CNI News

၂၀၂၂ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ တပ်မတော်၏ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အတွင်း ခမရ- ၅၅၇ စခန်း ကြိတ်စခန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ ၇ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာနှင့် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ကြိတ်စခန်း သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော လက်နက်များနဲ့အတူ KNLA နှင့်ပူးပေါင်းအဖွဲ့ကိုတွေ့ရစဉ် (KNU)

အဆိုပါ တိုက်ပွဲအတွင်း MA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျဥ်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM-10၊ BA109 လက်ပစ်ဗုံး- 2၊ 73ယမ်းတောင့် -5၊ စက်လက်ကျည်-229၊ AK ကျည် ဘောက်ဝိုင်း- 1၊ စကားပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန်သီး- 1၊ MA5 ကျည်- 2 တို့ သိမ်း ဆည်းခဲ့သလို RPG- 2၊ BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီး စက်လက်- 1၊ ပြောင်းပို-1၊ AK-1၊ MAS sinper- 1၊ MA4.MAK ပူးတွဲ-1၊ MA1-2၊ MA3-2၊ MA5-2၊ MG3-1 လက်နက်များ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို ကြိတ်စခန်းကို သြဂုတ်လ ၈ ရက်နေ့ကစပြီး ပိတ်ဆို့ကာ ရိက္ခာဖြတ်တောက်ပြီး တိုက်ခိုက်ခဲ့ရာ ယမန်နေ့တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကြိတ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ နစက ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။