CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကုလအထူးကိုယ်စားလှယ်ခရီးစဉ် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှုရှိဦးမှာမဟုတ်

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s
UN ကိုယ်စားလှယ် နိုလင်းဟေဇာကို ဆန္ဒပြနေတဲ့ ရန်ကုန်လူငယ်များ(AAMIJ)

မြန်မာပြည်လာရောက်သည့် UN ကိုယ်စားလှယ်ကို ရန်ကုန်လူငယ်များဆန္ဒပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1557

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကို ရန်ကုန်လူငယ် တချို့က သြဂုတ် ၁၈ ရက်တွင်  ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မစ္စနိုလင်းဟေဇာသည် သြဂုတ် ၁၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်တို့နှင့် တွေ့ဆုံ၍ အကြမ်းဖက်မှုများ ရပ်တန့်ရေး  ဆွေးနွေးခဲ့သည်။

ထို့နောက် ရန်ကုန်လူငယ်တချို့က UN ကို မြန်မာပြည်သူများမှ အလွန်အမင်း စိုးရိမ်နေကြောင်း၊ လူ့အခွင့် အရေးပြောသည့် ကမ္ဘာကြီးက အကြမ်းဖက်နှင့်လက်ဆွဲ နှုတ်ဆက်တာလား ဆိုသော ဆိုင်းဘုတ်များ ကိုင် ဆောင်၍ ဆန္ဒပြခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်

နိုင်ငံတည်ဆောက်နိုင်ရေး ပြင်ဆင်သွားရန်လိုသည်ဟု ဗိုလ်မှူးချုပ်တားဘုန်းကျော်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2455

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈

မြန်မာနိုင်ငံကို ပြည်ထောင်စုစစ်စစ် မတည်ဆောက်နိုင်ဘဲ တော်လှန်ရေးများ အရှိန်မြင့်လာ၍ နိုင်ငံများ ထွက်ပေါ် လာပါက နိုင်ငံတည်ဆောက်နိုင်ရေး တအာင်း(ပလောင်)လူမျိုးများ ပြင်ဆင်ထားရန် လိုအပ်သည်ဟု ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ပြော သည်။

သြဂုတ် ၁၈ ရက်တွင် ထုတ်လွှင့်ခဲ့သော PSLF/TNLA ၏ သတင်းပြန်ကြားရေးဌာနနှင့် အင်တာဗျူးမှာ ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ နိုင်ငံရေး ရေချိန်အရ မြှင့်တက်လာမယ်၊ ပထဝီနိုင်ငံရေး အခြေအနေ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေအပေါ် မူတည် သွားပြီးတော့ ဒီနိုင်ငံဟာ ပြည်ထောင်စုတောင် မတည်ဆောက် နိုင်တော့ဘူးဆိုရင် အစိတ်စိတ် အမွာမွာကွဲပြီးတော့ နိုင်ငံငယ်တွေလည်း အများကြီး ထွက်သွားနိုင်တယ်။ ဒါကြောင့်မလို့ ကျနော်တို့လူထုတွေ ကျနော်တို့ တအာင်း (ပလောင်)လူထုတွေလည်း ဒါသေချာ စဉ်းစားဖို့လို တယ်။ ကျနော်တို့ကို ကျနော်တို့ သေချာ ပြင်ဆင်နိုင်ဖို့ လိုတယ်။ ဒီပြည်ထောင်စုနိုင်ငံ တကယ် တည်ဆောက် တဲ့အချိန်မှာ ကျနော်တို့လည်း ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့လူမျိုး ကျနော်တို့ ကာကွယ်သွားဖို့ ၊ တည် ဆောက် နိုင်ဖို့အတွက် အဆင်သင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက် သွားဖို့လိုတယ်။ အဲလိုမှ မဟုတ်ဘူး ပြည် ထောင်စု တည်ဆောက်လို့ မရဘူး၊ ပထဝီနိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေး တစ်ခုကြောင့် လိုအပ်ချက်ကြောင့် တော် လှန်ရေးတွေ သိပ်အရှိန်မြင့်လာလို့ နိုင်ငံတွေ ထွက်လာမယ်ဆိုလည်း ကျနော်တို့ နိုင်ငံတည်ဆောက်နိုင်ဖို့ အဆင့်လည်း ကျနော်တို့ ပြင်ဆင်သွားဖို့လိုပါတယ်”ဟု ပြောသည်။

PSLF/TNLA တပ်ဖွဲ့ဝင်များ 

လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် တပ်မတော် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ပြန်လည် တည်ဆောက်ရေး တောင်းဆို ဆန္ဒပြမှုများကနေ လက်နက်ကိုင် တော်လှန်ရေးအထိ ကျယ်ပြန့်လာ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည် နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

သို့သော် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်-မိုးမိတ်ဘက်တွင် လှုပ်ရှားလျက်ရှိ သော တအာင်း(ပလောင်) လက်နက်ကိုင် PSLF/TNLA သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ ဘဲ တည်ငြိမ်လျက်ရှိနေသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ မြန်မာ့တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားခဲ့သော်လည်း ယခုအခါမှာတော့ တိုက်ပွဲများ ငြိမ်သက်လျက်ရှိသည်။

PSLF/TNLA သည် တအာင်း(ပလောင်) ပြည်နယ် ရရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် လက်နက် ကိုင် တော်လှန်ရေးကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။

PSLF/TNLA မှ ဗိုလ်မှူးချုပ် တားဘုန်းကျော်က “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီတန်းတူညီမျှခွင့်။ ဒီအခွင့်အရေးတွေ ကြောင့်ပဲ ကျနော်တို့က ဒီလို လက်နက်ကိုင် တော်လှန်ရေးကို လုပ်နေရခြင်းဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော် တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်လွတ် လပ်ခွင့်က ကျနော်တို့အတွက် တော်တော်ကို အရေးကြီးတဲ့ အခန်း ကဏ္ဍဖြစ်တယ်။ ဒါကြောင့်မလို့ ကျနော်တို့ အခု တော်လှန်ရေးကို လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အဲဒီ ပြဿနာကို မရှင်းနိုင်ဘူးဆိုရင်လည်း ဒီမြန်မာ နိုင်ငံက ဒီလိုပဲ ပြဿနာတွေ လုံးချာလည် ရိုက်နေမယ်။ အာဏာသိမ်းမှု သံသရာ လည်နေမှာပဲ ဖြစ်တယ်”ဟု ပြောသည်။

ထို့နောက် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်မည်ဆိုပါကလည်း ကရင်၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည့် လူမျိုးကြီး ၈ မျိုးကို ဦးတည်ပြီး တည်ဆောက်၍ မရကြောင်း၊ ကျန် လူမျိုးစုတွေ ကိုလည်း တန်းတူထည့်သွင်း စဉ်းစားတည်ဆောက်မှသာ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တန်းတူညီမျှရေးဆိုသည်မှာ လက်တွေ့မဖြစ်ဘဲ လူမျိုးကြီး ၈ မျိုး၏ နောက် ဒုတိယတန်းစား အနေဖြင့်ပဲ ကျန်လူမျိုးများက ဖြစ်တည်နေရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံငယ်တွေထွက်လာရင် နိုင်ငံတည်ဆောက်နိုင်ဖို့ ပြင်ဆင်သွားဖို့လိုတယ်

By CNI
CNI
Category: Watch TV
Hits: 1571

Share
Tweet
Share
Share
powered by social2s
မာလီစစ်ခေါင်းဆောင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပြည်တွင်းလက်နက်ကိုင်အဖွဲ့များထံ ပြင်သစ်က လက်နက်ပေးပို့နေဟု မာလီစွပ်စွဲ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1040

CNI International News

ဘာမာကို၊ ဩဂုတ် ၁၈

မိမိ၏ဝေဟင်ပိုင်နက်ကို ချိုးဖောက်ပြီး ပြည်တွင်း လက်နက်ကိုင် အဖွဲ့များထံသို့ ပြင်သစ်က လက်နက်များ ပေးပို့နေကြောင်း မာလီအစိုးရမှ စွပ်စွဲခဲ့သည်။

အနောက်အာဖရိကရှိ မာလီနိုင်ငံနှင့် ၎င်း၏ ယခင်ကိုလိုနီ အုပ်ချုပ်သူ ပြင်သစ်တို့အကြား တင်းမာမှုများရှိနေခဲ့ရာ ယခု နောက်ဆုံး စွပ်စွဲချက်ကို မာလီအစိုးရက ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ဩဂုတ် ၁၅ ရက် ရက်စွဲဖြင့် ကုလသမဂ္ဂ (UN) လုံခြုံရေးကောင်စီ အကြီးအကဲထံသို့ စာတစ်စောင် ပေးပို့ခဲ့ရာ မာလီနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရီဒီးရော့ (Abdoulaye Diop) က “၎င်းတို့၏ ဝေဟင်ပိုင်နက်အတွင်းသို့ ယခု နှစ်အတွင်း အကြိမ် ၅၀ ကျော် ချိုးဖောက် ဝင်ရောက်မှုများ ရှိခဲ့ကြောင်း၊ ဒရုန်းများ၊ စစ်သုံး ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များဖြင့် ပြင်သစ်တပ်ဖွဲ့၏ ချိုးဖောက်ဝင်ရောက်မှုများဖြစ်ကြောင်း” အသိပေး ရေးသားခဲ့သည်။

မာလီနိုင်ငံက ပြင်သစ်တပ်ဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

“မာလီ ဝေဟင်ပိုင်နက်ထဲကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေ အနေနဲ့ ဆာဟဲ (Sahel) ဒေသမှာ ရှိနေတဲ့ အကြမ်းဖက် အဖွဲ့တွေရဲ့ အချက်အလက်တွေ စုဆောင်းတာ၊ လက်နက်ခဲယမ်း မီးကျောက် ချပေးတာတွေ ပြင်သစ် လုပ်ဆောင်ခဲ့ပါတယ်” ဟု အထက်ပါစာထဲတွင် ဆက်လက် ရေးသားထားသည်။

ကမ္ဘာတဝန်းအတွင်း အကြမ်းဖက်ဟု သတ်မှတ်ထားသော အဆိုပါ လက်နက်ကိုင် အဖွဲ့များထံသို့ ပြင်သစ်က တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးကူညီမှု မရှိကြောင်း မာလီနိုင်ငံရှိ ပြင်သစ်သံရုံးက တွစ်တာမှ တစ်ဆင့် ပြောကြား၍ တုံ့ပြန်ခဲ့သည်။

မာလီတွင် ၉ နှစ်ကြာ စစ်ဆင်ရေးအတွင်း ပြင်သစ်တပ်ဖွဲ့ဝင် ၅၃ ဦး ကျဆုံးခဲ့ကြောင်း၊ ပြင်သစ်သည် မာလီနိုင်ငံ သားများ လုံခြုံရေးတိုးမြှင့်ရန်အတွက် ပြည်တွင်း လက်နက်ကိုင် အဖွဲ့များကို ရာနှင့်ချီ၍ သတ်ဖြတ် ရှင်းလင်း ပေးခဲ့ကြောင်း သံရုံးက ဆက်လက် ပြောကြားခဲ့သည်။

မာလီနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့ကိုတွေ့ရစဉ် (GETTY IMAGES)

တဖန် မာလီစစ်တပ်က ငှားရမ်းထားသော ရုရှားကြေးစား တိုက်ခိုက်ရေးသမားများ ပြည်တွင်း၌ ဖြန့်ကြက်ထား ချိန်၌ ပါရီ(ပြင်သစ်အစိုးရ)သည် မိမိတို့နိုင်ငံ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ဘာမာကိုမြို့တော်ရှိ မာလီအစိုးရက အကြိမ်ကြိမ် စွပ်စွဲနေခဲ့သည်။

ပြင်သစ်သည် ဆာဟဲဒေသ လုံခြုံရေး အကျပ်အတည်းကြောင့် ၉ နှစ်ကြာ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ပြီး မာလီ နိုင်ငံအတွင်းမှ ပြင်သစ်တပ်များကို ဩဂုတ် ၁၅ ရက်တွင် အပြီးအစီး ရုပ်သိမ်းခဲ့သည်။

ဆယ်စုနှစ် ၁ ခုကြာ ချေမှုန်းရေးအတွက် ဒေါ်လာဘီလီယံ ပေါင်းများစွာ သုံးစွဲခဲ့သော ပြင်သစ်သည် မိမိတို့ ပြည်တွင်း လက်နက်ကိုင်များကို လက်နက်များ အထောက်အပံ့ ပေးခဲ့ခြင်းအတွက် ခိုင်လုံသော အထောက်အထား များရှိကြောင်း ဘာမာကိုမြို့တော်ရှိ အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကော့ဘဇားခရိုင်ရို ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရသည့် မြင်ကွင်းအခြေအနေ(ဓါတ်ပုံ-ရိုက်တာ)

ဒုက္ခသည်များ မြန်မာသို့ ပြန်ပို့ရန် UN ကို ဘင်္ဂလားဒေ့ရှ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1092

CNI International News

ဒါကာ၊ ဩဂုတ် ၁၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေထိုင်ကြသော သိန်းနှင့်ချီသည့် မွတ်ဆလင် ဒုက္ခသည် များကို မြန်မာဘက်သို့ ပြန်ပို့ရန် ကုလသမဂ္ဂ (UN) လူ့အခွင့်အရေး အကြီးအကဲထံသို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။

UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှယ်လ်ဘက်ချလက် (Michelle Bachelet) သည် ဘင်္ဂလာဒေးရှ်နိုင်ငံ၊ မြို့တော်ဒါကာသို့ ဩဂုတ် ၁၄ ရက်၌ ရောက်ရှိလာခဲ့ပြီး မြန်မာနယ်စပ်အနီး ကော့ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်း များသို့ သွားရောက်ခဲ့သည်။

“သူတို့ဟာ မြန်မာနိုင်ငံက လာတာဖြစ်ပြီး ပြန်ပို့ပေးရမယ်” ဟု ရှိတ်ဟာစီနာ၏ပြောကြားချက်ကို ကိုးကားလျက် ဝန်ကြီးချုပ်ရုံးသတင်းပြန်ကြားရေးအတွင်းဝန် အဟစ္စနူကာရင် (Ihsanul Karim) က ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

မွတ်ဆလင်အများစုဖြစ်သော အဆိုပါဒုက္ခသည်များသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံ၌ ခွဲခြားဆက်ဆံမှုများဖြင့် ရင်ဆိုင်နေရပြီး နိုင်ငံသားဖြစ်ခွင့်နှင့်အခြားအခွင့်အရေးများ ငြင်းပယ်ခံနေရသည်။

မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းသည့်စစ်ဆင်ရေးကြောင့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှစတင်၍ မြန်မာနိုင်ငံမှ ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်တွင် စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံတွင် လုံခြုံရေးအခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှင်ဘက်သို့ ထွက်ပြေးသွားခဲ့သည့် မွတ်စလင်ဒုက္ခသည် မိသားစု(ဓါတ်ပုံ-Getty Images)

“ကံမကောင်းစွာနဲ့ပဲ လက်ရှိအခြေအနေရ နယ်စပ်ဖြတ်ကျော်ပြီး ပြန်လာကြဖို့ မသင့်တော်သေးဘူးလို့ ပြောရမှာပါ” ဟု မီရှယ်လ်ဘက်ချလက်က ဒါကာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဘက်ခြမ်းမှာ ဘေးကင်းပြီး ရေရှည်တည်ငြိမ်တဲ့အခြေအနေ ရှိမှပဲ နေရပ်ပြန်ပို့ရေးကို ဆန္ဒ အလျောက်နဲ့ ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒုက္ခသည်အကျပ်အတည်း ၅ နှစ်ကြာပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၎င်းထံတွင် ဒုက္ခသည် ဦးရေ အများ အပြား ရှိနေခြင်းကြောင့် ပိုမိုစိတ်မရှည်ဖြစ်လာခဲ့ပြီး ဒုက္ခသည်ဆန့်ကျင်ရေးစကားများ တိုးလာခြင်း၊ ရပ်ရွာအတွင်း လုပ်ကြံသတ်ဖြတ်ခြင်းတို့အတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ဘက်ချလက်က ရှင်းပြသည်။

လက်နက်ကိုင်အဖွဲ့များနှင့် ဒုစရိုက်ဂိုဏ်းများ လှုပ်ရှားနေကြသဖြင့် ဒုက္ခသည်အများအပြားသည် ၎င်းတို့ လုံခြုံရေး အတွက် စိုးရွံ့နေကြကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းတို့ကြောင့် ဒုက္ခသည်စခန်းများအတွင်း အမြဲတစေ ပြဿနာဖြစ်ပေါ်နေပြီး မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားသည့်ကွန်ရက်များကို ပစ်မှတ်ထားသော ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေ ရန် တွန်းအားဖြစ်နေခဲ့သည်။

အဆိုပါဒုက္ခသည်အသိုင်းအဝိုင်းမှ ခေါင်းဆောင်နှစ်ဦးမှာ ယခုလအစောပိုင်းတွင် သတ်ဖြတ်ခံရပြီး ယင်းအမှုနှင့် ပတ်သက်၍ စခန်းများတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲအပြစ်တင်ထားသည်။

ဒုက္ခသည်များ ပြန်လာရေးအတွက် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မေးခွန်းထုတ်နေကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက် တန်ဗီယာချောင်ဒရီက ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင်ပြည်နယ်အတွင်းက မြေမြှုပ်မိုင်း ထိသွားကြသူများ

ရခိုင်ကလူထုအတွက် ကိုယ်ထောင်သည့်မိုင်း ကိုယ်တာဝန်ယူကြရန် ဦးဖေသန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1067

CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈

ရခိုင်ပြည်နယ်တွင် မကြာခဏ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ ကျေးရွာသားများ အသက်သေဆုံးမှုနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတို့ ကြုံတွေ့နေရသည့်အတွက် မည်သည့် အဖွဲ့အစည်းမဆို ကိုယ်ထောင်သည့်မိုင်း ကိုယ်တာဝန်ယူကြရန် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဖေသန်းက “ကိုယ်ထောင်တဲ့မိုင်းကို ကိုယ်တာဝန်ယူကြဖို့ပေါ့။ မိုင်းထောင်တယ်ဆိုတာ ရန်သူကို ထောင်တာပါ။ ပြည်သူကို ထောင်တာမဟုတ်ဘူး။ အခု အခြေအနေမျိုးက ရန်သူမထိဘဲ ပြည်သူချည်းပဲ ထိနေတာပေါ့။ အဲဒါ ကြောင့် ဘယ် အဖွဲ့အစည်းကမဆို ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်တာဝန်ယူဖို့ အဲဒါကတော့ လူသားပီသဖို့ လို တယ်ပေါ့။ မြေမြှုပ်မိုင်း လုပ်ထားတာကို ဘယ်သူမှလဲ သိတာမဟုတ်ဘူးလေ။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆို တာ သိနိုင်တာ မဟုတ်ဘူး။ မိုင်းကိုတောင်မှ မြင်ဖူးတဲ့လူတွေ မရှိဘူး။ ဆိုတော့ ဒီလို အခြေအနေ မျိုးမှာလည်း တပ်မတော် အနေနဲ့လည်း မိုင်းတွေ ဆက်ပြီး ထောင်နေမယ်ဆိုရင်တော့ ဒီကိစ္စက ဆက်ဖြစ်နေဦးမှာပဲ။ အဓိက ကတော့ ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်ပြန်ပြီးတော့ စခန်း ပြောင်းရွှေ့သွားတဲ့ အခါပဲဖြစ်ဖြစ်၊ အချိန်တစ်ခု၊ ကာလတစ်ခု၊ အတိုင်းအတာ တစ်ခုမှာပဲ ဖြစ်ဖြစ် အဲဒီမိုင်းတွေကို ဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။ ဘယ် အဖွဲ့ အစည်း မဆိုပေါ့”ဟု ပြောသည်။

 ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီးကျော်ဟန်ကိုတွေ့ရစဉ်

လက်ရှိတွင် မြေမြှုပ်မိုင်းများအား တပ်မတော်၏ စခန်းထိုင် ပတ်ဝန်းကျင်နှင့် ယာယီစခန်းချထားခဲ့သည့် နေရာ အနီးတဝိုက်တို့တွင်သာ တွေ့ရသည့်အတွက် တပ်မတော်တွင် ပို၍တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ အပစ်အခတ်ရပ်စဲထားသည့် ကြားကာလ အတွင်း မြေမြှုပ်မိုင်းများကို သေချာ ရှင်းလင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဒေသခံပြည်သူများ ကြုံတွေ့ ခံစားနေရခြင်းဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နှစ်ဖက် စစ်ရေးအနေအထားကြောင့် မြေမြှုပ်မိုင်းအသစ်များ ထပ်တိုးလာမည် ကို စိုးရိမ်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိကတော့ ဒီဘက်မှာ ပြောရနည်းနည်း ခက်သွားတယ်။ ဘာလို့ဆို စစ်ရေး အခြေအနေက တော် တော်လေး တင်းတင်းမာမာ အခြေအနေမျိုးတွေ မြင်ရတယ်။ အပြန်အလှန် စစ်ပွဲဖြစ်တာတွေလည်း တွေ့လာရ တော့ ဒီအချိန်မှာ ဟိုဘက်က ဖြေရှင်းမှာ၊ ဒီဘက်က ဖြေရှင်းမှာ ပြောဖို့တော့ တော်တော်လေး အခက်အခဲ ဖြစ် သွားတယ်။ ကြားမှာ လုပ်နေရတာက နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ့ NGO တွေက၊ အရပ်ဖက် အဖွဲ့အစည်း တွေကပဲ ကိုယ်ထူ ကိုယ်ထနဲ့ပေါ့။ ရွာသားတွေကို အသိပေးတာတို့ ပညာပေးတာတို့ လောက်ပဲ လုပ်ပေးနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတယ်။ ဒီမိုင်းကို ပြန်လည်ဖော်ပြီးတော့ ဖျက်ဆီးဖို့ ဆိုတာကတော့ ဒီအဖွဲ့အစည်းတွေ နဲ့တော့ မဖြစ်နိုင်တော့ဘူး။ ဒီပြဿနာရဲ့ ကာယကံရှင် နှစ်ယောက်ဖြစ်တဲ့ ဒီဘက်က နစက ဘက်မှာလည်း တာဝန်ရှိသလို ULA/AA ဘက်မှာလည်း တာဝန်ရှိတယ်။ နှစ်ဖက်လုံးက ဒီဟာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရမှာပေါ့။ အခုဖြေရှင်းရမယ့် နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ဒီအခြေအနေမှာ အရပ်ဖက်အဖွဲ့တွေ အနေနဲ့က ပြော ရ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်”ဟု ပြောသည်။

 

 ရခိုင်ပြည်နယ်က မြေမြှုပ်မိုင်း ထိသွားသူတစ်ဦး ဆေးကုသမှုခံယူနေစဉ်

ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်းများ ရှိသည်ကို သိကြသော်လည်း စားဝတ်နေရေးအတွက် တောထဲ တောင်ထဲ သို့ သွားလာနေကြရခြင်းဖြစ်ကာ အသိပညာပေးခြင်းများသည် တကယ့်မြေပြင်တွင် မြေမြှုပ်မိုင်းရှိသည့် နေရာ အား သိနိုင်ရန်မှာ မလွယ်ကူကြောင်း ဦးဖေသန်းက ပြောသည်။

၎င်းက “ဒါပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ဘူး။ မိုင်းရှိတဲ့နေရာကို ဘယ်သူမှ တိတိကျကျ ပြောနိုင်တာမှ မဟုတ်တာ။ မိုင်းရှိတဲ့နေရာမှာ မိုင်းနင်းမိပြီဆိုရင်တော့ ဘယ်လိုမှ ရှေးဦးသူနာပြုတို့ ဘာညာပေါ့နော်။ ကျန်းမာ ရေးအရ ဂရုစိုက်ရမယ့် ဥစ္စာတို့ အဲဒါတွေနဲ့ မရတော့ဘူး။ ဒဏ်ရာရတဲ့ ပုံစံမျိုးမှ မဟုတ်တာ။ ခြေတစ်ချောင်းလုံး ဆိုလည်း ခြေတစ်ချောင်းလုံး မွပြီးတော့ ကြေသွားတာကို။ အဲဒီလိုဟာမျိုး ဖြစ်ပြီဆိုရင်တော့ သေဖို့များပါတယ်။ မဟုတ်ရင်တော့ ပိုင်းလိုက်ရမှာပေါ့။ ဒူးအဆစ်ကဖြစ်ဖြစ် ပေါင်ကဖြစ်ဖြစ် တစ်နေ နေရာကတော့ ပိုင်းလိုက်ရမယ်။ ULA/AA နဲ့ အစိုးရမှာဆိုရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်ဆိုပေမယ့် တကယ့်မြေပြင်ပေါ်မှာ တာဝန်ရှိတဲ့ အစိုးရ က ပိုပြီးတော့ အစစ အရာရာပေါ့။ ဆေးကုသရေးကအစ မိုင်းကို ဖယ်ရှားပေးဖို့က အစ၊ သူတို့ဘဝ ရပ်တည်ရေး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးရေး အဲဒါတွေအားလုံးဟာ အစိုးရမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ ဒါကြောင့် လူပီသဖို့လိုတယ်” ဟု ပြောသည်။

 

 မြန်မာ့တပ်မတော်ကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်တွင် ဇူလိုင်လက မြေမြှုပ်မိုင်းပေါက်ကွဲမှု ၇ ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး ယခု ဩဂုတ် ၁၈ ရက်နေ့အထိဆို လျှင် ၂ ကြိမ်ခန့် ဖြစ်ပွားထားကြောင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရသည့် ဒေသခံ အများအပြားရှိကြောင်း၊ ထိုအထဲတွင် ခြေထောက် ဆုံးရှုံးသွားသူ အများစုဖြစ်ကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မတ်စုကျွန်းပေါ်က ထိုင်ဝမ် စစ်စခန်းတစ်ခုမှာ စစ်သားများ အပြေးလေ့ကျင့်နေစဉ် (Reuters)

ထိုင်ဝမ်၏ရှေ့တန်းရှိ ကျွန်းများ စစ်ဖြစ်လျှင် ပုန်းခိုစရာမရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1423

CNI International News

တိုင်ပေ၊ ဩဂုတ် ၁၈

ထိုင်ဝမ်ကျွန်းပေါ်သို့ အမေရိကန်လွှတ်တော်အမတ်များ လာရောက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်စစ်ရေး လေ့ကျင့်မှု စတင်ခဲ့ရာ ကျူးကျော်ဝင်ရောက်မည့် အလားအလာ တိုးလာခဲ့ကြောင်း ရိုက်တာသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

တရုတ်ပြည်တွင်းစစ်၌ ၁၉၄၉ ခုနှစ်တွင် ရှုံးနိမ့်ခဲ့သော အစိုးရဟောင်းသည် ထိုင်ဝမ်ကျွန်းကို ယနေ့အထိ အခိုင် အမာ ခြေကုပ်ယူခဲ့ရာ တရုတ်ပြည်မကြီး ကမ်းရိုးတန်းမှ ၁၀ ကီလိုမီတာအောက်သာ ကွာဝေးသည့် မတ်စု (Matsu) ကျွန်းငယ် ကျွန်းစုများသည် အကယ်၍ ပဋိပက္ခဖြစ်ပွားခဲ့ပါက အစောပိုင်းအတွက် ဘေဂျင်း၏ ပစ်မှတ် ဖြစ်နိုင်ဖွယ် ရှိနေသည်။

ထိုကျွန်းများသည် ထိုင်ဝမ်အတွက် ရှေ့တန်းသဖွယ် အစီအရီ တည်ရှိနေကြသည်။

မတ်စုကျွန်းပေါ်က ထိုင်ဝမ်ပြည်သူများ (Reuters)

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီး နောက်ထပ် အမတ် ၅ ဦးမှာ ဩဂုတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် ထပ်ရောက်လာခဲ့ရာ ထိုင်ဝမ်ကို ၎င်း၏ပိုင်နက်ဟု ပြောဆိုထားသည့် တရုတ်သည် ယခုလ အတွင်း စစ်ရေးလေ့ကျင့်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်ဝမ်တပ်ဖွဲ့များက တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေပြီး တရုတ်ရေတပ်ကို ဟန့်တားဖို့ စစ်သင်္ဘောများ၊ တိုက်လေယာဉ်များ ကျွန်းတဝိုက် ဖြန့်ကြက်ထားခဲ့သည်။

ထိုင်ဝမ်ပြည်သူအကြား လတ်တလော နိုးကြားမှု မတွေ့ရသော်လည်း ပြည်မကြီးနှင့် တင်းမာနေခြင်းကတော့ မတ်စုကျွန်းများ၏ အားနည်းချက်ကို မီးမောင်းထိုးပြလာခဲ့သည်။

“အထူးသဖြင့် ဒီကျွန်းစုဖြစ်တဲ့ ဒေါင်ဂျင် (Dongyin) ဟာ စစ်မျက်နှာရဲ့ ရှေ့တန်းဖြစ်လာမို့ ကျနော်တို့စိတ်တွေ မလုံခြုံတော့ဘူး” ဟု ထိုင်ဝမ်၏ မြောက်ဘက်စွန်း နယ်မြေဖြစ်သည့် ဒေါင်ဂျင်ကျွန်းတွင် နေထိုင်သူ အသက် ၂၇ နှစ်အရွယ်ရှိ ဒိုရာလျူ (Dora Liu) က ပြောကြားခဲ့သည်။

မတ်စုကျွန်းပေါ်က ခရီးသွားများ (Reuters)

“ကျမတို့ ကျွန်းသေးသေးလေးကို ခဏလေးနဲ့ တိုက်လို့ရတယ်။ စစ်ဖြစ်လာရင် ပုန်းစရာမရှိတော့ဘူး။ ကျမတို့မှာ ဥမင်လိုဏ်ခေါင်းတွေ ဘယ်လောက်ပဲ တူးထား … တူးထား တကယ်အသိမ်းခံရပြီဆိုရင် ဒီလိုဏ်ခေါင်းတွေလည်း ထိရောက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် မတ်စုကျွန်းငယ်များ ခြံရံလျက် ၁၉၄၉ ခုနှစ်ကတည်းက တရုတ်ခြိမ်းခြောက်မှုကြားမှ ရပ်တည် နေထိုင်လာခဲ့သည်။ ထိုကျွန်းများကို စစ်အေးခေတ် ကာလကပင် တရုတ်ပြည်မကြီးက ပုံမှန်ဗုံးကြဲခဲ့ဖူးသည်။

ယနေ့ခေတ်တွင် ထိုကျွန်းများပေါ်၌ ခေတ်ဆန်သော ကမ္ဘာလှည့်ခရီးသည်များ ဝင်ထွက်သွားလာနေကြပြီး ဟစ်ပ်ဟော့ ကော်ဖီဆိုင်များ၊ စတိုင်ကျသော ဟိုတယ်များ၊ ကျွန်းငယ်ကလေးများ၏ သဘာဝအလှများဖြင့် စစ်အေးခေတ်လွန် ကာလတလျှောက် လာရောက်လည်ပတ်ချင်စရာ ဆွဲဆောင်ခဲ့သည်။

မကြာသေးမီက တင်းမာမှုများ ရှိခဲ့သော်လည်း အဆိုပါ ကျွန်းများတွင် ထိုင်ဝမ်မြို့ကြီးပြကြီးမှ ခရီးသွားများဖြင့် ပြည့်နှက်နေခဲ့ပြီး ဒေသတွင်း စီးပွားရေးအတွက် အရေးကြီးသော အခင်းအကျင်းဖြစ်၍ လေယာဉ်ခရီးစဉ် လက်မှတ်များကိုပင် ကြိုတင်မှာယူရန် ကျပ်တည်းနေခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားနှင့်အကျိုးတူဆက်ဆံရေး ဒွန်နက်စ်ဒေသခေါင်းဆောင် ကမ်းလှမ်း

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

ဖက်ဒရယ်ဖွဲ့စည်းပုံဥပဒေ ရေးဆွဲကျင့်သုံးနိုင်မှ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်မည်

By CNI
CNI
Category: Watch TV
Hits: 630

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာ အရေးပေါ်အခြေအနေကြေညာခြင်း သက်တမ်းထပ်မတိုးဟု သမ္မတရုံးထုတ်ပြန်

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

ကင်ညာရွေးကောက်ပွဲ ရှုံးနိမ့်မှုအပေါ် စိန်ခေါ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ပြော

By CNI
CNI
Category: Watch TV
Hits: 620

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစက ဥက္ကဋ္ဌပြော

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s
ခရိုင်းမီးယား လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်နေစဉ်(AP)

ခရိုင်းမီးယားရှိ ရုရှားခဲယမ်းမီးကျောက် သိုလှောင်ရုံ ပေါက်ကွဲပြီး မီးလောင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1735

CNI International News

ကိယက်ဗ်၊ ဩဂုတ် ၁၇

မော်စကို(ရုရှား)သိမ်းပိုက်ထားသော ခရိုင်းမီးယား ကျွန်းဆွယ်ရှိ ရုရှားစစ် အခြေစိုက် စခန်းတစ်ခုတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဖောက်ခွဲဖျက်ဆီးခဲ့သူများကို ရုရှားက အပြစ်တင်ခဲ့ကြောင်း ရိုက်တာသတင်း တစ်ပုဒ်တွင် တွေ့ရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကိယက်ဗ်က တာဝန်ရှိသည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း၊ မိမိတို့၏ မဟာဗျူ ဟာ ရုရှားကျူးကျော်မှုအား အထောက်အကူ ဖြစ်စေမည့် လမ်းကြောင်းများကို ဖျက်ဆီးပစ်ရန် ဖြစ်သည်ဟု ယူကရိန်း အစိုးရဘက်မှ ပြောကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၆ ရက် ဗုံးပေါက်ကွဲမှုသည် ခရိုင်းမီးယား ကျွန်းဆွယ် မြောက်ပိုင်းရှိ ရုရှားစခန်းတွင် ဖြစ်ပွားခဲ့ပြီး ခဲယမ်း မီးကျောက်များကြားမှ ပွင့်ထွက်သွားခဲ့ရာ မီးရထားသံလမ်းများ ပြတ်တောက်ခဲ့သည့်အပြင် အနီးအနား ကျေးရွာမှ လူပေါင်း ၂,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပေးခဲ့ရကြောင်း ရုရှားအာဏာပိုင်များနှင့် သတင်းဌာနများက အတည်ပြု ခဲ့ကြသည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း ခရိုင်းမီးယား အလယ်ပိုင်းဒေသရှိ ဒုတိယမြောက် ရုရှားစစ်အခြေစိုက် စခန်းတွင် လည်း မီးခိုးလုံးများ မြင်တွေ့ခဲ့ရသည်ဟု ရုရှားပြည်တွင်းထုတ် Kommersant သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ယခင် သီတင်းပတ်ကလည်း ခရိုင်းမီးယား အနောက်ပိုင်းရှိ ရုရှားလေတပ်စခန်း တစ်ခုတွင် ဗုံးပေါက်ကွဲခဲ့ရာ စစ်လေယာဉ် ၈ စင်း ပျက်စီးခဲ့သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

ခဲယမ်းမီးကျောက် သိုလှောင်ရုံအတွင်း ဩဂုတ် ၁၆ ရက် ပေါက်ကွဲမှုမှာ အဖျက်အမှောင့် လုပ်ငန်းသာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် မော်စကို သိမ်းပိုက်ခဲ့သော ခရိုင်းမီးယား ကျွန်းဆွယ်သည် ယခုစစ်ပွဲ၌ ယူကရိန်းတောင်ပိုင်းတွင် ဖြန့်ကြက်ထားသော ရုရှားတပ်များအတွက် အဓိကထောက်ပံ့ရေး လမ်းကြောင်းဖြစ်ပြီး ရုရှား၏ ပင်လယ်နက် စစ်သင်္ဘောအုပ်စု အခြေပြု ဆိုက်ကပ်ရာလည်း ဖြစ်သည်။

ထိုနေရာ၌ ရုရှား၏ ဆုံးရှုံးနစ်နာမှုများကို ယူကရိန်းအာဏာပိုင်များက အတိအလင်း အားရကျေနပ်ကြောင်း ပြသသော်လည်း ဗုံးပေါက်ကွဲမှုအတွက် တာဝန်ရှိသည်ဟု အတည်ပြုခြင်း (သို့မဟုတ်) တစုံတရာ ငြင်းဆိုခြင်း မရှိပေ။

ယင်းဖြစ်စဉ်သည် စစ်ကင်းမဲ့ဇုန် အားထုတ်မှု (demilitarization) ဟူ၍ ယူကရိန်းသမ္မတ၏ အကြံပေး မီးခေလို ပိုဒေါ်ယက်နှင့် အစိုးရဝန်ထမ်းအကြီးအကဲ အန်ဒရီးယာမက်တို့က လူမှုကွန်ရက်ပေါ်သို့ လွှင့်တင်၍ နှစ်ထောင်း အား ရရှိကြောင်း ပြသခဲ့ကြသည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

စစ်ကင်းမဲ့ဇုန် အားထုတ်မှု စကားလုံးသည် ရုရှားက ၎င်း၏ကျူးကျော်စစ်ကို အကြောင်းပြရန်အတွက် သုံးနှုန်းလေ့ ရှိခဲ့ပြီး ယင်းစကားလုံးကိုပင် ယူ၍ ယူကရိန်းတို့ သရော်လှောင်ပြောင် ကြခြင်းဖြစ်သည်။

“ယူကရိန်းတပ်များသည် တိကျသောပုံစံဖြင့် စစ်ကင်းမဲ့ဇုန် အားထုတ်မှု စစ်ဆင်ရေးကို ယူကရိန်းနယ်မြေများ အလုံးစုံ သိမ်းပိုက်ခြင်း မပြုမီအထိ ဆက်လက် လုပ်ဆောင်သွားမည်” ဟု အန်ဒရီးယာမက်က တယ်လီဂရမ်တွင် ရေးသားလွှင့်တင်ခဲ့သည်။

ယူကရိန်း၏ မဟာဗျူဟာမှာ ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ရေး အခြေခံ အဆောက်အအုံဆိုင်ရာ ပစ္စည်းအသုံးအဆောင်များ ဖျက်ဆီးပစ်ရန် ဖြစ်သည်။

ရုရှားစစ်အခြေစိုက် စခန်းများနှင့် လက်နက်ခဲယမ်း သိုလှောင်ထားမှုများကို ရှင်းလင်းရန် ယူကရိန်းနိုင်ငံသားများ အား သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက တိုက်တွန်းခဲ့သည်။

“သူတို့ရဲ့ လက်နက်ခဲယမ်းတွေ၊ စစ်ရေးနဲ့ တခြားပစ္စည်းတွေ၊ ကွပ်ကဲရေးစခန်းတွေကို ဖျက်ဆီးတဲ့နည်းနဲ့ ကျနော် တို့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်သွားမှာပါ” ဟု ၎င်းက ညစဉ်မိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဩဂုတ် ၁၆ ရက် ပေါက်ကွဲမှုအတွင်း လျှပ်စစ်ဓာတ်အားခွဲရုံ တစ်ရုံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ရုရှား အစိုးရ ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ မီးရထား ၇ စင်း ပြေးဆွဲမှု နှောင့်နှေးခဲ့ရပြီး ခရိုင်းမီးယားမြောက်ပိုင်းရှိ ရထားသံလမ်းကို ယာယီပိတ်ထားခဲ့ရကြောင်း ရုရှားသတင်းဌာန RIA က ရေးသားဖော်ပြသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

NLD မှာ တွေ့ဆုံဆွေးနွေးလိုသူများ ရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1439

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇

လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ တွေ့ဆုံ ဆွေးနွေးလိုသူများ ရှိနေသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သြဂုတ် ၁၇ ရက်နေ့က ကျင်းပသည့် နစက၏ ၁၉ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ NLD ပါတီထဲမှာ ရှိနေတဲ့ အခုချိန်ထိ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားလို့တဲ့ သူတွေရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တချို့သော ကျန်ရစ်ခဲ့တဲ့ ၈၈ ပေါ့နော်။ ၈၈ မျိုးဆက်က နေ ကျန်ရစ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်တွေကိုလည်း ကျနော်တို့ သိရပါတယ်။ NLD ပါတီ ဝင် အများစု အရင်ကတည်းက ဒီပြည်တွင်းမှာပဲ ရှိတယ်။ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ ယခင်က လည်း ယုံကြည်ခဲ့တယ်။ အခုချိန်ထိ ကိုင်ဆွဲနေကြတုန်းဆိုတာလည်း ကျနော်တို့ လည်း သိရပါတယ်”ဟု ပြောသည်။

တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုသူများ ရှိသည်ဟု ပြောသော်လည်း မည်သူများ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော် ပြောသွားခြင်း မရှိပေ။

ဗိုလ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ခေါင်းဆောင်များကိုတွေ့ရစဉ်

ထို့နောက် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံလောက်သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း လက်မှတ်ရေးထိုး၍ ပြည်တွင်းမှာ ကျန်ခဲ့ကြောင်း၊ တောထဲကို ရောက်ရှိသွားသူများသည် ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ NLD ပါတီထဲ ရောက်ရှိလာသူများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့ သည် တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီးနောက် ဖမ်းဆီး တရားစွဲဆိုခံထားရသည်။ ထို့နောက် တခြား သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည်။

စစ်တပ် ဆန့်ကျင် ဆန္ဒပြမှုများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ရောက်ရောက် မည်သည့် အချိန်ရောက် ပါစေ NLD ပါတီဝင်ထားလျှင် NLD ပါတီဝင်သာဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေးကို လူထုအများစုက လက်ရှိ မှာ လက်မခံနိုင်သေးသည့်အတွက် NLD ထဲက စေ့စပ်ညှိနှိုင်းရေး လုပ်လိုသူများအနေဖြင့် အကောင်အထည် ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ နစကဘက်ရော စေ့စပ်ဆွေးနွေးရေးကို အကောင်အထည်ဖော်မည့် အလားအ လာ မရှိဘူးဟု မြင်ကြောင်း ပြောသည်။

၎င်းက “ ဖေဖော်ဝါရီ ၁ ရက်နေ့ ရှေ့ပိုင်းကိုကြည့်ရင် စစ်တပ်က ဆွေးနွေးဖို့ တောင်းဆိုတာမှာ NLD ဘက်က သိပ်မသွားလိုတာတွေ့ရတယ်။ ဒီနောက်မှာ အာဏာသိမ်းမှုဆိုတာ ဖြစ်လာတယ်။ အခု အာဏာသိမ်းပြီး စစ်တပ် က သူသွားလိုတဲ့ အခြေအနေကို တည်ဆောက်နေချိန်မှာ သူကရော စေ့စပ်ဆွေးနွေးရေးကို သွားချင်သေးရဲ့ လား မေးစရာရှိတယ်။ သူလည်း သွားမယ် မထင်ပါဘူး။ လူထုကို ကြည့်ရင်လည်း လူထုက သွေးကြွေးမှာ ဆွေး နွေးစရာမရှိဘူး ရပ်တည်နေတော့ NLD ဘက်ကရော သွားနိုင်ပါ့မလား၊ တတိယအဖွဲ့အစည်းက ဒီအခင်း အကျင်း ပေါ်လာအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲတော့ စောင့်ကြည့်ရမယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နစက နှင့် NUG ကြား တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာရေး အားပြိုင်လျက်ရှိသလို တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိ နေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂတ်စ်အိုးကိုင်ပြီး ဆန္ဒပြနေသည့် သီရိလင်္ကာပြည်သူတစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-Getty Images)

သီရိလင်္ကာ အရေးပေါ်အခြေအနေကြေညာခြင်း သက်တမ်းထပ်မတိုးဟု သမ္မတရုံးထုတ်ပြန်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1043

CNI International News

ကိုလံဘို၊ ဩဂုတ် ၁၇

စီးပွားရေးချွတ်ခြုံကျခဲ့ရသော သီရိလင်္ကာနိုင်ငံတွင် အခြေအနေတည်ငြိမ်သွားပြီဖြစ်၍ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို ထိန်းချုပ်ရန် အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းကို နောက်ထပ်သက်တမ်းတိုးမည် မဟုတ်တော့ကြောင်း သမ္မတရုံးက ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် လအတန်ကြာ ဆန္ဒပြမှုများဖြစ်ပွားခဲ့ရာ သမ္မတ ဟောင်း ရာထူးမှ နုတ်ထွက်ကာ နိုင်ငံရပ်ခြားသို့ ထွက်ပြေးသွားပြီးနောက် ၄ ရက်အကြာ ဇူလိုင် ၁၄ ရက်တွင် ရာနေးဝီကရီမီဆင်က လက်ရှိသမ္မတတာဝန်ကို ယူခဲ့သည်။ ထို့နောက် ၎င်းက ပြင်းထန်သည့် ဥပဒေများကို ထုတ်ပြန်၍ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့သည်။

လက်ရှိသမ္မတအနေဖြင့် ဝီကရီမီဆင်ချမှတ်ထားသော အရေးပေါ်အခြေအနေသည် ယခင်သီတင်းပတ် ဩဂုတ်လ ၁၁ ရက်တွင် သက်တမ်းကုန်ခဲ့ပြီဖြစ်၍ လစဉ် သက်တမ်းတိုးလိုလျှင်လည်း တိုးနိုင်သည်။

“တိုင်းပြည်အခြေအနေက တည်ငြိမ်သွားပါပြီ။ ဒီတစ်ပတ်ပြီးတာနဲ့ အရေးပေါ် အခြေအနေ ဆက်လက်ပြဋ္ဌာန်း ထားဖို့ မလိုအပ်တော့ပါဘူး” ဟု သမ္မတရုံး၏ ကြေညာချက်ထဲတွင် ပြောကြားထားသည်။

အရေးပေါ်အခြေအနေ ထုတ်ပြန်ထားစဉ်ကာလ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲများက သံသယရှိသူများကို ကြာရှည်ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်။

သီရိလင်္ကာရှိ လုံခြုံရေးရဲများနှင့် ပြည်သူတို့ ထိပ်တိုက်တွေ့ဆုံစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အရေးပေါ်အခြေအနေ ကြေညာခြင်းဖြင့် သမ္မတထံမှ စည်းမျဉ်းများ ကန့်သတ်မှု၊ တရားစီရင်ရေးဆိုင်ရာ ပြန်လည် သုံးသပ်ခြင်းမရှိဘဲ နိုင်ငံသားများ၏လွတ်လပ်ခွင့်ကို ဟန့်တားမှုတို့ကြောင့် ယင်းလုပ်ရပ်သည် ပြင်းထန်သော ခြေလှမ်းတစ်ရပ်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ကြသည်။

ဝီကရီမီဆင်၏ရှေ့က သမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာသည် ထောင်နှင့်ချီသော ဆန္ဒပြသူများက ၎င်း၏တရားဝင်နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရာထူးမှနုတ်ထွက်လျက် နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ပြည်တွင်းရှိ လူဦးရေ ၂၂ သန်းအတွက် အရေးကြီးဆုံး သွင်းကုန်များရရှိရန် ဘဏ္ဍာရေးလိုအပ်ချက်အဖြစ် နိုင်ငံခြားသုံး ငွေကြေးကို သီရိလင်္ကာတွင် အရေးတကြီးရှာဖွေခဲ့ရသည်။ ယမန်နှစ်နှောင်းပိုင်းမှစ၍ မရှိမဖြစ် လူ့အသုံး အဆောင်များအတွက် ပစ္စည်းပြတ်လပ်သည့်ဒဏ်ကို လူထုက ကြံ့ကြံ့ခံခဲ့ရသည်။

နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၅၁ သန်း မဆပ်နိုင်တော့၍ သီရိလင်္ကာသည် ဒေဝါလီခံခဲ့ရပြီး ဘဏ္ဍာရေး ကယ်ဆယ်ဖို့ ထွက်ပေါက်အဖြစ် နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) နှင့် ဆွေးနွေးနေသည်။

Source: AFP, CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77
  • 78
  • 79

Page 75 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar