CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1508

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံသဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မိမိတို့ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ခုထားရှိထားကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်က ပြောသည်။

၎င်းက “ငြိမ်းချမ်းရေးကို ကျနော်တို့ သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာ ပေါ့။ နားမလည်တဲ့ သူကတော့ ဘေးကနေ ပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျနော်တို့ ဆွေးနွေးထား ပြီးပြီ။ မနေ့တနေ့ကပဲ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်။ ကျနော်တို့ အားလုံးအောင်မြင်ပါတယ်။ ခုနပြောတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကို ခင်ဗျားတို့ လက်ခံလားမေးတော့ အကုန်လုံး လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ် ပြန်တွေ့မယ်၊ ဒီလထဲ ပြန်တွေ့ဖို့ ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်၊ စက်တင်ဘာလ ကျလို့ရှိ ရင် တစ်ခါသူတို့နဲ့ အားလုံး ပြန်တွေ့မယ်၊ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားမယ်၊ ဒီအတွက်တော့ ဘယ် လောက်ကြာမလဲ ကျနော် မပြောနိုင်သေးဘူး။ အခြေခံ သဘောတူညီချက် ရ ရှိပြီးဖြစ်တဲ့ အတွက်ကြောင့် ကျနော်အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဒါကို ဘာကြောင့် EAO တချို့အဖွဲ့တွေက နားလည်မှု မရှိနိုင်လဲဆိုတာ ကျနော်လည်း မတွေးတတ်ဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် 

တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို မျှော်မှန်းပြီး အဆိုပါ အချက်နှစ်ချက်အပေါ် အခြေခံပြီး လုပ်ဆောင် မည်ဆိုပါက မအောင်မြင်နိုင်စရာမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

နစက အနေဖြင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့်အတွက် တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိရေးမှာ မဖြစ်နိုင်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သို့ ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုတိုက်ပွဲ သိပ်မရှိတဲ့ EAO အဖွဲ့တွေ တွေ့တာပေါ့နော်။ အဓိက တိုက်ပွဲဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ PDF တွေ အဲဒီလိုမျိုး ဖိတ်ကြားတာတော့ မရှိဘူးပေါ့နော်။ သူတို့လည်း လက်မခံတဲ့ ပုံစံမျိုးပေါ့။ တကယ့်တကယ် ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ဟာကို လျှော့ချပြီးတော့ ဆွေး နွေးရေးအတွက် အားလုံး ပါဝင်ဖို့ လိုတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်ပဲ လုပ်လုပ် ဟိုအဖွဲ့ချန်မယ်၊ ဒီအဖွဲ့ ချန် မယ်၊ အားလုံးပါဝင်မှု မရှိဘူးဆိုရင်တော့ ကျနော် ထင်တာကတော့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး လို့ အဲဒီလိုမျိုးတော့ မြင်ပါတယ်” ဟု ပြောသည်။

နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၊ NCA မထိုးရသေး သည့် လက်နက်ကိုင် အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက် ဆွေးနွေးထားသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA မူအတိုင်း အခြေခံသွားမည်ဖြစ်ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။

နန်းယဉ်ယဉ်စိုးက “အစ်မတို့ကတော့ ဒီမိတ်ဖက် ပဋိပက္ခရှိတယ်၊ ရန်ဖက် ပဋိပက္ခ ရှိတယ်ပေါ့နော်။ အစ်မတို့က တော့ အခု မိတ်ဖက်ပဋိပက္ခနဲ့ သွားတယ်။ မိတ်ဖက် ပဋိပက္ခဆိုတာက တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစ်မတို့က ရွေးထားတဲ့ အတွက်ကြောင့်မို့လို့ မိတ်ဖက်ပဋိပက္ခနဲ့ သွားတဲ့အခါအပေါ်မှာ ရန်ဖက် ပဋိပက္ခတွေ က တော့ ရန်-ငါ-စည်း ပြတ်ဆိုတဲ့အတိုင်းပဲ စစ်ဘောင်တွေကို ချဲ့လာမယ်ဆိုရင်တော့ အစ်မတို့ အားလုံးက ထိခိုက် ကြမှာ ပြည်သူလူထုတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အစ်မတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ဆွေးနွေးရေး လမ်းကြောင်းကို ရွေးတဲ့အခါမှာ အနည်းနဲ့အများ စစ်ဘောင်တွေက ကျဉ်းသွားမယ်၊ နေ့စဉ် ပြည်သူ တွေ နိစ္စဓူဝ ခံစားနေရတဲ့ သေကြေမှုတွေ လျော့လာမှာပေါ့နော်။ ဒါကြောင့် အစ်မတို့က နိုင်ငံရေးဘောင်ကို ကျယ် သထက်ကျယ်၊ ဆွေးနွေးရေးဘောင်ကို ချဲ့ပြီးတော့မှ စစ်ဘောင်ကို ကျဉ်းခြင်းအားဖြင့် လက်တွေ့ ပြည်သူလူထု တွေကတော့ နေ့စဉ် သေကြေနေတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်ခံစားနေရတဲ့ ဟာတွေကတော့ လက်တွေ့မှာက တော့ အနည်းနဲ့ အများတော့ လျော့ကျသွားမှာ အမှန်ပဲပေါ့” ဟု ပြောသည်။

NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ထို့ကြောင့် အဖွဲ့အစည်းများ အားလုံး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် တပ်မ‌တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါသည် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်ရှိ ၎င်း၏ မဲဆွယ်ရေးရုံးရှေ့တွင် မိန့်ခွန်းပြောကြားနေစဉ်(ဓါတ်ပုံ-အေပီ)

ကင်ညာရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် စိန်ခေါ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1051

CNI International News

နိုင်ရိုဘီ၊ ဩဂုတ် ၁၇

အာဖရိကတိုက် အရှေ့ပိုင်းရှိ ကင်ညာနိုင်ငံတွင် ဒုတိယသမ္မတ ဝီလျံရူတို (William Ruto) အနိုင်ရကြောင်း ကြေညာခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲရလဒ်များကို အခြေခံဥပဒေနှင့် တရားရေးနည်းလမ်းများသုံး၍ ဆက်လက်စိန်ခေါ်သွားမည်ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ရိုင်လာအိုဒင်ဂါ (Raila Odinga)က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံအတွက် အတည်ငြိမ်ဆုံးဖြစ်စေမည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရေးမှာလည်း မသေချာ မရေရာ ရှိနေသည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ယခုသီတင်းပတ်များအတွင်း ကင်ညာနိုင်ငံ၌ အငြင်းပွားမှုများ ပေါ်ပေါက်နေပြီး နောက်တစ်ကြိမ် ရွေးကောက်ပွဲ ထပ်မံကျင်းပမည့်အမိန့်ကို တရားရုံးချုပ်က ထုတ်ပြန်မည့်အလားအလာလည်း ရှိနေသည်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ရှိ ကီဘဲရာရပ်ကွက်တွင် ရိုင်လာအိုဒင်ဒါကို ထောက်ခံသူတစ်ဦးက "No Raila, No Peace" ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေစဉ်(ဓါတ်ပုံ-အေပီ)

ရွေးကောက်ပွဲနောက်ပိုင်း အကြမ်းဖက်မှုသမိုင်းနောက်ခံရှိသော ကင်ညာတွင် ယခုကာလ၌လည်း ပြည်သူများ တည်တည်ငြိမ်ငြိမ် ရှိကြပါရန် ဘာသာရေးနှင့်အခြားကဏ္ဍခေါင်းဆောင်များက မေတ္တာရပ်ခံပန်ကြားခဲ့ကြသည်။

“ဥပဒေကို ဘယ်သူကမှ ကိုယ့်ထဲ ဆုတ်ကိုင်မထားမိစေနဲ့” ဟု ရိုင်လာအိုဒင်ဂါက ၎င်းကို ထောက်ခံအားပေးသူ များအား ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံအနောက်ပိုင်းရှိ အိုဒင်ဂါ၏ အမာခံမဲဆန္ဒနယ်ဖြစ်သည့် ကီစူမူမြို့တွင် ဒေသခံအချို့က လမ်းပေါ်ဆန္ဒ ပြရင်း မျက်ရည်ယိုဗုံးဒဏ်ခံစားရမှုကို ငြီးငွေ့လာပြီဟု ပြောကြားခဲ့ကြသည်။

ဩဂုတ် ၁၅ ရက်တွင် ကင်ညာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက စုစုပေါင်းမဲများ၏ ၅၀ ဒသမ ၅ ရာခိုင်နှုန်း နီးပါး ဖြင့် ရူတို အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ အိုဒင်ဂါ၏ ပြောကြားချက် ပထမဆုံး ထွက်ပေါ်လာခဲ့ သည်။

ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်း ဝီလျံရူတို ကို ထောက်ခံအားပေးသူများကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ကော်မရှင်အဖွဲ့ဝင် ၇ ဦးအနက် ၄ ဦးက မဲရလဒ်များကို မထောက်ခံနိုင်ကြောင်း ရုတ်ခြည်း ကြေညာခဲ့ကြပြီး အိုဒင်ဂါထောက်ခံသူများက ကြေညာသည့်နေရာရှိ ကျန်ရှိသော ကော်မရှင်အဖွဲ့ဝင် ၃ ဦးနှင့် ထိပ်တိုက် တွေ့ခဲ့ကြသည်။

အသက် ၇၇ နှစ်ရှိ အိုဒင်ဂါသည် ကင်ညာနိုင်ငံ၏ သမ္မတရာထူးကို ရာစုနှစ်တစ်ခု၏လေးပုံတစ်ပုံအထိ စံစားခဲ့သူ ဖြစ်သည်။

တရားရုံးချုပ်ထံသို့ ရွေးကောက်ပွဲရလဒ် မကျေနပ်ကြောင်း အယူခံလွှာတင်ရန် ဩဂုတ် ၁၅ ရက်တွင် အိုဒင်ဂါက ကြေညာခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကင်မ်ဂျုံအန်း နဲ့ ဒွန်ဘတ်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင်

မြောက်ကိုရီးယားနှင့်အကျိုးတူဆက်ဆံရေး ဒွန်နက်စ်ဒေသခေါင်းဆောင် ကမ်းလှမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 859

CNI International News

ပြုံယမ်း၊ ဩဂုတ် ၁၇

ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ဒွန်နက်စ်ဒေသမှ ရုရှားကျောထောက်နောက်ခံတပ်ဖွဲ့ခေါင်းဆောင်က မြောက်ကိုရီး ယား ခေါင်းဆောင် ကင်မ်ဂျုံအန်းထံသို့ အကျိုးတူဆက်ဆံရေးတစ်ရပ် ထူထောင်၍ ပူးပေါင်းဆောင်ရွက်သွား ကြရန် ‌သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ရုရှားသိမ်းပိုက်ထားသော ယူကရိန်းနယ်မြေများတွင် ပြန်လည်ထူထောင်ရေးစီမံကိန်းများအတွက် မြောက်ကိုရီးယားအစိုးရက လုပ်သားများစေလွှတ်ပေးရန် စဉ်းစားနေသည့်အချိန်၌ ယခုကဲ့သို့ သဝဏ်လွှာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် လ၌ ယူကရိန်းအရှေ့ပိုင်း ခွဲထွက်နယ်မြေဖြစ်သည့် ဒွန်နက်စ်နှင့်လူဟန့်စ် ဒေသတို့၏ လွတ်လပ်ရေးကို အသိအမှတ်ပြုသော ကမ္ဘာ့နိုင်ငံ အနည်းငယ်ထဲတွင် မြောက်ကိုရီးယားလည်း ပါဝင်လာခဲ့သည်။ သို့ဖြစ်၍ ကိယက်ဗ် အစိုးရ(ယူကရိန်း)က ပြုံယမ်းနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ရန် အကြောင်းဖန်လာခဲ့သည်။

အဆိုပါ ဒေသနှစ်ခုအတွက် ပြန်လည်ထူထောင်ရေး စီမံကိန်းများသို့ လုပ်သားများ စေလွှတ်မည့် အစီအစဉ်ကို မြောက်ကိုရီးယား စဉ်းစားသုံးသပ်နေပြီး ယင်းစီမံကိန်းများသည် ၎င်း၏အကျိုးစီးပွားကို အထောက်အကူ ဖြစ်စေ နိုင်သည်။

ဒွန်နက်စ်သံအမတ် အော်ဂါမာကီးဗာနဲ့ မြောက်ကိုရီး ယား သံအမတ် စင်ဟောင်ချွဲ (GETTY IMAGES)

သို့သော် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်နှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များကို ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူထားမှုကိုလည်း မြောက်ကိုရီးယားက လွန်ဆန်လိုသည့် အရိပ်အယောင် တွေ့နေရကြောင်း အေပီက ဆက်လက် ရေးသားသည်။

ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) က ၎င်း၏ ရုရှား ကျောထောက် နောက်ခံ သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားပြည်သူများ အကျိုးစီးပွားအတွက် တန်းတူရည်တူ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အောင်မြင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဩဂုတ် ၁၅ ရက်၌ ပေးပို့သည့် သဝဏ်လွှာထဲတွင် ဖော်ပြထားသည်ဟု မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာန KCNA က ဩဂုတ် ၁၇ ရက်တွင် ထုတ်လွှင့်ခဲ့သည်။

ရုရှားနိုင်ငံဆိုင်ရာ ဒွန်နက်စ်သံအမတ် အော်ဂါမာကီးဗာ (Olga Makeeva) သည် ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီး ယား သံအမတ် စင်ဟောင်ချွဲ (Sin Hong Chol) နှင့် မော်စကိုမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ဒွန်နက်စ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ယခုနောက်ပိုင်း မြောက်ကိုရီးယားသည် ကူးစက်ရောဂါဆိုင်ရာ နယ်စပ်ထိန်းချုပ်မှုများကို ဖြေလျော့လိုက်ပြီး နောက် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် လုပ်သား အပြောင်းအရွှေ့ ကိစ္စရပ်များအတွက် အလားအလာကောင်းများ ရှိလာလိမ့်မည်ဟု စင်ဟောင်ချွဲက ပြောကြားခဲ့ကြောင်း ဒွန်နက်စ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
SSPP ရဲဘော် အမျိုးသမီးများကိုတွေ့ရစဉ် (SSPP Info)

ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေ ရေးဆွဲကျင့်သုံးနိုင်မှ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1212

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇

လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို ဖက်ဒရယ်ဒီမိုကရေစီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးနိုင်မှ ဖြေရှင်းနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်(SSPP/SSA)က ထုတ်ပြန် ပြောကြားခဲ့သည်။

သြဂုတ် ၁၆ ရက်နေ့က ကျရောက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်ပြည့် နှစ် ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများ၊ စီးပွားရေး အကျပ် အတည်းများနှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန် အထူးပင်လိုအပ်နေကြောင်း၊ ပကတိဖြစ်တည်နေသော နိုင်ငံရေး အကျပ်အတည်းများကို ဝိုင်းဝန်းမဖြေရှင်းနိုင်သေးသရွေ့ ပြည်တွင်းစီးပွား ရေး အကျပ်အတည်းနှင့် လူမှုရေးပြဿနာများကို ဖြေလျှော့ပြေလည်နိုင်မည်မဟုတ်ကြောင်း သတိချပ်စေလိုပါ သည်ဟု SSPP က ပြောသည်။

SSPP က “ဤအကျပ်အတည်းများကို စုပေါင်းဖြေရှင်း ကျော်လွှားနိုင်ရန်အတွက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးရေး၊ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး၊ မတရား ဖိနှိပ်သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် အားလုံး ပါဝင်သည့် အစစ်အမှန် နိုင်ငံရေး ဖြေရှင်းမှု အဝန်းအဝိုင်း ဖန်တီးရေး စသည့် အခြေအနေများ အထူးလိုအပ်ပါသည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက အဖွဲ့၀င်များ 

ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကို ပြည်သူက ရွေးချယ်ထားသည့်အတွက် မိမိအနေဖြင့် ငြင်းစရာမရှိကြောင်း ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၊ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အာဏာ ကို ပေးထားသည့် ပြည်ထောင်စုကို သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်က ပြောသည်။

၎င်းက “ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်၊ ကျနော်တို့ အားလုံး အောင်မြင်ပါတယ်။ အခုနက ပြောတဲ့ ပါတီ စုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက် ရေးကို ခင်ဗျားတို့ လက်ခံလားမေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ်ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ ကြိုးစားနေတယ်”ဟု ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နစကဥက္ကဋ္ဌ သည် မေလ ၂၀ ရက်မှ သြဂုတ် ၄ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးထား သည်။ စက်တင်ဘာလတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း နစကဘက်က ပြောသည်။

