CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ရှီကျင့်ဖျင်နှင့်တွေ့ဆုံစဉ် ပူတင် ဘာတွေပြောလဲ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1669

 

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို စက်တင်ဘာ ၁၅ ရက်က တွေ့ဆုံရာတွင် ယူကရိန်း အကျပ်အတည်းသို့ ၎င်း၏ ဟန်ချက်ညီညီ ချဉ်းကပ်မှုအတွက်  ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည် ဟု အေပီက ရေးသားဖော်ပြသည်။

ထို့နောက် စစ်မြေပြင်တွင် မော်စကိုအတွက် ကြီးမားသော အရှုံးနှင့်ရင်ဆိုင်ရပြီးနောက် ကျင်းပသည့် ယခု အစည်းအဝေး၌ ဝါရှင်တန်၏ မလိုလားအပ်သော မူဝါဒများကို ပူတင်က အပြစ်တင် ဝေဖန်ခဲ့သည်။

 ဥဇဘက်ကစ္စတန်တွင် ရှီနှင့် ဆွေးနွေးမှု အစပိုင်း၌ ရုရှားသမ္မတ ပူတင်က "ယူကရိန်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၏ စိုးရိမ်‌နေမှုများကို လျော့ကျစေရန် ကြိုးပမ်းနေသည်"ဟု  ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်(AP)

"ယူကရိန်း အကျပ်အတည်းနှင့် ဆက်စပ်ပြီးတော့ ကျွနှ်ပ်တို့ တရုတ်မိတ်ဆွေတွေရဲ့ မျှတတဲ့ ရပ်တည်ချက်ကို ကျွနှ်ပ် အင်မတန်ကျေးဇူးတင်ပါတယ်" ဟု ပူတင်က စားပွဲရှည်ကြီးတစ်ခုတွင် ရှီကို မျက်နှာချင်းဆိုင် ကြည့်ရင်း ပြောကြားခဲ့သည်။

"အဆွေတော်ရဲ့ မေးခွန်းတွေနဲ့ ဒီကိစ္စမှာ အဆွေတော်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွနှ်ပ်တို့ နားလည်ပါတယ်။ စောစောက ပြောထားပြီးသားဖြစ်ပေမဲ့ ဒီနေ့ အစည်းအဝေးမှာ ဒီပြဿနာအပေါ် ကျွနှ်ပ်တို့ရဲ့ ရပ်တည်ချက်ကို အသေးစိတ် ရှင်းပြပေးမှာပါ" ဟု ပူတင်က ဆက်လက် ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်(AP)

၎င်းတို့နှစ်ဦးသည် အိန္ဒိယ၊ ပါကစ္စတန်နှင့် အာရှအလယ်ပိုင်း‌ဒေသရှိ ဆိုဗီယက်နိုင်ငံဟောင်း ၄ နိုင်ငံတို့ ပါဝင်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အစည်းအဝေးပြင်ပတွင် သီးခြား တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါ ရှန်ဟိုင်းမဟာမိတ်အဖွဲ့သည် အမေရိကန်၏ လွှမ်းမိုးမှုကို တန်ပြန်ရန် ဖွဲ့စည်းထားသည်။

 

 

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီလိုလားတောင့်တနေသူများ၏ ဆန္ဒကို လေးစားရန် စစ်တပ်ကို အမေရိကန်တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

ရုရှားသမ္မတ ပူတင် ဥဇဘက်ကစ္စတန်သို့ ရောက်လာ

By CNI
CNI
Category: Watch TV
Hits: 814

Share
Tweet
Share
Share
powered by social2s
PNO တပ်ဖွဲ့ကိုတွေ့ရစဉ်

PNO က မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို သတ်ဖြတ်ဟု PNLO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2852

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO/PNLA)က မိမိတို့ တပ်ဖွဲ့ဝင် ၅ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ် ဆောင်၍ သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)က စက်တင်ဘာ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

PNO/PNA အဖွဲ့သည် ခွန်ထွန်းဦး (ဒု-စုမှူး)၊ ခွန်ရှိန် (ဒု-စိပ်မှူး)၊ ခွန်သန်းဖေ (ရုဲင်းဖက်)၊ ခွန်ကြယ်စင် (ရုဲင်း ဖက်)၊ ခွန်ရဲနောင် (ရုဲင်းဖက်)တို့ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က ရန်ငြိုးရန်စ တစ်စုံတစ်ရာ မရှိဘဲ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသတ်ဖြတ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ ကြောင်း၊ ၎င်းပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း PNLO/PNLA က ထုတ်ပြန်ခဲ့သည်။

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော်(PNO/PNA)အဖြစ် ပြောင်းလဲခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နာမည်ဖြင့် နိုင်ငံရေးပါတီ အနေနှင့် မှတ်ပုံတင်ခဲ့သည်။

 PNLO တပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့ကြောင့် PNO သည် ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီဟုဆိုကာ အသွင်နှစ်မျိုးဖြစ် ရပ်တည်လျက်ရှိပြီး ပင်လောင်း မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်တို့ ပါဝင်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား စီမံအုပ်ချုပ် လျက်ရှိသည်။

PNLO/PNLA ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် ပအိုဝ်းလက်နက်ကိုင်ဖြစ်ပြီး ခွန်သူရိန်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးခွန်ဥက္ကာက ဦးဆောင် နာယကအဖြစ်လည်းကောင်း တာဝန်ယူကာ ဦးဆောင်လျက်ရှိသည်။

ထို့နောက် PNLO/PNLA သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်၊ ဟိုပုန်း၊ မောက်မယ် ဒေသများတွင် လှုပ်ရှား လျက်ရှိပြီး မောက်မယ်တွင် ဌာနချုပ်အဖြစ် သတ်မှတ်ထားသည်။

ယခင် PNLO ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သော ခွန်မြင့်ထွန်းကတော့ ပအိုဝ်းအမျိုးသား များဖက်ဒရယ်ကောင်စီ(PNFC)ကို ထူထောင်၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ နွေဦးတော်လှန်ရေးတွင် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိနေသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုကို တွေ့ရစဉ် (USSFU)

ပအိုဝ်းဒေသကို စစ်တလင်း မဖြစ်ချင်ဟု PNO ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2990

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်တလင်း မဖြစ်စေချင်ကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)မှ ဗဟိုအလုပ်အမှုဆောင် စောခွန်ကျော်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

PNO အနေဖြင့် စစ်တလင်းမဖြစ်အောင် ကာကွယ်မည်ဆိုသည့် မူကိုချထားကြောင်း၊ မိမိ၏ တစ်ဦးတည်းအမြင် အရ စစ်ဖြစ်ပါက ပြည်သူလူထုသည် ဓါးစာခံဖြစ်မှာဖြစ်ကြောင်း ၎င်းက ပြောသည်။

စောခွန်ကျော်ဝင်းက “ကျနော်အမြင်ကတော့ PNO ရဲ့ မူကတော့ ဆရာတို့ သိပြီးသားပေါ့နော်၊ သိပြီးသားဆို ကျနော်တို့ ပအိုဝ်းဒေသပေါ့၊ အရင်တုန်းက ငြိမ်းချမ်းရေးယူတုန်းက အထူးဒေသ ၆ ပေါ့နော်၊ သတ်မှတ်ထားတဲ့ နယ်မြေရှိတယ်၊ အဲဒီနယ်မြေမှာ အစိုးရနဲ့ သဘောတူထားတာရှိတယ်၊ ဒီတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ပေါ့၊ ဥပမာ တောင်ဖက်ရော၊ အရှေ့ဖက်ရော အားလုံးက သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ရှိပြီးသားပေါ့၊ ခြံစည်းရိုးက ရှိပြီးသားပေါ့၊ ဒီလိုသတ်မှတ်ထားတာ ရှိပြီးသားပေါ့နော်၊ အဓိကတော့ ဒီဖက်မှ နစက အာဏာ စယူတဲ့အချိန် ကစ ပြီး‌တော့ အဓိက ကျနော်တို့ နယ်မြေမှာ စစ်တလင်း မဖြစ်ချင်ဘူးပေါ့နော်၊ စစ်တလင်း မဖြစ်ချင်ဘူး။ စစ်ဖြစ်မယ် ဆိုရင် ကျနော်တို့ ဒီလက်နက်ကိုင်တဲ့ အဖွဲ့အစည်းမှန်သမျှ ပြဿနာမရှိဘူး။ ကိုယ့်ဟာကိုယ် ကာကွယ်လို့ရတယ်၊ ရိက္ခာတွေအားလုံး ပြည်သူလူထုနဲ့ ယူလို့ရတယ်၊ ဘယ်နည်းနဲ့ ဖြစ်ဖြစ်ပေါ့နော်၊ ဒါပေမဲ့ အဓိက ဓါးစာခံဖြစ်မှာ ပြည်သူလူထုက ဓါးစာခံဖြစ်မယ်၊ ဒုက္ခရောက်မှာ လူထုပဲ ဒုက္ခရောက်မှာ။ ဒါကြောင့် ဒီနယ်မြေကတော့ အတတ် နိုင်ဆုံး စစ်တလင်း မဖြစ်အောင် ကာကွယ်မယ်ဆိုတဲ့ မူကိုတော့ ချထားတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO)

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသရှိ မြန်မာ့တပ်မတော်၏ စခန်း (၂) ခုကို ညီညွတ်သောရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုမှ စက်တင်ဘာ ၁၂ ရက်က ပထမဆုံးအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တပ်မတော်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ နစကဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိပေ။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာမရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူး ခွန်မင်းသိမ်းက CNI သတင်းဌာနသို့ ပြောသည်။

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်(PNDF)

၎င်းက “မှတ်ချက်ပေးစရာမရှိပါဘူး အဲဒါကတော့၊ တိုက်ပွဲဖြစ်တယ်ဆိုကတည်းက တိုက်ပွဲကတော့ ထုံးစံအတိုင်းပေါ့နော်၊ သေကြေ၊ ထိခိုက်၊ နစ်နာမှုတွေတော့ ရှိတတ်ပါတယ်” ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ နောင်ထောင်ဒေသသည် PNLO လှုပ်ရှားဒေသ မဟုတ်ကြောင်း သို့သော်လည်း ဖြတ်သန်း သွားလာမှုရှိကြောင်း PNLO မှ ဗိုလ်မှူးခွန်မင်းသိမ်းက ပြောသည်။

တခြားတစ်ဖက်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု၊ ဝါးပြုံးကျေးရွာ တွင် PNLO/PNLA တပ်ဖွဲ့ဝင် ၅ ဦးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က PNO/PNA ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ခြင်းကို ရှုံ့ချကြောင်း PNLO/PNLA က စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ သည်။

PNLO ၏ ထုတ်ပြန်ချက်

စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ဖြစ်ပွားသည့် ဆန့်ကျင်တော်လှန်တိုက်ပွဲများတွင် ပအိုဝ်းဒေသ၌ ပထမဆုံး ဖြစ်ပွား သော တိုက်ပွဲဖြစ်သည်။

PNO ဆိုသည်မှာ ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီဆိုကာရှိသည်။ သို့သော် ထိုနှစ်ဖွဲ့သည် ခွန်အောင်ခမ်းထီး၏ ဦးဆောင်မှုကနေ ပအိုဝ်းအမျိုးသားရေးကို ဆောင်ရွက်နေကြခြင်းဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့အန္တရာယ်ကို ပူးပေါင်းဖြေရှင်းဖို့ UN တိုက်တွန်း

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

ဒီမိုကရေစီလိုလားတောင့်တနေသူများ၏ ဆန္ဒကို လေးစားရန် စစ်တပ်ကို အမေရိကန်တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1886

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

ဒီမိုကရေစီလိုလားတောင့်တနေကြသည့် ပြည်သူများ၏ ဆန္ဒကို လေးစားရန် မြန်မာ့တပ်မတော်ကို မိမိတို့ တောင်းဆိုပါသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အမေရိကန်သံရုံးက “ ပြည်သူတွေအတွက် ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ ရှိတာဟာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးကို တိုးတက်အောင် ဆောင်ရွက်ဖို့ အတွက် လူ့လောကရဲ့ အဓွန့်ရှည် တည်တံ့ဆုံး နည်းလမ်းဖြစ်တယ်ဆိုတဲ့ အခြေခံ အမှန်တရားတစ်ရပ်ကို အခု လို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ မိမိတို့ ထပ်လောင်း အတည်ပြုပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အရေးအတွက် ကြိုးပမ်းအား ထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ရပ်တည်ပြီး စစ်အာဏာရှင်စနစ် ဆိုးအောက်မှာ တစ်ရက်မျှ မနေထိုင်ချင်ဘဲ ဒီမိုကရေစီလိုလား တောင့်တနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို မိမိတို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဒီမိုကရေစီနေ့ ထုတ်ပြန်ချက်
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုး ပမ်းသည်ဟုဆိုကာ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီး အရေးပေါ် အခြေအနေကြေညာခဲ့သည်။

ထို့နောက် တပ်မတော်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး လူထုဆန္ဒပြပွဲများ နိုင်ငံတစ်ဝှမ်း ဖြစ် ပေါ်ခဲ့သလို နွေဦးတော်လှန်ရေးဆိုသော လက်နက်ကိုင် တော်လှန်ရေးလည်း ပေါ်ပေါက်လာခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသလို မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးများတွင်လည်း လူသေဆုံးမှုများနှင့် ပေါက်ကွဲမှုများ ဖြစ်ကာ တရားဥပဒေစိုးမိုးမှု အားနည်းနေသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (ဖရွန်းတီးယားမြန်မာ)

မြန်မာ့တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစက ကတော့ ၂၀၂၃ ခုနှစ် တွင် အထွေထွေရွေးကောက်ပွဲလုပ်ကာ အနိုင်ရသော ပါတီကို အာဏာလွှဲပေးသွားမည်ဟု ပြောသည်။

သို့သော် ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်နေကြသော အင်အားစုများကလည်း နစက ကျင်းပမည့် ရွေး ကောက်ပွဲသည် အတုအယောင်ဖြစ်သလို ၎င်းတို့ အာဏာဆက်လက် ရယူနိုင်ရေးအတွက် အသုံးချမှုတစ်ခုသာ ဖြစ်သည်ဟု ပြောကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်ကျူးကျော်ခံရမည့်အရေး ဟန့်တားရန် တရုတ်ကို ပိတ်ဆို့ဖို့ အမေရိကန်စဉ်းစား

By CNI
CNI
Category: Watch TV
Hits: 741

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနှင့်ထိုင်ဝမ်အရေး ပူတင်နှင့်ရှီကျင့်ဖျင် အဓိကဆွေးနွေးမည်

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s

မိုးဗြဲတိုက်ပွဲရှောင် ၄ ထောင်ကျော်လာ၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s
DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီးနှင့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်လက်နက်ကိုင် ၂ ဖွဲ့ နေပြည်တော်ရောက်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1518

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် ကရင် လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် KNU/KNLA-PC နှင့် DKBA တို့မှ ခေါင်းဆောင်များသည် နေပြည်တော်သို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA -PC)ကို ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA )ကိုတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် စက်တင်ဘာ ၁၅ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်လက်နက်ကိုင် ၂ ဖွဲ့ ပူးတွဲ၍ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။

KNU/KNLA-PC ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးနှင့် ကိုယ်စားလှယ်အဖွဲ့ကိုတွေ့ရစဉ်

နောက်ရက်များတွင် ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်လက်နက် ကိုင် ၂ မှ ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အသေးစိတ်များကို ဆက်လက် ဆွေးနွေးကြမည် ဖြစ် သည်။

KNU/KNLA-PC သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ၂၈ ရက်အထိ နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ပြီးဖြစ်ရာ ယခုအခါမှာတော့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

အလားတူ DKBA သည်လည်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပြီးဖြစ်ရာ ယခုအခါမှာတော့ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

KNU/KNLA-PC နှင့် DKBA တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက မိုင်ဂျာယန်တိုင်းရင်းသားညီလာခံမှာ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုတွေ့ရစဉ်

စစ်တပ်က ကြည်း၊ရေ၊လေကနေ စစ်အင်အားဖြည့်နေ၍ စစ်ဆေးမှုများလုပ်မည်ဟု AA ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2096

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်အနှံ့ ၎င်းတို့၏ တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် အပါအဝင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော် ဘုတ်၊ အမြန်ရေယာဉ်များဖြင့် အင်အားဖြည့်တင်းနေခြင်းကြောင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရက္ခိုင့်တပ် တော်(AA)က စက်တင်ဘာ ၁၄ ရက်တွင် အရေးပေါ် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့သွားလာနေကြသည့် လမ်းကြောင်းများတွင် ပြေးဆွဲနေကြသော ကုန်းလမ်း၊ ရေလမ်း ယာဉ်များအားလုံးကို စစ်ရေးအခြေအနေ လိုအပ်ချက်အရ ရပ်တန့်ခိုင်း ၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

AA က “ စစ်ကောင်စီသည် ယခင်ရက်သတ္တပတ်များအတွင်း ၎င်းတို့ဆုံးရှုံးခဲ့ရပြီး မိမိတို့ တပ်စွဲစခန်းချထားသော နေရာများဖြစ်သည့် ရခိုင်-ဘင်္ဂလားနယ်စပ်အနီး မိုင်တိုင်အမှတ် ၄၀ စခန်းနှင့် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်း များအပြင် ပလက်ဝဒေသ အပါအဝင် အခြားသော နေရာအချို့ကိုလည်း ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီး ပစ်ကူ အမြောက်အမြားဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကာလလည်းဖြစ်သည်။ ရခိုင်နှင့် ပလက်ဝ ဒေသအတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာခြင်းနှင့်အတူ နောက်ထပ် တိုက်ပွဲများ နေရာ အနှံ့ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်း၊ ခရီးသွား လာမှုများကို ကန့်သတ် စစ်ဆေးရခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

 

AA ၏ အရေးပေါ် ကြေညာချက်ကိုတွေ့ရစဉ်

ထို့ကြောင့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးကို ပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များ အနေဖြင့် ရခိုင် ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန် အသိပေးအပ်ပါသည်ဟု AA က ထုတ်ပြန်ခဲ့သည်။

မိမိတို့ထံ သတင်းမပို့ဘဲ သွားလာခြင်း မပြုလုပ်ကြရန်နှင့် သတင်းမပို့ဘဲ သွားလာ၍ တစ်စုံတစ်ရာ ပြဿနာဖြစ် ပေါ်ပါက ၎င်းသွားလာကြသူများ၏ တာဝန်သာ ဖြစ်ပါကြောင်း၊ လက်ရှိ စစ်ရေးတင်းမာနေမှုအပေါ် အခြေခံ၍ အရေးပေါ် ထုတ်ပြန်ကြေညာသည်ဟု AA ကပြောသည်။

AA သည် ရခိုင်-ဘင်္ဂလားဒေ့နယ်စပ် မှတ်တိုင် ၄၀ စခန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့က လည်း ကောင်း၊ မောင်တောမြို့နယ်ထဲရှိ ခမရ ၃၅၂ စခန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က လည်းကောင်း သိမ်းပိုက်ခဲ့ သည်။

ထို့နောက် မြန်မာ့တပ်မတော် တပ်စခန်းများ ပြန်လည် ရရှိရေးအတွက် ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ ရှီကျင့်ဖျင်ကိုတွေ့ရစဉ် (GETTY IMAGES)

ယူကရိန်းနှင့်ထိုင်ဝမ်အရေး ပူတင်နှင့်ရှီကျင့်ဖျင် အဓိကဆွေးနွေးမည်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1991

CNI International News

မော်စကို၊ စက်တင်ဘာ ၁၄

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် စက်တင်ဘာ ၁၅ ရက် (မနက်ဖြန်)တွင် ဥဇဘက်ကစ္စတန်နိုင်ငံ၌ တွေ့ဆုံ၍ ယူကရိန်းအရေးနှင့် ထိုင်ဝမ်အရေးတို့ကို အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

ထို့နောက် ပထဝီဝင် နိုင်ငံရေး အခြေအနေအရ ယခုတွေ့ဆုံမှုမှာ အထူးအရေးကြီးကြောင်း ကရင်မလင်သမ္မတ နန်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

ရှီကျင့်ဖျင်သည် မော်စီတုံးနောက်ပိုင်း သြဇာအကြီးဆုံး တရုတ်ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းမခံရမီ တစ်လ အလိုတွင် ပူတင်နှင့် တွေ့ဆုံရန်အတွက် အာရှအလယ်ပိုင်းသို့ ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ထွက်ခွာ မည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် ကိုဗစ်ကပ်ရောဂါ နောက်ပိုင်း ရှီ၏ ပထမဆုံး ပြည်ပ ခရီးစဉ်လည်း ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

“သမ္မတနှစ်ဦးတို့ဟာ နှစ်နိုင်ငံအစီအစဉ်နဲ့ ဒေသတွင်း၊ နိုင်ငံတကာအရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွား မှာပါ” ဟု ကရင်မလင်သမ္မတနန်းတော်မှ လက်ထောက်တစ်ဦးဖြစ်သည့် ယူရီအူရှာကော့ဗ်က မော်စကိုမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူကရိန်းနဲ့အတူရှိကြောင်း ထိုင်ဝမ်ပြည်သူများ ပြသ (Reuters)

“ပုံမှန်အားဖြင့် မိမိတို့နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း ရှားရှားပါးပါး မြင့်မားတဲ့ ယုံကြည်မှုအဆင့်ကို အပြုသဘောဆောင် အကဲဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်၏ မြင့်တက်လာသော စူပါပါဝါ အနေအထားနှင့် ရုရှား၏ သဘာဝ အရင်းအမြစ်များအကြား အကန့် အသတ်မရှိ ထဲထဲဝင်ဝင် မိတ်ဖက်ဆက်ဆံရေးသည် ပထဝီဝင် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်သည်။ ယင်း ဖွံ့ဖြိုးတိုးတက်မှုကို အနောက်အုပ်စုက စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။

သမ္မတနှစ်ဦး ဆွေးနွေးမှုတွင် ရှီကျင့်ဖျင်၏ ဩဇာအာဏာကို အလေးအနက် ထုတ်ဖော်ရန် အခွင့်အရေးရရှိမည် ဖြစ်သည်။

အာရှဆီသို့ ပူတင်၏ တိမ်းညွှတ်မှုကို ယခုဆွေးနွေးမှုတွင် မြင်ရမည်ဖြစ်သလို ယူကရိန်းအရေးနှင့် ပတ်သက်၍ မော်စကိုအပေါ် အနောက်အုပ်စု အပြစ်ပေးချိန်၌ သမ္မတနှစ်ဦးစလုံးက အမေရိကန်ဆန့်ကျင်ရေးလည်း ပြသနိုင် ဖွယ်ရှိနေသည်။ ယူကရိန်းသို့ ကျူးကျော်စစ်ကို ရုရှားဘက်မှ အထူးစစ်ဆင်ရေးဟု ခေါ်ဆိုထားသည်။

နှစ်နိုင်ငံကုန်သွယ်ရေး ပမာဏမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁၄၀ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ယခုနှစ် ပထမ ၇ လတာအတွင်း၌ပင် စုစုပေါင်း ဒေါ်လာ ၉၃ ဘီလီယံနီးပါး ရှိနေကြောင်း ကရင်မလင်၏ အဆိုအရ သိရသည်။

တရုတ်သည် ရုရှား၏ ရေနံအများဆုံး ဝယ်ယူသူဖြစ်နေပြီး ယင်းဝင်ငွေသည် မော်စကို၏ နိုင်ငံ့ဘဏ္ဍာအတွက် အဓိက ဝင်ငွေများထဲမှ တစ်ခုဖြစ်သည်။

ပူတင်၊ ဘိုင်ဒန်၊ ရှီကျင့်ဖျင်တို့ကြားက ထိုင်ဝမ်နဲ့ ယူကရိန်း (GETTY IMAGES)

ယူကရိန်းအရေး မတည်မငြိမ်ဖြစ်နေချိန် ဥရောပသို့ ရုရှားဓာတ်ငွေ့‌ရောင်းချမှု သိသာစွာ လျှော့ချလိုက်ပြီးနောက် အခြားနိုင်ငံများသို့ ဓာတ်ငွေ့ရောင်းချမှု မြှင့်တင်ရန်နှင့် ပိုက်လိုင်းအသစ်များ သွယ်တန်းနိုင်ရန် ရုရှားက ကြိုးပမ်း လာခဲ့သည်။

“ယူကရိန်း အကျပ်အတည်းအပေါ်မှာ တရုတ်ရဲ့ရပ်တည်ချက်ကို ကျနော်တို့ တန်ဖိုးထားပါတယ်။ ဘေဂျင်းက လည်း ဒီပဋိပက္ခအတွက် ဟန်ချက်ညီတဲ့ ချဉ်းကပ်မှုတစ်ခုကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းကို အထူးစစ်ဆင်ရေးလုပ်တဲ့အပေါ်မှာ ဘေဂျင်းက ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ ဒီပြဿနာကို သမ္မတနှစ်ဦး တွေ့တဲ့အခါ သေသေချာချာ ဆွေးနွေးသွားမှာပါ” ဟု ယူရီအူရှာကော့ဗ်က ပြောကြားခဲ့သည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင် ရှေးဟောင်းပိုးလမ်းမပေါ်ရှိ ဆာမာခန်မြို့(Samarkand) ၌ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီးအစည်းအဝေး ပြင်ပ၌ ရှီကျင့်ဖျင်နှင့်ပူတင်တို့ သီးခြားတွေ့ဆုံကြရန် စီစဉ် ထားသည်။

ဥဇဘက်ကစ္စတန်၌ပင် တရုတ်နှင့် ရုရှား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးကြရန် မျှော်လင့်ထားကြောင်း ကရင်မလင်သမ္မတရုံးလက်ထောက် ယူရီအူရှာကော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
PDF သင်တန်းဆင်းပွဲတွင် ဦးလွင်ကိုလတ် မိန့်ခွန်းပြောနေစဉ်

စစ်ရှိန်ပိုမြှင့်မည်ဟု NUG ပြည်ထဲရေးဝန်ကြီးပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1391

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ယခုနှစ်တွင် ပြီးခဲ့သည့် နှစ်ထက် စစ်ရှိန်ပိုမြှင့်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က စက်တင်ဘာ ၁၃ ရက်နေ့တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထုတ်လွှင့်ခဲ့သည်။

ဦးလွင်ကိုလတ်က “ ဒီနှစ်မှာ ပြီးခဲ့တဲ့ နှစ်ထက် စစ်ရှိန်ပိုမြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်းအားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်က တပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်း ရင် တိုက်စွမ်းအားက တိုးနေပါတယ်။ တိုက်စွမ်းရည်နဲ့ စိတ်ဓာတ်မှာလည်း စကစ ဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်း မငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင့် ခိုလုံတဲ့သူတွေ တစ်နေ့တခြား တိုးလာပြီး တိုက်ပွဲဝင် စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိန်းထားရတယ် ဒါပေမယ့် မကြာစေရပါဘူး။ ရဲဘော်တို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့အတူ ပြည်တော်ဝင်ကြမယ်လို့ ပြောထားတယ်” ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍ ပြောထားသည်။

ထို့နောက် ပြည်သူလူထု၏ ထောက်ခံမှုကလည်း စီမံဘဏ္ဍာဝန်ကြီး ရောင်းသမျှ အကုန်ဝယ်နေကြခြင်းကို ကြည့်ပါက ပြည်သူတွင် အောင်စိတ်က အခိုင်အမာ ရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ် သမ္မတကြီး ဒူဝါလရှီးလ အရေး ပေါ် အခြေအနေ ကြေညာခဲ့ပြီး တစ်နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ မြို့ပြပျောက်ကြား များ ဆင်နွဲခဲ့သည့် ခုခံစစ်သည် မြို့ပြ ကျေးလက်နှင့် တောတောင်ကြားမှာ ထိတွေ့တိုက်ပွဲမျိုးစုံနှင့် စစ်မျက်နှာစုံ ဖွင့်နိုင်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောထားသည်။

ဦးလွင်ကိုလတ်က “ ဒီနှစ် (---) ကြေညာပြီးရင်တော့ အားလုံး အသင့်အနေအထား ဖြစ်အောင် ပြင်ထားကြပေ တော့”ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလသည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့ က ပြည်သူ့ခုခံတော်လှန်စစ်(D-Day)ကို ကြေညာခဲ့ရာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက် တစ်နှစ်တာကာလ အတွင်း မြန်မာ့တပ်မတော်ဘက်မှ သေဆုံးသူ ၂၅၁၀၇ ဦးရှိပြီး ထိခိုက်သူ ၈၀၂၃ ဦး ရှီကြောင်း NUG ၏ ပြည်ထဲ ရေးဝန်ကြီး ဦးလွင်ကိုလတ်က ရေးသားထုတ်လွှင့်ထားသည်။

လာမည့်နှစ် (၂၀၂၃ ခုနှစ်)တွင် တပ်မတော်ကို အမြစ်ပြတ်သုတ်သင်ပေးမည့် အဆုံးသတ်တိုက်ပွဲရောက်လာ မည်ဟု NUG ၏ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခဲ့သော တစ်နှစ်ပြည့်သွားသည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တွင် ယာယီသမ္မတ ဒူဝါလရှီးလက နိုင်င်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သွားသည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကချင်ဒေသက PDF တပ်ဖွဲ့

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “လာမယ့် တစ်နှစ်အတွင်းမှာ ယခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ် ရေး၊ နိုင်ငံတကာအရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေကြပါတယ်။ စစ်အာဏာရှင် ဟာ အဖက်ဖက်က မှေးမိန်ချည်းနဲ့လာနေပါပြီ။ ဖက်ဆစ်သန္ဓေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အဆုံးသတ် တိုက်ပွဲ ဟာ အနှေးနဲ့အမြန် ရောက်လာလိမ့်မယ်၊ အဲဒီအခါ အကြမ်းဖက် အုပ်စုအနေနဲ့ လူထုတရားစီရင်ရေးကို ခံယူနိုင်ဖို့ ရင်ဆိုင်နိုင်စွမ်းရှိအောင် ခုကတည်းကနေ ကိုယ့်ကိုယ်ကို အသင့်ပြင်ထားကြဖို့ ဒီကနေ အသိပေးလိုက် ချင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် တစ်နိုင်ငံလုံး တွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် PDF တပ်ဖွဲ့များ ဖွဲ့စည်းလည်ပတ်နေေ ကြာင်း NUG ယာယီသမ္မတက ပြောသည်။

ထို့နောက် EAO နှင့် PDF တို့၏ ပူးပေါင်း ခုခံစစ်မှာ စစ်ရေး၊ အုပ်ချုပ်ရေးအရ ပိုင်ပိုင်နိုင်နိုင် စိုးမိုးထားသည့် ဒေသများစွာ ရှိလာပြီဖြစ်ပြီး နယ်မြေစိုးမိုးထားသည့် မြို့နယ်ပေါင်း ၂၄ ခုတွင် တရားသူကြီးအဖွဲ့များ စုဖွဲ့ပြီး တရားစီရင်ရေး လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း NUG ယာယီသမ္မတက ပြောသည်။

 

Share
Tweet
Share
Share
powered by social2s

UN မှာ ဦးကျော်မိုးထွန်းပဲ ဆက်နေရာ ရမယ်ထင်တယ်

By CNI
CNI
Category: Exclusive Interview
Hits: 1267

Share
Tweet
Share
Share
powered by social2s

KIA ၏တပ်စခန်း အသိမ်းခံရသည့် ရုပ်သံထွက်ပေါ်လာ

By CNI
CNI
Category: Watch TV
Hits: 1176

Share
Tweet
Share
Share
powered by social2s
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68

Page 64 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar