CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၁/၂ ကို NSPNC နှင့် EAOs သုံးဖွဲ့ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s

၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၁/၂ ကို NSPNC နှင့် EAOs သုံးဖွဲ့ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို တွေ့ရစဉ် (AP)

မထီမဲ့မြင်ပြုမှုဖြင့် ဝန်ကြီးချုပ်ဟောင်းကို ပါကစ္စတန်တရားရုံးဆင့်ခေါ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1199

CNI International News

အစ္စလာမ္မာဘတ်၊ ဩဂုတ် ၂၄

မထီမဲ့မြင်ပြုမှု စွဲချက်များကို ထုချေရှင်းလင်းရန်အတွက် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို လာမည့် သီတင်းပတ် တွင် ရုံးတော်ကိုလာရောက်ရန် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်တရားရုံးက ဩဂုတ် ၂၄ ရက်၌ ဆင့်ခေါ်လိုက် ကြောင်း အေပီသတင်းအရ သိရသည်။

အစ္စလာမ္မာဘတ်မြို့တော်တွင် လူစုလူဝေး တားမြစ်ချက်ကို ဖီဆန်၍ မထီမဲ့မြင်ပြုသည့် စွဲချက်ဖြင့် အီမရန်ခမ်း အပေါ် ရဲတပ်ဖွဲ့က နောက်ထပ် အမှုဖွင့်ခဲ့သည်။

နောက်ဆုံး ဖြစ်ပေါ်နေသည့် အခြေအနေများအရ လူစုလူဝေးပွဲများ စီစဉ်လျက် အာဏာပြန်လည်ရရှိရန် ကြိုးပမ်း နေသည့် အီမရန်ခမ်းအပေါ် ပါကစ္စတန်အစိုးရက ဖိအား တိုးမြှင့်နေကြောင်း တွေ့ရှိရသည်။

သီးခြား ဖြစ်စဉ်တစ်ခုမှာ ပါကစ္စတန်၏မြို့တော် အစ္စလာမ္မာဘတ်ရှိ ခမ်း၏ အနီးကပ် လက်ထောက်ဖြစ်သူ ရှာဘတ်ဂီးလ်၏တိုက်ခန်းကို ရဲတပ်ဖွဲ့က ညတွင်းချင်း ဝင်ရောက်စီးနင်း၍ ၎င်းကို စစ်ဆေးမေးမြန်းရန် လက်ထိပ် ခတ် ခေါ်ဆောင်သွားခဲ့သည်။

အစ္စလာမ္မာဘတ်တရားရုံး (GETTY IMAGES)

ခမ်း(အီမရန်ခမ်း)အပေါ် စွဲချက်တင်ထားမှုကို ဩဂုတ် ၃၁ ရက်တွင် အစ္စလမ္မာဘတ်မြို့ရှိ တရားရုံးချုပ်ရှေ့မှောက် တွင် စီရင်ချက် ချမည်ဖြစ်သဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရသူသည် ပါကစ္စတန်ဥပဒေအရ အစိုးရအဖွဲ့၏ မည်သည့် ရာထူးကိုမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့၍ နိုင်ငံရေးလောကမှ ရာသက်ပန် အပြီးအပိုင် ကျောခိုင်းရ မည် ဖြစ်သည်။
ခရစ်ကတ် အားကစားသမားဟောင်း တစ်ဦးဖြစ်သည့် ခမ်းသည် အစ္စလာမ္မစ်နိုင်ငံရေးသမားအဖြစ် ပြောင်းလဲ လာချိန်၌ မထီမဲ့မြင်ပြုသည့် စွဲချက်များနှင့် ယခုရင်ဆိုင်ရခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။

၁၉၉၃ ခုနှစ် ရွေးကောက်ပွဲ အပြီးကလည်း တရားစီရင်ရေးမဏ္ဍိုင်၏ လုပ်ရပ်အရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် မသေချာကြောင်း အီမရန်ခမ်း ဝေဖန်ခဲ့သဖြင့် တရားရုံးချုပ်အနေဖြင့် ထိုစဉ်က ဆင့်ခေါ်ခဲ့ ဖူးသော်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောက်ခံသူများ (AP)

“ခမ်း၏အဖွဲ့သည် တရားရုံးမှ ဆင့်ခေါ်စာများကို စိစစ်မည်ဖြစ်သော်လည်း ၎င်းတို့၏အမြင်အရ အစ္စလာမ္မာဘတ် တရားရုံးချုပ်သည် ခမ်းအပေါ် ရုံးတော်အား မထီမဲ့မြင်ပြုမှုဖြင့် စစ်ဆေးစီရင်ရန် အခွင့်အာဏာမရှိကြောင်း” ခမ်း၏ အတိုက်အခံပါတီဖြစ်သည့် သီးရက်အီအင်ဆက်ဖ် (Tehreek-e-Insaf) ပါတီမှ ထိပ်တန်းခေါင်းဆောင် ဖာဝပ် ချောင်ဒရီက အေပီသို့ ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အာဏာရလာခဲ့ပြီး ယခုနှစ် ဧပြီလ၌ လွှတ်တော်တွင် အယုံအကြည် မရှိကြောင်း မဲခွဲဆုံးဖြတ်၍ ဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို တရားရုံးချုပ်က ပြစ်မှုထင်ရှားကြောင်း စစ်ဆေးစီရင်ခဲ့လျှင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ညီမျှသော ထောင်ဒဏ်ကို လပေါင်းများစွာမှ ၁၄ နှစ်အထိ ကျခံရနိုင်သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို တရားရုံးက ရာထူးဆိုင်းငံ့

By CNI
CNI
Category: နိုင်ငံရေး
Hits: 2452

CNI International News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို လက်ရှိရာထူးတာဝန်မှ ဆိုင်းငံ့ရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ၅ မဲ-၄ မဲဖြင့် ဆုံးဖြတ်လိုက်ကြောင်း ဩဂုတ် ၂၄ ရက် (ယနေ့) မွန်းလွဲပိုင်း၌ ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

ဝန်ကြီးချုပ်၏ ၈ နှစ်သက်တမ်းအတွက် စီရင်ဆုံးဖြတ်ပေးပါရန် တောင်းဆိုသည့် အသနားခံ(အယူခံ)လွှာကို လက်ခံခဲ့ပြီးနောက် တရားရုံးက အထက်ပါတိုင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ အသနားခံစာကို ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်က တရားရုံးထံသို့ ပေးပို့ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် ဝစ်စနုကရီဂမ်က “ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဆိုင်းငံ့လိုက်ရင်တော့ လက်ရှိ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ပရာယွတ် ကတော့ ကာကွယ်ရေးဝန်ကြီးတာဝန် ဆက်ယူထားလိမ့်မယ်” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုင်းနိုင်ငံအစိုးရဖွဲ့စည်းပုံတွင် ဒုတိယဝန်ကြီးချုပ် ၅ ဦးအထိ ခန့်အပ်ထားသည်။

အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများလည်း ပုံမှန်အတိုင်း ဆက်လက် ထမ်းဆောင်ရန် လိုအပ်ကြောင်း ဝစ်စနုကရီဂမ်က အလေးပေး ပြောကြားခဲ့သည်။

“တာဝန်ဝတ္တရားကို ကျေပွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်တဲ့ အရာရှိတိုင်းဟာ ရာဇသတ်ကြီးကျင့်ထုံးဥပဒေ ၁၅၇ ကို ဖောက်ဖျက်တာ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၈ အရ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းသည် ၈ နှစ်သာဖြစ်သော် လည်း ဗိုလ်ချုပ်ကြီးပရာယွတ်၏ သက်တမ်း တရားဝင် ကုန်ဆုံးချိန်တွင်တော့ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် လာခဲ့သည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

တရုတ်ဘက်မှ မလှုပ်ရှားမီကပင် ခုခံကာကွယ်ရန် သန္နိဋ္ဌာန်ချထားဟု ထိုင်ဝမ်သမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေး တောင်းဆိုကြ(Reuters)

ဝန်ကြီးချုပ်ရာထူး သက်တမ်းကိစ္စကြောင့် ထိုင်းတွင် ဆန္ဒပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1697

 

CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၃

ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများမတိုင်မီ ထိုင်းအာဏာပိုင်များက ဩဂုတ် ၂၃ ရက် တွင် မြို့တော်ဘန်‌ကောက်အတွင်း လုံခြုံရေး တိုးမြှင့်ချထားပြီး တရားရုံးက  ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ် မှတ်သည့် ဝန်ကြီးချုပ်၏ ၈ နှစ်တာ ရာထူးသက်တမ်းကို ဆွဲဆန့်ရန် အသနားခံစာ တင်ဖို့ စဉ်းစားနေသည်။

၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် စစ်အာဏာသိမ်းမှုတွင် ဦးဆောင် အာဏာသိမ်းခဲ့သော ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ရာထူးမှ နုတ်ထွက်သင့်သည်ဟု စစ်တမ်း တစ်ခုတွင် မေးမြန်းခဲ့သည့် ထိုင်းလူမျိုး သုံးပုံနှစ်ပုံနီးပါးက သဘောထားပေးခဲ့ကြသည်။

အသက် ၆၈ နှစ်ရှိ ပရာယွတ်သည် အမျိုးသမီးဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို ဖြုတ်ချရန်အတွက် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့စဉ်က စစ်တပ် အကြီးအကဲဖြစ်ခဲ့သည်။ 

စစ်တပ်က ပြင်ဆင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအရ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲအပြီး ၎င်းမှာ အရပ်သားဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Reuters)

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၁၅၈ တွင် ဝန်ကြီးချုပ်ရာထူး သက်တမ်းကို ၈ နှစ် (၂ ကြိမ်ဆက် အနိုင် ရသည့်အထိ တာဝန်ယူခွင့်ပြုခြင်း)အထိသာ တာဝန် ထမ်းဆောင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက် အာဏာသိမ်းမှုမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၄ ရက်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်မှာ ၈ နှစ်ပြည့်ပြီး ဖြစ်၍ ပုဒ်မ ၁၅၈ အရ သက်တမ်း ပြည့်ပြီးဖြစ်သည်။

ထိုသို့ သက်တမ်းပြည့်သွားပြီဖြစ်၍ ရာထူးက နုတ်ထွက်ပေးရန် တောင်းဆိုမှုများ ဖြစ်လာခဲ့သလို ထိုင်းတရားရုံးက မည်သို့ ဆုံးဖြတ်မလဲဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ထိုင်းနိုင်ငံရေးသမားတချို့ကတော့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့သော သက်တမ်း ၄ နှစ်ကို ထုတ်နုတ်လိုက်ပါက ရွေးကောက်ပွဲကနေ တာဝန်ယူသည့် ဝန်ကြီးချုပ်ရာထူးမှာ ၄ နှစ်သာ ရှိဦးမည်ဖြစ်၍ ဆက်လက် တာဝန်ယူနိုင်သော ထွက်ပေါက် တစ်ခုရှိနေသည်ဟု ဆိုကြသည်။

Source: Reuters

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃ ရက်က NSPNC နဲ့ PNLO၊ ALP၊ LDU တို့ တွေ့ဆုံ

၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား ၁/၂ ကို NSPNC နှင့် EAOs သုံးဖွဲ့ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2668

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAOs) သုံးဖွဲ့မှ ခေါင်းဆောင်များ သြဂုတ် ၂၃ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ EAOs သုံးဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(A LP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ဖြစ်ကြသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်းနှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား ၂ ) စသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး သြဂုတ် ၂၆ ရက်အထိ ဆက်လက် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို NSPNC ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ နစက အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ NSPNC  အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းတို့ တက် ရောက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNLO၊ ALP၊ LDU တို့ တွေ့ဆုံ

ထို့နောက် EAOs များဘက်က PNLO ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒုဥက္ကဋ္ဌ ခွန်ထွန်းတင်၊ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာ လင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခိုင်စိုးမြ၊ LDU ဥက္ကဋ္ဌ ကျာဆော်လမွန်၊ အထွေထွေအတွင်းရေးမှူး ကျာယာကုတ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နစကဥက္ကဋ္ဌသည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ဖိတ်ခေါ်ခဲ့ပြီးနောက် ပထမအကြိမ် အနေဖြင့် မေလမှ သြဂုတ်လ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-ငြိမ်း ချမ်းရေးကောင်စီ(KNU/KNLA-PC)၊ PNLO၊ ALP၊ LDU တို့ အပါအဝင် NCA မထိုးရသေး သည့် “ဝ”ပြည် သွေး စည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDA A)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့နှင့် တွေ့ဆုံ ဆွေးနွေးထားပြီး ဖြစ်သည်။

ထို့နောက် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို နစကသည် ယခု သြဂုတ် ၂၂ ရက်နေ့က စတင်နေခြင်း ဖြစ်ပြီး ပထမဆုံးအနေဖြင့် PNLO၊ LDU၊ ALP အဖွဲ့တို့နှင့် တွေ့ဆုံ ဆွေးနွေးနေခြင်း ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဗန်းမောက်တွင် SNA နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

By CNI
CNI
Category: Watch TV
Hits: 713

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေဖော်ဆောင်မှု အားရကျေနပ်တဲ့အဆင့်ထိ မလုပ်နိုင်ခဲ့ဘူး

By CNI
CNI
Category: Exclusive Interview
Hits: 1423

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာရဲများက ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးရန်ကြိုးစားနေစဉ်(ဓါတ်ပုံ-AFP)

အဖမ်းအဆီးကြမ်းနေ၍ သီရိလင်္ကာကို နိုင်ငံတကာဝေဖန်အပြစ်တင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1331

CNI International News

ကိုလံဘို၊ ဩဂုတ် ၂၃

လွန်ခဲ့သည့်လက သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာ ရာထူးမှ နုတ်ထွက်အောင် တွန်းအားပေးခဲ့ကြ သည့် ဆန္ဒပြသူများကို ဖမ်းဆီးရန်အတွက် သီရိလင်္ကာအစိုးရသစ်သည် အကြမ်းဖက် ဆန့်ကျင်ရေးဥပဒေကို အသုံးပြုနေခြင်းကြောင့် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်နေရကြောင်း AFP သတင်းကို ကိုးကား၍ France24 ဝက်ဆိုက်က ရေးသားဖော်ပြသည်။

သီရိလင်္ကာအစိုးရ၏ အရေးပေါ်အခြေအနေကြေညာထားမှု အဆုံးသတ်ခဲ့ပြီးနောက် ထပ်မံဖြစ်ပွားခဲ့သော အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ကျောင်းသားခေါင်းဆောင် ဝါဆန်သာမူဒါလီဂျီအပါအဝင် ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ ၃ ဦးကို အကြမ်းဖက်မှုတားဆီးရေးအက်ဥပဒေ (PTA) ဖြင့် ဩဂုတ် ၂၁ ရက်နှောင်းပိုင်းက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအက်ဥပဒေအရ သံသယရှိသူများကို တရားစီရင်ရေးဆိုင်ရာ သုံးသပ်ခြင်းမရှိဘဲ ရက်ပေါင်း ၉၀ အထိ ဖမ်းဆီးချုပ်နှောင်ခွင့်ပြုထားသည်။

အကျပ်အတည်းတစ်ခုတွင် တိုင်းပြည်၏ပိုင်ဆိုင်မှုများကို ခိုးယူခြင်းသည် ရာဇဝတ်မှုမြောက်သည်” ဂိုတာ ဟု ဆိုင်းဘုတ်ကိုင်ဆောင်က ဆန္ဒထုတ်ဖော်နေသူတစ်ဦး(ဓါတ်ပုံ- Getty Images)

နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများနှင့် မကိုက်ညီဘဲ ထိုသို့သောဥပဒေမျိုးကို အသုံးချခြင်းသည် သီရိလင်္ကာ၏ ဒီမိုကရေစီကို ပျက်ပြားစေကြောင်း သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် ဂျူလီယာချောင် (Julie Chung) က အပြစ်တင်ဝေဖန်ခဲ့သည်။

“ပြည်သူတွေရဲ့အမြင်တွေ၊ ထုတ်ဖော်ပြောဆိုပိုင်ခွင့်တွေကို အစိုးရက အားပေးဖို့ ကျမတို့တိုက်တွန်းပါတယ်” ဟု ၎င်းက တွစ်တာလူမှုကွန်ရက်မှနေ၍ တောင်းဆိုခဲ့သည်။

အလားတူ PTA ဥပဒေသုံးခြင်းကို ခေတ္တဆိုင်းငံ့ပါရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် စိုးရိမ်မကင်းဖြစ်မိကြောင်း ကိုလံဘိုမြို့တော်ရှိ ဥရောပသမဂ္ဂ (EU) ရုံးခွဲက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး ပြောကြားခဲ့သည်။

ဩဂုတ် ၁၈ ရက် ဆန္ဒပြပွဲတွင် ဖမ်းဆီးခံခဲ့ရသည့် နောက်ထပ်ဆန္ဒပြသူ ၁၃ ဦးအနက်မှ အချို့ကို အာမခံဖြင့် ပြန်လွှတ်ပေးခြင်း (သို့မဟုတ်) ပုံမှန်လုပ်ထုံးလုပ်နည်းဖြင့် ဆက်လက်ထိန်းသိမ်းထားခြင်း ရှိခဲ့သည်။

အိမ်သုံးဂတ်စ်များရရှိရန် ဂတ်စ်အိုးများဖြင့် တန်းစီစောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-Wiki)

ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေများ ကျင့်သုံးခြင်းမှာ အာဏာပိုင်များအနေဖြင့် ဝေဖန်ထောက်ပြမှုများကို လက်ခံလိုစိတ်မရှိဘဲ သဘောထားကွဲလွဲသည့်အသံများအား စနစ်တကျတားဆီး နေသည့် အရိပ်လက္ခဏာဖြစ်ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International-AI) က ပြောကြားခဲ့သည်။

“အကြမ်းဖက်မှုစွဲချက်တွေဟာ ဆန္ဒပြသူတွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ကိုက်ညီမှုမရှိဘူး။ အစိုးရဝေဖန်သူတွေ၊ သတင်းထောက်တွေနဲ့ လူနည်းစုတွေရဲ့ ပါးစပ်တွေပိတ်အောင် ဒီဥပဒေကို အကြိမ်ကြိမ် ထုတ်သုံးနေတာ တွေ့ရပါတယ်” ဟု AI အဖွဲ့မှ တောင်အာရှရေးရာဒါရိုက်တာ ယာမီနီမီရှရာ (Yamini Mishra) က ပြောကြား ခဲ့သည်။

မကြုံစဖူး စီးပွားရေးပြိုလဲမှုကြောင့် သီရိလင်္ကာနိုင်ငံတွင် သွင်းကုန်များဝယ်ယူရန် ပြည်ပငွေကြေး ကုန်ခမ်း သွားပြီးနောက် ယခုနှစ်ဆန်းပိုင်းကပင် အစိုးရဆန့်ကျင်ရေးလူထုအုံကြွမှု မကြာခဏဖြစ်ပွားခဲ့ကာ နိုင်ငံ့လူဦးရေ ၂၂ သန်းမှာ မရှိမဖြစ်လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှု၊ လျှပ်စစ်မီးမရမှုနှင့် ငွေကြေးဖောင်းပွမှုတို့ ခါးစည်းခံခဲ့ရသည်။

Source: AFP, France24

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (EPA)

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST ၏ ဦးဆောင်နာယကအဖြစ် တာဝန်ယူမည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 3544

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ ပန်ကြားချက်အရ PPST တွင် ဦးဆောင်နာယကအဖြစ် တာဝန် ယူသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက စာတစ်စောင် ပေးပို့အကြောင်းကြားခဲ့သည်။

PPST သည် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများ ပေးနိုင်ရန် ဦးဆောင် နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြောင်း စာတစ်စောင် ပေးပို့ ခဲ့သည်။

အဆိုပါ စာကို ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လက်ခံရရှိကြောင်းနှင့် ဦးဆောင်နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ် ၄ ရက်နေ့စွဲဖြင့် အကြောင်းပြန်ကြားခဲ့သည်။

ထို့နောက် စတုတ္တအကြိမ်မြောက် NCA-EAO Summit မှ အတည်ပြုသော TOR အရ PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင်နာယကအဖြစ် ခန့်အပ်လိုခြင်းသည် တိုင်းရင်းသားအဖွဲ့အ စည်းများ၏ သဘောဆန္ဒဖြစ်ပြီး အဆိုပါ သဘောဆန္ဒအား တိုင်းရင်းသား တစ်ဦးဖြစ်သော ကျနော့်အနေဖြင့် လေးစားစွာ အသိအမှတ်ပြုပါကြောင်း PPST သို့ ပြန်လည် အကြောင်းကြားသည့် စာထဲတွင် ရေးသားထား သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 

ထို့အပြင် TOR အရ ဦးဆောင်နာယကသည် အဖွဲ့အစည်း၏ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်သော ဆန္ဒအရ ဟု ပြဋ္ဌာန်းထားသဖြင့် ကျနော် စောမူတူးစေးဖိုး၏ ကိုယ်ပိုင်သဘောထား ဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားပြုရန် မလိုဘဲ ပုဂ္ဂလိကအရ လွတ်လပ်စွာ ပါဝင်ခွင့်ရှိသည်ကိုလည်း သိရှိရသဖြင့် ကျနော်၏ သဘောထား ယုံကြည်ချက်ဖြစ်သော ငြိမ်းချမ်းရေးကို တွေ့ဆုံ ဆွးနွေးရေး နည်းလမ်းဖြင့်သာ ဆောင်ရွက်ကြရန် လွတ်လပ်စွာ ဦးဆောင်လမ်းပြနိုင်မည်ဟု ယုံကြည်ပါသည်ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ သို့ပါ၍ PPST အား နိုင်ငံရေးအရ လမ်းညွှန်မှုနှင့် ဦးဆောင်မှုများပေးနိုင်ရန် ဦးဆောင် နာယကအဖြစ် တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံချက်အပေါ် အဖွဲ့အစည်းအား ကိုယ်စား မပြုပဲ ကျနော်၏ ပုဂ္ဂလိက အနေဖြင့် ပါဝင်ကာ ဦးဆောင် နာယက တာဝန်အား တာဝန်ယူဆောင်ရွက်ပါ မည်” ဟု အကြောင်းကြားစာထဲတွင် ပြောကြားထားသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST ၏ ဦးဆောင်နာယကအဖြစ် KNU ကို ကိုယ်စားပြု၍ တာဝန်ယူခြင်း မဟုတ်ဘဲ မိမိ၏ ပုဂ္ဂလိကအနေဖြင့်သာ ဦးဆောင်နာယကတာဝန်အား တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည် အားကောင်းလာနိုင်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး တစ်စုံတစ်ရာ အထောက်အကူပြုလာနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူတချို့က ပြောသည်။

 ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို NCA-S EAO Summit မှာတွေ့ရစဉ်

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် လက်ရှိတွင် KNU ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၂၀၁၅ ခုနှစ်၊ အောက်တို ဘာ ၁၅ ရက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တခြားသော လက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ ဦးဆောင် လက်မှတ်ရေးထိုးခဲ့သူ ဖြစ်သည်။

အဆိုပါ NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော PPST ၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ယူခဲ့ပြီးနောက် နှုတ်ထွက်သွားခဲ့သည်။

လက်ရှိတွင် PPST ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(AL P)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ဖြင့် ဖွဲ့စည်း ထားသည်။

ကျန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုး သားတပ်ဦး(CNF)တို့က အဖွဲ့အဝင်များအဖြစ် ပါဝင်မှုကနေ ရပ်နားထားကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

အီမရန်ခမ်း၏မိန့်ခွန်း တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပါကစ္စတန်တားမြစ်

By CNI
CNI
Category: Watch TV
Hits: 758

Share
Tweet
Share
Share
powered by social2s

တရုတ်ကို တန်ပြန်ရန် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်ဖို့ ဂျပန်စဉ်းစားနေ

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားခြိမ်းခြောက်မှုရှိနေစဉ် အမေရိကန်နှင့်တောင်ကိုရီးယား စစ်ရေးလေ့ကျင့်

By CNI
CNI
Category: Watch TV
Hits: 760

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNLO- ALP- LDU ခေါင်းဆောင်များတွေ့ဆုံစဉ်

PNLO၊ ALP၊ LDU တို့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1520

 

CNI News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက် တစ်အစည်းအရုံး(LDU) တို့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြဂုတ် ၂၂ ရက် တွေ့ဆုံ၍ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

PNLO၊ ALP၊ LDU တို့ကို တစ်ခါတည်း စုပေါင်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

PNLO ကမူ ဥက္ကဋ္ဌ ခွန်သူရိန် တက်ရောက်ခဲ့ပြီး၊ ALP က ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၊ LDU က အထွေထွေ အတွင်းရေးမှူး ကျာဆော်လမွန်တို့ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

 

Share
Tweet
Share
Share
powered by social2s

လက်ရှိအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အခြေခံကောင်းမဟုတ်ဟု KNPP ပြော

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s
  • 68
  • 69
  • 70
  • 71
  • 72
  • 73
  • 74
  • 75
  • 76
  • 77

Page 73 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar