CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀
 
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ ရာထူးရပ်ဆိုင်းခံထားရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေ တပ်မတော် ဖွဲ့စည်းကြောင်း ကြေညာခြင်းကို မိမိတို့ KNLA နှင့် KNDO က လုံးဝလက်မခံဘူးဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ယနေ့(ဇူလိုင် ၂၀ ရက်)ထုတ်ပြန် ကြေညာခဲ့သည်။
 
ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ကော်သူးလေတပ်မတော်(KTLA)ကို ဖွဲ့စည်းကြောင်း ဇူလိုင် ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
 
 
ထို့နောက် မိခင် အဖွဲ့အစည်းများဖြစ်သည့် KNDO နှင့် KNLA က လုံးဝ လက်ခံ သဘောတူမည် မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။