CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရုရှားသမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘာတွေဆွေးနွေးလဲ

By CNI
CNI
Category: Watch TV
Hits: 4880

Share
Tweet
Share
Share
powered by social2s

ရုရှားကမ္ဘာကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒသစ်ကို ပူတင်အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 798

Share
Tweet
Share
Share
powered by social2s

ရုရှားသမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2041


CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇


ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းက ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ကြသည်။


အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ နိုင်ငံရေး အခြေအနေများနှင့် ဒေသတွင်း အခြေအနေများကို တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီလို ကာလအတွင်းမှာ အနိမ့်အမြင့် အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ရုရှားနိုင်ငံကလည်း သမိုင်းအစဉ်အလာ ကြီးမားတဲ့နိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ရုရှားနိုင်ငံဟာ အခက်အခဲများ ရှိခဲ့သော်လည်း အခုဆိုရင် ထိပ်ဆုံးကို ရောက်နေတာကို မြင်ရပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်မှုကြောင့် အခု ရုရှားနိုင်ငံ ထိပ်ဆုံးကို ရောက်လာတာဖြစ်ပါတယ်။ အဆွေတော်က ကမ္ဘာထိပ်ဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ် ပါတယ်”ဟု ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစက ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။


ထို့နောက် စက်တင်ဘာ ၇ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

မြောက်ကိုရီးယားထံမှ ဒုံးနှင့်အမြောက်ကျည်ဆန် ရုရှားဝယ်မည်ဟု အမေရိကန်ပြော

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

ပြည်တော်ပြန် သီရိလင်္ကာသမ္မတဟောင်းကို လေဆိပ်တွင် ကြိုဆိုကြ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

နစကနှင့်တရုတ် ဆက်ဆံ‌ရေး တင်းမာလာ၍ ရုရှားနှင့် နီးစပ်သွားခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

စစ်တပ်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ သတင်းမှားဖြန့်ပြီး SNA ကို ပုံဖျက်နေတာ

By CNI
CNI
Category: Exclusive Interview
Hits: 1184

Share
Tweet
Share
Share
powered by social2s
ဆောမြို့နယ်က ဆန္ဒပြ သပိတ် (ယောလူထုတိုက်ပွဲကော်မတီ)

ဦးကျော်မိုးထွန်းကို UN မှာဆက်ထားရေး ဆန္ဒပြတောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1265

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဘက်မှ ရပ်တည်နေသော ဦးကျော်မိုးထွန်းကို UN က ကိုယ်စားလှယ်အနေနှင့် ဆက်လက် ထားရှိရေး ဆောမြို့နယ်၌ စက်တင်ဘာ ၆ ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြ တောင်းဆိုမှုကို ယောလူထုတိုက်ပွဲကော်မတီနှင့် YDF SAW တို့မှ ဦးဆောင်၍ ဒေသခံများ စုပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဆောမြို့နယ်က ဆန္ဒပြ သပိတ် (ယောလူထုတိုက်ပွဲကော်မတီ)

ထို့နောက် NUG ကို ထောက်ခံကြောင်းလည်း တောင်းဆိုခဲ့ကြသည်။

ထိုဆန္ဒပြ တောင်းဆိုမှုကို YDF SAW က လက်နက်များ ကိုင်ဆောင်၍ လုံခြုံရေး ရယူကာ ဝန်းရံပေးခဲ့သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
သတ်ဖြတ်ခံလိုက်ရသော ရှမ်းနီဆရာတော် ဦးဂန္ဓမာကို တွေ့ရစဉ်

ဗန်းမောက်တွင် ရှမ်းနီဆရာတော်တစ်ပါးကို KIA၊ PDF ပူးပေါင်းအဖွဲ့ သတ်ဖြတ်ဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2117

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာမှ ရှမ်းနီဆရာတော်တစ်ပါးကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့မှ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသူမှာ နောင်ပတ်ဆရာတော် ဦးဂန္ဓမာ ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက KIA၊ PDF ပူးပေါင်းအဖွဲ့က လာရောက် ခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း လုံခြုံရေး အရအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ရှမ်းနီစာပေသင်တန်းဆင်းပွဲတွင် တွေ့ရသော ဦးဂန္ဓမာ

၎င်းက “ဖြစ်စဉ်ကတော့ ၉ လပိုင်း ၄ ရက်နေ့ ညနေပိုင်း ၆ နာရီလောက်မှာ လာခေါ်သွားတယ်လို့ ပြောတယ်။ လာခေါ်တဲ့ အချိန်မှာ အင်အားက ကျောင်းထဲဝင်လာတာ ၁၀ ကျော်၊ အပြင်မှာ စောင့်နေတာလည်း ရှိတယ်။ သူတို့ ခေါ်သွားတဲ့ အချိန်မှာ ကြိုးတုတ်သွားတာတော့ မရှိဘူး။ ဘာကြောင့် ညာကြောင့် ခေါ်တယ်ဆိုတာလည်း မရှိဘူး။ ဒီအတိုင်းပဲ လာခေါ်သွားတယ်၊ ခေါ်သွားပြီးတော့မှ ရွာထဲမှာ ပုဆိုးနဲ့ အဝတ်အစား တောင်းတယ်လို့ ပြောတယ်၊ သူတို့ ခေါ်သွားတာ နောင်ပတ်ရွာနဲ့ ဆိုလို့ရှိရင် အနောက်တောင်ဖက် သွားကျမှာပေါ့။ နောင်ပတ်ရွာနဲ့ နမ့်စက် ကြားမှာ ၆ နာရီခွဲလောက်မှာ သေနတ်တစ်ချက် ဖောက်သံ ကြားတယ်ပေါ့လေ၊ ညပိုင်းမှာ ရှမ်းနီအမျိုးသားရေး လုပ်နေတဲ့ တခြားပုဂ္ဂိုလ်တွေကို ခေါ်ပြီးတော့မှ သွားပြတယ်တဲ့ မြေစာပုံကို၊ မြေစာပုံက ကျင်းသုံးကျင်း တူးထား တယ်တဲ့ တစ်ကျင်းက ဖို့ပြီးသား၊ ၂ ကျင်းက ကျန်သေးတယ်ပေ့ါ၊ သူတို့လာခေါ်သွားတဲ့ ၃၊ ၄ ယောက်ကို မင်းတို့ လည်း ဒီလမ်းစဉ်အတိုင်းပဲ လိုက်ရမယ်တဲ့ ကြည့်ထားဆိုပြီး အဲဒီပုံစံနဲ့ ပြောတယ်တဲ့ ပြီးတော့မှ အဲဒီလူတွေကို ရိုက်ပြီးမှ ပြန်လွတ်ခဲ့တယ်လို့ ပြောတယ်” ဟု ပြောသည်။

 ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသော စိုင်းကျန်အောင် 

ယနေ့(စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းတွင် အဆိုပါ မြေစာပုံအား သွားဖော်ရာ သင်္ကန်းစများ မြင်တွေ့ခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ် မေးမြန်းသော် ဖုန်း လက်ခံဖြေကြားခြင်းမရှိပေ။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်ကလည်း ဗန်းမောက် ရှမ်းနီလူငယ်ကွန်ရက် ဒုဥက္ကဋ္ဌဖြစ်သူ စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို KIA၊ PDF များ ဖမ်းဆီးသွားခဲ့သေးသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က သတ်ခံလိုက်ရသော ဦးသန်းဖေ 

အဆိုပါ ဖမ်းဆီးသွားသည်ကို သိရှိပြီးနောက် ရှမ်းနီ အရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းအရပ်ဖက် အဖွဲ့အစည်းများ၊ ရှမ်းနီနိုင်ငံရေးပါတီများ၏ တောင်းဆိုမှုကြောင့် ဇွန်လ ၂၄ ရက်တွင် စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို KIA၊ PDF ပူးပေါင်းအဖွဲ့က ပြန်လွှတ်ပေးခဲ့သည်။

အလားတူ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေသည့် ဆရာတော် အရှင်သူရိယနှင့် ပင်ပုံရွားသား ၁၅ ဦးကိုလည်း KIA ၊PDF များမှ ဩဂုတ်လ ၂၁ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီး ခေါ် ဆောင် သွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင် နေထိုင် သော ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယကဖြစ်သူ ဦးသန်းဖေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသေးသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြည်တော်ပြန်လာသော သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ (AFP)

ပြည်တော်ပြန် သီရိလင်္ကာသမ္မတဟောင်းကို လေဆိပ်တွင် ကြိုဆိုကြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1654

CNI International News

ကိုလံဘို၊ စက်တင်ဘာ ၆

ပြီးခဲ့သည့် နှစ်လမပြည့်မီက သမ္မတအိမ်တော်ကို ဆန္ဒပြသူများ စီးနင်းသိမ်းပိုက်ခဲ့ပြီး မရှေးမနှောင်း၌ ပြည်တွင်းမှ အဆောတလျင် ထွက်ပြေးသွားခဲ့သော သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် သီရိလင်္ကာ နိုင်ငံအတွင်းသို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။

ရက်သတ္တပတ်ပေါင်းများစွာ ၎င်းနှင့်ပတ်သက်၍ သို့လော၊ သို့လော ထင်ကြေးပေး ပြောဆိုနေသံများမှာလည်း စက်တင်ဘာ ၃ ရက်၌ ရာဂျာပက်ဆာ ပြန်ရောက်လာခြင်းနှင့်အတူ တိတ်ဆိတ်သွားခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင်လ၌ ပြည်တွင်းမှ ထွက်ပြေးရန် အသည်းအသန် ကြိုးစားခဲ့ရသော်လည်း ယခုအခါ သီရိလင်္ကာ၊ နိုင်ငံတကာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာချိန်၌ ဆီးကြိုနှုတ်ဆက်သူများ ရှိနေခဲ့သည်။

ပြည်တော်ပြန် ရာဂျာပက်ဆာကို ဝန်ကြီးအဖွဲ့တစ်ဖွဲ့၊ မော်တော်ယာဉ်တန်းနှင့်အတူ “ကျနော် ပြန်လာပြီ” ဟူသော စာတန်းဆိုင်းဘုတ်များ၊ ပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

လာရောက်ကြိုဆိုသူများနဲ့အတူတွေ့ရသော ပြည်တော်ပြန်လာသော သီရိလင်္ကာ သမ္မတဟောင်း ရာဂျာပက်ဆာ (AP)

၎င်းကို တရားဝင် နေထိုင်ခွင့်၊ အထူးလုံခြုံရေးနှင့် နိုင်ငံ၏ ခေတ်အဆက်ဆက် သမ္မတဟောင်းများကို ပေးလေ့ရှိ သည့် အခြားအခွင့်အရေးများကို ပေးအပ်ထားကြောင်း သီရိလင်္ကာ၏ လက်ရှိအစိုးရ တာဝန်ရှိသူများက မီဒီယာ များကို ပြောကြားခဲ့သည်။

သို့ဖြစ်၍ ၎င်းကို မြို့တော်ကိုလံဘိုရှိ အစိုးရပိုင် ဘန်ဂလိုလုံးချင်းအိမ် တစ်ခုတွင် သီးသန့် အစောင့်အကြပ်များဖြင့် ထားရှိကြောင်း ပြည်တွင်းမီဒီယာများက ရေးသားကြသည်။

မည်သို့ပင်ဆိုစေကာမူ ရာဂျာပက်ဆာ ပြည်တော်ပြန်လာခြင်းအပေါ် ယခုနှစ် အစောပိုင်းကတည်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ခင်းကျင်းခဲ့ကြသည့် တက်ကြွလှုပ်ရှားသူများအကြား နောက်ထပ်တဖန် ဒေါသထွက် စေခဲ့သည်။

အသက် ၇၃ နှစ်အရွယ်ရှိ ရာဂျာပက်ဆာသည် ဆိုးရွားသော မူဝါဒများ ချမှတ်ခဲ့ရုံမက အကျင့်ပျက်ခြစားမှု ကြီးကြီး မားမားဖြင့် တိုင်းပြည်စီးပွားရေးကို ချွတ်ခြုံကျစေခဲ့ကြောင်း ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများက စွပ်စွဲခဲ့ ကြသည်။

၂၀၀၉ ခုနှစ်ကျမှ အဆုံးသတ်ခဲ့သော ၂၇ နှစ်ကြာ ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများစာရင်း တွင် ရာဂျာပက်ဆာသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ ၎င်းသည် စစ်အတွင်း ကာလ၌ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသည်။

Source: Vice.com

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယားနဲ့ ရုရှား ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ် (AFP)

မြောက်ကိုရီးယားထံမှ ဒုံးနှင့်အမြောက်ကျည်ဆန် ရုရှားဝယ်မည်ဟု အမေရိကန်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1925

CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၆

ယူကရိန်းစစ်ပွဲအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ကိုရီးယားထံမှ သန်းနှင့်ချီသော ဒုံးကျည် များနှင့် အမြောက်ကျည်ဆန်များကို ဝယ်ယူရန် လုပ်ဆောင်နေကြောင်း အမေရိကန် ထောက်လှမ်းရေး၏ တွေ့ရှိ ချက်ကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ရုရှားသည် အထီးကျန်နိုင်ငံအဖြစ် မြောက်ကိုရီးယားဘက်သို့ ခြေဦးလှည့်လာနေပုံကို ပြသနေကြောင်း၊ ယူကရိန်း စစ်ကို ဆက်လက် တိုက်ခိုက်နိုင်ရေးအတွက် ပို့ကုန်ထိန်းချုပ်ခံရခြင်းနှင့် ပိတ်ဆို့ဒဏ်ခတ်ခံရခြင်းတို့ကြောင့် ရုရှား စစ်တပ်အနေဖြင့် ရှေ့တန်းထောက်ပံ့ ပို့ဆောင်ရေး၌ ဆိုးရွားစွာ ကြုံတွေ့နေဆဲဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းများကို သုံးသပ်ပြခဲ့သည့် အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးက စက်တင်ဘာ ၅ ရက်တွင် အေပီ သို့ ပြောကြားခဲ့သည်။

ရုရှားသည် မဝေးလှသော အနာဂတ်တွင် မြောက်ကိုရီးယားနိုင်ငံထံမှ စစ်လက်နက်ပစ္စည်းများ ထပ်မံဝယ်ယူရန် ကြိုးပမ်းလာနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ယုံကြည်နေကြသည်။

အဆိုပါ ထောက်လှမ်း တွေ့ရှိချက်ကို နယူးယောက်တိုင်းမ်မီဒီယာက အစောဆုံး ဖော်ပြခဲ့သည်။

ယူကရိန်းစစ်မြေပြင်ကိုတွေ့ရစဉ် (AP)

သို့သော် မြောက်ကိုရီးယားထံမှ ရုရှားသည် မည်သည့် လက်နက်အမျိုးအစား ဝယ်ယူရန် ရည်ရွယ်ထားကြောင်း ကိုတော့ အမေရိကန်ထောက်လှမ်းရေးက ထုတ်ဖော်မပြောပေ။

ရုရှားသည် ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွက် သုံးရန် အီရန်ထံမှ ပြီးခဲ့သည့် ဩဂုတ်လ၌ မောင်းသူမဲ့ လေယာဉ် (ဒရုန်း)များ ဝယ်ယူခဲ့သော်လည်း နည်းပညာဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း အိမ်ဖြူ တော်က ယခင်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

Mohajer-6 နှင့် Shahed-series မောင်းသူမဲ့ လေယာဉ်များကို ပြီးခဲ့သည့်လအတွင်း ရုရှားက စုဆောင်းခဲ့သည်။

ထိုစစ်သုံးကိရိယာများသည် ယူကရိန်းစစ်ပွဲ၌ သုံးရန် ရုရှားအစီအစဉ်၏ တစိတ်တပိုင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဘိုင်ဒန်အစိုးရက ယူဆထားသည်။

ဥရောပနှင့်အနောက်နိုင်ငံများ ကျောခိုင်းသွားခဲ့သော ရုရှားနှင့် ၎င်း၏ဆက်ဆံရေး ပိုမိုနီးကပ်လာစေရန် မြောက်ကိုရီးယားက ယခုတလော ကြိုးစားနေခဲ့သည်။

မြောက်ကိုရီးယားသည် ယူကရိန်း အကျပ်အတည်းအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အနောက်အုပ်စု၏ တအုပ်တမ (အုပ်စုဖွဲ့) အရေးယူခြင်းကိုလည်း ရှုတ်ချခဲ့သည်။ ယူကရိန်းမြေပေါ်တွင် ရုရှား၏ စစ်ရေးအရ ဆောင် ရွက်နေခြင်းသည် တရားမျှတကြောင်း ပြုံယမ်းအစိုးရက လက်ခံထားသည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားရောက်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

နစကနှင့်တရုတ် ဆက်ဆံ‌ရေး တင်းမာလာ၍ ရုရှားနှင့် နီးစပ်သွားခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1549

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

နစကသည် တရုတ်နှင့်ဆက်ဆံရေး တင်းမာလာသည့်အတွက် ရုရှားနိုင်ငံသို့ အခေါက်ခေါက် အခါခါသွားကာ ရုရှားနှင့် နီးစပ်သွားခြင်း ဖြစ်နိုင်သည်ဟု တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက CNI သတင်း ဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် တရုတ်သည် ဆက်ဆံရေး ကောင်းမွန်သည့်အတွက် မြန်မာ့တပ်မတော်မှ အမြင်ကြည်ပုံမရကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလှကျော်ဇောက “ဒါက ဒီလိုရှိတယ်ဗျ။ ဟိုနှစ်များက ဒေါ်အောင်ဆန်းစုကြည်တို့ NLD နဲ့ တရုတ်နဲ့ ဆက်ဆံရေးက သိပ်ကောင်းနေတာ ဖြစ်တာကို။ အဲဒီကတည်းက တော်တော်ကို မကြည်ဘူး။ တရုတ်ကလည်း ဦးသိန်းစိန်ခေတ်မှာ မြစ်ဆုံကိစ္စကို ဖျက်လိုက်တာကို တရုတ်ကလည်း တော်တော်စိတ်ဆိုးပုံရတယ်၊ အဲဒီ ကတည်း က စစ်တပ်နဲ့ အဖုအထစ် ဖြစ်သွားတယ်ထင်တယ်။ ဒေါ်‌အောင်ဆန်းစုကြည်နဲ့လည်း တရုတ်နဲ့က ဆက်ဆံရေး သိပ်ကောင်းသွားတဲ့ အခါကြတော့ သူတို့က သိပ်မကြည်ဘူး။ ဒါကြောင့်မို့လို့ သူတို့က တကယ်‌‌တော့ သူအာဏာ သိမ်းဖို့ စီစဉ်ကတည်းကိုက ရုရှားမှာ ပထမဦးဆုံးပြောတာလည်း ခင်ဗျား ကြားဖူးမှာပေါ့။ ရုရှားမှာ သူ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူပြောတာပဲ။ သူက နိုင်ငံရေးမှာ ဆက်လက်ပြီး ပါဝင်ဖို့ သူစဉ်းစားတယ်တို့၊ ဘာတို့ နောက် တရုတ် ကိုတောင်မှ စောင်းပြီး အဲဒီမှာ သွားချနေသေးတယ်လေ။ တချို့နိုင်ငံကြီးတွေက ကူညီနေတယ်တို့ ဘာတို့ သူသွား တွယ်နေသေးတာပဲ။ အဲဒီတော့ သူ့စိတ်ထဲမှာ နိုင်ငံတစ်နိုင်ငံကို ကပ်ဖို့ လိုတယ်လို့ တွက်မှာပေါ့။ တရုတ်နဲ့ကဆို သိပ် အဆင်မပြေဘူး ထင်တယ်။ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာတုန်းက သူတိုင်သေးတာပဲလေ။ မဲခိုးတာတွေ၊ ဘာတွေ အဲဒီတုန်းကလည်း တရုတ်က သူ့ဘက် မလိုက်တဲ့အခါကြတော့ သူက ရုရှားကို လှမ်းဖက်ထားပုံရပါ တယ်။ သူ့ကို ဖိတ်လည်း မဖိတ်ဘူး။ တရုတ်က ဒီတစ်ခေါက် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလာတာလည်း သူ့ကို နေပြည်တော်မှာ လာမှ မတွေ့တာ၊ အဲဒါကြောင့် သူက တရုတ်နဲ့ ဆက်ဆံရေး နည်းနည်း တင်းမာလာတဲ့ အခါမှာ ရုရှားဖက်ကို သူတို့က အတင်းဝင်တိုးတာနဲ့ တူပါတယ် ကြည့်ရတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ်

နစကနှင့် ရုရှားသမ္မတတို့ တွေ့ဆုံဖြစ်ပါက သံခင်းတမန်ခင်းအရ အောင်မြင်မှုဟု ပြောနိုင်ကြောင်း၊ သို့သော် လည်း စီးပွားရေးဖိုရမ် တက်ရောက်ရန် ဖြစ်သည့်အတွက် မည်သည့် ခေါင်းဆောင်နှင့်မဆို တွေ့ဆုံရမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

စွမ်းအင်ကဏ္ဍအရ ရုရှားနှင့် ပူးပေါင်းရမှာ ဖြစ်သလို လူသုံးကုန်ပစ္စည်း တင်ပို့ရောင်းချရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် အရေးများတွင် တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ရုရှားရောက်နေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ဒေါက်တာအောင်မျိုးက “ရုရှားကို သွားတယ်၊ ရုရှားဆီက ကျနော်တို့က သိပ်ပြီးတော့ အဆင့်မြင့်တဲ့ ကျနော်တို့ က နည်းပညာပိုင်းဆိုင်ရာတွေ ကျနော်တို့က ရုရှားဆီက ရမယ်၊ ပူးပေါင်းဆောင်ရွက်မှုရမယ်၊ အထူးသဖြင့်တော့ စွမ်းအင်ကဏ္ဍပေါ့နော်၊ စွမ်းအင်ကဏ္ဍမှာတော့ ကျ‌နော်တို့က တရုတ်ကို မှီခိုလို့မရဘူး။ ရုရှားကို ကျနော်တို့က မှီခို ရမှာပဲ။ အရေးကြီးဆုံး စွမ်းအင်ကဏ္ဍပေါ့နော်၊ ဒီအတွက်ကြောင့် ကျနော်တို့က ရုရှားကို သွားတာကို ကျနော်တို့ ကြိုက်တယ်။ ဒါပေမဲ့ တစ်ဖက်ကြတော့လည်း ကျနော်တို့က လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုပေါ့နော်၊ စစ်ရေး နည်းပညာ မပါပေါ့နော်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု အပါအဝင် အပိုင်းတွေမှာကြတော့ ကျနော်တို့ တရုတ် ပြည် ဈေးကွက်ကြီးက သန်းတစ်ထောင်ကျော်ကြီး ရှိနေတဲ့ အခါကြတော့ တရုတ်အစိုးရနဲ့ ကျနော်တို့ ချစ်ကြည် ရင်းနှီးမှုဆိုတာက ကျနော်တို့က တည်ဆောက်ရမှာပဲ” ဟု ပြောသည်။

နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံမှာ စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ကြမည့် မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီယား၊ တရုတ် တို့မှ ခေါင်းဆောင်များဖြင့် တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း ရုရှားသတင်းဌာန တာ့စ်က ဖော်ပြထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်ကို သူ၏ ထောက်ခံသူများနဲ့အတူတွေ့ရ(AP)

ရုရှားကမ္ဘာကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒသစ်ကို ပူတင်အတည်ပြု

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1655

CNI International News

မော်စကို၊ စက်တင်ဘာ ၆

‘ရုရှားကမ္ဘာ’ သဘောတရားကို အခြေခံသည့် နိုင်ငံခြားရေးမူဝါဒ အယူအဆသစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က စက်တင်ဘာ ၅ ရက်တွင် အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အဆိုပါ အယူအဆသစ်သည် ပြည်ပဝင်ရောက်စွက်ဖက်မှုကို အကြောင်းပြလျက် ရှေးရိုးစွဲဝါဒီများက ရုရှားဘာသာ စကား ပြောဆိုသုံးစွဲသူများအား ဦးစားပေး ထောက်ခံကြရန်အတွက် တွေးခေါ်သည့် အယူအဆမျိုး ဖြစ်သည်။

ယူကရိန်းစစ်ပွဲ ၆ လကျော် ကြာမြင့်ပြီးနောက် ထုတ်ပြန်ခဲ့သည့် စာမျက်နှာ ၃၁ မျက်နှာပါ “လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာမူဝါဒ”တွင် မော်စကိုအနေဖြင့် ရုရှားကမ္ဘာ၏ ဓလေ့ထုံးစံများနှင့် စံနှုန်းများကို ကာကွယ် စောင့်ရှောက်သင့်သည်ဟု ရေးသားထားသည်။

ပါဝါအပျော့မဟာဗျူဟာ (soft power strategy) တစ်မျိုးအဖြစ် ထုတ်ဖော်ထားသော်လည်း ထိုမူဝါဒသစ်ထဲတွင် ရုရှားနိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ ထည့်သွင်းထားသည်။

ယူကရိန်း၏ အစိတ်အပိုင်းများကို သိမ်းပိုက်မှုနှင့် နိုင်ငံအရှေ့ပိုင်းရှိ ရုရှားလိုလားသော ခွဲထွက်အဖွဲ့များကို ပံ့ပိုး ကူညီရေး အကြောင်းပြချက် ပေးရန်အတွက် ထိုအယူအဆများကို မော်စကိုအနေဖြင့် အသုံးချလာသည်ဟု သဘောထားတင်းမာသူအချို့က ပြောနေကြသည်။

 ရုရှား နိုင်ငံသားများကိုတွေ့ရစဉ် (GETTY IMAGES)

“ရုရှားဖက်ဒရေးရှင်နိုင်ငံဟာ ပြည်ပရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို သူတို့ရဲ့ အခွင့်အရေးတွေ ပြည့်စုံလာ အောင် ပံ့ပိုးပေးပါတယ်။ အဲဒီနေရာမှာ သူတို့ရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့နဲ့ ရုရှားယဉ်ကျေးမှု သရုပ်လက္ခဏာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ သေချာစေရမယ်” ဟု ယခုမူဝါဒတွင် ရေးသားထားသည်။

“နိုင်ငံရပ်ခြားရောက် သွေးရင်းသားရင်းများနှင့် ရုရှားတို့အကြား ဆက်ဆံရေးသည် ဝင်ရိုးပေါင်းစုံ ကမ္ဘာကြီးတစ်ခု ဖြစ်အောင် ဖန်တီးတည်ဆောက်နေသော ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အနေဖြင့် မိမိတို့ပုံရိပ်ကို နိုင်ငံတကာ စင်မြင့် ထက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်စေခဲ့ကြောင်း” မူဝါဒထုတ်ပြန်ချက်ကို ကိုးကားလျက် ရိုက်တာက ဆက်လက် ဖော်ပြသည်။

ရုရှားနိုင်ငံ၏ ပြင်ပရှိ (ယခင်ဆိုဗီယက်အုပ်စုဝင်) လွတ်လပ်သော နိုင်ငံသစ်များတွင် နေထိုင်ကြသည့် ရုရှားလူမျိုး ၂၅ သန်း၏ ဝမ်းနည်းဖွယ် ကံကြမ္မာဟူသည့် အသုံးအနှုန်းကို ပူတင်က နှစ်ပေါင်းများစွာ မီးမောင်းထိုးပြနေခဲ့သည်။

အဆိုပါ ကံကြမ္မာမှာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲချိန်က ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ကပ်ဘေးတစ်ခု အဖြစ် ၎င်းက မှတ်ယူထားသည်။

ယခင် ဆိုဗီယက်ပြည်ထောင်စု နယ်မြေများ ဖြစ်ခဲ့ကြသည့် ဘောလ်တစ် ပင်လယ်ဒေသမှ အာရှအလယ်ပိုင်းအထိ ၎င်း၏ တရားဝင် ဩဇာလွှမ်းမိုးမှု အစိတ်အပိုင်းများအဖြစ် ရုရှားက ဆက်လက် ရှုမြင်ထားသည်။ ထိုသို့ ရှုမြင်သည့် အယူအဆကို ဆိုဗီယက်အုပ်စုဝင်ဟောင်း နိုင်ငံများကိုယ်တိုင်နှင့် အနောက်အုပ်စုတို့က ပြင်းပြင်းထန်ထန် ရှုတ်ချ လျက်ရှိနေသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
KNLA တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)

KNLA နှင့် တပ်မတော်ကြား သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1693

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ ၅ နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်က စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ပူးပေါင်း တိုက်ခိုက်သူ BGF ၈၄ ဦး ကျဆုံးပြီး ၄၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်မဟာ ၅ ဘက်မှ တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

ထို့နောက် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား နေအိမ် ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ဘက်ကမှ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲကြောင်း၊ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

KNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ စစ်ရေးလက်အောက်ခံ အဖွဲ့ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပေါ်ပေါက်လာသော နွေဦးတော်လှန် ရေးမှာ ပါဝင်၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ် အလံများကို ရုရှားအာကာသစခန်းမှာ ဂုဏ်ပြုထားမှုကို တွေ့ရစဉ်

မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ် အလံများကို ရုရှားအာကာသစခန်းက ချိတ်ဆွဲဂုဏ်ပြု

By CNI
CNI
Category: နိုင်ငံရေး
Hits: 1938

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)ကို တက်ရောက်မည့် မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ်နိုင်ငံများကို ဂုဏ်ပြုသည့်အနေဖြင့် သက်ဆိုင်ရာအလံများအား International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြု ချိတ်ဆွဲထားခြင်းကို ရုရှားမီဒီယာ တာ့စ်သတင်းဌာနကလည်း ရုပ်သံ ဗွီဒီယိုတစ်ခုကို ထုတ်လွှင့် ပြသသွားသည်ကို တွေ့ရသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ မြန်မာဘက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့ တက်ရောက်ကြမည်ဖြစ်သည်။

ထိုသို့ တက်ရောက်လာကြမည့် ပုဂ္ဂိုလ်နှင့် ရုရှားသမ္မတ ပူတင်က တွေ့ဆုံ၍ နှစ်နိုင်ငံ အခြေအနေနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြထားသည်။

Share
Tweet
Share
Share
powered by social2s

လက်ဝဲယိမ်း ခြေ/ဥအဆိုပြုချက်ကို ချီလီမဲဆန္ဒရှင်များ တခဲနက်ပယ်ချ

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72

Page 68 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar