CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ သေဒဏ်စီရင်မှု အတည်ပြု၊ ရုပ်အလောင်းများထုတ်ယူခွင့်မရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1726

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုဖြိုးဇေယျာသော်နှင့် ကိုဂျင်မီ အပါအဝင် လေးဦးကို နစက၏ အင်းစိန်အကျဉ်းထောင်ကနေ သေဒဏ် စီရင်လိုက်ကြောင်း၊ ရုပ်အလောင်းများ ထုတ်ယူခွင့်မပြုနိုင်ကြောင်း ထောင်အာဏာပိုင်းများက မိသားစုဝင်များကို ယနေ့ (ဇူလိုင် ၂၅ ရက်) အတည်ပြု ပြောကြားခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူများက ပြောသည်။

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ လေးဦးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်က သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ထို့နောက် သေဒဏ်ကျခံရမည့် အကျဉ်းသား ၄ ဦးအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင့် ယနေ့ (ဇူလိုင် ၂၅ ရက်)တွင် နစက၏ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာများ တွင် ဖော်ပြခဲ့သည်။

အဆိုပါ သေဒဏ်စီရင်မှုသည် ဟုတ်မှန်ကြောင်း မိသားစုဝင်များကို အင်းစိန် အကျဉ်းထောင်ဦးစီးမှ ဒုထောင်မှူးက ယနေ့ (ဇူလိုင် ၂၅ ရက်) အတည်ပြု ပြောကြားခဲ့သည်ဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုပဲ မိသားစုဝင်တွေကို ဒုထောင်မှူးက တွေ့ပြီး ပြောတယ်။ သေဒဏ်ပေးလိုက်တာ မှန်တယ်တဲ့။ သက်ပျောက်ကို ကိုယ့်ဘာသာ အချိန်မှန်းပြီးတော့သာ လုပ်လိုက်ပါတဲ့။ အဲလိုကြီးကမဖြစ်သင့်ဘူးလေ။ ဗုဒ္ဓဘာသာ ထုံးတမ်းဓလေ့အရ အချိန်မှန်းပြီးလုပ်လိုက်ပါဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ရုပ်အလောင်းကိုလည်း ထုတ်မပေးဘူးလို့ ပြောတယ်တဲ့”ဟု ပြောသည်။

နိုင်ငံရေးသမားတစ်ဦးကတော့ သေဒဏ်ပေးမည်ဆိုပါက ယခင်ရှိပြီးသာ သေဒဏ်ချခံထားရသူများကို ကျော်ပြီး ပေးခွင့်မရှိကြောင်း၊ သေဒဏ်မပေးခင် မိသားစုကို ဘယ်နေ့- ဘယ်အချိန်- ဘယ်နေရာမှာ စီရင်မည်ဟု အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်စီရင်ပြီးပါကလည်း ရုပ်အလောင်းကို မိသားစုထံ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း ပြောသည်။

အကျဉ်းထောင်လက်စွဲ ဥပဒေတွင် ခန္ဓာကိုယ်အား နာရီဝက်တွဲလောင်း ရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်၊ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်းမပြုရ၊ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြှုပ်နှံပစ်ရမည်၊ ခန္ဓာကိုယ်အား ဆွေမျိုးများ(သို့)မိတ်ဆွေများမှ တောင်းဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စမရှိလျှင် တံခါးကြီး၏ ပြင်ပသို့ သယ်ဆောင်သွားပြီးနောက် ထိုနေရာ ၎င်းတို့အား ပေးအပ်လိုက်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့သည် နွေဦးတော်လှန်ရေးတွင် ပါဝင်ကာ ဒီမိုကရေစီအရေး ကြိုးပမ်းခဲ့သူများဖြစ်သည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ၎င်းတို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ယခု သေဒဏ် စီရင်ခံခဲ့ရခြင်း ဖြစ်သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးပေးရန် စင်ကာပူထံ လူ့အခွင့်အရေးအဖွဲ့တစ် ဖွဲ့တိုင်ကြား

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s

ရုရှားသိမ်းသွားသည့် နယ်မြေများ ပြန်မရဘဲ အပစ်အခတ်ရပ်စဲရေး မလုပ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: Watch TV
Hits: 801

Share
Tweet
Share
Share
powered by social2s

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ ရုရှားတက်မည်

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ညောင်နှစ်ပင်လိုနေရာမှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲသင့်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: Watch TV
Hits: 761

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ ဒေါ်လာသန်း ၂၇၀ စစ်ရေးအကူအညီထပ်ပေးမည်ဟု အိမ်ဖြူတော်ကြေညာ

By CNI
CNI
Category: Watch TV
Hits: 728

Share
Tweet
Share
Share
powered by social2s
မာလီစစ်ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး အက်စီမီဂိုတာ (AP)

မာလီနိုင်ငံ၏မြို့တော်အနီး အရေးပါသည့်စစ်စခန်းကို ဂျီဟက်ဝါဒီသူပုန်များ တိုက်ခိုက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1929

CNI International News

ဘာမာကို၊ ဇူလိုင် ၂၃

အနောက်အာဖရိက၊ မာလီနိုင်ငံ၊ ဘာမာကိုမြို့တော် အပြင်ဘက်ရှိ ကီတီစစ်စခန်းကို ဂျီဟက်ဝါဒီ သူပုန်များက တိုက်ခိုက် ခဲ့ကြောင်း အာဏာရ စစ်အစိုးရမှ ဇူလိုင် ၂၂ ရက်တွင် အတည်ပြုခဲ့သည်။

ပြည်တွင်း၌ အကြီးဆုံး စစ်စခန်းဖြစ်သော ကီတီသည် ၁၀ စုနှစ် တစ်ခုကျော်ကြာ သူပုန်ထမှုအတွင်း ယခု ပထမဆုံးအကြိမ် အစွန်းရောက် သူပုန်များ၏ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

နံနက် ၅ နာရီခန့်အတွင်း စခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ တင်ထားသည့် ယာဉ်နှစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မာလီစစ်တပ်က သတင်းထုတ်ပြန်သည်။

“မာလီစစ်တပ်သည် ကီတီစခန်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့ရာ ဂျီဟက်သူပုန် ၇ ဦးသေဆုံး၍ ၈ ဦးကို ဖမ်းဆီးထားကြောင်း” အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မာလီ စစ်တပ်က ရဲဘော်များ (AP)

“အကြမ်းဖက်သူပုန်တွေက စစ်စခန်း အဝင်ဝမှာ ရပ်ထားတဲ့ ကားတွေကို အရင်ဖောက်ခွဲပြီးတော့ စခန်းထဲကို ပစ်ခတ်ခဲ့ပါ တယ်” ဟု အမည်မဖော်လိုသူ မာလီတပ် အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

“နောက်ထပ် ဂျီဟက်အဖွဲ့တစ်ဖွဲ့လည်း စခန်းထဲကို ခြေလျင် ဝင်လာကြတယ်။ စခန်းထဲမှာ ရပ်ထဲက ကားတွေကို မီးရှို့တယ်။ စစ်တပ်ပိုင် ကားနှစ်စီးကိုလည်း ခိုးမောင်းသွားတယ်” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဇူလိုင် ၂၁ ရက်၌ ကီတီစခန်းကို သူပုန်အဖွဲ့နှစ်ဖွဲ့ ညှိနှိုင်းပြီး စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၂ ရက်အထိ ပစ်ခတ်မှုများ ရှိနေခဲ့သည်။

အခြား သီးခြား ဖြစ်စဉ်တစ်ခုမှာ ဂျီဟက် အစွန်းရောက် သူပုန်များက ဘာမာကိုမြို့တော်၏ မြောက်ဘက် ၃၇ မိုင်အကွာ ကိုလိုကာနီဒေသရှိ ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်ခံရခြင်းကြောင့် မာလီအစိုးရဘက်မှ နှစ်ဦးသေဆုံး ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မာလီ စစ်တပ်က ရဲဘော်များ (AP)

အဆိုပါ ကီတီစစ်စခန်းတွင် မာလီအာဏာသိမ်း စစ်ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး အက်စီမီဂိုတာ မကြာခဏ နေထိုင် လေ့ရှိသည်။ ၎င်းသည် ၂၀၂၀ ပြည့်နှစ်တွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။

အယ်လ်ကိုင်းဒါးနှင့် အစ္စလမ္မစ်နိုင်ငံတော်(အိုင်အက်စ်)တို့နှင့် ဆက်နွှယ်နေသည့် အဆိုပါ ဂျီဟက် သူပုန်များသည် မာလီနိုင်ငံ တွင်လည်း ဆယ်စုနှစ် တစ်ခုကြာအောင် ထကြွသောင်းကျန်း နေခဲ့ကြသည်။ နိုင်ငံမြောက်ပိုင်း ဒေသများကို ၎င်းတို့က အများ ဆုံး တိုက်ခိုက်လေ့ ရှိခဲ့သော်လည်း မကြာသေးမီက ၎င်းတို့၏ တိုက်ခိုက်မှုများမှာ နိုင်ငံအလယ်ပိုင်းသို့ ရွေ့လျားလာခဲ့သည်။ သို့ဖြင့် ၎င်းတို့လှုပ်ရှားမှုများမှာ မြို့တော်ဘာမာကိုနှင့် နီးကပ်လာခဲ့သည်။

ယခင် သီတင်းပတ်၌ ဘာမာကိုမြို့ အပြင်ဘက် ၃၇ မိုင်အကွာရှိ စစ်တပ် စစ်ဆေးဂိတ်တစ်ခုကို သေနတ်သမားများ ဝိုင်းဝန်း တိုက်ခိုက်ခဲကြရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မာလီအစိုးရတာဝန်ရှိသူများက ပြော ကြားခဲ့ကြသည်။
ထိုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း JNIM ဟု ထင်ရှားသည့် အယ်လ်ကိုင်းဒါးနှင့် ဆက်နွှယ်သော အဖွဲ့ဖြစ်ပုံရသည်။

မာလီနိုင်ငံသည် ၂၀၁၂ ခုနှစ်ကတည်းက အစ္စလမ္မစ်အစွန်းရောက် ဂျီဟက်ဝါဒီ သူပုန်များ၏ ထကြွသောင်းကျန်းမှုကို ထိန်းချုပ် နိုင်ရန် ရုန်းကန်နေခဲ့ရသည်။ ၎င်းသူပုန်များသည် မာလီနိုင်ငံ၏မြောက်ပိုင်း မြို့များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်း တွင် ပြင်သစ်ဦးဆောင်သော စစ်ဆင်ရေးအကူအညီကြောင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီးကိုတွေ့ရစဉ်

ရုရှားသိမ်းသွားသည့် နယ်မြေများ ပြန်မရဘဲ အပစ်အခတ်ရပ်စဲရေး မလုပ်ဟု ဇာလန်းစကီးပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1511

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၂၃

ရုရှားသိမ်းသွား၍ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်မသိမ်းနိုင်ဘဲ ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး လုပ်မည်မဟုတ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် ဝေါစထရိဂျာနယ်နှင့် ပြုလုပ်သော တွေ့ဆုံ မေးမြန်းခန်းတွင် ယူကရိန်းသမ္မတ ဇာလန်းစကီးက ပြောကြား ခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

သို့မဟုတ်ပါက စစ်ပွဲကာလ ပိုကြာသွားနိုင်သည်ဟု ဇာလန်းစကီးက ဆက်လက် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက စတင် ကျူးကျော်ပြီးကတည်းက ရုရှားသည် ယူကရိန်းနယ်မြေများကို သိမ်းပိုက်ခဲ့ရာ ယခု အပစ် အခတ်ရပ်စဲရေးသည် မော်စကိုအတွက် နောက်ထပ် တကျော့ပြန် အင်အားဖြည့်တင်းဖို့ အခွင့်အရေး ပေးရာရောက်လိမ့်မည် ဟု ဇာလန်းစကီးက သတိပေးခဲ့သည်။

အမေရိကန် ပံ့ပိုးထားသည့် ရွေ့လျားနှုန်းမြင့်မားသည့် အမြောက်ဒုံးကျည်စနစ် ဟိမာ့စ် (HIMARS) နှင့်ပတ်သက်၍လည်း ဇာလန်းစကီးက “အနောက်နိုင်ငံတွေက ပေးတဲ့ ဟိမာ့စ်လို့ လက်နက်များ ထပ်ရချိန်မှာ ယူကရိန်းရဲ့ စစ်ရေးရေချိန် အပြောင်း အလဲ လုပ်ဖို့က အများကြီး နိမ့်ကျနေသေးတယ်” ဟု ပြောကြားခဲ့သည်။

“ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ ပဋိပက္ခ ရပ်တယ်ဆိုတာက သူ့ကို အပစ်အခတ် ခဏနားခိုင်းတဲ့သဘော ဖြစ်နေပါတယ်” ဟု ဇာလန်းစကီး၏ သဘောထား မှတ်ချက်များကို ဝေါစထရိဂျာနယ်က ဆက်လက်ဖော်ပြခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်

“နယ်မြေအားလုံး ပြန်သိမ်းနိုင်ရမယ်လို့ ကျနော်တို့ လူ့အဖွဲ့အစည်းက ယုံကြည်ထားပါတယ်။ ပြီးရင် ဘာဆက်လုပ်ရမယ် ဆိုတာနဲ့ ရှေ့လာမယ့် ရာစုနှစ်တွေမှာ ဘယ်လိုမျိုး ဆက်နေကြမယ်ဆိုတာ ညှိနှိုင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါ တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ဖိဖိစီးစီး လုပ်ရမယ့် လိုအပ်ချက်ကတော့ ရှေ့တန်းစစ်မျက်နှာနဲ့ မိုင်ပေါင်းရာချီဝေးတဲ့ မြို့တွေအတွက် ရုရှားဘက်က လာမယ့် တာဝေးဒုံးကျည်တွေကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါက လေကြောင်းရန် ကာကွယ်ရေး စနစ်အပိုင်းပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“မော်စကိုအပေါ် ကျနော်တို့ သံတမန်နည်းလမ်းအရ လိုက်လျောတာဟာ ဈေးကွက်ကို အနည်းငယ် တည်ငြိမ်စေပါတယ်။ ဒါပေမယ့် နောင်အနာဂတ်မှာ ယာယီသက်သာခွင့် အဆင့်လောက်နဲ့ ကိုယ့်အတတ်နဲ့ကိုယ် ပြန်စူးတာမျိုးပဲ ဖြစ်လာမှာပါ” ဟု ဂျုံစပါးတင်ပို့မှု ပြန်ဖွင့်ပေးဖို့ ရုရှားနှင့်ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကို ရည်ညွှန်းလျက် ဇာလန်းစကီးက ပြောကြားခဲ့သည်။

ရုရှားနှင့်ယူကရိန်းတို့သည် ဂျုံစပါးနှင့်ကောက်ပဲသီးနှံ တင်ပို့မှုအတွက် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများ ပြန်လည် ဖွင့်လှစ် ရေးအတွက် ထင်ရှားသည့် သဘောတူစာချုပ် တစ်ခုကို ဇူလိုင် ၂၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ထိုသို့ လုပ်ဆောင်ချက်ကြောင့် ရုရှားကျူးကျော်စစ်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော နိုင်ငံတကာစားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေလျှော့ပေးနိုင်မည်ဟု မျှော်လင့်ချက်များ တိုးပွားလျက်ရှိသည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့နဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်

ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ ရုရှားတက်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1713

CNI International News

ဖနွမ်ပင်၊ ဇူလိုင် ၂၃

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင် ယခုလကုန်ပိုင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ (Sergey Lavrov) တက်ရောက်ရန် စီစဉ်ထား ကြောင်း ဖနွမ်ပင်ပို့စ် သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နရီ (Chum Sounry) က အာဆီယံဝန်ကြီးများအ စည်းအဝေးသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မည့် သတင်းကို အတည်ပြုခဲ့သည်။

ထိုသို့ တက်ရောက်မည့် အကြောင်းကို အာဆီယံအဖွဲ့ဝင် နိုင်ငံများထံသို့ ဇူလိုင် ၁၉ ရက်တွင် အသိပေးခဲ့ပြီး ဖြစ်ကြောင်း ၎င်း က ဆက်လက် ပြောကြားခဲ့သည်။

အကယ်၍ ရုရှားကို အာဆီယံဖိုရမ်မှ ဖယ်ထုတ်မည်ဆိုလျှင် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရှေ့တိုးရန် အခွင့်အရေး လက်လွှတ်ရလိမ့်မည်ဟု လေ့လာသုံးသပ်သူများက ပြောကြသည်။

ကမ္ဘောဒီးယားသည် ယူကရိန်းနိုင်ငံအတွင်း စစ်ရေးအရ ထိုးစစ်ဆင်နေခြင်းကို ရှုတ်ချပြီး ရုရှားတပ်များ အပြီးအပိုင် ဆုတ်ခွာ ပေးရန် တောင်းဆိုသော်လည်း ကမ္ဘောဒီးယားနှင့် ရုရှားဆက်ဆံရေးမှာ တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ ဆက်ထိန်းထား နိုင်ခဲ့ကြောင်း၊ အကြောင်းမှာ ပဋိက္ခများ ဖြေရှင်းရန် သံတမန်နည်းလမ်းကိုသာ ထောက်ခံသည့်ဘက်မှ ကမ္ဘောဒီးယား ရပ်တည်၍ ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံတကာဆက်ဆံရေးသိပ္ပံ၏ တော်ဝင်အကယ်ဒမီကျောင်း ညွှန်ကြားရေးမှူး ကင်ဖူးက ဖနွမ်ပင်ပို့စ်သို့ ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို မြင်တွေ့ရစဉ်

ကမ္ဘောဒီးယားသည် ပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံစုံစနစ်၏မူကို တန်ဖိုးထားကြောင်း၊ သံတမန်ရေးရာ ဖိုရိမ်များမှ သက်ဆိုင်သူ အားလုံးအနက် အချို့ကို ဖယ်ထုတ်ခြင်းသည် နိုင်ငံတကာ ဆက်ဆံရေး ပြေလည်မှုဆီသို့ ဦးတည်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ရုရှားကို ဒီဖိုရမ် (ဒါမှမဟုတ်) တခြားအာဆီယံယန္တရားတွေကနေ လုံးဝဖယ်ထုတ်လိုက်ရင် ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အခွင့်အရေးတစ်ခု လက်လွတ်သွားလိမ့်မယ်” ဟု ကင်ဖူးက ထောက်ပြခဲ့သည်။

ကမ္ဘောဒီးယားနှင့် အာဆီယံ တစ်ဖွဲ့လုံးအနေဖြင့် ရုရှားနှင့်ယူကရိန်းကြား စစ်မက်ဖြစ်ပွားနေခြင်းကို အဆုံးသတ်စေလို ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးစားပွဲတွင် အဆိုပါနှစ်နိုင်ငံ အပြီးတိုင် ဆွေးနွေးကြရန် တိုက်တွန်းနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် ယခုနှစ်အတွက် အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည်။

“စစ်ပွဲတွေကို အဆုံးသတ်ဖို့က တိုက်ခိုက်ရေးနည်းလမ်း မသုံးသင့်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ နိုင်ငံတကာ ဥပဒေ စည်းမျဉ်းတွေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွေအပေါ် အခြေခံပြီး ငြိမ်းချမ်းစွာညှိနှိုင်းပြီး ပြဿနာဖြေရှင်းဖို့ ဖြစ်ပါ တယ်” ဟု ကင်ဖူးက သုံးသပ်ပြသည်။

“နေတိုးအဖွဲ့လို ပြင်ပနိုင်ငံတွေ အထူးသဖြင့် အမေရိကန်နဲ့ဗြိတိန်တို့ဟာ တောက်လောင်နေတဲ့ စစ်မီးအပေါ်ကို ဓာတ်ဆီ ထပ်လောင်းပေးမယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ ကြိုးပမ်းပေးသင့်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Source: Phnom Phnh Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်သားတစ်ဦးကိုတွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းသို့ ဒေါ်လာသန်း ၂၇၀ စစ်ရေးအကူအညီထပ်ပေးမည်ဟု အိမ်ဖြူတော်ကြေညာ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1510

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၃

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာသန်း ၂၇၀ တန်ဖိုးကို အမေရိကန် ထပ်မံပေးအပ်သွားမည်ဟု အိမ်ဖြူတော် က ကြေညာခဲ့သည်။ အဆိုပါအကူအညီတွင် နောက်ထပ် တာလတ်ပစ် ဒုံးကျည်စနစ်များနှင့် နည်းဗျူဟာသုံး မောင်းသူမဲ့လေယာဉ် (ဒရုန်း)များလည်း ပါဝင်မည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက သတင်းဖော်ပြခဲ့သည်။

ဇူလိုင် ၂၂ ရက် ရက်စွဲဖြင့် အိမ်ဖြူတော်၏ကြေညာချက်တွင် “အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ယူကရိန်းသို့ ပေးအပ်မှု အမေရိကန်၏လုံခြုံရေးအကူအညီ စုစုပေါင်းဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ ရှိပြီဖြစ်ကြောင်း၊ စီးပွားရေး နှင့်လုံခြုံရေးအကူအညီအဖြစ် ပြီးခဲ့သည့်မေလတွင် ကွန်ဂရက်(လွှတ်တော်)မှ အတည်ပြုခဲ့သော ဒေါ်လာ ၄၀ ဘီလီယံထဲမှ ယခုဆက်လက်ပေးအပ်နေခြင်းဖြစ်ကြောင်း” ဖော်ပြထားသည်။

ထပ်မံပေးအပ်မည့်စစ်ရေးအကူအညီတွင် ဟိမာ့စ် (HIMARS) ဒုံးကျည်စနစ် ၄ ခုနှင့် Phoenix Ghost မောင်းသူမဲ့ လေယာဉ် (ဒရုန်း) အစင်း ၅၄၀ ပါဝင်မည်ဟု သိရသည်။ ၎င်းလက်နက်များနှင့်တွဲဖက်သုံးစွဲရန်အတွက် အမြောက် ကျည်ဆန် ၃၆,၀၀၀ ခန့်နှင့် ဟိမာ့စ်အတွက် ခဲယမ်းမီးကျောက်များ ထည့်သွင်းပေးထားသည်။

အဆိုပါလက်နက်များသည် ရုရှားအမြောက်များ ဖိစီးနေသည့်ကြားမှ ယူကရိန်းကို ဆက်လက် တိုက်ခိုက် နိုင်အောင် အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၊ မဟာဗျူဟာ ဆက်သွယ်ညှိနှိုင်းရေးမှူး ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

 အနောက်နိုင်ငံများမှ ပံ့ပိုးထားသော ခေတ်မီနည်းပညာမြင့်လက်နက်များကို အသုံးပြုနိုင်ရန် ကြိုးပမ်းနေသည့် ယူကရိန်းစစ်သားနှစ်ဦးကို တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)

“ယူကရိန်းအစိုးရနဲ့ ပြည်သူတွေကို ဆက်ပြီးထောက်ခံသွားမယ်လို့ ကျနော်တို့ သမ္မတက အတိအလင်း ပြောကြားပြီးဖြစ်ပါတယ်” ဟု ဂျွန်ကာဘီက သတင်းထောက်များကို ရှင်းပြသည်။

ယူကရိန်းတပ်များသည် ဆယ်ဂဏန်းမျှရှိသည့် ရုရှားပစ်မှတ်များကို ထိရောက်စွာ ဖျက်ဆီးနိုင်ခဲ့ပြီး အမေရိကန် လုပ် ဒုံးကျည်နှင့်နည်းဗျူဟာသုံး ဒရုန်းများအသုံးပြုကာ အားဖြည့်နိုင်ခဲ့သည်။ အမေရိကန်နှင့် အခြားအနောက် အုပ်စု မဟာမိတ်များထံမှ ရရှိသော အဆင့်မြင့်၍ တိကျသည့်လက်နက်များဖြင့် ရုရှားကို ခုခံနိုင်ခဲ့သော်လည်း ယူကရိန်းတပ်ဖွဲ့ဝင်အင်အားနှင့် စစ်လက်နက်ကိရိယာများ ဆုံးရှုံးမှုမှာ များပြားနေဆဲဖြစ်သည်။

ရုရှားတပ်ဖွဲ့ဝင်များ၏ အသေအပျောက်အရေအတွက်မှာ ၁၅,၀၀၀ ခန့်ရှိမည်ဟု အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဝီလျံဘန့်စ်က ခန့်မှန်းပြောကြားခဲ့သည်။

အဆိုပါအရေအတွက်သည် ဆယ်စုနှစ် တစ်ခုနီးပါးကြာ ၁၉၈၀ ပြည့်လွန်နှစ်များ၌ အာဖဂန်စစ်ပွဲမှ ဆိုဗီယက်တို့၏စစ်ရေးဆုံးရှုံးမှုနှင့် တူညီသည်ဟု သိရ သည်။

ဇူလိုင် ၂၀ ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတို့သိမ်းပိုက်ထားသော ခါဆွန် (Kherson) တောင်ပိုင်းဒေသရှိ မဟာဗျူဟာအချက်အချာကျသော တံတားတစ်စင်းကို ဟိမာ့စ်ဒုံးကျည်ဖြင့် ပစ်ခတ်၍ ဖျက်ဆီးနိုင်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါက်တာအေးမောင်နဲ့ နစကဥက္ကဋ္ဌ ညောင်နှစ်ပင်သွားရောက်လေ့လာနေမှု

ညောင်နှစ်ပင်လိုနေရာမှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲသင့်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2015

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် ညောင်နှစ်ပင်လိုနေရာမှာ အားလုံး လက်ခံနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တစ်ခုကို ရေးဆွဲသင့်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူအတိုင်း ၅ နှစ်သွားပြီးပါက အားလုံးလက်ခံမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုကို ရေးဆွဲ၍ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး နည်းလမ်း အား စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာအေးမောင်က “ လက်ရှိ SAC က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုစဉ်းစားလဲ၊ နိုင်ငံရေးပြဿနာ အားလုံး ကို ဖြေရှင်းနိုင်ဖို့အတွက် ၂၀၀၈ သည် စပြီးရွှေ့ရမယ့် အဓိက အကြောင်းအရင်းဖြစ်တယ်ဆိုရင် ၂၀၀၈ ကို ကျော်ပြီး သူရွှေ့မှာပဲလေ။ အဲတော့ ဖျက်သိမ်းတာမဟုတ်ဘဲနဲ့ အသစ်တစ်ခုကို ၂၀၀၈ အခြေခံနဲ့သွားနေတဲ့ ကာလမှာ တို့ညှိနှိုင်း ရေးဆွဲ လိုက်မယ် ဆိုရင် ကျနော် အရင်တစ်ခါတင်ပြဖူးတာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို တို့ ဥပမာဆိုပါဆို့ ညောင်နှစ်ပင်လို နေရာ မျိုး မှာ စုပြီး ကာလသတ်မှတ်ပြီးမှ ဆွဲရယ်ပြုရယ်နဲ့လာမယ့် ကာလမှာ အတည်ပြုမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်း ပုံကြီးက လွှင့်ပစ် လိုက်တာ မဟုတ်တော့ဘူး၊ သူ့ဘာသာသူ သက်တမ်းကုန်ပြီးမှ မီးစာကုန် ရေခမ်းသွားတာ။ အဲတော့ လာမယ့် SAC ကျင်းပတဲ့ ရွေးကောက်ပွဲကြီးက တက်လာတဲ့ လွှတ်တော်နဲ့အစိုးရသည် ၂၀၀၈ မူအတိုင်းကို ၅ နှစ် သွား မယ်။ ၅ နှစ်အလွန်မှာ အခု ကာလ ကစပြီး ၅ နှစ်အတွင်းမှာ ဆွဲမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပေါ့ဗျာ၊ အားလုံး ပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုနဲ့ လာမယ့် ၅ နှစ်အလွန်ကာလမှာ သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကြီးကို ကျနော်တို့ ဖျက်သိမ်း လိုက်တာ မဟုတ်ဘူး၊ ရပ်စဲလိုက်တဲ့ ကာလကုန်လို့ သက်တမ်းကုန်လို့ပေါ့ဗျာ။ အစား ထိုးလိုက်တယ်ဆိုတဲ့ ပုံမျိုးဆိုရင် ဖျက် သိမ်းတာထက် ကြည်ကြည်ဖြူဖြူ လွဲပြောင်းတယ်ဆိုတဲ့ မြန်မာ့သမိုင်းမှာ ရှိသွားနိုင်တာပေါ့ဗျ”ဟု ပြောသည်။

နစကသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ပြောထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လည်း ပြင်ဆင်လိုခြင်း သို့မဟုတ် အသစ်ရေးဆွဲလိုခြင်း ဆန္ဒရှိနေခြင်းကြောင့် ညောင်နှစ်ပင်လိုနေရာမျိုးမှာ ဖွဲ့စည်းပုံအသစ် ရေးဆွဲမှုမျိုး ဖြစ်လာနိုင်ခြေရှိသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သို့ ပြောသည်။

နစကဥက္ကဋ္ဌ ညောင်နှစ်ပင်သို့ သွားရောက် လေ့လာခဲ့ခြင်း

ဦးရဲထွန်း က“ဖြစ်လာနိုင်ခြေရှိတာပေါ့။ တကယ်လို့ ရွေးကောက်ပွဲကလည်း မဖြစ်ဘူး၊ အထူးသဖြင့် ကျနော်တို့ အကြံပြုထား တာကတော့ အာဆီယံတို့၊ တရုတ်တို့၊ ပြောနေသလိုမျိုးပေါ့၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ လုပ်နိုင်မယ်ဆိုရင်တော့ ရွေး ကောက်ပွဲက ဖြစ်နိုင်ခြေရှိတယ်လေ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးညှိနှိုင်းပြီးတဲ့ အခါကျတော့ လာမယ့် ရွေးကောက်ပွဲမှာ ပါပေးပါဆိုပြီးပေါ့။ အဲဒါမျိုးဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ လူတွေက လာပြီး မဲပေးကြမယ်။ နောက်ပြီး ဖြစ်လာမယ့် အစိုးရကိုလည်း နိုင်ငံတကာအသိအမှတ်ပြုမှု၊ နောက်ပြည်တွင်းက အသိအမှတ်ပြုမှု အဲလိုတွေများလာပြီး တော့ အခြေအနေတွေ ကောင်းနိုင်တာပေါ့ဗျာ။ ဆိုတော့ အဲလိုမဖြစ်နိုင်ဘူးဆိုတာ နံပါတ်တစ်အချက် ဒေါ်အောင်ဆန်းစု ကြည် နဲ့ ညှိနှိုင်းလို့မရဘူး သူကလည်း သဘောမတူဘူး၊ အရင် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပဲ အသိအမှတ်ပြုခိုင်းနေတယ် ဆိုလို့ရှိရင် နစကဘက်ကလည်း အဲဒါကို လိုက်လျောမယ်လို့ မထင်ဘူး။ အဲလို ညှိ နှိုင်းလို့မရ ရင် ရွေးကောက်ပွဲ ကလည်း မဖြစ် လာဘူးဆိုရင် သူက ခဏပြောသလိုပေါ့ အခြေခံဥပဒေအသစ် ပြန်ရေးဆွဲဖို့ဆိုတာကို ပိုပြီးတော့ တိမ်းညွတ် သွားနိုင်တယ်”ဟု ပြောသည်။

လက်ရှိ နစက အဖွဲ့ဝင်များအဖြစ် တာဝန်ယူနေသည့် လူပုဂ္ဂိုလ် တချို့ကလည်း ဒေါက်တာအေးမောင် အကြံပြုသလို ညောင်နှစ်ပင်လို နေရာမျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲခြင်း သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုမှုများ ရှိလာပါက ဖြစ်လာနိုင်ခြေများသည်ဟု ၎င်းက ပြောသည်။

အမျိုးသားညီလာခံ ကျင်းပခဲ့သော ညောင်နှစ်ပင်ခန်းမ

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံ ၇ ကြိမ် ကျင်းပ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ညောင်နှစ်ပင် ခန်းမသို့ ဇူလိုင် ၈ ရက်(၂၀၂၂ ခုနှစ်)က သွားရောက် လေ့လာခဲ့ခြင်းများ ရှိခဲ့သည်။

ထိုသို့ နစကဥက္ကဋ္ဌ ညောင်နှစ်ပင် ခန်းမသို့ သွားရောက် လေ့လာမှုများကို ကြည့်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရန် ပြင်ဆင်နေခြင်းလားဟု နိုင်ငံရေးလောကအတွင်း သုံးသပ်မှုများ ရှိခဲ့ကြသည်။

သို့သော် နစက၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ညောင်နှစ်ပင် ခရီးစဉ်မှာ ရိုးရိုးသားသားဖြစ်ကြောင်း၊ သမိုင်းဝင် အဆောက်အဦကို ပြန်လည် ထိန်းသိမ်းရေး လုပ်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထူးစီမံကိန်းများ ရှိသည်ကို သွားရောက် လေ့လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

AA နှင့် တပ်မတော်တို့ တိုက်ပွဲပြန်ဖြစ်ပါက ရခိုင်တစ်ပြည်လုံးတွင် ဖြစ်ပွားနိုင်ဟု ပြော

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ တပ်များစေလွှတ်ခြင်းကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကန့်ကွက်

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

အိန္ဒိယမျိုးနွယ်စု၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ဒရက်ပဒီမာမူ တင်မြှောက်ခံရ

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

သီရိလင်္ကာဝန်ကြီးချုပ်သစ် ခန့်အပ်ခံရပြီးနောက် ပင်မသပိတ်စခန်းကို တပ်ဖြင့် ရှင်းလင်း

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s
ယူကရိန်းစစ်မြေပြင်

ယူကရိန်းတွင် ရုရှားခြေကုန်လက်ပန်းကျလာတော့မည်ဟု ဗြိတိန်ထောက်လှမ်းရေးပြော

By CNI News
CNI News
Category: ရုရှား-ယူကရိန်းအရေး
Hits: 1272

 

CNI International News

လန်ဒန်၊ ဇူလိုင် ၂၂

ရုရှားသည် ယူကရိန်းတွင် ခြေကုန်လက်ပန်း ကျတော့မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံမှ လျှို့ဝှက် သတင်းထောက်လှမ်းရေး အဖွဲ့(MI6) အကြီးအကဲက ပြောကြားခဲ့သည်ဟု Sky News မီဒီယာက ရေးသားဖော်ပြသည်။

လာမည့် ရက်သတ္တပတ်များအတွင်း ယူကရိန်းအရှေ့ပိုင်းရှိ စစ်မြေပြင်သို့ စေလွှတ်မည့် တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းကိရိယာများ ထပ်မံရှာဖွေရန် ခက်ခဲသဖြင့် သမ္မတပူတင်၏ လုပ်ဆောင်ချက်များ ခေတ္တရပ်ရမည်ဖြစ်ကြောင်း MI6 အကြီးအကဲ ရစ်ချက်မိုး က ပြောကြားခဲ့သည်။

“ယူကရိန်းသည် ကမ္ဘာ့ဇာတ်ခုံမှ ပျောက်ကွယ်သွားလိမ့်မည်”ဟု စစ်ပွဲအကြောင်း နောက်ဆုံးရ သတင်းများတွင် ရုရှားက သတိ ပေးလျက်ရှိကြောင်း တွေ့ရသည်။  

MI6 အကြီးအကဲ ရစ်ချက်မိုး

ကင်ဆာကဲ့သို့ ပြင်းထန်သော ရောဂါများ ဖိစီးနေကြောင်း ကောလာဟလ ထွက်ပေါ်နေသည့် ပူတင်၏ ကျန်းမာရေး အခြေအနေကိုလည်း အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ အက်စပန်ဒေသတွင် ကျင်းပခဲ့သည့် လုံခြုံရေးဖိုရမ်တစ်ခုတွင် MI6 အကြီးအကဲ ရစ်ချက်မိုးက သဘောထား မှတ်ချက်ပေးခဲ့သည်။

“ပူတင်ဟာ ဆိုးဆိုးရွားရွား ကျန်းမာရေး ချို့တဲ့နေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

ဇူလိုင် ၂၀ ရက်တွင် ကျင်းပသည့် အဆိုပါ လုံခြုံရေးဖိုရမ်တွင် အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ညွန်ကြား ရေးမှူး ဝီလျံဘန့်စ်ကလည်း ပူတင်၏ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ ထင်ကြေးပေးမှုများကို ပယ်ချခဲ့ပြီး ၎င်းသည် “ကျန်းမာလွန်းနေသည်” ဟု ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်

ယူကရိန်းစစ်ပွဲတွင် ရုရှားသည် ၎င်း၏ကနဦး စစ်ရေးရည်မှန်းချက်များ အထိနာခဲ့ကြောင်း၊ ကျူးကျော်စစ် စတင်စဉ်က ယူကရိန်းအစိုးရကို ဖြုတ်ချရန်နှင့် ကိယက်ဗ်ကို သိမ်းပိုက်ပြီး နေတိုးမဟာမိတ် အဖွဲ့အတွင်း ပိုင်းခြားနိုင်ရန် ရုရှားဦးတည်ခဲ့ ကြောင်း ရစ်ချက်မိုးက ဆက်လက် ပြောကြားခဲ့သည်။  

ယခု စစ်ပွဲဖြစ်ပွားနေဆဲ ယူကရိန်း၏ အရှေ့ဘက်တွင်လည်း ရုရှား၏ အားစိုက်မှုမှာ လျော့ကျလာခဲ့သည်။

ရစ်ချက်မိုးက “သူတို့(ရုရှား) ခြေကုန်လက်ပန်း ကျတော့မယ်ထင်တယ်။ ကျနော်တို့ အကဲဖြတ်ချက်ကတော့ ရုရှားတွေဟာ လူအင်အား၊ လက်နက်အင်အား ရှာဖွေရတာ ပိုခက်ခဲလာမယ်လို့ ကျနော်ထင်တယ်။ လာမယ့် အပတ်တွေမှာ သူတို့ဘာသာ သူတို့ တနည်းနည်းနှင့် ခေတ္တတဖြုတ် အပစ်အခတ် ရပ်ရလိမ့်မယ်။ အဲဒါက  ယူကရိန်းနိုင်ငံသားတွေအတွက် ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး ရလာမှာ။ ယူကရိန်းတွေရဲ့ စိတ်ဓာတ်က ခိုင်မာနေတုန်းပဲ။ လက်နက်ကောင်းတွေလည်း အများကြီး တိုးနေပါပြီ။ ယူကရိန်း နိုင်ငံသားတွေဟာ သူတို့ကိုယ်သူတို့ ပြန်ခုခံနိုင်စွမ်းကို လက်တွေ့ပြဖို့ အရေးကြီးတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

Source: Sky News

Share
Tweet
Share
Share
powered by social2s
  • 84
  • 85
  • 86
  • 87
  • 88
  • 89
  • 90
  • 91
  • 92
  • 93

Page 89 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar