- By CNI
- Category: နိုင်ငံရေး
- Hits: 1433
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ ၅ နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်က စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ပူးပေါင်း တိုက်ခိုက်သူ BGF ၈၄ ဦး ကျဆုံးပြီး ၄၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်မဟာ ၅ ဘက်မှ တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့နောက် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား နေအိမ် ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ဘက်ကမှ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲကြောင်း၊ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။
KNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ စစ်ရေးလက်အောက်ခံ အဖွဲ့ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပေါ်ပေါက်လာသော နွေဦးတော်လှန် ရေးမှာ ပါဝင်၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1560
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆
ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)ကို တက်ရောက်မည့် မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ်နိုင်ငံများကို ဂုဏ်ပြုသည့်အနေဖြင့် သက်ဆိုင်ရာအလံများအား International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြု ချိတ်ဆွဲထားခြင်းကို ရုရှားမီဒီယာ တာ့စ်သတင်းဌာနကလည်း ရုပ်သံ ဗွီဒီယိုတစ်ခုကို ထုတ်လွှင့် ပြသသွားသည်ကို တွေ့ရသည်။
စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ မြန်မာဘက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့ တက်ရောက်ကြမည်ဖြစ်သည်။
ထိုသို့ တက်ရောက်လာကြမည့် ပုဂ္ဂိုလ်နှင့် ရုရှားသမ္မတ ပူတင်က တွေ့ဆုံ၍ နှစ်နိုင်ငံ အခြေအနေနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြထားသည်။
- By CNI
- Category: Watch TV
- Hits: 665
- By CNI
- Category: Watch TV
- Hits: 606
- By CNI
- Category: နိုင်ငံရေး
- Hits: 994
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ အရှေ့ဖျား ရေငုပ်သင်္ဘောဌာနချုပ်နှင့် ဗလာဒီဗော့စတော့ခ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း တို့ကို သွားရောက်ပြီး လေ့လာခဲ့သည်ဟု နစကဘက်က စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်လာသည်။
နစကဥက္ကဋ္ဌသည် ရုရှားနိုင်ငံမှာ ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန် စက်တင်ဘာ ၄ ရက်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိနေပြီးနောက် စက်တင်ဘာ ၅ ရက်နေ့တွင် အရှေ့ဖျားရေငုပ်သင်္ဘောဌာန ချုပ်သို့ သွားရောက် လေ့လာနေခြင်း ဖြစ်ကြောင်း သိရသည်။
Makarov Pacific Higher Naval School ရေတပ်လေ့ကျင့်ရေးကျောင်းသည် ရုရှားကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိကြောင်း၊ ၁၉၃၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ တပ်တော်၀င် အခမ်းအနားကျင်းပနေစဉ်
ထို့နောက် အရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေငုပ်သင်္ဘောဌာနချုပ်အတွင်း ရေငုပ်သင်္ဘောများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေများ၊ ကမ်းကပ်ရေငုပ်သင်္ဘောများ၏ လိုအပ် သည့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးရမှု အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိန္ဒိယကနေ ၂၀၂၀ ပြည့်နှစ်၊ မတ်လက ဝယ်ယူထားသော ရုရှားလုပ် တစ်ပတ်ရစ် ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ထားသလို တရုတ်ကနေလည်း တစ်ပတ်ရစ် ရေငုပ်သင်္ဘော တစ်စင်းကို ဝယ်ယူထား သည့်အတွက် စုစုပေါင်း ရေငုပ်သင်္ဘော ၂ စင်းရှိသည်။
အဆိုပါ ရေငုပ်သင်္ဘောများသည် မင်းရဲကျော်ထင် (တရုတ်က ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေး ထားခြင်း)နှင့် မင်းရဲသိင်္ခသူ (အိန္ဒိယက ဝယ်ယူခဲ့သော ရေငုပ်သင်္ဘောကို နာမည်ပေးထားခြင်း) တို့ ဖြစ်သည်။
ထို့နောက် ရုရှားနိုင်ငံကနေလည်း ရေငုပ်သင်္ဘောတစ်စင်း ဝယ်ယူရန် မြန်မာ့တပ်မတော်က ကြိုးပမ်းနေကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1714
CNI International News
မော်စကို၊ စက်တင်ဘာ ၅
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် စက်တင်ဘာ ၇ ရက်တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကျင်းပ ချိန်၌ သီးခြား အစီအစဉ်အဖြစ် ဖိတ်ကြားထားသည့် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကရင်မလင် သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာခဲ့ကြောင်း ရုရှားမီဒီယာ တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။
“ရုရှားသမ္မတဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ယာယီအစိုးရဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့အတူ အာမေးနီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ် နီကိုးပါရှင်ယန် (Nikol Pashinyan) ၊ မွန်ဂိုလီးယားဝန်ကြီးချုပ် လက်ဆန်မန် စလာယန်အိုယန်အာဒင်း (Luvsannamsrayn Oyun-Erdene) ၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ လီဇန်ရှု (Li Zhanshu) တို့ကို တွေ့ဆုံပါလိမ့်မယ်” ဟု အဆိုပါကြေညာချက်ထဲတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၄ ရက်နေ့က ရုရှားကို ရောက်လာစဉ်
ထို့အပြင် အာမေးနီးယား၊ တရုတ်၊ မွန်ဂိုလီးယားနှင့် မြန်မာနိုင်ငံတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ ၎င်းဖိုရမ်သို့ တက်ရောက်ရန် မျှော်လင့်ရပြီး စက်တင်ဘာ ၇ ရက် စုံညီအစည်းအဝေးတွင်လည်း ပါဝင်ဆွေးနွေးကြမည် ဖြစ် သည်။
"ဗလာဒီမာပူတင်နဲ့ EEF-2022 သို့ ဖိတ်ကြားထားပြီး တက်ရောက်လာမယ့် နိုင်ငံခြားခေါင်းဆောင်တွေကြား နှစ်နိုင်ငံတွေ့ဆုံပွဲတွေကို နေ့စဉ် ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ခေါင်းဆောင်များ တွေ့ဆုံမှုမှာ နှစ်နိုင်ငံနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်”ဟု ကရင်မလင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)ကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်နေ့က ရောက်ရှိလျက်ရှိသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်
စက်တင်ဘာ ၈ ရက်နေ့အထိ ရုရှားနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ထိုခရီးစဉ်အတွင်းမှာ ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြလုပ်မည်ဖြစ်သလို ရုရှားနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ် များနှင့် စက်ရုံ-အလုပ် ရုံများသို့ သွားရောက် လေ့လာသွားမည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လက ရုရှားနိုင်ငံတွင် ကျင်းပသော နိုင်ငံတကာလုံခြုံရေး အစည်းအဝေးသို့ တက်ရောက်ရန် ပထမဆုံးအကြိမ် ရုရှားကို သွားရောက်ခဲ့ပြီး ဒုတိယအကြိမ် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက သွားရောက်ခဲ့ကာ ယခု ရုရှားခရီးစဉ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့လ်သည်လည်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၇ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ကာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ သေးသည်။
Source: တာ့စ်
- By CNI
- Category: Watch TV
- Hits: 663
- By CNI
- Category: နိုင်ငံရေး
- Hits: 2802
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃
ရက္ခိုင့်တပ်တော်(ULA/AA) အနေဖြင့် လွတ်လပ်ရေးအထိ သွားနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်း က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်သစ် (သို့) အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံရမည့် လူသား လုံခြုံရေးဆိုင်ရာ အခြေခံမူနှင့် အကြံပြုချက်များဆိုသည့် ခေါင်းစဉ်ဖြင့် ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာ ညှိနှိုင်း ရေးဆွဲရေးအဖွဲ့ (ANPCC)က ဆွေးနွေးရာတွင် ULA/AA ကို ဖိတ်ခေါ်ခဲ့သော်လည်း ULA/AA အနေဖြင့် တက်ရောက် ခြင်း မရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ မိုင်တိုင်အမှတ် ၄၀ စခန်းကို ULA/AA တိုက်ခိုက်မှု နစကထုတ်ပြန်ချက်
ဦးဖေသန်းက “ULA/AA အနေနဲ့တော့ အဲဒီလိုမဟုတ်ဘူး။ သူ့အနေနဲ့ အနည်းဆုံး ကွန်ဖက်ဒရိတ်အဆင့်လောက်ကို သူ့ဖက်က တောင်းထားတာ ရှိတယ်။ အဲဒါကြတော့ ဒီဖက်က လက်ခံနိုင်တဲ့ အခြေအနေမရှိဘူး။ ပြီးတော့ သူတို့နဲ့ ပေါင်းပြီးတော့ တကယ်တမ်း ဆွေးနွေးမယ် ဆိုရင်တောင်မှ ULA/AA အနေနဲ့ ပါတီတွေ၊ ALP တွေ သူတို့လိုပေါ့ နော်၊ ရောရောသောသော သူတို့ ဆွေးနွေးလို့ ဆွေးနွေးချင်ပုံ မရဘူး။ တကယ်တမ်း ဆွေးနွေးချင်ရင် သီးသန့် ဆွေး နွေးလို့ ရနိုင်တဲ့ အခွင့်အရေးတွေ လည်း ရှိတယ်။ သီးသန့်လည်း ဖိတ်ခေါ်ထားတာလည်း ရှိတယ်၊ ဒါကြောင့် အင်အား မရှိဘဲနဲ့ သွားပြီးတော့၊ ကိုယ့် မှာ ဘာမှ အင်အားမရှိဘဲ သွားပြီးတော့ တောင်းရတာဆိုတာက လက်ဖြန့် တောင်းရသလိုမျိုး ဖြစ်နေတာပေါ့။ ပြော ရ၊ ဆိုရ ဆွေးနွေးရတာဟာ သူတို့ပေးဖို့အတွက် ကိုယ့်ဖက်က လက်ဖြန့် တောင်းသလိုမျိုး ဖြစ်နေတယ်၊ ULA/AA ရဲ့ သဘောထားကတော့ ကိုယ့်အင်အားကို အပြတ်အသတ် တည်ဆောက် မယ်၊ ပြီးတော့မှ အင်အားအပေါ်မှာ မူတည် ပြီးတော့ သူတို့ ကိုယ်လိုချင်ရတာ ရအောင် ပုံဖော်မယ်ပေါ့။ အဲဒီ သဘောမျိုး ဖြစ်တဲ့အတွက်နဲ့ ဒါက သူတို့နဲ့ မဆွေးနွေးတာ သူတို့ဆွေးနွေးပွဲကို စိတ်မဝင်စားတာလည်း ဖြစ်နိုင် တယ်၊ ဖက်ဒရယ်ဆိုတာကတော့ ပြောနေကြ တာပဲလေ ဟိုကလည်း ဖက်ဒရယ်၊ ဒီကလည်း ဖက်ဒရယ်၊ ဒါပေမဲ့ ဘယ်လို ဖက်ဒရယ်မျိုး ဆိုတာလည်း ဘယ် ဘက်ကမှ မချပြဘူး။ ဒီဘက်ကလည်း ULA/AA ဘက်ကတော့ ပြော ပြီး သားလေ၊ သူတို့ကတော့ ကွန်ဖက်ဒရိတ် ဆိုပြီး ပြောပြီးသား။ ဆိုတော့ အဲဒီထက် အောက်ဈေးလို့ပဲ ပြောလို့ရ တယ်၊ အပေါ်ဈေးကတော့ လွတ်လပ်ရေးအထိ သွားနိုင်တယ်၊ ဒါကြောင့် သူတို့ ဒီဆွေးနွေးပွဲတွေကို စိတ်မဝင်စား တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
ANPCC ထုတ်ပြန်ချက်
ANPCC ၏ “လူသားလုံခြုံရေး အခြေခံမူများနှင့် အကြံပြုချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ANPCC အဖွဲ့ဝင်များအား ကိုယ်စားပြု သော ရခိုင်တော်လှန်ရေးပါတီ (၂) ဖွဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အပါအဝင် ရခိုင်နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဦးဆောင်ပါတီ(AFP)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ALD) နှင့် ဌာနေတိုင်းရင်းသားပါတီ ၃ ပါတီ၊ အရပ်ဖက် အဖွဲ့အစည်းများမှ တရားဝင် ကိုယ်စားလှယ် (၁၈) ဦး၊ တသီးပုဂ္ဂလိက ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများအားလုံးကို ဖိတ်ကြားခဲ့ကြောင်း၊ တက်လာသည့် အဖွဲ့အစည်းများ ရှိသလို၊ မတက်လာသည့် အဖွဲ့အစည်းများလည်းရှိကြောင်း ANPCC မှ ညှိနှိုင်းရေးမှူး ဦးခင်မောင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဆွေးနွေးပွဲထဲမှာ မပါတာ မဟုတ်ဘူး။ ကျနော်တို့က အကုန်လုံးကို ဖိတ်ခဲ့ပါတယ်။ အကုန်လုံး ကျနော်တို့ ANPCC လုပ်ကတည်းက အကုန်လုံးပါပါတယ်၊ သူတို့ မအားလို့ မတက်ကြတာလားဆိုတဲ့ အခြေအနေ မှာ ဖြစ်ချင်ဖြစ်မှာပေါ့၊ ကျနော်တို့ကတော့ ဒီအစည်းအဝေး စတင်ကတည်းက ရခိုင်အမျိုးသားအဆင့် ဆွေးနွေးပွဲ ကို စတင်ကတည်းကပေါ့နော် ANPCC စတင်ကတည်းက နိုင်ငံရေးပါတီ အကုန်လုံးပါတယ်၊ တော်လှန်ရေးပါတီ အားလုံးပါတယ်၊ အရပ်ဖက် အဖွဲ့အစည်း တော်တော်များများကို ကျနော်တို့ ဖိတ်ပါတယ်။ အမျိုးသမီးကဏ္ဍရော၊ မသန်စွမ်းတွေရော၊ အကုန်လုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေရော ပြောမယ်ဆိုရင် အဖွဲ့အစည်းပေါင်းစုံ၊ သူကဏ္ဍနဲ့ သူ့လုပ်ငန်းမှာ အဖွဲ့အစည်းပေါင်းစုံ အကုန်လုံး ဖိတ်ခဲ့ပါတယ်။ အဲဒီတုန်းက မတက်တဲ့ အဖွဲ့အစည်း တွေလည်း ရှိတယ်၊ တက်လာတဲ့ အဖွဲ့အစည်းတွေလည်း ရှိတာပေါ့နော်” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်
ULA/AA သွားချင်သည့် နိုင်ငံရေးလမ်းကြောင်းနှင့် အဆိုပါ အဖွဲ့အစည်းများ၏ နိုင်ငံရေး ချည်းကပ်ပုံ၊ ချည်းကပ် နည်း မတူကြောင်း၊ ULA/AA အနေဖြင့် မိမိတို့ အင်အားကို တည်ဆောက်ကာ မိမိရည်မှန်းချက်အတိုင်း လုပ်ဆောင် သွားမည်ဟု မြင်မိကြောင်း ဦးဖေသန်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းမျိုးကို ရလိုကြောင်း ULA/AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော် ပြောကြားထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ULA/AA သည် လူထုထောက်ခံမှု ပိုမိုရရှိနေပြီး မြန်မာ့တပ်မတော်နှင့်လည်း တိုက်ပွဲ များ ဖြစ်ပွားနေသည်။
- By CNI
- Category: Watch TV
- Hits: 570
Page 68 of 137