SSPP ဒုဥက္ကဋ္ဌ(၁)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားခြင်းအပေါ် ပြည်သူလူထုက ဆန့်ကျင် ကန့်ကွက်လျက်ရှိနေသည်။

ထို့နောက် ဖြုတ်ချခံပါတီမှ လွှတ်တော်အမတ်များ ဦးဆောင်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် လူငယ် များသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ အခြေအနေများကြားတွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အထွေထွေ အခန်းကဏ္ဍများ အကျပ်အတည်းဖြစ်ကာ အခက်အခဲများဖြင့် ပြည်သူများ ရင်ဆိုင်နေကြ ရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်း၊ ဇာပိုရေဇီးယားဒေသခံ ၃ သောင်းကျော် ရုရှားနိုင်ငံသားလျှောက်ထား

By CNI
CNI
Category: Watch TV
Hits: 667

Share
Tweet
Share
Share
powered by social2s

၂၅ နှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်စေမည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ အာမခံ

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s

တိုင်းပြည်အနေဖြင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေဟု ပြော

By CNI
CNI
Category: Watch TV
Hits: 626

Share
Tweet
Share
Share
powered by social2s

မဟာမိတ်များနှင့်အတူ လက်နက်ရောင်းဝယ်ရေး တိုးချဲ့မည်ဟု ပူတင်ကတိပြု

By CNI
CNI
Category: Watch TV
Hits: 595

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ် ၊ သြဂုတ် ၁၆ ရက် ရောက်လာသော ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ

ကုလအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 946

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက် နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။

ထို့နောက် သြဂုတ် ၁၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရေး အခြေအနေများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမ တာဝန်ယူနေစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

 

Share
Tweet
Share
Share
powered by social2s
လွှတ်တော်အမတ်များ (EPA)

နိုင်ငံရေးရာထူးနှင့် လွှတ်တော်အမတ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ထုတ်ပေးဟု နစကထုတ်ပြန်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1017

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေး ရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ ထုတ်ပေးခဲ့သည်ဟု နစက-က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက သတ်မှတ် ချက်များနှင့် ကိုက်ညီသူများကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် (၅၀)ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၈၈)ဦး၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉၂)ဦး စုစုပေါင်း ၄၉၁ ဦးအား တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင် စင်များကို ခံစားခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့အထိ ငွေကျပ်သန်းပေါင်း ၄၀၄၀ သန်း ကျော်ရှိကြောင်း သိရသည်။

နစက ထုတ်ပြန်ချက်

ထိုနိုင်ငံရေးပင်စင်ချီးမြှင့်ငွေရရှိခဲ့သူများမှာ  အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၁၇ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ၅ ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီမှ ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၉၈ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄၃ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၃၉ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ၄ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄ ဦး၊ မွန် အမျိုးသားပါတီမှ ၂ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှ ၂ ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ၁ ဦးတို့ ဖြစ်သည်။

ထို့နောက် ကရင်ပြည်သူ့ပါတီမှ ၁ ဦး၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ၁ ဦး၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ “ဝ” ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လားဟူ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ နိုင်ငံရေးပါတီမဟုတ်သူ ၄၃ ဦး၊ တစ်သီး ပုဂ္ဂလ ၁၃ ဦး တို့ဖြစ် သည်။

 

 

Share
Tweet
Share
Share
powered by social2s

မြန်မာပြည်ကို ပြိုပျက်အောင် လုပ်မှာလား မပြိုပျက်အောင် ထိန်းမှာလား

By CNI
CNI
Category: Exclusive Interview
Hits: 1119

Share
Tweet
Share
Share
powered by social2s
KNU နဲ့ တပ်မတော်ကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရ (KNU-fb)

KNU နယ်မြေအတွင်း တိုက်ပွဲရှောင် ၃ သိန်းကျော်လာ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1345

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းကြောင့် KNU လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲရှောင် ၃ သိန်းကျော် အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မတော်(၁)၊ တောင်ငူခရိုင် တပ်မတော် (၂)၊ ညောင် လေးပင်ခရိုင် တပ်မတော်(၃)၊ ဘိတ်-ထာဝယ်ခရိုင် တပ်မတော်(၄)၊ မူတြော်ခရိုင် တပ်မတော်(၅)၊ ဒူးပလာယာ ခရိုင် တပ်မတော်(၆) နယ်မြေများအတွင်းမှာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပေါ်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ခဲ့သည်။

ထို့နောက် သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်-ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း ၃၅၆၆၇၄ ဦးအထိ ရှိလာကြောင်း KNU က ပြောသည်။

KNU က “ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် နေရာထိုင်ခင်း၊ စားဝတ်နေ ရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို KNU ၊ KNLA၊ KNDO တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်”ဟု ပြောသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲရှောင်နေကြသူများ စာရင်း (KNU-fb)

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လေ့လာနေသူ တစ်ဦးကတော့ KNU သည် နွေဦးတော်လှန်ရေး ကနေ ပေါက်ဖွားလာသော လူငယ်များကို စောင့်ရှောက်ရင် စစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့ခြင်းကြောင့် KNU ထိန်း ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲရှောင်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များလာသည့်နှင့်အမျှ KNU အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း ပြောသည်။

KNU က “လက်ရှိအခြေအနေအတွင်း ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံ တပ်ဖွဲများ ဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကို နေ့စဉ် ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျ စာရိတ်များနှင့် စစ်ရေး လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့်အပြင် စစ်ဘေးရှောင် ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရပါသည်”ဟု ပြောသည်။

ထို့နောက် KNU သည် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံး လွတ်လပ်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေးတိုက်ပွဲ စစ်ရေးတိုက်ပွဲများကို ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည့် အချိန်မှစ၍ ယနေ့ထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ သည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)

အလားတူ KNU လက်အောက်ခံ KNLA၊ KNDO တို့မှာ ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးကို ကာကွယ် စောင့် ရှောက်ပြီး ကရင်တစ်မျိုးသားလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်လျက်ရှိကြောင်း KNU က ပြောသည်။

လက်ရှိတွင် KNU သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နွေဦးတော်လှန်ရေး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပူးတွဲ၍ မြန်မာ့တပ်မတော်ကို တိုက် ခိုက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s
SSPP တည်ထောင်ခြင်း ၅၁ နှစ်ပြည့် အခမ်းအနား ကျင်းပနေစဉ်

SSPP တည်ထောင်ခြင်း ၅၁ နှစ်မြောက် အခမ်းအနားကျင်းပ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 925

 CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်းဟိုင်ကျေးရွာရှိ အာဇာနည် ဗိမာန်မှာ ယနေ့ (သြဂုတ် ၁၆ ရက်)တွင် ကျင်းပခဲ့သည်။ 

SSA ကို ၁၉၆၄ တွင် ထူထောင်သော်လည်း ၎င်းရဲ့ နိုင်ငံရေးပါတီဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနစ်တွင် တည်ထောင်ခြင်း ဖြစ်သည်။ SSPP ပထမဆုံး ဥက္ကဋ္ဌမှာ ပလောင်လူမျိုး စဝ်ဆေလိန်းဖြစ်သည်။ 

SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်

လက်ရှိတွင် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်(Bilateral) လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

 အလားတူ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင် ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အခြားသူလက်သုံး၍ အကြမ်းဖက်ဝါဒတံဆိပ်ကပ်ရန် အမေရိကန်ကြိုးစားနေဟု ရုရှားပြော

By CNI
CNI
Category: Watch TV
Hits: 636

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားနှင့်ဆက်ဆံရေးတိုးချဲ့မည်ဟု ပူတင်ပြော

By CNI
CNI
Category: Watch TV
Hits: 604

Share
Tweet
Share
Share
powered by social2s

ထိုင်းဘုရင်မှ ပြစ်ဒဏ်လျှော့ပေါ့ပေးမည့် အကျဉ်းသားများထဲတွင် ဝင်းနှင့်ဇော်ပါသင့်ဟု ဆို

By CNI
CNI
Category: Watch TV
Hits: 596

Share
Tweet
Share
Share
powered by social2s
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79
  • 80

Page 76 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar