CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကင်ညာရွေးကောက်ပွဲရလဒ်များ ကြန့်ကြာနေ၍ လူထုအားမရဖြစ်

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

NUG နှင့်တွေ့ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြောစကားကို နစက ကန့်ကွက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1619

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် အာဆီယံ တွေ့ဆုံသင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ ၏ ပြောစကားအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် သြဂုတ် ၈ ရက်က ကျင်းပသည့် အာဆီယံနေ့ အခမ်းအနားနှင့် သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ထို ပြောကြားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု နစက-က ထုတ်ပြန်ခဲ့ သည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်နေသည့် မတရားအသင်း အဖွဲ့များနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံအဖွဲ့ဝင်များအား တိုက်တွန်းသည့် မလေးရှား နိုင်ငံခြား ရေးဝန်ကြီး၏ တာဝန်မဲ့ ပြောကြားချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါသည်။ ယင်းကဲ့သို့ မဆင်မချင် ပြောကြားချက်များသည် နိုင်ငံတွင်း မငြိမ်မသက်မှုနှင့် အကြမ်းဖက် လုပ်ရပ်များကို အားပေးရာ ရောက်သည့် အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက် သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး

ထို့နောက် အဆိုပါ ပြောကြားချက်များသည် အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ(င)နှင့် (စ)ကို လည်း ကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာ ရောက်သည်ဟု လည်း နစက-က ပြောသည်။

၎င်းက “ တူညီဆန္ဒ ၅ ချက် အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ မဟုတ် သည့် နိုင်ငံများကို ပါဝင်လာစေရန် ပြောဆိုချက်များသည် အာဆီယံ၏ အချက်အချာကျမှုကို လျော့ပါးစေပြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်၏ လုပ်ဆောင်ချက်များကိုလည်း လမ်းကြောင်းလွဲမှား စေမည်ဖြစ် သည်”ဟု ပြောသည်။

မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ် တွေ့မြင်လိုသည့် ဆန္ဒရှိသည့် မည်သည့် အာဆီယံ အဖွဲ့ဝင် နိုင်ငံမဆို မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆိုးရွားစွာထိခိုက်စေမည့် ပြောကြားချက်မျိုးကို ရှောင်ရှားသင့်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး နစကဥက္ကဋ္ဌ တက်ရောက်ခဲ့

လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲ စာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ တရားဝင် အစိုးရဖြစ်ရေး ကြိုးပမ်းလျက်ရှိရာ ဖြုတ်ချခံ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဖွဲ့စည်း ကာ နစကအား ဖြုတ် ချရေးနှင့် တရားဝင် အစိုးရဖြစ်ရေး ကြိုးပမ်းလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

ရခိုင်ပြည်နယ်တွင် AA မှလွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ မလိုအပ်ဟု AA ပြော

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s
နစက ဖွဲ့စည်းပေးထားသည့် UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကို တွေ့ရစဉ်

နိုင်ငံရေးပါတီများ နိုင်ငံခြားအဖွဲ့အစည်းနှင့်တွေ့မည်ဆို ခွင့်ပြုချက်ရမှ တွေ့ရမည်ဟု UEC စာပို့

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1324

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

မြန်မာနိုင်ငံအတွင်းရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံမည် ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ အကြောင်းကြားရမည်ဟု နိုင်ငံရေးပါတီများသို့ UEC က ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်က စာပို့သည်။

UEC က "နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ တွေ့ဆုံရန်  ဖြစ်ပါသည်"ဟု နိုင်ငံရေးပါတီများသို့ ပေးပို့သည် စာထဲတွင် ရေးသားထားသည်။

UEC ၏ နိုင်ငံရေးပါတီများသို့ ပေးပို့သည်စာသည် ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီကြောင်း၊ သံတမန် တစ်ဦး ဖုန်းဆက်လာပါက UEC သို့ ခွင့်ပြုချက်တင် တောင်းခံပြီးမှ ဖုန်းရမည့် အခြေအနေထိ ဖြစ်နေကြောင်း၊ နိုင်ငံရေး ပါတီသည် လွတ်လပ်သော အသင်းအဖွဲ့ဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၄၀၇ (ဂ)၊ ၄၀၈ နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဉပဒေ ပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်များအရ “နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွက်ဝှိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်း တို့၏ ဩဇာခံယူခြင်း မပြုရေး”ကို နိုင်ငံရေးပါတီများအနေဖြင့် စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ပြောထားသည်။

 

Share
Tweet
Share
Share
powered by social2s
ရုရှားသမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံသားများ (AFP)

ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားပြည်သူ မထိခိုက်စေလိုဟု အမေရိကန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1006

CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၂

ရုရှားနိုင်ငံကို ဆန့်ကျင်လျက် ပိတ်ဆို့အရေးယူမှုများကြောင့် အမေရိကန် အာဏာပိုင်များအနေဖြင့် ရုရှားပြည်သူလူထု ထိခိုက်စေလိုသည့် ဆန္ဒမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲက သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသား အားလုံးကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခြင်း ရပ်တန့်ရန် စက်မှုထိပ်သီး (G-7) အုပ်စုဝင် နိုင်ငံများထံသို့ ယူကရိန်း မေတ္တာရပ်ခံခြင်းနှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပေးရန် တောင်းခံခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်စွဲဖြင့် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“ဘယ်လို ဗီဇာပိတ်တာမျိုးမှာမဆို ကျနော်တို့က ရုရှားပြည်သူတွေကို ထိခိုက်မှု မရှိစေဖို့ (ဒါမှမဟုတ်) သိသိသာသာ နစ်နာ ဆုံးရှုံးတာ မဖြစ်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောထား ကွဲလွဲတာတော့ မဟုတ်ပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့ရေးရာဗျူရို၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲက ပြောကြားခဲ့သည်။

အနောက်အုပ်စု နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံသားအားလုံးကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်သင့်ကြောင်း ဝါရှင်တန်ပို့စ် မီဒီယာနှင့် အင်တာဗျူးတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက အစောပိုင်း၌ ပြောကြားခဲ့သည်။

အလားတူ ရုရှားနိုင်ငံသားများကို ခရီးသွားဗီဇာ ထုတ်ပေးခြင်းအား တားမြစ်ရန် ဥရောပသမဂ္ဂ (EU) နိုင်ငံများကို အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကာလက်စ်က တောင်းဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန (GETTY IMAGES)

ဥရောပသို့ အလည်ပတ် လာရောက်ခြင်းသည် အခွင့်ထူးသာဖြစ်ပြီး လူ့အခွင့်အရေး မဟုတ်ကြောင်း ကာဂျာကာလက်စ်က ဆက်လက် ပြောကြားခဲ့သည်။

ဖင်လန်နိုင်ငံမှ ထုတ်ပေးသော ဗီဇာများကို သုံး၍ ရုရှားနိုင်ငံသားများအနေဖြင့် အခြားဥရောပနိုင်ငံများသို့ ခရီးသွားရန် ကြိုးစားလျှင် မိမိတို့က ကန့်သတ်သွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ရုရှားအစိုးရနှင့် ရုရှားနိုင်ငံသားများကို သီးခြားစီ ခွဲထုတ်ရန် ကြိုးပမ်းမှုအနေဖြင့် အသုံးဝင်မည် မဟုတ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗက်က ပြောကြားခဲ့သည်။

နိုင်ငံအချို့သည် မော်စကိုအပေါ် ဖော်ရွေသည့် သဘောထား ရှိရင်းစွဲဖြစ်၍ အရာအားလုံးကို မေ့ထားကြကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

နာဇီဝါဒကို အခြေခံ၍ ထုတ်ပြန်ချက် ဖြစ်သဖြင့် အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကာလက်စ်ကို အပြစ်တင် ရှုတ်ချကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့သည်။

ဇာလန်းစကီးမှ အစပြု၍ အဒေါ့ဖ်ဟစ်တလာ၏ စိတ်ကူးစိတ်သန်းများကို တဖန်ပြန်လည်၍ အမှတ်ရစေခဲ့ကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီး ကျော်ဟန်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် AA မှလွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့ မလိုအပ်ဟု AA ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2447

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)မှ လွဲပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့များ မလိုအပ်ဟု ULA/AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သြဂုတ် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ သည်။

ULA/AA သည် နိုင်ငံရေးအဆင့်အတန်းအနေဖြင့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးရရှိလိုကြောင်း၊ ရခိုင်ပြည် နယ်တွင် ULA/AA မှလွဲပြီး တခြားသော တော်လှန်ရေးတပ်ဖွဲ့များ အခြေစိုက်ခွင့် မပြုလိုသော သဘောထားများ ထုတ်ဖော်လာခဲ့သည်။

ထို့နောက် တပ်မတော်နှင့် NUG ကြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့၏ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်းမျိုးကို တောင်းဆိုမှုအပေါ် မည်သို့ စဉ်းစားထားချက်များ ရှိသနည်းဟု မေးခွန်းထုတ်မှုများလည်း ရှိလာနေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ကွန်ဖက်ဒရေးရှင်း ပုံစံဆန်သော သဘောထားများ ရှိလာသည့် အပေါ်မှာ NUG အနေဖြင့် လောလောဆယ် ညှိနှိုင်းဖြေရှင်းနိုင်စွမ်း မရှိသေးကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

ALP နဲ့ AA ခေါင်းဆောင်တို့ကိုတွေ့ရစဉ်

ဦးသန်းစိုးနိုင်က “ကျနော်ကတော့ အဲဒါဟာ ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားအတွက် အကျိုးမရှိဘူး။ နောက် ပြီးတော့ ရခိုင်အမျိုးသားတွေကို အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ပေးမယ် ဆိုလို့ရှိရင် အဲဒီ သဘောထားတွေ မထားသင့်ဘူးလို့ပဲ ယူဆပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီကာလမှာ အဲဒီ လို သဘောထားတွေနဲ့ ရခိုင်အမျိုးသားတွေ ရခိုင်နိုင်ငံရေးပါတီတွေရဲ့ ဒီမိုကရေစီ အခွင့်အရေးကို ကျနော်တို့ အသိ အမှတ်ပြုတဲ့အနေနဲ့ အခု AA ပြောနေတဲ့ သဘောထားဟာ ကျနော်တို့ ဒီမိုကရေစီ နည်းမကျတဲ့ ချဉ်းကပ် ဖြေရှင်းမှု ဖြစ်တဲ့အတွက် ကျ‌နော်တို့ အနေနဲ့တော့ မသင့်လျှော်ဘူးလို့ သုံးသပ်တဲ့အကြောင်း ပြောတာပါခင်ဗျ” ဟု ပြောသည်။
ထို့အတူ မြန်မာပြည်၏ အရေးကြီးသည့် နိုင်ငံရေး အင်အားစုများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် စသည့် ပုဂ္ဂိုလ်များ၏ သဘောထားများ မသိရှိနိုင်‌သေးသည့်အတွက် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေတစ်ရပ် မရေးဆွဲနိုင်သေးသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။
AA အနေဖြင့် ၎င်းတို့လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း၊ ၎င်း နိုင်ငံရေး အဆင့် အတန်း မရပါက ရသင့်ရထိုက်သည့် အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားမည်ဆိုသည့် စကားမျိုး ပြောကြားဖူးကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

ဦးဖေသန်းက “သူတို့ကတော့ ကွန်ဖက်ဒရိတ်ကို လိုချင်တယ်၊ ကွန်ဖက်ဒရိတ်ကို ဆန့်ကျင်ရင်တော့ အဲဒီအဖွဲ့တွေနဲ့ သူတို့ ရန်သူတို့ သတ်မှတ်တယ်ဆိုတဲ့ စကားမျိုး ပြောသွားတယ်လေ။ သူတို့လိုချင်တဲ့ ကွန်ဖက်ဒရိတ်ကတော့ အနိမ့်ဆုံးအဆင့်ပေါ့။ အဲဒါလည်း အရင်လည်း စစ်ဦးစီးချုပ်လည်း ပြောထားပြီး ဖြစ်ပါတယ်၊ ဒီကိစ္စ။ သူတို့လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်းမှ မရ ရင်တော့ သူတို့အနေနဲ့ နိုင်ငံတကာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရအောင် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စကားမျိုးတော့ ပြောဖူးတာပေါ့နော်။ ဆိုတော့ သူတို့လိုချင်တဲ့ အမြင့်ဆုံး အဆင့်အတန်းက ကွန်ဖက်ဒရိတ်လို့ ကျနော်တို့ နားလည်လို့ ရတာ ပေါ့” ဟု ပြောသည်။

လက်ရှိ အနေအထားအရ AA လိုချင်သည့် ပုံစံကို တပ်မတော်နှင့် NUG တို့ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း၊ AA လိုချင် သည့် ပုံစံနှင့် ပေးနိုင်မည့် အနေအထားကို ဆွေးနွေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

AA လိုချင်သည့် ကွန်ဖက်ဒရိတ်(ကွန်ဖက်ဒရေးရှင်း)မှာ လက်ရှိ ဖြစ်နေသည့် ပြဿနာကို ပိုမိုကြီးစေကြောင်း သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကို တွေ့ရစဉ်

ဦးသိန်းထွန်းဦးက “အဲဒီစကားရပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကွန်ဖက်ဒရိတ်ဆိုတဲ့ စကားလုံး သုံးထားတဲ့ အတွက်ကြောင့် သေချာတာကတော့ ရခိုင်ဘက်ကနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးပိုင်းဆိုင်ရာမှာ ပြဿနာတက်ဖို့ များလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဆိုတဲ့ဟာတောင်မှ အချင်းချင်းကြားထဲမှာ နားလည်မှုရအောင် အတော်လေး ကြိုးစားခဲ့ရတာလေ၊ ကွန်ဖက်ဒရိတ်ဆိုတာ ဖက်ဒရယ်ရဲ့ ဟိုဘက်ကို အရမ်းလွန်သွားပြီ။ ဒီလောက်လွန်နေတဲ့ အခွင့်အရေးကို ချက်ချင်း သူတို့တောင်းနေတယ်ဆိုတာ သူတို့အတွက်တော့ အရမ်းများသွားပြီ။ သိပ်လွယ်မှာ မဟုတ်တဲ့အပြင် လက်ရှိ ဖြစ်နေတဲ့ ပြဿနာတွေ ပိုပြီး ကြီးစေတဲ့ အနေအထားလို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ULA/AA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ အာဆာ (ARSA) စသည့် လက်နက်ကိုင်ထားသော အင်အားစုများ လှုပ်ရှားလျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
CRPH ကို ထောက်ခံကြောင်း ပြသခြင်း (EPA)

ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်‌ရေး ကြိုးပမ်းသွားမည်ဟု CRPH ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1211

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

တိုင်းရင်းသားအားလုံး တန်းတူယှဉ်တွဲ နေထိုင်နိုင်မည့် တရားမျှတပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့သည်။

ယနေ့ (ဩဂုတ် ၁၂ ရက်) တွင် ကျရောက်သည့် ၇၂ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ တွင် အထက်ပါအတိုင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။

နှစ်ပေါင်းများစွာ ဖိနှိပ်လာခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအား နိုင်ငံတဝှမ်းရှိ ပြည်သူများက တခဲနက် ဆန့်ကျင်တော်လှန်နေကြသည့် ယခုအချိန်မျိုးတွင်လည်း ကရင်တိုင်းရင်းသားတို့သည် ညီနောင်တိုင်းရင်းသား များနှင့်အတူ လက်တွဲ၍ အသက်နှင့် ခန္ဓာအား ပေးလှူကာ ဆက်လက်တိုက်ပွဲ ဝင်နေကြဆဲပင် ဖြစ်ကြောင်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

စောဘဦး ရုပ်တုကိုတွေ့ရစဉ် 

ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသားများ အနေဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အလွှာအသီးသီးမှ မိတ်ဖက်နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများအား နွေးထွေးစွာ ကြိုဆိုပြီး ကူညီစောင့်ရှောက်ပေးမှုများသည် တော်လှန်ရေး အောင်မြင်ရန်အတွက် ကြီးမားသည့် တွန်းအားတစ်ရပ်ဖြစ်ကြောင်း ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သသည်။

ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်ပြည်၏ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်ကြောင်း၊ ယနေ့ ကရင်တိုင်းရင်းသားများ ဖိနှိပ်ခံဘဝမှ လွတ် မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြရင် ကျဆုံးသွားခဲ့ကြသူ စောဘဦးကြီးနှင့်တကွ ကရင်တိုင်းရင်း သား အာဇာနည်များအားလုံးကို အောက်မေ့ ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကရင်အာဇာနည်နေ့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင့်တော်လှန်ရေးကို ဦးဆောင်ခဲ့သော စောဘဦး ၁၉၅၀ ခုနှစ်၊ ဩဂုတ် ၁၂ ရက်တွင် ကွယ်လွန်သည့် နေ့ကို ကရင်အာဇာနည်နေ့ဟု သတ်မှတ်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယနေ့ (ဩဂုတ် ၁၂ ရက်တွင်) ၇၂ နှစ်မြောက် ခဲ့ပြီး ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်သမ္မတ ဂျာအိဘော်ဆိုနာရိုကို ဆန္ဒပြ(AP)

ရွေးကောက်ပွဲကို သမ္မတခြိမ်းခြောက်၍ ဘရာဇီးလ်နိုင်ငံသားများ ဒီမိုကရေစီအရေးဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1540

CNI International News

ဘရာဇီလီယန်၊ ဩဂုတ် ၁၂

နိုင်ငံ၏ဒီမိုကရေစီ အဖွဲ့အစည်းများကို အကာအကွယ်ပေးရန်အတွက် ထောင်နှင့်ချီသော ဘရာဇီးလ်နိုင်ငံသားများ သည် လွန်ခဲ့သော ၄၅ နှစ်နီးပါးခန့်က ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းရှုတ်ချခဲ့သည့် သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ဥပဒေကျောင်းတစ်ကျောင်းရှေ့၌ ဩဂုတ် ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြသူများသည် ၎င်းတို့နိုင်ငံ၏ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲစနစ်များကို ခုခံကာကွယ်သည့် ကြေညာ ချက်များကို ထုတ်ပြန်ခဲ့ကြသည်။ အမျိုးသားရေးဝါဒီ လက်ယာအစွန်းရောက်သမ္မတ ဂျာအိဘော်ဆိုနာရိုသည် ယမန်နှစ် အောက်တိုဘာလတွင် ပြန်လည် ရွေးကောက် တင်မြှောက်မှုမခံရမီ ၎င်းရွေးကောက်ပွဲ စနစ်များကို အကြိမ်ကြိမ် ထိုးနှက်နေခဲ့သည်။

လက်ရှိ ထုတ်ပြန်ခဲ့သော ကြေညာစာတမ်းတွင် ဘော်ဆိုနာရို၏အမည်ကို အတိအကျ မဖော်ပြထားသော်လည်း လက်ယာစွန်းသမ္မတ အနေဖြင့် ယခင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ခြေရာကို လိုက်နင်းသွားနိုင် ကြောင်း၊ အာဏာပြန်ရရေး ကြိုးပမ်းမှုတွင် ၎င်းကို မထောက်ခံသော ရွေးကောက်ပွဲရလဒ်များကို ငြင်းပယ်ပြီး ၎င်းအပေါ် တတိုင်းပြည်လုံး အတိုင်းအတာဖြင့် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း အလေးပေး ရေးသားထားသည်။

ဘရာဇီးလ်ပြည်သူများ ဘရာဇီးလ်သမ္မတ ဂျာအိဘော်ဆိုနာရို ရုပ်ပုံပါ အလံကို ကိုင်ဆောင်ထားစဉ် (AP)

ဩဂုတ် ၁၁ ရက် လူထုစုဝေးမှုတွင် ဖတ်ကြားခဲ့သော ကြေညာချက် တစ်စောင်တွင် လက်မှတ်ပေါင်း ၈ သောင်း ကျော် စုစည်းနိုင်ခဲ့ပြီး ထိုကြေညာချက်မှနေ၍ ဘရာဇီးလ်ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရပြီဟု သတိပေးခဲ့သည်။

“ကျနော်တို့မှာ အာဏာသိမ်းခံရမယ့် အန္တရာယ်ရှိနေတယ်။ ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်းတွေကနေ ဒီမိုကရေစီအရေး အာမခံချက်ပေးဖို့ ရပ်တည်ပြီး တိုက်ပွဲဝင်ရမှာပါ” ဟု တရားရေးဝန်ကြီးဟောင်း ဂျိုစီ ကားလို့စ် ဒိုက်ယက်စ် (Jose Carlos Dias) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းသည် ၁၉၇၇ ခုနှစ်က ကြေညာစာတမ်းနှစ်စောင်ကို ယနေ့ခေတ်နှင့် ကိုက်ညီအောင် ပြင်ဆင်ရေးသားရာတွင် ပါဝင်ကူညီခဲ့သည်။ ထိုကြေညာစာတမ်းကို ဩဂုတ် ၁၁ ရက်၌ ဘရာဇီးလ် လူထုအကြားတွင် ဖတ်ကြားခဲ့ပြီးဖြစ် သည်။

ဆော်ပိုလိုမြို့တွင် ယာဉ်မောင်းသူများက လူထုစုဝေးခဲ့သည့် ဥပဒေကျောင်းသို့ သွားရာ အဓိကလမ်းမများပေါ်တွင် ဩဘာပေးခဲ့ကြပြီး ကျောင်းသားများက ဒီမိုကရေစီအရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ဥပဒေကျောင်း အဆောက်အဦ၏ ပင်မ ဆင်ဝင်ပေါက်အနီးတွင် ဧရာမ အီလက်ထရောနစ် ဆိုင်းဘုတ်ထောင်၍ “မဲဆန္ဒရှင်များကို လေးစားပါ” ဟူသော ဆောင်ပုဒ်ကို စာတန်းဖော်ခဲ့ကြသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တာလီဘန်တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

အာဏာရပြီး တစ်နှစ်အတွင်း တာလီဘန် စစ်ရေးအင်အား ပိုကောင်းလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1386


CNI International News

ကဘူးလ်၊ ဩဂုတ် ၁၂

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာပြန်ရလာသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်ပြီး ယခင်ကထက် စစ်ရေးအင်အား ပိုကောင်းလာသော်လည်း ၎င်းတို့၏အုပ်ချုပ်ရေးအပေါ် ခြိမ်းခြောက်မှုများ ရှိနေဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
၎င်းတို့အာဏာချုပ်ကိုင်မှု ပိုမိုတင်းကျပ်ရန်အတွက် တာလီဘန်တို့သည် စစ်ရေးခြိမ်းခြောက်မှု တစ်ခုအဖြစ် ရင်ဆိုင်နေရသော ပန်ရှာဂျာ (Panshjir) တောင်ကြားသို့ တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားခဲ့သည်။

အာဖဂန်နစ္စတန်အရှေ့မြောက်ပိုင်းရှိ ရှုခင်းသာချိုင့်ဝှမ်းဖြစ်သော ပန်ရှာဂျာတောင်ကြားသည် ပြင်ပမှ ဝင်ရောက် လာသော လက်နက်ကိုင်များကို ခုခံတိုက်ခိုက်ရန်အတွက် အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) စတင်မွေးဖွားရာ ဒေသ ဖြစ်သည်။

တာလီဘန်တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

အခြား တဖက်တွင်လည်း အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန် (IS-K) အဖွဲ့ကလည်း လွန်ခဲ့သည့် ၁၂ လအတွင်း ဗုံးများ ကြဲချပြီး အသေခံ တိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့သည်။

သို့သော် ဂျီဟက်ဝါဒီများသည် တာလီဘန်တို့နှင် ထိပ်တိုက် ဖြေရှင်းမည့်အစား ရှီးယိုဗလီများနှင့် ဆစ်ခ်ဘုရား ကျောင်းများကို အာရုံစိုက်ခဲ့ကြသည်။

ယမန်နှစ်၊ ဩဂုတ် ၃၁ ရက်တွင် အမေရိကန် ဦးဆောင်သော တပ်များ အာဖဂန်မှ ထွက်ခွာသွားခဲ့သော်လည်း တာလီဘန်တို့၏ အုပ်ချုပ်ရေးကို အနောက်အုပ်စု၏ ခြိမ်းခြောက်မှုက ရှိနေခဲ့သည်။

မကြာသေးမီက ကဘူးလ်မြို့တော်တွင် ခိုအောင်းနေခဲ့သည့် အယ်လ်ကိုင်းဒါး ခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟီရီကို အမေရိကန်က ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် တာလီဘန် ခေါင်းဆောင်များ အတွက်လည်း နည်းပညာမြင့်မားလှသည့် ရန်သူလက်ချက်ဖြင့် မည်သို့ထိခိုက်လွယ်နိုင်ကြောင်း ပြသနေခဲ့သည်။

ပန်ရှာဂျာ (Panshjir) တောင်ကြားက NRF တပ်ဖွဲ့ခေါင်းဆောင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပန်ရှာဂျာ တောင်ကြားကို တာလီဘန်တို့ အစိုးရိမ်ဆုံး ဖြစ်သော်လည်း ၎င်းတို့အတွက် ပြင်းထန်သော ခုခံမှုမှ အလှမ်းဝေးသည်ဟု ဝါရှင်တန်အခြေစိုက် ဝီလ်ဆင်စင်တာမှ တွေးခေါ်ပညာရှင် မိုက်ကယ်ကူဂဲမန်း (Michael Kugelman) က ယုံကြည်ထားသည်။

“တကယ်လို့ IS-K ရဲ့ တိုက်ခိုက်မှု စတွေ့လာရပြီး နောက်ထပ် တိုက်ခိုက်မှုတွေလည်း ရှိလာမယ်ဆိုရင် NRF အတွက် တကယ်အကျိုးရှိနိုင်မယ်လို့ ကျနော် ထင်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ သုံးသပ်ပြ သည်။

အကယ်၍ အာဖဂန်နိုင်ငံသားများ အနေဖြင့် IS-K ၏ ဖောက်ခွဲဖျက်ဆီးခံရသော မိသားစုများ၏ အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ရလျှင် တာလီဘန်အုပ်ချုပ်ရေး၏ တရားဝင်မှု (legitimacy) ကို အစွန်းအထင်း ဖြစ်စေ နိုင်သလို NRF အတွက်လည်း အကျိုးရှိမည့် ထွက်ပေါက်တစ်ခု ရလာမည်ဟု မိမိ ယူဆကြောင်း မိုက်ကယ်ကူဂဲမန်း က ဆက်လက် ပြောကြားခဲ့သည်။

Source: AFP

 

 

 

Share
Tweet
Share
Share
powered by social2s

ခရိုင်းမီးယား၌ ဗုံးပေါက်ကွဲ၍ ရုရှားစစ်လေယာဉ် ၉ စင်းပျက်စီးဟု ယူကရိန်းပြော

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s

ကက်ရှ်မီးယားစိန်ခေါ်မှု၌ အိန္ဒိယ၏နိုင်ငံခြားရေးမူဝါဒ တရုတ်ဘက်လှည့်လာ

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
ဂျပန်အမတ် Mr. Hiromichi Watanabe နဲ့ နစကဥက္ကဋ္ဌ

ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ပူးပေါင်းရေးနှင့် မြန်မာ့အရေး ဂျပန်အမတ်နှင့် နစကဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 992

 

CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကို ဂျပန်လွှတ်တော်အမတ် Mr. Hiromichi Watanabe ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဂျပန်အမတ် Mr. Hiromichi Watanabe

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊ စီပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s

ကပ်ရောဂါနှိမ်နင်းရေးအောင်မြင်မှု မြောက်ကိုရီးယားကြေညာခြင်းမှာ အငြင်းပွားစရာဖြစ်နေ

By CNI
CNI
Category: Watch TV
Hits: 1730

Share
Tweet
Share
Share
powered by social2s
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဦးဖရန်စစ္စကို

ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1119

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁

ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုအား အမည်မသိ လူ ၂ ဦးမှ သေနတ်ဖြင့် လာရောက် လုပ်ကြံ၍ ယနေ့ (သြဂုတ် ၁၁ ရက်) နံနက်က သတ်ဖြတ်သွားကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီမှ ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်ရပ်အပေါ် ကယန်းစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီမှ လုံးဝ(လုံးဝ) လက်မခံနိုင်ကြောင်း၊ ထိုသို့ ပြုလုပ် ဖန်တီးမှု ကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း ထုတ်ပြန်ခဲ့သည်။

ဦးဖရန်စစ္စကိုသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာရှိ ၎င်း၏ စိုက်ခင်းအနီးမှာ လုပ်ကြံသတ် ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ယခုအချိန်ထိ မည်သည့် အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်က ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းဆိုသည်ကို တော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

ဦးဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီထုတ်ပြန်ချက်

ဦးဖရန်စစ္စကိုသည် ကယန်းလူမျိုးအရေး၊ စာပေနှင့် ယဉ်ကျေးမှုအရေးကို တက်တက်ကြွကြွ ပါဝင် ဦးဆောင်ပေးရုံမက၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းများတွင်လည်း အမြဲပံ့ပိုးကူညီလုပ်ဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်သည်ကို ကယန်း လူမျိုးအသိုင်းအဝန်းနှင့် အခြား ရင်းနှီးသော ပုဂ္ဂိုလ်များအသိပင်ဖြစ်ကြောင်း ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီက ယနေ့ (သြဂုတ် ၁၁ ရက်) ထုတ်ပြန်တွင် ပြောထားသည်။

ထို့ကြောင့် နိုင်ငံရေးအရှုပ်အထွေးကာလတွင် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုအား လုပ်ကြံ သတ်ဖြတ်ခြင်းသည် မှန်ကန်သော ပြဿနာဖြေရှင်းနည်း မဟုတ်သည့်အပြင် ကယန်းစာပေနှင့်ယဉ်ကျေးမှု၊ ကယန်းလူမျိုး အတွက်များစွာ ထိခိုက်နစ်နာဆုံးရှုံးရပါသည်ဟုလည်း အဆိုပါကော်မတီက ထုတ်ပြန်ခဲ့သည်။

ဦးဖရန်စစ္စကိုသည် ကယန်းစာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီတွင် ၂၀၁၂ မှ ၂၀၁၈ ခုနှစ်အထိ နာယကအဖြစ်လည်း ကောင်း၊ ၂၀၁၈ မှ ယနေ့အထိ(လုပ်ကြံသတ်ဖြတ်ခံရချိန်ထိ) ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ် သည်။

ထို့ပြင် ဦးဖရန်စစ္စကိုသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ်မဲဆန္ဒနယ်ကနေ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ လွှတ်တော်အမတ်ဖြစ်ခဲ့သေးသည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ ယှဉ်ပြိုင်ရာမှာတော့ အနိုင်မရခဲ့ပေ။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ခရိုင်းမီးယားရှိ ရုရှားလေတပ်စခန်းကို တွေ့ရစဉ် (AP)

ခရိုင်းမီးယား၌ ဗုံးပေါက်ကွဲ၍ ရုရှားစစ်လေယာဉ် ၉ စင်းပျက်စီးဟု ယူကရိန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1099

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၁

ခရိုင်းမီးယားရှိ လေတပ်စခန်းတစ်ခုတွင် ဆုံးရှုံးများပြားစေသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ရုရှားစစ်လေယာဉ် ၉ စင်း ပျက်စီးသွားခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည့် ယူကရိန်း၏ တိုက်ခိုက်မှု ဖြစ်ပုံရပြီး စစ်ပွဲအရှိန် သိသာစွာ တိုးလာသည့် လက္ခဏာတစ်ရပ် ဖြစ် ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ဩဂုတ် ၁၀ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုတွင် မည်သည့်လေယာဉ်မှ ထိခိုက်ပျက်စီးမှု မရှိကြောင်း ရုရှားက ငြင်းဆိုခဲ့သည်။

သို့သော် ဂြိုဟ်တုများ ရိုက်ကူးထားသော ဓာတ်ပုံများအရ အဆိုပါ လေတပ်အခြေစိုက်စခန်းရှိ စစ်လေယာဉ် ၇ စင်း ထက် မနည်း ပေါက်ကွဲခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီး အခြားစစ်ဘက် အသုံးအဆောင်များလည်း ဆုံးရှုံးသွားနိုင်ခြေ ရှိနေသည်။

ယူကရိန်းအစိုးရသည် အဆိုပါ ဗုံးကွဲမှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မပြုသော် လည်း အခင်းဖြစ်ပွားရာ ဆာကီ (Saki) လေတပ်စခန်းတွင် ဆေးလိပ်သောက်သူတစ်ဦး ပေါ့လျော့မှုကြောင့် ပေါက်ကွဲစေသည့် ခဲယမ်းမီးကျောက်များ မီးစွဲသွားခဲ့ကြောင်း ရုရှား၏ ရှင်းလင်းချက်ကို ယူကရိန်းက လှောင် ပြောင် သရော်ခဲ့သည်။

အထက်ပါ ရုရှား၏ ရှင်းလင်းချက်သည် အဓိပ္ပါယ်ကင်းမဲ့နေသလို ယူကရိန်းစစ်တပ် အနေဖြင့်လည်း လေတပ် စခန်းကို တိုက်ခိုက်ရန် သင်္ဘောဖျက်ဒုံးကျည်များ သုံးကောင်းသုံးနိုင်ကြောင်း စစ်ရေး လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြသည်။

ခရိုင်းမီးယားကျွန်းဆွယ်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဆာဂျီအက်ဆိုင်ယိုနော့ဗ် (GETTY IMAGES)

အကယ်၍ ထိုပေါက်ကွဲမှု၌ ယူကရိန်း အမှန်တကယ် တာဝန်ရှိသည်ဟုဆိုလျှင် ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ရုရှားစစ် စခန်းတစ်ခုကို ပထမဆုံး လူသိရှင်ကြား ပစ်မှတ်ထား တိုက်ခိုက်မှု ဖြစ်လာပေမည်။ အဆိုပါ ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် ယူကရိန်းတို့လက်ထဲမှ ရုရှားသိမ်းပိုက်ခဲ့ပြီး ယခုစစ်ပွဲ၌ ယူကရိန်းတောင်ပိုင်း ဒေသများကို တိုက်ခိုက်ရန် ဆာကီလေတပ်စခန်းကို အသုံးပြုနေသည်။

ခရိုင်းမီးယားသည် ယူကရိန်းရော ရုရှားအတွက်ပါ အရေးပါသည့် ဒေသဖြစ်သည်။ ယူကရိန်းသည် အဆိုပါ ဒေသ အပါအဝင် သိမ်းပိုက်ခံထားရသော နယ်မြေအသီးသီးမှ ရုရှားတို့ကို မောင်းထုတ်မည်ဟု ကြုံးဝါးထားသော်လည်း ခရိုင်းမီးယားကို ရုရှား၏ အစိတ်အပိုင်းအဖြစ် ယူကရိန်း အသိအမှတ်ပြုရေးမှာ လတ်တလော တိုက်ပွဲများ အဆုံး သတ်ရေးအတွက် အဓိက အကြောင်းအရင်း တစ်ခုဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အနီးအနားရှိ ကမ်းရိုးတန်းသို့ မီးခိုးမြူများ လွင့်တက်လာခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရခဲ့သဖြင့် ကမ္ဘာလှည့်ခရီးသွားများ အထိတ်တလန့်ဖြင့် ပြေးလွှားခဲ့ကြသည်။

အဆောက်အဦးတချို့မှ ကွဲအက်နေသော ပြတင်းပေါက်များ၊ အုတ်များ လွင့်စဉ်နေပုံများကို ဗွီဒီယိုမှတ်တမ်းတွင် တွေ့ရကြောင်း အေပီသတင်းက ဆက်လက် ရေးသားထားသည်။

တိုက်ခန်းပေါင်း ဆယ်ဂဏန်းခန့် ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခန်းများတွင် နေထိုင်သူများအား ယာယီအိမ်ရာများ သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ခရိုင်းမီးယားကျွန်းဆွယ်မှ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး ဆာဂျီအက်ဆိုင်ယိုနော့ဗ်က ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
တရုတ်နဲ့ အိန္ဒိယ နယ်နိမိတ်သတ်မှတ်ချက်အနီးက အိန္ဒိယစစ်သားတစ်ဦး(GETTY IMAGES)

ကက်ရှ်မီးယားစိန်ခေါ်မှု၌ အိန္ဒိယ၏နိုင်ငံခြားရေးမူဝါဒ တရုတ်ဘက်လှည့်လာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2174

CNI International News

နယူးဒေလီ၊ ဩဂုတ် ၁၁

ကက်ရှ်မီးယား၏ လာဒက်နယ်မြေအတွင်း အိန္ဒိယနှင့်တရုတ် စစ်သားများကြား နယ်နိမိတ် ပဋိပက္ခ ဖြစ်ပွားပြီးနောက် အိန္ဒိယ ၏ နိုင်ငံခြားရေးမူဝါဒသည် တရုတ်ဘက်လှည့်လာကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကက်ရှ်မီးယား၏ လာဒက်နယ်မြေအတွင်း အိန္ဒိယနှင့်တရုတ်စစ်သားများ အသေအပျောက် များခဲ့ သည့် နယ်နိမိတ်ပဋိပက္ခ ဖြစ်ပွားပြီးနောက် နယူးဒေလီမြို့တော်ရှိ မူဝါဒချမှတ်သူများသည် ၇၅ နှစ်ပြည့် အိန္ဒိယ လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မူဝါဒရေးရာ သိသာစွာ ပြောင်းလဲမှုအနေဖြင့် ဘေဂျင်းဘက်သို့ အာရုံစိုက် လာခဲ့ကြ သည်။

သာယာလှပသော ဟိမဝန္တာဒေသဖြစ်သည့် ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍ အိန္ဒိယသည် ၎င်းနှင့်အငြင်းပွားနေသည့် ပါကစ္စတန်ကို တားဆီးရန် ဆယ်စုနှစ်များစွာ ကြိုးပမ်းနေခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားထားသည့် အဆိုပါဒေသကို ပိုင်ဆိုင်ကြောင်း နှစ်ဘက်စလုံးက အခိုင်အမာ ပြောကြားခဲ့ပြီး မဆုတ် မနစ်သော ပြိုင်ဆိုင်မှု အနေဖြင့် ပါကစ္စတန်ကလည်း နယူးဒေလီအစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို အမြဲအာရုံစိုက်နေခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုအခါ ပါကစ္စတန်ထက် သာလွန်သည့် အိန္ဒိယ၏ စီးပွားရေး ကြီးထွားလာမှုသည် အာရှတလွှားတွင် ဘေဂျင်း၏ အရှိန် အဟုန် တိုးလာခြင်းနှင့် ပေါင်းစပ်ရန် လိုအပ်လာပြီ ဖြစ်သည်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုတွေ့ရစဉ် (AP)

“နယူးဒေလီဟာ ဘေဂျင်းကို ဗဟိုပြုမှု ပိုများလာနေပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဒီအက်စ် ဟိုဒါ (D.S Hooda) က ပြောကြားခဲ့သည်။

၎င်းသည် လာဒက်နယ်မြေ အပါအဝင် ကက်ရှ်မီးယားကို ထိန်းချုပ်သည့် အိန္ဒိယစစ်တပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဦးဆောင်ခဲ့ဖူးသူ ဖြစ်သည်။

အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ဗြိတိသျှကိုလိုနီ လက်အောက်မှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေး ရပြီးကတည်းက သူပုန်ထကြွ မှုများ၊ ပိတ်ဆို့မှုများ၊ နိုင်ငံရေးအရ နှိမ်နင်းမှုများနှင့်အတူ ကက်ရှ်မီးယားဒေသ အရေးအတွက် ထိပ်တိုက် တွေ့ခဲ့ကြသည်။

ထို့ပြင် အိန္ဒိယသည် ပါကစ္စတန်နှင့် တရုတ်တို့ကို ရင်ဆိုင်ခဲ့သည့် စစ်ပွဲ ၄ ခုအနက် နှစ်ခု၏ အချက်အချာလည်း ဖြစ်ခဲ့သည်။

အဆိုပါ ၃ နိုင်ငံတို့၏ နယ်နိမိတ်ကိစ္စ တင်းမာမှုသည် ကမ္ဘာ့တစ်ခုတည်းသော နေရာတွင် နျူကလီးယား လက်နက်ပိုင်ရှင်များ သုံးပွင့်ဆိုင် နယ်မြေ အငြင်းပွားမှုအဖြစ် ဆုံသွားခဲ့ကြသည်။

အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် နယ်စပ်ထိစပ်မှုကိုတွေ့ရစဉ် (GETTY IMAGES)

အိန္ဒိယသည် ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ ဘက်မလိုက် လှုပ်ရှားမှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ ထိုစဉ် ဘက်မလိုက် နိုင်ငံများအဖွဲ့တွင် သီအိုရီအရ စစ်အေးကာလ၌ မည်သည့်ဩဇာမှ မခံယူလိုသည့် နိုင်ငံပေါင်း ၁၀၀ ကျော် စုစည်းဖွဲ့စည်းထားသည်။

အိမ်နီးချင်း ဖြစ်ကြသည့် ပါကစ္စတန်၊ တရုတ်တို့နှင့် အငြင်းပွားနေသော်လည်း အိန္ဒိယ၏ ဘက်မလိုက်သော ရပ်တည်ချက် သည် ၎င်း၏နိုင်ငံခြားမူဝါဒအတွက် အခြေခံအုတ်မြစ်အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း ပါကစ္စတန်နှင့် ကက်ရှ်မီးယားအရေး၌ တွန်းအားတစ်ခု ပေါ်ပေါက်စေဖို့ အိန္ဒိယသံတမန်များက အဓိက အာရုံစိုက် ထားကြဆဲ ဖြစ်သည်။

“ကက်ရှ်မီးယားအရေးဟာ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ စိုးရိမ်မှုတွေအတွက် အဓိက သော့ချက်တစ်ခုလည်း ဖြစ်ပါ တယ်” ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ကန်ဝဲလ်စီဘဲက ပြောကြားခဲ့သည်။ ၎င်းသည် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ဝန်ကြီးအဆင့် တာဝန်ထမ်းခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80
  • 81
  • 82
  • 83

Page 79 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar