CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ICJ အရေးဆွေးနွေးကြစဉ်

ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက်အရေးယူနိုင်သော်လည်း သက်ညှာထားဟုပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1382

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀

မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ယခုထက် ပိုမိုအရေးယူနိုင်သော်လည်း သက်ညှာထားသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် သြဂုတ် ၁၇ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစသည်။

မစ္စနိုလင်းဟေဇာက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ပြစ်ဒဏ်များ ချမှတ်ခြင်း မပြုလုပ်မီ နေအိမ်သို့ ပြန် လည် ပို့ဆောင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့်ပြုရန် နစကဥက္ကဋ္ဌကို ဆွေးနွေးခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ ထားရှိကာ ဆောင်ရွက်ပေးထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ယခုထက် ပိုမိုအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နိုင်သော်လည်း သက်ညှာသောအားဖြင့် မပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အရာကို ဦးစားပေးနှိုင်းယှဉ်လာလျှင် မိမိအနေဖြင့် ဒီမိုကရေစီကို ဦးစားပေး၍ ဆောင်ရွက်မည်ဖြစ်သော်ကြောင့် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များ လုပ်ဆောင်ပြီးလျှင် မိမိအနေဖြင့် ၎င်းအပေါ် စဉ်းစားဆုံးဖြတ်သွားမည်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်က နိုလင်းဟေဇာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံ

တရားစွဲဆိုခြင်းကိစ္စရပ်အား ဥပမာအနေဖြင့် ပြောကြားရမည်ဆိုလျှင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. Najib Razak ကို တရားရုံးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ တောင်ကိုရီးယား နိုင်ငံသမ္မတဟောင်း Ms. Park Geun-hye ကိုလည်း ဥပဒေအရ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးသမားများဖြစ်သည့်အပြင် ဥပဒေ ကို နားလည်သဘောပေါက်၍ လိုက်နာရသည့် သူများဖြစ်သောကြောင့် ဥပဒေအရ ရင်ဆိုင်၍ ပြန်လည် ဖြေရှင်း ရန် တာဝန်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ပြန်လည် ဆွေးနွေး ချပြခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ စသည်တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရပြီး ထောင်ဒဏ်များ အသီး သီးချမှတ်ထားသည်။

ထို့နောက် နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကနေ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်း ရွေ့ကာ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် အထူးအဆောက်အအုံတစ်ခု ဆောက်လုပ်ကာ ထားရှိ ထားကြောင်း နစကဘက်က ထုတ်ပြန်ထားသည်။

 

Share
Tweet
Share
Share
powered by social2s
ဓာတ်ပုံ- မုံရွာမြို့နယ် ပကဖ

ကိုယ်တိုင်ထုတ် လက်နက်များကို မုံရွာပကဖ ထုတ်ပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1355

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

ကိုယ်ပိုင် ထုတ်လုပ်သော Shot Gun များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာမြို့နယ်မှ သြဂုတ် ၁၉ ရက်နေ့ တွင် အများပြည်သူ သိရှိနိုင်စေရန်ဟုဆိုကာ ထုတ်ပြခဲ့သည်။

အဆိုပါ Shot Gun များကို 12 Gauge ကျည်ဖြင့် အသုံးပြုရကြောင်း၊ ချေမှုန်းရေးနှင့် ကာကွယ်ရေးအတွက် ထိ ရောက်သော လက်နက်များ ဖြစ်ကြောင်း မုံရွာမြို့နယ် ပကဖက ထုတ်ပြန်ခဲ့သည်။

မုံရွာမြို့နယ် ပကဖထုတ် လက်နက်များ

၎င်းက “ ကာကွယ်ရေး ရဲဘော်များနှင့် ရပ်ကျေး ပကဖများထံလည်း အတိုင်းအတာတစ်ခုအထိ တပ်ဆင်ထား ပြီး ဖြစ်သည်။ မြို့နယ် ပကဖ၏ ထုတ်လုပ်ရေးလုပ်ငန်းများ ထိရောက်စွာ အလက်ရေများများ ထုတ်လုပ်နိုင်ရန် ရံပုံငွေများ ထည့်ဝင်ကူညီပေးကြဖို့ တစ်ပါတည်း တိုက်တွန်းလိုက်ရပါသည်။ များများထုတ် မြန်မြန်တပ်ဆင် စနစ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်”ဟု ပြောသည်။

မုံရွာမြို့နယ် ပကဖသည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကာ မြန်မာ့တပ်မ တော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

 

 

Share
Tweet
Share
Share
powered by social2s

တောင်ကိုရီးယားသမ္မတကို ပါးစပ်ပိတ်ထားရန် ကင်မ်ဂျုံအန်း ညီမပြော

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s

နစကနှင့် PNLO၊ ALP၊ LDU တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 819

Share
Tweet
Share
Share
powered by social2s

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ဒေါ်သန်းသန်းဆွေဖြစ်လာ၊ ဦးခင်ရီ-ဦးချစ်နိုင်-ဦးသန်းညိန်း-ဦးဝင်းသော်ကို အနားပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1680

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့ကို တာဝန်မှ အနားပေးပြီး ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် နစက-က ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်သွားသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်လာသူ ဒေါ်သန်းသန်းဆွေသည်  ၂၀၂၂ ခုနှစ်၊ ဧပြီ ၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့ နယ်၊ ရွှေဂုံရိပ်မွန်အိမ်ရာ တိုက်သုံးလွှာ အခန်း ၁၄ တွင် နေထိုင်နေစဉ် အမည်မသိ သေနတ်သမားက လာရောက်၍ ပစ်ခတ် လုပ်ကြံခြင်း ခံခဲ့ရသူ ဖြစ်သည်။ 

လက်ရှိတွင်လည်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ယူ ကိုင်တွယ် နေသူလည်း ဖြစ်သည်။

ထို့နောက် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်၏ နေရာတွင် ဦးဇော်မြင့်နိုင်ကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရသည်။ 

အလားတူ နစကသည် ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးချစ်နိုင်တို့ကိုလည်း တာဝန်မှ အနားပေးခဲ့သည်။ 

ဦးခင်ရီ နေရာတွင် ဦးမြင့်ကြိုင်ကို အစားထိုး တာဝန်ပေးခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ချင်းပြည်နယ်ဝန်ကြီးချုပ် တာဝန်ကနေ အနားပေးခံရသူ ဦးငွန်ဆန်းအောင်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1955

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူဆောင်ရွက်သူ ဦးငွန်ဆန်းအောင်ကို တာဝန်မှ အနားပေး လိုက်ကြောင်း နစက-က သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တစ်ဆက်တည်း ထုတ်ပြန်သွားသည်။

ဒေါက်တာဝုန်ဆွန်းထန်ကို ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်းထုတ်ပြန်ချက်

ချင်းပြည်နယ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပေါက်ဖွားလာခဲ့သော နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသော ဒေသတစ်ခု ဖြစ်သည်။ အဆိုပါ လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသလို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့၏ သံသယဝင်ခံရသူများလည်း ဖမ်းဆီး ရိုက်နှက်ခံရမှုများ ရင်ဆိုင် ကြုံတွေ့နေရသော ဒေသဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

ပြည်ထောင်စုအစိုးရကို ပြင်ဆင်ဖွဲ့စည်းကြောင်း နစက ထုတ်ပြန်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1620

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး၍ ယနေ့ (သြဂုတ် ၁၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြင်ဆင်ဖွဲ့စည်းမှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာ ကို ဦးခင်ရီအစား ဦးမြင့်ကြိုင်ဖြင့် ပြောင်းလဲထားသလို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူနေသော ဒေါက်တာအောင်နိုင်ဦးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးထားသည်ကို တွေ့ရသည်။

 

Share
Tweet
Share
Share
powered by social2s
နစကနဲ့ LDU၊ PNLO၊ ALP ခေါင်းဆောင်များတွေ့ဆုံစဉ်

နစကနှင့် PNLO၊ ALP၊ LDU တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1853

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉

နစကနှင့် အပစ်ရပ်ထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ ဒုတိယအကြိမ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွေ့ဆုံ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

နစကနှင့် တစ်ဖွဲ့ချင်း မဟုတ်ဘဲ အစုအဖွဲ့နှင့် တွေ့ဆုံနိုင်သည့် အခင်းအကျင်းကို တောင်းဆိုခဲ့ကြောင်း၊ လက်ရှိ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဒုတိယအကြိမ် ပြန်စတင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သို့ ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ကျနော်တို့ သွားပြီးသား အဖွဲ့ကနေပြီးတော့ အဲဒီလိုမျိုး တစ်ဖွဲ့ချင်းစီ မဟုတ်ဘဲနဲ့ စုပြီးတော့ သွားနိုင်တဲ့ အခင်းအကျင်းကိုလည်း ကျနော်တို့ တောင်းဆိုခဲ့တယ်။ သို့သော်လည်းပဲ ၇ ဖွဲစလုံး၊ ၁၀ ဖွဲ့ စလုံး သွားနိုင်တဲ့ အခင်းအကျင်းတော့ ကျနော်တို့ မလုပ်နိုင်သေးဘူး။ လောလောဆယ်ကတော့ ၃ ဖွဲ့ပေါ့လေ။ ပြန် လည်ပြီးတော့ ၂၁၊ ၂၂၊ ၂၃ အဲဒီရက်တွေမှာပေါ့လေ ဒုတိယအကြိမ်ပေါ့လေ‌၊ ပြန်ဖိတ်ထားတာ ရှိတယ်ခင်ဗျ။ အခုဆို ရင် ဒုတိယအကြိမ် ပထမဦးဆုံး အနေနဲ့ကတော့ လာမယ့် ၂၂ ရက်နေ့ဆိုရင် ကျနော်တို့ PNLO ရယ်၊ ALP ရယ်၊ ပြီးတော့ LDU ရယ် အဲဒီ ၃ ဖွဲ့ ကနေပြီးတော့ စုပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ဆိုပြီးတော့ ပြည်လည် ဖိတ်ခေါ်ထားတာ ကျနော်တို့ တွေ့ရတယ်ခင်ဗျ။ ကျန်တဲ့ အဖွဲ့တွေကြတော့လည်း ဘယ်လိုဆက်ပြီးတော့ အကြောင်းကြား လာမလဲဆိုတာတော့ ကျနော်တို့ မသိရသေးဘူး” ဟု ပြောသည်။

PNLO နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်

နစက-က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယခုလအတွင်း ဒုတိယအကြိမ် ပြန်စတင်မည် ဖြစ်ကြောင်း၊ အဖွဲ့ ၁၀ လုံး ကို အုပ်စုဖွဲ့ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့အတူ စက်တင်ဘာလမှာလည်း ပြန်ဆွေးနွေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်တွင် ပြောထားသည်။

အဆိုပါ တွေ့ဆုံမှုအပြီး သဘောတူ လက်မှတ်ထိုးနိုင်ရေး ကြိုးစားမည်ဖြစ်ကြောင်း၊ အခြေခံ သဘောတူညီချက် ရရှိထားပြီး ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိ ၃ ဖွဲ့ ဖိတ်ကြားမှုအရ PPST အစုအဖွဲ့ကို ဖိတ်ကြားသည့် ပုံစံမဟုတ်သည့်အတွက် အဆိုပါကိစ္စကို PPST အနေဖြင့် ညှိနှိုင်းတိုင်ပင်ခြင်းမျိုး မလုပ်ဆောင်နိုင်သေးကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

၎င်းက “၃ ဖွဲ့ကိုတော့ ဖိတ်လိုက်တဲ့ အကြောင်းကြားစာအရ ကြည့်လိုက်မယ်ဆိုရင် တော်တော်လေး အကြောင်း အရာ တွေက ကျယ်ပြန့်တယ်လို့ ပြောလို့ရမှာပါခင်ဗျ။ ပြီးခဲ့တဲ့ ကျနော်တို့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁၊ ၂၊ ၃ အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်နိုင်မလဲဆိုပြီးတော့ အဲဒီလိုမျိုး‌ ဆွေး နွေးတဲ့ အချက်အလက်ပါမှာ ဖြစ်သလို နောက်ဆုံး ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်စာချုပ် အစိတ် အပိုင်း ၄ မှာပါတဲ့ ၂၀၂၀ အလွန် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေလည်းပဲ ရှေ့ဆက်ဘယ်လို အကောင် အထည် ဖော်ဆောင်နိုင်မလဲဆိုတာကို ညှိနှိုင်းဆွေးနွေးဖို့ အဲဒီ ကိစ္စရပ်တွေလည်း ဆွေး‌နွေးမှာ ဖြစ်ပြီးတော့ တော် တော်လေး ကျယ်ပြန့်တယ်လို့ ပြောလို့ ရပါတယ်ခင်ဗျ” ဟု CNI သို့ ပြောသည်။

ALP နဲ့ နစက ဥက္ကဋ္ဌ တွေ့ဆုံစဉ်

နစကနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်/ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးထားသည်။

အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့မှ ခေါင်းဆောင်များ လည်း နစကနှင့် တွေ့ဆုံ ဆွေးနွေးထားကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားခေါင်းဆောင် ညီမဖြစ်သူ ကင်မ်ယိုဂျုံ (KCNA)

တောင်ကိုရီးယားသမ္မတကို ပါးစပ်ပိတ်ထားရန် ကင်မ်ဂျုံအန်း ညီမပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1401

CNI International News

ဆိုးလ်၊ ဩဂုတ် ၁၉

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ (Yoon Suk Yeol) ကမ်းလှမ်းလာသည့် စီးပွားရေး အကျိုးအမြတ် အကူအညီ ကို လက်ခံမည် မဟုတ်ကြောင်းနှင့် ပါးစပ်ပိတ်ထားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ညီမ ဖြစ်သူ ကင်မ်ယိုဂျုံက ပြောကြားခဲ့သည်။

နျူကလီးယားကင်းစင်ရေး ခြေလှမ်းများအတွက် ပြန်လည်စဉ်းစားရန် တောင်ကိုရီးယားဘက်မှ အဆိုပြုချက်များ ကိုလည်း မြောက်ကိုရီးယားက ထပ်တလဲလဲ ပယ်ချခဲ့သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ၏ အတင့်ရဲသော ကမ်းလှမ်းချက်ကို ပြီးခဲ့သည့် မေလတွင် စတင် အဆိုပြုခဲ့ ခြင်းအပေါ် မြောက်ကိုရီးယားမှ ထိပ်ပိုင်းတာဝန်ရှိသူ တစ်ဦးအနေဖြင့် အထက်ပါအတိုင်း ပထမဆုံးအကြိမ် တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။

ကင်မ်ယိုဂျုံ၏ သဘောထား မှတ်ချက်များသည် သူမအတွက် အစိုးရတာဝန်ယူခြင်း ရက် ၁၀၀ ပြည့် အထိမ်း အမှတ်အဖြစ် ဩဂုတ် ၁၇ ရက် သတင်းစာ ရှင်းလင်းပွဲ၌ ထပ်လောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်မ်ယိုဂျုံက “တကယ့်ကို ရိုးရှင်းပါတယ်။ ကလေးဆန်တဲ့ သဘောရှိတာကြောင့် သူ့ပုံစံက ပါးစပ်ပိတ်ထားရင် ပိုအဆင်ပြေမှာပါ” ဟု ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ထုတ်လွှင့်ခဲ့သည်။

“မြောက်ကိုရီးယားရဲ့ဂုဏ်သိက္ခာနဲ့ နျူကလီးယား လက်နက်တွေကို စီးပွားရေးနဲ့ လဲမယ်လို့ သူထင်နေတာ။ ပြောင်းဖူး ကိတ်မုန့် တစ်လုံးရဖို့ ကိုယ့်ကံကြမ္မာကို ဘယ်သူကမှ အလဲအလှယ် မလုပ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ(Reuters)

သူမ၏ သဘောထား မှတ်ချက်များသည် သေးသိမ်ယုတ်ညံ့လွန်းကြောင်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကိစ္စ ကိုင်တွယ်နေရသည့် တောင်ကိုရီးယားဘက်မှ ပြန်လည်ပေါင်းစည်းဝန်ကြီးက ပြောကြားခဲ့သည်။

နျူကလီးယား လက်နက် ထုတ်လုပ်မှု ရပ်တန့်ပြီး အဏုမြူကင်းစင်ရေး စတင်လျှင် မြောက်ကိုရီးယားကို စီးပွား ရေး အကူအညီများ ပေးအပ်ရန် ဆန္ဒရှိကြောင်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲက ယခင်ကတည်းက ပြော ကြား နေခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားအပေါ် စစ်ရေးအရ ဟန့်တားမှုကို တိုးမြှင့် လုပ်ဆောင်သွားရန်လည်း သမ္မတယွန်က အလေးပေး နေခဲ့သည်။

တောင်ကိုရီးယားသည် လာမည့် သီတင်းပတ်တွင် လုပ်ဆောင်မည့် ကွင်းဆင်း လေ့ကျင့်မှု အပါအဝင် အမေရိကန် နှင့် အချိန်အတန်ကြာ ဆိုင်းငံ့ထားသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ပြန်လည် စတင်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက သမ္မတယွန်၏ မူဝါဒများကို ဝါရှင်တန်အနေဖြင့် ထောက်ခံ ကြောင်း ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

သိုသော် ယခုစတင်မည့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၏ မဟာမိတ်နိုင်ငံများ သံတမန်ရေးရာ ပြောဆို ဆက်ဆံမှုမှာ ရိုးဖြောင့်ခြင်း မရှိပုံကို ပြသနေကြောင်း ကင်မ်ယိုဂျုံက ဝေဖန်ခဲ့သည်။

“သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လို့မရဘူးဆိုတာ ရှင်းပါတယ်” ဟု ယွန်ဆော့ရွဲနှင့်ပတ်သက်၍ ၎င်းက ဆက်လက် ဝေဖန်ခဲ့သည်။

ကင်မ်ယိုဂျုံသည် မကြာသေးမီ နှစ်များအတွင်း တောင်ကိုရီးယားကို ဝေဖန် အပြစ်တင်သူ တစ်ဦးဖြစ်လာခဲ့ပြီး အစ်ကို ဖြစ်သူ၏ ပြောကြားချက်များကို ပိုမိုသိမ်မွေ့စွာ ထပ်ဆင့် ပြောဆိုရာ၌ ရဲရဲတင်းတင်း ရှိသူအဖြစ် လေ့လာ သုံးသပ်သူများက ရှုမြင်နေကြသည်။

ဩဂုတ် ၁၉ ရက် သတင်းထုတ်ပြန်ချက်သည် ယနေ့ အချိန်အထိ ယွန်ဆော့ရွဲ အပေါ် သူမ၏ အပြင်းထန်ဆုံး ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုဖြစ်ကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပြည်တွင်းလက်နက်ကိုင်အဖွဲ့များထံ ပြင်သစ်က လက်နက်ပေးပို့နေဟု မာလီစွပ်စွဲ

By CNI
CNI
Category: Watch TV
Hits: 756

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်၏ရှေ့တန်းရှိ ကျွန်းများ စစ်ဖြစ်လျှင် ပုန်းခိုစရာမရှိ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

ရခိုင်ကလူထုအတွက် ကိုယ်ထောင်သည့်မိုင်း ကိုယ်တာဝန်ယူကြရန် ဦးဖေသန်းပြော

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

ဒုက္ခသည်များ မြန်မာသို့ ပြန်ပို့ရန် UN ကို ဘင်္ဂလားဒေ့ရှ်ပြော

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

ကုလအထူးကိုယ်စားလှယ်ခရီးစဉ် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှုရှိဦးမှာမဟုတ်

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s
UN ကိုယ်စားလှယ် နိုလင်းဟေဇာကို ဆန္ဒပြနေတဲ့ ရန်ကုန်လူငယ်များ(AAMIJ)

မြန်မာပြည်လာရောက်သည့် UN ကိုယ်စားလှယ်ကို ရန်ကုန်လူငယ်များဆန္ဒပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1791

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ရန်ကုန်လူငယ် တချို့က သြဂုတ် ၁၈ ရက်တွင်  ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မစ္စနိုလင်းဟေဇာသည် သြဂုတ် ၁၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်တို့နှင့် တွေ့ဆုံ၍ အကြမ်းဖက်မှုများ ရပ်တန့်ရေး  ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်လူငယ်တချို့က UN ကို မြန်မာပြည်သူများမှ အလွန်အမင်း စိုးရိမ်နေကြောင်း၊ လူ့အခွင့် အရေးပြောသည့် ကမ္ဘာကြီးက အကြမ်းဖက်နှင့်လက်ဆွဲ နှုတ်ဆက်တာလား ဆိုသော ဆိုင်းဘုတ်များ ကိုင် ဆောင်၍ ဆန္ဒပြခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်

နိုင်ငံတည်ဆောက်နိုင်ရေး ပြင်ဆင်သွားရန်လိုသည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2737

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈

မြန်မာနိုင်ငံကို ပြည်ထောင်စုစစ်စစ် မတည်ဆောက်နိုင်ဘဲ တော်လှန်ရေးများ အရှိန်မြင့်လာ၍ နိုင်ငံများ ထွက်ပေါ် လာပါက နိုင်ငံတည်ဆောက်နိုင်ရေး တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြော သည်။

သြဂုတ် ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့သော PSLF/TNLA ၏ သတင်းပြန်ကြားရေးဌာနနှင့် အင်တာဗျူးမှာ ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။

PSLF/TNLA တပ်ဖွဲ့ဝင်များ 

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် တပ်မတော် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး တောင်းဆို ဆန္ဒပြမှုများကနေ လက်နက်ကိုင် တော်လှန်ရေးအထိ ကျယ်ပြန့်လာ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သို့သော် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်-မိုးမိတ်ဘက်တွင် လှုပ်ရှားလျက်ရှိ သော တအာင်း(ပလောင်) လက်နက်ကိုင် PSLF/TNLA သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ ဘဲ တည်ငြိမ်လျက်ရှိနေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ မြန်မာ့တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှာတော့ တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။

PSLF/TNLA သည် တအာင်း(ပလောင်) ပြည်နယ် ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် လက်နက် ကိုင် တော်လှန်ရေးကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။

PSLF/TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီတန်းတူညီမျှခွင့်။ ဒီအခွင့်အရေးတွေ ကြောင့်ပဲ ကျနော်တို့က ဒီလို လက်နက်ကိုင် တော်လှန်ရေးကို လုပ်နေရခြင်းဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော် တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ် လပ်ခွင့်က ကျနော်တို့အတွက် တော်တော်ကို အရေးကြီးတဲ့ အခန်း ကဏ္ဍဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ အခု တော်လှန်ရေးကို လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို မရှင်းနိုင်ဘူးဆိုရင်လည်း ဒီမြန်မာ နိုင်ငံက ဒီလိုပဲ ပြဿနာတွေ လုံးချာလည် ရိုက်နေမယ်။ အာဏာသိမ်းမှု သံသရာ လည်နေမှာပဲ ဖြစ်တယ်”ဟု ပြောသည်။

ထို့နောက် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်မည်ဆိုပါကလည်း ကရင်၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည့် လူမျိုးကြီး ၈ မျိုးကို ဦးတည်ပြီး တည်ဆောက်၍ မရကြောင်း၊ ကျန် လူမျိုးစုတွေ ကိုလည်း တန်းတူထည့်သွင်း စဉ်းစားတည်ဆောက်မှသာ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တန်းတူညီမျှရေးဆိုသည်မှာ လက်တွေ့မဖြစ်ဘဲ လူမျိုးကြီး ၈ မျိုး၏ နောက် ဒုတိယတန်းစား အနေဖြင့်ပဲ ကျန်လူမျိုးများက ဖြစ်တည်နေရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79

Page 75 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar