CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ယူကရိန်းစစ်မျက်နှာ၌ အဏုမြူဒိုင်းကို ရုရှားသုံးဟု အမေရိကန်စွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 797

Share
Tweet
Share
Share
powered by social2s
သြဂုတ် ၃ ရက် နံနက်ပိုင်းက မြန်မာပြည်ရောက်လာတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ မြန်မာကို ရောက်လာ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1370

 

CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် ယနေ့ (သြဂုတ် ၃ ရက်) နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံမည် ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို အလေးပေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း သြဂုတ် ၂ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောကြားထားသည်။

ယနေ့ လာရောက်သည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် နစက တာဝန်ယူထားစဉ် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိပြီးရင် ဒုတိယ နစက၏ မဟာမိတ် နိုင်ငံမှ အဆင့်မြင့်သံတမန် လာရောက်ခြင်း ဖြစ်သည်။

#ရုရှား #လာဗရော့ #နစက #CNImyanmar #cninews

Share
Tweet
Share
Share
powered by social2s

ICC ပြန်ဝင်ရန် ရည်ရွယ်ချက်မရှိဟု ဖိလစ်ပိုင်သမ္မတသစ် မားကိုစ်ဂျူနီယာပြော

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
နန်စီပလိုစီ တည်းမည့် ဟိုတယ်ရှေ့မှာ ဆန္ဒပြနေကြ (Global Times)

ထိုင်ဝမ်ရောက် နန်စီပလိုစီကို ဆန္ဒပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1671

 

CNI International News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

ထိုင်ဝမ်ကျွန်းရှိ ဆန္ဒပြသူ ၁၀၀၀ ခန့်သည် နန်စီပလိုစီ တည်းခိုမည့် Grand Hyatt ဟိုတယ်အနီးတွင် စု‌ဝေး၍ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြ‌သည်ဟု ဘေဂျင်းအာဘော် ဂလိုဘယ်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

Source: Global Times

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်စစ်တပ်က အရေးကြီးသော စစ်ရေးလေ့ကျင့်မှုလုပ်မည်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1563

 

CNI International News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( PLA) သည် သြဂုတ် ၄ ရက် (ဘေဂျင်းစံတော်ချိန် ၁၂:၀၀ နာရီ) မှ ဩဂုတ် ၇ ရက်အထိ တရုတ်ရေပိုင်နက်နယ်မြေနှင့် ဝေဟင်ပိုင်နက်တို့တွင် တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှု အပါအဝင် အရေးကြီးသော စစ်ရေးလေ့ကျင့်မှုနှင့် လှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်‌ကြောင်း ဘေဂျင်းအာဘော် ချိုင်းနားဒေးလီးသတင်းစာ၏ တွစ်တာပို့စ်အရ သိရသည်။

တရုတ်စစ်တပ် ယခုလို စစ်ရေး လေ့ကျင့်မည့် အချိန်မှာပဲ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ပြင်းထန်စွာ ကန့်ကွက်မှုများကြားမှာပဲ ထိုင်ဝမ်သို့ ရောက်ရှိလာခဲ့သည်။

Source: China Daily's twitter

 

Share
Tweet
Share
Share
powered by social2s

အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇာဝါဟာရီ ဒရုန်းကြောင့် သေဆုံးဟု ဘိုင်ဒန်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s
 နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်လာစဉ် (Reuters)

နန်စီပလိုစီ ထိုင်ဝမ်ရောက်ပြီ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1336

CNI International News

တိုင်ပေ၊ ဩဂုတ် ၂

တရုတ် ပြင်းထန်စွာ သတိပေး‌နေသည့်ကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် ဩဂုတ် ၂ ရက် (ယနေ့)ညပိုင်း၌ ထိုင်ဝမ်၏မြို့တော် တိုင်ပေသို့ ရောက်ရှိခဲ့‌ကြောင်း ရိုက်တာသတင်းအရ သိရသည်။

မလေးရှားနိုင်ငံမှ တောင်တရုတ်ပင်လယ်သို့ ရှည်လျားလှသော ဝေဟင်ခရီးဖြင့် ရောက်ရှိလာသော နန်စီပလိုစီကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုင်ပေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့သည်။

Source: Reuters

 

 

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရုံဖြင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 860

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့ မနက်ဖြန် မြန်မာပြည် လာမည်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2090

 

CNI International News

မော်စကို၊ ဩဂုတ် ၂

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် မြန်မာထိပ်တန်းသံတမန် ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးရန် အတွက် မနက်ဖြန် (ဩဂုတ်လ ၃ ရက်)တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ယနေ့ (ဩဂုတ် ၂ ရက်) ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားသည်။

 "သြဂုတ်လ ၃ ရက်မှာ ရုရှား ထိပ်တန်း သံတမန်ဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို အလုပ်သဘော သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ မြန်မာဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးပြီး တခြား မြန်မာ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ မျှော်လင့် ပါတယ်" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ပြောသည်။

နစက၏ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

လာဗရော့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးဆွေးနွေးမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး နယ်ပယ်တွင် အပြန်အလှန် ဆက်ဆံမှု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုများ အပါအဝင် ရုရှား-မြန်မာ ဆက်ဆံရေး၏ လက်ရှိအခြေအနေနှင့် အလားအလာများကို ဆွေးနွေးကြရန် စီစဉ်ထားသည်။ 

“နိုင်ငံတကာနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို အလေးပေး ညှိနှိုင်းကြမှာ ဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဆက်လက် ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

Share
Tweet
Share
Share
powered by social2s
အယ်လ်ကိုင်းဒါး ခေါင်းဆောင် ဇာဝါဟာရီ (Reuters)

အယ်လ်ကိုင်းဒါး ခေါင်းဆောင် ဇာဝါဟာရီကို အမေရိကန်ဒရုန်းဖြင့် ဘယ်လိုသတ်ခဲ့သလဲ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1513

 

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၂

အယ်လ်ကိုင်းဒါးက ခေါင်းဆောင် အေမန်အယ်ဇာဝါဟာရီသည် အာဖဂန်နစ္စတန်အတွင်း ခိုလှုံပုန်းအောင်နေခဲ့ရာ ယခင် သီတင်းပတ် အကုန်ပိုင်းတွင် အမေရိကန်၏ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။

၎င်းသည် အယ်လ်ကိုင်းဒါး ကွန်ရက်တည်ထောင်သူ အိုစမာဘင်လာဒင်ကို ၂၀၁၁ ခုနှစ်၌ အမေရိကန်တို့ ရှာဖွေ သတ်ဖြတ်ခဲ့ ပြီးနောက် ယခုတဖန် အယ်လ်ကိုင်းဒါးတို့အတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ဇာဝါဟာရီသည် နှစ်ပေါင်းများစွာ ပုန်းအောင်း နေခဲ့ရပြီး သူ့ကို ရှာဖွေသတ်ဖြတ်နိုင်ခဲ့သည့် စစ်ဆင်ရေးသည် ဂရုတစိုက်ဖြင့် စိတ်ရှည် ဇွဲရှိခဲ့ခြင်း၏ ရလဒ်ဖြစ်ကြောင်း အကြမ်းဖက်ဝါဒ နှိမ်နင်းရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ အမေရိကန် အသိုင်း အဝိုင်းမှ ဝါရင့်တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာက ရေးသားဖော်ပြသည်။

အိုစမာဘင်လာဒင်မသေခင်က အတူတွေ့ရတဲ့ ဇာဝါဟာရီ (Reuters)

ယခုကဲ့သို့ အမေရိကန်တို့ ကြေညာချက် မထုတ်မီအထိ ဇာဝါဟာရီသည် ပါကစ္စတန်လူမျိုးစုနယ်မြေ (သို့မဟုတ်) အာဖဂန် နစ္စတန်နိုင်ငံအတွင်း တစ်နေရာရာတွင် သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်ဟု သို့လော သို့လော ကောလာဟလများ ထွက်နေခဲ့ သည်။

အမည်မဖော်လိုသူ အမေရိကန် အစိုးရအရာရှိ တစ်ဦးကတော့ အဆိုပါ ရှာဖွေသတ်ဖြတ်မှု စစ်ဆင်ရေးနှင့်ပတ်သက်၍ အောက်ပါ အသေးစိတ် အချက်အလက်အချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရသည် ဇာဝါဟာရီကို ထောက်ပံ့နေသည်ဟု အကဲဖြတ် သုံးသပ်ရသည့် ကွန်ရက်တစ်ခုကို နှစ်အတန်ကြာ သတိထား စောင့်ကြည့်ခဲ့ကြောင်း၊ ယမန်နှစ်တွင် အမေရိကန်တပ်များ အာဖဂန်မှ ဆုတ်ခွာပြီးသော်လည်း အဆိုပါကွန်ရက်နှင့် အယ်လ်ကိုင်းဒါးများကို ဂရုတစိုက် ထောက်လှမ်းနေခဲ့ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်ထဲတွင် ဇာဝါဟာရီ မိသားစုတစ်စုလုံး ကဘူးလ်မြို့တော်ရှိ လုံခြုံစိတ်ချရာ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ မှာ ဇနီးသည်၊ သမီးနှင့် မြေးများပါ ပါလာခဲ့ကြသည်။ နောက်ပိုင်းတွင် အမေရိကန် ထောက်လှမ်းရေးက ဇာဝါဟာရီ၏ တည်နေရာကို အတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။

လပေါင်း အတန်ကြာလာသည်နှင့်အမျှ ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) အရာရှိများသည် ကဘူးလ်မြို့ရှိ နေအိမ် တစ်လုံးတွင် ဇာဝါဟာရီ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ပိုမိုယုံကြည်လာခဲ့ပြီး ၎င်းတို့ အထက်အရာရှိများထံသို့ အစီရင်ခံ တင်ပြခဲ့ကြသည်။ ထိုအစီရင်ခံစာများကို စုစည်းအနှစ်ချုပ်၍ သမ္မတ ဘိုင်ဒန်ကို ဒိုင်ခံတင်ပြရသူကတော့ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် ဖြစ်သည်။

အမေရိကန်သမ္မတ ဘိုင်ဒန် (Reuters)

“အခုစစ်ဆင်ရေးကို လုပ်ဆောင်နိုင်ဖို့ သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေ ကနေတစ်ဆင့် သူရဲ့လူမှုဘဝ နေထိုင်ပုံ တစ်ခုလုံးကို သတင်း တည်ဆောက်နိုင်ခဲ့ပါတယ်” ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးက ရိုက်တာသို့ ရှင်းပြသည်။

ဇာဝါဟာရီသည် ကဘူးလ်မြို့တော်ရှိ ဘေးကင်းရာအိမ်သို့ စတင် ရောက်ရှိပြီး နောက်ပိုင်း အပြင်ဘက်ထွက်သည်ကို သိပ် မတွေ့ရသည်မှာ ယခုနောက်ဆုံး လသာဆောင်တွင် ရှိနေစဉ် ဒရုန်းလွှတ် တိုက်ခိုက်ချိန်အထိ ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေးသည် ၎င်းနေထိုင်ရာ အိမ်ပုံစံ တည်ဆောက်ပုံနှင့် ကြံ့ခိုင်ပုံတို့ကို သေချာစေ့စပ်စွာ စူးစမ်းနေခဲ့ ကြသည်။ အရပ်သားများနှင့် ဇာဝါဟာရီ မိသားစုကို အန္တရာယ် အနည်းဆုံးဖြစ်အောင်အတွက် ဇာဝါဟာရီကို သတ်မည့် စစ် ဆင်ရေးတွင် အိမ်တည်ဆောက်ထားပုံနှင့် သွားလာလှုပ်ရှားပုံ သဘောသဘာဝများကို ကြိုတင်စုံစမ်းခဲ့ကြသည်။  

မကြာသေးမီ ရက်သတ္တပတ်များ အတွင်းတွင် အမေရိကန်သမ္မတသည် ထောက်လှမ်းရေး အစီရင်ခံစာများကို ဆန်းစစ်ကာ အကောင်းဆုံး စစ်ဆင်ရေး လမ်းကြောင်းကို စဉ်းစား အကဲဖြတ်ရန် အဓိကအကြံပေး ပုဂ္ဂိုလ်များနှင့် အစိုးရအဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ယူခဲ့သည်။

တာလီဘန်စစ်သားတစ်ဦး (Reuters)

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် စီအိုင်အေညွှန်ကြားရေး ဝီလျံဘန့်စ် အပါအဝင် အမေရိကန်အစိုးရ အဖွဲ့ဝင်များက အိမ်ဖြူတော် ရုံးခန်းတွင် အဆိုပြုထားသည့် စစ်ဆင်ရေးနှင့်ပတ်သက်၍ ဘိုင်ဒန်ကို အကျဉ်းချုံး တင်ပြခဲ့ကြသည်။

“ဘိုင်ဒန်က ကျနော်တို့သိထားတဲ့ အချက်အလက်တွေကို ဘယ်လိုရတာလဲဆိုတဲ့ အသေးစိတ် မေးခွန်းတွေ မေးခဲ့ပါတယ်” ဟု အမည်မဖော်လိုသူ အမေရိကန် ထောက်လှမ်းရေးအရာရှိက ပြောသည်။

ထို့နောက် သမ္မတဘိုင်ဒန်သည် ထောက်လှမ်းရေး အသိုက်အဝန်း၏ ဆက်စပ် သတင်းတည်ဆောက်ထားပြီး အစည်းအဝေး ခန်းမသို့ ယူဆောင်ချပြလာသည့် ဘေးကင်းလုံခြုံသော ဇာဝါဟာရီ၏ အိမ်ပုံစံကို အနီးကပ်စစ်ဆေးခဲ့သည်။

အလင်းရောင်၊ ရာသီဥတု၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများနှင့် စစ်ဆင်ရေး အောင်မြင်နိုင်ခြေနှင့် အခြား သက်ရောက် မှု ရှိနိုင်သည့်အကြောင်း ဘိုင်ဒန်က စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့ကြောင်း အဆိုပါအရာရှိက ပြောသည်။

ကဘူးလ်မြိုတွင် ဂယက်ရိုက်ခတ်မှု ဖြစ်နိုင်ခြေ အလားအလာများကိုလည်း လေ့လာသုံးသပ်ဖို့ သမ္မတက ညွှန်ကြားခဲ့ပါတယ်။

ထောက်လှမ်းရေးအေဂျင်စီ အချင်းချင်း တင်းတင်းကျပ်ကျပ် ဝိုင်းဖွဲ့ထား၍ ရရှိသမျှ ထောက်လှမ်းရေး သတင်းများကို စစ်ဆေး ခဲ့ကြသည်။

တာလီဘန်တပ်ဖွဲ့များ (Reuters)

ထို့နောက် ဇာဟီရီသည် ၎င်း၏ အယ်လ်ကိုင်းဒါ ကွန်ရက် ဆက်လက် ဦးဆောင်နေမှုကို အခြေခံ၍ တရားဝင် ပစ်မှတ်ဖြစ် ကြောင်း အတည်ပြုခဲ့သည်။

ဇူလိုင်လ ၂၅ ရက်တွင် သမ္မတသည် ၎င်း၏ အဓိက အကြံပေးများနှင့် အစိုးရအဖွဲ့ဝင်များကို ခေါ်ယူခဲ့ပြီး ဇာဝါဟာရီကို သတ်ဖြတ်ခဲ့လျှင် တာလီဘန်များနှင့် အမေရိကန် ဆက်ဆံရေးကို မည်ကဲ့သို့ ထိခိုက်မည်ကို ဆွေးနွေးခဲ့သည်။

အစည်းအဝေး ခန်းမအတွင်းသို့ ရောက်ရှိလာသူထံမှ အမြင်များကို တောင်းခံပြီးနောက်၊ အရပ်သား သေဆုံးမှု အန္တရာယ်ကို နည်းပါးစေမည့် အခြေအနေနှင့် ပတ်သက်၍ ဘိုင်ဒန်က "တိကျ၍ အံဝင်ခွင်ကျဖြစ်သော မောင်းသူမဲ့လေယာဉ် (ဒရုန်း)ဖြင့် လေကြောင်းတိုက်ခိုက်မှု" ကို ခွင့်ပြုခဲ့သည်။

စစ်ဆင်ရေးနေ့က အသင့်ပြင်ဆင်မှု အနေအထား လုပ်ဆောင်ချက် အားလုံးသည် ည ၉ နာရီ ၄၈ မိနစ်တွင် အပြီးသတ်ခဲ့သည်။

ဇူလိုင်လ ၃၀ ရက်၊ ဂရင်းနစ် စံတော်ချိန် နံနက် ၁ နာရီ၊ ၄၈ မိနစ်တွင် ဒရုန်းဖြင့် ပူးတွဲ တပ်ဆင်ပေးလိုက်သော ‘ငရဲမီး’ အမည် ရှိ ဒုံးကျည်များ ဇာဝါဟာရီထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားတော့၏ ။   ။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိသေးလား

By CNI
CNI
Category: Exclusive Interview
Hits: 1274

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်၊ အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒီမိုကရေစီတောင်းဆိုသူများ

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရုံဖြင့် နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2519

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရုံဖြင့် မဖြေရှင်းနိုင်ကြောင်း နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

နစက အနေဖြင့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ‌တွေ့ဆုံရေး လိုက်လျောမှုများ ရှိနေကြောင်း၊ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒီမိုကရေစီ လိုလားသူများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း ထားကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းဆိုတာကို စစ်ကောင်စီ ဘက်ကလည်း လိုက်လျောမှုပြုမယ့် အရိပ်နိမိတ်တချို့၊ စကားတချို့ သူတို့ဖက်က ပြောခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ မြန်မာနိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်နဲ့တင် မပြီးတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူ့ရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားတွေနဲ့ ရှေ့ဆက်လို့ရမလား။ နောက်တစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံကို အခု NUG နဲ့ ဒီမိုကရေစီ လိုလားတဲ့သူတွေက ဖျက်သိမ်းပြီးပါပြီ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပေါ် မှာ ကျနော်တို့ ပြဿနာတွေကို ပြန်လည် ဆွေးနွေးလို့ ရမလားဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြန်စဉ်းစားရမယ့် သုံးသပ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်” ဟု CNI သို့ ပြောသည်။

နစက အနေဖြင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ် ပေးလိုက်မှုကြောင့် ပြည်တွင်း/ပြည်ပ အဖွဲ့ အစည်းများ၏ ကန့်ကွတ် ရှုတ်ချမှုကို ခံခဲ့ရကြောင်း၊ ထို့အတွက်ကြောင့် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသူများမှ ဆွေးနွေးပွဲ တံခါးများကို ပိတ်သိမ်းလိုက်ကြောင်း ၎င်းက ပြောသည်။

ဒီမိုကရေစီတောင်းဆိုသူများ ဒုတိယစည်းမကျော်ရန် သတိပေးထားခြင်း (AFP)

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပြစ်ဒဏ်စီရင်လိုက်သည့် ကိစ္စကြောင့် အာဆီယံ အထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရေးမူသည် ပြောင်းလဲမည်ဟု မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။

ဦးရဲထွန်းက “ပြောင်းလဲသွားမလား၊ မပြောင်းလဲသွားမလားဆိုတာ သူက မလာတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ တော့ဘူးဆိုရင် အဲဒါ ပြောင်းလဲသွားပြီပေါ့။ သူက သူ့အစီအစဉ်အတိုင်း လာမှာဆိုရင် သူတွေ့မှာပေါ့။ အဲဒီတော့ ကျနော် ခန့်မှန်းချက်ကတော့ ဒီကိစ္စကြောင့်တော့ နဂိုမူလ ရည်ရွယ်ချက်၊ ရည်မှန်းချက်အတိုင်း သူလုပ်မယ့်ကိစ္စ အပြောင်းအလဲ ဖြစ် မယ်လို့ မထင်ဘူး” ဟု ပြောသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ပြည်တွင်းမှာ အကြမ်းဖက်မှုများ ပိုမိုများပြားလာမှာကို စိုးရိမ်မှုများရှိနေသည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ သူမ၏ ဩဇာကို အသုံးပြုကာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုများကို အဆုံးသတ်လိုကြောင်း Channel News Asia နှင့် အင်တာဗျူးမှာ ပြော ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဖိလစ်ပိုင်သမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ

ICC သို့ ပြန်ဝင်ရန် ရည်ရွယ်ချက်မရှိဟု ဖိလစ်ပိုင်သမ္မတသစ် မားကို့စ်ဂျူနီယာပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1466

CNI International News

မနီလာ၊ ဩဂုတ် ၂

ဖိလစ်ပိုင်သည် နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) သို့ ပြန်လည်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း မကြာသေးမီက ရွေးကောက်တင်မြှောက်ခံသမ္မတသစ် ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr)မှ ပြောကြားခဲ့သည်။

၎င်း(မားကို့စ်ဂျူနီယာ)သည် ယခင်သမ္မတဟောင်း(ဒူတာတေး)၏ ရပ်တည်ချက်ကို ထောက်ခံသော်လည်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ တောင်းဆိုချက်ကို ပယ်ချထားကြောင်း ဆက်လက် ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး (Rodrigo Duterte) သည် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ (The Hague) မြို့အခြေစိုက် ICC မှ ၂၀၁၉ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။ ဒူတာတေးသည် တရားမဝင် မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်၌ လူပေါင်း ထောင်နှင့် ချီ၍ သတ်ဖြတ်ခဲ့ကြောင်း စွဲချက်ဖြင့် ယမန်နှစ်က ICC တရားရုံး၏ စုံစမ်းစစ်ဆေးမှု ခံခဲ့ရသည်။

“ဖိလစ်ပိုင်ဟာ ICC ကို ပြန်ဝင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး” ဟု သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် မားကို့စ်ဂျူနီယာက ဖြေကြားခဲ့သည်။

 ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အာဏာရလာခဲ့သော သမ္မတ မားကို့စ်သည် မကြာသေးမီက ၎င်း၏ တရားရေးဆိုင်ရာ အတွင်း ဝန်နှင့် အခြားဥပဒေ အကြံပေးများကို တွေ့ဆုံခဲ့ပြီး မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်ကြောင့် သတ်ဖြတ်မှုများအပေါ် ICC ၏ စုံစမ်း စစ်ဆေးမှု ဖြစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တဆက်တည်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ အထိ ဒူတာတေး၏ မူးယစ်နှိမ်နင်းရေး လုပ်ငန်းစဉ်အတွင်း သတ်ဖြတ်မှုများကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ရရှေ့နေ ကာရင်ခန်း (Karim Khan) ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ICC တရားသူကြီးများက ခွင့်ပြုခဲ့သည်။

သို့သော် ICC အနေဖြင့် တရားစီရင်ပိုင်ခွင့် မရှိသောကြောင့် ဖိလစ်ပိုင်အစိုးရက ကာရင်ခန်းထံသို့ ပေးစာ တစ်စောင်ပို့၍ စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့စေခဲ့သည်။

“ကျနော်တို့ဒီမှာ စုံစမ်းစစ်ဆေး နေပါတယ်လို့ ပြောပြီး တကယ်လည်း ဆက်လုပ်ပေးနေသားပဲ။ ဘာကြောင့် ဒီလိုဖြစ်ရ တာလဲ” ဟု ICC စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်နိုင်ခြေကို မားကို့စ်ဂျူနီယာက မေးခွန်းထုတ်ခဲ့သည်။

အမှုစစ်ဆေးလိုသည့် ကာရင်ခန်း

တကယ်တမ်းတွင် ICC သည် တရားစွဲဆိုရန် မလိုလားသော (သို့မဟုတ်) ဆောင်ရွက်နိုင်စွမ်းမရှိသော နိုင်ငံများအတွက် နောက်ဆုံး အားကိုးအားထားပြုရာ နိုင်ငံတကာတရားရေး မျက်နှာစာ ဖြစ်သည်။

အဆိုပါ တရားရုံး၏ စည်းမျဉ်းစည်ကမ်းအရ နိုင်ငံတစ်နိုင်ငံသည် အမှုစွဲချက် တစ်ခုအပေါ် ပြည်တွင်း၌ စုံစမ်းစစ်ဆေးနေပြီဆို ပါက ICC ၏ စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့ပေးရန် တောင်းဆိုနိုင်သည်။

သို့သော် ရှေ့နေ ကာရင်ခန်းသည် ပြီးခဲ့သည့် ဇွန်လ၌ ၎င်း၏ စုံစမ်းစစ်ဆေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့ပြီး “ဖိလစ်ပိုင်အစိုးရထံမှ တောင်းဆိုထားသော ဆိုင်းငံ့မှုသည် အာမခံချက်ပေး၍ မရကြောင်း၊ စုံစမ်းစစ်ဆေးမှုကို တတ်နိုင်သမျှ အဆောတလျင် ပြန်စသင့်ကြောင်း မိမိ ကောက်ချက်ချသည်” ဟု ပြောကြားခဲ့သည်။

ဒူတာတေး၏ နှိမ်နင်းမှုတွင် မူးယစ်ဆေးဝါး အမှုများနှင့်ပတ်သက်၍ သံသယရှိသူ ၆ ထောင်ကျော် သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ စာရင်းဇယားများကို အခြေခံ၍ အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှား၏ ရေကြောင်း အယူအဆသစ်အရ နေတိုးကို လုံခြုံရေးခြိမ်းခြောက်မှုဟု သတ်မှတ်

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s

ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်ထိမှန်၍ ဆန်စပါးလုပ်ငန်းရှင် သေဆုံး

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

နျူလက်နက်လျှော့ချရန် ရုရှားနှင့် တွေ့ဆုံဆွေးနွေး‌ရေး ဘိုင်ဒန် ကမ်းလှမ်း

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2839

 

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁

ရုရှားနှင့် တွေ့ဆုံဆွေးနွေး‌ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ်းလှမ်းလိုက်ပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်သစ် ဖြစ်‌ပေါ်လာဖို့ တရုတ်အ‌နေဖြင့်လည်း စေ့စပ်ညှိနှိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။

New START (သို့မဟုတ်) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်ကို အစားထိုး ပြင်ဆင်ချုပ်ဆိုရန် ရုရှားနှင့် ညှိနှိုင်းဖို့ အသင့်ရှိကြောင်း  ဒသမကြိမ်မြောက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပြန်လည်သုံးသပ်‌ရေး ညီလာခံမတိုင်မီ ဩဂုတ် ၁ ရက်တွင် ဘိုင်ဒန်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

 "၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် New START နေရာတွင် အစားထိုးရန် လက်နက်ထိန်းချုပ်မှု မူဘောင်အသစ်ကို အမြန် စေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေ‌ကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းရေးတွင် သစ္စာရှိရှိ လုပ်ဆောင်မည့် မိတ်ဖက်တစ်ဦး လိုအပ်ကြောင်း" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

 “ဒီအခြေအနေမှာ ရုရှားဟာ အမေရိကန်နဲ့အတူ နျူကလီးယား လက်နက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဘေဂျင်းကိုလည်း ဘိုင်ဒန်က တောင်းဆိုခဲ့သည်။

 Source: အာရ်တီသတင်းဌာန

 

Share
Tweet
Share
Share
powered by social2s
  • 79
  • 80
  • 81
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88

Page 84 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar