CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဖမ်းဆီးတရားစွဲခံထားရသည့် ဂျပန်နိုင်ငံသား Toru Kubota (GETTY IMAGES)

ဂျပန်နိုင်ငံသား Toru Kubota ကို လဝကဥပဒေနှင့် ပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲထား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1424

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄

ဒီမိုကရေစီရေး ဆန့်ကျင် ဆန္ဒပြမှုတွင် ပါဝင်သူများနှင့် ဆက်သွယ်၍ ဆန္ဒပြမည့်နေရာအား ချိန်းဆိုခဲ့သည့် ဂျပန်နိုင်ငံ သား Mr.Toru Kubota အား ဖမ်းဆီး တရားစွဲဆိုထားကြောင်း နစကမှ သတင်းထုတ်ပြန်ခဲ့သည်။

၎င်းကို လဝက ဥပဒေ ၁၃ (၁)၊ Visa စည်းကမ်းဖောက်ဖျက်မှုနှင့် ၅၀၅ (က) တို့အရ တရားစွဲဆိုထားကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသား Toru Kubota ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြ (AFP)

ဂျပန်နိုင်ငံသား Mr. Toru Kubota သည် ဇူလိုင် ၁ ရက်နေ့က Tourist Visa ဖြင့် ထိုင်းနိုင်ငံမှ တစ်ဆင့် ရန်ကုန်မြို့သို့ ဝင်‌ရောက်ခဲ့ပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ တောင်ဒဂုံ City Mart အနီး လူ ၁၀ ဦးကျော် ပါဝင်သည့် ဆန္ဒပြမှုအား ဖုန်း၊ ကင်မရာများဖြင့် မှတ်တမ်းတင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်နိုင်ငံသား Toru Kubota ကို စွဲဆိုထားသည့် ပုဒ်မ - ၁၃ (၁) မှာ အမှုတစ်ခုခုကို ကျူးလွန်ခဲ့ပါက အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် ကြောင်း ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက် DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံကြစဉ်

KTLA ကိစ္စကိုင်တွယ်ရန်နှင့် ကရင်နှစ်ဖွဲ့ပေါင်းစည်းရေး DKBA နှင့် KNU သဘောတူ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 3439

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၄

KNDO ကနေ ခွဲထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြ ဖွဲ့စည်းခဲ့သည့် ကော်သူးလေတပ်မတော်(KTLA)ကိစ္စ ကိုင်တွယ်ဆောင်ရွက်ရန်နှင့် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ (DKBA-KNU) ပြန်လည်ပေါင်းစည်းရေး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKB A)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များ ဆွေးနွေး၍ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DKBA နှင့် KNU ခေါင်းဆောင်များသည် ဆုံဆည်းမြိုင်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က တွေ့ဆုံ၍ ဆွေးနွေးပြီးနောက် အချက် ၅ ချက်ကို သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီသဘောတူညီချက် ၅ ချက်က အမှန်ပါပဲ၊ ကျနော်တို့က အဓိက ဒေသ တည်ငြိမ်ရေး၊ ရှေ့ဆက် တိုက်ပွဲမဖြစ်ရေးအတွက်၊ စစ်ပွဲမဖြစ်အောင် နည်းနာရှာတဲ့သဘောပါ။ အနာဂတ် ဖက်ဒရယ်မှာ တစ်ခုတည်းသော ဖက်ဒရယ်တပ်မတော် တည်ဆောက်တဲ့အခါအတွက် ကြိုတင်ပြင်ဆင်ချက်လို့ပဲ ပြောရမှာပေါ့။ အဲဒါက (ကော်သူးလေးတပ်မတော်ဖွဲ့စည်းမှုကိစ္စ) သူတို့ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းသွားကြမှာပါ”ဟု CNI သို့ ပြောသည်။

DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ၍ သဘောတူ ဆုံးဖြတ်ချက်ကျသည့် အချက် ၅ ချက်မှာ နံပါတ်တစ် KTLA ကိစ္စ နှင့်ပတ်သက်၍ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစတီးနှင့် KNU မှ ဒုဗိုလ်မှူးကြီး နယ်ဒါးထူးတို့မှ ညှိနှိုင်းဆွေးနွေး ကိုင်တွယ် ဆောင်ရွက်သွားရန် တာဝန်ပေးသည်၊ နံပါတ်နှစ် DKBA နှင့် KNU တို့ နှစ်ဖွဲ့သည် ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ် အားဖြင့် သဘောတူပြီးဖြစ်သည်၊ လတ်တလော အောက်ခြေတပ်ဖွဲ့ဝင်များအား တစ်စုတစည်းတည်း ဖြစ်ကြောင်း ယာယီ အမှတ်တံဆိပ် တစ်ခုအား ညှိနှိုင်းတပ်ဆင်သွားမည်တို့ ဖြစ်သည်။

ထို့နောက် နံပါတ်သုံးအနေဖြင့် နှစ်ဖက် တွေ့ဆုံမှုအား ဖြစ်နိုင်ပါက တစ်လတစ်ကြိမ် တွေ့ဆုံကြရန် သဘောတူ ဆုံးဖြတ်ပါ သည်၊ နံပါတ်လေး KNU ဗဟိုမှ DKBA အတွက် ထုတ်ပြန်ထားသည့် ၁/၉၄ ထုတ်ပြန်ကြေညာချက်အား ပြန်လည် ဖျက် သိမ်းပေးရန် သဘောတူဆုံးဖြတ်ပါသည်ဟု ဖော်ပြထားသည်။

နောက်ဆုံး နံပါတ်ငါးမှာ လတ်တလော ဖြစ်ပေါ်နေသော ရန်သူထိုးစစ်ပြီးဆုံးစေရေးအတွက် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီးမှ တာဝန်ယူ၍ စကစနှင့် ဆွေးနွေးရန် သဘောတူဆုံးဖြတ်သည်။ အကယ်၍ ညှိနှိုင်းဆွေးနွေးမှုအား သဘောမတူဘဲ တပ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်မည်ဆိုပါက အတူတကွ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူ ဆုံးဖြတ်ပါသည် ဟု ဖော်ပြထားသည်။

DKBA နှင့် KNU တို့ဖြင့် ရင်းနှီးသူ တစ်ဦးက “ အဲဒီဟာ(၁/၉၄)က DKBA က အဆိုပြုတာ ၁/၉၄ က KNU က ခွဲထွက်တဲ့ အဖွဲ့အစည်း၊ ရန်သူအဖွဲ့အစည်းအနေနဲ့ သတ်မှတ်ခဲ့တဲ့ စာကို ပြန်လည် ရုပ်သိမ်းဖို့ဆိုတဲ့ အဆိုပြုချက်။ အဲဒါကို မရုပ်သိမ်း ဘူးဆိုရင် DKBA နဲ့ KNU ပွတ်တိုက်မှု တစ်စုံတစ်ခု မဟုတ် တစ်ခုဖြစ်နေမှာပဲ။ အဲဒါကြောင့်မလို့ သဘောတူခဲ့ကြတာ”ဟု CNI သို့ ပြောသည်။

DKBA နှင့် KNU ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သဘောတူဆုံးဖြတ်ချက်သည့် အချက် ၅ ချက်အနက် နောက်ဆုံး ဆုံးဖြတ်ချက် နံပါတ် ၅ သည် မိမိတို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၏ သဘောထားနှင့် လုံးဝ(မတိုက်ဆိုင်) ကြောင်း ယနေ့ (သြဂုတ် ၄ ရက်)တွင် DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၃ ရက်နေ့က DKBA နှင့် KNU တွေ့ဆုံဆွေးနွေးပွဲသို့ DKBA ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စတီး(စောစတီး)၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီးဆန်းအောင်၊ ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ရွှေဝ၊ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး ကြာညူး၊ ကွပ်ကဲရေး- ၁ မှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ၊ ဌာနချုပ် G2 ဗိုလ်မှူး စမင်း၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စိန်ဝင်းတို့ တက်ရောက် ခဲ့သည်။

ထို့နောက် KNU ဘက်ကမူ ကာကွယ်ရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး ရောကျယ်ခင်၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုတာဒိုမှူး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ သေ့ဘောဘိုး ကျေးရွာအုပ်စုမှူး ဗိုလ်ကြီးထောပလို့၊ တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဖောဒို့၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နယ်ဒါးထူး၊ တပ်ခွဲမှူး ဗိုလ်ကြီးမူးဂေ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

Share
Tweet
Share
Share
powered by social2s
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ်(AP)

ထိုင်ဝမ်အရေး ဆက်လက်မနှိုးဆွရန် တရုတ်နှင့်အမေရိကန်ကို အာဆီယံတိုက်တွန်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 2431

CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၄

ဘေဂျင်းကို ဒေါသထွက်စေခဲ့သည့် နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ် အပြီးတွင် ရန်စသည့် လုပ်ရပ်မှန်သမျှ ဆန့်ကျင်သွားရန်နှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်စေရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က တိုက်တွန်းလိုက်ကြောင်း အေပီ သတင်းဌာနက ရေးသားဖော်ပြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအချို့ က တရုတ်ဘက်သို့ သစ္စာခံကြပြီး အချို့က အမေရိကန်ဘက်သို့ ယိမ်းခဲ့ကြကြောင်း ရှားရှားပါးပါး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

လက်ရှိ အခြေအနေတွင် ဒေသတွင်း မတည်မငြိမ် ဖြစ်စေနိုင်ပြီး နောက်ဆုံးတွင် မှားယွင်းသည့် တွက်ချက်မှု၊ ပြင်းထန်သည့် ထိပ်တိုက် ရင်ဆိုင်မှု၊ ပွင့်ထွက်လာမည့် ပဋိပက္ခနှင့် အင်အားကြီး နိုင်ငံများအကြား မခန့်မှန်းနိုင်သော အကျိုးဆက်များ ဖြစ်ပေါ်လာမည့် အရေးကို အာဆီယံနိုင်ငံများက စိုးရိမ်နေကြောင်း အဆိုပါ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

ယနေ့ (ဩဂုတ် ၄ ရက်) နှင့် ဩဂုတ် ၅ ရက် အာဆီယံ အစည်းအဝေးများသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တက်ရောက်ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကိုတွေ့ရစဉ်  (ASEAN)

ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကို တရုတ်က ၎င်း၏ပိုင်နက်နယ်မြေဟု အခိုင်အမာ ပြောကြားနေပြီး ပြည်ပ အစိုးရ များနှင့် ထိုင်ဝမ်အာဏာပိုင်များ မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးမဆို ဆန့်ကျင် ကန့်ကွက်နေသည်။

နန်စီပလိုစီ၏ ခရီးစဉ်နှင့်အတူ အမေရိကန်သည် ‘ပိုနေမြဲ၊ ကျားနေမြဲ’ အခြေအနေ တစ်ရပ်ကို ချိုးဖောက်ခဲ့ကြောင်း ဘေဂျင်း က စွပ်စွဲခဲ့သည်။

ဘေဂျင်း(တရုတ်)အစိုးရ၏ ‘တရုတ်တစ်ပြည်ထောင်တည်းမူဝါဒ’ ကို အမေရိကန်က အသိအမှတ်ပြုနေဆဲ ဖြစ်သော်လည်း တိုင်ပေ(ထိုင်ဝမ်)နှင့် အလွတ်သဘော ဆက်ဆံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတို့ကို ဆက်လက် ပြုလုပ်နေသည်။

အခြားတစ်ဖက်တွင်လည်း ထိုင်ဝမ်ကျွန်းတဝိုက် တရုတ်၏ စစ်ရေးလှုပ်ရှားမှု တိုးလာခြင်းနှင့်အတူ ဘေဂျင်းသည် ‘ပိုနေမြဲ၊ ကျားနေမြဲ’အခြေအနေကို လက်မခံတော့ကြောင်း ဝါရှင်တန်က ပြန်လှန်စွပ်စွဲခဲ့သည်။

ပလိုစီ ထိုင်ဝမ်ကျွန်းပေါ် ရောက်လာသည့် ဩဂုတ် ၂ ရက် ညပိုင်းမှစ၍ တရုတ်သည် တိုက်ရိုက် ပစ်ခတ်လေ့ကျင့်ခြင်းများကို ကြေညာခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏လေတပ်မှ တိုက်လေယာဉ် ၂၁ စင်းအထိ ထိုင်ဝမ်တဝိုက် ဝဲပျံနေခဲ့ သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်ကလည်း ဒေသတွင်းရှိ လေယာဉ်တင် သင်္ဘောအုပ်စုနှင့် အခြားရေတပ် ပြင်ဆင်မှုများလည်း အသင့်ရှိနေခဲ့သည်။

ထိုသို့ အခင်းအကျင်းမျိုးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြပါရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ကာလ အတွင်း ပူးတွဲ ကြေညာချက် တစ်စောင်ထုတ်ပြန်၍ တိုက်တွန်းခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်ကျွန်းပတ်လည်ရှိ ရေပြင်နှင့် လေပိုင်နက်အတွင်း သို့ တိုက်ရိုက်ပစ်ခတ်မှုအပါအဝင် စစ်ရေးလေ့ကျင့်မှုများကို စတင်ခဲ့ကြောင်း ရုပ်မြင်သံကြားတစ်ခုတွင် ပြသနေစဉ် (ဓါတ်ပုံ-ရိုက်တာ)

တရားမဝင်နှင့်တာဝန်မဲ့ ပစ်ခတ်သည့်စစ်ရေးလေ့ကျင့်မှု တရုတ်စတင်နေဟု ထိုင်ဝမ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1372

CNI International News

တိုင်ပေ၊ဩဂုတ် ၄

တရုတ်ပိုင်နက်ဟု ပြောဆိုနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ လာရောက်လည်ပတ်ပြီး တစ်ရက်အကြာ ဩဂုတ် ၄ ရက် (ယနေ့) တွင် ကျွန်းကို ဝန်းရံထားသည့် ရေပြင် ၆ နေရာတွင် တရုတ်သည် ရှားရှားပါးပါး ပစ်ခတ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ် နေကြောင်း ရိုက်တာသတင်းအရ သိရသည်။

ယနေ့ ဂရင်းနစ်စံတော်ချိန် နံနက် ၄ နာရီတွင် အဆိုပါစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီး ဩဂုတ် ၇ ရက် နံနက် ၄ နာရီကျမှ ပြီးဆုံးမည်ဟု တရုတ်သတင်းဌာန CCTV က ထုတ်လွှင့်ခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ်ရေပိုင်နက်အနီးတဝိုက်ရှိ ဝေဟင်ပိုင်နက်အတွင်းသို့ တိုက်ရိုက်ပစ်ခတ်မှု များလည်း ထည့်သွင်းထားသည်။

တရုတ်၏စစ်ရေးလေ့ကျင့်မှုသည် ကုလသမဂ္ဂစည်းမျဉ်းများကို ချိုးဖောက်လျက် ထိုင်ဝမ်၏ပိုင်နက်နယ်မြေ အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ လေကြောင်းနှင့်ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာခွင့် အတွက် တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

နိုင်ငံပေါင်းစုံမှ လေယာဉ်နှင့်သင်္ဘော အများဆုံးသွားလာရာလမ်းကြောင်းများတွင် တရုတ်က စစ်ရေးလေ့ကျင့် နေခြင်းဖြစ်သဖြင့် တရားမဝင်နှင့်တာဝန်မဲ့သော အပြုအမူဖြစ်ကြောင်း ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ ရှော့ပင်စင်တာတစ်ခု၏ မျက်နှာစာရှိ ရုပ်မြင်သံကြားတစ်ခုတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)၏ စစ်ရေးလေ့ကျင်နေမှုများကို တရုတ်သတင်းဌာနတစ်ခုဖြစ်သည့် CCTV  မှ ထုတ်လွှင့်ပြသနေသည်ကို လူတစ်ဦးက ကြည့်ရှုနေစဉ်(ဓါတ်ပုံ-ရိုက်တာ)

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း၊ မိမိတို့ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် သမ္မတရုံးဝက်ဘ်ဆိုက်များမှာလည်း ဟက်ကာများ၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း ထိုင်ဝမ်အစိုးရ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကျွန်းပေါ်မှ တောင်ကိုရီးယားသို့ နန်စီပလိုစီ ထွက်ခွာသွားပြီး နာရီအနည်းငယ်အကြာ ဩဂုတ် ၃ ရက် ညပိုင်းတွင် အမျိုးအမည်မသိ မောင်းသူမဲ့လေယာဉ်(ဒရုန်း)ဟု ယူဆရသော အရာဝတ္ထုများသည် ပြည်မကြီး ကမ်းရိုးတန်းမှ တက်လာခဲ့ပြီး ထိုင်ဝမ်၏အစွန်အဖျားဖြစ်သည့် ကင်မန် (Kinmen) ကျွန်းများပေါ်သို့ ဝဲပျံခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၎င်းဒရုန်းများသည် ဩဂုတ် ၃ ရက် ဒေသစံတော်ချိန် ည ၉ နာရီနှင့် ၁၀ နာရီကြား (ဂရင်းနစ်စံတော်ချိန် နံနက် ၁ နာရီ)တွင် အတွဲလိုက် တက်လာခဲ့ကြောင်း ကင်မန်စစ်ဌာနချုပ်မှ ဗိုလ်ချုပ် ချန်ဇုန်ဆောင်း (Chang Zone-sung) က ရိုက်တာသတင်းဌာနသို့ ရှင်းပြခဲ့သည်။

“သတိပေးချက်ထုတ်ဖို့ မီးကျည်တွေ ပစ်ခတ်ပြီး အဲဒါတွေကို ရှင်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် နယ်မြေထဲကို တစ်ပတ်လောက် လှည့်ပတ်စစ်ဆေးရတယ်။ အဲဒါတွေက ကန့်သတ်နယ်မြေထဲကို ရောက်လာလို့ ရှင်းထုတ် ရတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

နန်စီပလိုစီ၏ ခရီးစဉ်ကြောင့် ထိုင်ဝမ်နှင့်ကုန်သွယ်ရေးကို တရုတ်ကန့်သတ်

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s
တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ ဖုန်းပြောနေစဉ် (GETTY IMAGES)

နန်စီပလိုစီနှင့် တောင်ကိုရီးယားသမ္မတ လူချင်းမတွေ့ဘဲ ဖုန်းဖြင့်ပြောမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1546

CNI International News

ဆိုးလ်၊ ဩဂုတ် ၄

အာရှခရီးစဉ် လှည့်လည်နေသော အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် တောင်ကိုရီးယားသို့ ရောက်ရှိလာ သော်လည်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ (Yoon Suk-yeol) သည် လူချင်းမတွေ့ဆုံဘဲ တယ်လီဖုန်း ဆက်သွယ်၍သာ ပြောကြားရန် စီစဉ်ထားကြောင်း သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်ကို ကိုးကား၍ ကိုရီးယားတိုင်းမ်က ဖော်ပြထားသည်။

သမ္မတယွန်သည် နွေရာသီ အားလပ်ရက်အတွင်း နန်စီပလိုစီနှင့် လူချင်းတွေ့ဆုံရန် စီစဉ်ထားခြင်း မရှိကြောင်း တောင်ကိုရီးယား အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပလိုစီသည် ၎င်း၏ ထိုင်ဝမ်ခရီးစဉ်အပြီး အမေရိကန်နှင့်တရုတ် တင်းမာမှု တိုးနေချိန်၌ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်သို့ ရောက်ရှိလာခဲ့သည်။

အဆိုပါ ခရီးစဉ်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် ရေကြောင်းနှင့် လေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခဲ့သည်။

ဆိုးလ်မြို့တွင် ပလိုစီသည် တောင်ကိုရီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကင်မ်ဂျင်ပျိုး (Kim Jin-pyo) နှင့် တွေ့ဆုံမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် အခြားဆိုင်းငံ့ ကိစ္စရပ်များကို ဆွေးနွေးရန် ရည်ရွယ်ထား သည်။

နန်စီပလိုစီနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ် (AFP)

၎င်း၏ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဩဂုတ် ၄ ရက် နှောင်းပိုင်း၌ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ဇုန်ဖြစ်သည့် ပန်းမွန်ဂျုံ ကျေးရွာသို့လည်း သွားရောက်မည်ဟု သိရသည်။

ပလိုစီသည် ၂၀၀၂ ခုနှစ်၌ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဒန်းနစ်ဟက်စတာ့ (Dennis Hastert) နောက်ပိုင်း တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်သည့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်ကြောင်း ကိုရီးယားတိုင်းမ်၌ ဖော်ပြထားသည်။

တောင်ကိုရီးယားရှိ နိုင်ငံရေးသုတေသီ တချို့ကတော့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲသည် နန်စီပလိုစီနှင့် တွေ့ဆုံပါက တရုတ်၏ ကန့်ကွက်မှုကို ခံရမည့် အခြေအနေကို ရှောင်လွှဲလိုခြင်းကြောင့် လူချင်းမတွေ့ဘဲ တယ်လီဖုန်းဖြင့်သာ ဆက်သွယ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။

တရုတ်နိုင်ငံသည် တောင်ကိုရီးယား၏ ပို့ကုန် ၂၅ ရာခိုင်နှုန်းလောက်ကို ဝယ်ယူပေးလျက်ရှိပြီး အမေရိကန်ကတော့ ၁၅ ရာခိုင်နှုန်းလောက်သာ ဝယ်ယူနေခြင်းကြောင့် တရုတ်၏ ကန့်ကွက်မှုကနေ ပို့ကုန်တင်သွင်းမှု ပိတ်ဆို့ခြင်းခံရမည်ကို သမ္မတ ယွန်ဆော့ရွဲ ရှောင်လွှဲလိုခြင်းလည်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစကဥက္ကဋ္ဌတို့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့က တွေ့ဆုံစဉ်

ရွေးကောက်ပွဲ အငြင်းပွားမှုကနေ အာဏာယူခဲ့ရခြင်းကိစ္စ လာဗရော့ကို နစကဥက္ကဋ္ဌရှင်းပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1829

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းအငြင်းပွားမှုကို အာဏာရပါတီက မဖြေရှင်းပေးခဲ့ခြင်းကြောင့် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ယူခဲ့ရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ ကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှင်းပြခဲ့သည်။

နစကဥက္ကဋ္ဌနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ သြဂုတ် ၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးစဉ် အထက်ပါအတိုင်း ၎င်းက ရှင်းပြခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ မစတင်မီကတည်းက အာဏာရပါတီအနေဖြင့် အသာစီးရရှိစေ ရေး နည်းပညာပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတို့တွင် ကြိုတင်အခြေအနေ ဖန်တီးခဲ့သည့်ကိစ္စရပ်များ၊ ရွေး ကောက်ပွဲ အပြီး မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့မှုကြောင့် တပ်မတော်မှ ဖြေရှင်းပေးရန် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေး မှု မရှိသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်တယ်”ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် မဲစာရင်း အငြင်းပွားမှုများ ကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော် ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစကဥက္ကဋ္ဌတို့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့က တွေ့ဆုံစဉ်

ထိုသို့ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့်အတူ NLD အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင် တို့ ပါအဝင် ပါတီထိပ်သီး ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ထို့နောက် နိုင်ငံအဝန်း တပ်မတော် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ပြန်လည် ရှင်သန်ရေး လူထု ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ သည်။သို့သော်လည်း ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းရာမှာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒီမိုကရေစီအရေး တောင်းဆိုသူများက လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလာခဲ့ရာ ယခုအခါမှာတော့ နိုင်ငံအဝန်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ နိုင်ငံရေး အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့သည် သြဂုတ် ၃ ရက်နေ့က ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

ထိုတွေ့ဆုံမှုတွင် နစကဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိ အောင် ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်တွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းမှုများ ရရှိချိန်တွင် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ဆောင်ရွက်ပေးသွားမည့် အခြေ အနေများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေး ဆိုင်ရာကိစ္စရပ်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးအား ရှင်းပြခဲ့ကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံတွင် မြန်မာကောင်စစ်ဝန်ရုံး နှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြန်မာမှာ ရုရှားကလည်း ကောင်စစ် ဝန်ရုံး ဖွင့်လှစ်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ တိုးမြှင့်ရေး စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အာဆီယံ၊ အာရှ-ဥရောပ ဆွေးနွေးပွဲ(အေဆမ်)၊ ဥရောပ အာရှစီးပွားရေးသမဂ္ဂ(EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး ခဲ့ကြသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

 

Share
Tweet
Share
Share
powered by social2s

တော်လှန်ရေး အနိုင်ရမှာ အသေအချာဟု မန်းဝင်းခိုင်သန်းပြော

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

ဒေသတွင်းမတည်ငြိမ်မှု ဖြစ်စေသော နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကို ဆန့်ကျင်ဟု နစကပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1479

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်စေသော အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ် ခရီးစဉ်ကို ဆန့်ကျင်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (သြဂုတ် ၃ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်စေသော အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စနန်စီပလိုစီ၏ ထိုင်ဝမ်(တရုတ်-တိုင်ပေ)သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာ စိုးရိမ်ပူပန်မိပါကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နစက-က “မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့် လုပ်ရပ်များနှင့် အခြား နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ပါသည်”ဟု ထုတ် ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် ထိုင်ဝမ် ရေလက်ကြား တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘော ဆောင်သော ဆွေးနွေး ပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင် ရွက်သွားရန် မြန်မာနိုင်ငံ အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးသို့ တောင်းဆိုပါသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်ရောက် နန်စီပလိုစီနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ် (AFP)

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အပြည့်အဝ ထောက်ခံပါကြောင်း၊ ထိုင်ဝမ် (တရုတ် -တိုင် ပေ)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူကြောင်း ထပ်လောင်း အတည်ပြုပါသည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့ကတော့ မြန်မာနိုင်ငံသည် ကြားနေနိုင်ငံခြားရေး ပေါ်လစီကို ကျင့်သုံးသည့် နိုင်ငံဖြစ်၍ နန်စီပလိုစီ၏ ထိုင်ဝမ် ခရီးစဉ်အပေါ် ယခုလို ထုတ်ပြန်လာခြင်းက မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ကြောင်း ပြောသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ်ကျွန်းသို့ သြဂုတ် ၂ ရက်နေ့ ညပိုင်းက ရောက်ရှိခဲ့ပြီး ထိုင်ဝမ် သမ္မတ ဆိုင်းအင်ဝမ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ နန်စီပလိုစီ၏ ထိုင်ဝမ် ခရီးစဉ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်းနှင့် စစ်ရေး လေ့ကျင့်မှုများ လည်း သြဂုတ် ၇ ရက်အထိ လုပ်ဆောင်မည်ဟု ထုတ်ပြန်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
Alina Kabaeva ကိုတွေ့ရစဉ် (TASS)

ပူတင်၏ အချစ်ဟောင်းကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့

By CNI
CNI
Category: နိုင်ငံရေး
Hits: 1232

CNI International News

မော်စကို၊ ဩဂုတ် ၃

ရုရှား အထက်တန်းလွှာများကို ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု အသစ်တွင် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ရာ ၎င်းသည် သမ္မတ ဗလာဒီမာပူတင်နှင့် နှစ်ပေါင်း အတန်ကြာအောင် လက်တွဲခဲ့ဖူးသည့် ချစ်သူဟောင်းဖြစ်ကြောင်း ကောလာဟလ သတင်းများ ပေါ်ထွက်နေသည်ဟု အိန္ဒိယတူဒေးဝက်ဘ်ဆိုက်၌ ဩဂုတ် ၃ ရက် (ယနေ့) ရက်စွဲဖြင့် ရေးသား ထားသည်။

ထိုအမျိုးသမီးမှာ အလီနာကာဘေးဗာ (Alina Kabaeva) အမည်ရှိ အိုလံပစ် အားကစားမယ်ဟောင်းနှင့် လွှတ်တော် အမတ်ဟောင်း ဖြစ်သည်။

၎င်း၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့ အရေးယူသည့် စာရင်းထဲသို့ ထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သူမသည် ယူကရိန်းအား ရုရှားကျူးကျော်မှုကို အားပေးအားမြှောက် ပြုနေသည့် ရုရှားအစိုးရပိုင် မီဒီယာလုပ်ငန်းတစ်ခု၏ အကြီးအကဲလည်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

 Putin နဲ့ Alina Kabaeva ကိုတွေ့ရစဉ်(GETTY IMAGES)

ကရင်မလင် သမ္မတနန်းတော်ကို ဝေဖန်မိသဖြင့် အကျဉ်းခံရဖူးသော ရုရှားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဲလက် ဇေးနာဗာလန်က အလီနာကာဘေးဗာအပေါ် ပိတ်ဆို့အရေးယူရန် တောင်းဆိုခဲ့ပြီး ကာဘေးဗာသည် ရုရှားကျူးကျော်မှု အကြောင်း အနောက်အုပ်စု ဝေဖန်သုံးသပ်ချက်အား မဟုတ်မမှန် လုပ်ကြံပုံဖော်ခြင်းဖြင့် မီဒီယာကဏ္ဍမှ ဦးဆောင်နေသူ ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ဗြိတိန်နိုင်ငံသည် ပြီးခဲ့သည့် မေလကတည်းက ကာဘေးဗာကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ဥရောပသမဂ္ဂ (EU) ကလည်း သူမ၏ ခရီးသွားလာမှုနှင့် ပိုင်ဆိုင်မှုများကို ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပိတ်ဆို့အရေးယူသည့် လူပုဂ္ဂိုလ် စာရင်းထဲတွင် ပြီးခဲ့သည့် ဧပြီလ၌ ပူတင်၏ အရွယ်ရောက်ပြီး သမီးများဖြစ်ကြသော ကေတာရီနာ ဗလာဒီမာ နာတီခိုနိုဗာနှင့် မာရီယာ ဗလာဒီမာ နာဗိုရွန်စတိုဗာ တို့လည်း ထည့်သွင်း ခံခဲ့ရသည်။

 လွှတ်တော်အမတ်ဖြစ်ခဲ့တဲ့ Alina Kabaeva (GETTY IMAGES)

အသက် ၃၉ နှစ် အရွယ်ရှိ ကာဘေးဗာ၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုမှန်သမျှ ဆိုင်းငံ့လိုက်ပြီဖြစ်ပြီး ယေဘုယျအားဖြင့် အမေရိကန်နိုင်ငံသားများသည် သူမနှင့် ဆက်စပ် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားသည်။

အိမ်ထောင်ရေး ကိစ္စတွင် ကွာရှင်းပြတ်စဲထားသော ပူတင်သည် ကာဘေးဗာနှင့် ယခုနောက်ပိုင်း ကိုယ်ရေးကိုယ်တာ ပတ်သက်မှု မရှိတော့ကြောင်း ကရင်မလင် နန်းတော်က ငြင်းဆိုထားသည်မှာ ကာလအတန်ကြာပြီ ဖြစ်သော်လည်း အချို့ သတင်းများတွင် သူမသည် ကလေးများ၏ မိခင်တစ်ဦးဖြစ်ကြောင်း ရေးသားထားကြသည်။

ပူတင်နှင့် ကာဘေးဗာတို့သည် တစ်ချိန်က လက်ထပ်ခဲ့ကြသော်လည်း မခိုင်လုံသော အကြောင်းပြချက်များကြောင့် လမ်းခွဲခဲ့ ကြကြောင်း ၂၀၀၈ ခုနှစ်တွင် မော်စကိုထုတ် သတင်းစာတစ်စောင်က ဖော်ပြခဲ့ဖူးသည်။

ဥဇဘက် ကစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့သူ ကာဘေးဗာသည် ၂၀၀၄ ခုနှစ် အေသင်အိုလံပစ်ပွဲတွင် ရွှေတံဆိပ်ရခဲ့ဖူးပြီး နောက် ပိုင်းတွင် ပူတင်၏ ရုရှားပေါင်းစည်းရေးပါတီတွင် ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးအဖြစ် ၆ နှစ်တိုင်တိုင် လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အမျိုးသားမီဒီယာအုပ်စု (National Media Group) ကို လွှဲပြောင်းရယူခဲ့ပြီး TV talkshow အစီအစဉ်များကို တင်ဆက်ထုတ်လုပ်ခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ULA/AA ခေါင်းဆောင်များကိုတွေ့ရစဉ်

ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ULA/AA ဖမ်းသွားဟု ALP ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1948

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ရက္ခိုင့်တပ်တော်(ULA/AA)က ဖမ်းဆီးသွားသည်ဟု သြဂုတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့သည်။

ULA/AA သည် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို သြဂုတ် ၂ ရက်က ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ဖမ်းဆီး သွားခဲ့ ခြင်းဖြစ်ကြောင်း၊ ၎င်းနှင့်အတူ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်ကိုလည်း ဖမ်းဆီးသွားကြောင်း ALP ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သို့သော် မည်သည့် ဒေသတွင် ဖမ်းဆီးသွားကြောင်းကိုတော့ ထည့်သွင်း ဖော်ပြထားခြင်း မရှိပေ။

ALP က “ ၎င်းဖြစ်စဉ်သည် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေးကို ထိပါးစေပြီး ရခိုင့်တော်လှန်ရေး အဖွဲ့ အချင်းချင်းကြား တွင် လုံးဝ မဖြစ်သင့်သည့် ဖြစ်ရပ်ဟု မိမိတို့ပါတီအနေဖြင့် ရှုမြင်ပါသည်။ ULA/AA အဖွဲ့မှ ယခင်လည်း မိမိတို့ ပါတီ၏ ခေါင်းဆောင်တချို့နှင့် ပါတီဝင်ရဲဘော်များကို ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပါ”ဟု ပြော သည်။

ALP ၏ ထုတ်ပြန်ချက် (ALP-fb)

 

ထို့နောက် မိမိတို့ ALP/ALA နှင့် ULA/AA တို့သည် လူမျိုးတစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးကို ပျက်ပြားစေမည့် မလိုလားအပ်သော လုပ်ဆောင်ချက်များကို ရှောင်လွှဲကြပါရန်နှင့် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း၊ အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင် အပါအဝင် ယခင် ဖမ်းဆီး ထားသော မိမိတို့ပါတီ ခေါင်းဆောင်များနှင့် ပါတီဝင် ရဲဘော်များကို ပြန်လွှတ်ပေးရန် အလေးအနက် တောင်းဆိုပါသည်ဟု ALP က ထုတ်ပြန်ခဲ့သည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ရခိုင် လက်နက် ကိုင် အဖွဲ့ဖြစ်ပြီး AA ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေး ညှိနှိုင်းမှုများ ရှိခဲ့သော ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s
SSPP ဒုဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ် စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်လာစဉ်

နစကနှင့်ဆွေးနွေးဖို့ စဝ်ခေးတိုင်း ဦးဆောင်သည့် SSPP အဖွဲ့ နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1547

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကနှင့်တွေ့ဆုံ ဆွေးနွေးရန် ယနေ့ (သြဂုတ် ၃ ရက်) နေပြည်တော်သို့ ရောက်ရှိလာခဲ့ သည်။

SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်ပြီး ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်ကြသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SSPP ကိုယ်စားလှယ် အဖွဲ့တို့ သြဂုတ် ၄ ရက်နေ့မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ် သည်။

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တွေ့ဆုံ ဆွေးနွေးစဉ်

လက်ရှိတွင် တပ်မတော်နှင့် SSPP ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို တပ်မတော်က နောက်ဆုတ်ခိုင်းခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုများဖြင့် ရင်ဆိုင်နေကြရသည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြားမှာပဲ ယခုတွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်က တွေ့ဆုံစဉ်

SSPP အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော အချိန်က တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည်။

တခြားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလိုင် ၇ ရက်နေ့အတွင်း နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်က ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗရော့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2224

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၃

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ (သြဂုတ် ၃ ရက်) တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့သည် မြန်မာနိုင်ငံသို့ သြဂုတ် ၃ ရက်နေ့က ရောက်ရှိလာခဲ့ပြီးနောက် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကတော့ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ် များကို အလေးပေး ဆွေးနွေးကြဖို့ ရှိကြောင်း သြဂုတ် ၂ ရက်က ပြောကြားထားသည်။

လာဗရော့နှင့် ဦးဝဏ္ဏမောင်လွင် တွေ့ဆုံစဉ်

နစကနှင့်နီးစပ်သူများကတော့ ရုရှား-မြန်မာ နှစ်နိုင်ငံခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ် ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာရေး၊ ပြည်တွင်း နိုင်ငံရေး အခြေအနေများကို ဆွေးနွေးသွားရန် ရှိကြောင်း ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် နစက ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေးကြသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး နစက ဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

လာဗရော့သည် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သွား ရန်လည်း ရှိသည်။ ထိုအစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံသို့ လာရောက်၍ နစက ခေါင်းဆောင်များဖြင့် တွေ့ဆုံခြင်း ဖြစ် သည်။

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်စစ်တပ်ကိုတွေ့ရစဉ် (GETTY IMAGES)

နန်စီပလိုစီ ထိုင်ဝမ်ရောက်စဉ် ကိုယ်ပျောက် တိုက်လေယာဉ်များဖြင့် တရုတ်စစ်ရေးလေ့ကျင့်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1792

CNI International News

ဘေဂျင်း၊ ဩဂုတ် ၃

နန်စီပလိုစီ ထိုင်ဝမ်ကျွန်းသို့ ရောက်ရှိလာသည့် ဩဂုတ် ၂ ရက်နေ့မှစတင်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ကျွန်း၏အနီးတဝိုက် စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ရာ J-20 ကိုယ်ပျောက်တိုက် လေယာဉ်များ၊ ကျွန်းပေါ်သို့ ပစ်ခတ်နိုင်သော အဆင့်မြင့်ဒုံးကျည်များ ပါဝင်ခဲ့ကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်တွင် ရေးသားထား သည်။


အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ၁၉၉၆ ခုနှစ် အကျပ်အတည်း နောက်ပိုင်း တစ်ကြိမ်ထက်ပို၍ တိုးချဲ့လေ့ကျင့် နိုင်ဖွယ်ရှိ ကြောင်း သိရသည်။

နန်စီပလိုစီ၏ လေယာဉ် ဩဂုတ် ၂ ရက် ညနေပိုင်းတွင် တိုင်ပေမြို့တော်သို့ ဆင်းသက်ပြီးလျှင်ပြီးချင်း PLA အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က မိမိတို့ ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုများ ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တရုတ်စစ်တပ်သည် ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်တို့ရှိ ပင်လယ်ရေပြင်နှင့် ဝေဟင်တို့တွင် ရေတပ်နှင့်လေတပ် ပူးတွဲစစ်ရေး လေ့ကျင့်သွားမည်ဖြစ်ပြီး သမားရိုးကျ ဒုံးကျည်များနှင့် တာဝေးတိုက်ရိုက် ပစ် ခတ်မှုများကို ထိုင်ဝမ်ရေလက်ကြား၌ PLA အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ရှီယီ (Shi Yi) က ဩဂုတ် ၂ ရက် ၌ ထုတ်ပြန်ချက် တစ်စောင်ထဲတွင် ပြောကြားခဲ့သည်။

တရုတ်ရဲ့ ကိုယ်ပျောက် တိုက်လေယာဉ် (GETTY IMAGES)

သို့ဖြင့် ထိုင်ဝမ်ကျွန်းကို လမ်းကြောင်း ငါးသွယ်ခွဲ၍ PLA တပ်၏ စစ်ရေးလေ့ကျင့်မှုများဖြင့် ဝန်းရံထားမည်ဟု ဂလိုဘယ်တိုင်းမ်က ဆက်လက် ရေးသားထားသည်။

မြောက်၊ အနောက်တောင်နှင့် အရှေ့တောင်တို့တွင် ရေကြောင်းနှင့်လေကြောင်း ပူးတွဲစစ်ရေး လေ့ကျင့်ခြင်းအားဖြင့် ဝေဟင် ၏ သာလွန်ကောင်းမွန်နှင့် ပင်လယ်ပြင် ထိန်းချုပ်နိုင်ရေးအတွက် စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်မည်ဟု သိရသည်။

ထိုင်ဝမ် ရေလက်ကြားတွင် တာဝေးပစ်ခတ် လေ့ကျင့်မှု၌ ပြည်မကြီးမှ တိုက်ရိုက်ပစ်ခတ်နိုင်သော တာဝေးဒုံးပစ်လောင်ချာ အများအပြား ပါဝင်နိုင်ဖွယ် ရှိသည်။

တဖန် ကျွန်း၏ အရှေ့ဘက်သို့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွင်လည်း အကယ်၍ ပြည်မကြီးမှ တိုက်ရိုက် ပစ်လွှတ်လျှင် ထိုင်ဝမ်ကျွန်းပေါ်သို့ ဖြတ်ကျော် ပျံသန်းနိုင်စွမ်းရှိကြောင်း စစ်ရေး လေ့လာသုံးသပ်သူများက ပြောကြသည်။

ယခု စစ်ဆင်ရေး လေ့ကျင့်မှု အစီအစဉ်သည် ထိုင်ဝမ်နှင့်ပတ်သက်၍ အမေရိကန်၏ မကြာသေးမီက ရန်စမှုများအား ပြင်းထန်စွာ ဟန့်တားခြင်း ဖြစ်ကြောင်း၊ ခွဲထွက်ရေးသမားများ၏ လွတ်လပ်ရေး အရယူရန် ကြိုးစားမှုတိုင်းအတွက် လေးလေးနက်နက် သတိပေးလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ရှီယီက ထပ်လောင်း ပြောကြားခဲ့သည်။

Source: Global Times

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်းဝင်းခိုင်သန်းနဲ့ PDF တပ်ဖွဲ့ကိုတွေ့ရစဉ် (NUG)

တော်လှန်ရေး အနိုင်ရမှာ အသေအချာဟု မန်းဝင်းခိုင်သန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1740

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃

လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြသည့် မိမိတို့အနေဖြင့် အနိုင်ရမှာ အသေအချာ ဖြစ်ကြောင်း NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ပြည်သူများ အနေဖြင့် ရဲရင့်ကြရုံမကဘဲ တော်လှန်ရေး ၁၇ လ ကာလရောက်သည်အထိ ဇွဲမလျှော့ခဲ့ကြကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ၆၂ ကြိမ်မြောက် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

NUG ၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “တရားတဲ့သူသာ နိုင်ရမှာ ဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ အမှန်တရားအတွက် ရဲရင့်ခဲ့ကြတဲ့ ကျနော်တို့တွေ အနိုင်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေအားလုံးဟာ ရဲရင့်ခဲ့ကြရုံတင် မကဘဲ (၁၇) လ ကာလရောက်သည်အထိ ဇွဲလည်း မလျှော့ခဲ့ကြပါဘူး။ မြန်မာပြည်သူ ပြည်သားတွေရဲ့ ခိုင်မာတဲ့ ဇွဲသတ္တိနဲ့ စိတ်ဓာတ်တွေကတော့ မှတ်ကျောက်တင်ရမယ့် ဇွဲသတ္တိ စိတ်ဓာတ်မျိုးပဲ ဖြစ်ပါတယ်။ တော်လှန်ရေး စတင်ချိန်က စစ်ကျွန် ဘဝ ဘယ်တော့မှ ပြန်မသွားတော့ဘူးဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေက လွဲလို့ ဘာမှမရှိဘဲ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော်တို့ဟာ အခုဆိုရင် ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှ မရရှိဘဲ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စိတ်နဲ့ ရုန်းကန်လာခဲ့ကြတာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက သွေးပျက်နေတဲ့ အခု အခြေအနေတွေကို ကြည့်ရင် ကျနော်တို့ တော်လှန်ရေး ဘယ်အနေအထား ရောက်နေ ပြီလဲဆိုတာ ခန့်မှန်းနိုင်ကြလိမ့်မယ် ထင်ပါတယ်” ဟု ပြောသည်။

NUG သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြ မှုနှင့်အတူ လက်နက်ကိုင် တော်လှန်းရေးကို ဆင်နွှဲခဲ့ကြသည်။

လက်ရှိတွင် တိုင်ပြည်၏ ၄၈ ရာခိုင်နှုန်းကို နွေဦးတော်လှန်ရေး အင်အားစုများက စိုးမိုးထားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

အုပ်ချုပ်ခွင့်မရှိစေရဟု ဆိုင်းဘုတ်ကိုင် ဆန္ဒပြသူများကိုတွေ့ရစဉ် (ISP-fb)

ဦးသန်းစိုးနိုင်က “ဒါက တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက်မှာ ရေရှည်မှာတော့ တရားတဲ့ဘက်က အောင်မြင်မယ်ဆိုတာ ယေဘုယျ မူတရားပါ။ ဒီနေ့ ဖြစ်နေတဲ့ တိုက်ပွဲကလည်း အခု စကစ ကနေပြီးတော့ အာဏာသိမ်းလိုက်ပြီးတဲ့ ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရက်ရက်စက်စက် ဖြိုခွဲတယ်၊ လက်နက်မဲ့ ပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်တဲ့အတွက် အကြမ်းဖက် လှုပ်ရှားမှုတွေ ပေါ်လာတယ်။ အဲဒီတော့ ပေါ်လာတဲ့ အခါကြတော့ အဲဒီလှုပ်ရှားမှုတွေဟာ သူ့အရှိန်အဟုန် မြင့်တက် သွားတာကတော့ အခုကတော့ တစ်ပြည်လုံး အနှံ့အပြားမှာ စကစ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ NUG၊ PDF၊ EAO တွေရဲ့ တိုက်ပွဲတွေက အနှံ့အပြား အပြင်းအထန် ဖြစ်နေတယ်။ ဒါက တကယ့် လက်တွေ့ အခြေအနေပါ။ တကယ့်လက်တွေ့ အခြေအနေမှာတော့ ဒေသစိုးမိုးမှုအရ ပြောရလို့ရှိရင် နွေဦးတော်လှန်ရေး အင်အားစုတွေက တိုင်းပြည်ရဲ့ ၄၈ ရာခိုင်နှုန်းနဲ့ စစ်ကောင်စီကို ၅၁ ရာခိုင်နှုန်း လွှမ်းမိုးထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ကြားလည်းကောင်း၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်၊ PDF ပူးပေါင်းတပ်တို့အကြား လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထို့အတူ လူဦးရေ ၁ ဒသမ ၂ သန်းကျော်မှာ မြန်မာနိုင်ငံတဝန်းက တိုက်ပွဲရှောင်စခန်းနှင့် ယာယီရွှေ့ပြောင်း အခြေချ စခန်း များမှာ ပြည်တွင်း နေရပ်စွန့်ခွာ နေကြရကြောင်း UNOCHA Myanmar ၏ ဇူလိုင် ၃၁ ထုတ်ပြန်ချက်အရ သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၁၉၉၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က အယ်လ်ကိုင်းဒါးခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီနဲ့ အိုစမာ ဘင်လာဒင်တို့ကို အာဖဂန်နစ္စတန်နိုင်ငံ Khost မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ် (ဓါတ်ပုံ-အေပီ)

အယ်လ်ကိုင်းဒါး ခေါင်းဆောင်ကို အမေရိကန်သတ်ဖြတ်ခဲ့၍ တာလီဘန်တို့ ပိုမိုစိစစ်ခြင်းခံလာရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1450

CNI International News

ကဘူးလ်၊ ဩဂုတ် ၃

အာဖဂန်နစ္စတန် ကဘူးလ်မြို့တော်ရှိ ဘေးကင်းလုံခြုံသည့် နေအိမ်ဝရန်တာ လသာဆောင်တွင် ရှိနေစဉ် အယ်လ် ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ်ဇာဝါဟာရီ သေဆုံးစေခဲ့သည့် အမေရိကန်၏ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် အုပ်ချုပ်သူများအတွက် ဩဂုတ် ၂ ရက်တွင် တကမ္ဘာလုံး အတိုင်းအတာဖြင့် စိစစ် သုံးသပ်မှု ပိုမိုပြင်းထန်လာစေခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုဖြစ်စဉ်ကြောင့် တာလီဘန်တို့အပေါ် တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရေးနှင့် အကူ အညီရရှိရေး ကြိုးပမ်းမှုများကို မှေးမှိန်သွားစေခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်ဆုတ်ခွာရေးအတွက် ၂၀၂၀ ပြည့်နှစ် ဒိုဟာသဘောတူညီချက်ထဲတွင် အယ်လ်ကိုင်း ဒါးအဖွဲ့ဝင်များနှင့် အမေရိကန်အပေါ် ရန်လိုတိုက်ခိုက်လိုသူများကို တာလီဘန်တို့အနေဖြင့် ပြည်တွင်း၌ ခိုအောင်း ခွင့်မပြုရန် ကတိပြုခဲ့သည်။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်း အမေရိကန်ကို လုပ်ကြံရန် တောင်းဆိုနေသည့် ဗီဒီယိုမက်ဆေ့ချ် များစွာမှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှုဦးဆောင်သူနှင့်ပတ်သက်၍ ထွက်ပေါ်နေခဲ့သလို ၎င်းကို တာလီဘန် တို့က လနှင့်ချီ၍ ခိုလှုံနေထိုင်ခွင့်ပေးခြင်းမှာ ထင်ရှားသည်။

ကဘူးလ်မြို့တော်ရှိ ရှီယာပါ (Shirpur) လူကုန်ထံရပ်ကွက်အတွင်း အယ်လ်ဇာဝါရီ ပုန်းခိုနေထိုင်သည့် ဘေးရန် ကင်းသော နေအိမ်သည် မူလက တာလီဘန်ခေါင်းဆောင် ဆီရာဂျက်ဒင်ဟက်ကာနီ (Sirajuddin Haqqani) ၏ အကြီးတန်းလက်ထောက်ပိုင်ဆိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့သည်။

ဟက်ကာနီသည် တာလီဘန်အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်ပြီး အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး တာဝန်ယူ ထားလျက် အင်အားကောင်းသော ဟက်ကာနီကွန်ရက်ကို ထူထောင်၍ ဦးစီးနေသည်။

အထူးသဖြင့် ဟက်ကာနီကွန်ရက်နှင့်လှုပ်ရှားမှုများကြောင့် နိုင်ငံရေး၊ စစ်ရေးပြိုင်ဘက်များအကြား တင်းမာလာ၍ တာလီဘန်ခေါင်းဆောင်အချင်းချင်း အမြင်မကြည်ခြင်းများ ဆက်တိုက်ဖြစ်နေကြောင်း သတင်းများလည်း ပေါ် ထွက်နေသည်။

Source: AP

Share
Tweet
Share
Share
powered by social2s
  • 78
  • 79
  • 80
  • 81
  • 82
  • 83
  • 84
  • 85
  • 86
  • 87

Page 83 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar