CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ဘက်မှာ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းကြောင့် ဒေသတွင်းနေ ပြည်သူလူထုသည် ထွက်ပြေး တိမ်းရှောင်လာကြစဉ် လမ်းမှာ ပိတ်မိနေကြသည်။

မူဆယ်မြို့မှ ထွက်ခွာလာသော အရပ်သားပြည်သူများသည် မူဆယ်-နမ့်ခမ်သွားလမ်းပိုင်း စယ်လန့်ကျေးရွာမှာ ကားအစီးရေ ရာနှင့်ချီ၍ တစ်ပတ်နီးပါးကြာ ပိတ်မိနေသည်။

စယ်လန့်ကျေးရွာမှာ ပိတ်မိနေသောတိုက်ပွဲရှောင်များကို တွေ့ရစဉ်

TNLA သည် နမ့်ခမ်းမြို့ကို ယခုရက်ပိုင်းအတွင်းက ထိန်းချုပ်လိုက်ပြီးဖြစ်၍ နမ့်ခမ်းမှာတပ်စွဲထားသော တပ်မတော်သည် စခန်းများဆုတ်ခွာပြီး မူဆယ်မြို့ရှိ တပ်မတော်စခန်းများသို့ သွားရောက်ပူးပေါင်းခဲ့သည်။

ထို့နောက် ကွတ်ခိုင်၊ မူဆယ်၊ မန်တုံ မြို့အနီးမှာ တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေသည်။