CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဇူလိုင် ၂၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးကြရန် ရှိကြောင်း၊ ထိုင်ဝမ် အရေးနှင့်ပတ်သက်၍ တရုတ်တောင်းဆိုမှုများ၊ ဝါရှင်တန်နှင့် ဘေဂျင်းတို့အကြား တင်းမာမှုအသစ်များ ရှိနေချိန် ၄ လအတွင်း ပထမဆုံး တွေ့ဆုံကြမည်ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားလျက် အေပီ သတင်းတွင် ဖော်ပြထားသည်။

သို့သော် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ဒုတိယမြောက် ထိုင်ဝမ်ကျွန်းသို့ အလည်အပတ် လာရောက် နိုင်ခြေသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ရှုပ်ထွေး၍ တင်းမာစေခဲ့သည်။

တရုတ်က ၎င်း၏ပိုင်နက် တစိတ်တပိုင်းအဖြစ်‌ ပြောကြားထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသို့ နန်စီပလိုစီ သွားရောက် လည်ပတ်ပါက ဘေဂျင်းအစိုးရအနေဖြင့် ပြင်းထန်သော အရေးယူမှုများ လုပ်ဆောင်မည်ဟု သတိပေးထားသည်။

ယခု သမ္မတနှစ်ဦး တွေ့ဆုံမည့် အစီအစဉ် အသေးစိတ်ကို ထုတ်ဖော်ပြောကြားရန် အဆိုပါ အမေရိကန်အရာရှိက ငြင်းဆန်ခဲ့ သည်။ တွေ့ဆုံကြမည့် နေ့ရက်ကိုတော့ Bloomberg မီဒီယာက ဦးစွာ သတင်းဖော်ပြခဲ့သည်။

နန်စီပလိုစီသည် ထိုင်ဝမ်သို့ သွားမည့်အကြောင်း အတည်မပြုသေးသော်လည်း ယခုအချိန်အထိ ထိုကျွန်းသို့ သွားရောက်ရန် စိတ်ကူးမရှိဟု အမေရိကန် စစ်ဘက်အရာရှိများက ယုံကြည်ထားကြောင်း ယခင်သီတင်းပတ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဘိုင်ဒန်က ပြောကြားခဲ့သည်။

 နန်စီပလိုစီကိုတွေ့ရစဉ်

နန်စီပလိုစီ ထိုင်ဝမ်သွားမည့်အကြောင်း ဘိုင်ဒန်၏ မှတ်ချက်စကားသည် ဧပြီလတွင် သွားရောက်ရန် မူလက စီစဉ်ခဲ့သော ခရီးစဉ်ဖြစ်ပြီး ၎င်းထံတွင် Covid-19 ရောဂါပိုး တွေ့ရှိရသဖြင့် ဆိုင်းငံ့ထားခဲ့သည်။

ထိုင်ဝမ်သို့ ၎င်းသွားရောက်ရန် အစီအစဉ် ရှိ/မရှိကိုတော့ ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးအစီအမံအရ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။

သို့သော် ဘိုင်ဒန်၏ မှတ်ချက်စကားမှာ အရင်းခံဖြစ်ကြောင်း နန်စီပလိုစီက ပြောကြားခဲ့သည်။

“ကျနော်တို့လေယာဉ် ပစ်ချခံရမှာ (ဒါမှမဟုတ်) တစ်ခုခုဖြစ်မှာကို စစ်ဘက်အရာရှိတွေက စိုးရိမ်ကြတယ်” ဟု ဘိုင်ဒန်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ရီပက်ဘလီကန်အမတ် နယူးဝပ်ဂျင်ဂရစ်ချ် (Newt Gingrich) အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူစဉ် ၁၉၉၇ ခုနှစ်တွင် ထိုင်ဝမ်သို့ လာရောက်ပြီးနောက်ပိုင်း ယခု နန်စီပလိုစီသည် အဆိုပါကျွန်းသို့ ပထမဆုံး လာရောက်မည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။

“ထိုင်ဝမ်ကို ထောက်ခံကြောင်း ပြသဖို့က ကျမတို့အတွက် အရေးကြီးပါတယ်။ ထိုင်ဝမ်မှာ လွတ်လပ်ရေးရတယ်လို့ ဘယ်သူမှ မပြောဖူးပါဘူး။ အဲဒါက ထိုင်ဝမ်အပေါ်မှာပဲ မူတည်ပါတယ်” ဟု နန်စီပလိုစီက ပြောကြားခဲ့သည်။

Source: AP