- By CNI
- Category: ဆောင်းပါး
- Hits: 1989
CNI Article
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျောင်က “တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ ထံမှ နျူကလီးယား ကင်းစင်ရေးနှင့် စီးပွားရေး လဲလှယ်ကြရန် ကမ်းလှမ်းမှုသည် ကလေးဆန်လှကြောင်း” ပြီးခဲ့သည့်လ၌ တစ်တစ်ခွခွ ဝေဖန်၍ တုံ့ပြန်ခဲ့သည်။
ယွန်၏ ကမ်းလှမ်းမှုသည် အဓိပ္ပာယ်မဲ့လှသည်ဟု သူမက ဒဲ့ဒိုး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား အစိုးရ ပိုင် KCNA သတင်းဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် “မိမိတို့၏ ဂုဏ်ကျက်သရေအတွက် နျူကလီးယားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လဲလှယ်ရန် အစီအစဉ်သည် အိပ်မက်ဟု ယူဆကြောင်း၊ ယွန်၏ မျှော်လင့်ချက် နှင့် အစီအစဥ်သည် စင်စစ် ရိုးရှင်းလွန်း၍ ကလေးဆန်နေသေးကြောင်း” ပြောကြားခဲ့သည်။
“ပြောင်းဖူးကိတ်လေး စားရဖို့ ကိုယ့်ကံကြမ္မာကို ဘယ်သူမှ လဲမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
ယခုသီတင်းပတ်တွင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား အခြေအနေကို ပြောင်းပြန်လှန်၍ မရအောင် ဥပဒေတစ်ရပ် အခိုင်အမာ အတည်ပြုခဲ့သည်။
နှစ်ပေါင်း ၁၀၀ ဒဏ်ခတ် ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရလျှင်ပင် လက်နက်များကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇွန်လအထိ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း စံချိန်တင်အောင် ပဲ့ထိန်းဒုံးကျည် ၃၁ စင်းအထိ စမ်းသပ် ပစ်လွှတ်ပြခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ ကင်မ်ယိုဂျောင် (AFP)
၎င်း၏ ဖောင်ဂျီးရီ (Punggye-ri) နျူကလီးယားလက်နက် စမ်းသပ်သည့် နေရာတွင် အဏုမြူထုတ်လုပ်ရေး ပြန်လည် အသက်သွင်းနေသည့် ဂြိုဟ်တုဓာတ်ပုံများ ပြီးခဲ့သည့် မတ်လတွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၃ လအကြာတွင် မြောက်ကိုရီးယားသည် ၎င်း၏သတ္တမမြောက် အကြီးစား နျူကလီးယားစမ်းသပ်မှုကို “အချိန်မရွေး” ပြုလုပ်နိုင်သည်ဟု အမေရိကန်က သတိကြီးကြီးဖြင့် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက ဆိုးလ်နှင့် ဝါရှင်တန်တို့သည် ကာလအတန်ကြာအောင် ဆိုင်းငံ့ထားခဲ့သည့် ၎င်းတို့၏ တိုက်ရိုက် စစ်ရေး လေ့ကျင့်ရေးမှုကို တဖန်စတင်ခဲ့သည်။ Ulchi Freedom Shield အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှု အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဆိုးလ်နှင့် ဝါရှင်တန်တို့က ပဏာမ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြသည်။
ယခင်ဩဂုတ်လတွင် တောင်ကိုရီးယားသည် ခရုဇ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ဝါဆီသို့ ပစ်ခတ်ပြခဲ့သည်။ တရုတ် နှင့် ရုရှားတို့သည် မြောက်ကိုရီးယားနှင့် လက်ဝါးရိုက်၍ တောင်ကိုရီးယား၏ တံခါးပေါက်တွင် နျူကလီးယား လက်နက်ပိုင်သူ အုပ်စု ၃ ခုအဖြစ် သုံးပွင့်ဆိုင် ဝိုင်းရံထားခဲ့သည်။

အမေရိကန်နဲ့ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေး(GETTY IMAGES)
ထိုသို့သော အိမ်နီးချင်းများနှင့် နျူကလီးယား စစ်ပွဲများ၏ ခြိမ်းခြောက်မှု ပိုများလာခြင်းတို့ကြောင့် ဉာဏ်ရည်တု (AI) နည်းပညာအင်ဂျင်နီယာ ရှင်ချန်ဂျိုအနေဖြင့် မိမိတို့နိုင်ငံတွင်လည်း နျူလက်နက်များ ရှိသင့်သည်ဟု ယုံကြည် လာခဲ့သည်။
“တကယ်လို့ တောင်ကိုရီးယားက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားရင် မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ သံတမန်ရေး ဦးတည်ချက်တွေ ကျိန်းသေ လိုက်ပြောင်းလဲလိမ့်မယ်” ဟု ရှင်ချန်ဂျိုက Channel News Asia မီဒီယာ၏ Insight ကဏ္ဍသို့ ပြောကြားခဲ့သည်။
AI နည်းပညာရှင် ရှင်ချန်ဂျိုက တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းဖြင့် မြောက် ကိုရီးယား၏ အဓိက အားသာချက်ကို ဖယ်ရှားပစ်ရုံသာမက သမားရိုးကျ လက်နက်များနှင့် ပတ်သက် လာလျှင် ခရီးပိုရောက်သွားမည်ဟု သုံးသပ်ပြောကြားခဲ့သည်။
“ဒါကြောင့် အဲဒီလို ပိုင်ဆိုင်သွားမယ်ဆိုရင် မြောက်ကိုရီးယားက အခုထက် လက်နက်ကိုင် ပဋိပက္ခတွေကို ပိုသတိ ထားမယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ထိုအရေးကိစ္စမှာ တောင်ကိုးရီးယားနိုင်ငံသား အများစုနှင့် သက်ဆိုင်ကြောင်း၊ ယခုနှစ် အစောပိုင်းက ကမ္ဘာလုံး ဆိုင်ရာ ချီကာဂိုကောင်စီမှ ထုတ်ဝေသည့် စစ်တမ်းတစ်ခုအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တမ်းကောက်ယူခဲ့မှုတွင် တောင်ကိုရီးယား၌ အရွယ်ရောက်ပြီးသူ ၁,၅၀၀ ၏ သဘော ထားကို ဆန်းစစ်ကြည့်ရာ ၎င်းတို့ထဲမှ ၇၁ ရာခိုင်နှုန်းက တောင်ကိုရီးယား၏ ကိုယ်ပိုင် နျူကလီးယားလက်နက် များ တီထွင်ထုတ်လုပ်ရေးကို လိုလားကြသည်။
၅၆ ရာခိုင်နှုန်းကတော့ တောင်ကိုရီးယားတွင် အမေရိကန်၏ နျူကလီးယား လက်နက်များ ဖြန့်ကြက်မှုကို ထောက်ခံခဲ့ကြသည်။ ယင်းစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများ၏ ၉ ရာခိုင်နှုန်းသည် အမေရိကန် တပ်ဖြန့်မှုထက် လွတ်လပ်သော လက်နက်ပိုင်ဆိုင်မှုကို လိုလားကြသူပေါင်း ၆၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲ
ယခုရက်ပိုင်း ထွက်ပေါ်လာသော မြောက်ကိုရီးယား၏ ဥပဒေသစ်တွင် နျူကလီယားလက်နက် အသုံးပြုရေးကိစ္စ ကို တိုက်ခိုက်မှု အပါအဝင် ကြိုတင်ကာကွယ်သည့် အနေဖြင့် အကြမ်းဖျင်းသာ ရေးဆွဲထားသည်။
နျူလက်နက်စွန့်လျှင် စီးပွားရေး အကူအညီပေးမည်ဟု ကမ်းလှမ်းလာသော တောင်ကိုရီးယားသမ္မတကို 'ပါးစပ် ပိတ်ထား'ရန် မြောက်ကိုရီးယားက ခပ်ပြတ်ပြတ် ပြောခဲ့သည်။
မြောက်ကိုရီးယားရေးရာ အထူးလေ့လာမှုတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က မြောက် ကိုရီးယား၏ မကြာသေးမီက စမ်းသပ်မှုများသည် သံတမန်ရေးရာ သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး ရည်ရွယ်ချက် သီးသန့်သာ မဟုတ်ကြောင်း ယုံကြည်ထားသည်။
“အဲဒီလို မြင်မယ့်အစား သူတို့ရဲ့ နည်းပညာကို ပိုကောင်းလာအောင် ဒီထက် လက်တွေ့ကျတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံရတယ်” ဟု ၎င်းက သုံးသပ်သည်။
မြောက်ကိုရီးယားသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပြိုင်နက် သယ်ဆောင်ပစ်လွှတ်နိုင်သည့် ဒုံးကျည် ထိပ်ဖူးများကို တီထွင်နေပုံရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“သူတို့ရဲ့နည်းပညာကို ပိုကောင်းအောင် လုပ်နေတာဟာ သူ့ပြည်တွင်းရေး စည်းလုံးညီညွတ်စေပြီး နိုင်ငံရဲ့ လုံခြုံ ရေးအတွက် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ပေးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၈ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲများအပြီးတွင် ပြုံယမ်းအစိုးရသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မျှော်လင့်ချက်များကို ဘေးချိတ်ထားလိုက်ပြီဟု လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က ရှုမြင်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ နျူကလီးယားထိပ်ဖူး(GETTY IMAGES)
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေးမှာ မြောက် ကိုရီးယား ခေါင်းဆောင်က ၎င်း၏ ယောင်ဗြွန်း (Yongbyon) နျူကလီးယားသုတေသနနှင့် ထုတ်လုပ်ရေးစက်ရုံကို ဖျက်သိမ်းဖို့ အမေရိကန်၏ ကမ်းလှမ်းချက်အား သူ့နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုတ်သိမ်းပေးခြင်း ဖြင့် အပြန်အလှန် အပေးအယူ ဆွေးနွေးခဲ့သည်။
“ အမေရိကန်နဲ့ ဆွေးနွေးကြည့်တော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ စင်ကာပူကနေ ဟနွိုင်းအထိ နှစ်ကြိမ် လုံး လက်ဗလာနဲ့ ပြန်လာခဲ့တယ်။ လိုက်လျောမိရင် သူ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်စေမယ်လို့ ကျနော် လည်း လက်ခံတယ်။ သူ့စဉ်းစားချက်က အခြေခံအားဖြင့် “မင်း ... ငါ့ကို တစ်ကြိမ် လှည့်စားပြီပြီး။ နောက်တစ်ခါ ဒုတိယကြိမ် ထပ်အလိမ်မခံနိုင်ဘူး” လို့ ဆိုတဲ့သဘော” ဟု လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က ရှင်းပြခဲ့ သည်။
မည်သို့ပင်ဆိုစေ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ကြီးထွားလာနေသော်လည်း ၎င်း၏ အစိုးရသည် ကိုယ်ပိုင် နျူကလီးယား အဟန့်အတားကို လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း တောင်ကိုရီးယား သမ္မတယွန်က ပြီးခဲ့သည့် လတွင် ပြောကြားခဲ့သည်။
သို့သော်လည်း သူသည် စစ်တပ်၏ စစ်ဆင်ရေး အစီအစဉ်များကို အဆင့်မြှင့်တင်ရန် အမိန့်ပေးထားသည်။ အကယ်၍ မြောက်ကိုရီးယား၏ ဒုံးကျည်များ တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် တောင်ကိုရီးယား၏ လက်နက်ရေးရာ အယူအဆသည် အသင့်ပြင်ပြီးသားဟု ပြောလျှင် ရသည်။
ယခုရက်ပိုင်း မြောက်ကိုရီးယား၏ ဥပဒေသစ်တွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခန်းကဏ္ဍ၌ တစ်ခုခု အခြေ အနေကြောင့် နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ခြင်း (သို့မဟုတ်) ၎င်း၏ ခေါင်းဆောင်ပိုင်း အပါအဝင် နိုင်ငံ၏ "ဗျူဟာမြောက်ပစ်မှတ်များ" ကို တွေ့ရှိပါက ကြိုတင်ကာကွယ်မှု အနေဖြင့် နျူကလီးယား တိုက်ခိုက်မှုကို တရားဝင် ခွင့်ပြုထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ထိုပြဋ္ဌာန်းချက်သည် ရန်လိုသော နျူကလီးယားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုကို မြောက်ကိုရီးယားအနေဖြင့် တွန်းလှန်ရန် သို့မဟုတ် တိုက်ခိုက်ရန် နျူကလီးယားလက်နက် အသုံးပြုခွင့်ရှိနေပြီ ဖြစ်ပါသတည်း။
Source: Channel News Asia
(Channel News Asia ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Neo Chai Chin နှင့် Nicholas Deroose တို့ ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)
- By CNI
- Category: Watch TV
- Hits: 683
- By CNI
- Category: Watch TV
- Hits: 707
- By CNI
- Category: Watch TV
- Hits: 763
- By CNI News
- Category: နိုင်ငံရေး
- Hits: 1660
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာ၏ ဦးဆောင်သံဃာတော် ရှမ်းနီဆရာတော် ဦးဂန္ဓမာကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်း အား NUG နှင့် KIA က အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေးအရေးယူပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန် ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၀ ရက်နေ့ TNDP ပါတီ၏ ထုတ်ပြန်ချက်တွင် သံဃာတော် ဦးဂန္ဓမာအား ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် ပတ်သက်၍ NUG နှင့် KIA တို့မှ တာဝန်ရှိသူများသည် အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေး အရေးယူပြီး ဗုဒ္ဓဘာသာဝင်များနှင့် ရှမ်းနီတိုင်းရင်းသားတို့ကို တောင်းပန်ရန် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။
TNDP က “အာဏာရှင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အကြောင်းပြပြီး မိမိကိုယ်တိုင် လူမျိုးကြီး ဝါဒ ကျင့်သုံးနေသော KIA နှင့် အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်အာဏာရှင် ဖြစ်လာနေသော KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချသည်”ဟု ပြောသည်။
ထို့နောက် တော်လှန်ရေးလုပ်နေကြသော ရှမ်းနီလူမျိုးများသည် မိမိတို့လူမျိုးကို ချစ်မြတ်နိုးကြရန်နှင့် KIA ၏ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့သော ပါဂျောင်အရေးအခင်းနှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၆ ခုနှစ် တွင် မြန်မာပြည်မြောက်ပိုင်းမှ ABSDF တို့ ထွက်ခွာခဲ့ရခြင်းများကို သင်ခန်းစာယူ၍ သတိထားဆောင်ရွက်ကြရန် အသိပေးသည်ဟုလည်း TNDP က ထုတ်ပြန်ခဲ့သည်။
၎င်းက “ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျပြီး အကြမ်းဖက် နေကြသော အဖွဲ့အစည်းများကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ထုတ်သွားကြရန် ရှမ်းနီတိုင်းရင်းသား အားလုံး ကို နှိုးဆော်သည်”ဟု ပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးကြရန် နှင့် လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2348
- By CNI
- Category: Watch TV
- Hits: 757
- By CNI
- Category: Watch TV
- Hits: 767
- By CNI
- Category: Watch TV
- Hits: 705
- By CNI
- Category: Watch TV
- Hits: 768
- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 1763
CNI International News
ကိယက်ဗ်၊ စက်တင်ဘာ ၉၀
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်သို့ ရောက်ရှိလာစဉ် အတွင်း ယူကရိန်းတပ်ဖွဲ့များက နိုင်ငံ၏ အရှေ့ပိုင်းနှင့်တောင်ပိုင်း နယ်မြေ အများအပြားကို ရုရှားဘက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းအတွက် ချီးကျူးစကား ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ရေးသားဖော်ပြသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက စက်တင်ဘာ ၈ ရက်က ပြောကြားခဲ့သော ဗွီဒီယိုမိန့်ခွန်းထဲတွင် “ယူကရိန်းတပ်ဖွဲ့များသည် ရုရှားဘက်မှ ဆယ်ဂဏန်းနှင့်ချီ၍ အခြေချ နေထိုင်လာမှုများကို နှင်ထုတ်နိုင်ခဲ့ ကြောင်း၊ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နယ်မြေ စတုရန်းကီလိုမီတာ ၁ ထောင် (၃၈၅ မိုင်) ကို စက်တင်ဘာ ၁ ရက်မှစ၍ ပြန်သိမ်းနိုင်ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ယူကရိန်းတပ်သားများက နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော ခါကိဗ်မြို့အနီး အရှေ့ပိုင်း ဘာလက်ကလီယာမြို့ကို ပြန်သိမ်းနိုင်ခဲ့ကြောင်း ၎င်း၏ ဗွီဒီယိုမိန့်ခွန်းထဲတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘလင်ကင်ကို တွေ့ရစဉ်
ယူကရိန်းစစ်သတင်း စုစည်းသူတစ်ဦး လွှင့်တင်ထားသော ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ရုရှားနိုင်ငံသားများသည် ထရပ်ကားများ၊ အမြောက်များနှင့် ခဲယမ်းမီးကျောက်များ၏ အနောက်တွင် ကျန်ရစ်နေခဲ့ကြောင်း တွေ့ရသည်။
ဘာလက်ကလီယာမြို့ကို ယူကရိန်းတို့ ဝိုင်းထားရန် ကြိုးပမ်းမှုကို ရုရှားတပ်များက တွန်းလှန်နိုင်ခဲ့ကြောင်း၊ ထိုမြို့ မှာ ရုရှားလက်ထဲတွင် ကျန်ရှိနေသေးကြောင်း ရုရှားလိုလားသူ ဗီတလေဂန်ချက် (Vitaly Ganchev) က ရုရှား ရုပ်သံ သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့သည်။
ရိုက်တာအနေဖြင့် စစ်မြေပြင်အကြောင်း လွှင့်တင်နေသည့် လူမှုကွန်ရက် account များကို သီးခြား အတည်ပြု နိုင်ခြင်း မရှိပါ။
အစောပိုင်းတွင် ယူကရိန်းတပ်များသည် ရုရှားနယ်နိမိတ်မျဉ်း၏ အနောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀) အထိ ချီတက်လာခဲ့ပြီး ခါကိဗ်ဒေသရှိ ကျေးရွာ ၂၀ ကျော် ပြန်သိမ်းနိုင်ခဲ့သည်ဟု ယူကရိန်း ဗိုလ်မှူးချုပ် အိုလက်ဆေး ဂရိုမော့ဗ် (Oleksiy Gromov) က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့၀င် တစ်ဦးက နိုင်ငံပိုင်နက်နယ်မြေကို ကြည့်နေစဉ်
ဒဏ်ရာရနေသူများကို ကယ်ထုတ်ရန် ရုရှားတပ်များ ကြိုးစားနေကြောင်း ယူကရိန်းစစ်တပ်က စက်တင်ဘာ ၉ ရက် အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ ခါကိဗ်မြို့၏ အနောက်တောင်ဘက် ဘိုရိုဒိုယာစကီကျေးရွာနှင့် အရှေ့တောင်ဘက် ဗီခူဗာတာကာ ကျေးရွာများရှိ ရုရှား၏ စစ်လက်နက်များလည်း ပျက်စီးသွားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့ဝင်များ၏ အခြေအနေမှာ တိုးတက်မှုရှိကြောင်း၊ လိုအပ်ချက်ရှိနေသမျှ ကာလပတ်လုံး အမေရိကန်အနေဖြင့် အထောက်အပံ့ ပေးသွားမည်ဖြစ်ကြောင်း ဘလင်ကင်က ပြောကြားခဲ့သည်။
“တန်ပြန်ထိုးစစ်နဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီဆိုတာ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် အထူး သဖြင့် ခါဆွန်ဒေသတဝိုက်မှာ လက်တွေ့အားဖြင့် တကယ်တိုးတက်နေတယ်ဆိုတာ တွေ့ရပါတယ်။ အရှေ့ ဘက်ခြမ်း ဒွန်ဘတ်စ်မှာလည်း စိတ်ဝင်စားစရာ တိုးတက်မှုတချို့ ရှိနေပါတယ်” ဟု ဘလင်ကင်က သတင်း ထောက်များကို ပြောကြားခဲ့သည်။
Source: Reuters
- By CNI
- Category: နိုင်ငံရေး
- Hits: 1606
CNI International News
ပြုံယမ်း၊ စက်တင်ဘာ ၉
အမေရိကန်ကို တန်ပြန်ဖို့ လိုအပ်သည့် နျူကလီးယားလက်နက်များကို မည်သည့်အခါမှ စွန့်လွှတ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့သည်ဟု ၎င်း၏နိုင်ငံပိုင် မီဒီယာမှနေ၍ စက်တင်ဘာ ၉ ရက်နေ့တွင် သတင်းထုတ်လွှင့်ခဲ့သည်။
အမေရိကန်သည် မြောက်ကိုရီးယား၏ ကာကွယ်ရေးကို အားနည်းစေပြီး နောက်ဆုံးတွင် ၎င်းအစိုးရ ပြိုလဲသွား သည်အထိ တွန်းအားပေးနေကြောင်း ကင်မ်ဂျုံအန်းက စွပ်စွဲခဲ့သည်ဟု အေပီသတင်းမှ ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ၏ (အမည်ခံ) လွှတ်တော်ထဲ၌ စက်တင်ဘာ ၈ ရက်တွင် ကင်မ်ဂျုံအန်း မိန့်ခွန်းပြောကြားခဲ့ ပြီးနောက် နျူကလီးယား လက်နက် အသုံးပြုမှုဆိုင်ရာ ဥပဒေများကို အတည်ပြုခဲ့သည်။
ထိုဥပဒေများ အတည်ပြုခြင်းသည် မိမိတို့နိုင်ငံ၏ နျူကလီးယား အဆင့်အတန်းကို ခိုင်မာစေရန် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ ထိုသို့ လက်နက်များကို အပေးအယူလုပ်၍ ညှိနှိုင်းသွားမည် မဟုတ်ကြောင်း ၎င်းက ရှင်းလင်း ပြော ကြားခဲ့သည်။

အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ်ဖွဲ့မှု (GETTY IMAGES)
ထို့နောက် အဆိုပါဥပဒေတွင် မြောက်ကိုရီးယား စစ်တပ်အနေဖြင့် ရန်သူတပ်များကို နျူကလီးယား လက်နက်သုံး ၍ တိုက်ခိုက်ခြင်းဖြင့် အလိုအလျောက် လုပ်ဆောင်သွားနိုင်မည့် ပြဋ္ဌာန်းချက်လည်း ပါဝင်သည်။
မြောက်ကိုရီးယားကို တုံ့ပြန်ဖို့ အမေရိကန်နှင့်ပူးပေါင်း၍ စစ်ရေးလေ့ကျင့် အသက်သွင်းရန်၊ သမားရိုးကျ တိုက်ခိုက်မှု စွမ်းရည်ကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် တောင်ကိုရီးယား၏ အစီအစဉ်များကိုလည်း ကင်မ်ဂျုံအန်းက အပြစ် တင် ဝေဖန်ခဲ့သည်။
တောင်ကိုရီးယား၏ လုပ်ရပ်သည် တင်းမာမှုများကို ပိုဆိုးစေပြီး အန္တရာယ်ကြီးလှသည့် စစ်ရေးဆောင်ရွက်မှုအဖြစ် ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ကင်မ်ဂျုံအန်းသည် ယခုတလော အမေရိကန်နှင့် အာရှမဟာမိတ်နိုင်ငံများကို နျူကလီးယား ပဋိပက္ခနှင့်စပ်လျဉ်း ၍ ခြိမ်းခြောက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည်။
မြောက်ကိုရီးယားသည် မိမိပိုင်ဆိုင်ထားသော နျူကလီးယားလက်နက်များကို လက်မတွန့်ဘဲ သုံးစွဲသွားမည်ဟု သတိပေးထားသည်။
ကင်မ်ဂျုံအန်း နောက်ဆုံး ပြောကြားထားသော သဘောထား မှတ်ချက်များတွင် “နျူကလီးယား လက်နက်နှင့် ဒုံးကျည်များ အရှိန်မြှင့်လုပ်ဆောင်နေချိန်၌ ဒေသတွင်း တင်းမာမှုတိုးလာခြင်းကို အလေးပေး” ဖော်ပြခဲ့သည်။
Source: AP
Page 66 of 138
