- By CNI
- Category: နိုင်ငံရေး
- Hits: 1516
CNI International News
ဂါဇာစီးတီး၊ ဩဂုတ် ၆
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတို့က ဩဂုတ်လ ၅ ရက်၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကြီးတန်း စစ်သွေးကြွတစ်ဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ပါလက်စတိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
မကြာသေးမီက အကြီးတန်းစစ်သွေးကြွတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် မကြာမီ ကြုံတွေ့လာတော့မည့် ခြိမ်း ခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စလာမ္မစ်ဂျီဟက်စစ်သွေးကြွအဖွဲ့ကို မိမိတို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း အစ္စရေးဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါအစ္စရေးတို့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ပါလက်စတိုင်းစစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ အစ္စရေးဘက်ခြမ်းတွင် လေကြောင်းသတိပေး ဥဩသံများ ထွက်ပေါ်လာခဲ့ပြီး နှစ်ဘက်စလုံးက နောက်ထပ်စစ်ပွဲတစ်ခုဆီသို့ ဦးတည်နီးကပ်လာခဲ့သည်။

ဂါဇာမြို့၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ပါလက်စတိုင်း တို့ သယ်ဆောင်လာစဉ်(ဓါတ်ပုံ-အေပီ)
အစ္စလာမ္မစ် ဂျီဟက်စစ်သွေးကြွများဘက်မှ ဒုံးကျည်အစင်းပေါင်း ၁၀၀ ခန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အစ္စရေးနှင့် ဂါဇာကမ်းမြောင်တို့ရှိ ဟားမက်စ်စစ်သွေးကြွအုပ်စုတို့သည် ပြီးခဲ့သည့် ၁၅ နှစ်တွင် စစ်ပွဲကြီး ၄ ကြိမ် နှင့် တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ပါလက်စတိုင်းအခြေချနေထိုင်သူ ၂ သန်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ရသည်။
ဂါဇာမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အထပ်မြင့်အဆောက်အအုံ ၇ ထပ်ပေါ်မှ မီးခိုးများ ထွက်ပေါ်လာခဲ့ ကြောင်း၊ စစ်သွေးကြွဟု သံသယရှိသူများက ကင်းစောင့်မျှော်စင် ၃ ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ထဲတွင် ပြသခဲ့သည်။
နိုင်ငံတဝန်းသို့ ပြောကြားသည့် ရုပ်သံမိန့်ခွန်းထဲတွင် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) က “မိမိတို့နိုင်ငံအပေါ် အတိအလင်းခြိမ်းခြောက်လာမှုများကို အခြေခံ၍ ယခုတိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း” ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ အစ္စလာမ္မစ်ဂျီဟတ်တပ်မှူး Taiseer al-Jabari ၏ တိုက်ခန်းသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားခဲ့စဉ်(ဓါတ်ပုံ-အေပီ)
“ကျနော်တို့အစိုးရမှာ ဂါဇာကမ်းမြောင်ကနေ အစ္စရေးပိုင်နယ်နယ်မြေတွေဆီကို ဦးတည်တိုက်ခိုက်ဖို့ ကြိုးပမ်း လာတာမှန်သမျှ လုံးဝသည်းမခံဖို့ မူဝါဒရှိပါတယ်။ ကျနော်တို့ အရပ်အသားတွေကို ဒုက္ခပေးဖို့ ကြိုးစားသူတွေ ရှိလာရင် အစ္စရေးက အေးအေးဆေးဆေး ထိုင်ကြည့်နေမှာတော့ မဟုတ်ဘူးဗျ” ဟု ယာယစ်လာပစ်က ဆက်လက် ပြောကြားခဲ့သည်။
ထို့ပြင် “အစ္စရေးဟာ ဂါဇာကမ်းမြောင်မှာ ပိုပြီး ကျယ်ပြန်လာတဲ့ပဋိပက္ခကို စိတ်မဝင်စားချင်ပေမယ့် တစ်ခုတည်း သောနည်းလမ်းဖြစ်တဲ့ တိုက်ခိုက်ရေးကို ရှောင်လွှဲမှာ မဟုတ်ဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
လာမည့် နိုဝင်ဘာလ အစ္စရေးရွေးကောက်ပွဲမတိုင်မီအထိ အိမ်စောင့်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသည့် လာပစ်အတွက် ယခု ဂျီဟက်တိုက်ခိုက်မှုများသည် အစောပိုင်းသွေးတိုးစမ်းမှုတစ်ခုလည်းဖြစ်ပြီး ၎င်းသည် ဝန်ကြီးချုပ်ရာထူးကို တရားဝင်ဆက်ဆံရန် မျှော်မှန်းနေချိန်နှင့် တိုက်ဆိုင်နေသည်။
၎င်းသည် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး သံတမန်ရေးရာအတွေ့အကြုံရှိသော်လည်း ၎င်း၏ လုံခြုံရေးဆိုင်ရာအစီအမံများမှာ နည်းပါးနေသေးကြောင်း အေပီသတင်းက ဆက်လက်ဖော်ပြထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1522
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၆
မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်က ချဉ်းကပ်၍ အလုပ်မဖြစ်လျှင် နည်းလမ်းသစ်ရှာဖွေပြီး မြန်မာကို အာဆီယံက ထုတ်သင့်ပါက ထုတ်ပယ်ရမည်ဟု နိုင်ငံတကာမှာ ဆွေးနွေးမှုများ ရှိလာခဲ့ သည်။
ထို့နောက် ပြည်တွင်း နိုင်ငံရေးအသိုင်းအဝန်းနှင့် ပြည်ပရောက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများကတော့ အာဆီယံ သည် မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ရန်မှာ မဖြစ်နိုင်ကြောင်း ပြောသည်။
တရုတ်ပြည်အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ ကျမကြည့်တာကတော့ ထုတ်ပယ် ပစ်ဖို့ အထိတော့ မလုပ်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အာဆီယံ အစည်းအဝေးမှာ သူတို့က တရားဝင်သာ မဖိတ်တာ သံတမန်တစ်ယောက် တက်တယ်လို့ကြားတယ်။ ဒါကြောင့်မလို့ သူတို့ Communicate ထုတ်ပြန်တဲ့အခါမှာ ဗမာပြည်ကို ပြောမယ့် ကိစ္စကိုတောင်မှ အဲဒီသံတမန်က ကန့်ကွက်လို့ အဲဒီအပိုဒ်ကို ဖြုတ်ခဲ့ရ တယ်လို့ ပြောတယ်။ ထုတ်တဲ့ အထိတော့ မဖြစ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလေး ဟိုဒင်းတစ်ခုလုံးက Regional Economic Forum အဲဒါ တစ်ခု လုံးက သူက ထောက်ပို့ ကွင်းဆက်တစ်ခုလုံးဖြစ်အောင် လုပ်ရမှာ အဲဒါကြောင့်မလို့ ထုတ်တဲ့အထိတော့ မဖြစ်ဘူး။ အရေး ယူတာတို့၊ ဖိအားပေးတာတို့တော့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ သို့သော် ထုတ်တဲ့ အထိတော့ မဖြစ်နိုင်ဘူး ထင်တယ် ”ဟု CNI သို့ ပြောသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကတော့ နစကဘက်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ ငြင်းပယ်ထားသည့်အတွက် အာဆီယံအနေဖြင့် အခြေအနေတွေအပေါ် ပြန်သုံးသပ်၍ အာဆီယံကနေ ထုတ် ပယ်သည့် အဆင့်အထိ လုပ်သွားရမည်ဟု VOA မြန်မာပိုင်းနှင့်အင်တာဗျူးမှာ ပြောထားသည်။
ဘလင်ကင်က “စစ်ကောင်စီဘက်က အာဆီယံ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ ငြင်းပယ်ထားပါတယ်။ အဲဒီတော့ အခု လောလောဆယ်အားဖြင့် အရေးပါတဲ့ အစည်းအဝေးတွေမှာ နိုင်ငံရေးအရ မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ လက်ခံ မယ်လို့ သတ်မှတ်ထားတဲ့ အချက်ဟာ မှန်ကန်တဲ့အချက်ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် လိုက်နာမှုတွေ မရှိ ဘူးဆိုရင် အာဆီယံအနေနဲ့ အခြေအနေတွေအပေါ် ပြန်သုံးသပ်ပြီး အာဆီယံကနေ ထုတ်ပယ်တဲ့ အဆင့်အပါအဝင် လုပ် စရာရှိတာ လုပ်သွားရမှာပါ”ဟု ပြောသည်။

အာဆီယံအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကို တွေ့ရစဉ်
ဒေါက်တာလှကျော်ဇောကတော့ ယခုခေတ်သည် အမေရိကန်ပြောတိုင်း ရသည့် အခြေအနေမဟုတ်တော့ကြောင်း ပြောသည်။
လက်ရှိတွင် အာဆီယံသည် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးများ ကျင်းပစဉ် နစကကို တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့်မဆိုင်သော သံတမန် တစ်ဦးသား တက်ရောက်ခွင့်ပေးမည် ဆိုသော ဆုံးဖြတ်ချက်ကို ချမှတ်ထားသည်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးကိုယ်စားလှယ်လည်း ဖြစ်သူ ပရတ်ဆိုခွန်က “မြန်မာ ဗိုလ်ချုပ်ကြီးများသည် တိုးတက်မှု ပြသနိုင်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့နောက် တိုးတက်မှု ပြသနိုင်မှသာ မိမိတို့ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ် နိုင်မည်ဖြစ်ကြောင်း”ဟု ပြောသည်။
ပြည်တွင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အာဆီယံသည် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို အားလုံး သဘောတူညီမှု ရမှ ဆုံးဖြတ်ရလေ့ရှိသည့်အတွက် အားလုံးသဘောတူပါက မြန်မာကို အဖွဲ့ဝင်အဖြစ်က ထုတ် နိုင်သည်ဟု ပြောသည်။
ဦးရဲထွန်းက “သူတို့ အာဆီယံရဲ့ ချာတာအရဆိုရင်တော့ အဲလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် အားလုံး သဘောတူမှ ဖြစ်တာလေ။ အားလုံးသဘောတူမှ ဖြစ်တယ်ဆိုတော့ အားလုံးက သဘောတူတယ်ဆိုရင်တော့ ထုတ်တာ ဖြစ်နိုင်တာပေါ့။ သူတို့ ထုတ်မှာကို မစောင့်ဘဲနဲ့ နစက ကနေပြီးတော့ သူတို့ကိုလည်း မဖိတ်တဲ့အတွက်ကြောင့်မလို့ ဒီအဖွဲ့ ဝင်အဖြစ်ကနေ ခေတ္တာ ယာယီရပ်ဆိုင်းမယ်၊ ဒါမှမဟုတ် ထွက်တယ်ဆိုပြီး သူတို့လုပ်ရင်လည်း အာဆီယံက နောက်ဆက် တွဲ ထုတ်တာ ဖြစ်လာနိုင်တာပေါ့လေ”ဟု CNI သို့ ပြောသည်။

ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်တွင်း တည်ငြိမ်းမှုများကို မထိန်းနိုင်သေးသည့်အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်နိုင်သေးခြင်း ဖြစ်ကြောင်း၊ နောက်လာမည့် ကာလများမှာတော့ အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ပြောလိုကြောင်း ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့က မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောသွားခဲ့သည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်မှာ သွေးထွက်သံယိုမှုများ ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ ဖမ်းဆီးထားမှု ကနေ ပြန်လွှတ်ပေးရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်ပြီး တွေ့ဆုံ ဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူ အညီများ ပေးအပ်ရေး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်၍ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရေး တို့ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ ပရတ်ဆိုခွန်သည် မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက် ထားပြီး ဖြစ်သော်လည်း သိသာ ထင်ရှားသည့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်မည့် တိုးတက်မှုကို မရသေးကြောင်း၊ စက်တင်ဘာ- အောက်တိုဘာလအတွင်း တတိယအကြိမ် လာရောက်မည့် မြန်မာပြည်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို ပေးတွေ့မည်ဟု နစကဘက်က ကတိပြုထားကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1860
CNI International News
ဖနွမ်ပင်၊ ဩဂုတ် ၆
အရပ်သားအစိုးရကို ဖြုတ်ချ၍ မြန်မာ့တပ်မတော်က အာဏာရယူလိုက်ခြင်းမှ အစပြုသော အကျပ်အတည်းကို ပြေလည် အောင် ကြိုးပမ်းနေသည်မှာ ၁၅ လ ကြာမြင့်ပြီဖြစ်၍ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ကြီးများကို အသင်း၏ အစည်းအဝေးများမှ တားမြစ်ရန် သဘောတူခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ယနေ့ (ဩဂုတ် ၆ ရက်) ရက်စွဲဖြင့် ရေးသားဖော်ပြသည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ကျင်းပသည့် အာဆီယံဒေသတွင်း အစည်းအဝေးများအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်က “မြန်မာဗိုလ်ချုပ်ကြီးများသည် တိုးတက်မှု ပြသနိုင်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့နောက် တိုးတက်မှုပြသနိုင်မှသာ မိမိတို့ အဖွဲ့အစည်းအတွင်း ဆုံးဖြတ်ချက်တစ်ခု ချမှတ် နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သဘောတူညီခဲ့သော အချက် ၅ ချက်သည် တိုးတက်မှုမရှိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဝိုင်းဝန်းရှုတ်ချခဲ့ကြသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး မတိုင်မီ အဆိုပါ အချက် ၅ ချက်ကို လိုက်နာရန် ကိုယ်ပိုင်ပုံစံ ဖြင့် အုပ်ချုပ်နေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အား ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
“အဲဒီအချက် ၅ ချက် သဘောတူညီချက်ကို အချိန်မီ ပြီးပြည့်စုံအောင် အကောင်အထည်ဖော်ဖို့ နေပြည်တော် အာဏာပိုင်တွေ ရဲ့ ကတိကဝတ် အထမမြောက်တဲ့အတွက် မိမိတို့ အကြီးအကျယ် စိတ်ပျက်မိကြပါတယ်” ဟု အဆိုပါဝန်ကြီးများက ပြော ကြားခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
အာဆီယံပဋိညာဉ်စာတမ်းပါ အပိုဒ် ၂၀ ကို ကိုးကား၍ ရေးသားထားသည့် အဆိုပါ ကြေညာချက်ထဲတွင် မြန်မာစစ်တပ် အာဏာပိုင်များကို လွှမ်းခြုံ၍ သတိပေးထားပြီး ယခုနှစ်ကုန်ပိုင်း အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် ယင်းသို့ အချက် ၅ ချက် မလိုက်နာခြင်းအတွက် အရေးယူနိုင်ဆဲဖြစ်ကြောင်း မှတ်ချက်ချခဲ့ကြသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအစိုးရ ထိပ်ပိုင်းတာဝန်ရှိသူ များကို စစ်တပ်က ဖမ်းဆီးပြီး အာဏာရယူလိုက်ပြီးကတည်းက မြန်မာနိုင်ငံသည် အကျပ်အတည်း တစ်ရပ်နှင့် ကြုံတွေ့နေခဲ့ ရသည်။
အာဏာရယူပြီးနောက်ပိုင်း လူထု၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်၏ ဖိနှိပ်မှုများကို တုံ့ပြန်တိုက်ခိုက်ရန် ပြည်တွင်း လက်နက်ကိုင်အဖွဲ့များ ထပ်မံဖွဲ့စည်းလာခဲ့ကြသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1520
CNI International News
ပြုံယမ်း ၊ ဩဂုတ် ၆
အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အဆိုးရွားဆုံး ဖျက်ဆီးသူဟု မြောက်ကိုရီးယားက ဩဂုတ် ၆ ရက် (ယနေ့) တွင် သုံးနှုန်းပြောကြားလိုက်ကြောင်း အေပီသတင်း တစ်ပုဒ်တွင် တွေ့ရသည်။
ယခုသီတင်းပတ်အစောပိုင်း ၎င်း၏အာရှခရီးစဉ်အတွင်း ပလိုစီသည် မြောက်ကိုရီးယားဆန့်ကျင်ရေး လှုံ့ဆော်ခြင်း နှင့်အတူ တရုတ်ကို ဒေါသထွက်စေခဲ့ကြောင်း ပြုံယမ်းအစိုးရက စွပ်စွဲခဲ့သည်။
ပလိုစီသည် ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံသို့ ခရီးဆက်ခဲ့သည်။ ၎င်း၏ခရီးစဉ်သည် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းအနီး ပင်လယ်ရေပြင်တွင် ဒုံးကျည်ပစ်လွှတ်ခြင်းအပါအဝင် စစ်ရေး လေ့ကျင့်မှုများကို တရုတ်က လုပ်ဆောင်ရန် တွန်းအားဖြစ်စေခဲ့သည်။
တရုတ်သည် ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်နယ်မြေအဖြစ်သို့ ရောက်ရှိရန် လိုအပ်လျှင် အင်အားသုံး၍ သိမ်းပိုက် နိုင်သည်ဟု ရှုမြင်ထားကြသည်။
နန်စီပလိုစီ တောင်ကိုရီးယားသို့ ရောက်ရှိစဉ်အတွင်း မြောက်ကိုရီးယားနှင့်ထိစပ်နေသော နယ်စပ်ဒေသသို့ သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တောင်ကိုရီးယား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ကင်မ်ဂျင်ပျိုး (Kim Jin Pyo) နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့က ကိုရီးယားနှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးရွာ Panmunjom ၏ ပူးတွဲလုံခြုံရေးနယ်မြေသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ အကြောင်းကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဆိုးလ်မီးရထားဘူတာရုံရှိ တီဗွီဖန်သားပြင်တွင် ပြသထားစဉ် (ဓါတ်ပုံ-အေပီ)
ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန် အစိုးရတို့က ဆက်လက်ထောက်ခံအားပေးရန် ၎င်းတို့နှစ်ဦး သဘောတူခဲ့ကြပြီး မြောက်ကိုရီးယားကို သံတမန် ရေးအရပါ တိုးမြှင့်တားဆီးသွားကြရန် ဆွေးနွေးခဲ့ကြကြောင်း ကင်မ်ဂျင်ပျိုး၏ပြောကြားချက်ကို ကိုးကားလျက် အေပီက ဆက်လက်ရေးသားသည်။
ယင်းသို့ တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်သို့ နန်စီပလိုစီ ရောက်ရှိလာခြင်းနှင့် မြောက်ကိုရီးယား ဆန့်ကျင်ရေး၊ တားဆီးကန့်သတ်ရေး ဆွေးနွေးခဲ့ခြင်းတို့ကြောင့် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြာရေးဌာန ညွှန်ကြားရေးမှူးချုပ် ဂျိုယောင်ဆမ်က အပြစ်တင်ရှုတ်ချခဲ့သည်။
ထိုင်ဝမ်သို့ သွားရောက်ခြင်းဖြင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို နန်စီပလိုစီ ဖျက်ဆီးခဲ့ကြောင်း တရုတ်၏အပြစ်တင်မှုကို ခံနေရစဉ်မှာပင် သူမသည် တောင်ကိုရီးယားသို့ ရောက်ရှိသွားချိန်မှာလည်း မြောက် ကိုရီးယားနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ အရိပ်အယောင်များကို လှုံ့ဆော်ပေးခဲ့ကြောင်း ဂျိုယောင်ဆမ်က ပြုံယမ်း အစိုးရထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ပလိုစီသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အဆိုးရွားဆုံးဖျက်ဆီးသူဟု ဂျိုယောင်ဆမ်က သုံးနှုန်းခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိစဉ် ၎င်း၏ပြောဆိုပြုမူမှုများသည် မြောက်ကိုရီးယားအပေါ် ရန်လိုသည့်မူဝါဒကို အတိအလင်းထုတ်ပြလိုက်ခြင်းဖြစ်ကြောင်း ဂျိုယောင်ဆမ်က ဆက်လက်ပြောကြားခဲ့သည်။
Source: AP
- By CNI
- Category: Watch TV
- Hits: 737
- By CNI
- Category: Watch TV
- Hits: 811
- By CNI
- Category: နိုင်ငံရေး
- Hits: 1147
CNI International News
ကိယက်ဗ်၊ ဩဂုတ် ၅
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) သည် အကြမ်းဖက်ဝါဒအားပေးပြီး ဘက်လိုက်နေသူများဟု ယူကရိန်း သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက စွပ်စွဲလိုက်ကြောင်း အာရ်တီသတင်းတွင် ဖော်ပြသည်။
ယူကရိန်းစစ်တပ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ပြီး အရပ်သားများရှိနေသည့် ဒေသတွင် လက်နက်များ ဖြန့်ကြက်ချထားကြောင်း AI အဖွဲ့၏အပြစ်တင်ရှုတ်ချမှုပေါ်ပေါက်လာသဖြင့် အထက်ပါ အတိုင်း ဇာလန်းစကီးက တုံ့ပြန်စွပ်စွဲခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မှာတော့ AI အဖွဲ့ရဲ့ အစီရင်ခံစာကို ကျနော်တို့တွေ့လိုက်ရပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ အကြမ်းဖက်တဲ့ နိုင်ငံကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရန်လိုတဲ့သူကနေ သားကောင်အဖြစ် ပြောင်းလဲရေးသားထားတာကို စိတ်မကောင်းစရာ တွေ့ရတာပါ” ဟု ဇာလန်းစကီးက ဩဂုတ် ၄ ရက်၌ ၎င်း၏ညစဉ်ဗီဒီယိုမိန့်ခွန်း၌ ပြောကြား ခဲ့သည်။
“တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့က ရန်လိုသူနဲ့ ခံရတဲ့သားကောင်ကို တစ်တန်းတည်းထားပြီး အစီရင်ခံစာရေးမယ် ဆိုရင် ကျနော်တို့က သည်းခံနေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ယူကရိန်းဟာ သားကောင်ပါ” ဟု ဇာလန်းစကီးက မိန့်ခွန်းထဲတွင် ၃ ကြိမ်တိတိ ထပ်တလဲလဲပြောကြားခဲ့သည်။

“အဲဒါကို သံသယရှိနေတဲ့သူဟာ ရုရှားနဲ့ ကြံရာပါပဲဖြစ်ပါတယ်။ အကြမ်းဖက်တဲ့နိုင်ငံနဲ့ အကြမ်းဖက်သမားတွေ၊ သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တဲ့သူပဲ ဖြစ်ရမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါအစီရင်ခံစာ AI အဖွဲ့က ဩဂုတ်လ ၄ ရက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များ၏ လှုပ်ရှားမှု များအနက် စာသင်ကျောင်းများအတွင်း တိုက်ခိုက်မှု ၂၂ မှုနှင့် ဆေးရုံများကို အခြေစိုက်တပ်စွဲခဲ့ကြသည့် တပ်ဖွဲ့ဝင် ၅ ဦး၏အထောက်အထားများကို အသေးစိတ်ရေးသားထားသည်။
အဆိုပါ အရပ်ဘက်နေရာများကို မသိမ်းယူမီ ယူကရိန်းအနေဖြင့် အရပ်သားများကို ရွှေ့ပြောင်းပေးရန် ကြိုးပမ်း ချက်ကို မိမိတို့မသိရကြောင်း AI အဖွဲ့က ဝန်ခံခဲ့သည်။
“လူနေထူထပ်တဲ့နေရာတွေမှာ စစ်ဆင်ရေးလုပ်တဲ့အခါ အရပ်သားတွေကို အန္တရာယ်ရှိစေခဲ့တဲ့ ယူကရိန်းတပ်ဖွဲ့ဝင် တွေရဲ့စစ်မြေပြင်ဥပဒေ ချိုးဖောက်ခဲ့ပုံတွေကို ကျနော်တို့ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်” ဟု AI အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အန်းဂနက်ကော်လာမတ် (Agnes Callamard) က ပြောသည်။
“ခံစစ်အနေအထားရှိနေပေမယ့် ယူကရိန်းစစ်တပ်ဟာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေတွေကို လေးစား လိုက်နာခြင်းကနေ ကင်းလို့မရပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
၎င်းအဖွဲ့သည် ရုရှားကိုလည်း စစ်ဆင်ရေးများ၌ နိုင်ငံတကာဥပဒေချိုးဖောက်သည်ဟု စွပ်စွဲခဲ့ဖူးသည်။
Source: အာရ်တီသတင်းဌာန
- By CNI
- Category: နိုင်ငံရေး
- Hits: 3232
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅
ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့အကြား ပူးပေါင်းဆောင်ရွက်စရာ လမ်းကြောင်း မရှိကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သို့ ပြောသည်။
ရခိုင်ပြည်နယ် အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုသည့် နှစ်ဖက် ထုတ်ပြန်ချက်မျိုးရှိကြောင်း၊ သို့သော်လည်း လက်တွေ့တွင် မဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ဦးဖေသန်းက “ဘာပဲပြောပြော အဲဒီအဆင့်ကို မရောက်ခင်တော့ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်တယ် ဆိုရင် တော့ ဒါလုပ်သင့်တယ်လို့ မြင်တယ်။ တကယ်တမ်း နှစ်ဖွဲ့တစ်ဖွဲ့ ဖြစ်အောင်အထိ မပေါင်းစည်းနိုင်ခင်ပေါ့။ ဒါ ကိုယ့် ရခိုင် ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအကျိုး ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒါက ဆွေးနွေးသင့်တယ်၊ လုပ်လည်း လုပ်သင့်တယ်လို့ မြင်တယ်။ ရေရှည်မှာတော့ တစ်ဖက်က အင်အားက ဇီးရိုးလောက်ပဲ ရှိတော့ ဒီဖက်ကလည်း အထင်မကြီးဘူးလေ။ ပြည်သူတွေကလည်း ULA/AA လက်နက်ကိုင် အင်အားအများကြီး အများအားဖြင့် ရခိုင်ပြည်နယ်ကို ထိန်းထားတဲ့ ULA/AA ကိုပဲ ပြည်သူတွေက အားပေးတယ်၊ ဝိုင်းဝန်းထောက်ခံတယ်။ သဘောကျတယ်ပေါ့။ အဲဒီလို အခြေ အနေမျိုးမှာ ဒီဖက်ကလည်း ပါတီပေါင်းပြီးတော့ တစ်ပါတီဖြစ်အောင် ဒီဖက်ကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့က ရခိုင်ပြည် အကျိုးအတွက်တော့ နှစ်ဖွဲ့စလုံးက ပူးပေါင်းဆောင်ရွက်မယ်ဆို ပူးပေါင်းဆောင်ရွက်သင့်တာပေါ့။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အခြေအနေ မဟုတ်ဘူး။ စစ်ရေးနည်းနဲ့ ဖြေရှင်းနေတဲ့ အခြေအနေဆိုတော့က အဲဒီလိုလည်း နှစ်ဖက်ပူးပေါင်းဆောင်ရွက်စရာ လမ်းကြောင်းရှိမယ်လို့ မထင်ဘူး။ ဒါကြောင့် ဒီ အခြေအနေမှာတော့ သူတို့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဆွေးနွေးဖြစ်တာလို့ပဲ ကျနော်က ယူဆတယ်” ဟု CNI သို့ ပြောသည်။

ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနဲ့ ဖမ်းဆီးခံထားရသူ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကိုတွေ့ရစဉ်
ထို့အတူ ULA/AA နှင့် ALP တို့ ပေါင်းစည်းရေးကိစ္စမှာ ရာထူးတာဝန်များအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း ဦးဖေသန်းက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂ ရက်က AA သည် ALP မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ၎င်း၏ နေအိမ်ထဲသို့ ဝင်ရောက်၍ ဖမ်းဆီးသွားကြောင်း ALP မှ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ULA/AA ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
AA နှင့် ALP သည် လူမျိုး တစ်မျိုးတည်းဖြစ်ပြီး ပန်းတိုင်တစ်ခုတည်းကို ချီတက်နေသော အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကာလတွင် ရခိုင့်တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်း သည် တိုင်းရင်းသား မဟာမိတ် အသိုင်းအဝိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ရခိုင်လူမျိုး၏ ဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း ALP က ထုတ်ပြန် ပြောကြားခဲ့သည်။
ဦးဖေသန်းက “ALP ပေါ့နော်၊ ALP က ဘာကြောင့် ဒီလို အဖမ်းခံရတဲ့အထိ ဖြစ်သွားတာလဲ ဆိုတာတော့ ကျနော်လည်း မပြော တတ်ဘူး။ ဒါပေမဲ့ ALP ကလည်း ထပ်ပြီးတော့ သူတို့ သတင်းပေးတယ်။ ULA/AA ရဲ့ အမာခံဆိုပြီး ထပ်ပြီးတော့ စစ်တွေမှာ ဖမ်းတာတွေ၊ ဆီးတာတွေ ရှိလာတယ်၊ အဲဒါမျိုးကြတော့ မကောင်းဘူးပေါ့။ ကျနော်တို့ ဒီအချိန်မှာ ULA/AA နဲ့ စစ်ကောင်စီနဲ့ အကြားမှာ အဲဒီလို အဖမ်းအဆီးတွေ ရှိတယ်၊ အဲဒီထက် မကောင်းတာက သူတို့က စစ်ကောင်စီရဲ့ အကူအညီနဲ့ပေါ့နော်၊ စစ်တပ်တွေ၊ ရဲတွေ၊ ယူနီဖောင်းတွေ ဝတ်ပြီးတော့ ဝိုင်းပြီးတော့ ဒီလူတွေကို ဖမ်းတယ်ဆိုတော့ ပိုပြီးတော့ ဆိုးရွားသွားနိုင်တာ ပေါ့။ အဖြေက ဘာလို့လဲဆိုတော့ နောက်ပိုင်းမှာ ALP အဖွဲ့ဟာ ULA/AA ကို စစ်ရေးအရလည်း မယှဉ်နိုင်၊ စည်းရုံးရေးလည်း မယှဉ်နိုင် ပြဿနာပေါ်လာတဲ့ အခါမှာ အဲဒီလိုသာ လုပ်မယ်ဆိုရင် နောက်ဆုံး ဒီစစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖွဲ့ ဖြစ်သွား နိုင်တာပေါ့။ စစ်ကောင်စီက သူတို့ကို မြောက်ပြီးတော့ အချင်းချင်းပြန်ပြီးတော့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ဖို့ပေါ့နော် အဲဒီလို နည်းဗျူဟာတွေကို သုံးပြီးတော့ ULA/AA ကို ဖြိုခွင်းရာမှာ အမာခံ အဖွဲ့အစည်း ဖြစ်လာနိုင်တာပေါ့။ အဲဒီလမ်းကြောင်းကို ALP က မရောက်သွားဖို့တော့ လိုတယ်” ဟု ပြောသည်။

ALP နဲ့ နစက တွေ့ဆုံစဉ်
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် ALP မှ သက်ဆိုင်ရာပုဂ္ဂိုလ်များထံ CNI မှ အကြိမ်ကြိမ် ဖုန်းဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။
ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည်။
ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသော အဖွဲ့ဖြစ်ပြီး AA ကမူ မထိုးနိုင်သေးဘဲ ညှိနှိုင်းမှုများ ရှိနေသည့် အဖွဲ့ဖြစ်သည်။
- By CNI
- Category: Watch TV
- Hits: 887
- By CNI
- Category: Watch TV
- Hits: 800
- By CNI
- Category: Watch TV
- Hits: 755
- By CNI News
- Category: ဆောင်းပါး
- Hits: 1936
CNI Article News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၄
တရုတ်၏ ခြိမ်းခြောက်မှုများကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ဩဂုတ် ၂ ရက်၊ ညနေပိုင်းတွင် ထိုင်ဝမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ခြင်းကို ကမ္ဘာ့မီဒီယာအသီးသီး၏ စာမျက်နှာထက်တွင် သတင်းများ ကျယ် ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖုန်းပြောရင်း “မီးဖြင့် မကစားရန်” သတိပေးခဲ့သည်။
တရုတ်ပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောထားသော ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ လေယာဉ်ဖြင့် ရောက်လာခြင်းသည် ၂၅ နှစ် ကျော်အတွင်း အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်၏ အရေးပါဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။
ပလိုစီ လေယာဉ် ဆိုက်လျှင်ဆိုက်ချင်း တရုတ်က လက်တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးဇုန်သို့ အနည်းဆုံး စစ်လေယာဉ် ၂၁ စင်းကို အသည်းအသန် ဝဲပျံစေခဲ့သည်။
နန်စီပလိုစီ ထိုင်ဝမ်ကို ရောက်လာလို့ တရုတ် စစ်ရေးပြနေတာကို ကြည့်နေကြ(Reuters)
တိုင်ပေလေဆိပ် သူမလိုက်ပါလာသော လေယာဉ်ဆင်းသက်ပြီးနောက် ပလိုစီက “အမေရိကန်သည် ထိုင်ဝမ်နှင့်အတူ ရပ်တည်လျက်ရှိပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ခိုင်မာအားကောင်းပြီး တက်ကြွသော ဒီမိုကရေစီဖြင့် ကျမတို့၏ အရေးကြီး သော မိတ်ဖက်နိုင်ငံဖြစ်ကြောင်း” ထပ်လောင်း ပြောကြားခဲ့သည်။
ကျွန်းပေါ်သို့ ပလိုစီ လာရောက် လည်ပတ်ခြင်း၏ နောက်ကွယ်ရှိ အကြောင်းအရင်းများသည် ဩဂုတ် ၂ ရက်၊ ညပိုင်းတွင် တွစ်တာပို့စ်များ၌ အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။
နိုင်ငံရေးသမား တစ်ဦးအနေဖြင့် သူမသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြု၍ တရုတ်နိုင်ငံကို မကြာခဏ ဝေဖန်ခဲ့သည်။
ဒီမိုကရေစီ နည်းကျသည့် ထိုင်ဝမ်နိုင်ငံအတွက် အမေရိကန်ပေးထားသည့် ကတိကဝတ်များနှင့် ပတ်သက်၍ ၁၉၇၉ ခုနှစ် ဥပဒေကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာသို့ ပြောကြားရာ၌ ပလိုစီက “ကျမတို့ ထိုင်ဝမ်ဘက်က ရပ်တည်ရမယ်။ အမေရိကန်နဲ့ ကျမတို့ရဲ့မဟာမိတ်တွေက အာဏာရှင်တွေကို ဘယ်တော့မှ အရှုံးမပေးဘူးဆိုတာ အတိအလင်းပြသဖို့ အရေးကြီးတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နန်စီပလိုစီ လိုက်ပါလာတဲ့ လေယာဉ် ထိုင်ဝမ်လေဆိပ်ကို ဆင်းသက်နေစဉ် (AP)
အော်တိုကရေစီနှင့် ဒီမိုကရေစီကြားက ရွေးချယ်မှုတစ်ခု
*****************************************************
ပြီးခဲ့သည့် နွေဦးရာသီကလည်း ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်သို့ ရောက်ရှိခဲ့သည့် အမေရိကန် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူမှာလည်း ပလိုစီပင် ဖြစ်သည်။
၎င်း၏ ထိုင်ဝမ်ခရီးစဉ်ကိုလည်း “ကမ္ဘာကြီးသည် အော်တိုကရေစီ(အကြွင်းမဲ့ အာဏာရှင်စနစ်)နှင့် ဒီမိုကရေစီကြားတွင် ရွေးချယ်မှုတစ်ခုနှင့် ရင်ဆိုင်နေရချိန်၎င်၌ ပိုမိုကျယ်ပြန့်သော မစ်ရှင်တစ်ခု၏ တစိတ်တပိုင်းအဖြစ်” ပုံဖော်ခဲ့သည်။ ဆယ်စုနှစ်များအတွင်း ရုန်းကန်နေရသော ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံကြောင်း ပြသရန်မှာ ထိုင်ဝမ်ခရီးစဉ်သည် မစ်ရှင်တစ်ခုပင် ဖြစ်သည်။
ထို့အပြင် ပလိုစီသည် ဧပြီလတွင် ထိုင်ဝမ်ခရီးစဉ်ကို စီစဉ်ခဲ့သော်လည်း Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိ ရသဖြင့် ရွှေ့ဆိုင်းခဲ့ရသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (GETTY IMAGES)
ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်က ဘာကြောင့် ဒေါသထွက်
*************************************************************
ပထမအချက်မှာ တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက် အစိတ်အပိုင်းအဖြစ် အခိုင်အမာ ပြောကြားသည်။ ထိုကဲ့သို့ နယ်မြေမျိုးကို အမေရိကန်မှ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် လာရောက်ခြင်းသည် ထိုင်ဝမ် လွတ်လပ်ရေးအတွက် အမေရိကန်၏ ထောက်ခံမှုကို တနည်းတဖုံ ဖော်ညွှန်းရာ ရောက်သည်။
တရုတ် ဒေါသထွက်ရခြင်း၏ နောက်ကွယ်ရှိ အခြားသော အကြောင်းတစ်ခုမှာ ပြီးခဲ့သည့် သီတင်းပတ်ကပင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတရှီကျင့်ဖျင်က ၎င်းသည် "မီးနှင့် မကစားရန်" သတိပေးခဲ့ခြင်းကို ကျော်လွန်၍ လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။
ထိုသို့ ခြိမ်းခြောက်မှုများကို နန်စီပလိုစီက လျစ်လျူရှုကာ ထိုနေရာသို့ မရောက် ရောက်အောင် သွားခဲ့သည်။ ပလိုစီ၏ ခရီးစဉ် သည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ အကဲဆတ်သည့် အချိန်ဖြစ်ပြီး ဘေဂျင်းအစိုးရ၏ ပြင်းထန်သော တုံ့ပြန်မှုကို ဖြစ်ပေါ် စေနိုင်သည်။
"တရုတ်ပြည်တွင်း နိုင်ငံရေးမှာ အင်မတန် တင်းမာနေတဲ့ အချိန်ပါပဲ။ ရှီကျင့်ဖျင် ကိုယ်တိုင်နဲ့ တရုတ်ထိပ်တန်း ခေါင်းဆောင် တွေဟာ Pelosi ခရီးစဉ်ကြောင့် ရှီနဲ့ သူ့ရဲ့ဦးဆောင်မှု အခန်းကဏ္ဍကို အရှက်ရစေတယ်လို့ ရှုမြင်ပြီး တစ်ခုခု တုံ့ပြန်ဖို့ တွန်း အား ဖြစ်စေပါတယ်။ သူ့ရဲ့ အစွမ်းကို သက်သေပြဖို့ အကြောင်းတစ်ခု ဖြစ်လာတယ်ပေါ့”ဟု ကယ်လီဖိုးနီးယား စင်ဒီယာဂို တက္ကသိုလ်၊ ၂၁ ရာစု တရုတ်ရေးရာဌာနမှ ပညာရှင်တစ်ဦးဖြစ်သည့် စူဇန်အယ်လ်ရှက်က CNN သတင်းဌာနသို့ ပြောကြားခဲ့ သည်။
သို့သော် အချို့သော ကျွမ်းကျင်ပညာရှင်များကတော့ တရုတ်ကွန်မြူနစ်ပါတီသည် တည်ငြိမ်စေရေးနှင့် အမေရိကန် ဩဇာ အောက်နှင့် ထိန်းချုပ်မှုအောက်သို့ ထိုင်ဝမ် မရောက်စေရန် တားဆီးနိုင်ရေးမှာ အလောတကြီး ဖြစ်နေသည်ဟု ကောက်ချက် ချကြသည်။
တရုတ် ဘယ်လိုတုံ့ပြန်ခဲ့သလဲ
****************************
ပလိုစီ ကျွန်းပေါ် ရောက်ရှိလာခြင်းကို တုံ့ပြန်သည့် အနေဖြင့် “အဆိုပါ ခရီးစဉ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေး အခြေခံ အုတ်မြစ်အပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိလိမ့်မည်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ချင်း သတင်းထုတ်ပြန်ခဲ့သည်။
“အမေရိကန် ဥက္ကဋ္ဌရဲ့ ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို သေချာပေါက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်မှာ တရုတ်စစ်ရေးလေ့ကျင့်ပြ (BBC)
CNN သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ပြည်သူ့လွတ်မြောက် ရေးတပ်မတော်(PLA)သည် ပြင်ပအင်အားစုများ၏ ဝင်ရောက် စွက်ဖက်မှုနှင့် 'ထိုင်ဝမ်လွတ်လပ်ရေး' ခွဲထွက်ရေး အစီအစဉ် များကို ပြင်းထန်စွာ သတိပေးထားပြီး အခြေအနေအား တန်ပြန်ရန် ပစ်မှတ်ထားသော စစ်ဆင်ရေးများကို ဆက်တိုက် လုပ် ဆောင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ကာကွယ်ကာ ပြတ်ပြတ်သားသား တားဆီးပိတ်ပင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရသည်။
ထိုင်ဝမ်မှာ ဘာရပ်တည်သလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့လဲ
************************************************
“အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ တရုတ်တစ်ပြည်တည်းမူဝါဒ (One China) ကို ဆက်လက် လက်ခံနေဆဲ ဖြစ်ကြောင်း” ဘိုင်ဒန် အစိုးရအဖွဲ့က ပြောကြားခဲ့ပြီး ဖြစ်သည်။
အမေရိကန်သည် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် အသိအမှတ်ပြုသည့် ၁၉၇၀ ပြည့်လွန်နှစ်များက တည်းက အထက်ပါမူဝါဒကို လက်ခံ ထိန်းသိမ်းလာခဲ့သည်။
တရုတ်က ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး မကြာခဏ ခြိမ်းခြောက်လေ့ ရှိသော်လည်း ကျွန်းကို စစ်အင်အားဖြင့် အချိန်မရွေး သိမ်းယူမည်ဟူသော စွပ်စွဲချက်ကိုတော့ ငြင်းဆိုထားသည်။
ထို့အပြင် ပလိုစီ၏ ခရီးစဉ်နှင့်ပတ်သက်၍ ဘိုင်ဒန်က သတိကြီးကြီးထားပြီး ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် ပလိုစီ၏ လှုပ်ရှားမှု များအပေါ် အတိအလင်း ဆန့်ကျင်ခြင်းလည်း မရှိပေ။
သွားရေး/မသွားရေး ဆုံးဖြတ်ရန်မှာ သူမအပေါ်တွင်သာ မူတည်သည်ဟု ပလိုစီ၏ ခရီးစဉ် မတိုင်မီတွင် အမေရိကန်အစိုးရက ပြောကြားခဲ့သည်။
ဩဂုတ်လ ၁ ရက်တွင် အမေရိကန်စစ်တပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် ၎င်း၏ လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် တပ်ဖွဲ့တို့သည် ဖိလစ်ပိုင် ပင်လယ်ထဲတွင် ရှိနေခဲ့ကြောင်း The Independent သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘော USS Ronald Reagan (Reuters)
ပလိုစီခရီးစဉ်မှာ ထိုင်ဝမ်ကို ဘာတွေပြောခဲ့လဲ
*********************************************
“အမေရိကန်-တိုင်ပေ ထာဝရချစ်ကြည်ရေး” ဟူ၍ ပလိုစီကို ကြိုဆိုသည့် မက်ဆေ့ချ်ကို လေဆိပ်ရှိ အထင်ကရ တိုင်ပေ 101 မိုးမျှော်တိုက်တွင် ပြသခဲ့သည်။ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီကို လက်ခံ တွေ့ဆုံခဲ့သည်။
ထို့နောက် ဩဂုတ် ၃ ရက်တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ပလိုစီ နှင့် သူမ၏ ကိုယ်စားလှယ်အဖွဲ့အား သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့ရာ ပလိုစီက “ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို တည်တံ့စေရန်အတွက် လိုအပ်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Source: India Today
(အိန္ဒိယတူဒေးသတင်းဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Shreyasi Jha ရေးသားလွှင့်တင်ထားသော သတင်းဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်)
- By CNI
- Category: Watch TV
- Hits: 749
- By CNI News
- Category: နိုင်ငံရေး
- Hits: 1424
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၄
တိုင်းရင်းသားများ အနေဖြင့် မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်လာရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယနေ့ (သြဂုတ် ၄ ရက်) ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးစဉ် ၎င်းက အထက်ပါ အတိုင်းပြောခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌက “ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမို ပါဝင်လာရမည်”ဟု ပြောသည်။
ထို့နောက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးသွား မည်ဖြစ်ပြေီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း ၎င်းက ဆက် ပြောသည်။
SSPP ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နဲ့ နစက တွေ့ဆုံစဉ်
ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များကို နစကဥက္ကဋ္ဌက SSPP ကိုယ်စား လှယ်များအား ရှင်းပြ၍ ဆွေးနွေးခဲ့သည်။
SSPP မှ ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းက “ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပေးခဲ့ သည့်အတွက် အထူးဝမ်းမြောက်မိပြီး ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုများ တွင် တက်ကြွစွာဖြင့် ဆက်လက်ပါဝင်သွားမည်”ဟု ပြောသည်။
ထို့နောက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး စသည့်ကိစ္စရပ်များကို SSPP ဘက်က ပြန်လည် ဆွေးနွေးခဲ့သည်။
SSPP ဒုဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်သည် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်သူ (Guardian) အဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းရင်းသား အဖွဲ့များအနေဖြင့်လည်း ဒီမိုကရေစီနှင့်ဖက်ဒရယ် အခွင့်အရေးကို ရရှိရန်အတွက် တရားဥပဒေနှင့်အညီ၊ စည်းကမ်းနှင့် အညီ၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်လိုသည့် အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် SSPP ကိုယ်စားလှယ်အဖွဲ့နှင့် နစက၏ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။
SSPP သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral)ထိုးထားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ကိုတော့ မထိုးနိုင်သေးသော ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ် သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 2858
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၄
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယနေ့ (သြဂုတ် ၄ ရက်) တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
SSPP ကိုယ်စားလှယ်အဖွဲ့ကို ဒုဥက္ကဋ္ဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်သူ စဝ်ခေးတိုင်း ဦးဆောင်ပြီး ဒုဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ ဗဟိုကော်မတီဝင် စိုင်းနော်လိတ်၊ စိုင်းဖုန်းဟန်တို့ ပါဝင်ကြပြီး သြဂုတ် ၃ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့သည်။
ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် SSPP ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။
SSPP ကိုယ်စားလှယ်အဖွဲ့နှင့် နစက ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်က တွေ့ဆုံစဉ်
ယနေ့ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးက မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့ ပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့နှင့် သြဂုတ် ၅ ရက်တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် SSPP ကြား ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း သုံးခုကို တပ်မတော်က နောက်ဆုတ်ခိုင်းခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုများဖြင့် ရင်ဆိုင်နေကြရသည်။
ထိုသို့ စစ်ရေးတင်းမာမှုများကြားမှာပဲ ယခုတွေ့ဆုံ ဆွေးနွေးရေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
တပ်မတော်က နောက်ဆုတ်ခိုင်းသည့် SSPP တပ်စခန်း သုံးခု အခြေပြမြေပုံ
SSPP အဖွဲ့သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သော အချိန်က တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက တစ်ဖွဲ့ ဖြစ်သည်။
တခြားသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့သည် ၂၀၂၂ ခုနှစ်၊ မေလ ၂၀ ရက်မှ ဇူလိုင် ၇ ရက်နေ့အတွင်း နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သည်။
Page 82 of 138
