CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်ခရိုင်)အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ ၅ နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲပေါင်း ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းစဉ်က စက်တင်ဘာ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက်မှ ပူးပေါင်း တိုက်ခိုက်သူ BGF ၈၄ ဦး ကျဆုံးပြီး ၄၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်မဟာ ၅ ဘက်မှ တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 

ထို့နောက် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အရပ်သား နေအိမ် ၂၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ မြန်မာ့တပ်မတော်ဘက်ကမှ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲကြောင်း၊ အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မူတြော်သတင်းစဉ်က ဖော်ပြထားသည်။

KNLA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၏ စစ်ရေးလက်အောက်ခံ အဖွဲ့ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ ပေါ်ပေါက်လာသော နွေဦးတော်လှန် ရေးမှာ ပါဝင်၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။