CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ

ICC သို့ ပြန်ဝင်ရန် ရည်ရွယ်ချက်မရှိဟု ဖိလစ်ပိုင်သမ္မတသစ် မားကို့စ်ဂျူနီယာပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1252

CNI International News

မနီလာ၊ ဩဂုတ် ၂

ဖိလစ်ပိုင်သည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ ပြန်လည်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း မကြာသေးမီက ရွေးကောက်တင်မြှောက်ခံသမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr)မှ ပြောကြားခဲ့သည်။

၎င်း(မားကို့စ်ဂျူနီယာ)သည် ယခင်သမ္မတဟောင်း(ဒူတာတေး)၏ ရပ်တည်ချက်ကို ထောက်ခံသော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်ကို ပယ်ချထားကြောင်း ဆက်လက် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) မြို့အခြေစိုက် ICC မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဒူတာတေးသည် တရားမဝင် မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်၌ လူပေါင်း ထောင်နှင့် ချီ၍ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်ဖြင့် ယမန်နှစ်က ICC တရားရုံး၏ စုံစမ်းစစ်ဆေးမှု ခံခဲ့ရသည်။

“ဖိလစ်ပိုင်ဟာ ICC ကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မားကို့စ်ဂျူနီယာက ဖြေကြားခဲ့သည်။

 ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အာဏာရလာခဲ့သော သမ္မတ မားကို့စ်သည် မကြာသေးမီက ၎င်း၏ တရားရေးဆိုင်ရာ အတွင်း ဝန်နှင့် အခြားဥပဒေ အကြံပေးများကို တွေ့ဆုံခဲ့ပြီး မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်ကြောင့် သတ်ဖြတ်မှုများအပေါ် ICC ၏ စုံစမ်း စစ်ဆေးမှု ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တဆက်တည်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ အထိ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရရှေ့နေ ကာရင်ခန်း (Karim Khan) ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ICC တရားသူကြီးများက ခွင့်ပြုခဲ့သည်။

သို့သော် ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိသောကြောင့် ဖိလစ်ပိုင်အစိုးရက ကာရင်ခန်းထံသို့ ပေးစာ တစ်စောင်ပို့၍ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့စေခဲ့သည်။

“ကျနော်တို့ဒီမှာ စုံစမ်းစစ်ဆေး နေပါတယ်လို့ ပြောပြီး တကယ်လည်း ဆက်လုပ်ပေးနေသားပဲ။ ဘာကြောင့် ဒီလိုဖြစ်ရ တာလဲ” ဟု ICC စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်နိုင်ခြေကို မားကို့စ်ဂျူနီယာက မေးခွန်းထုတ်ခဲ့သည်။

အမှုစစ်ဆေးလိုသည့် ကာရင်ခန်း

တကယ်တမ်းတွင် ICC သည် တရားစွဲဆိုရန် မလိုလားသော (သို့မဟုတ်) ဆောင်ရွက်နိုင်စွမ်းမရှိသော နိုင်ငံများအတွက် နောက်ဆုံး အားကိုးအားထားပြုရာ နိုင်ငံတကာတရားရေး မျက်နှာစာ ဖြစ်သည်။

အဆိုပါ တရားရုံး၏ စည်းမျဉ်းစည်ကမ်းအရ နိုင်ငံတစ်နိုင်ငံသည် အမှုစွဲချက် တစ်ခုအပေါ် ပြည်တွင်း၌ စုံစမ်းစစ်ဆေးနေပြီဆို ပါက ICC ၏ စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့ပေးရန် တောင်းဆိုနိုင်သည်။

သို့သော် ရှေ့နေ ကာရင်ခန်းသည် ပြီးခဲ့သည့် ဇွန်လ၌ ၎င်း၏ စုံစမ်းစစ်ဆေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ပြီး “ဖိလစ်ပိုင်အစိုးရထံမှ တောင်းဆိုထားသော ဆိုင်းငံ့မှုသည် အာမခံချက်ပေး၍ မရကြောင်း၊ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ အဆောတလျင် ပြန်စသင့်ကြောင်း မိမိ ကောက်ချက်ချသည်” ဟု ပြောကြားခဲ့သည်။

ဒူတာတေး၏ နှိမ်နင်းမှုတွင် မူးယစ်ဆေးဝါး အမှုများနှင့်ပတ်သက်၍ သံသယရှိသူ ၆ ထောင်ကျော် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ စာရင်းဇယားများကို အခြေခံ၍ အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှား၏ ရေကြောင်း အယူအဆသစ်အရ နေတိုးကို လုံခြုံရေးခြိမ်းခြောက်မှုဟု သတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 614

Share
Tweet
Share
Share
powered by social2s

ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်ထိမှန်၍ ဆန်စပါးလုပ်ငန်းရှင် သေဆုံး

By CNI
CNI
Category: Watch TV
Hits: 591

Share
Tweet
Share
Share
powered by social2s

နျူလက်နက်လျှော့ချရန် ရုရှားနှင့် တွေ့ဆုံဆွေးနွေး‌ရေး ဘိုင်ဒန် ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2523

 

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁

ရုရှားနှင့် တွေ့ဆုံဆွေးနွေး‌ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ်းလှမ်းလိုက်ပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်သစ် ဖြစ်‌ပေါ်လာဖို့ တရုတ်အ‌နေဖြင့်လည်း စေ့စပ်ညှိနှိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။

New START (သို့မဟုတ်) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်ကို အစားထိုး ပြင်ဆင်ချုပ်ဆိုရန် ရုရှားနှင့် ညှိနှိုင်းဖို့ အသင့်ရှိကြောင်း  ဒသမကြိမ်မြောက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပြန်လည်သုံးသပ်‌ရေး ညီလာခံမတိုင်မီ ဩဂုတ် ၁ ရက်တွင် ဘိုင်ဒန်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

 "၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် New START နေရာတွင် အစားထိုးရန် လက်နက်ထိန်းချုပ်မှု မူဘောင်အသစ်ကို အမြန် စေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေ‌ကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းရေးတွင် သစ္စာရှိရှိ လုပ်ဆောင်မည့် မိတ်ဖက်တစ်ဦး လိုအပ်ကြောင်း" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

 “ဒီအခြေအနေမှာ ရုရှားဟာ အမေရိကန်နဲ့အတူ နျူကလီးယား လက်နက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဘေဂျင်းကိုလည်း ဘိုင်ဒန်က တောင်းဆိုခဲ့သည်။

 Source: အာရ်တီသတင်းဌာန

 

Share
Tweet
Share
Share
powered by social2s

နန်စီပလိုစီ စင်ကာပူသို့ ရောက်ရှိသော်လည်း ထိုင်ဝမ်ကို ဝင်/မဝင် မသေချာသေး

By CNI
CNI
Category: Watch TV
Hits: 628

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသည့် SSPP နှင့် တွေ့ဆုံမည်ဟု နစကဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 571

Share
Tweet
Share
Share
powered by social2s
ဆိုဗီယက် အမှတ်တံဆိပ်နဲ့အလံကို ကိုင်ထားသူ

ရေတပ် အထိမ်းအမှတ်နေ့ကို ကျင်းပနေသည့် ရုရှား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1357

CNI International News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁

ရုရှားနိုင်ငံတွင် ဇူလိုင် ၃၁ ရက်၌ ရေတပ် အထိမ်းအမှတ်နေ့အဖြစ် အားလပ်ရက် သတ်မှတ်ပြီး မြို့အသီးသီးတွင် ရေတပ် ချီတက်ပွဲများဖြင့် ကျင်းပခဲ့ကြောင်း အယ်လ်ဂျာဇီးယား ဝက်ဘ်ဆိုက်က ဖော်ပြသည်။

သမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် စိန့်ပီတာစဘတ်တွင် ကျင်းပသည့် ရေတပ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရေတပ်ကို စစ်ဆေးပြီးနောက် ပူတင်သည် လာမည့်လများတွင် အဖျက်စွမ်းအားမြင့်၍ အသံထက်မြန်သည့် Zircon ခရုဇ် ဒုံးကျည်များကို ရေတပ်သို့ ပေးမည့် အစီအစဉ်အား အသိပေး ကြေညာသည့် မိန့်ခွန်း အတိုချုပ် ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် အသံ၏ အလျင်နှုန်းထက် ၉ ဆပို၍ မြန်ဆန်စွာ ပျံသန်းပစ်ခတ်နိုင်သဖြင့် လေကြောင်းရန် ကာကွယ်ရေးကို ကျော်လွှား၍ ပစ်မှတ် ထိမှန်နိုင်စွမ်းရှိသည်။

ပူတင် ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို လက်မှတ်ထိုးနေစဉ်

ဇူလိုင် ၃၁ ရက် အစောပိုင်းက စာမျက်နှာ ၅၅ မျက်နှာပါ ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို ပူတင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အယူအဆ စာတမ်းထဲတွင် ရုရှားရေတပ်၏ ကျယ်ပြန့်သော မဟာဗျူဟာ ရည်မှန်းချက်များကို ထည့်သွင်းဖော်ပြထား ပြီး ကမ္ဘာတလွှား ဖြန့်ကျက်ထားမည့် “မဟာရေကြောင်းဆိုင်ရာ အင်အား(ပါဝါ)” ရည်မှန်းချက်များ ပါဝင်သည်။

ရုရှားနိုင်ငံအတွက် အဓိကခြိမ်းခြောက်မှုမှာ “ကမ္ဘာ့သမုဒ္ဒရာများကို စိုးမိုးထားရေးအတွက် အမေရိကန်၏ မဟာဗျူဟာမူဝါဒ” နှင့် မြောက်အတ္တလန္တိတ်(နေတိုး)စစ်မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများ ရုရှားနယ်စပ်သို့ ပိုမိုနီးကပ်လာခြင်း ဖြစ်သည်။

ရုရှားသည် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ အစီအမံမျိုးကို အခြား အင်အားကြီးနိုင်ငံများ ကုန်ခမ်းသွားသည့် တိုင်အောင် ကမ္ဘာ့သမုဒ္ဒရာများအတွင်း ၎င်း၏စစ်အင်အားကို သင့်တင့် လျောက်ပတ်စွာ အသုံးပြုနိုင်ကြောင်း၊ ကမ္ဘာတဝန်းတွင် ၎င်း၏ ရေတပ် အခြေစိုက်စခန်းများ လုံလောက်မှု မရှိသေးသည်ကို ရုရှားက အသိအမှတ်ပြုကြောင်း ယခုရေတပ် အယူအဆသစ် ထဲတွင် ဖော်ပြထားသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်

အာဏာရှင်မားကို့စ်ကို ဖြုတ်ခဲ့ချသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ် ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1427

CNI International News

မနီလာ၊ ဩဂုတ် ၁

ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ် လက်ထက်က အမျိုးသားရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်ခဲ့သူ ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်သည် ၁၉၈၆ ခုနှစ်တွင် အာဏာရှင်ဖြုတ်ချသည့် ပြည်သူ့အာဏာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအခါ အသက် ၉၄ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Bloomberg သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရာမို့စ်သည် ဇူလိုင် ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း DZRH ရေဒီယိုနှင့် ဖိလစ်ပိုင်အစိုးရပိုင် PTV ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ခဲ့သော်လည်း အဆိုပါမီဒီယာများက ရာမို့စ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ထည့်သွင်း မဖော်ပြခဲ့ပေ။

FVS ဟုလည်း အတိုကောက် ခေါ်ခဲ့ကြသည့် ရာမို့စ်သည် အာဏာရှင်ခေတ်လွန် နိုင်ငံရေးလေ့လာဝေဖန်သူ ဘီနစ်နို အကွီနို ဂျူနီယာ၏ ကျန်ရစ်သူဇနီး ကိုရာဇွန် အကွီနို လက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဘီနစ်နို အကွီနိုသည် တစ်ချိန်က အာဏာရှင်မားကို့စ်၏ ရက်စက်ကြမ်းကြုတ်မှုများကို တစ်တစ်ခွခွ ဝေဖန်ထိုးနှက်ခဲ့သူ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ကျင်းပခဲ့သော ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲဖြင့် ရာမို့စ်သည် သမ္မတရာထူး ရယူခဲ့ပြီး ၁၉၉၇ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင် အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းခဲ့သဖြင့် အများ၏ ချီးကျူးလေးစားမှု ရခဲ့သည်။

စစ်ဘက်အရာရှိ တစ်ဦးဖြစ်ခဲ့သူ ရာမို့စ်သည် ၁၉၈၆ ခုနှစ်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ထင်ရှားလာခဲ့သည်။ မားကို့စ် အနေဖြင့် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ၌ မဲလိမ်သည်၊ မဲခိုးသည်ဟူသော ၎င်းနှင့်ထိုစဉ်က ကာကွယ် ရေး ဝန်ကြီး ဝမ်ပေါ့အမ်ထရီ (Juan Ponce Entrile) တို့က စွပ်စွဲ၍ မားကို့စ်လက်အောက်မှ ခွဲထွက်ခဲ့ကြသည်။

အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်

အာဏာရှင် မားကို့စ်သည် ၎င်း၏ကိုယ်ကျိုးကိုသာ ဦးစားပေးပြီး အရည်အချင်း ပြည့်ဝသော စစ်ဦးစီးချုပ်လည်း မဟုတ်၍ မိမိ ဘက်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ရာမို့စ်က ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် မနီလာမြို့တော်ရှိ ရဲဌာနချုပ်တွင် မားကို့စ် လိုလားသော တပ်များ၏ ဖြိုခွင်းခံရနိုင်သည်ဟု မျှော်လင့်ခဲ့ကြ သော်လည်း လူသားတံတိုင်းတစ်ခု အတားအဆီးလုပ်၍ ဌာနချုပ် အဆောက်အဦ ပတ်ပတ်လည်တွင် စုရုံးရန် စီစဉ်ခဲ့ကြသည်။

ထိုသို့ စုရုံးရန်အတွက် ရိုမန်ကက်သလစ် ကာဒီနယ် (ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်)တစ်ဦးထံမှ မေတ္တာရပ်ခံချက်ကို ဖိလစ်ပိုင်လူထုက အလေးထားခဲ့ကြသည်။

သို့ဖြင့် နောက်ဆုံးတွင် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော ပြည်သူ့အာဏာတော်လှန်ရေးကို စတင်နိုင်ခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်တွင် ရာမို့စ်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံရှိ West Point စစ်တက္ကသိုလ် သင်တန်းဆင်းဟောင်း များအဖွဲ့က ၎င်း၏ ဖိလစ်ပိုင် ဒီမိုကရေစီ ပြန်လည် ရရှိရေးတွင် ပါဝင်ခဲ့သော အဓိက အခန်းကဏ္ဍကို တလေးတစား ထုတ် ဖော် ချီးကျူးခဲ့ကြသည်။

သို့ဖြစ်၍ ရာမို့စ်သည် ဖိလစ်ပိုင် ပြည်သူ့တော်လှန်ရေး၏ သူရဲကောင်းတစ်ဦးအဖြစ် အမည်တွင် ခဲ့လေသည်။

Source: Bloomberg, Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ မာလ်ကိုလိုင်ဗ်ဆိပ်ကမ်းမြို့တွင် မီးလောင်မှုဖြစ်ပွားနေသည်ကို မီးသတ်သမားတစ်ဦးမှ ငြိမ်းသတ်နေစဉ်(ဓါတ်ပုံ-AFP)

ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်ထိမှန်၍ ဆန်စပါးလုပ်ငန်းရှင် သေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1377

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ မာလ်ကိုလိုင်ဗ် (Mykolaiv) ဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဆန်စပါးတင်ပို့သည့်လုပ်ငန်းရှင်တစ်ဦး‌ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြ သည်။

အလားတူ ရုရှားနိုင်ငံ၊ ဆီဘတ်စတိုပို (Sevastopol) မြို့ရှိ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ဆန်စပါးလုပ်ငန်းရှင်နှင့် နီဘူလွန်(Nibulon) စိုက်ပျိုးရေးကုမ္ပဏီ တည်ထောင်သူ အိုလက်ဆီးဗာဒါတာစကီနှင့် ဇနီးတို့သည် နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မာလ်ကို လိုင်ဗ်မြို့ အုပ်ချုပ်ရေးမှူး ဗီတယ်လီကင်မ် (Vitaliy Kim) က တယ်လီဂရမ်ချန်နယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားသိမ်းပိုက်ထားသည့် ခါဆွန်ဒေသနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး မဟာဗျူဟာအရ အရေးပါသော မာလ်ကို လိုင်ဗ်မြို့တွင် ရုံးချုပ်ထားရှိသည့် နီဘူလွန်ကုမ္ပဏီသည် ဂျုံ၊ မုယောစပါးနှင့်ပြောင်းများ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည်။ ကုမ္ပဏီ၏ကိုယ်ပိုင်ရေယာဉ်များနှင့် သင်္ဘောကျင်းများလည်း ထူထောင်ထားသည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းပျက်ဆီးနေသည့် အဆောက်အဦးကို မီးသတ်သမားတစ်ဦးမှ မီးငြိမ်းသတ်ပေးနေစဉ်(ဓါတ်ပုံ-AFP)

ရုရှားဘက်မှ ဒုံးကျည် ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရကြောင်း၊ စစ်ပွဲကာလ ၅ လအတွင်း မြို့အတွင်းရှိ လူနေ အိမ်များနှင့်စာသင်ကျောင်းများကို ထိမှန်ခဲ့၍ အနည်းဆုံး လူ ၃ ဦးသေဆုံးကာ ယခုတစ်ခေါက်မှာတော့ အပြင်း ထန်ဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မာလ်ကိုလိုင်ဗ်မြို့တော်ဝန် အိုလက်ဇန္ဒားဆန်ချက် (Oleksandr Senkevych) က ပြောကြားခဲ့သည်။

ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ရုရှားဘက်မှတိုက်ခိုက်မှု ပြန်လည်စတင်ခဲ့သည်ဟု ၎င်းက ဆက်လက်၍ သတင်း ထုတ်ပြန်သော်လည်း အသေအပျောက်(သို့မဟုတ်) ထိခိုက်ပျက်စီးမှုသတင်း မသိရသေးပေ။

ရုရှားတို့ သိမ်းယူထားသည့် ခရိုင်းမီးယားဒေသ(Crimean)ရှိ ဆီဘတ်စတိုပိုမြို့(Sevastopol)တွင် ရုရှားရေတပ်မှ စစ်မှုထမ်း ၅ ဦး ဒဏ်ရာရစေခဲ့သည်ဟု ယူဆရသော မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းမှာ ရုရှားပင်လယ်နက် ရေယာဉ်စုအဝန်းအဝိုင်းထဲသို့ ပျံဝဲခဲ့ကြောင်း အဆိုပါမြို့အုပ်ချုပ်ရေးအရာရှိ မီခေးလ်ရက်ဗိုဇာယက်ဗ် (Mikhail Razvozhayev) က ရုရှားမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အဆိုပါဒရုန်းပျံဝဲမှုကြောင့် ၎င်းက ယူကရိန်းကို အပြစ်တင်ခဲ့ပြီး “ကျနော်တို့ ရေတပ်အထိမ်းအမှတ်နေ့ (Navy Day) ကို အနှောင့်အယှက်ပေးတယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
နန်စီပလိုစီကိုတွေ့ရစဉ်(AP)

နန်စီပလိုစီ စင်ကာပူသို့ ရောက်ရှိသော်လည်း ထိုင်ဝမ်ကို ဝင်/မဝင် မသေချာသေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1147

CNI International News

စင်ကာပူ၊ ဩဂုတ် ၁

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) သည် ယနေ့ (ဩဂုတ် ၁ ရက်) အစောပိုင်းတွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

၎င်း၏ အာရှနိုင်ငံ လေးနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ၃၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်က ပိုင်ဆိုင်သည်ဟု ဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ သွားရောက်နိုင်ခြေ ရှိ/မရှိ ထင်ကြေးများလည်း ပေါ်ထွက်နေကြောင်း သိရသည်။

၎င်း၏ ရုံးကတော့ ယခုခရီးစဉ်၌ ထိုင်ဝမ်ကို ရည်ညွှန်းလျက် အတိအလင်း ပြောကြားခဲ့ခြင်း မရှိပေ။

“စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတွေဆီကို အလည်အပတ်ခရီးစဉ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို နန်စီပလိုစီက ဦးဆောင်နေတာ ဖြစ်ပါတယ်” ဟု ၎င်း၏ရုံးက ဇူလိုင် ၃၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

နန်စီပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် အရုဏ်မတက်မီ စင်ကာပူသို့ ရောက်ရှိလာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ သတင်းမီဒီယာများထံသို့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ဘိုင်ဒန်နဲ့ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

၎င်း(နန်စီပလိုစီ)သည် စင်ကာပူသမ္မတ ဟာလီမက်ယာကွပ် (Halimah Yacob) နှင့် ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) တို့ထံသို့ တယ်လီဖုန်း ခေါ်ဆိုခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသွားမည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လုံခြုံရေး အထူးတင်းကြပ်ထားသော ၎င်း၏ခရီးစဉ်တလျှောက် မီဒီယာများကို လိုက်ပါသတင်းယူခွင့် တားမြစ်ထားသည်။

ယခင် သီတင်းပတ် အကုန်ပိုင်း ထုတ်ပြန်ချက် တစ်စောင်ထဲတွင်တော့ ပလိုစီသည် ကုန်သွယ်ရေး၊ ကပ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှု၊ လုံခြုံရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို ဆွေးနွေးရန်အတွက် မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ များသို့လည်း ဆက်လက် သွားရောက်မည်ဟု ဖော်ပြထားသည်။

ဘေဂျင်းက ၎င်း၏ပိုင်နက်ဟု အခိုင်အမာပြောနေသည့် ထိုင်ဝမ်ကျွန်းသို့ ၎င်းသွားရောက်မည်ဟူသော သတင်းများ ထွက်ပေါ် နေခြင်းကို နန်စီပလိုစီက အတည်မပြုသေးပေ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ ကျွန်းနှင့်ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယခင်ရက်သတ္တပတ်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တယ်လီဖုန်းခေါ်ဆိုမှု၌ သတိပေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်၏ အရေးပါသော အစိတ်အပိုင်း သုံးခုအနက်မှ တစ်ခုကို ကိုယ်စားပြုသည့် နန်စီပလိုစီသည် ၁၉၉၇ ခုနှစ် နောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံး သွားရောက်ရန်အတွက် ရွေးချယ်ခြင်းခံရသော အမေရိကန်၏ အမြင့်ဆုံး တာဝန်ထမ်း ဆောင်သူ တစ်ဦးဖြစ်လာနိုင်သည်ဟု အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

မတည်ငြိမ်မှုများကို ကိုင်တွယ်နေရ၍ အာဆီယံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်သေးဘူး

By CNI
CNI
Category: Watch TV
Hits: 910

Share
Tweet
Share
Share
powered by social2s

နစကပြောသည့် နိုင်ငံရေးထွက်ပေါက် ပေးထားသည်ကို မစဉ်းစားတော့ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 626

Share
Tweet
Share
Share
powered by social2s

နစကပြောသည့် နိုင်ငံရေးထွက်ပေါက် ပေးထားသည်ကို မစဉ်းစားတော့ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 578

Share
Tweet
Share
Share
powered by social2s

အာဆီယံအစည်းအဝေးသို့ အမေရိကန်နှင့်တရုတ် ထိပ်တန်းသံတမန်များ တက်မည်

By CNI
CNI
Category: Watch TV
Hits: 548

Share
Tweet
Share
Share
powered by social2s

ထိန်းသိမ်းခံရသော နိုင်ငံသားများအကြောင်း ဘလင်ကင်နှင့် လာဗရော့တို့ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 560

Share
Tweet
Share
Share
powered by social2s

ရုရှားကို အကြမ်းဖက်ဝါဒ အားပေးကူညီသူအဖြစ် သတ်မှတ်ရေးကြိုးစားနေဟု အိမ်ဖြူတော်ပြော

By CNI
CNI
Category: Watch TV
Hits: 569

Share
Tweet
Share
Share
powered by social2s
  • 79
  • 80
  • 81
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88

Page 84 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar