CNI News
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀
ကယားပြည်နယ်အတွင်း လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ စုစုပေါင်း အင်အား မှာ ၁၅၀၀၀ ကျော်ရှိကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု(PKPF) စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင် ၁၆ ဖွဲ့တွင် အများစုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင် ပေါ်လာသော အဖွဲ့များဖြစ်သည်။
ထိုအဖွဲ့များတွင် KNDF က အင်အား ၇၀၀၀ ရှိကြောင်းနှင့် ယခင်ကတည်းက ကရင်တော်လှန် ရေးကို ဆောင်ရွက်လာခဲ့သော ကရင်နီတပ်မတော်(KNPP/KA)မှာ အင်အား ၂၀၀၀ ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ကယားပြည်နယ်ထဲမှာ အခြေစိုက်ထားသည့် မြန်မာ့တပ်မတော်၏ အင်အားကတော့ ၇၅၀၀ ရှိကြောင်း PKPF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။