CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ-၆ နယ်မြေ ဝေါလေမြို့နယ်ခွဲ မြို့အဝင်နေရာက ရဲစခန်း တစ်ခုကို ယနေ့ (ဇွန်လ ၁၃ ရက်)တွင် KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်၍ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

KNLA ရဲဘော်များ

အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုတွင် ဝေါလေမြို့နယ်ခွဲက ရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင် တချို့ကိုလည်း ဖမ်းမိခဲ့သည်ဟု KNLA ဘက်က ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)သည် KNU ၏ စစ်ရေး လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်သည်။