CNI News
၂၀၂၂ ခုနှစ်၊ ဧပြီ ၁၅

ထိုင်းနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ဘက်တွင် ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၊ မြန်မာ့တပ်မတော်(မဲသဝေါအခြေစိုက်တပ်)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ-၇ စသည့် အဖွဲ့အစည်းများ မှ တပ်မှူးများ ယနေ့(ဧပြီ ၁၅ ရက်) တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုမှာ အလွတ်သဘောဖြစ်ပြီ နှစ်နိုင်ငံ ချစ်ကြည်ရေးအဓွန့်ရှည်ရေး ရည်ရွယ်ချက်ဖြင့် တွေ့ဆုံ ခြင်း ဖြစ်သည်ဟုလည်း ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။

ထိုင်း-တပ်မတော်-KNLA တပ်မှူးများ တွေ့ဆုံစဉ်

ထိုတွေ့ဆုံမှုတွင် ထိုင်းဘက်က ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ်၊ မဲသဝေါအခြေစိုက် မြန်မာ့တပ်မတော်၊ KNLA တပ်မဟာ-၇ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဒီးကွယ်နှင့် တပ်ရင်းမှူး တစ်ဦးတို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်း-တပ်မတော်-KNLA တပ်မှူးများ တွေ့ဆုံစဉ်

မြန်မာ့တပ်မတော်နှင့် KNLA လက်နက်ကိုင်တို့ဖြင့် ရင်းနှီးသူ တစ်ဦးကတော့ ဧပြီ ၂၀ ရက်နေ့ မတိုင်ခင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် မျှော်မှန်းထားခြင်းကြောင့် ယခုတွေ့ဆုံမှုက အပေါင်း လက္ခဏာ ဆောင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် မြန်မာ့တပ်မတော်နှင့် KNLA- PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် သွားလာမှုများ ရပ်ဆိုင်းထားရသည်။