CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF)ကို တက်ရောက်မည့် မြန်မာ၊ အာမေးနီးယား၊ မွန်ဂိုလီးယား၊ တရုတ်နိုင်ငံများကို ဂုဏ်ပြုသည့်အနေဖြင့် သက်ဆိုင်ရာအလံများအား International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြု ချိတ်ဆွဲထားခြင်းကို ရုရှားမီဒီယာ တာ့စ်သတင်းဌာနကလည်း ရုပ်သံ ဗွီဒီယိုတစ်ခုကို ထုတ်လွှင့် ပြသသွားသည်ကို တွေ့ရသည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ မြန်မာဘက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်နိုင်ငံ၏ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့ တက်ရောက်ကြမည်ဖြစ်သည်။

ထိုသို့ တက်ရောက်လာကြမည့် ပုဂ္ဂိုလ်နှင့် ရုရှားသမ္မတ ပူတင်က တွေ့ဆုံ၍ နှစ်နိုင်ငံ အခြေအနေနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း တာ့စ်သတင်းဌာနက ရေးသား ဖော်ပြထားသည်။