွင် ကောင်းမွန်လိမ္မာစွာနေထိုင်သော်လည်း ထိုင်းနိုင်ငံ၏ မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အထဲများတွင် မပါဝင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝင်းနှင့်ဇော်အား ၎င်း၏မိသားစုဝင်တို့မှ ထောင်ဝင်စာတွေ့ခွင့်ရရှိစေရန် FED မှ တာဝန်ရှိသူ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဝံလက်ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက်နေကြကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပူတင်အပေါ် ရုရှားလူထုယုံကြည်မှုအဆင့် ၈၁ ရာခိုင်နှုန်းကျော်ဟုဆို

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s

ထရမ့်၏ မာရာလာဂိုအိမ်မှ ထိပ်တန်းလျှို့ဝှက်စာရွက်များ FBI ပြန်သိမ်း

By CNI
CNI
Category: Watch TV
Hits: 764

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုလျှင် နိုင်ငံရေးပါတီများကို ကန့်သတ်မှု မလုပ်သင့်

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s
ELN နဲ့ကိုလံဘီယာ ငြိမ်းချမ်းရေး ကော်မရှင်တို့ ဆွေးနွေးကြစဉ်(AP)

ကိုလံဘီယာအစိုးရနှင့် ELN သူပုန်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်စမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1399

CNI International News

ဘိုဂိုတာ၊ ဩဂုတ် ၁၃

ကိုလံဘီယာအစိုးရသစ်နှင့် ပြည်တွင်း နောက်ဆုံးလက်ကျန် ပြောက်ကျားသူပုန်အဖွဲ့မှ အဖွဲ့ဝင်များသည် ကျူးဘား နိုင်ငံတွင် လွန်ခဲ့သော ၃ နှစ်က ဆိုင်းငံ့ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန်အတွက် ဩဂုတ် ၁၂ ရက်တွင် ခြေလှမ်းများ ဦးတည်နေပြီဖြစ်ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့တော်၌ နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံမှုအပြီးတွင် ကိုလံဘီယာ အမျိုးသား ငြိမ်းချမ်းရေး ကော်မရှင်အကြီးအကဲ ဒါနီလိုရူးဒါက “ELN ဟု အတိုကောက် ခေါ်ကြသည့် အမျိုးသား လွတ်မြောက် ရေးတပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အထမြောက်လာစေရန်အတွက် မိမိတို့ အစိုးရအနေဖြင့် လိုအပ်သည့် တရားစီရင်ရေးနှင့်နိုင်ငံရေးဆိုင်ရာ ခြေလှမ်းများကို စတင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ အဆင့်များတွင် ကျူးဘားကျွန်းပေါ်မှာ လက်ရှိနေထိုင်ကြသော ELN ဘက်မှ စေ့စပ်ညှိနှိုင်းရေးမှူးများ အတွက် ဖမ်းဝရမ်းများ ရုပ်သိမ်းရေးလည်း ပါဝင်နိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ELN သူပုန်အဖွဲ့ ကိုယ်စားလှယ်များကိုတွေ့ရစဉ် (AP)

ကျမ်းသစ္စာ ကျိန်ဆိုပြီးခါစ သမ္မတသစ် ဂက်စတာဗိုပီထရို ဦးဆောင်သောအစိုးရသည် ELN ကိုယ်စားလှယ်အဖွဲ့နှင့် ထိတွေ့ဆက်ဆံမည်ဖြစ်ပြီး ထိုကိုယ်စားလှယ်အဖွဲ့ကို လက်နက်ကိုင်တပ်၏ တရားဝင် ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ကြောင်း ဒါနီလိုရူးဒါက ပြောကြားခဲ့သည်။

“ELN ဟာ ကိုလံဘီယာအစိုးရလိုပဲ ငြိမ်းချမ်းရေးအတွက် တူညီတဲ့ဆန္ဒရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ ဒီလက်နက်ကိုင် ပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့အဖြေကို ရှာနေတဲ့ နယ်ပယ်အသီးသီးက အသံတွေကို လည်း သူတို့နားစွင့်နေတယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

ဘိုဂိုတာမြို့တော်ရှိ ရဲသင်တန်းကျောင်း တစ်ကျောင်းတွင် သူပုန်များ ကားဗုံးဖောက်ခွဲခဲ့၍ ရဲအုပ်လောင်း ၂၀ ကျော် သေဆုံးခဲ့ပြီးနောက် ကိုလံဘီယာနိုင်ငံ၏ ယခင်အစိုးရနှင့် ELN အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ ၂၀၁၉ ခုနှစ်တွင် ဆိုင်းငံ့ထားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များအပြီး ကိုလံဘီယာ အာဏာပိုင်များသည် ကျူးဘားကျွန်းပေါ်ရှိ ELN ခေါင်းဆောင်များကို ငြိမ်းချမ်းရေး ဆွေးနွေးမှုအစား ဖမ်းဝရမ်းများသာ ထုတ်ခဲ့သည်။

ကိုလံဘီယာ ငြိမ်းချမ်းရေး ကော်မရှင်အကြီးအကဲ ဒါနီလိုရူးဒါ (AP)

သို့သော် ကျူးဘားအစိုးရက ၎င်းခေါင်းဆောင်များကို ကိုလံဘီယာထံသို့ လွှဲပေးရန် ငြင်းဆန်ခဲ့ပြီး အကယ်၍ လွှဲအပ်မည်ဆိုပါလျှင် နိုင်ငံတစ်နိုင်ငံ၏ ပဋိပက္ခတွင် မိမိတို့ကြားနေနိုင်ငံ အဆင့်အတန်းမှ သံတမန်နည်းလမ်းများ ချိုးဖောက်ရာ ကျမည်ဟု တုံ့ပြန်ခဲ့သည်။

အမေရိကန်သည် ကျူးဘားကို အကြမ်းဖက်ဝါဒ အားပေးကူညီသည့် နိုင်ငံစာရင်းထဲသို့ ထည့်သွင်းခြင်းဖြင့် ထိုဖြစ်စဉ်ကို တုံ့ပြန်ခဲ့သည်။

ကျေးလက်ဒေသများတွင် လက်နက်ကိုင် အကြမ်းဖက်မှုများ လျှော့ချရန်နှင့် သန်း ၅၀ ရှိသော မိမိတို့နိုင်ငံအတွက် ရေရှည်တည်တံ့ခိုင်မဲမည့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းရန်အလို့ငှာ ပြည်တွင်း လက်ကျန် လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှုများ စတင်လိုကြောင်း သမ္မတသစ် ပီထရိုက ပြောကြားထားပြီး ဖြစ်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါက်တာအေးမောင်ကိုတွေ့ရစဉ်

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုလျှင် နိုင်ငံရေးပါတီများကို ကန့်သတ်မှု မလုပ်သင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1664

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၃

ဖက်ဒရယ်ဒီမိုကရေစီကို သွားမည်ဆိုပါက နိုင်ငံရေးပါတီများနှင့် ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်းကို မကန့် သတ်သင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သို့ ပြောသည်။

နိုင်ငံရေးပါတီများသည် အစိုးရလုပ်ငန်းများကို ဆောင်ရွက်မည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စ များကို ဥပဒေပြဋ္ဌာန်းထားပါက လုံလောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “နိုင်ငံတကာ သံတမန်ဆက်သွယ်မှုဆိုတဲ့ ဥစ္စာကိုလည်ပဲ နားစွင့် အလေ့အကျင့်လေး လုပ်ရတာပေါ့။ ဘာလို့ဆို နိုင်ငံရေးပါတီများကို အစိုးရ အဆက်ဆက်ကလည်း နောက်အစိုးရ လုပ်ငန်းကို ဆောင် ရွက်မယ့် ပါတီများလို့ပဲ အလေးအနက် အသိအမှတ်ပြုရတာကိုး။ အခုကတည်းက နိုင်ငံရေးပါတီများကလည်း အလေ့အကျင့် လို တယ်လေ၊ သံတမန်နဲ့ တွေ့တာပြုတာ၊ မိမိရဲ့ နိုင်ငံရေးအမြင်၊ သူ့ရဲ့နိုင်ငံရေးအမြင်၊ မြန်မာနိုင်ငံအပေါ်မှာ သူတို့ရဲ့ စေတနာ၊ သူတို့ရဲ့ ဘာခေါ်မလဲ ခုနလို စေတနာရှိရင် ဝေဒနာလည်း ပေးနိုင်တာကိုးဗျ။ သူတို့ဖက်က သုံးသပ်မှုပေါ့ ဗျာ၊ ကောင်းခြင်း၊ ဆိုးခြင်းကို နိုင်ငံရေးပါတီများ ဖက်ကလည်း လေ့လာဖို့ လိုအပ်တာပေါ့။ ဆောင်ရန် ရှောင်ရန်ပေါ့ ဗျာ။ အဲဒါကြောင့် ပါတီစုံဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင် နိုင်ငံရေးပါတီများနဲ့ ပြည်ပ သံတမန် များ၊ ပြည်ပအဖွဲ့အစည်းများ တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းကို မကန့်သတ် အပ်ဘူးဗျ၊ မကန့်သတ်သင့် ဘူး။ ခုနပြောသလိုပေါ့၊ ငွေရေးကြေးရေးနဲ့ ကြိုးကိုင်မှုကိုပေါ့ဗျာ၊ လက်သပ်မွေးမှုတွေ မရှိအောင်တော့ဖြင့် ဥပဒေ အရ ပြဋ္ဌာန်းခိုင်း ဒီလောက်ဆိုရင် လုံလောက်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံခြားတိုင်းပြည် တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက UEC သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားအဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံခြင်းသည် အပိုဒ် ၅ ပါ ဥပဒေပြဋ္ဌာန်းချက်နှင့် ငြိစွန်းနိုင်ကြောင်း နိုင်ငံရေးပါတီများကို ဩဂုတ် ၁၁ ရက်နေ့စွဲဖြင့် ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

အဆိုပါ ကန့်သတ်ချက်ကို နှစ်ဖက်ကြည့်ပြီး လုပ်ဆောင်သင့်ကြောင်း ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သို့ ပြောသည်။

မန်းအောင်ပြည်စိုးက “ဒါကတော့ နှစ်ဖက်ကြည့်ပြီးတော့ သုံးသပ်ရမှာပေါ့ဗျာ။ ကိုယ်က ဒီဖက်မှာ လွတ်လပ်တဲ့ အဖွဲ့အစည်း ကိုယ့်ကိုယ် ပြည်သူတစ်ရပ်အနေနဲ့ အရပ်ဖက်အနေနဲ့ ကိုယ်နေကြည့်မယ်၊ ကိုယ်က အစိုးရ ဖြစ်နေ မယ်ဆိုရင် တစ်ဖက် ဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုဖြစ်မလဲပေါ့လေ၊ အဲဒီအပိုင်းမျိုးတော့ နှစ်ဖက်မျှပြီးတော့ တွေးကြည့်ဖို့တော့ လိုတယ်လို့ ကျနော်ကတော့ အဲဒါလေးတော့ နည်းနည်းလေး ပြောချင်တယ်။ သူတို့ဖက်က ဘာအခက်အခဲရှိလဲ၊ ဘာတွေ ပြဿနာရှိနေသလဲပေါ့။ ကျ‌နော်တို့ဖက်ကလည်း ကျ‌နော်တို့ တွေ့ချင်ပြုချင်တဲ့ဟာ ဘာအကြောင်းအရာလည်း၊ ဘာအခြေအနေလဲပေါ့လေ၊ အဲဒါနှစ်ဖက်မျှပြီးတော့ သုံးသပ်ပြီးတော့ ဒီဟာကို ပြောလို့ ရမယ် ထင်တယ်” ဟု ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

နစကအနေဖြင့် ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အကျပ်အတည်း ကာလကို ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးပါတီများ၏ ကဏ္ဍကို ဖွင့်ပေးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

UEC က မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီအနက် နိုင်ငံရေး အယူဝါဒအရ ဖြစ်ပေါ်လာသည့် ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသား မျိုးနွယ်စုအလိုက် ဖြစ်လာသည့်ပါတီ ၁၉ ပါတီနှင့် ဒေသအလိုက် ဖြစ်ပေါ်လာသော ပါတီ ၃၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ- မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ(fb)

စစ်ပွဲများကြားက အာဏာရှင် ဆန့်ကျင်ရေး ဒီပဲယင်း သပိတ်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1223
 
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းမှာ မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားက ဒီပရင်္ဂမြေ(ဒီပဲယင်း)မြို့နယ်အတွင်း ဒေသခံများနှင့် သပိတ် ကော်မတီများ စုပေါင်း၍ အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ယနေ့ (သြဂုတ် ၁၃ ရက်) လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
 
အဆိုပါ လူထုသပိတ်သို့ မုံရွာပင်မသပိတ်က သွားရောက်ပူးပေါင်းခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ က ထုတ်ပြန်ထားသည်။
 
ဓာတ်ပုံ- မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ(fb)
 
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဒီပဲယင်း၊ ယင်မာပင်၊ ကလေး စသည့် မြို့နယ်များတွင် မြန်မာ့တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
 
 
 
Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲကို သမ္မတခြိမ်းခြောက်၍ ဘရာဇီးလ်နိုင်ငံသားများ ဒီမိုကရေစီအရေးဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s

အာဏာရပြီး တစ်နှစ်အတွင်း တာလီဘန် စစ်ရေးအင်အား ပိုကောင်းလာ

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82

Page 78 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar