CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ထားခြင်းမရှိကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ည ၈ နာရီနောက်ပိုင်း ညမထွက်ရ၊ ထွက်ပါက ပစ်ခတ်ခံရမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်မှုနှင့်ပတ်သက်ပြီး ညမထွက်ရအမိန့် ထပ်မံ ကြေညာခြင်း မရှိကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်များကိုတော့ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန် ကြေညာထားသည်။