CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

နန်စီပလိုစီ စင်ကာပူသို့ ရောက်ရှိသော်လည်း ထိုင်ဝမ်ကို ဝင်/မဝင် မသေချာသေး

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသည့် SSPP နှင့် တွေ့ဆုံမည်ဟု နစကဥက္ကဋ္ဌ ပြော

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
ဆိုဗီယက် အမှတ်တံဆိပ်နဲ့အလံကို ကိုင်ထားသူ

ရေတပ် အထိမ်းအမှတ်နေ့ကို ကျင်းပနေသည့် ရုရှား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1570

CNI International News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁

ရုရှားနိုင်ငံတွင် ဇူလိုင် ၃၁ ရက်၌ ရေတပ် အထိမ်းအမှတ်နေ့အဖြစ် အားလပ်ရက် သတ်မှတ်ပြီး မြို့အသီးသီးတွင် ရေတပ် ချီတက်ပွဲများဖြင့် ကျင်းပခဲ့ကြောင်း အယ်လ်ဂျာဇီးယား ဝက်ဘ်ဆိုက်က ဖော်ပြသည်။

သမ္မတ ဗလာဒီမာပူတင်သည် ရုရှား၏ ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် စိန့်ပီတာစဘတ်တွင် ကျင်းပသည့် ရေတပ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရေတပ်ကို စစ်ဆေးပြီးနောက် ပူတင်သည် လာမည့်လများတွင် အဖျက်စွမ်းအားမြင့်၍ အသံထက်မြန်သည့် Zircon ခရုဇ် ဒုံးကျည်များကို ရေတပ်သို့ ပေးမည့် အစီအစဉ်အား အသိပေး ကြေညာသည့် မိန့်ခွန်း အတိုချုပ် ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် အသံ၏ အလျင်နှုန်းထက် ၉ ဆပို၍ မြန်ဆန်စွာ ပျံသန်းပစ်ခတ်နိုင်သဖြင့် လေကြောင်းရန် ကာကွယ်ရေးကို ကျော်လွှား၍ ပစ်မှတ် ထိမှန်နိုင်စွမ်းရှိသည်။

ပူတင် ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို လက်မှတ်ထိုးနေစဉ်

ဇူလိုင် ၃၁ ရက် အစောပိုင်းက စာမျက်နှာ ၅၅ မျက်နှာပါ ရေတပ်အယူအဆ(ညွှန်ကြားချက်)အသစ်ကို ပူတင်က အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ အယူအဆ စာတမ်းထဲတွင် ရုရှားရေတပ်၏ ကျယ်ပြန့်သော မဟာဗျူဟာ ရည်မှန်းချက်များကို ထည့်သွင်းဖော်ပြထား ပြီး ကမ္ဘာတလွှား ဖြန့်ကျက်ထားမည့် “မဟာရေကြောင်းဆိုင်ရာ အင်အား(ပါဝါ)” ရည်မှန်းချက်များ ပါဝင်သည်။

ရုရှားနိုင်ငံအတွက် အဓိကခြိမ်းခြောက်မှုမှာ “ကမ္ဘာ့သမုဒ္ဒရာများကို စိုးမိုးထားရေးအတွက် အမေရိကန်၏ မဟာဗျူဟာမူဝါဒ” နှင့် မြောက်အတ္တလန္တိတ်(နေတိုး)စစ်မဟာမိတ်အဖွဲ့၏ လှုပ်ရှားမှုများ ရုရှားနယ်စပ်သို့ ပိုမိုနီးကပ်လာခြင်း ဖြစ်သည်။

ရုရှားသည် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ အစီအမံမျိုးကို အခြား အင်အားကြီးနိုင်ငံများ ကုန်ခမ်းသွားသည့် တိုင်အောင် ကမ္ဘာ့သမုဒ္ဒရာများအတွင်း ၎င်း၏စစ်အင်အားကို သင့်တင့် လျောက်ပတ်စွာ အသုံးပြုနိုင်ကြောင်း၊ ကမ္ဘာတဝန်းတွင် ၎င်း၏ ရေတပ် အခြေစိုက်စခန်းများ လုံလောက်မှု မရှိသေးသည်ကို ရုရှားက အသိအမှတ်ပြုကြောင်း ယခုရေတပ် အယူအဆသစ် ထဲတွင် ဖော်ပြထားသည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်

အာဏာရှင်မားကို့စ်ကို ဖြုတ်ခဲ့ချသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ် ကွယ်လွန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1629

CNI International News

မနီလာ၊ ဩဂုတ် ၁

ဖိလစ်ပိုင်အာဏာရှင် ဖာဒီနန်မားကို့စ် လက်ထက်က အမျိုးသားရဲတပ်ဖွဲ့၏ အကြီးအကဲဖြစ်ခဲ့သူ ဖိလစ်ပိုင်သမ္မတဟောင်း ဖီဒယ်ရာမို့စ်သည် ၁၉၈၆ ခုနှစ်တွင် အာဏာရှင်ဖြုတ်ချသည့် ပြည်သူ့အာဏာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ဖူးပြီး ယခုအခါ အသက် ၉၄ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Bloomberg သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရာမို့စ်သည် ဇူလိုင် ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း DZRH ရေဒီယိုနှင့် ဖိလစ်ပိုင်အစိုးရပိုင် PTV ရုပ်သံလိုင်းတို့မှ ထုတ်လွှင့်ခဲ့သော်လည်း အဆိုပါမီဒီယာများက ရာမို့စ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များကို ထည့်သွင်း မဖော်ပြခဲ့ပေ။

FVS ဟုလည်း အတိုကောက် ခေါ်ခဲ့ကြသည့် ရာမို့စ်သည် အာဏာရှင်ခေတ်လွန် နိုင်ငံရေးလေ့လာဝေဖန်သူ ဘီနစ်နို အကွီနို ဂျူနီယာ၏ ကျန်ရစ်သူဇနီး ကိုရာဇွန် အကွီနို လက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ် အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဘီနစ်နို အကွီနိုသည် တစ်ချိန်က အာဏာရှင်မားကို့စ်၏ ရက်စက်ကြမ်းကြုတ်မှုများကို တစ်တစ်ခွခွ ဝေဖန်ထိုးနှက်ခဲ့သူ ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပထမဆုံး ကျင်းပခဲ့သော ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲဖြင့် ရာမို့စ်သည် သမ္မတရာထူး ရယူခဲ့ပြီး ၁၉၉၇ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်း ကာလတွင် အရှေ့တောင်အာရှဒေသတွင်း စီးပွားရေးကို ပြန်လည် ဦးမော့လာအောင် ကြိုးပမ်းခဲ့သဖြင့် အများ၏ ချီးကျူးလေးစားမှု ရခဲ့သည်။

စစ်ဘက်အရာရှိ တစ်ဦးဖြစ်ခဲ့သူ ရာမို့စ်သည် ၁၉၈၆ ခုနှစ်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ထင်ရှားလာခဲ့သည်။ မားကို့စ် အနေဖြင့် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲ၌ မဲလိမ်သည်၊ မဲခိုးသည်ဟူသော ၎င်းနှင့်ထိုစဉ်က ကာကွယ် ရေး ဝန်ကြီး ဝမ်ပေါ့အမ်ထရီ (Juan Ponce Entrile) တို့က စွပ်စွဲ၍ မားကို့စ်လက်အောက်မှ ခွဲထွက်ခဲ့ကြသည်။

အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်

အာဏာရှင် မားကို့စ်သည် ၎င်း၏ကိုယ်ကျိုးကိုသာ ဦးစားပေးပြီး အရည်အချင်း ပြည့်ဝသော စစ်ဦးစီးချုပ်လည်း မဟုတ်၍ မိမိ ဘက်ပြောင်းခဲ့ခြင်းဖြစ်ကြောင်း ရာမို့စ်က ထုတ်ဖော် ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် မနီလာမြို့တော်ရှိ ရဲဌာနချုပ်တွင် မားကို့စ် လိုလားသော တပ်များ၏ ဖြိုခွင်းခံရနိုင်သည်ဟု မျှော်လင့်ခဲ့ကြ သော်လည်း လူသားတံတိုင်းတစ်ခု အတားအဆီးလုပ်၍ ဌာနချုပ် အဆောက်အဦ ပတ်ပတ်လည်တွင် စုရုံးရန် စီစဉ်ခဲ့ကြသည်။

ထိုသို့ စုရုံးရန်အတွက် ရိုမန်ကက်သလစ် ကာဒီနယ် (ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်)တစ်ဦးထံမှ မေတ္တာရပ်ခံချက်ကို ဖိလစ်ပိုင်လူထုက အလေးထားခဲ့ကြသည်။

သို့ဖြင့် နောက်ဆုံးတွင် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့သော ပြည်သူ့အာဏာတော်လှန်ရေးကို စတင်နိုင်ခဲ့ကြသည်။

၂၀၀၀ ပြည့်နှစ်တွင် ရာမို့စ်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်နိုင်ငံရှိ West Point စစ်တက္ကသိုလ် သင်တန်းဆင်းဟောင်း များအဖွဲ့က ၎င်း၏ ဖိလစ်ပိုင် ဒီမိုကရေစီ ပြန်လည် ရရှိရေးတွင် ပါဝင်ခဲ့သော အဓိက အခန်းကဏ္ဍကို တလေးတစား ထုတ် ဖော် ချီးကျူးခဲ့ကြသည်။

သို့ဖြစ်၍ ရာမို့စ်သည် ဖိလစ်ပိုင် ပြည်သူ့တော်လှန်ရေး၏ သူရဲကောင်းတစ်ဦးအဖြစ် အမည်တွင် ခဲ့လေသည်။

Source: Bloomberg, Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းနိုင်ငံ မာလ်ကိုလိုင်ဗ်ဆိပ်ကမ်းမြို့တွင် မီးလောင်မှုဖြစ်ပွားနေသည်ကို မီးသတ်သမားတစ်ဦးမှ ငြိမ်းသတ်နေစဉ်(ဓါတ်ပုံ-AFP)

ယူကရိန်းဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်ထိမှန်၍ ဆန်စပါးလုပ်ငန်းရှင် သေဆုံး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1619

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ မာလ်ကိုလိုင်ဗ် (Mykolaiv) ဆိပ်ကမ်းမြို့ကို ရုရှားဒုံးကျည်များ ကျရောက် ပေါက်ကွဲ ခဲ့ခြင်းကြောင့် ဆန်စပါးတင်ပို့သည့်လုပ်ငန်းရှင်တစ်ဦး‌ သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြ သည်။

အလားတူ ရုရှားနိုင်ငံ၊ ဆီဘတ်စတိုပို (Sevastopol) မြို့ရှိ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းကို ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်မှုသည် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရုရှားလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားဒုံးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ဆန်စပါးလုပ်ငန်းရှင်နှင့် နီဘူလွန်(Nibulon) စိုက်ပျိုးရေးကုမ္ပဏီ တည်ထောင်သူ အိုလက်ဆီးဗာဒါတာစကီနှင့် ဇနီးတို့သည် နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း မာလ်ကို လိုင်ဗ်မြို့ အုပ်ချုပ်ရေးမှူး ဗီတယ်လီကင်မ် (Vitaliy Kim) က တယ်လီဂရမ်ချန်နယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားသိမ်းပိုက်ထားသည့် ခါဆွန်ဒေသနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး မဟာဗျူဟာအရ အရေးပါသော မာလ်ကို လိုင်ဗ်မြို့တွင် ရုံးချုပ်ထားရှိသည့် နီဘူလွန်ကုမ္ပဏီသည် ဂျုံ၊ မုယောစပါးနှင့်ပြောင်းများ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည်။ ကုမ္ပဏီ၏ကိုယ်ပိုင်ရေယာဉ်များနှင့် သင်္ဘောကျင်းများလည်း ထူထောင်ထားသည်။

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းပျက်ဆီးနေသည့် အဆောက်အဦးကို မီးသတ်သမားတစ်ဦးမှ မီးငြိမ်းသတ်ပေးနေစဉ်(ဓါတ်ပုံ-AFP)

ရုရှားဘက်မှ ဒုံးကျည် ၁၂ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရကြောင်း၊ စစ်ပွဲကာလ ၅ လအတွင်း မြို့အတွင်းရှိ လူနေ အိမ်များနှင့်စာသင်ကျောင်းများကို ထိမှန်ခဲ့၍ အနည်းဆုံး လူ ၃ ဦးသေဆုံးကာ ယခုတစ်ခေါက်မှာတော့ အပြင်း ထန်ဆုံး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မာလ်ကိုလိုင်ဗ်မြို့တော်ဝန် အိုလက်ဇန္ဒားဆန်ချက် (Oleksandr Senkevych) က ပြောကြားခဲ့သည်။

ဇူလိုင် ၃၁ ရက် ညနေပိုင်းတွင် ရုရှားဘက်မှတိုက်ခိုက်မှု ပြန်လည်စတင်ခဲ့သည်ဟု ၎င်းက ဆက်လက်၍ သတင်း ထုတ်ပြန်သော်လည်း အသေအပျောက်(သို့မဟုတ်) ထိခိုက်ပျက်စီးမှုသတင်း မသိရသေးပေ။

ရုရှားတို့ သိမ်းယူထားသည့် ခရိုင်းမီးယားဒေသ(Crimean)ရှိ ဆီဘတ်စတိုပိုမြို့(Sevastopol)တွင် ရုရှားရေတပ်မှ စစ်မှုထမ်း ၅ ဦး ဒဏ်ရာရစေခဲ့သည်ဟု ယူဆရသော မောင်းသူမဲ့လေယာဉ် (ဒရုန်း) တစ်စင်းမှာ ရုရှားပင်လယ်နက် ရေယာဉ်စုအဝန်းအဝိုင်းထဲသို့ ပျံဝဲခဲ့ကြောင်း အဆိုပါမြို့အုပ်ချုပ်ရေးအရာရှိ မီခေးလ်ရက်ဗိုဇာယက်ဗ် (Mikhail Razvozhayev) က ရုရှားမီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။

အဆိုပါဒရုန်းပျံဝဲမှုကြောင့် ၎င်းက ယူကရိန်းကို အပြစ်တင်ခဲ့ပြီး “ကျနော်တို့ ရေတပ်အထိမ်းအမှတ်နေ့ (Navy Day) ကို အနှောင့်အယှက်ပေးတယ်လို့ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
နန်စီပလိုစီကိုတွေ့ရစဉ်(AP)

နန်စီပလိုစီ စင်ကာပူသို့ ရောက်ရှိသော်လည်း ထိုင်ဝမ်ကို ဝင်/မဝင် မသေချာသေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1326

CNI International News

စင်ကာပူ၊ ဩဂုတ် ၁

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) သည် ယနေ့ (ဩဂုတ် ၁ ရက်) အစောပိုင်းတွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အေပီသတင်းအရ သိရသည်။

၎င်း၏ အာရှနိုင်ငံ လေးနိုင်ငံ ခရီးစဉ်ကို ဇူလိုင် ၃၁ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်က ပိုင်ဆိုင်သည်ဟု ဆိုထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ သွားရောက်နိုင်ခြေ ရှိ/မရှိ ထင်ကြေးများလည်း ပေါ်ထွက်နေကြောင်း သိရသည်။

၎င်း၏ ရုံးကတော့ ယခုခရီးစဉ်၌ ထိုင်ဝမ်ကို ရည်ညွှန်းလျက် အတိအလင်း ပြောကြားခဲ့ခြင်း မရှိပေ။

“စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတွေဆီကို အလည်အပတ်ခရီးစဉ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို နန်စီပလိုစီက ဦးဆောင်နေတာ ဖြစ်ပါတယ်” ဟု ၎င်း၏ရုံးက ဇူလိုင် ၃၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

နန်စီပလိုစီနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် အရုဏ်မတက်မီ စင်ကာပူသို့ ရောက်ရှိလာခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုတော့ သတင်းမီဒီယာများထံသို့ ထုတ်ပြန်ခြင်း မရှိသေးကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ဘိုင်ဒန်နဲ့ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

၎င်း(နန်စီပလိုစီ)သည် စင်ကာပူသမ္မတ ဟာလီမက်ယာကွပ် (Halimah Yacob) နှင့် ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) တို့ထံသို့ တယ်လီဖုန်း ခေါ်ဆိုခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံသွားမည်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လုံခြုံရေး အထူးတင်းကြပ်ထားသော ၎င်း၏ခရီးစဉ်တလျှောက် မီဒီယာများကို လိုက်ပါသတင်းယူခွင့် တားမြစ်ထားသည်။

ယခင် သီတင်းပတ် အကုန်ပိုင်း ထုတ်ပြန်ချက် တစ်စောင်ထဲတွင်တော့ ပလိုစီသည် ကုန်သွယ်ရေး၊ ကပ်ရောဂါ၊ ရာသီဥတု ပြောင်းလဲမှု၊ လုံခြုံရေးနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို ဆွေးနွေးရန်အတွက် မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ များသို့လည်း ဆက်လက် သွားရောက်မည်ဟု ဖော်ပြထားသည်။

ဘေဂျင်းက ၎င်း၏ပိုင်နက်ဟု အခိုင်အမာပြောနေသည့် ထိုင်ဝမ်ကျွန်းသို့ ၎င်းသွားရောက်မည်ဟူသော သတင်းများ ထွက်ပေါ် နေခြင်းကို နန်စီပလိုစီက အတည်မပြုသေးပေ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါ ကျွန်းနှင့်ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ယခင်ရက်သတ္တပတ်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တယ်လီဖုန်းခေါ်ဆိုမှု၌ သတိပေးခဲ့ပြီး ဖြစ်သည်။

အမေရိကန်၏ အရေးပါသော အစိတ်အပိုင်း သုံးခုအနက်မှ တစ်ခုကို ကိုယ်စားပြုသည့် နန်စီပလိုစီသည် ၁၉၉၇ ခုနှစ် နောက်ပိုင်း ထိုင်ဝမ်သို့ ပထမဆုံး သွားရောက်ရန်အတွက် ရွေးချယ်ခြင်းခံရသော အမေရိကန်၏ အမြင့်ဆုံး တာဝန်ထမ်း ဆောင်သူ တစ်ဦးဖြစ်လာနိုင်သည်ဟု အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s

မတည်ငြိမ်မှုများကို ကိုင်တွယ်နေရ၍ အာဆီယံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်သေးဘူး

By CNI
CNI
Category: Watch TV
Hits: 1018

Share
Tweet
Share
Share
powered by social2s

နစကပြောသည့် နိုင်ငံရေးထွက်ပေါက် ပေးထားသည်ကို မစဉ်းစားတော့ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

နစကပြောသည့် နိုင်ငံရေးထွက်ပေါက် ပေးထားသည်ကို မစဉ်းစားတော့ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

အာဆီယံအစည်းအဝေးသို့ အမေရိကန်နှင့်တရုတ် ထိပ်တန်းသံတမန်များ တက်မည်

By CNI
CNI
Category: Watch TV
Hits: 661

Share
Tweet
Share
Share
powered by social2s

ထိန်းသိမ်းခံရသော နိုင်ငံသားများအကြောင်း ဘလင်ကင်နှင့် လာဗရော့တို့ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s

ရုရှားကို အကြမ်းဖက်ဝါဒ အားပေးကူညီသူအဖြစ် သတ်မှတ်ရေးကြိုးစားနေဟု အိမ်ဖြူတော်ပြော

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s
ပုံ- ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ကျင်းပသည့် ကာ/လုံ အစည်းအဝေး

နိုင်ငံတော်အရေးပေါ် အခြေအနေကြေညာမှု ၆ လသက်တမ်း ထပ်တိုး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1627


CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁


နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်မှ စ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်က ကျင်းပ၍ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို NLD အစိုးရက မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာထားမှုသည် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ (၁၈ လ) ပြည့် မြောက်မည် ဖြစ်ပြီး ကာ/လုံက နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ကြောင်း အတည်ပြု ပေးခဲ့ခြင်း ဖြစ်သည်။



Share
Tweet
Share
Share
powered by social2s
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိကစွဲကိုင်ထားမည်ဟု RCSS ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1267

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁

လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)က ယနေ့ (ဇူလိုင် ၃၁ ရက်) ထုတ်ပြန်ခဲ့သည်။

RCSS သည် (၆)လပတ် အစည်းအဝေးကို ဇူလိုင် ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါ အတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ဌာန အသီးသီးက တင်ပြသည့် ၆ လတာ လုပ်ငန်းအစီရင်ခံစာများအပေါ် သုံးသပ် ဆွေးနွေး ခြင်း၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ အဖွဲ့အစည်းအတွင်းနှင့် အဖွဲ့အစည်းပြင်ပ အခြေအနေများကို ကျယ်ကျယ် ပြန့်ပြန့် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်ဟု ဖော်ပြထားသည်။

RCSS “ လက်ရှိနိုင်ငံရေး အခြေအနေနှင့်ပတ်သက်၍ RCSS အနေဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းကို အဓိက စွဲကိုင်ထားပြီး ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်း ဆောင်ရွက် သွားမည်”ဟု ပြောသည်။

RCSS ၏ ၆ လပတ် အစည်းအဝေး ကျင်းပနေစဉ်

ထို့နောက် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးရေး အားနည်းခြင်းတို့ကြောင့် ကျေးလက်ဒေသနှင့် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်မှုများ များပြားလာခြင်းအား မိမိတို့ တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့က စုပေါင်း တာဝန် ယူ၍ မိမိတို့ ရပ်ရွာနှင့် မြို့များအား ကာကွယ်စောင့်ရှောက်သွားကြပါရန် တိုက်တွန်းသည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

အလားတူ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် RCSS သည် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲ ပူးပေါင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS ၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင် ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မေလ ၂၀ ရက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

တခြား တစ်ဖက်မှာလည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲမှု တချို့ရှိပြီး စစ်အာဏာရှင် တော်လှန်ရေး ကြိုး ပမ်းလျက်ရှိကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ

ထိုင်းအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းမှု ရှုံးနိမ့်ရခြင်း၏ သော့ချက်များ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1874

 

CNI Article New

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနှင့် ၎င်း၏ဝန်ကြီး ၁၀ ဦးတို့သည် စတုတ္ထအကြိမ်နှင့် နောက်ဆုံး လွှတ်တော် အစည်းအဝေး၌ အယုံအကြည်မရှိအဆို တင်သွင်းခံရခြင်းမှ မကြာသေးမီက လွတ်မြောက်သွားခဲ့သည်။

ထိုသို့ ပရာယွတ်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ အောင်ပွဲခံနိုင်ခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပေ။ အတိုက်အခံများ အတွက် ၎င်းတို့လိုလားသည့် ခိုင်လုံမဲများကို မစုစည်း၊ မထိန်းသိမ်းနိုင်ခဲ့သည့်အပြင် ၎င်းတို့အထဲတွင် ဘက်ပြောင်းမှုတွေ ရှိနေခြင်းကြောင့် ပရာယွတ်တို့ လက်ခမောင်း ထခတ်နိုင်ခဲ့သည်။

ထို့အပြင် ထိုင်းလွှတ်တော်၏ သမိုင်းတလျှောက် အစိုးရအဆက်ဆက်သည် ဆဲဆိုကြိမ်းမောင်းစရာ ငြင်းခုံသံများကို ကျော်လွှားရန် အမြဲလိုလို ကြိုးစားနေခဲ့ရသည်။

ထိုင်းလွှတ်တော်

ကြိုတင် ဟောကိန်း ထုတ်နိုင်ခဲ့သော ရလဒ်များဖြင့် ယခု နောက်ဆုံးဖြစ်ပျက်ခဲ့သော ခိုင်လုံမဲရရှိရေး တိုက်ပွဲသည် ထိုင်းပါတီ နိုင်ငံရေး ဦးတည်ချက်နှင့်ပတ်သက်၍ စိတ်ဝင်စားစရာ ထိုးထွင်းသိမြင်မှုများကို စွမ်းဆောင်ပေးလိုက်သည်။

 

သမ်မာနက် ခွဲထွက်အဖွဲ့၏ မသေချာမရေရာသော အနာဂတ်

******************************************************

ယမန်နှစ် စက်တင်ဘာလတွင် လက်ရှိအာဏာရ ဖလောင်ပရာချာရက်ပါတီ (PPRP) ၏ အထွေထွေအတွင်းရေးမှူးနှင့် စိုက်ပျိုးရေးဝန်ကြီး သမ်မာနက် ပရွန်ပေါင်သည် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဖယ်ရှားဖို့ ၎င်း၏ မအောင်မြင်သော အကြံ အစည်များအကြောင်းမှာ ထိုင်းသတင်းစာများ၏ ခေါင်းကြီးပိုင်းများအဖြစ် ထွက်ပေါ်လာခဲ့သည်။

PPRP ပါတီမှ ထုတ်ပယ်ခံရပြီးနောက် ယခုအခါ ထိုင်းအကျိုးစီးပွားပါတီ (TEP) ခေါင်းဆောင်ဖြစ်နေသူ သမ်မာနက်သည် ၎င်း၏ ဆရာသမားဟောင်းဖြစ်သူ ဒုတိယဝန်ကြီးချုပ်နှင့် PPRP ထိပ်ပိုင်း ဗိုလ်ချုပ်ကြီး ပရာဝစ်ဝေါင်စူဝမ်မှအပ ပရာယွတ် အစိုးရ တဖွဲ့လုံးကို ဒဲ့စိန်ခေါ်ကြောင်း ကြေညာခဲ့သည်။

ဩဇာကြီးမားပြီး အာဏာနိုင်ငံရေးပွဲစား လုပ်တတ်သူ သမ်မာနက်သည် ၎င်း၏ TEP ပါတီမှ လွှတ်တော်အမတ်များနှင့် PPRP ပါတီအတွင်းမှ မကျေလည်သူများ စုဖွဲ့ထားသည့် ညွန့်ပေါင်းအဖွဲ့ အပါအဝင် အခြားအသေးအမွှား ပါတီငယ်များ၏ ခွန်အားကို စုစည်း၍ ၎င်းအနေဖြင့် လွှတ်တော်အမတ်ပေါင်း ၄၀ ကျော်ကို ခန့်အပ်နိုင်ပြီဟု ကြွားလုံးထုတ်ခဲ့သည်။

သမ်မာနက် ပရွန်ပေါင်

လွှတ်တော်အတွင်း၌ အဓိက အတိုက်အခံ ပါတီများကို လက်တွဲပြီး တညီတညွတ်တည်း မဲပေးမည်ဆိုပါက သမာနက်၏ စက်ကွင်းတွင် ပစ်မှတ်ထားသော မည်သည့် ဝန်ကြီးကိုမဆို အလွယ်တကူ ချေမှုန်းနိုင်မည်ဖြစ်သည်။

သို့သော် သမာနက်သည် အထာမညက်ဘဲ ၎င်း၏ ပြင်းထန်သော ထိုးနှက်ချက်မှာ ရေပေါ်အရုပ်ရေးသလို အရာမထင် ဖြစ်ခဲ့ ရချေပြီ။ ပါတီငယ်များနှင့် အသေးအမွှား ပါတီများမှ အမတ်အများစုသည် လက်ရှိ ထိုင်းအစိုးရကို မျက်နှာသာ ပေးခဲ့ကြသည်။ PPRP အမတ်အချို့သည် ၎င်းတို့ ပါတီ၏လုပ်ပိုင်ခွင့်ကို ဆန့်ကျင်လျက် မဲပေးခဲ့ကြသော်လည်း ၎င်းတို့အားလုံးကတော့ သမာနက်၏ မဟာရန်သူတော်ဖြစ်နေသည့် ဝန်ကြီးချုပ် ပရာယွတ်ကို အတိအလင်း ထောက်ခံခဲ့ကြသည်။

သမာနက်၏ ကိုယ်ပိုင်ပါတီဖြစ်သော TEP အတွင်း၌ပင် လွှတ်တော်အမတ် လေးဦးတို့သည် သမာနက်ကို ကြီးစွာသော သစ္စာဖောက်သည့် အနေဖြင့် ပရာယွတ်ကို ယိမ်း၍ ပုံအောပြီး မဲပေးခဲ့ကြသည်။  

ထိုင်းလွှတ်တော်အတွင်း လက်ရှိအစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းသည့် တိုက်ပွဲမစမီ ရက်သတ္တပတ် အနည်းငယ် အလိုတွင် TEP သည် ကြားဖြတ်ရွေးကောက်ပွဲအတွက် လမ်ပန်ပြည်နယ်တွင် ရှုံးနိမ့်ပြီးနောက် ရုတ်ခြည်း ထွက်ပေါ်လာသည့် အတိုက်အခံပါတီနှင့် ပူးပေါင်းရန် သမာနက်ခမျာ ကြေညာချက် ထုတ်ခဲ့ရသည်။

သမာနက်၏ ကြေညာချက်သည် ဒုတိယအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရှေ့သို့အရွေ့ (Move Forward Party_MFP) ၏ ခုခံမှုလည်း ကြုံခဲ့ရသည်။ သမာနက်သည် အတိုက်အခံများနှင့် လက်တွဲနိုင်ရေးအတွက် သေလုမျောပါး ကြိုးစားခဲ့ပါသော် လည်း MFP ကတော့ သမာနက်ကို ‘ဖုတ်လေသည့်ငါးပိ ရှိသည်ပင် မထင်’သည့် တုံ့ပြန်မှုကိုသာရခဲ့သည်။ စင်စစ်အားဖြင့် သမာနက်ကို MFP က ထွေးပွေ့ဆီးကြိုဖို့မှာ မြင်တွေ့ရန် ခဲယဉ်းလှသည်။  

သမာနက်၏ ကိုယ်ပိုင်ပါတီဖြစ်သော TEP

နောက်ဆုံးတွင် MFP သည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရဖူးသော သမာနက်ကို အဖတ် ဆယ်၍ မရသော ဝန်ကြီးတစ်ဦးအဖြစ် ယေဘုယျအားဖြင့် ရှုမြင်သည်။ သို့ဖြစ်၍ လူငယ်မဲဆန္ဒရှင်များ အပေါ်တွင်သာ မှီခို အားထားစရာ ကျန်တော့သည်။  

သမာနက်နှင့် အခြားထိပ်တန်းရောက် အတိုက်အခံပါတီ တစ်ခုဖြစ်သည့် ဖူထိုင်းပါတီ (PTP) တို့ကြားမှာလည်း လူမသိသူမသိ သဘောတူညီချက်နှင့် အပေးအယူတချို့ ရှိနေကြောင်း ကျယ်ပြန့်စွာ ခန့်မှန်းကြသည်။ သို့သော်လည်း MFP ကဲ့သို့ပင် PTP ကလည်း လာမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲအပြတ်အသတ်ဖြင့် အောင်ပွဲခံနိုင်ဖို့ရန် လူငယ်များ၏ ခိုင်လုံမဲများကို ရအောင် လုံးပန်းနေသည်။

ထို့ကြောင့် PTP သည် သမာနက်နှင့် ခပ်လှမ်းလှမ်းတွင်သာ နေရန် ဆုံးဖြတ်ရတော့သည်။

အလဲလဲ အကွဲကွဲဖြစ်ခဲ့ရသည့်ဆေးခြောက်ပါတီ

*******************************************

ထိုင်းနိုင်ငံရေး၏ မြင်းနက်ကြီးအဖြစ် မကြာသေးမီက ဆေးခြောက်ကိစ္စ နောက်ကွယ်တွင် ရှိနေခဲ့သည်က ဒုတိယအင်အား အကောင်းဆုံးပါတီဖြစ်သည့် ဘွမ်ဂျိုင်ထိုင်းပါတီ (BJTP) ဖြစ်သည်။ အမှန်မှာ BJTP သည် စည်းလုံးသောအသံဖြင့် အယုံအကြည်မရှိ အဆိုတင်သွင်းရေး တိုက်ပွဲကို ကျောခိုင်းခဲ့သော တစ်ခုတည်းသော အဓိကပါတီလည်း ဖြစ်သည်။ BJTP ပါလီမှ လွှတ်တော်အမတ် ၆၂ ဦးစလုံးသည် တူညီသော ဦးတည်ချက်ဖြင့် မဲပေးခဲ့ကြသည်။

ဘွမ်ဂျိုင်ထိုင်းပါတီ (BJTP)

ပါတီတစ်ခုအတွက် မထင်မှတ်ထားသော လှည့်ကွက်ပေါ်ပေါက်ခဲ့သဖြင့် ရုတ်တရက် မြွေဖမ်းသည်ဟုပင် တံဆိပ်ကပ်ခြင်း ခံခဲ့ရသည်။ သမာနက်၏ ပစ်မှတ်ထားခံရသော BJTP ပါတီဝင်များဖြစ်ကြသည့်  ကျန်းမာရေးဝန်ကြီး အာနူတင် ချန်ဗီရာ ကောနှင့် ပို့ဆောင်ရေးဝန်ကြီး စက်စယမ် ချစ်ချော့ဗ်တို့ကို BJTP ဝိုင်းတော်သားများက ခုခံကာကွယ်ရင်း ထောက်ခံမဲရဖို့  အတိုက်အခံ အမတ်အများအပြားက မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဝန်ကြီးနှစ်ယောက်သည် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် နောက်တွင် ဒုတိယနှင့် တတိယ အယုံကြည်ရဆုံး ဝန်ကြီးများအဖြစ် အသီးသီး တက်လာကြသူများ ဖြစ်ကြသည်။ များမကြာမီ သို့မဟုတ် နောက်ပိုင်း ကာလများတွင် ပါတီကြီး  များနှင့် ပါတီငယ်များမှ ထွက်ပြေးလာသူများသည် BJTP ၏ စောင့်ဆိုင်းနေသော ရင်ခွင်ထဲသို့ ခုန်ဆင်းလာမည်ဟု မျှော်လင့်ရ ပါသည်။

 ကိုယ့်ကိုယ်ကို မျိုးသုဉ်းအောင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေ‌သော ဒီမိုကရက်တစ်ပါတီ

*********************************************************************************

ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီသည် သမာနက် ပစ်မှတ်ထားသည့် ဝန်ကြီး သုံးဦးစလုံး ကို ကြားနေမဲများ ပေးခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင်  လက် စာနာဝီစစ်သည် ၎င်း၏ပါတီဝင်တစ်ဦးနှင့် မဟာမိတ် အဖွဲ့ငယ်များကို အရှက်ရစေခဲ့ပြီး မဲအများဆုံးမဲ ၂၃ မဲဖြင့် အဆိုး ရွားဆုံး ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ အတိုင်းအတာ တစ်ခုအထိ ဂျူရင်၏ မတုန်မလှုပ်သော ခေါင်းဆောင်နိုင်စွမ်းနှင့် အကန့်အသတ်ရှိသော လွှမ်းမိုးမှု ကို အလေးပေး ဖော်ပြရာ ရောက်ပါသည်။

မကြာသေးမီ နှစ်များအတွင်း ဒီမိုကရက်တစ်ပါတီသည် ဖြစ်တည်မှုဆိုင်ရာ စိန်ခေါ်မှုများစွာကို မနားမနေ ရင်ဆိုင်နေခဲ့ရသည်။ ပြင်းထန်သော ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် အံ့ဖွယ်အမှုများ မရှိပါက၊ ဤအရာများသည် ဒီမိုကရက်တစ်များ အတွက် အလွန်ဆိုးရွားလှသည်။ လာမည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ၎င်းပါတီသည် နိဂုံးချုပ်တော့မည် ဖြစ်သည်။ 

ထိုင်း စစ်ဗိုလ်ချုပ်များ အကြားတွင် အကွဲအပြဲများ ကြီးထွားလာသလား

*****************************************************************

၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံရေးကို တောက်လျှောက်လွှမ်းမိုးခဲ့သည့် “Ps Three Ps” စစ်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်ကြီး ပရာယွတ်၊ ဗိုလ်ချုပ်ကြီး ပရာဝစ်နှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အန်နူပွန်ပေါက်ချင်ဒါ တို့ကို “Pok” ဟု အမည်ပြောင် ပေးထားသည့် PPRP ပါတီက ကျောထောက်နောက်ခံ ပြုထားသည်။

သို့သော် ပရာဝစ်နှင့်မတူဘဲ ပရာယွတ်၊ အန်နူပွန်တို့ နှစ်ဦးသည် ပါတီ၏ တကယ့် အမာခံများ မဟုတ်ကြသဖြင့်  လွှတ်တော် အတွင်းရှိ ၎င်းတို့၏ ရပ်တည်များကို အတော်အတန်ပင် အားနည်းစေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က အယုံအကြည်မရှိ စကားစစ်ထိုးပွဲတွင်လည်း စစ်ဗိုလ်ချုပ်ကြီး သုံးဦးကြား အကွဲအပြဲများ ထင်ဟပ်ခဲ့သည်။  

ဗိုလ်ချုပ်ကြီး ပရာဝစ်

ပရာဝစ်သည် လက်ရှိနိုင်ငံရေး အခင်းအကျင်းများကို နောက်ကွယ်မှ လျှို့ဝှက် ကြိုးကိုင်ခြင်း ရှိ/မရှိ ကောလာဟလများ ကျန်နေသေးသော်လည်း ၎င်းသည် အန်နူပွန်ကို  ထိုင်းအစိုးရ၏ ပြည်ထဲရေးဝန်ကြီး အဖြစ်မှ နုတ်ထွက်စေလိုကြောင်း ထင်ရှားပါသည်။ တစ်ချိန်တည်းတွင် ပရာယွတ်သည် ထိုသို့ဖြစ်ပျက်နေမှုများကို မကျေမနပ် ဖြစ်နေသည်။

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပရာယွတ်နှင့် အန်နူပွန်တို့သည် ၎င်းတို့၏ ကိုယ်ပိုင်နိုင်ငံရေးပါတီကို တည်ထောင် မှာလား၊ တခြားပါတီများကို ချုပ်ကိုင်ပြီး ၎င်းတို့၏ အာဏာကို စုစည်းမှာလား (သို့မဟုတ်) ၂၀၂၃ ခုနှစ် မတ်လတွင် ၎င်းတို့၏ အစိုးရ ရာထူးသက်တမ်းများ ပြီးဆုံးသည့်အခါ နိုင်ငံရေး နယ်ပယ်ထဲကနေ နောက်ဆုတ်ကြမှာလား စသည်ဖြင့် စောင့်ကြည့် ရဦးမည် ဖြစ်ပါသတည်း။     ။

Source: The Diplomat

(The Diplomat ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၂၉ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Tita Sanglee ၏အတွေးအမြင်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)

 

 

Share
Tweet
Share
Share
powered by social2s

တပ်မတော်၏လုံခြုံရေး စိုးရိမ်ရ၍ SSPP တပ်စခန်းကို ရွှေ့ခိုင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 709

Share
Tweet
Share
Share
powered by social2s
  • 80
  • 81
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88
  • 89

Page 85 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar