CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားသမ္မတ ဗလာဒီမာပူတင်(ဓါတ်ပုံ-kremlin.ru)

ပူတင် ရာထူးမှ ဆင်းပေးရန် ရုရှားမြို့တော်များမှ စည်ပင်အဖွဲ့များ တောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 2650

CNI International News

မော်စကို၊ စက်တင်ဘာ ၁၃

ရုရှားနိုင်ငံ၏အထင်ကရ မြို့တော်များဖြစ်သည့် မော်စကိုနှင့် စိန့်ပီတာစဘတ်(ယခင်လီနင်ဂရက်)တို့မှ စည်ပင် သာယာရေးအရာရှိ ဆယ်ဂဏန်းတို့က သမ္မတဗလာဒီမာပူတင်အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုချက်ကို စက်တင်ဘာ ၁၂ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း မော်စကိုတိုင်းမ်သတင်းစာ၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထိုသို့ ရုရှားသမ္မတ ရာထူးမှ နုတ်ထွက်၍ ဆင်းပေးရန် တောင်းဆိုချက်သည် ယခုသီတင်းပတ်အကုန်ပိုင်းတွင် ကျင်းပမည့် ဒေသအလိုက် ရွေးကောက်ပွဲများ၌ မတိုင်မီ မဲလိမ်သည်၊ မဲခိုးသည်ဟူသော မဲမသမာမှုစွပ်စွဲချက်များ ကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည့်အပြင် တိုင်းပြည်အတွက် အကြီးမားဆုံးဆုတ်ယုတ်မှုအဖြစ် လက်ရှိစစ်ပွဲ၌ ယူကရိန်းတပ်ဖွဲ့များ အင်အားကောင်းကောင်းဖြင့် ရှေ့တိုးချီတက်နိုင်ခြင်းလည်း ပါဝင်သည်။

ယူကရိန်းကို ကျူးကျော်စစ် စတင်ပြီး မရှေးမနှောင်းမှာပင် စစ်ဆန့်ကျင်ရေး သဘောထားကွဲလွဲမှုအားလုံးကို ရုရှားပြည်တွင်း၌ တားမြစ်ထားသဖြင့် ယခုတောင်းဆိုလက်မှတ်ရေးထိုးမှုများမှာ ဥပဒေအရ ပြစ်ဒဏ်ပေးခြင်းခံရ နိုင်သည့် အန္တရာယ်လည်း ရှိနေကြောင်း မော်စကိုတိုင်းမ်သတင်းစာက ဆက်လက်ရေးသားသည်။

“သမ္မတပူတင်ရဲ့လုပ်ရပ်တွေဟာ ရုရှားပြည်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့အနာဂတ်ကို ထိခိုက်စေပါတယ်” ဟု စိန့်ပီတာစဘတ်မြို့၊ ဆမ်ယိုနိုဗက်စကီ (Semyonoysky) ခရိုင်မှ လက်ထောက်အရာရှိတစ်ဦးဖြစ်သူ ကက်ဆင် နီးယားတော်စထွင်း (Ksenia Torstrem) က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“ရုရှားဖက်ဒရေးရှင်းသမ္မတရာထူးကနေ ဗလာဒီမာပူတင် နုတ်ထွက်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု ကနဦး စုပေါင်းလက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ် ၁၉ ဦး၏ ကြေညာချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

စက်တင်ဘာ ၁၂ ရက်တွင် အခြားလူပုဂ္ဂိုလ် ၈၄ ဦးတို့လည်း သီးခြားမေတ္တာရပ်ခံလွှာတစ်စောင် ထုတ်ပြန်၍ အလားတူ လက်မှတ်ရေးထိုးခဲ့ကြကြောင်း တော်စထွင်း၏အဆိုအရ သိရသည်။

ရုရှားနိုင်ငံ၏ ဒေသအလိုက်ရွေးကောက်ပွဲများတွင် ကရင်မလင်ကို လိုလားသော ကိုယ်စားလှယ်လောင်းများက အခြားပြိုင်ဘက်များကို နှိပ်ကွပ်၍ ၎င်းတို့ကို အတင်းအကျပ်မဲထည့်စေခြင်း၊ မဲဝယ်ခြင်း၊ မဲစာရင်းများ မှားယွင်းစွာ ဖော်ပြခြင်းတို့ အများအပြားဖြစ်ပွားခဲ့ကြောင်း ဂိုလော့စ် (Golos) အမည်ရှိ လွတ်လပ်သောရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုအတောအတွင်း ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသတွင် ယူကရိန်းတို့၏တန်ပြန်ထိုးစစ်ကြောင့် မော်စကိုအစိုးရက ယခင်သိမ်းပိုက်ခဲ့သော စတုရန်းကီလိုမီတာ ၃၀၀၀ ဝန်းကျင်ရှိ နယ်မြေများကို ကိယက်ဗ်က ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

စိန့်ပီတာစဘတ်မြို့၊ စမော်နင်စကိုရီခရိုင်မှ လက်ထောက်အရာရှိတစ်ဦးဖြစ်သည့် ဒီမီထရီပေးယူဂါ (Dmitry Palyuga) သည် ယူကရိန်းအရေး သစ္စာဖောက်ဖျက်မှုစွဲချက်ဖြင့် သမ္မတပူတင်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော် ဒူးမားလွှတ်တော်သို့ တောင်းဆိုခဲ့ပြီးနောက် သမ္မတရာထူးမှ နုတ်ထွက်ရန် အလားတူတောင်းဆိုသံများလည်း ကျယ်လောင်သွားခဲ့သည်။

ဒီမီထရီပေးယူဂါကို ရုရှားစစ်တပ်အပေါ် အသရေဖျက်မှုစွဲချက်ဖြင့် ရဲစခန်းက ခေါ်ယူသွားခဲ့သော်လည်း နောက် ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

Source: The Moscow Times

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

အမေရိကန်က ပြဿနာဖန်တီးပြီး လက်နက်ရောင်းစီးပွားရှာသည်ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2017

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

အမေရိကန်နိုင်ငံသည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်းကို စီးပွားရေး တစ်ခုအနေဖြင့် ဆောင်ရွက်နေ ခြင်းကြောင့် ပြဿနာများဖန်တီးပြီး လက်နက်ရောင်းချသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရုရှားနိုင်ငံ RIA သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အမေရိကန်နိုင်ငံက ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့ပေးတာတွေ၊ ရောင်းချပေးတာတွေ ကျနော်တို့ တွေ့ပါတယ်။ အမေရိကန်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းထဲမှာ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရောင်းချတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုလည်း ပါပါတယ်။ ပြီးခဲ့တဲ့ ယူကရိန်းဖြစ်စဉ်တွေကို ပြန် ကြည့်မယ်ဆိုလို့ရှိရင်လည်း အလားတူစွာပဲ ကျနော်တို့ တွေ့ရတယ်။ ပြဿနာကိုပဲ နယ်နယ်ရရ ဖန်တီးတတ် တယ်။ ပြီးတော့မှ လက်နက်ခဲယမ်း မီးကျောက်တွေ ထောက်ပံ့တယ်။ အရန်ထားရှိတဲ့ လက်နက်ခဲယမ်း မီး ကျောက်တွေ ထောက်ပံ့ပေးခြင်းအားဖြင့် တိုက်ပွဲရဲ့ စစ်ပွဲရဲ့ ပုံသဏ္ဌာန်ကို ပြောင်းလဲအောင် ဖန်တီးလာတယ်။ သူတို့နိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းထဲမှာ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်တဲ့ လုပ်ငန်းဟာလည်း ပါ တယ်။ အဲ့ဒီတော့ အရန်ထုတ်လိုက်ပြီဆိုကတည်းက ပစ္စည်းတွေထပ်ပြီး အသစ်ပြန်ထုတ်ရတယ်။ ဒါစစ်ပွဲကို နားလည်တဲ့သူတိုင်း သဘောပေါက်ပါတယ်”ဟု ပြောသည်။

RIA သတင်းဌာနနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အင်တာဗျူးလုပ်နေစဉ်

မြန်မာ့တပ်မတော်သည် တရုတ်နှင့် ရုရှား လက်နက်များ ဝယ်ယူအသုံးပြုကာ ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲ ချက်ကို အကာအကွယ်လုပ်ရန် အမေရိကန် လက်နက်ရောင်းချသည့်အပေါ် ပြန်လည် တုန့်ပြန်ခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင်က “စကစ ကိုလည်း ကမ္ဘာက စွပ်စွဲနေတာပေါ့ဗျာ၊ ပြည်တွင်းမှာ ကျနော်တို့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့အတွက် ကျနော်တို့ ရုရှားနဲ့တရုတ် လက်နက်တွေကို ဝယ်ယူအသုံးချနေတယ် ဆိုတဲ့အခါမှာ သူတင်လုပ်တာ မဟုတ်ဘူး ဒီမိုကရေစီနိုင်ငံလို့ ပြောတဲ့ ဒီအမေရိကန်ကလည်းပဲ တရုတ်ရဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချနေ တာ ရှိတာပေါ့။ အဲ့တော့ ကိုယ် လိုလားတဲ့စနစ်နဲ့ ကိုယ် လိုလားတဲ့တိုင်းပြည် ကာကွယ်ဖို့အတွက် နိုင်ငံကြီးတွေက တော့ ဒီလို လက်နက်ရောင်းချဖို့ ကြိုးစား‌နေတာပဲ။ သူ့ရဲ့ ရုရှား၊ တရုတ်ကို မှီခိုပြီးတော့ စစ်လက်နက် ဝယ်ယူမှု အပေါ်မှာ ဒါက အကြောင်းပြချက် တစ်ခုအနေနဲ့ ထုတ်ဖော်ပြောဆိုလာတာလို့ မြင်ပါတယ်”ဟု CNI သတင်းဌာန သို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင် တွေ့ဆုံစဉ် 

တရုတ်သည် မြန်မာနှင့် ဆက်ဆံရေးတွင် ကင်းကွာစွာ ရပ်တည်လာခြင်းကြောင့် မြန်မာ့တပ်မတော်သည် ရုရှားကို တစ်ဆင့်တိုး၍ ဆက်ဆံရေးမြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်ပေါ်နေကာ နစက၏ အုပ်ချုပ်မှုအပေါ် အမေရိကန် နှင့် ဥရောပ နိုင်ငံများက အသိအမှတ်ပြုရေး မျက်ကွယ်ပြုထားသလို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ကာ ဖိအားပေး လျက်ရှိနေသည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာနိုင်ငံ၊ ကယားပြည်နယ်အတွင်းမှာ ကားများ မီးရှို့ခံထားရ (KNDF)

မြန်မာပြည်တွင်း ရာဇဝတ်မှုအတိုင်းအတာ ယခင်နှစ်ထက် များလာဟု UN ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1729

CNI International News

ဂျနီဗာ၊ စက်တင်ဘာ ၁၃

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ စုံစမ်းစစ်ဆေးနေသော ကုလသမဂ္ဂ (UN) အကြီးအကဲတစ်ဦးက လက်ရှိပြည်တွင်း၌ ဖြစ်ပွားနေသည့် နိုင်ငံတကာစည်းမျဉ်း ချိုးဖောက်သည့် ရာဇဝတ်မှုများ အတိုင်းအတာသည် ပြီးခဲ့သည့်နှစ်ထက် သိသာစွာ ပိုမိုကျယ်ပြန့်လာကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာပြည်တွင်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်သည် ၎င်း၏ထိန်းချုပ်မှု ကို အခိုင်အမာ ကြိုးပမ်းနေခဲ့သည်။

ရခိုင်ပြည်နယ်၊ အနောက်မြောက်ပိုင်းတွင် စစ်တပ်၏ ဖြိုခွင်းမှုကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံအတွက် လွတ်လပ်သည့် စုံစမ်းရေးယန္တရားတစ်ခု (IIMM) ကို UN က ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းပေးခဲ့သည်။

မွတ်ဆလင်ဘာသာဝင် ထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရာ ယခုအခါ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (ICJ) တွင် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ စွဲချက်တင်ခံထားရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသည့် မွတ်ဆလင်ဘာသာဝင်များ (GETTY IMAGES)

IIMM ယန္တရားသည် နိုင်ငံ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံတကာ တရားရုံးများတွင် တရားစွဲရန်အတွက် အထောက်အထားများ စုဆောင်းရန်နှင့် အမှုတွဲများ တည်ဆောက်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

IIMM ၏ အကြီးအကဲ နီကိုလပ်ကွမ်ဂျီယန် (Nicholas Koumjian) သည် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာရယူ ပြီးနောက် ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များသည် ၎င်းတို့ စုံစမ်းစစ်ဆေးမှု၏ အဓိကအာရုံစိုက်မှု ဖြစ်လာကြောင်း UN လူ့အခွင့်အရေးကောင်စီထံသို့ အစီရင်ခံခဲ့သည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် တွန်းလှန်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည့် လူထုဆန္ဒပြမှု ပေါ်ပေါက်ခဲ့ရခြင်းမှာ မြန်မာ့တပ်မတော် အာဏာရယူမှုကြောင့်ဖြစ်ပြီး ထိုအာဏာရယူမှုလုပ်ရပ်သည် တိုင်းပြည် အကျပ်အတည်းထဲသို့ ထိုးကျသွားစေခဲ့သည်။

ဒီမိုကရေစီအရေး တောင်းဆိုကြစဉ် (ဖရွန်းတီးယားမြန်မာ)

လူပေါင်း ၂,၂၇၃ ဦး သေဆုံးခဲ့ပြီး ၁၅,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အခြေအနေ စောင့်ကြည့်နေသည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံမှ သိရသည်။

“အဆိုပါ ဖြစ်ရပ်များသည် သက်ဆိုင်ရာ ရာဇဝတ်မှုများ အတိုင်းအတာ၊ သဘာဝ၊ ကော်မရှင်ပုံစံနှင့် ထိခိုက်နစ်နာ သူများအပေါ် ကျူးလွန်ခဲ့ပုံ ပဏာမ အကဲဖြတ်ချက်အပေါ် အခြေခံ၍ စုံစမ်းစစ်ဆေးရေး ဦးစားပေး လုပ်ဆောင်ခဲ့ ကြောင်း၊ အဆိုပါ ကျူးလွန်ခဲ့မှုများအပေါ် တရားရုံး (သို့မဟုတ်) ခုံရုံးက စီရင်နိုင်ခဲ့သည့် အခွင့်အာဏာရှိကြောင်း” ၂၀၂၂ ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာ့အခြေအနေဆိုင်ရာ IIMM ၏ နောက်ဆုံး ထွက်ရှိထားသော အစီရင်ခံစာထဲတွင် နီကိုလပ်ကွမ်ဂျီယန်က ပြောကြားခဲ့သည်။

IIMM ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် အစောပိုင်း တွေ့ရှိချက်များကို ကိုးကား၍ ဆက်လက် ရေးသားထားရာ “စစ်တပ်က အာဏာသိမ်းပြီးကတည်းက အရပ်သားများအပေါ် ကျယ်ပြန့်စွာ စနစ်တကျ တိုက်ခိုက်မှုများကို အဖွဲ့အစည်း နည်းလမ်းဖြင့် ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်ခဲ့ကြောင်း၊ သံသယရှိသော ရာဇဝတ် ကျူးလွန် မှုများမှာ ပထဝီဝင် နယ်ပယ်နှင့် ရာဇဝတ်မှု သဘောသဘာဝ ကျယ်ပြန့်ကြောင်း” ဖော်ပြထားသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲ ဖြစ်ရေးမဖြစ်ရေးက နိုင်ငံရေးတည်ငြိမ်မှုအပေါ် မူတည်တယ်

By CNI
CNI
Category: Watch TV
Hits: 877

Share
Tweet
Share
Share
powered by social2s
ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ ၆၀၀၀ ပြန်သိမ်းနိုင်ခဲ့ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1758

CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၃

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ယခုလအတွင်း ရုရှားလက်အောက်မှ နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင် (၂,၃၂၀ စတုရန်းမိုင်)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထို့နောက် ၇ လကြာ စစ်ပွဲအတွင်း မော်စကို၏ အဆိုးရွားဆုံး အရေးနိမ့်မှုဖြစ်ကြောင်း ဇာလန်းစကီးက ပြောသည်။

၎င်းက “အခု စက်တင်ဘာလဆန်းမှာ ကျနော့် တပ်ဖွဲ့ဝင်တွေဟာ အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ယူကရိန်း ပိုင်နက် နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင်ကျော် ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ကျနော်တို့တပ်တွေ ပိုပြီး အရှိန်မြှင့် လှုပ်ရှားနေပါတယ်” ဟု စက်တင်ဘာ ၁၂ ရက်၌ ၎င်း၏ ညစဉ်ပုံမှန်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်များသည် စက်တင်ဘာ ၁၂ ရက်တွင် ပိုမိုအားကောင်းလာခဲ့ပြီး အချို့နေရာများတွင် အရှေ့မြောက် နယ်စပ်အထိ ရုရှားတပ်များကို မောင်းထုတ်နိုင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်

မော်စကိုအနေဖြင့် အလျင်စလို ဆုတ်ခွာခဲ့ရသဖြင့် ဖရိုဖရဲဖြစ်ခဲ့ရာ ရုရှားတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိ ကြောင်း ဇာလန်းစကီးက ပြောသည်။

“အရှေ့မြောက်ပိုင်းဒေသတချို့မှာ ကျနော်တို့ဘက်က ခုခံကာကွယ်သူတွေဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ပြည်နယ် တစ်ခု နယ်စပ်အထိ ချီတက်နိုင်ခဲ့ကြတယ်” ဟု ခါကိဗ်ဒေသ အရှေ့မြောက်နယ်မြေ အုပ်ချုပ်ရေးမှူး အိုလက် စိုင်ရယ်ဟူဗော့ (Oleh Synyehubov) က ပြောသည်။

ရုရှားတပ်သားများသည် ၎င်းတို့ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့လာပြီဟူ၍ သိနားလည်မိသဖြင့် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ကြောင်း ယူကရိန်းစစ်ဘက် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ရုရှားစစ်သုံ့ပန်း (POWs) အများအပြား ရှိနေသဖြင့် ၎င်းတို့ကို ထားရှိရင် ယူကရိန်းပြည်တွင်း၌ နေရာလွတ် မရှိတော့ကြောင်း ဇာလန်းစကီး၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားစစ်သုံ့ပန်း ဖြစ်သွားသူ အကျဉ်းသား အရေအတွက် မကန့်သတ်ထားသော်လည်း ၎င်းတို့ကို မော်စကိုက ထိန်းသိမ်းထားသည့် ယူကရိန်းတပ်သားများနှင့် အလဲအလှယ်လုပ်မည်ဟု ဇာလန်းစကီး၏ အကြံပေး အိုဘက် စီအေရီစတိုဗစ်ချ် (Oleksiy Arestovich) က ပြောကြားခဲ့သည်။

ဖမ်းဆီးထားသော ရုရှားတပ်ဖွဲ့ဝင်များထဲတွင် အရာရှိ အဆင့်များလည်း ပါဝင်ကြောင်း ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယူဆော့ဖ်က သတင်းထောက်များကို ဆက်လက် ရှင်းပြခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

အာဖရိကသမဂ္ဂနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အီသီယိုပီးယား၊ တီဂရေးသူပုန်များအသင့်ဖြစ်

By CNI
CNI
Category: Watch TV
Hits: 715

Share
Tweet
Share
Share
powered by social2s

ယူကရိန်းနှင့်ရုရှား ဆွေးနွေးမှု ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေ

By CNI
CNI
Category: Watch TV
Hits: 711

Share
Tweet
Share
Share
powered by social2s

ကိုဗစ်နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပူတင်ကို ရှီကျင့်ဖျင်တွေ့မည်

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

မိုးဗြဲတိုက်ပွဲအတွင်း လူနေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ဟု KNDF ပြော

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

KNDF ပြောပြတဲ့ ကရင်နီစစ်ရေး အခြေအနေ ဘာတွေထူးခြားလဲ

By CNI
CNI
Category: Exclusive Interview
Hits: 1374

Share
Tweet
Share
Share
powered by social2s
ချေချင်းညှာခေါင်းဆောင် ရမ်ဇန်ကက်ဒရော့ဗ် (Reuters)

ယူကရိန်းမှ ဆုတ်ခွာပေးရမှု ပူတင်၏မဟာမိတ် ချေချင်းညှာခေါင်းဆောင် ဝေဖန်

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1724

CNI International News

မော်စကို၊ စက်တင်ဘာ ၁၂

ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်း ခါကိဗ်ဒေသရှိ အရေးပါသော ထောက်ပံ့ရေး အချက်အချာဖြစ်သည့် အိုင်ဇယွန် (Izyum) တပ်စခန်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရုရှားစစ်တပ်၏ စွမ်းဆောင်ရည်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မဟာမိတ်ဖြစ်သူ ချေချင်းညှာခေါင်းဆောင် ရမ်ဇန်ကက်ဒရော့ဗ်က စက်တင်ဘာ ၁၁ ရက်တွင် ဝေဖန်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

၎င်း၏ ၁၁ မိနစ်ကြာ ဝေဖန်ပြောကြားထားသည့် အသံမက်ဆေ့ချ်ကို တယ်လီဂရမ် App ပေါ်သို့ လွှင့်တင်ခဲ့သည်။

“အထူးစစ်ဆင်ရေး လုပ်ဆောင်ချက်မှာ ဒီနေ့ (ဒါမှမဟုတ်) မနက်ဖြန် အပြောင်းအလဲ မလုပ်နိုင်ဘူးဆိုရင် မြေပြင် ပေါ်က ပကတိ အခြေအနေတွေကို တိုင်းပြည်ခေါင်းဆောင် အနေနဲ့ ရှင်းပြဖို့ ကျနော် အတင်းအကျပ် တောင်းဆိုရ လိမ့်မယ်” ဟု ရမ်ဇန်ကက်ဒရော့ဗ်က ပြောကြားခဲ့သည်။

၎င်းသည် ချေချင်းညှာဒေသအတွက် ကရင်မလင်နန်းတော်က ခန့်အပ်ထားသော ခေါင်းဆောင်ဖြစ်သည်။

“ကျနော်က ကာကွယ်ရေးဝန်ကြီးဌာနက လူတွေလို မဟာဗျူဟာချမှတ်တဲ့လူ မဟုတ်ပါဘူး။ ဒါပေမယ့် အမှားတွေ လုပ်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲဗျာ။ ဒီလောက်အနေအထား သူတို့နိဂုံးချုပ်တော့မှာလားလို့ ကျနော် စဉ်းစားကြည့် ပါတယ်” ဟု ၎င်း၏ပြောကြားချက်ကို ကိုးကားလျက် Novaya Gazeta Europe သတင်းစာက ရေးသားဖော်ပြသည်။

ရုရှား သမ္မတ ပူတင်ကို တွေ့ရစဉ် (GETTY IMAGES)

အခြေချနေထိုင်မှုအားလုံး ရုရှားထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာမည်ဟု ယုံကြည်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“အဲဒီလို အခြေအနေတွေအတွက် တိုက်လေယာဉ်တွေ အထူးပြင်ဆင်ထားပါတယ်။ တိုက်လေယာဉ် ၁ သောင်း ကျော်လောက် သူတို့နဲ့ ပူးပေါင်းဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့ဟာ အနီးကပ်ဆုံး အနာဂတ်မှာ အိုဒက်ဆာမြို့နားကို ရောက်လိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အရှေ့မြောက်စစ်မျက်နှာတွင် ယူကရိန်းတွန်းလှန် တိုက်ခိုက်ခြင်းကို တုံ့ပြန်နိုင်စွမ်း နည်းပါးခဲ့သဖြင့် ရုရှားစစ်တပ် ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မေးခွန်းထုတ်စရာ၊ ဝေဖန်စရာ ဖြစ်လာခဲ့သည်။

ယူကရိန်း အရှေ့မြောက်ဘက်၌ မော်စကိုတပ်များကို အတင်းအဓမ္မ ထိုးဖောက်ရန် စေခိုင်းခြင်းခံရပြီး နောက် တစ်ရက်အကြာ ယူကရိန်းစစ်၌ အောင်ပွဲခံရန် ပူတင်အနေဖြင့် ချက်ချင်း အပြောင်းအလဲလုပ်ရန် စက်တင်ဘာ ၁၁ ရက်တွင် ရုရှားအမျိုးသားရေးဝါဒီများက ဒေါသတကြီးဖြင့် တောင်းဆိုခဲ့ကြသည်။

ရုရှားစစ်တပ် နောက်ဆုတ်ခံရသော အခြေအနေပြမြေပုံ(အယ်လ်ဂျာဇီးယား)

ယခုကဲ့သို့ အိုင်ဇယွန်တပ်စခန်းမှ ဆုတ်ခွာပေးခဲ့ရခြင်းသည် ပြီးခဲ့သည့် မတ်လ၌ ကိယက်ဗ်မြို့တော်နားအထိ ချဉ်းကပ်နိုင်ခဲ့သော ရုရှားစစ်တပ်အတွက် အဆိုးရွားဆုံး စစ်ရေးရှုံးနိမ့်မှုတစ်ခုလည်း ဖြစ်လာခဲ့သည်။

စက်တင်ဘာ ၁၀ ရက်တွင် ရုရှားတပ်များက မြို့တစ်မြို့ကို လက်လွှတ်လိုက်ရချိန်တွင် သမ္မတပူတင်သည် မော်စကို ပန်းခြံထဲတွင် ဥရောပ၏အကြီးဆုံး Ferris ချားရဟတ်ဘီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ် ပေးနေခဲ့သည်။

ထိုနေ့ညတွင် ၁၁၄၇ ခုနှစ်ကတည်းက မော်စကိုမြို့တော် တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ကောင်းကင်ယံတွင် အနီရောင်စတုရန်းပုံသဏ္ဌာန် ပုံဖော်ပစ်လွှတ်ခဲ့ကြသည်။

ယူကရိန်းအရှေ့မြောက်ပိုင်းတွင် အရေးနိမ့်ခဲ့ရခြင်းအတွက်တော့ မော်စကိုတွင် တစ်စုံတစ်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။

ထိုဖြစ်စဉ်အပေါ် စစ်လိုလားသည့် ဝေဖန်သုံးသပ်သူအချို့နှင့် ရုရှားအမျိုးသားရေးဝါဒီများက လူမှုကွန်ရက်မီဒီယာ များတွင် သိသိသာသာ ဒေါသထွက်ခဲ့ကြသည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပူတင်နဲ့ရှီကျင့်ဖျင် (GETTY IMAGES)

ကိုဗစ်နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ် အဖြစ် ပူတင်ကို ရှီကျင့်ဖျင်တွေ့မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1728

CNI International News

ဘေဂျင်း၊ စက်တင်ဘာ ၁၂

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အာရှအလယ်ပိုင်းဒေသတွင် တွေ့ဆုံရန်အတွက် ကိုဗစ်ကပ်ရောဂါ နောက်ပိုင်း ၎င်း၏ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ယခုသီတင်းပတ်အတွင်း ထွက်ခွာမည်ဟု ရိုက်တာ သတင်းအရ သိရသည်။

ရှီကျင့်ဖျင်သည် စက်တင်ဘာ ၁၄ ရက်တွင် အာရှအလယ်ပိုင်းရှိ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။

မော်စီတုံးနောက်ပိုင်း အာဏာအရှိဆုံး တရုတ်ခေါင်းဆောင်အဖြစ် ၎င်း၏အခန်းကဏ္ဍကို ခိုင်မာစွာ ရပ်တည်ပြရန် တစ်လအလိုတွင် ယခုကဲ့သို့ ရှီကျင့်ဖျင်၏ ပြည်ပခရီးစဉ် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ရှီသည် တရုတ်နိုင်ငံ၏ အာဏာကို မည်မျှချုပ်ကိုင်ထားကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မျက်မှောက်ကာလ အခြေ အနေအပေါ် မည်မျှယုံကြည်ကြောင်း ပြသလာနိုင်ဖွယ်ရှိသည်ဟု ရိုက်တာက ဆက်လက် ရေးသားထားသည်။

ယူကရိန်းအရေးကြောင့် အနောက်ဘက်ကမ္ဘာတွင် ရုရှားသည် ထိပ်တိုက်ရင်ဆိုင်ရမှု နောက်ခံ အခင်းအကျင်း ရှိနေချိန်၌ ရှီကျင့်ဖျင်သည်လည်း ထိုင်ဝမ်နှင့် ကမ္ဘာ့စီးပွားရေး အလွဲအချော်များ ကြုံတွေ့နေရသည်။

ကာဇက်စတန်နိုင်ငံသမ္မတနဲ့ ရှီကျင့်ဖျင် (GETTY IMAGES)

ယခုခရီးစဉ်အတွင်း ၎င်းသည် ရှေးဟောင်းပိုးလမ်းပေါ်ရှိ ဥဇဘက်ကစ္စတန်နိုင်ငံသို့လည်း ရောက်ရှိမည်ဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရ၍ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံကြမည်ဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံနှင့် ကရင်မလင်သမ္မတ နန်းတော်တို့က အသီးသီး သတင်း ထုတ်ပြန် ထားကြသည်။

အဆိုပါ အစည်းအဝေး၌ ရုရှားသမ္မတအနေဖြင့် ရှီကျင့်ဖျင်ကို တွေ့ဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ရုရှားသမ္မတ၏ နိုင်ငံခြားရေးမူဝါဒ လက်ထောက်တာဝန်ခံက သတင်းထောက်များကို အသိပေးခဲ့သည်။ သို့သော် ဆွေးနွေးမည့် အကြောင်းအရာ အသေးစိတ်ကိုတော့ ကရင်မလင်သမ္မတနန်းတော်က ထုတ်ဖော်မပြောပေ။

အလားတူ ရှီကျင့်ဖျင်၏ ခရီးစဉ် အသေးစိတ်ကိုလည်း တရုတ်နိုင်ငံဘက်မှ အတည်မပြုသေးပေ။

အဆိုပါ ထိပ်သီးအစည်းအဝေး၌ ပူတင်အနေဖြင့် ရုရှား၏အာရှသို့ အလားအလာကို ရှီကျင့်ဖျင်ထံသို့ ချပြနိုင် မည်ဖြစ်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးက ရုရှားကို အထီးကျန်ဆန်၍ အပြစ်ပေးလိုသည့် အမေရိကန်အပေါ် ကိုယ်စီ ကန့်ကွက်ကြောင်း ထုတ်ဖော်နိုင်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်၌ ရုရှားသည် ယူကရိန်းနိုင်ငံ၊ အရှေ့မြောက်ပိုင်း၌ ၎င်း၏အမာခံ တပ်စခန်းကို စွန့်ခွာ ကျောခိုင်းခဲ့ရသည်။

တရုတ် တိုးတက်ကြီးပွားလာခြင်းနှင့် ရုရှား၏ သဘာဝသယံဇာတများအကြား အကန့်အသတ်မရှိ မိတ်ဖက်ဖွဲ့ ခြင်းသည် မကြာသေးမီ နှစ်များအတွင်း အကောင်းဆုံးသော ပထဝီဝင်နိုင်ငံရေး ဖြစ်ပေါ်မှုများထဲမှ တစ်ခု ဖြစ် ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
KNDF၊ စစ်တပ်၊ နေအိမ်မီးလောင်၊ ကရင်နီတိုက်ပွဲရှောင် တို့ကိုတွေ့ရစဉ်

မိုးဗြဲတိုက်ပွဲအတွင်း လူနေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ဟု KNDF ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1439

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ကယား (ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ လူနေအိမ် ၁၀၀ ဝန်းကျင် ပျက်စီးခဲ့ကြောင်း KNDF မှ တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ယနေ့ (စက်တင်ဘာ ၁၂ ရက်)အထိ နှစ် ဖက် စစ်ရေးတင်းမာနေကြောင်း၊ စာရင်းအတိအကျ မကောက်ရသေးကြောင်း ၎င်းက ပြောသည်။

KNDF မှ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်က ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ဒီနေအိမ် ပျက်စီးမှု ပေါ့နော်၊ နေအိမ်ပျက်စီးမှုကို ကျနော်တို့ KNDF အနေနဲ့က အတိအကျကြီးတော့ အတည်မပြုနိုင်သေးဘူးပေါ့နော်၊ ကျနော်တို့ မရေတွက်ရသေးဘူးပေါ့နော်၊ data မကောက်ရသေးဘူးပေါ့။ မလုပ်ရသေးဘူး။ ဒါပေမဲ့ ၁၀၀ နဲ့ ၇၀ ဝန်းကျင်မှာတော့ ရှိမယ်ထင်တယ်။ အိမ်ပျက်စီးသွားတာ တော်တော်များတယ်။  အိမ်ပျက်သွားတာ တော်တော် များတယ် အထက်မှာပဲ ရှိတယ်ကျနော်တို့ အဲလောက်အထိ ရှိတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုက်ပွဲကြောင့် မိုးဗြဲဒေသက နေအိမ်မီးလောင်ထားသည်ကိုတွေ့ရစဉ်

အဆိုပါ မိုးဗြဲတိုက်ပွဲတွင် တပ်မတော်ဘက်မှ လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်ခဲ့သည့် ၄ ရက်အတွင်း တပ်မ‌တော်ဘက်မှ ၅၀ ကျော်ကျဆုံးပြီး KNDF ဘက်မှ ၂ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရှိမှုများရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့် ကိစ္စ၊ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ နစက ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့ပေါ်ရပ်ကွက် ၃ ခုမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

KNDF တပ်ဖွဲ့ကိုတွေ့ရစဉ်

၎င်းက “ခုန ကျနော်တို့ တိုက်ပွဲ ဖြစ်တဲ့ နေရာပေါ့နော်၊ ရပ်ကွက် ၃ ရပ်ကွက်ပေါ့နော်၊ အဲဒီရပ်ကွက်ဆိုလို့ရှိရင် အကုန်လုံး ရှောင်နေရတယ်ပေါ့နော်၊ ဒေသခံတွေ အကုန်လုံး စစ်ရှောင်နေရတယ်၊ ပြီးရင် ရပ်ကွက်နဲ့ နည်းနည်း ဝေးတဲ့‌နေရာပေါ့ဗျာ၊ မြို့ထဲမှာတော့ မြို့ထဲမှာပဲ တချို့ကြတော့လည်း စစ်မရှောင်သေးဘူးပေါ့နော်၊ မြို့ထဲမှာပဲ ကိုယ့်အိမ်မှာ ရှိနေတဲ့ လူတွေလည်း ရှိကြတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲဖြစ်တဲ့ အနီးတစ်ဝိုက်က ရပ်ကွက်တွေ ရပ်ကွက်မှာ ရှိတဲ့သူတွေက တော်တော်များများ စစ်ရှောင်နေရတယ်ပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာယူပြီးနောက်ပိုင်း ကယား (ကရင်နီ) ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီ တပ်မတော် (KA)၊ မိုးဗြဲ (PDF)၊ ဖယ်ခုံ(PDF)၊ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများကြောင့် ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲရှောင် လူဦးရေ ၁၆၃,၆၀၀ ရှိပြီး နေအိမ် ပျက်စီးမီးလောင်မှု ၄၃၆ လုံးထက်မနည်း ရှိနေကြောင်း ISP – Myanmar ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် (Tass)

ယူကရိန်းနှင့်ရုရှား ဆွေးနွေးမှု ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1476

CNI International News

မော်စကို၊ စက်တင်ဘာ ၁၂

ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးမှုများကို ရုရှားပယ်ချခြင်း မပြုသော်လည်း ကိယက်ဗ်အစိုးရနှင့် မော်စကိုတို့ သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးမှာ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေလိမ့်ဦးမည် ဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ရော့စီယာဝမ်း (Rossiya-1) ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် ဒူးမားလွှတ်တော် အဖွဲ့ခွဲ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုအစိုးရ၏ သဘောထားကို အထက်ပါအတိုင်း ချပြခဲ့ကြောင်း လာဗရော့ဗ်က မှတ်ချက်ပေးခဲ့သည်ဟု တာ့စ်သတင်းဌာနက ဆက်လက်ဖော်ပြသည်။

“အဲဒီတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့သူတွေကို ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးမှုကို သူ့အနေနဲ့ ပယ်ချနေတာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို အချိန်ကြာကြာ ရွှေ့ဆိုင်းထားတဲ့သူတွေက ကျနော်တို့ နဲ့ ညှိနှိုင်းဖို့ ပိုခက်လာမယ်ဆိုတာ နားလည်ထားသင့်ပါတယ်”ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (GETTY IMAGES)

ယူကရိန်းဘက်မှ အနိုင်ရပြီးမှသာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု ကိယက်ဗ်အာဏာပိုင်များက ပြောကြား ထားကြောင်း လာဗရော့ဗ်၏ အဆိုအရ သိရသည်။

“ယူကရိန်းမြေပေါ်က ရုရှား ထွက်သွားဖို့ သူတို့ပြင်ဆင်ပြီးပြီလို့ ပြောတယ်ဗျ။ သူတို့ဘက်က အခြေအနေတွေက ကျနော်တို့သွားရမယ့် လုပ်ငန်းစဉ်ကို ချမှတ်ပေးတာပဲလေ” ဟု ၎င်းက ဖြည့်စွက်ရှင်းပြခဲ့သည်။

ယခုအခါ ယူကရိန်းအစိုးရဘက်ကို ဗြိတိန်၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့က တက်ကြွစွာ ပံ့ပိုးပေးနေသည်။

“အဲဒီအခြေအနေတွေကို သူတို့ရွေးချယ်တယ်ဆိုရင် အထူးစစ်ဆင်ရေးရဲ့ တစိတ်တပိုင်း အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ဦးတည်ထားတဲ့ ပန်းတိုင်တွေကို ဘယ်လိုအောင်မြင်လာမလဲဆိုတာ သူတို့တွေ့လာရလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ် (Reuters)

အာဖရိကသမဂ္ဂနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အီသီယိုပီးယား၊ တီဂရေးသူပုန်များအသင့်ဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1435

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

အီသီယိုးပီးယားနိုင်ငံရှိ တီဂရေးဒေသမှ သူပုန်များသည် အာဖရိကသမဂ္ဂ (AU) ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

နှစ်နှစ်ကြာ တိုက်ပွဲများ အဆုံးသတ်ဖို့ အစိုးရနှင့်စေ့စပ် ညှိနှိုင်းရေး အလားအလာအတွက် အတားအဆီးတစ်ခုကို ၎င်းတို့က ဖယ်ရှားလိုက်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

နိုင်ငံမြောက်ပိုင်းရှိ တီဂရေးဒေသကို ထိန်းချုပ်ထားသော TPLF လက်နက်ကိုင်အဖွဲ့က AU ၏ ပံ့ပိုးကူညီမှုအောက် တွင် ခိုင်မာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ပြင်ဆင်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ထို့ပြင် မိမိတို့အနေဖြင့် အပြုသဘောဆောင်သော အခင်းအကျင်း ဖန်တီးရန်အတွက် ရန်လိုမှုများ ချက်ချင်း ရပ်တန့်ပြီး နှစ်ဘက် သဘောတူညီချက် လိုက်နာသွားဖို့ အဆင်သင့်ရှိသည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြ ထားသည်။

TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ်နဲ့ အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေး (GETTY IMAGES)

အဒစ်ဘာဘာမြို့တော်တွင် ရုံးချုပ်ထားရှိသော AU သည် မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုမဆို ကြားဝင် ဆောင်ရွက်ပေးပါမည်ဟု ကာလအတန်ကြာအောင် အခိုင်အမာ ပြောကြားနေခဲ့သော်လည်း အီသီယိုးပီးယား အစိုးရက သဘောထားမှတ်ချက် လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။
သို့သော် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သည် အာဖရိကသမဂ္ဂ (AU) ဆိုင်ရာ အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (Olusegun Obasanjo) ၏ အခန်းကဏ္ဍကို ယခုအချိန်အထိ ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေဆဲဖြစ်သည်။

အဆိုပါ သံတမန်အနေဖြင့် အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေးနားတွင် ရှိနေခြင်းကို TPLF က မကျေမနပ်ဖြင့် ကန့်ကွက်နေခဲ့သည်။

အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (GETTY IMAGES)

ယခုလ အစောပိုင်း TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ် (Debretsion Gebremichael) သည် ၎င်းတို့ ထိန်းချုပ်နယ်မြေသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အတားအဆီးမဲ့စွာ ဝင်ရောက်ခွင့်၊ စစ်ဘေး သင့် တီဂရေးဒေသအတွက် မရှိမဖြစ်ဝန်ဆောင်မှု ပြန်လည်ထူထောင်ရေး အပါအဝင် အခြေအနေ ၄ ရပ်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုကမ်းလှမ်းခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ TPLF ပေးပို့သော စာတစ်စောင်တွင် “အီသီယိုးပီးယား နိုင်ငံ တဝန်း အီရစ်စ်ထရီးယန်း (Eritrean) တပ်ဖွဲ့များ ဆုတ်ခွာပေးရန်နှင့် အငြင်းပွားနယ်မြေ အစိတ်အပိုင်းများ ဖြစ်သည့် တီဂရာယန်နှင့် အမ်ဟာရက်တို့မှ အနောက်တီဂရေးတပ်ဖွဲ့များ ဆုတ်ခွာပေးရန်” တို့ တောင်းဆိုထားခဲ့ သည်။

အမ်ဟာရက်သည် နိုင်ငံ၏ဒုတိယအကြီးဆုံး လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)

မိုးဗြဲတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော် ပျက်စီး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1794

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်စပ်က မိုးဗြဲမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်နီ လက်နက်ကိုင်များ (ပူးပေါင်းအဖွဲ့)ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် နေအိမ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးဗြဲမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၈ ရက်နေ့ကနေ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ (စက်တင်ဘာ ၁၂ ရက် နေ့)အထိဆိုလျှင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့သည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)

PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက “ ယမန်နေ့ည (စက်တင်ဘာ ၁၁ ရက်နေ့) တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း ၁၊ ၂၊ ၃ ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက် မနည်း ပျက်စီးနေပြီ”ဟု စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယနေ့ (စက်တင်ဘာ ၁၂ ရက်) ၅ ရက်မြောက်တွင်လည်း တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် မိုးဗြဲ၊ ဖယ်ခုံလမ်း အသွားအလာ မပြုလုပ်ရန် ကရင်နီအဖွဲ့များက ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69

Page 65 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar