CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေ ရေးဆွဲကျင့်သုံးနိုင်မှ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မည်

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာ အရေးပေါ်အခြေအနေကြေညာခြင်း သက်တမ်းထပ်မတိုးဟု သမ္မတရုံးထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s

ကင်ညာရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် စိန်ခေါ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s
ခရိုင်းမီးယား လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်နေစဉ်(AP)

ခရိုင်းမီးယားရှိ ရုရှားခဲယမ်းမီးကျောက် သိုလှောင်ရုံ ပေါက်ကွဲပြီး မီးလောင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1925

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၇

မော်စကို(ရုရှား)သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ရုရှားစစ် အခြေစိုက် စခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဖောက်ခွဲဖျက်ဆီးခဲ့သူများကို ရုရှားက အပြစ်တင်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ပုဒ်တွင် တွေ့ရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကိယက်ဗ်က တာဝန်ရှိသည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း၊ မိမိတို့၏ မဟာဗျူ ဟာ ရုရှားကျူးကျော်မှုအား အထောက်အကူ ဖြစ်စေမည့် လမ်းကြောင်းများကို ဖျက်ဆီးပစ်ရန် ဖြစ်သည်ဟု ယူကရိန်း အစိုးရဘက်မှ ပြောကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၆ ရက် ဗုံးပေါက်ကွဲမှုသည် ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းရှိ ရုရှားစခန်းတွင် ဖြစ်ပွားခဲ့ပြီး ခဲယမ်း မီးကျောက်များကြားမှ ပွင့်ထွက်သွားခဲ့ရာ မီးရထားသံလမ်းများ ပြတ်တောက်ခဲ့သည့်အပြင် အနီးအနား ကျေးရွာမှ လူပေါင်း ၂,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပေးခဲ့ရကြောင်း ရုရှားအာဏာပိုင်များနှင့် သတင်းဌာနများက အတည်ပြု ခဲ့ကြသည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း ခရိုင်းမီးယား အလယ်ပိုင်းဒေသရှိ ဒုတိယမြောက် ရုရှားစစ်အခြေစိုက် စခန်းတွင် လည်း မီးခိုးလုံးများ မြင်တွေ့ခဲ့ရသည်ဟု ရုရှားပြည်တွင်းထုတ် Kommersant သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ယခင် သီတင်းပတ်ကလည်း ခရိုင်းမီးယား အနောက်ပိုင်းရှိ ရုရှားလေတပ်စခန်း တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ရာ စစ်လေယာဉ် ၈ စင်း ပျက်စီးခဲ့သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

ခဲယမ်းမီးကျောက် သိုလှောင်ရုံအတွင်း ဩဂုတ် ၁၆ ရက် ပေါက်ကွဲမှုမှာ အဖျက်အမှောင့် လုပ်ငန်းသာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် မော်စကို သိမ်းပိုက်ခဲ့သော ခရိုင်းမီးယား ကျွန်းဆွယ်သည် ယခုစစ်ပွဲ၌ ယူကရိန်းတောင်ပိုင်းတွင် ဖြန့်ကြက်ထားသော ရုရှားတပ်များအတွက် အဓိကထောက်ပံ့ရေး လမ်းကြောင်းဖြစ်ပြီး ရုရှား၏ ပင်လယ်နက် စစ်သင်္ဘောအုပ်စု အခြေပြု ဆိုက်ကပ်ရာလည်း ဖြစ်သည်။

ထိုနေရာ၌ ရုရှား၏ ဆုံးရှုံးနစ်နာမှုများကို ယူကရိန်းအာဏာပိုင်များက အတိအလင်း အားရကျေနပ်ကြောင်း ပြသသော်လည်း ဗုံးပေါက်ကွဲမှုအတွက် တာဝန်ရှိသည်ဟု အတည်ပြုခြင်း (သို့မဟုတ်) တစုံတရာ ငြင်းဆိုခြင်း မရှိပေ။

ယင်းဖြစ်စဉ်သည် စစ်ကင်းမဲ့ဇုန် အားထုတ်မှု (demilitarization) ဟူ၍ ယူကရိန်းသမ္မတ၏ အကြံပေး မီးခေလို ပိုဒေါ်ယက်နှင့် အစိုးရဝန်ထမ်းအကြီးအကဲ အန်ဒရီးယာမက်တို့က လူမှုကွန်ရက်ပေါ်သို့ လွှင့်တင်၍ နှစ်ထောင်း အား ရရှိကြောင်း ပြသခဲ့ကြသည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

စစ်ကင်းမဲ့ဇုန် အားထုတ်မှု စကားလုံးသည် ရုရှားက ၎င်း၏ကျူးကျော်စစ်ကို အကြောင်းပြရန်အတွက် သုံးနှုန်းလေ့ ရှိခဲ့ပြီး ယင်းစကားလုံးကိုပင် ယူ၍ ယူကရိန်းတို့ သရော်လှောင်ပြောင် ကြခြင်းဖြစ်သည်။

“ယူကရိန်းတပ်များသည် တိကျသောပုံစံဖြင့် စစ်ကင်းမဲ့ဇုန် အားထုတ်မှု စစ်ဆင်ရေးကို ယူကရိန်းနယ်မြေများ အလုံးစုံ သိမ်းပိုက်ခြင်း မပြုမီအထိ ဆက်လက် လုပ်ဆောင်သွားမည်” ဟု အန်ဒရီးယာမက်က တယ်လီဂရမ်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ယူကရိန်း၏ မဟာဗျူဟာမှာ ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ရေး အခြေခံ အဆောက်အအုံဆိုင်ရာ ပစ္စည်းအသုံးအဆောင်များ ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ရုရှားစစ်အခြေစိုက် စခန်းများနှင့် လက်နက်ခဲယမ်း သိုလှောင်ထားမှုများကို ရှင်းလင်းရန် ယူကရိန်းနိုင်ငံသားများ အား သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။

“သူတို့ရဲ့ လက်နက်ခဲယမ်းတွေ၊ စစ်ရေးနဲ့ တခြားပစ္စည်းတွေ၊ ကွပ်ကဲရေးစခန်းတွေကို ဖျက်ဆီးတဲ့နည်းနဲ့ ကျနော် တို့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်သွားမှာပါ” ဟု ၎င်းက ညစဉ်မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဩဂုတ် ၁၆ ရက် ပေါက်ကွဲမှုအတွင်း လျှပ်စစ်ဓာတ်အားခွဲရုံ တစ်ရုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရုရှား အစိုးရ ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ မီးရထား ၇ စင်း ပြေးဆွဲမှု နှောင့်နှေးခဲ့ရပြီး ခရိုင်းမီးယားမြောက်ပိုင်းရှိ ရထားသံလမ်းကို ယာယီပိတ်ထားခဲ့ရကြောင်း ရုရှားသတင်းဌာန RIA က ရေးသားဖော်ပြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

NLD မှာ တွေ့ဆုံဆွေးနွေးလိုသူများ ရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1545

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇

လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ တွေ့ဆုံ ဆွေးနွေးလိုသူများ ရှိနေသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သြဂုတ် ၁၇ ရက်နေ့က ကျင်းပသည့် နစက၏ ၁၉ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ NLD ပါတီထဲမှာ ရှိနေတဲ့ အခုချိန်ထိ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားလို့တဲ့ သူတွေရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တချို့သော ကျန်ရစ်ခဲ့တဲ့ ၈၈ ပေါ့နော်။ ၈၈ မျိုးဆက်က နေ ကျန်ရစ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်တွေကိုလည်း ကျနော်တို့ သိရပါတယ်။ NLD ပါတီ ဝင် အများစု အရင်ကတည်းက ဒီပြည်တွင်းမှာပဲ ရှိတယ်။ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ ယခင်က လည်း ယုံကြည်ခဲ့တယ်။ အခုချိန်ထိ ကိုင်ဆွဲနေကြတုန်းဆိုတာလည်း ကျနော်တို့ လည်း သိရပါတယ်”ဟု ပြောသည်။

တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုသူများ ရှိသည်ဟု ပြောသော်လည်း မည်သူများ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော် ပြောသွားခြင်း မရှိပေ။

ဗိုလ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ခေါင်းဆောင်များကိုတွေ့ရစဉ်

ထို့နောက် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံလောက်သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း လက်မှတ်ရေးထိုး၍ ပြည်တွင်းမှာ ကျန်ခဲ့ကြောင်း၊ တောထဲကို ရောက်ရှိသွားသူများသည် ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ NLD ပါတီထဲ ရောက်ရှိလာသူများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့ သည် တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီးနောက် ဖမ်းဆီး တရားစွဲဆိုခံထားရသည်။ ထို့နောက် တခြား သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည်။

စစ်တပ် ဆန့်ကျင် ဆန္ဒပြမှုများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ရောက်ရောက် မည်သည့် အချိန်ရောက် ပါစေ NLD ပါတီဝင်ထားလျှင် NLD ပါတီဝင်သာဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေးကို လူထုအများစုက လက်ရှိ မှာ လက်မခံနိုင်သေးသည့်အတွက် NLD ထဲက စေ့စပ်ညှိနှိုင်းရေး လုပ်လိုသူများအနေဖြင့် အကောင်အထည် ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ နစကဘက်ရော စေ့စပ်ဆွေးနွေးရေးကို အကောင်အထည်ဖော်မည့် အလားအ လာ မရှိဘူးဟု မြင်ကြောင်း ပြောသည်။

၎င်းက “ ဖေဖော်ဝါရီ ၁ ရက်နေ့ ရှေ့ပိုင်းကိုကြည့်ရင် စစ်တပ်က ဆွေးနွေးဖို့ တောင်းဆိုတာမှာ NLD ဘက်က သိပ်မသွားလိုတာတွေ့ရတယ်။ ဒီနောက်မှာ အာဏာသိမ်းမှုဆိုတာ ဖြစ်လာတယ်။ အခု အာဏာသိမ်းပြီး စစ်တပ် က သူသွားလိုတဲ့ အခြေအနေကို တည်ဆောက်နေချိန်မှာ သူကရော စေ့စပ်ဆွေးနွေးရေးကို သွားချင်သေးရဲ့ လား မေးစရာရှိတယ်။ သူလည်း သွားမယ် မထင်ပါဘူး။ လူထုကို ကြည့်ရင်လည်း လူထုက သွေးကြွေးမှာ ဆွေး နွေးစရာမရှိဘူး ရပ်တည်နေတော့ NLD ဘက်ကရော သွားနိုင်ပါ့မလား၊ တတိယအဖွဲ့အစည်းက ဒီအခင်း အကျင်း ပေါ်လာအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲတော့ စောင့်ကြည့်ရမယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နစက နှင့် NUG ကြား တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာရေး အားပြိုင်လျက်ရှိသလို တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိ နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂတ်စ်အိုးကိုင်ပြီး ဆန္ဒပြနေသည့် သီရိလင်္ကာပြည်သူတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

သီရိလင်္ကာ အရေးပေါ်အခြေအနေကြေညာခြင်း သက်တမ်းထပ်မတိုးဟု သမ္မတရုံးထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1140

CNI International News

ကိုလံဘို၊ ဩဂုတ် ၁၇

စီးပွားရေးချွတ်ခြုံကျခဲ့ရသော သီရိလင်္ကာနိုင်ငံတွင် အခြေအနေတည်ငြိမ်သွားပြီဖြစ်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ထိန်းချုပ်ရန် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကို နောက်ထပ်သက်တမ်းတိုးမည် မဟုတ်တော့ကြောင်း သမ္မတရုံးက ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် လအတန်ကြာ ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ သမ္မတ ဟောင်း ရာထူးမှ နုတ်ထွက်ကာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားပြီးနောက် ၄ ရက်အကြာ ဇူလိုင် ၁၄ ရက်တွင် ရာနေးဝီကရီမီဆင်က လက်ရှိသမ္မတတာဝန်ကို ယူခဲ့သည်။ ထို့နောက် ၎င်းက ပြင်းထန်သည့် ဥပဒေများကို ထုတ်ပြန်၍ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့သည်။

လက်ရှိသမ္မတအနေဖြင့် ဝီကရီမီဆင်ချမှတ်ထားသော အရေးပေါ်အခြေအနေသည် ယခင်သီတင်းပတ် ဩဂုတ်လ ၁၁ ရက်တွင် သက်တမ်းကုန်ခဲ့ပြီဖြစ်၍ လစဉ် သက်တမ်းတိုးလိုလျှင်လည်း တိုးနိုင်သည်။

“တိုင်းပြည်အခြေအနေက တည်ငြိမ်သွားပါပြီ။ ဒီတစ်ပတ်ပြီးတာနဲ့ အရေးပေါ် အခြေအနေ ဆက်လက်ပြဋ္ဌာန်း ထားဖို့ မလိုအပ်တော့ပါဘူး” ဟု သမ္မတရုံး၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ထားစဉ်ကာလ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲများက သံသယရှိသူများကို ကြာရှည်ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။

သီရိလင်္ကာရှိ လုံခြုံရေးရဲများနှင့် ပြည်သူတို့ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် သမ္မတထံမှ စည်းမျဉ်းများ ကန့်သတ်မှု၊ တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းမရှိဘဲ နိုင်ငံသားများ၏လွတ်လပ်ခွင့်ကို ဟန့်တားမှုတို့ကြောင့် ယင်းလုပ်ရပ်သည် ပြင်းထန်သော ခြေလှမ်းတစ်ရပ်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ကြသည်။

ဝီကရီမီဆင်၏ရှေ့က သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ထောင်နှင့်ချီသော ဆန္ဒပြသူများက ၎င်း၏တရားဝင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်လျက် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ပြည်တွင်းရှိ လူဦးရေ ၂၂ သန်းအတွက် အရေးကြီးဆုံး သွင်းကုန်များရရှိရန် ဘဏ္ဍာရေးလိုအပ်ချက်အဖြစ် နိုင်ငံခြားသုံး ငွေကြေးကို သီရိလင်္ကာတွင် အရေးတကြီးရှာဖွေခဲ့ရသည်။ ယမန်နှစ်နှောင်းပိုင်းမှစ၍ မရှိမဖြစ် လူ့အသုံး အဆောင်များအတွက် ပစ္စည်းပြတ်လပ်သည့်ဒဏ်ကို လူထုက ကြံ့ကြံ့ခံခဲ့ရသည်။

နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ သန်း မဆပ်နိုင်တော့၍ သီရိလင်္ကာသည် ဒေဝါလီခံခဲ့ရပြီး ဘဏ္ဍာရေး ကယ်ဆယ်ဖို့ ထွက်ပေါက်အဖြစ် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) နှင့် ဆွေးနွေးနေသည်။

Source: AFP, CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1595

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံသဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မိမိတို့ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ခုထားရှိထားကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်က ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးကို ကျနော်တို့ သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာ ပေါ့။ နားမလည်တဲ့ သူကတော့ ဘေးကနေ ပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျနော်တို့ ဆွေးနွေးထား ပြီးပြီ။ မနေ့တနေ့ကပဲ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်။ ကျနော်တို့ အားလုံးအောင်မြင်ပါတယ်။ ခုနပြောတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကို ခင်ဗျားတို့ လက်ခံလားမေးတော့ အကုန်လုံး လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ် ပြန်တွေ့မယ်၊ ဒီလထဲ ပြန်တွေ့ဖို့ ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်၊ စက်တင်ဘာလ ကျလို့ရှိ ရင် တစ်ခါသူတို့နဲ့ အားလုံး ပြန်တွေ့မယ်၊ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားမယ်၊ ဒီအတွက်တော့ ဘယ် လောက်ကြာမလဲ ကျနော် မပြောနိုင်သေးဘူး။ အခြေခံ သဘောတူညီချက် ရ ရှိပြီးဖြစ်တဲ့ အတွက်ကြောင့် ကျနော်အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဒါကို ဘာကြောင့် EAO တချို့အဖွဲ့တွေက နားလည်မှု မရှိနိုင်လဲဆိုတာ ကျနော်လည်း မတွေးတတ်ဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် 

တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို မျှော်မှန်းပြီး အဆိုပါ အချက်နှစ်ချက်အပေါ် အခြေခံပြီး လုပ်ဆောင် မည်ဆိုပါက မအောင်မြင်နိုင်စရာမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစက အနေဖြင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့်အတွက် တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိရေးမှာ မဖြစ်နိုင်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သို့ ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုတိုက်ပွဲ သိပ်မရှိတဲ့ EAO အဖွဲ့တွေ တွေ့တာပေါ့နော်။ အဓိက တိုက်ပွဲဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ PDF တွေ အဲဒီလိုမျိုး ဖိတ်ကြားတာတော့ မရှိဘူးပေါ့နော်။ သူတို့လည်း လက်မခံတဲ့ ပုံစံမျိုးပေါ့။ တကယ့်တကယ် ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ဟာကို လျှော့ချပြီးတော့ ဆွေး နွေးရေးအတွက် အားလုံး ပါဝင်ဖို့ လိုတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်ပဲ လုပ်လုပ် ဟိုအဖွဲ့ချန်မယ်၊ ဒီအဖွဲ့ ချန် မယ်၊ အားလုံးပါဝင်မှု မရှိဘူးဆိုရင်တော့ ကျနော် ထင်တာကတော့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး လို့ အဲဒီလိုမျိုးတော့ မြင်ပါတယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၊ NCA မထိုးရသေး သည့် လက်နက်ကိုင် အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက် ဆွေးနွေးထားသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA မူအတိုင်း အခြေခံသွားမည်ဖြစ်ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။

နန်းယဉ်ယဉ်စိုးက “အစ်မတို့ကတော့ ဒီမိတ်ဖက် ပဋိပက္ခရှိတယ်၊ ရန်ဖက် ပဋိပက္ခ ရှိတယ်ပေါ့နော်။ အစ်မတို့က တော့ အခု မိတ်ဖက်ပဋိပက္ခနဲ့ သွားတယ်။ မိတ်ဖက် ပဋိပက္ခဆိုတာက တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစ်မတို့က ရွေးထားတဲ့ အတွက်ကြောင့်မို့လို့ မိတ်ဖက်ပဋိပက္ခနဲ့ သွားတဲ့အခါအပေါ်မှာ ရန်ဖက် ပဋိပက္ခတွေ က တော့ ရန်-ငါ-စည်း ပြတ်ဆိုတဲ့အတိုင်းပဲ စစ်ဘောင်တွေကို ချဲ့လာမယ်ဆိုရင်တော့ အစ်မတို့ အားလုံးက ထိခိုက် ကြမှာ ပြည်သူလူထုတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အစ်မတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ဆွေးနွေးရေး လမ်းကြောင်းကို ရွေးတဲ့အခါမှာ အနည်းနဲ့အများ စစ်ဘောင်တွေက ကျဉ်းသွားမယ်၊ နေ့စဉ် ပြည်သူ တွေ နိစ္စဓူဝ ခံစားနေရတဲ့ သေကြေမှုတွေ လျော့လာမှာပေါ့နော်။ ဒါကြောင့် အစ်မတို့က နိုင်ငံရေးဘောင်ကို ကျယ် သထက်ကျယ်၊ ဆွေးနွေးရေးဘောင်ကို ချဲ့ပြီးတော့မှ စစ်ဘောင်ကို ကျဉ်းခြင်းအားဖြင့် လက်တွေ့ ပြည်သူလူထု တွေကတော့ နေ့စဉ် သေကြေနေတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်ခံစားနေရတဲ့ ဟာတွေကတော့ လက်တွေ့မှာက တော့ အနည်းနဲ့ အများတော့ လျော့ကျသွားမှာ အမှန်ပဲပေါ့” ဟု ပြောသည်။

NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထို့ကြောင့် အဖွဲ့အစည်းများ အားလုံး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ ၎င်း၏ မဲဆွယ်ရေးရုံးရှေ့တွင် မိန့်ခွန်းပြောကြားနေစဉ်(ဓါတ်ပုံ-အေပီ)

ကင်ညာရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် စိန်ခေါ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1154

CNI International News

နိုင်ရိုဘီ၊ ဩဂုတ် ၁၇

အာဖရိကတိုက် အရှေ့ပိုင်းရှိ ကင်ညာနိုင်ငံတွင် ဒုတိယသမ္မတ ဝီလျံရူတို (William Ruto) အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲရလဒ်များကို အခြေခံဥပဒေနှင့် တရားရေးနည်းလမ်းများသုံး၍ ဆက်လက်စိန်ခေါ်သွားမည်ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ (Raila Odinga)က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံအတွက် အတည်ငြိမ်ဆုံးဖြစ်စေမည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရေးမှာလည်း မသေချာ မရေရာ ရှိနေသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုသီတင်းပတ်များအတွင်း ကင်ညာနိုင်ငံ၌ အငြင်းပွားမှုများ ပေါ်ပေါက်နေပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲ ထပ်မံကျင်းပမည့်အမိန့်ကို တရားရုံးချုပ်က ထုတ်ပြန်မည့်အလားအလာလည်း ရှိနေသည်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ကီဘဲရာရပ်ကွက်တွင် ရိုင်လာအိုဒင်ဒါကို ထောက်ခံသူတစ်ဦးက "No Raila, No Peace" ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေစဉ်(ဓါတ်ပုံ-အေပီ)

ရွေးကောက်ပွဲနောက်ပိုင်း အကြမ်းဖက်မှုသမိုင်းနောက်ခံရှိသော ကင်ညာတွင် ယခုကာလ၌လည်း ပြည်သူများ တည်တည်ငြိမ်ငြိမ် ရှိကြပါရန် ဘာသာရေးနှင့်အခြားကဏ္ဍခေါင်းဆောင်များက မေတ္တာရပ်ခံပန်ကြားခဲ့ကြသည်။

“ဥပဒေကို ဘယ်သူကမှ ကိုယ့်ထဲ ဆုတ်ကိုင်မထားမိစေနဲ့” ဟု ရိုင်လာအိုဒင်ဂါက ၎င်းကို ထောက်ခံအားပေးသူ များအား ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံအနောက်ပိုင်းရှိ အိုဒင်ဂါ၏ အမာခံမဲဆန္ဒနယ်ဖြစ်သည့် ကီစူမူမြို့တွင် ဒေသခံအချို့က လမ်းပေါ်ဆန္ဒ ပြရင်း မျက်ရည်ယိုဗုံးဒဏ်ခံစားရမှုကို ငြီးငွေ့လာပြီဟု ပြောကြားခဲ့ကြသည်။

ဩဂုတ် ၁၅ ရက်တွင် ကင်ညာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက စုစုပေါင်းမဲများ၏ ၅၀ ဒသမ ၅ ရာခိုင်နှုန်း နီးပါး ဖြင့် ရူတို အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အိုဒင်ဂါ၏ ပြောကြားချက် ပထမဆုံး ထွက်ပေါ်လာခဲ့ သည်။

ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်း ဝီလျံရူတို ကို ထောက်ခံအားပေးသူများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ကော်မရှင်အဖွဲ့ဝင် ၇ ဦးအနက် ၄ ဦးက မဲရလဒ်များကို မထောက်ခံနိုင်ကြောင်း ရုတ်ခြည်း ကြေညာခဲ့ကြပြီး အိုဒင်ဂါထောက်ခံသူများက ကြေညာသည့်နေရာရှိ ကျန်ရှိသော ကော်မရှင်အဖွဲ့ဝင် ၃ ဦးနှင့် ထိပ်တိုက် တွေ့ခဲ့ကြသည်။

အသက် ၇၇ နှစ်ရှိ အိုဒင်ဂါသည် ကင်ညာနိုင်ငံ၏ သမ္မတရာထူးကို ရာစုနှစ်တစ်ခု၏လေးပုံတစ်ပုံအထိ စံစားခဲ့သူ ဖြစ်သည်။

တရားရုံးချုပ်ထံသို့ ရွေးကောက်ပွဲရလဒ် မကျေနပ်ကြောင်း အယူခံလွှာတင်ရန် ဩဂုတ် ၁၅ ရက်တွင် အိုဒင်ဂါက ကြေညာခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကင်မ်ဂျုံအန်း နဲ့ ဒွန်ဘတ်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင်

မြောက်ကိုရီးယားနှင့်အကျိုးတူဆက်ဆံရေး ဒွန်နက်စ်ဒေသခေါင်းဆောင် ကမ်းလှမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 991

CNI International News

ပြုံယမ်း၊ ဩဂုတ် ၁၇

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒွန်နက်စ်ဒေသမှ ရုရှားကျောထောက်နောက်ခံတပ်ဖွဲ့ခေါင်းဆောင်က မြောက်ကိုရီး ယား ခေါင်းဆောင် ကင်မ်ဂျုံအန်းထံသို့ အကျိုးတူဆက်ဆံရေးတစ်ရပ် ထူထောင်၍ ပူးပေါင်းဆောင်ရွက်သွား ကြရန် ‌သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများတွင် ပြန်လည်ထူထောင်ရေးစီမံကိန်းများအတွက် မြောက်ကိုရီးယားအစိုးရက လုပ်သားများစေလွှတ်ပေးရန် စဉ်းစားနေသည့်အချိန်၌ ယခုကဲ့သို့ သဝဏ်လွှာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လ၌ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်နယ်မြေဖြစ်သည့် ဒွန်နက်စ်နှင့်လူဟန့်စ် ဒေသတို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသော ကမ္ဘာ့နိုင်ငံ အနည်းငယ်ထဲတွင် မြောက်ကိုရီးယားလည်း ပါဝင်လာခဲ့သည်။ သို့ဖြစ်၍ ကိယက်ဗ် အစိုးရ(ယူကရိန်း)က ပြုံယမ်းနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ရန် အကြောင်းဖန်လာခဲ့သည်။

အဆိုပါ ဒေသနှစ်ခုအတွက် ပြန်လည်ထူထောင်ရေး စီမံကိန်းများသို့ လုပ်သားများ စေလွှတ်မည့် အစီအစဉ်ကို မြောက်ကိုရီးယား စဉ်းစားသုံးသပ်နေပြီး ယင်းစီမံကိန်းများသည် ၎င်း၏အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေ နိုင်သည်။

ဒွန်နက်စ်သံအမတ် အော်ဂါမာကီးဗာနဲ့ မြောက်ကိုရီး ယား သံအမတ် စင်ဟောင်ချွဲ (GETTY IMAGES)

သို့သော် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူထားမှုကိုလည်း မြောက်ကိုရီးယားက လွန်ဆန်လိုသည့် အရိပ်အယောင် တွေ့နေရကြောင်း အေပီက ဆက်လက် ရေးသားသည်။

ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) က ၎င်း၏ ရုရှား ကျောထောက် နောက်ခံ သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားပြည်သူများ အကျိုးစီးပွားအတွက် တန်းတူရည်တူ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဩဂုတ် ၁၅ ရက်၌ ပေးပို့သည့် သဝဏ်လွှာထဲတွင် ဖော်ပြထားသည်ဟု မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာန KCNA က ဩဂုတ် ၁၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ ဒွန်နက်စ်သံအမတ် အော်ဂါမာကီးဗာ (Olga Makeeva) သည် ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီး ယား သံအမတ် စင်ဟောင်ချွဲ (Sin Hong Chol) နှင့် မော်စကိုမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ဒွန်နက်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ယခုနောက်ပိုင်း မြောက်ကိုရီးယားသည် ကူးစက်ရောဂါဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုများကို ဖြေလျော့လိုက်ပြီး နောက် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုပ်သား အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် အလားအလာကောင်းများ ရှိလာလိမ့်မည်ဟု စင်ဟောင်ချွဲက ပြောကြားခဲ့ကြောင်း ဒွန်နက်စ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
SSPP ရဲဘော် အမျိုးသမီးများကိုတွေ့ရစဉ် (SSPP Info)

ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေ ရေးဆွဲကျင့်သုံးနိုင်မှ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1330

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇

လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို ဖက်ဒရယ်ဒီမိုကရေစီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးနိုင်မှ ဖြေရှင်းနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်(SSPP/SSA)က ထုတ်ပြန် ပြောကြားခဲ့သည်။

သြဂုတ် ၁၆ ရက်နေ့က ကျရောက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်ပြည့် နှစ် ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများ၊ စီးပွားရေး အကျပ် အတည်းများနှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန် အထူးပင်လိုအပ်နေကြောင်း၊ ပကတိဖြစ်တည်နေသော နိုင်ငံရေး အကျပ်အတည်းများကို ဝိုင်းဝန်းမဖြေရှင်းနိုင်သေးသရွေ့ ပြည်တွင်းစီးပွား ရေး အကျပ်အတည်းနှင့် လူမှုရေးပြဿနာများကို ဖြေလျှော့ပြေလည်နိုင်မည်မဟုတ်ကြောင်း သတိချပ်စေလိုပါ သည်ဟု SSPP က ပြောသည်။

SSPP က “ဤအကျပ်အတည်းများကို စုပေါင်းဖြေရှင်း ကျော်လွှားနိုင်ရန်အတွက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးရေး၊ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး၊ မတရား ဖိနှိပ်သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် အားလုံး ပါဝင်သည့် အစစ်အမှန် နိုင်ငံရေး ဖြေရှင်းမှု အဝန်းအဝိုင်း ဖန်တီးရေး စသည့် အခြေအနေများ အထူးလိုအပ်ပါသည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက အဖွဲ့၀င်များ 

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကို ပြည်သူက ရွေးချယ်ထားသည့်အတွက် မိမိအနေဖြင့် ငြင်းစရာမရှိကြောင်း ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၊ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အာဏာ ကို ပေးထားသည့် ပြည်ထောင်စုကို သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်က ပြောသည်။

၎င်းက “ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်၊ ကျနော်တို့ အားလုံး အောင်မြင်ပါတယ်။ အခုနက ပြောတဲ့ ပါတီ စုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက် ရေးကို ခင်ဗျားတို့ လက်ခံလားမေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ်ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ ကြိုးစားနေတယ်”ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နစကဥက္ကဋ္ဌ သည် မေလ ၂၀ ရက်မှ သြဂုတ် ၄ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးထား သည်။ စက်တင်ဘာလတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း နစကဘက်က ပြောသည်။

SSPP ဒုဥက္ကဋ္ဌ(၁)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားခြင်းအပေါ် ပြည်သူလူထုက ဆန့်ကျင် ကန့်ကွက်လျက်ရှိနေသည်။

ထို့နောက် ဖြုတ်ချခံပါတီမှ လွှတ်တော်အမတ်များ ဦးဆောင်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် လူငယ် များသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ အခြေအနေများကြားတွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အထွေထွေ အခန်းကဏ္ဍများ အကျပ်အတည်းဖြစ်ကာ အခက်အခဲများဖြင့် ပြည်သူများ ရင်ဆိုင်နေကြ ရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၊ ဇာပိုရေဇီးယားဒေသခံ ၃ သောင်းကျော် ရုရှားနိုင်ငံသားလျှောက်ထား

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ အာမခံ

By CNI
CNI
Category: Watch TV
Hits: 727

Share
Tweet
Share
Share
powered by social2s

တိုင်းပြည်အနေဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s

မဟာမိတ်များနှင့်အတူ လက်နက်ရောင်းဝယ်ရေး တိုးချဲ့မည်ဟု ပူတင်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၁၆ ရက် ရောက်လာသော ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1039

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက် နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။

ထို့နောက် သြဂုတ် ၁၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရေး အခြေအနေများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမ တာဝန်ယူနေစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

 

Share
Tweet
Share
Share
powered by social2s
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80

Page 76 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar