CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် (Tass)

ယူကရိန်းနှင့်ရုရှား ဆွေးနွေးမှု ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1235

CNI International News

မော်စကို၊ စက်တင်ဘာ ၁၂

ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးမှုများကို ရုရှားပယ်ချခြင်း မပြုသော်လည်း ကိယက်ဗ်အစိုးရနှင့် မော်စကိုတို့ သဘောတူညီချက်တစ်ရပ် ရရှိနိုင်ရေးမှာ ရှုပ်ထွေးသော လုပ်ငန်းစဉ်များကြောင့် ကြန့်ကြာနေလိမ့်ဦးမည် ဖြစ် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ရော့စီယာဝမ်း (Rossiya-1) ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်အဆင့် ဒူးမားလွှတ်တော် အဖွဲ့ခွဲ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုအစိုးရ၏ သဘောထားကို အထက်ပါအတိုင်း ချပြခဲ့ကြောင်း လာဗရော့ဗ်က မှတ်ချက်ပေးခဲ့သည်ဟု တာ့စ်သတင်းဌာနက ဆက်လက်ဖော်ပြသည်။

“အဲဒီတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့သူတွေကို ယူကရိန်းနဲ့ စေ့စပ်ဆွေးနွေးမှုကို သူ့အနေနဲ့ ပယ်ချနေတာ မဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကို အချိန်ကြာကြာ ရွှေ့ဆိုင်းထားတဲ့သူတွေက ကျနော်တို့ နဲ့ ညှိနှိုင်းဖို့ ပိုခက်လာမယ်ဆိုတာ နားလည်ထားသင့်ပါတယ်”ဟု လာဗရော့ဗ်က ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (GETTY IMAGES)

ယူကရိန်းဘက်မှ အနိုင်ရပြီးမှသာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မည်ဟု ကိယက်ဗ်အာဏာပိုင်များက ပြောကြား ထားကြောင်း လာဗရော့ဗ်၏ အဆိုအရ သိရသည်။

“ယူကရိန်းမြေပေါ်က ရုရှား ထွက်သွားဖို့ သူတို့ပြင်ဆင်ပြီးပြီလို့ ပြောတယ်ဗျ။ သူတို့ဘက်က အခြေအနေတွေက ကျနော်တို့သွားရမယ့် လုပ်ငန်းစဉ်ကို ချမှတ်ပေးတာပဲလေ” ဟု ၎င်းက ဖြည့်စွက်ရှင်းပြခဲ့သည်။

ယခုအခါ ယူကရိန်းအစိုးရဘက်ကို ဗြိတိန်၊ အမေရိကန်နှင့် ဘယ်လ်ဂျီယံတို့က တက်ကြွစွာ ပံ့ပိုးပေးနေသည်။

“အဲဒီအခြေအနေတွေကို သူတို့ရွေးချယ်တယ်ဆိုရင် အထူးစစ်ဆင်ရေးရဲ့ တစိတ်တပိုင်း အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် ဦးတည်ထားတဲ့ ပန်းတိုင်တွေကို ဘယ်လိုအောင်မြင်လာမလဲဆိုတာ သူတို့တွေ့လာရလိမ့်မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: တာ့စ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ် (Reuters)

အာဖရိကသမဂ္ဂနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အီသီယိုပီးယား၊ တီဂရေးသူပုန်များအသင့်ဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1254

CNI International News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

အီသီယိုးပီးယားနိုင်ငံရှိ တီဂရေးဒေသမှ သူပုန်များသည် အာဖရိကသမဂ္ဂ (AU) ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

နှစ်နှစ်ကြာ တိုက်ပွဲများ အဆုံးသတ်ဖို့ အစိုးရနှင့်စေ့စပ် ညှိနှိုင်းရေး အလားအလာအတွက် အတားအဆီးတစ်ခုကို ၎င်းတို့က ဖယ်ရှားလိုက်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက် ရေးသားထားသည်။

နိုင်ငံမြောက်ပိုင်းရှိ တီဂရေးဒေသကို ထိန်းချုပ်ထားသော TPLF လက်နက်ကိုင်အဖွဲ့က AU ၏ ပံ့ပိုးကူညီမှုအောက် တွင် ခိုင်မာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် ပြင်ဆင်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ထို့ပြင် မိမိတို့အနေဖြင့် အပြုသဘောဆောင်သော အခင်းအကျင်း ဖန်တီးရန်အတွက် ရန်လိုမှုများ ချက်ချင်း ရပ်တန့်ပြီး နှစ်ဘက် သဘောတူညီချက် လိုက်နာသွားဖို့ အဆင်သင့်ရှိသည်” ဟု ၎င်းကြေညာချက်တွင် ဖော်ပြ ထားသည်။

TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ်နဲ့ အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေး (GETTY IMAGES)

အဒစ်ဘာဘာမြို့တော်တွင် ရုံးချုပ်ထားရှိသော AU သည် မည်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုမဆို ကြားဝင် ဆောင်ရွက်ပေးပါမည်ဟု ကာလအတန်ကြာအောင် အခိုင်အမာ ပြောကြားနေခဲ့သော်လည်း အီသီယိုးပီးယား အစိုးရက သဘောထားမှတ်ချက် လတ်တလော တုံ့ပြန်ခြင်း မရှိသေးပေ။
သို့သော် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) သည် အာဖရိကသမဂ္ဂ (AU) ဆိုင်ရာ အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (Olusegun Obasanjo) ၏ အခန်းကဏ္ဍကို ယခုအချိန်အထိ ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေဆဲဖြစ်သည်။

အဆိုပါ သံတမန်အနေဖြင့် အီသီယိုးပီးယားဝန်ကြီးချုပ် အေဘီအာမက်ဘေးနားတွင် ရှိနေခြင်းကို TPLF က မကျေမနပ်ဖြင့် ကန့်ကွက်နေခဲ့သည်။

အီသီယိုးပီးယား အထူးသံတမန် အိုလူစီဂန်းအိုဘာဆန်ဂျို (GETTY IMAGES)

ယခုလ အစောပိုင်း TPLF ခေါင်းဆောင် ဒီဘရက်ရှင်ဂျီဘရီမိုက်ကယ် (Debretsion Gebremichael) သည် ၎င်းတို့ ထိန်းချုပ်နယ်မြေသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများ အတားအဆီးမဲ့စွာ ဝင်ရောက်ခွင့်၊ စစ်ဘေး သင့် တီဂရေးဒေသအတွက် မရှိမဖြစ်ဝန်ဆောင်မှု ပြန်လည်ထူထောင်ရေး အပါအဝင် အခြေအနေ ၄ ရပ်ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးကို အဆိုပြုကမ်းလှမ်းခဲ့သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ TPLF ပေးပို့သော စာတစ်စောင်တွင် “အီသီယိုးပီးယား နိုင်ငံ တဝန်း အီရစ်စ်ထရီးယန်း (Eritrean) တပ်ဖွဲ့များ ဆုတ်ခွာပေးရန်နှင့် အငြင်းပွားနယ်မြေ အစိတ်အပိုင်းများ ဖြစ်သည့် တီဂရာယန်နှင့် အမ်ဟာရက်တို့မှ အနောက်တီဂရေးတပ်ဖွဲ့များ ဆုတ်ခွာပေးရန်” တို့ တောင်းဆိုထားခဲ့ သည်။

အမ်ဟာရက်သည် နိုင်ငံ၏ဒုတိယအကြီးဆုံး လူမျိုးစုများ နေထိုင်ရာ ဒေသဖြစ်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)

မိုးဗြဲတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော် ပျက်စီး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1481

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်စပ်က မိုးဗြဲမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်နီ လက်နက်ကိုင်များ (ပူးပေါင်းအဖွဲ့)ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် နေအိမ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးဗြဲမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၈ ရက်နေ့ကနေ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ (စက်တင်ဘာ ၁၂ ရက် နေ့)အထိဆိုလျှင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့သည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)

PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက “ ယမန်နေ့ည (စက်တင်ဘာ ၁၁ ရက်နေ့) တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း ၁၊ ၂၊ ၃ ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက် မနည်း ပျက်စီးနေပြီ”ဟု စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယနေ့ (စက်တင်ဘာ ၁၂ ရက်) ၅ ရက်မြောက်တွင်လည်း တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် မိုးဗြဲ၊ ဖယ်ခုံလမ်း အသွားအလာ မပြုလုပ်ရန် ကရင်နီအဖွဲ့များက ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နျူကလီးယားထိပ်သီးကို သယ်ဆောင်လာစဉ် (GETTY IMAGES)

နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ တောင်ကိုရီးယား ရှောင်လွှဲလို့ မရတော့ဘူးလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1703

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျောင်က “တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ ထံမှ နျူကလီးယား ကင်းစင်ရေးနှင့် စီးပွားရေး လဲလှယ်ကြရန် ကမ်းလှမ်းမှုသည် ကလေးဆန်လှကြောင်း” ပြီးခဲ့သည့်လ၌ တစ်တစ်ခွခွ ဝေဖန်၍ တုံ့ပြန်ခဲ့သည်။

ယွန်၏ ကမ်းလှမ်းမှုသည် အဓိပ္ပာယ်မဲ့လှသည်ဟု သူမက ဒဲ့ဒိုး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား အစိုးရ ပိုင် KCNA သတင်းဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် “မိမိတို့၏ ဂုဏ်ကျက်သရေအတွက် နျူကလီးယားနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု လဲလှယ်ရန် အစီအစဉ်သည် အိပ်မက်ဟု ယူဆကြောင်း၊ ယွန်၏ မျှော်လင့်ချက် နှင့် အစီအစဥ်သည် စင်စစ် ရိုးရှင်းလွန်း၍ ကလေးဆန်နေသေးကြောင်း” ပြောကြားခဲ့သည်။

“ပြောင်းဖူးကိတ်လေး စားရဖို့ ကိုယ့်ကံကြမ္မာကို ဘယ်သူမှ လဲမှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။

ယခုသီတင်းပတ်တွင် မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား အခြေအနေကို ပြောင်းပြန်လှန်၍ မရအောင် ဥပဒေတစ်ရပ် အခိုင်အမာ အတည်ပြုခဲ့သည်။

နှစ်ပေါင်း ၁၀၀ ဒဏ်ခတ် ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရလျှင်ပင် လက်နက်များကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန်လအထိ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း စံချိန်တင်အောင် ပဲ့ထိန်းဒုံးကျည် ၃၁ စင်းအထိ စမ်းသပ် ပစ်လွှတ်ပြခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမ ကင်မ်ယိုဂျောင် (AFP)

၎င်း၏ ဖောင်ဂျီးရီ (Punggye-ri) နျူကလီးယားလက်နက် စမ်းသပ်သည့် နေရာတွင် အဏုမြူထုတ်လုပ်ရေး ပြန်လည် အသက်သွင်းနေသည့် ဂြိုဟ်တုဓာတ်ပုံများ ပြီးခဲ့သည့် မတ်လတွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၃ လအကြာတွင် မြောက်ကိုရီးယားသည် ၎င်း၏သတ္တမမြောက် အကြီးစား နျူကလီးယားစမ်းသပ်မှုကို “အချိန်မရွေး” ပြုလုပ်နိုင်သည်ဟု အမေရိကန်က သတိကြီးကြီးဖြင့် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဆိုးလ်နှင့် ဝါရှင်တန်တို့သည် ကာလအတန်ကြာအောင် ဆိုင်းငံ့ထားခဲ့သည့် ၎င်းတို့၏ တိုက်ရိုက် စစ်ရေး လေ့ကျင့်ရေးမှုကို တဖန်စတင်ခဲ့သည်။ Ulchi Freedom Shield အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှု အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဆိုးလ်နှင့် ဝါရှင်တန်တို့က ပဏာမ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြသည်။

ယခင်ဩဂုတ်လတွင် တောင်ကိုရီးယားသည် ခရုဇ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ဝါဆီသို့ ပစ်ခတ်ပြခဲ့သည်။ တရုတ် နှင့် ရုရှားတို့သည် မြောက်ကိုရီးယားနှင့် လက်ဝါးရိုက်၍ တောင်ကိုရီးယား၏ တံခါးပေါက်တွင် နျူကလီးယား လက်နက်ပိုင်သူ အုပ်စု ၃ ခုအဖြစ် သုံးပွင့်ဆိုင် ဝိုင်းရံထားခဲ့သည်။

အမေရိကန်နဲ့ မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေး(GETTY IMAGES)

ထိုသို့သော အိမ်နီးချင်းများနှင့် နျူကလီးယား စစ်ပွဲများ၏ ခြိမ်းခြောက်မှု ပိုများလာခြင်းတို့ကြောင့် ဉာဏ်ရည်တု (AI) နည်းပညာအင်ဂျင်နီယာ ရှင်ချန်ဂျိုအနေဖြင့် မိမိတို့နိုင်ငံတွင်လည်း နျူလက်နက်များ ရှိသင့်သည်ဟု ယုံကြည် လာခဲ့သည်။

“တကယ်လို့ တောင်ကိုရီးယားက နျူကလီးယားလက်နက် ပိုင်ဆိုင်ထားရင် မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ သံတမန်ရေး ဦးတည်ချက်တွေ ကျိန်းသေ လိုက်ပြောင်းလဲလိမ့်မယ်” ဟု ရှင်ချန်ဂျိုက Channel News Asia မီဒီယာ၏ Insight ကဏ္ဍသို့ ပြောကြားခဲ့သည်။

AI နည်းပညာရှင် ရှင်ချန်ဂျိုက တောင်ကိုရီးယားအနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းဖြင့် မြောက် ကိုရီးယား၏ အဓိက အားသာချက်ကို ဖယ်ရှားပစ်ရုံသာမက သမားရိုးကျ လက်နက်များနှင့် ပတ်သက် လာလျှင် ခရီးပိုရောက်သွားမည်ဟု သုံးသပ်ပြောကြားခဲ့သည်။

“ဒါကြောင့် အဲဒီလို ပိုင်ဆိုင်သွားမယ်ဆိုရင် မြောက်ကိုရီးယားက အခုထက် လက်နက်ကိုင် ပဋိပက္ခတွေကို ပိုသတိ ထားမယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထိုအရေးကိစ္စမှာ တောင်ကိုးရီးယားနိုင်ငံသား အများစုနှင့် သက်ဆိုင်ကြောင်း၊ ယခုနှစ် အစောပိုင်းက ကမ္ဘာလုံး ဆိုင်ရာ ချီကာဂိုကောင်စီမှ ထုတ်ဝေသည့် စစ်တမ်းတစ်ခုအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်တမ်းကောက်ယူခဲ့မှုတွင် တောင်ကိုရီးယား၌ အရွယ်ရောက်ပြီးသူ ၁,၅၀၀ ၏ သဘော ထားကို ဆန်းစစ်ကြည့်ရာ ၎င်းတို့ထဲမှ ၇၁ ရာခိုင်နှုန်းက တောင်ကိုရီးယား၏ ကိုယ်ပိုင် နျူကလီးယားလက်နက် များ တီထွင်ထုတ်လုပ်ရေးကို လိုလားကြသည်။

၅၆ ရာခိုင်နှုန်းကတော့ တောင်ကိုရီးယားတွင် အမေရိကန်၏ နျူကလီးယား လက်နက်များ ဖြန့်ကြက်မှုကို ထောက်ခံခဲ့ကြသည်။ ယင်းစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများ၏ ၉ ရာခိုင်နှုန်းသည် အမေရိကန် တပ်ဖြန့်မှုထက် လွတ်လပ်သော လက်နက်ပိုင်ဆိုင်မှုကို လိုလားကြသူပေါင်း ၆၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။

 မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲ

ယခုရက်ပိုင်း ထွက်ပေါ်လာသော မြောက်ကိုရီးယား၏ ဥပဒေသစ်တွင် နျူကလီယားလက်နက် အသုံးပြုရေးကိစ္စ ကို တိုက်ခိုက်မှု အပါအဝင် ကြိုတင်ကာကွယ်သည့် အနေဖြင့် အကြမ်းဖျင်းသာ ရေးဆွဲထားသည်။

နျူလက်နက်စွန့်လျှင် စီးပွားရေး အကူအညီပေးမည်ဟု ကမ်းလှမ်းလာသော တောင်ကိုရီးယားသမ္မတကို 'ပါးစပ် ပိတ်ထား'ရန် မြောက်ကိုရီးယားက ခပ်ပြတ်ပြတ် ပြောခဲ့သည်။

မြောက်ကိုရီးယားရေးရာ အထူးလေ့လာမှုတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က မြောက် ကိုရီးယား၏ မကြာသေးမီက စမ်းသပ်မှုများသည် သံတမန်ရေးရာ သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး ရည်ရွယ်ချက် သီးသန့်သာ မဟုတ်ကြောင်း ယုံကြည်ထားသည်။

“အဲဒီလို မြင်မယ့်အစား သူတို့ရဲ့ နည်းပညာကို ပိုကောင်းလာအောင် ဒီထက် လက်တွေ့ကျတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပုံရတယ်” ဟု ၎င်းက သုံးသပ်သည်။

မြောက်ကိုရီးယားသည် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပြိုင်နက် သယ်ဆောင်ပစ်လွှတ်နိုင်သည့် ဒုံးကျည် ထိပ်ဖူးများကို တီထွင်နေပုံရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“သူတို့ရဲ့နည်းပညာကို ပိုကောင်းအောင် လုပ်နေတာဟာ သူ့ပြည်တွင်းရေး စည်းလုံးညီညွတ်စေပြီး နိုင်ငံရဲ့ လုံခြုံ ရေးအတွက် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျှော့ပေးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၈ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲများအပြီးတွင် ပြုံယမ်းအစိုးရသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ မျှော်လင့်ချက်များကို ဘေးချိတ်ထားလိုက်ပြီဟု လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က ရှုမြင်ထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ နျူကလီးယားထိပ်ဖူး(GETTY IMAGES)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ ဒုတိယအကြိမ် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး အစည်းအဝေးမှာ မြောက် ကိုရီးယား ခေါင်းဆောင်က ၎င်း၏ ယောင်ဗြွန်း (Yongbyon) နျူကလီးယားသုတေသနနှင့် ထုတ်လုပ်ရေးစက်ရုံကို ဖျက်သိမ်းဖို့ အမေရိကန်၏ ကမ်းလှမ်းချက်အား သူ့နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုတ်သိမ်းပေးခြင်း ဖြင့် အပြန်အလှန် အပေးအယူ ဆွေးနွေးခဲ့သည်။

“ အမေရိကန်နဲ့ ဆွေးနွေးကြည့်တော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ စင်ကာပူကနေ ဟနွိုင်းအထိ နှစ်ကြိမ် လုံး လက်ဗလာနဲ့ ပြန်လာခဲ့တယ်။ လိုက်လျောမိရင် သူ့အတွက် ပြင်းပြင်းထန်ထန် ထိခိုက်စေမယ်လို့ ကျနော် လည်း လက်ခံတယ်။ သူ့စဉ်းစားချက်က အခြေခံအားဖြင့် “မင်း ... ငါ့ကို တစ်ကြိမ် လှည့်စားပြီပြီး။ နောက်တစ်ခါ ဒုတိယကြိမ် ထပ်အလိမ်မခံနိုင်ဘူး” လို့ ဆိုတဲ့သဘော” ဟု လက်ထောက်ပါမောက္ခ ကင်မ်ဒေါင်ယက်က ရှင်းပြခဲ့ သည်။

မည်သို့ပင်ဆိုစေ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု ကြီးထွားလာနေသော်လည်း ၎င်း၏ အစိုးရသည် ကိုယ်ပိုင် နျူကလီးယား အဟန့်အတားကို လုပ်ဆောင်ရန် အစီအစဉ် မရှိကြောင်း တောင်ကိုရီးယား သမ္မတယွန်က ပြီးခဲ့သည့် လတွင် ပြောကြားခဲ့သည်။

သို့သော်လည်း သူသည် စစ်တပ်၏ စစ်ဆင်ရေး အစီအစဉ်များကို အဆင့်မြှင့်တင်ရန် အမိန့်ပေးထားသည်။ အကယ်၍ မြောက်ကိုရီးယား၏ ဒုံးကျည်များ တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် တောင်ကိုရီးယား၏ လက်နက်ရေးရာ အယူအဆသည် အသင့်ပြင်ပြီးသားဟု ပြောလျှင် ရသည်။

ယခုရက်ပိုင်း မြောက်ကိုရီးယား၏ ဥပဒေသစ်တွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခန်းကဏ္ဍ၌ တစ်ခုခု အခြေ အနေကြောင့် နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ခြင်း (သို့မဟုတ်) ၎င်း၏ ခေါင်းဆောင်ပိုင်း အပါအဝင် နိုင်ငံ၏ "ဗျူဟာမြောက်ပစ်မှတ်များ" ကို တွေ့ရှိပါက ကြိုတင်ကာကွယ်မှု အနေဖြင့် နျူကလီးယား တိုက်ခိုက်မှုကို တရားဝင် ခွင့်ပြုထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ထိုပြဋ္ဌာန်းချက်သည် ရန်လိုသော နျူကလီးယားနိုင်ငံမှ ကျူးကျော်ဝင်ရောက်မှုကို မြောက်ကိုရီးယားအနေဖြင့် တွန်းလှန်ရန် သို့မဟုတ် တိုက်ခိုက်ရန် နျူကလီးယားလက်နက် အသုံးပြုခွင့်ရှိနေပြီ ဖြစ်ပါသတည်း။

Source: Channel News Asia

 

(Channel News Asia ဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင်များဖြစ်ကြသည့် Neo Chai Chin  နှင့် Nicholas Deroose တို့ ၏ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်) 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒီပဲယင်းမြို့တွင်းရှိ တိုက်ပွဲရှောင်စခန်းများတွင် စားနပ်ရိက္ခာများ လိုအပ်နေ

By CNI
CNI
Category: Watch TV
Hits: 555

Share
Tweet
Share
Share
powered by social2s

အမျိုးသားအစောင့်တပ်ကို စစ်တပ်သို့လွှဲရန် မက္ကစီကိုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်

By CNI
CNI
Category: Watch TV
Hits: 593

Share
Tweet
Share
Share
powered by social2s

ထိုင်ဝမ်အရေးဖြင့် အကျပ်ကိုင်မှု အမေရိကန် မအောင်မြင်ဟု တရုတ်ပြော

By CNI
CNI
Category: Watch TV
Hits: 609

Share
Tweet
Share
Share
powered by social2s

ရှီ၏အာဏာ မြှင့်တင်ရန် ခြေ/ဥပြင်ဆင်မည်ဟု ကွန်မြူနစ်ပါတီကြေညာ

By CNI
CNI
Category: Watch TV
Hits: 622

Share
Tweet
Share
Share
powered by social2s

စစ်တပ်ကို တိုက်နေသည့် အဖွဲ့တူဖြစ်၍ AA နှင့် CDF အကြား ပြဿနာမရှိဟု ပြော

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s

ရှမ်းနီဆရာတော်အား သတ်ဖြတ်သူကို NUG နှင့် KIA က အရေးယူပေးရန် TNDP ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1340

 

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ နောင်ပတ်ကျေးရွာ၏ ဦးဆောင်သံဃာတော် ရှမ်းနီဆရာတော် ဦးဂန္ဓမာကို KIA၊ PDF ပူးပေါင်းအဖွဲ့မှ စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်း အား NUG နှင့် KIA က အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေးအရေးယူပေးရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၀ ရက်နေ့ TNDP ပါတီ၏ ထုတ်ပြန်ချက်တွင် သံဃာတော် ဦးဂန္ဓမာအား ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် ပတ်သက်၍ NUG နှင့် KIA တို့မှ တာဝန်ရှိသူများသည် အများပြည်သူရှေ့မှောက် ခုံရုံးဖွဲ့စစ်ဆေး အရေးယူပြီး ဗုဒ္ဓဘာသာဝင်များနှင့် ရှမ်းနီတိုင်းရင်းသားတို့ကို တောင်းပန်ရန် တိုက်တွန်းသည်ဟု ဖော်ပြထားသည်။

TNDP က “အာဏာရှင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အကြောင်းပြပြီး မိမိကိုယ်တိုင် လူမျိုးကြီး ဝါဒ ကျင့်သုံးနေသော KIA နှင့် အာဏာရှင်ကို တော်လှန်ရင်း ကိုယ်တိုင်အာဏာရှင် ဖြစ်လာနေသော KIA နှင့် PDF ပူးပေါင်းအဖွဲ့တို့၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုံ့ချသည်”ဟု ပြောသည်။

ထို့နောက် တော်လှန်ရေးလုပ်နေကြသော ရှမ်းနီလူမျိုးများသည် မိမိတို့လူမျိုးကို ချစ်မြတ်နိုးကြရန်နှင့် KIA ၏ ပယောဂကြောင့် ဖြစ်ပေါ်ခဲ့သော ပါဂျောင်အရေးအခင်းနှင့် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ၁၉၉၆ ခုနှစ် တွင် မြန်မာပြည်မြောက်ပိုင်းမှ ABSDF တို့ ထွက်ခွာခဲ့ရခြင်းများကို သင်ခန်းစာယူ၍ သတိထားဆောင်ရွက်ကြရန် အသိပေးသည်ဟုလည်း TNDP က ထုတ်ပြန်ခဲ့သည်။

၎င်းက “ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျပြီး အကြမ်းဖက် နေကြသော အဖွဲ့အစည်းများကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ထုတ်သွားကြရန် ရှမ်းနီတိုင်းရင်းသား အားလုံး ကို နှိုးဆော်သည်”ဟု ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ပေးကြရန် နှင့် လက်နက်မဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်ခြင်းများ မပြုလုပ်ကြရန် တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က စက်တင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ကြား တိုက်ပွဲများ ဖြစ်ပွား နေသည်။

 

 

Share
Tweet
Share
Share
powered by social2s
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF)

ကယားပြည်နယ်အတွင်းက လက်နက်ကိုင်များ​၏ အင်အားကို ထုတ်ပြန်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1994
 
CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
 
ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့​၏ စုစုပေါင်း အင်အား မှာ ၁၅၀၀၀ ကျော်ရှိကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု(PKPF) စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
 
ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် ၁၆ ဖွဲ့တွင် အများစုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင် ပေါ်လာသော အဖွဲ့များဖြစ်သည်။
 
 
ထိုအဖွဲ့များတွင် KNDF က အင်အား ၇၀၀၀ ရှိကြောင်းနှင့် ယခင်ကတည်းက ကရင်တော်လှန် ရေးကို ဆောင်ရွက်လာခဲ့သော ကရင်နီတပ်မတော်(KNPP/KA)မှာ အင်အား ၂၀၀၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
 
ကယားပြည်နယ်ထဲမှာ အခြေစိုက်ထားသည့် မြန်မာ့တပ်မတော်​၏ အင်အားကတော့ ၇၅၀၀ ရှိကြောင်း PKPF ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Share
Tweet
Share
Share
powered by social2s

ကချင်ပြည်နယ်တွင် တရားမဝင် ရွှေတူးနေသူများကို အရေးယူဆောင်ရွက်မည်ဟုပြော

By CNI
CNI
Category: Watch TV
Hits: 628

Share
Tweet
Share
Share
powered by social2s

တရုတ်၏ ထူးခြားသောခြိမ်းခြောက်မှု အမေရိကန်သတိပေး

By CNI
CNI
Category: Watch TV
Hits: 591

Share
Tweet
Share
Share
powered by social2s

ရှမ်းမြောက်တွင် RCSS လှုပ်ရှားမှု မတွေ့တော့ဟု ဒေသခံများပြော

By CNI
CNI
Category: Watch TV
Hits: 605

Share
Tweet
Share
Share
powered by social2s

အမေရိကန်ကို တန်ပြန်ဖို့ နျူလက်နက် မည်သည့်အခါမှ မစွန့်ဟု မြောက်ကိုရီးယားပြော

By CNI
CNI
Category: Watch TV
Hits: 637

Share
Tweet
Share
Share
powered by social2s

ဘုရင်မကြီး အဲလိဇဘက် II ကွယ်လွန်မှုကြောင့် EPL ပွဲစဉ်တွေရွှေ့ဆိုင်းဖို့ ရှိ

By CNI
CNI
Category: Watch TV
Hits: 559

Share
Tweet
Share
Share
powered by social2s
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69

Page 65 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar