CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ULA/AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကိုတွေ့ရစဉ်

ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းက ပြစ်မှုကျူးလွန်ထား၍ ဖမ်းဆီးခြင်းဟု AA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1694

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးရခြင်း မှာ ALP ပါတီဝင်ဖြစ်သည့်အတွက် မဟုတ်ဘဲ ပြစ်မှုကျူးလွန်ထားခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း AA ၏ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောသည်။

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရာဇဝတ်မှုနှင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ၎င်းကျူးလွန်သည့် ပြစ်မှုများကို အသေးစိတ်ပြောပြ၍ မရကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ယနေ့ (ဩဂုတ် ၁၁ ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်းက "ဖမ်းဆီးထားတာ မှန်ပါတယ်။ ကျနော် အရင်အထက်က ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းအရင်းလည်း အထက်က ပြောခဲ့ပြီး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ALP နဲ့ AA ကြားမှာတော့ ကြီးကြီးမားမားကိစ္စ ညှိနှိုင်းစရာမရှိပါ။ အပြစ်ရှိ တဲ့ လူကို အပြစ်ရှိတဲ့အတိုင်း ကျနော်တို့ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်မှု လုပ်ရခြင်းဖြစ်ပါတယ်။ ခိုင်ပေါ်လင်းကို ALP အနေနဲ့ ဖမ်းတယ်ဆိုတာထက် ရာဇဝတ်မှုကို ကျူးလွန်နေတယ်၊ ရာဇဝတ်မှုနဲ့ အပြစ်ရှိနေတဲ့ လူတစ်ယောက်အနေနဲ့ ဖမ်းဆီးတာ ဖြစ်ပါတယ်။ အမှန်ပြောရမယ်ဆိုရင် ALP အနေနဲ့ ကိုင်တွယ်နေတာတော့ မဟုတ်” ဟု ပြောသည်။

 ALP မှ ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းကိုတွေ့ရစဉ် (ALP)

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်က AA သည် ALP မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို စစ်တွေရှိ ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီးသွားကြောင်း ALP မှ ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးသည့် အထဲတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်တွေမြို့ နာဇီကျေးရွာ မှာ နေထိုင်သူတစ်ဦးကို ALP ပါတီဝင်များမှ ဩဂုတ် ၈ ရက်နေ့က သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ULA/AA တစ်ဖွဲ့တည်းသာ ရှိရမည်ဟု ULA/AA ၏ ယနေ့ (ဩဂုတ် ၁၁ ရက်) သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည့်အတွက် အပြန်အလှန်ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် အခြေအနေ မရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။

ALP နှင့် AA ခေါင်းဆောင်များကိုတွေ့ရစဉ်

ဦးဖေသန်းက “ရခိုင်ပြည်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA တစ်ဖွဲ့ထဲ ရှိရမယ်ဆိုတဲ့ သူတို့မှာ မူဝါဒ ရှိတယ်လို့ ပြောတယ်။ နောက်ပြီးတော့ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းသွားတာက ALP ပါတီဝင်ဖြစ်လို့ ဖမ်းတယ်ဆိုတာထက်ပေါ့နော်၊ သူ့ရဲ့ လုပ်ရပ်ကြောင့်ပေါ့။ သူ့ရဲ့ ရာဇဝတ်မှု လုပ်ရပ်ကြောင့် ဖမ်းရတယ်ဆိုတဲ့ အကြောင်း၊ အကြောင်းပြန်ကြားတာလည်း ကြား လိုက်ရတယ်၊ ဆိုတော့ အဲဒီအပေါ်မှာ ALP ဖက်ကလည်း သူတို့ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းတဲ့အခါမှာ သတင်းပေးတာ တို့ အမာခံတို့ ဆိုပြီးတော့ ဖမ်းတာတွေလည်း ရှိတယ်ပေါ့။ ဒါတွေကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ဒီဖက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ အတိုင်းဆိုရင် ညှိနှိုင်းဖြေရှင်းဖို့ လမ်းတော့ မရှိဘူး။ သူတို့ ပြည်သူတွေကို ဒုက္ခပေးမယ်၊ ဒါမဟုတ် ULA/AA ကို သူတို့ စစ်အစိုးရနဲ့ ပေါင်းပြီး‌တော့ပေါ့နော်၊ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ကြံမယ်ဆိုရင်‌တော့ သူတို့က ဖမ်းမယ် ဆိုတဲ့ သဘောမျိုး၊ ပြီးတော့ ရခိုင်ပြည်နယ်မှာ ULA/AA တပ်တော် တစ်ခုတည်းပဲ ရှိရမယ်ဆိုတဲ့ သူက မူဝါဒမျိုး ချပြသွားတော့ လေ ကျနော်ထင်ပါတယ် သူတို့အနေနဲ့ ဆွေးနွေးဖို့ အခြေအနေ မရှိဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး ALP ၏ သဘောထားကို သိရှိနိုင်ရန် CNI မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြား ခြင်း မရှိပေ။

ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ပြီး ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသော အဖွဲ့ဖြစ်ကာ AA ကမူ မထိုးနိုင်သေး ဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယား၏ အမေရိကန်ဗဟိုပြု မူဝါဒကို တရုတ်သတိထားစောင့်ကြည့်

By CNI
CNI
Category: Watch TV
Hits: 843

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန် တိုင်းရင်းသားညီလာခံမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကိုတွေ့ရစဉ်

စစ်ပွဲများကြောင့် ဆန်စပါးပြတ်လပ်နိုင်၍ ဆန်နှင့်သီးနှံများစိုက်ပျိုးထားရန် KIO ဥက္ကဋ္ဌပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1477

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် စစ်ဖြစ်နေခြင်းကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ အရင်နှစ်ကလို မလုပ်နိုင်၍ ဆန်ရေ စပါးပြတ်လပ်နိုင်သည့်အတွက် ဆန်နှင့် အခြား သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းများ အားသွန်ခွန်စိုက် စိုက်ပျိုးကြရန် ကချင် လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

KIO/KIA ဌာချုပ် လိုင်ဇာမြို့မှာ သြဂုတ် ၁၀ ရက်က ကျင်းပသည့် ၄၇ နှစ်မြောက် ကချင်အာဇာနည်နေ့ ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက "စစ်ဖြစ်ပွားရာဒေသဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်းတွင် အရင်နှစ်တွေလို စိုက်ပျိုးရေး လုပ်ငန်း များကို ထိထိရောက် ရောက် လုပ်ကိုင်နိုင်ခြင်း မရှိတော့တာကြောင့် လာမယ့် နှစ်များတွင် မြန်မာနိုင်ငံ၌ အစားအစာ ငတ်မွတ် ခြင်းများ ကြုံတွေ့ လာနိုင်သောကြောင့် မိမိဒေသ ကျေးရွာများတွင် ဆန်နှင့် အခြားသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းများကို စိုက်ပျိုးကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ဆန်နှင့် အစားအသောက်များကို ချွေတာကြရန်လည်း အရေးကြီးပြီ” ဟု ပြောသည်။

ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ကချင်ဘာသာစကားဖြင့် ပြောကြားခြင်းဖြစ်ပြီး မိန့်ခွန်းစာရွက်ပါ ပြောစကား တချို့ကို Simsa Kasa Multimedia က ပြန်လည် ရေးသားဖော်ပြထားခဲ့သည်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် (Simsa Kasa Multimedia)

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲများ မြန်မာ့တပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)၊ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေခြင်းကြောင့် ဆန်စပါး အထွက်နှုန်းများ လျော့နည်း လာလျက်ရှိသည်။ တခြားသော ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း သွင်းအားစုစရိတ် (ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး)များ ဈေးကြီးနေခြင်းနှင့် စိုက်ပျိုးရေ မရရှိခြင်းတို့ကြောင့် လယ်စိုက်ဧကများ လျော့နည်းလားပြီး စပါးအထွက်နှုန်းလျော့နည်းမည်ဟု တောင်သူလယ်သမားများက ပြောသည်။

ဆန်စပါး အထွက်နှုန်းများ တိုးပွားလာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်နိုင်ရေးအတွက် နစက-က ကျပ် ဘီလီယံ ၄၀၀ ကို မတည်၍ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက်သုံးဆီ၊ စိုက်ပျိုးရေ စသည့် လိုအပ်ချက်များကို ဖြည့်စီးပေး သွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့သော အစည်းအဝေးမှာ ပြောကြားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးပြဿနာများကြောင့် အာဆီယံကို မတည်မငြိမ်ဖြစ်စေနိုင်ဟု ဟွန်ဆန်ပြော

By CNI
CNI
Category: Watch TV
Hits: 794

Share
Tweet
Share
Share
powered by social2s

အမေရိကန်အိုးပန်းအပြီးမှာ တင်းနစ်လောကက အနားယူမယ့် ဆရီနာဝီလျံ

By CNI
CNI
Category: Watch TV
Hits: 816

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ခရီးစဉ် လုံးဝထိုက်တန်ကြောင်း နန်စီပလိုစီပြော

By CNI
CNI
Category: Watch TV
Hits: 725

Share
Tweet
Share
Share
powered by social2s

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး အာဏာရှင်စနစ်ဖြုတ်ချမည်ဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ (KIC)

စောဘဦးကြီး ချမှတ်ခဲ့သည့် ပန်းတိုင်မရောက်မခြင်း ဆက်သွားရမည်ဟု KNLA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1559

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀

မိမိတို့ခေါင်းဆောင်ကြီး စောဘဦး ချမှတ်ခဲ့သည့် ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် ဆိုပါ အချက် အပါအဝင် မှာကြားချက် ၄ ချက်ကို မရောက်မခြင်း ဆက်လက်ဆောင်ရွက်သွားရမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ယနေ့ ထုတ်ပြန် ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်နေ့တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ ဖော်ပြထားသည်။

စောဘဦးက လက်နက်ချစကား အလျင်းမပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်၊ ကရင်ပြည် အသိအမှတ်ပြုမှု ပြီးပြည့်စုံရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည် စသည့် အချက် ၄ ချက်ကို မှာကြားခဲ့ကြောင်း KNLA က ထုတ်ပြန် ခဲ့သည်။

 

ထို့နောက် ရန်သူက ၎င်း၏ ဆန္ဒဖြင့် ပေးခြင်း၊ စစ်ရေးဖြင့် တိုက်ခိုက်ချေမှုန်းခြင်း၊ ပတ်ဝန်းကျင် အခြေအနေ အဘက်ဘက် က တွန်းပို့ပေးခြင်းဖြင့် နိုင်ငံရနိုင်သည် စသည့် လမ်းကြောင်းများကိုလည်း ချမှတ်ခဲ့သည်။

 စောဘဦးကြီး ရုပ်တု (KIC)

KNLA က “ ကရင်တော်လှန်ရေးသည်လည်း နှစ်ပေါင်း ၇၃ နှစ်တိုင်ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကျနော်တို့ခေါင်းဆောင် စောဘဦးကြီးနှင့်တကွ အာဇာနည်ပီပီ အသက်စွန့်ပေးလှူသွားကြတဲ့ ခေါင်းဆောင်များ၊ ရဲဘော်များ၊ ပြည်သူများရဲ့ ခရီး လမ်းဟာ မဆုံးသေးသလို ကျနော်တို့ ပုခုံးပေါ်နှင့်လက်ထဲမှာ ကျရောက်လာသည့် တာဝန်တွေကို လက်ဆင့်ကမ်း သမိုင်း ပေး တာဝန်အဖြစ် အနှစ် ၇၀ ကျော်တိုင် အနိုင်မခံ အရှုံးမပေးဘဲ ကျွနှ်ပ်တို့ ဆက်လက် တိုက်ပွဲဝင်နေဆဲပဲ ဖြစ်ပါသည်။ အာဇာနည် အဖြစ် အသိအမှတ်ပြုခြင်း မခံခဲ့ရသော်လည်း မိမိတို့ ကရင့်တော်လှန်ရေးတွင် အသက်ပေး စွန့်လွတ်ခဲ့ရသော ခေါင်းဆောင် များ၊ ရဲဘော်များနှင့် ပြည်သူလူထုများသည်လည်း ထောင်သောင်းမက ရှိခဲ့ပြီ ဖြစ်သည်။ ရှေ့ဆက်ပြီးလည်း မပြီးဆုံးသေးသည့် သမိုင်းပေး တာဝန်များကိုလည်း ဆ်ကလက်ထမ်းရွက်ဖို့ အသိပေး တိုက်တွန်းလိုပါသည်”ဟု ပြောသည်။

ထို့နောက် ခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူလူထု အပေါင်းတို့ မိမိတို့အသီးသီး ကိုယ်စီကိုယ်ငှ ထမ်းရွက်ရမည့် တာဝန်များ ရှိထားသည့်အလျောက် အထက်တာဝန်ရှိ ခေါင်းဆောင်များ၏ အစီအစဉ်၊ ညွှန်ကြားချက်များကို စောင့်ကြည့် နားထောင်ပြီး ဥက္ကဋ္ဌ စောဘဦးကြီးနှင့်တကွ ခေါင်းဆောင် အဆက်ဆက် လက်ဆင့်ကမ်း ချပေးထားခဲ့သည့် မိမိတို့၏ လမ်းစဉ်၊ လုပ်ငန်းစဉ်များအပေါ်မှာ မားမားမတ်မတ် ရပ်တည်ကြရန် ထပ်မံတိုက်တွန်း နိုးဆော်ပါသည်ဟု KNLA ၏ သဝဏ်လွှာ ထဲမှာ ဖော်ပြထားသည်။

ကရင့်တော်လှန်ရေးသည် ၁၉၄၉ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဖြစ်သည်။

လက်ရှိတွင် KNU ၏ စစ်ရေးလက်အောက်ခံမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(KNDO)တို့ရှိကြသည်။

ထို့နောက် အစိုးရနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က တခြားသော လက်နက်ကိုင်များနှင့်အတူ လက်မှတ်ရေးထိုးထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
NUG နဲ့ KIA ကိုတွေ့ရစဉ် (NUG-fb/AP)

ကချင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး အာဏာရှင်စနစ်ဖြုတ်ချမည်ဟု NUG ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1978

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

ကချင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို တည်ဆောက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြောသည်။

ထို့အတူ ကချင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံ တိုင်းရင်းသားအားလုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ဩဂုတ် ၁၀ ရက်နေ့က ကချင်အာဇာနည်နေ့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံရေးအရ KIO နှင့် NUG တို့ မည်သည့် အတိုင်းအတာအထိ လက်တွဲမည်ဆိုသည်ကို မသိရှိရသေးကြောင်း၊ လက်ရှိ အနေ အထားအရ အကောင်အထည် ဖော်ခြင်းမျိုး မတွေ့ရသေးကြောင်း KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သို့ ပြောသည်။

 NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF များ (NUG-fb)

ဗိုလ်မှူးကြီးနော်ဘူက “နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော်တို့ KIO ဘယ်လောက်အထိ ဘယ်လို လက်တွဲမယ်ဆိုတာတော့ KIO ဗဟိုကော်မတီကနေပဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အခုလောလောဆယ် ကျနော်တို့ KIO ဗဟိုကော်မတီ KIO အနေနဲ့ NUG နဲ့ လက်တွေ့ အကောင်အထည်‌ ဖော်တာမျိုးကတော့ မတွေ့ရသေးပါဘူး။ သူတို့နဲ့ ဆွေးနွေးတာ KPICT ပေါ့နော်။ အဲဒါတွေတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကျနော်တို့ KIO လည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ရည်မှန်းချက်တွေ ရှိပါတယ်။ NUG ကလည်း ဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ သူတို့က ရည်မှန်းချက်တွေ ရှိပါတယ်။ အဲဒါကို သိရပါတယ်။ ရည်မှန်းချက် တူညီတဲ့ အပိုင်းဖက်မှာကတော့ လက်တွဲပြီးမှ လုပ်လို့ရမယ်လို့ ကျနော်ထင်ပါတယ်။ ကျ‌နော်တို့ KIO ရဲ့ ဆုံးဖြတ်ချက်တွေ သဘောထား ထုတ်ပြန်တာတွေ အခုထက်ထိ ဘာမှမရှိပါဘူး၊ အဲဒါတစ်ပိုင်းကတော့ ဒါပေမဲ့ ခုနက ပြောသလို စစ်အာဏာရှင် ဖြုတ်ချတဲ့ ရည်မှန်းချက်ကတော့ တူညီမှု ရှိတယ်ဆိုတာကို ကျ‌နော်ပြောလိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော်လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏ အမြဲတမ်း အဖွဲ့ဝင်အဖြစ် ကချင်နိုင်ငံရေးကြားကာလ ညှိနှိုင်းရေးအဖွဲ့ (KPICT) မှ ဇူလိုင်လ အစောပိုင်းက နုတ်ထွက်ခဲ့သည်။

NUG ဦးဆောင်သည့် နွေဦးတော်လှန်ရေး အရှိန်မြင့်တင်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု မြင့်တင်နိုင်မှ နွေဦးတော်လှန်ရေးမှာ အောင်ပွဲခံမည့် သဘောရှိသည့်အတွက် စာတမ်းပေးပို့သည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

KPICT နှင့် CRPH တွေ့ဆုံစဉ် (CRPH)

ဦးသန်းစိုးနိုင်က “NUG နဲ့ KIA တို့ ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်ချက်ကို ကျနော်တို့ ‌ထောက်ပြပြီးတော့ သူတို့ရဲ့ အဖွဲ့ အစည်း လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောပါပဲ။ အဲဒီကာလ အဲဒီဟာက KIA နဲ့ တင်မကပါဘူး။ ကျနော်တို့ ကရင်နီရော၊ ကျနော်တို့ CNF တို့လို ချင်းတွေ‌ရော၊ KNU အဖွဲ့အစည်းတွေရော သူတို့ရဲ့ အရေးကြီးတဲ့ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေမှာ ကျင်းပနေတဲ့ ကိစ္စတွေမှာ ထောက်ခံပြီးတော့ တောင်းဆိုတာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အဲဒီလို တိုင်းရင်း သား EAO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြင့်တင်နိုင်မှလည်း ဒီ NUG ဦးဆောင်တဲ့ နွေဦး တော်လှန်ရေးဟာ အလျင်အမြန် အောင်ပွဲခံမယ့် သဘောရှိတဲ့အတွက် တာဝန်သိစွာ စာတမ်းပေးပို့တယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်” ဟု ပြောသည်။

လက်ရှိတွင် KIA အနေဖြင့် ဒေသကာကွယ်ရေးတပ် (PDF) များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ကသာ၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ကောလင်းနှင့် ကချင်ပြည်နယ်အတွင်းက အင်းတော်ကြီးဒေသ၊ ဖားကန့်တို့တွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ဂျင်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ(GETTY IMAGES)

တောင်ကိုရီးယား၏ အမေရိကန်ဗဟိုပြု မူဝါဒကို တရုတ်သတိထားစောင့်ကြည့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1359

CNI International News

ဆိုးလ်၊ ဩဂုတ် ၁၀

အမေရိကန်- တရုတ် အားပြိုင်မှုမြင့်တက်လာနေသည့်အချိန်မှာ တောင်ကိုရီးယား၏ အမေရိကန်ဗဟိုပြု မူဝါဒကို တရုတ်က သတိထားစောင့်ကြည့်နေကြောင်း ကိုရီးယားတိုင်းမ် မီဒီယာက ရေးသားဖော်ပြသည်။

အမေရိကန်-တရုတ် အားပြိုင်မှုကြောင့် ဆိုးလ်နှင့်ဝါရှင်တန်ဘက်သို့ ဖိအားများ တိုးလာနေစဉ်အတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက တောင်ကိုရီးယားကို သီးခြားလွတ်လပ်စွာ လုပ်ဆောင်နိုင်ဖို့ အလေးပေး တိုက်တွန်းခဲ့ကြောင်း ကိုရီးယား တိုင်းမ် မီဒီယာက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် မေလတွင် စတင်တာဝန်ယူခဲ့သော တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပက်ဂျင်သည် ၎င်း၏ပထမဆုံး တရုတ် ခရီးစဉ်အတွင်း ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဆိုးလ်-ဘေဂျင်း ဆက်ဆံရေးအတွက် ကွန်ဆာဗေးတစ် ယွန်ဆော့ရွဲ အစိုးရ လက်ထက် အရေးကြီးသော ခြေလှမ်းတစ်ခုဟု ရှုမြင်ကြကြောင်း ကိုရီးယားတိုင်းမ်က ဆက်လက် ရေးသားထားသည်။

“တောင်ကိုရီးယား-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု အနှစ် ၃၀ ပြည့်ချိန်မှာ ဆက်ဆံရေး ပိုမိုခိုင်မာဖို့ ဦးတည်နေတုန်း နှစ်ဘက်စလုံးကနေ ပြင်ပသက်ရောက်မှုမပါဘဲ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ကို ထိန်းသိမ်းသင့်ပါတယ်” ဟု ဝမ်ယိ က ပြောကြားခြင်းဖြင့် နှစ်နိုင်ငံ အကျိုးစီးပွား ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့သည်။

“တည်ငြိမ်ပြီး ချောမွေ့တဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ သေချာစေဖို့ ကျနော်တို့ဟာ Win-Win အခြေအနေ တစ်ရပ်ကို လိုက်နာသွားကြရေး လိုအပ်ပါတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲနဲ့ အမေရိကန် သမ္မတ ဘိုင်ဒန် (Reuters)

ရက်သတ္တပတ် နှစ်ပတ်ကြာပြီးနောက် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ခြင်း အထိမ်းအမှတ် ကျင်းပရန် စီစဉ်ထား သော်လည်း အိမ်နီးချင်း အချင်းချင်း တင်းမာသော ပြဿနာများ ပေါ်ပေါက်လာသဖြင့် ဝမ်ယိက အထက်ပါအတိုင်း မှတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်များတွင် ဘေဂျင်း၏ လွှမ်းမိုးလာမှုကို တန်ပြန်ရန်အတွက် အမေရိကန် ဦးဆောင် အဆိုပြုခဲ့သော Chip 4 (သို့မဟုတ်) Fab 4 ဟုခေါ်သည့် (အီလက်ထရောနစ်ပစ္စည်း) ချစ်ပ်မဟာမိတ်အဖွဲ့ဝင် ဖြစ်လာရေးကိုလည်း ယွန်ဆော့ရွဲအစိုးရက စီစဉ်ထားသည်။

အကယ်၍ ကိုရီးယားကျွန်းဆွယ်တွင် အမေရိကန်၏ (THAAD) လေကြောင်းရန် ကာကွယ်ရေးစနစ် (ဒုံးခွင်းဒုံး) ထပ်မံ ဖြန့်ကြက်ချထားခဲ့လျှင် Three Nos မူဝါဒကို လိုက်နာကျင့်သုံးရန် တရုတ်အစိုးရက တောင်ကိုရီးယား အစိုးရသစ်အား တိုက်တွန်းခဲ့သည်။

အမေရိကန်ကို ဗဟိုပြုသည့် တောင်ကိုရီးယား နိုင်ငံခြားရေးမူဝါဒအပေါ် တရုတ်က ပြတ်ပြတ်သားသား ရပ်တည်နေသလို ဆိုးလ်အနေဖြင့် အင်အားကြီး နှစ်နိုင်ငံကြား လွန်ဆွဲနေသည့် အနေအထားအား ဘေဂျင်း နားလည်ပေးလိမ့်မည်ဟု ထင်ကြေး များလည်း ပေါ်ထွက်နေသည်။

တရားဝင် ထုတ်ပြန်သည့် စာရင်းဇယားများအရ တောင်ကိုရီးယား၏ တပိုင်းလျှပ်ကူး(semiconductor) တင်ပို့မှုသည် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်သို့ ဦးတည်လျက် ယမန်နှစ်က ဒေါ်လာ ၁၂၈ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း သိရသည်။

Source: Korea Times

 

 

 

Share
Tweet
Share
Share
powered by social2s
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် (ASEAN)

လုံခြုံရေးပြဿနာများကြောင့် အာဆီယံကို မတည်မငြိမ်ဖြစ်စေနိုင်ဟု ဟွန်ဆန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1448

CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၁၀

ဒေသတွင်းနှင့် ကမ္ဘာ့လုံခြုံရေး စိန်ခေါ်မှု တိုးလာခြင်းအား ကောင်းစွာ စီမံခန့်ခွဲနိုင်ခြင်း မရှိပါက အာဆီယံဒေသတွင်းကို မတည်မငြိမ် ဖြစ်စေနိုင်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က သတိပေးခဲ့ကြောင်း ဩဂုတ် ၈ ရက် ရက်စွဲဖြင့် ဖနွမ်ပင်ပို့စ် ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

ဩဂုတ် ၈ ရက်တွင် ကျရောက်ခဲ့သော အာဆီယံ ၅၅ နှစ်မြောက် အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာတွင် အသင်း၏ဥက္ကဋ္ဌ အဖြစ် ယခုနှစ် တာဝန်ယူထားသူ ဝန်ကြီးချုပ် ဟွန်ဆန်က အာဆီယံနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုအချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“အနာဂတ်မှာ အာဆီယံအနေနဲ့ အဓိကလုံခြုံရေး စိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင်ရာမှာ အရေးကြီးဆုံး ဖြစ်နေတာက တော့ မြန်မာ၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်နဲ့ ရုရှား-ယူကရိန်းစစ်ပွဲ အခြေအနေတွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်က“ဒီပြဿနာတွေကို ကောင်းကောင်း စီမံခန့်ခွဲတာ မလုပ်ဘူးဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မတည်မငြိမ် ဖြစ်စေ မှာပါ” ဟု သတိပေးခဲ့သည်။

 အာဆီယံ အစည်းအဝေးတွင် တွေ့ရသော ရုရှားနဲ့တရုတ် နိုင်ငံခြားရေး၀န်ကြီးများ (ASEAN)

အာဆီယံနိုင်ငံများအတွင်း ပဋိပက္ခများ (သို့မဟုတ်) စစ်ပွဲများ ရှိလာမည် မဟုတ်ဟု အာမမခံနိုင်‌သော်လည်း အပြုသဘော ဆောင်သည့် တွေ့ဆုံ ဆွေးနွေးမှုများအတွက် ပွင့်လင်းသော ဖိုရမ်များ လုပ်ဆောင်နိုင်ခဲ့သဖြင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး မြှင့်တင်ရာတွင် သိသာထင်ရှား အထောက်အကူဖြစ်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းသဝဏ်လွှာထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အာဆီယံဒေသတွင်း စည်းလုံးသည့် စိတ်ဓာတ်ကို မြှင့်တင်သွားမည်ဖြစ်ပြီး အဖွဲ့အတွင်းသာမက ပြင်ပမိတ်ဖက်နိုင်ငံများနှင့်ပါ လက်တွဲ၍ “၂၀၂၅ အတွက် အာဆီယံ အသိုင်းအဝန်း မျှော်မှန်းချက်”ကို အကောင်အထည် ဖော်သွားမည်ဟု ၎င်းက ကတိပြုခဲ့ သည်။

ယခု ၂၀၂၂ ခုနှစ်တွင် ကမ္ဘောဒီးယားသည် (စိန်ခေါ်မှုများအား အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်း) “ASEAN ACT: Addressing Challenges Together” ခေါင်းစဉ်ဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို တတိယအကြိမ်မြောက် ထမ်းဆောင်ခဲ့သည်။

“ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေ အပါအဝင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ ပါဝင် ကူညီမှု အရှိန်အဟုန်ကို ကျနော်တို့ ထောက်ခံပါတယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဖြည့်စွက် ပြောကြားခဲ့ သည်။

Source: Phnompenh Post

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ(ဓါတ်ပုံ-AFP)

ထိုင်ဝမ်ခရီးစဉ် လုံးဝထိုက်တန်ကြောင်း နန်စီပလိုစီပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1197

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၀

မကြာသေးမီက အငြင်းပွားစရာဖြစ်ခဲ့သည့် ထိုင်ဝမ်ခရီးစဉ်အတွက် “နောင်တရမိခြင်း မရှိကြောင်းနှင့် လုံးဝထိုက်တန်ကြောင်း” အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက Today Show မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

အသက် ၈၂ နှစ် ရှိပြီဖြစ်သည့် နိုင်ငံရေးသမား နန်စီပလိုစီက ၎င်း၏ခရီးစဉ်အတွက် ထိုင်ဝမ်အစိုးရနှင့် ပြည်သူ များက နှစ်ထောင်းအားရစွာ ကြိုဆိုမှု ခံယူရရှိခဲ့ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

သို့သော် ၎င်း၏ခရီးစဉ်သည် တရုတ်ရပ်တည်ချက်နှင့် မသက်ဆိုင်ကြောင်း၊ တရုတ်သည် ထိုင်ဝမ်ကို သီးခြား ခွဲထွက်ခြင်းမပြုရန် (သို့မဟုတ်) ကျွန်းပေါ်သို့ မည်သူမည်ဝါသာ လာရောက်လည်ပတ်ရန် စသည်ဖြင့် အမိန့် ပေးနိုင်ခြင်းမရှိကြောင်း နန်စီပလိုစီက အခိုင်အမာပြောကြားခဲ့သည်။

“တရုတ်က သူလုပ်နေကျအရာကိုပဲ လုပ်တာလေ” ဟု ခရီးစဉ်နှင့်ပတ်သက်၍ ဘေဂျင်း၏တုံ့ပြန်မှုကို ပလိုစီက မှတ်ချက်ချခဲ့သည်။ သမ္မတရှီကျင့်ဖျင်သည် ၎င်း၏စိတ်မလုံခြုံမှုအတွက် ဗိုလ်ကျသကဲ့သို့ ပြုမူနေခြင်းဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ခရီးစဉ်တလျှောက် အနှောင့်အယှက် တစုံတရာမတွေ့ခဲ့ရကြောင်း၊ ခရီးစဉ်သည် လက်ရှိ အမေရိကန်မူဝါဒနှင့် ကိုက်ညီကြောင်း ပလိုစီက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ ရောက်ရှိစဉ် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံစဉ်(ဓါတ်ပုံ-AFP)

‘တရုတ်တစ်ပြည်ထောင်တည်း’ မူဝါဒကို ဆုတ်ကိုင်ထားသည်ဟု ဆိုသည့် ဝါရှင်တန်သည် တိုင်ပေဆက်ဆံရေး အက်ဥပဒေအောက်တွင် တိုင်ပေကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်သိရှိရန် အရေးကြီး ကြောင်း ပလိုစီက Today Show မီဒီယာသို့ ရှင်းပြခဲ့သည်။

ပထဝီဝင်နိုင်ငံရေးနှင့် ရာသီဥတုဆိုင်ရာများကို ကိုင်တွယ်ဖြေရှင်းရန် အိမ်ဖြူတော်၏ လက်ရှိကြိုးပမ်းနေမှုအား သူမ၏ခရီးစဉ်က ထိခိုက်စေခြင်း ရှိ/မရှိ ဆက်လက်မေးမြန်းရာ ပလိုစီက “ကျမရဲ့ခရီးစဉ်က ကျမတို့နိုင်ငံအတွက် အင်မတန်အရေးပါတယ်။

တရုတ် အရေးယူခံရမှာစိုးလို့ ဒီလိုသွားရောက်ဖို့ အစီအစဉ်ကို အမေရိကန်က မစွန့် လွှတ်ဘူးဆိုတာ ထိုင်ဝမ်ကို အသိပေးဖို့ အရေးကြီးပါတယ်” ဟု ဖြေကြားခဲ့သည်။

၁၉၉၇ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံးသွားရောက်ခဲ့သည့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သော နန်စီပလိုစီ၏ ခရီးစဉ်ကြောင့် ထိုင်ဝမ်ကျွန်းတဝိုက်ရှိ ရေပြင်ပိုင်နက်နယ်မြေ ၆ ခုတွင် ဘေဂျင်းက ရှားရှားပါးပါး စစ်ရေးလေ့ကျင့်မှုနှင့် တိုက်ရိုက်ပစ်ခတ်ခြင်းသင်ခန်းစာများကို အကောင်အထည်ဖော်၍ ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

ထို့ပြင် ဘေဂျင်းသည် နန်စီပလိုစီနှင့် မိသားစုကို ပိတ်ဆို့အရေးယူမှုချမှတ်ခဲ့ပြီး တိုင်ပေသို့လည်း ကုန်သွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။ စစ်ဘက်၊ အရပ်ဘက်ကိစ္စရပ်များအတွက် အမေရိကန်နှင့် ဆက်ဆံ ရေးအချို့ကို ဘေဂျင်းက ဖြတ်တောက်ခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

UN အထွေထွေညီလာခံ၌ ပူတင် မိန့်ခွန်းပြောရန် အစီအစဉ်မရှိ

By CNI
CNI
Category: Watch TV
Hits: 947

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံသားမှန်သမျှ ပြည်ဝင်ခွင့်ပိတ်ရန် အနောက်အုပ်စုကို ဇာလန်းစကီးတိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s

သမ္မတဟောင်းထရမ့်၏ မာရာလာဂို အပန်းဖြေရိပ်သာကို အမေရိကန် FBI ဝင်စစ်

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s
NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် PDF များကိုတွေ့ရစဉ်

တော်လှန်ရေးအဆုံးသတ်တိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ ဘဏ္ဍာငွေလိုအပ်ဟု NUG ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1996

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၉

တော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ မိမိတို့မှာ ဘဏ္ဍာငွေလိုအပ်သည်မှာ အမှန်ပဲ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ၏ ၆၃ ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့စဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တော်လှန်ရေးအဆုံးသတ် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့တော့ ကျနော်တို့ မှာ ဘဏ္ဍာငွေလိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ကျနော် ပြောခဲ့သလိုပဲ ကျနော်တို့ အစိုးရဟာ တော်လှန်ရေးအစိုးရတစ်ရပ် ဖြစ်တာကြောင့် ဘဏ္ဍာငွေတွေ စီမံခန့်ခွဲသုံးစွဲရတာ အင်မတန် အခက်အခဲ ရှိပါတယ်။ ဘဏ္ဍာငွေ ရှာဖွေမှု အပိုင်းမှာလည်း ပုံမှန်ကာလ အစိုးရတွေလို အခွန်ဘဏ္ဍာတွေက ပုံမှန်ရရှိ နေတာမျိုး မဟုတ်ဘဲ မြန်မာ နိုင်ငံတွင်းက ပြည်သူတွေနဲ့ ကမ္ဘာအနှံ့က မြန်မာ ပြည်သူပြည်သားတွေ အခက်အခဲကြားက တော်လှန် ရေးအပေါ် ယုံယုံကြည် ကြည် စိတ်ဓာတ်ပြင်းပြစွာနဲ့ လှူဒါန်းပေးနေကြတဲ့ ပြည်သူ့လှူဒါန်းငွေ အဓိကနဲ့ ရုန်းကန် လှုပ်ရှားနေ ကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

 ၂၀၂၂ ခုနှစ်၊ သြဂုတ် ၉ ရက် ကျင်းပသည့် NUG အစည်းအဝေး

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက နည်းလမ်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံနှင့် ရံပုံငွေ ရှာဖွေရေး နည်းလမ်းများကို စဉ်းစားကြိုးပမ်း ဆောင်ရွက်ပေးနေတာကြောင့်လည်း ယနေ့ (၁) နှစ်ခွဲ ကာလအထိ တော်လှန်ရေးကို အရှိန်ပြင်းပြင်းနှင့် ရှေ့ဆက်နေနိုင်ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “အခုချိန်ထိ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လှုပ်ရှားရင်း အောင်ပွဲတွေ ရရှိနေတာ မို့ ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ရှေ့ဆက် လုပ်ဆောင်ရမှာတွေကလည်း ပိုမိုများပြားလာတာမို့ ဘဏ္ဍာငွေ လိုအပ်မှုတွေ လည်း ပိုများလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ ဘဏ္ဍာငွေတွေကိုလည်း စနစ်တကျ ထိထိရောက်ရောက် စီမံခန့်ခွဲကြ ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ အုပ်ချုပ်ရေး အကောင်အထည် ဖော်နေတဲ့ ဒေသတွေ ဘက်မှာဆိုရင်လည်း အုပ်ချုပ် ရေး လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကြိုးစားလေလေ လိုအပ်ချက်တွေက ပိုရှိလေလေဖြစ်မှာပါ”ဟု ပြောသည်။

NUG သည် နစကကို ဖြုတ်ချနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ လက်နက်ကိုင် တိုက်ခိုက် လျက်ရှိရာ ယခုဆိုလျှင် ၁ နှစ်နှင့် ၆ လ (၁၈ လ)ကြာခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် နစက၏ လက်အောက်ခံ တပ်မတော်နှင့် NUG ၏ လက်အောက်ခံ PDF များ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့( LPDF)၊ တိုင်းရင်းသားလက်နက်ကိုင်(EAOs)များကြား လက်နက်ကိုင် ပဋိပက္ခများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် တို့မှာ ဖြစ်ပွားနေသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82
  • 83
  • 84

Page 80 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar