CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့များက တပ်မတော်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ နဂါးနီစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်သား ၁၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာအနီးတွင် တပ်မတော်နှင့် KNLA-နဂါးနီစစ်ကြောင်း ပူးပေါင်းအဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဘုတ်ပြင်အခြေစိုက် စကခ-၁၃ လက်အောက်ခံ ခမရ ၃၅၈ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးခံရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ၂၃ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ MA1 ၇ လက်၊ MA2 ၁ လက်၊ MA3 ၇ လက်၊ MA4 ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၀၀၊ လက်ပစ်ဗုံး ၅ လုံး၊ ကပစထုတ် ၉ မမ မစ္စတို ၁ လက်၊ ၆၀ မမ ကျည် ၁ လုံး၊ RPG 7 အသီး ၂ လုံး၊ ကျည် Box အပို ၂၈ ခု၊ စကားပြောစက် ၃ လုံး၊ ဆက်သွယ် ရေး အထိုင်စက် ၁ လုံးနှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။