CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
သီရိလင်္ကာ သမ္မတ ဝီကရီမီဆင် (AP)

အမျိုးသားအစိုးရတစ်ရပ်ဖွဲ့ဖို့ နိုင်ငံရေးပါတီများကို သီရိလင်္ကာသမ္မတ ကမ်းလှမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1182

CNI International News

ကိုလံဘို၊ ဇူလိုင် ၃၀

အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းမှ ပြန်လည် နာလန်ထူလာအောင် ပါတီပေါင်းစုံ ပါဝင်သည့် အမျိုးသားအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် သီရိလင်္ကာသမ္မတ ရာနေးလ်ဝီကရီမီဆင်က လွှတ်တော်အမတ်များထံ စာတစ်စောင် ရေးသားပေးပို့၍ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းစာ၏ ဝက်ဘ်ဆိုက်က ဖော်ပြသည်။

“အစိုးရသည် ယနေ့ ရင်ဆိုင်နေရသော စီးပွားရေး အကျပ်အတည်းကြောင့် ဖန်တီးထားသော နိုင်ငံရေးနှင့် လူမှုရေး မငြိမ်သက် မှုများမှ တဖြည်းဖြည်းချင်း ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေပါသည်” ဟု ဝီကရီမီဆင်က ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ သော စာထဲ၌ ပြောကြားထားသည်။

“စနစ်ကျနတဲ့ စီးပွားရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည် ဖော်ဖို့အတွက် လိုအပ်တဲ့ ကနဦး စီမံချက်တွေကို ရေးဆွဲနေ ပါတယ်။ စီးပွားရေး တည်ငြိမ်စေဖို့ ပဏာမ အစီအမံတွေလည်း ဆောင်ရွက်နေပါတယ်” ဟု ၎င်း၏စာထဲတွင် ဆက်လက် ပြောကြားထားသည်။

လွှတ်တော်၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ပါဝင်ပံ့ပိုးမှုဖြင့်သာ အဆိုပါ အစီအစဉ်တစ်ရပ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ဝီကရီမီဆင်က ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ဖွဲစည်းပုံအခြေခံဥပဒေကို ၁၉ ကြိမ်မြောက် ပြင်ဆင်ချက် ပြန်လည် စတင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေး ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေရန် ၎င်းက အဆိုပြုကမ်းလှမ်းခဲ့သည်။

သီရိလင်္ကာ ဆန္ဒပြ ပြည်သူများ

အခြေခံဥပဒေ၏ ပုဒ်မ ၁၉ (က) အရ ၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့သော လွှတ်တော်ကို အုပ်ချုပ်သူ သမ္မတထက်ပို၍ အခွင့် အာဏာ ပေးထားသဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားခဲ့သည်။

ဝီကရီမီဆင်သည် ၂၀၁၅ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ကြိမ်မြောက် ပြင်ဆင်ရေးအတွက် အဓိက ဦးဆောင်ခဲ့ရသူ ဖြစ် သည်။ သို့သော် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ သမ္မတရွေးကောက်ပွဲ ကျင်းပသည့်အခါ ဂိုတာဘာယာ ရာဂျာပက်ဆာ အနိုင်ရ ခဲ့ပြီးနောက် အဆိုပါ ပုဒ်မ ၁၉ (က) ကို ဖျက်သိမ်းခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင် ရာထူးမှ အဖယ်ရှားခံရသော သမ္မတ ရာဂျာပက်ဆာ၏ သီရိလင်္ကာ ပိုဒူဂျာနားပီရာမူနာ (SLPP) ပါတီကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်များက သမ္မတသစ်အဖြစ် ဝီကရီမီဆင်ကို တညီတညွတ်တည်း (ကြားကာလ)အတွက် ရွေးချယ် တင်မြှောက်ခဲ့ကြသည်။

ဇူလိုင် ၂၉ ရက်တွင် အစိုးရအဖွဲ့ အတွင်း၌ SLPP ပါတီမှ မဟုတ်သည့် လွှတ်တော်အမတ်ဆို၍ နှစ်ဦးသာ ရှိသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့(ကက်ဘိနက်)ကို အဖွဲ့ဝင်အင်အား ၃၀ အထိ တိုးမြှင့်နိုင်သည်။

အသက် ၇၃ နှစ်အရွယ်ရှိ သမ္မတဟောင်း ရာဂျာပက်ဆာသည် ယခုလအတွင်း လူထုဆန္ဒပြပွဲများကြောင့် မော်လ်ဒိုက် ကျွန်း နိုင်ငံသို့ ဦးစွာ ထွက်ပြေးခဲ့ပြီးနောက် ထိုမှတဆင့် စင်ကာပူနိုင်ငံသို့ ဆက်လက် ရှောင်တိမ်းသွားခဲ့သည်။

ယခု ဝီကရီမီဆင်ကို ရာဂျာပက်ဆာ၏ လက်ကျန် သမ္မတရာထူး သက်တမ်းအတွက် အစားထိုး ခန့်အပ်ရခြင်း ဖြစ်ကြောင်း ဟိန္ဒူစတန်တိုင်းမ်က ရေးသားဖော်ပြထားသည်။

Source: Hindustan Times

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ဝဲ)နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့(ယာ)တို့ကို တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

ထိန်းသိမ်းခံရသော နိုင်ငံသားများအကြောင်း ဘလင်ကင်နှင့် လာဗရော့တို့ ဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1681

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃၀

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ဇူလိုင် ၂၉ ရက်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ (Sergei Lavrov) ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ရုရှားထိန်းသိမ်းထားသည့် အမေရိကန် လူမျိုး ၂ ဦးပြန်လွှတ်ပေးဖို့ ဆွေးနွေးခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

ထို့နောက် အမေရိကန် လူမျိုးနှစ်ဦးကို ပြန်လွှတ်ပေးရန်အတွက် ဝါရှင်ဘန်ဘက်မှ တင်ပြထားသည့် အလေး အနက် အဆိုပြုချက်တစ်ရပ်ကို လက်ခံပေးဖို့ ကရင်မလင် သမ္မတနန်းတော်အား ဘလင်ကင်က တိုက်တွန်းခဲ့ သည်။

ယူကရိန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်၌ ရုရှား စတင်ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ၎င်းတို့ ဆက်သွယ်ဆွေးနွေးမှုအတွက် နှစ်နိုင်ငံ ထိပ်တန်းသံတမန်နှစ်ဦးအနေဖြင့် ၎င်းတို့၏ လက်ရှိရာထူးများကို စွဲကိုင်ခဲ့ ကြကြောင်း ဘလင်ကင်၏ ဖုန်းခေါ်ဆိုမှုမှတ်တမ်းနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရ သည်။

“ကျနော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ တိုက်ရိုက်စကားပြောခဲ့ကြပါတယ်။ ပေါ်လ်ဝှီလန် (Paul Whelan) နဲ့ ဘရစ်နေး ဂရင်နာ (Brittney Griner) တို့ကို ပြန်လွှတ်ပေးဖို့ ကျနော်တို့အလေးအနက် အဆိုပြုတာကို လက်ခံပေးဖို့ ကရင်မလင်ကို တောင်းဆိုခဲ့ပါတယ်” ဟု ဘလင်ကင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပြုထားသော အကျဉ်းသားလဲလှယ်ရေးကိစ္စတွင် လူသတ်မှုရာဇဝတ်သားဖြစ်သူ ဗာဒင်းခရာစီကော့ဗ် (Vadim Krasikov) ကို ရုရှားက ထည့်သွင်းရန် ကြိုးစားခဲ့ကြောင်း ဝန်ကြီးနှစ်ဦး ဆွေးနွေးမှုနှင့် နီးစပ်သော သတင်းရင်းမြစ် တစ်ခုထံမှ ထွက်ပေါ်လာခဲ့သည်။ အမေရိကန်တို့ ဖမ်းဆီးခဲ့သော ရုရှားရာဇဝတ်သား ဗာဒင်းခရာစီကော့ဗ်ကို ဂျာမနီတွင် ချုပ်နှောင်ထားပြီး အခြားအကြောင်းတစ်ခုကြောင့် အမေရိကန်အစိုးရက ၎င်းကို အလေးအနက် မထား ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က CNN သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

ရုရှားဘက်မှ ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသားပေါ်လ်ဝီလန်နှင့် ဘရစ်တနေးဂရိုင်နာတို့ကို တွေ့ရစဉ်(ဓါတ်ပုံ- အေပီ)

အသေးစိတ်အချက်အလက်များကို ဆက်လက်မေးမြန်းသော်လည်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီက ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

“တတိယနိုင်ငံတစ်နိုင်ငံမှာ ချုပ်နှောင်ထားတဲ့ ရုရှားရာဇဝတ်သားလွတ်မြောက်ရေးအတွက် မတရားသဖြင့် ဓါးစာခံ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို လွှတ်ပေးမယ်ဆိုတာ နည်းနည်းနောနော ကမ်းလှမ်းမှုတော့ မဟုတ်ဘူး။လက်ခံနိုင်စရာဖြစ်စေမယ့် စားပွဲဝိုင်းပေါ်မှာ ကမ်းလှမ်းလာတဲ့ သဘောတူညီချက်ကို ရုရှားက ရှောင်မယ်ဆိုရင်တော့ အမှားကြီးမှားတဲ့ကြိုးပမ်းမှုဖြစ်လိမ့်မယ်” ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူ အေဒရီယံဝပ်ဆင် (Adrienne Watson) က ပြောကြားခဲ့သည်။

ဘလင်ကင်နှင့်လာဗရော့ ဖုန်းခေါ်ဆိုမှုကြာမြင့်ချိန်မှာ ၂၅ မိနစ်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ ဝေဖန် အပြစ်တင်ခြင်းမပါဝင်ဘဲ အလုပ်သဘောအရ ပြောကြဆိုကြကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေးအတွက် နှစ်ဘက်စလုံးအနေဖြင့် တိတ်ဆိတ်သော သံခင်းတမန်ခင်း ဆီသို့ ပြန်သွားကြရန် လာဗရော့က ဘလင်ကင်ကို အကြံပြု ပြောကြားခဲ့သည်။

“အကျဉ်းချခံထားရတဲ့ ရုရှားနဲ့အမေရိကန် နိုင်ငံသားတွေကို အပြန်အလှန်လဲလှယ်ဖို့အတွက် ရုရှားက ဒါကို သံတမန်ကျွမ်းကျင်မှုနည်းလမ်းနဲ့ ကိုင်တွယ်ခဲ့ပါတယ်။ မရေရာတဲ့အချက်အလက်တွေအစား တိတ်ဆိတ်တဲ့ သံခင်းတမန်ခင်းကို ပြန်သွားဖို့ အလေးအနက် အကြံပြုခဲ့ပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ဦးသန်းစိုးနိုင်၊ နစက ၊ ကိုဂျင်မီတို့ လေးဦးတို့ကို တွေ့ရစဉ်

နစကပြောသည့် နိုင်ငံရေးထွက်ပေါက် ပေးထားသည်ကို မစဉ်းစားတော့ဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1785

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၀

ကိုဂျင်မီတို့ လေးဦးအား ကွပ်မျက်လိုက်ပြီးနောက်ပိုင်း နစကဥက္ကဋ္ဌပြောသည့် ဒီမိုကရေစီဆန်သော နိုင်ငံရေးထွက်ပေါက် များကို ခွင့်ပြုပေးထားသည်ဆိုသော စကားအား တော်လှန်ရေးအင်အားစုများက မစဉ်းစားတော့ဘူးဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သို့ ပြောသည်။

မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီဆန်သည့် နိုင်ငံရေး ထွက်ပေါက်များ ခွင့်ပြုပေးထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၂၉ ရက်တွင် ကျင်းပသည့် နစက၏ အစည်းအဝေးမှာ ပြောသွားခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အခု ကျနော်တို့ ကိုဂျင်မီတို့ လေးယောက်ကို ကြိုးပေးကွပ်မျက်ပြီးနောက် ပိုင်းမှာ လူထုနဲ့ စကစ နဲ့အတိုက်အခံလုပ်နေတဲ့ နိုင်ငံရေး အင်အားစုတွေ သဘောထားက အရင်တုန်းက သွေးကြွေးမှာဟာ ဆွေးနွေးစရာ မရှိဘူးဆိုတာ သဘောထားကို ဒီနေ့က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချပြီးဖြစ်တဲ့အတွက် စစ်ကောင်စီ ရဲ့ နိုင်ငံရေးထွက်ပေါက်တို့၊ ရွေးကောက်ပွဲတို့ ဆိုတဲ့ ကိစ္စတွေအပေါ်မှာ အဲဒီအင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေက မစဉ်းစားတော့ တဲ့ အချိန်အနေ အချိန်အခါကို ရောက်လာပြီးလို့ပဲ ကျနော်ကတော့ သုံးသပ်ချင်တယ်”ဟု CNI သို့ ပြောသည်။

 နစက အစည်းအဝေး ကျင်းပနေစဉ်

နိုင်ငံရေးထွက်ပေါက်ပေးသည့်အနေဖြင့် ပါတီညီလာခံများ၊ အစည်းအဝေးများ၊ ပါတီ အချင်းချင်း တွေ့ဆုံပွဲများကို ခွင့်ပြုပေး ထားသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။ သို့သော် မည်သည့် အခြေအနေကို ရည်ညွန်းကြောင်း နစကဥက္ကဋ္ဌက ပြောမထားပေ။

သို့သော် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ မွန်ညီညွတ်ရေးပါတီ(MUP) ပါတီညီလာခံ ကျင်းပခဲ့သလို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)လည်း ပါတီညီလာခံ ကျင်းပခဲ့သည်။

SNLD ပါတီ ညီလာခံ ကျင်းပနေစဉ်

နစကဥက္ကဋ္ဌက “ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ဖြစ်ပေါ် ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက်ပေါက်များ ပေးထားကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ ဖြစ်ပေါ်အောင် ဆောင်ရွက်မှုများမှလွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီ အချင်းချင်း တွေ့ဆုံပွဲများကို ခွင့်ပြုပေးထားကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များ ခွင့်ပြုပေးထားတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းဖြစ်နေပြီး လက်နက်ကိုင် ပဋိပက္ခများ နိုင်ငံအဝှမ်း ဖြစ်ပွားကာ နေရပ်စွန့် ခွာ ထွက်ပြေးနေရသူ ၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းမှ ရုရှားတို့ ခိုးထုတ်လာသော ဂျုံစပါးသင်္ဘော လက်ဘနွန်သို့ ဆိုက်ကပ်

By CNI
CNI
Category: Watch TV
Hits: 785

Share
Tweet
Share
Share
powered by social2s

ဂီနိ၌ စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွား၊ လူသေဆုံးမှုရှိ

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များ ပေးထားဟု နစကဥက္ကဋ္ဌပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1971

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး ဒီမိုကရေစီဆန်သည့် နိုင်ငံရေး ထွက်ပေါက်များ ခွင့်ပြုပေးထားကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (ဇူလိုင် ၂၉ ရက်)တွင် ကျင်းပသည့် နစက၏ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နစကဥက္ကဋ္ဌက “ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကြောင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက်ပေါက်များ ပေးထား ကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ ဖြစ်ပေါ်အောင် ဆောင်ရွက်မှုများမှလွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီ အချင်းချင်း တွေ့ဆုံပွဲများကို ခွင့်ပြုပေးထားကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များ ခွင့်ပြုပေးထားတယ်” ဟု ပြောသည်။

နိုင်ငံရေးထွက်ပေါက်ပေးသည့်အနေဖြင့် ပါတီညီလာခံများ၊ အစည်းအဝေးများ၊ ပါတီ အချင်းချင်း တွေ့ဆုံပွဲများကို ခွင့်ပြုပေး ထားသည်ဆိုသည်မှာ မည်သည့် အခြေအနေကို ရည်ညွန်းကြောင်း နစကဥက္ကဋ္ဌက ပြောမထားပေ။

မွန်ညီညွတ်ရေးပါတီ(MUP) ပါတီညီလာခံ ကျင်းပစဉ်

သို့သော် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ မွန်ညီညွတ်ရေးပါတီ(MUP) ပါတီညီလာခံ ကျင်းပခဲ့သလို ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်မှ ၂၇ ရက်အထိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)လည်း ပါတီညီလာခံ ကျင်းပခဲ့ သည်။

ထို့နောက် ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း၍ အများ၏ သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ယင်းသည် ဒီမိုကရေစီယဉ်ကျေးမှုဟု ဆိုနိုင်ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေး ယဉ်ကျေးမှုများ ပျက်စီး သွားပါက နိုင်ငံ၏ တည်ငြိမ်မှုပျက်ပြားသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေး အခြေအနေများသည် ရှိနေသည့် နိုင်ငံရေး ထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တွေ့ရှိရ ကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ မိမိတို့ တာဝန်ယူ ဆောင်ရွက်ချိန် တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၌ မိမိတို့ကို ဘေးဖယ်ရန် ကြိုးပမ်းခဲ့မှုများရှိကြောင်း၊ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ်၌ လျှောက်လှမ်းချိန်တွင် အချို့နိုင်ငံကြီးများက ၎င်းတို့အလိုကျ ဆောင်ရွက်နိုင်မည့်သူများကို မြန်မာ့နိုင်ငံရေး ၏ အရေးပါသည့် နေရာများတွင် ပါဝင်နိုင်ရေး အချိန်ယူစိမ့်ဝင်၍ ရည်ရွယ်ချက် ရှိရှိကြံစည် လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိ ရကြောင်း၊ ၎င်းတို့လိုလားသည့်သူများ နိုင်ငံရေးစင်မြင့်ပေါ်တွင် တည်မြဲစေရေး ငွေအား၊ လူအားနှင့် အကြံပေးများဖြင့် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကူအညီများပေးရာတွင်လည်း အရောင်အသွေးများ ဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ကို ယခုအချိန်တွင် သိရှိရကြောင်း၊  မိမိတို့ နိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ် တွင် ၎င်းတို့လိုလားသည့်သူများ မရှိတော့သည့် အချိန်တွင် ကူညီမှုများ အကြောင်းအမျိုးမျိုးပြ၍ ရပ်တန့်သွားခဲ့တယ်”ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီညီလာခံကျင်းပစဉ်

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများ အသိအမှတ်ပြုထားသည့် ဥပဒေဖြစ်ပြီး မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု၍ မိမိတို့အပေါ်တွင် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရကြောင်း၊ အလားတူ နိုင်ငံတကာ ဆက်ဆံရေးများတွင်လည်း မိမိတို့နိုင်ငံ၏ ပကတိ အရှိ တရားကို မျက်ကွယ်ပြု၍ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

မိမိတို့၏ နိုင်ငံရေး ဦးတည်ချက်တွင် နိုင်ငံရေး ထွက်ပေါက်များပေးထားပြီး အဆိုပါ နိုင်ငံရေးထွက်ပေါက်များကို အသုံးချ၍ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို လေ့လာကြည့်ပါက ရွေးကောက်ပွဲများကို မြို့နယ်များအားလုံးတွင် အပြည့်အဝ မပြုလုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရလဒ်များကို တိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ဆောင်ရွက်နေသည့် အခြေခံအချက်များ အခြေခိုင်မာစေရေး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌ ပြောသည်။

 

Share
Tweet
Share
Share
powered by social2s

မီးဖြင့်ကစားသလို ထိုင်ဝမ်ကို မပြုရန် ဘိုင်ဒန်ကို ရှီကျင့်ဖျင်သတိပေး

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် NUG ယာယီသမ္မတပြော

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
NUG ယာယီသမ္မတ ဒူဝါလရှီးလ

နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် NUG ယာယီသမ္မတပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1804

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၉

နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

နစက၏ နိုင်ငံရေး ထွက်ပေါက်အဖြစ် ကြိုးစားနေသည့် ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်း လုံးဝမပြုလုပ်ရန် နိုင်ငံရေးပါတီများအား တိုက်တွန်းကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ၏ အရေးပေါ်နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက “နောက်ဆုံးအနေအဖြင့် နိုင်ငံရေးပါတီများကို အထူးပန်ကြားလိုသည်မှာ မင်းအောင်လှိုင် နဲ့ စစ်အုပ်စု၏ နိုင်ငံရေး ထွက်ပေါက်အဖြစ် ကြိုးပမ်းနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို အားဖြည့်ပါဝင်ခြင်း လုံးဝမပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

ရွေးကောက်ပွဲမှာ ငြိမ်းချမ်းစွာ အဖြေရှာနည်း တစ်ခုဖြစ်ကြောင်း၊ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း PNO မှ အတွင်းရေးမှူး - ၂ ခွန်ထွန်းရွှေက CNI သို့ ပြောသည်။

ခွန်ထွန်းရွှေက “ကျနော်တို့က ပအိုဝ်း PNO ကတော့ ငြိမ်းချမ်းစွာ အဖြေရှာတဲ့ နည်းနဲ့ပဲ ကျနော်တို့ သွားမှာပေါ့။ သွားတယ်ဆို တော့ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ အဖြေရှာနည်း တစ်ခုပဲပေါ့။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲ လုပ်မှပဲ ကျနော်တို့ ပြည်သူ တွေ အရင်ကလို ဖြည်းဖြည်းချင်း ပါဝင်လာနိုင်တာပေ့ါ။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် အမြန်ဆုံး ရသွားရင်တော့ ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ပေး၊ ရွေးကောက်ပွဲကနေ လူထုအစိုးရတစ်ရပ် ဖြစ်ပေါ်အောင် ပြန်လုပ်ပေး၊ အဲဒါ မှ တပ်က ခွာလို့ရမှာလေ။ ဟုတ်ပါတယ်ဗျ။ တကယ်လို့ ရွေးကောက်ပွဲ လုပ်ရင်တော့ နိုင်ငံတော်ရဲ့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲကိုတော့ ကျနော်တို့ ယှဉ်ပြိုင်သွားမှာပါခင်ဗျ” ဟု ပြောသည်။

 ရခိုင်အမျိုးသားပါတီ(ANP)

ထို့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအရ ရွေးကောက်ပွဲတွင် အနည်းဆုံး ၃ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိပါက ပါတီရပ်တည်ပိုင်ခွင့် ပယ်ဖျက်ခံရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သို့ ပြောသည်။

ဦးထွန်းအောင်ကျော်က “ဒါကတော့ ကျနော်တို့က ဥပဒေအမြင်နဲ့ပဲ ပြောလိုပါတယ်ခင်ဗျ။ ကျနော်တို့မှာ အစိုးရရဲ့ အဆက်ဆက် ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေဆိုတာ ရှိပါတယ်။ အဲဒီနိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေမှာ နိုင်ငံရေး ပါတီတစ်ရပ်ဟာ ဥပဒေအရ မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီ ထူထောင်တယ် ဆိုလို့ရှိရင် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် နေရာ ၃ နေရာကတော့ ပါဝင်ယှဉ်ပြိုင်ရပါလိမ့်မယ်၊ အဲဒီလို မယှဉ်ပြိုင်ဘူး။ နေရာ ၃ နေရာလည်း ရွေးကောက်ပွဲမှာ မပါဝင်ဘူး ဆိုလို့ရှိရင် အဲဒီနိုင်ငံရေးပါတီကို နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအရ နိုင်ငံရေးပါတီများ ရပ်တည် ပိုင်ခွင့်မှ ပယ်ဖျက်ခြင်း ခံရပါလိမ့်မယ်ခင်ဗျ၊ အဲဒီဥပဒေတစ်ခုတော့ ရှိပါတယ်” ဟု ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌမှ ပြောကြားထားသည်။

မွန်ညီညွတ်ရေးပါတီ

မိမိတို့ မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ မဝင်ပါက ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရှိပါက ဝင်ပြိုင်ရမည့် အနေအထားတွင် ရှိနေကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သို့ ပြောသည်။

နိုင်သန်းရွှေက “အဓိကက ကျနော်တို့က အရင်က ပြောသွားသလိုပေါ့။ ကျနော်တို့က ဒီပြည်တွင်းမှာ ရှိတဲ့ တရားဝင် နိုင်ငံရေး ပါတီ မှတ်ပုံတင် ထားတယ်ဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲ မဝင်လို့ရှိရင် ကျနော်တို့ ပါတီ ဖျက်သိမ်းခံရမယ်လေ။ အဲဒါကို ကျနော်တို့ပါတီ ရပ်တည်ဖို့ အတွက်ကတော့ ဒီရွေးကောက်ပွဲ ရှိရင်တော့ ဘယ်သူပဲ ကျင်းပ ကျင်းပပေါ့နော်၊ ရွေးကောက်ပွဲ ရှိရင်တော့ ကျနော်တို့က ဝင်ရမယ့် အနေအထားတော့ ရှိတယ်ပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တရားဝင် ရပ်တည်ပိုင်ခွင့် ရရှိသည့် နိုင်ငံရေးပါတီ (၉၂) ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂီနိနိုင်ငံ Conakry တွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဂီနိမြို့၌ စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြမှုများဖြစ်ပွား၊ လူသေဆုံးမှုရှိ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1751

CNI International News

ကွန်နာကရီ၊ ဇူလိုင် ၂၉

ဂီနိနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဆန့်ကျင်ကန့်ကွက်မှုနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်ရောက်စေရေး တောင်းဆိုသည့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ ရုန်းရင်းဆန်ခတ်ဖြစ်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဆန္ဒပြပွဲ စီစဉ်သူများက ပြောကြားခဲ့သည်။

ကွန်နာကရီမြို့တော်၏ဆင်ခြေဖုံးရပ်ကွက်တွင် ဇူလိုင် ၂၈ ရက် ဆန္ဒပြပွဲများအတွင်း ပစ်ခတ်မှုများရှိခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး ဆန္ဒပြသူအများအပြား ဒဏ်ရာရသွားခဲ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကာကွယ်ရေး အမျိုးသားတပ်ဦး (FNDC) က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်၏ တဖက်သတ်စီမံခန့်ခွဲမှုကို FNDC က ရှုတ်ချရန်အတွက် ပြီးခဲ့သည့် သီတင်းပတ်၌ ဆန္ဒပြပွဲများ စတင်စီစဉ်ခဲ့သည်။ အဆိုပါအဖွဲ့သည် ပြည်တွင်း၌ ဩဇာကြီးမားသော နိုင်ငံရေး ညွန့်ပေါင်းအဖွဲ့ဖြစ်သည်။

၎င်းညွန့်ပေါင်းအဖွဲ့က ဒီမိုကရက်တစ်ပါတီနှင့် အခြားအသင်းအဖွဲ့များကိုလည်း ယခုဆန္ဒပြပွဲ၌ ပါဝင်ကြရန် တောင်းဆိုခဲ့သည်။

အာဏာပိုင်များက ဆန္ဒပြပွဲကို ဟန့်တားရှင်းလင်းခဲ့ပြီး လူသေဆုံးမှု ရှိ/မရှိ အတည်ပြုကြေညာခြင်းမရှိသေးပေ။

ဆန္ဒပြသူများက ဂီနိနိုင်ငံရှိ မြို့တော်လမ်းမကြီးများကိုပိတ်၍ ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

ဇူလိုင် ၂၈ ရက် ဆန္ဒပြပွဲကို စီစဉ်သူများအား ဥပဒေအရ ချက်ချင်းအရေးယူရန် အာဏာပိုင်များက အမိန့်ပေးခဲ့ သည်။

အသွင်ကူးပြောင်းရေးဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ဖို့ ယုံကြည်ရသည့်ဆွေးနွေးမှုများ စတင်ရန် မိမိတို့ တိုက်တွန်းသော်လည်း စစ်တပ်ခေါင်းဆောင်များက ငြင်းဆန်နေကြကြောင်း FNDC က စွပ်စွဲခဲ့သည်။

ဗိုလ်မှူးကြီး မာမာဒီဒွန်ဘွာယာ (Mamady Doumbouya) က ယမန်နှစ်အောက်တိုဘာလတွင် ယာယီသမ္မတ အဖြစ် ကျမ်းကျိန်ခဲ့သော်လည်း ၎င်းကို သမ္မတဟောင်း အယ်လ်ဖာကွန်ဒီမှ အာဏာသိမ်းသည့်လုပ်ရပ်ကြောင့် လူထုဒေါသများ ပုံကျခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခြင်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း၊ ရွေးကောက်ပွဲကျင်းပပုံနည်းစနစ် ပြောင်းလဲခြင်းနှင့် လွတ်လပ်၍ စိတ်ချရပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲကျင်းပပေးရေးမှာ မိမိ၏ အုပ်ချုပ်ရေးတာဝန်ဖြစ်ကြောင်း မာမာဒီက ပြောကြားခဲ့သည်။

အာဖရိကစီးပွားရေးအသိုက်အဝန်းဖြစ်သည့် ECOWAS အဖွဲ့ ဥက္ကဋ္ဌ အူမာရိုစစ္စကိုအမ်ဘယ်လို (Umaro Sissoco Embalo) ကတော့ ဂီနိနိုင်ငံ၏ စစ်တပ်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံးပြန်တက်ရန် မကြာ သေးမီက မိမိတို့စည်းရုံးဆွဲဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-အေပီ)

မီးဖြင့်ကစားသလို ထိုင်ဝမ်ကို မပြုရန် ဘိုင်ဒန်ကို ရှီကျင့်ဖျင်သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 2860

CNI International News

ဘေဂျင်း၊ ဇူလိုင် ၂၉

ထိုင်ဝမ်အရေးနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာနေချိန်၌ အဆိုပါကျွန်းအပေါ် မီးဖြင့်ကစားသလို မပြုမူရန် တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ခေါင်းဆောင်နှစ်ဦးတို့ ပဉ္စမအကြိမ်မြောက် အွန်လိုင်းမှ တွေ့ဆုံခဲ့ကြရာတွင် ရှီက ယင်းကဲ့သို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာသင့်ကြောင်း၊ တရုတ်သည် ထိုင်ဝမ်လွတ်လပ်ရေးနှင့် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ပါကြောင်း ရှီက ဘိုင်ဒန်ကို အလေးပေးပြောကြားခဲ့သည်ဟု တရုတ်အစိုးရမီဒီယာက ထုတ်လွှင့်ခဲ့သည်။

“မီးနဲ့ကစားတဲ့သူတွေပဲ မီးလောင်ခံရမှာ။ အမေရိကန်ဘက်က ဒါကို ရှင်းရှင်းလင်းလင်း မြင်မယ်လို့ ကျနော်တို့ မျှော်လင့်မိပါတယ်” ဟု ရှီက ဘိုင်ဒန်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဘိုင်ဒန်ကလည်း အမေရိကန်၏မူဝါဒ အပြောင်းအလဲမရှိကြောင်း ရှီကို အသိပေးခဲ့သည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ဝါရှင်တန်သည် ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိခိုက်စေမည့် တဖက်သတ်ကြိုးပမ်းမှုများကို အတိအလင်းကန့်ကွက်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-အေပီ)

ယခု ဆွေးနွေးမှုအပြီး ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက “ယခုကဲ့သို့ ပံ့ပိုးကူညီမှုအတွက် ဘိုင်ဒန်ကို ကျေးဇူးတင် ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှု ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဆိုင်မှုများ ကြီးထွားနေပြီး လူ့အခွင့်အရေး၊ ကမ္ဘာ့ကျန်းမာရေးနှင့် စီးပွားရေးမူဝါဒတို့အပေါ် နှစ်နိုင်ငံအကြား တင်းမာနေချိန်၌ ဘိုင်ဒန်နှင့်ရှီတို့၏ နှစ်နာရီကျော်ကြာ ဆက်သွယ်ဆွေးနွေးမှု ပေါ်ပေါက်လာခဲ့ သည်။

မကြာသေးမီက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) ၏ ထိုင်ဝမ်သို့ လာမည့် အလားအလာအပေါ် ဘေဂျင်းအစိုးရက ပြင်းထန်သည့်သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ သူမ၏ခရီးစဉ် သည် ရန်လိုမှုတစ်ခုအဖြစ် ရှုမြင်မည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ထိုင်ဝမ်ကျွန်းသည် အမေရိကန်ထံမှ အလွတ်သဘော အကာအကွယ်ပေးမည့်ကတိကို ရရှိထားသော်လည်း ဘေဂျင်းအနေဖြင့် အဆိုပါကျွန်းကို ၎င်း၏ ပိုင်နက်နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူ ၍ ရည်မှန်းချက်အောင်မြင်စေရန် အင်အားသုံးမည့်ကိစ္စကို စွန့်လွှတ်ခြင်း မရှိပေ။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s

နစက၏ သေဒဏ်စီရင်မှု ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲလုပ်

By CNI
CNI
Category: Watch TV
Hits: 767

Share
Tweet
Share
Share
powered by social2s

အီရတ်ဝန်ကြီးချုပ်သစ် အမည်စာရင်းတင်သွင်းမှု မကျေနပ်သူများ လွှတ်တော်ထဲဝင် ဆန္ဒပြ

By CNI
CNI
Category: Watch TV
Hits: 768

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံသားများပိုင်သည့် အိမ်ခြံမြေများကို မွန်တီနီဂရိုးအစိုးရ သိမ်းဆည်း

By CNI
CNI
Category: Watch TV
Hits: 720

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်/မတက် ဆုံးဖြတ်ထားခြင်းမရှိဟု KIA နှင့် NDAA ပြော

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာနေ၍ နျူထုတ်သုံးမည်ဟု ကင်မ်ဂျုံအန်းခြိမ်းခြောက်

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
  • 81
  • 82
  • 83
  • 84
  • 85
  • 86
  • 87
  • 88
  • 89
  • 90

Page 86 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar