CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
Mr. Pete Vowles ကိုတွေ့ရစဉ်

အာဇာနည်နေ့မှာ စစ်တပ်အာဏာယူချိန် အသက်ဆုံးရှုံးခဲ့သူများကိုလည်း သတိရဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1532

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၉

ယနေ့(ဇူလိုင် ၁၉ ရက်) ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာ ရယူလိုက်ချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရသည့် အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံး အကြီးအကဲ Mr. Pete Vowles က ပြောသည်။

မြန်မာနိုင်ငံတွင် ယနေ့ (ဇူလိုင် ၁၉ ရက်) ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ကို လုံခြုံရေးတင်းကြပ်ခြင်းနှင့် အတူ ကျင်းပခဲ့သည်။

ဗြိတိန်သံရုံးအကြီးအကဲ Mr.Pete Vowles က “ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၈ ဦးတို့ ရက်ရက် စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ နေ့ဖြစ်တဲ့ ယနေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက်နေ့ဖြစ်တဲ့ အာဇာနည်နေ့မှာ ပိုမို ကောင်းမွန်တဲ့ နိုင်ငံအနာဂတ်အတွက် အသက်စတေးခဲ့ကြသူ အားလုံးကို ကျနော် လေးစားဂုဏ်ပြုပါတယ်။ ၎င်းနဲ့အတူ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့ သတိရမိပါ တယ်။ ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လို ယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားများကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှု မဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါ"ဟု ပြောသည်။

ယနေ့  ၇၅ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့က နေရာများတွင် ရှင်းလင်းနေစဉ်

လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး အကြီးအကဲ Mr. Pete Vowles ကို နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သံ အမတ်ခန့်အပ်လာ မပေးဘဲ အကြောင်းအမျိုးမျိုးပြ၍ ရှောင်နေခြင်းကြောင့် မြန်မာနိုင်ငံက ထွက်သွားရန် ညွှန်ကြားခဲ့သည်။

ထို့နောက် Mr. Pete Vowles က မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစကဘက်က ညွှန်ကြားလာသည့်အတွက် စိတ် မကောင်း ဖြစ်ရကြောင်း၊ သို့သော် သူတို့၏ အာဏာသိမ်းမှုအား တရားဝင် ဖြစ်အောင် ဖိအားပေးမှုကို မိမိတို့ ငြင်းဆန်နိုင် ခဲ့၍ ဝမ်းသာမိကြောင်း ဇူလိုင် ၁၃ ရက်တွင် သူ၏ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်သည် အီရန်အကြောက်လွန်ရောဂါ ပိုမိုစေ့ဆော်

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

တပ်မတော် ချိနဲ့နေပြီပြောခြင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီးအသက်သွင်းခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 753

Share
Tweet
Share
Share
powered by social2s

လူမှုမီဒီယာသည် ကလေးများအား ခေါင်းပုံဖြတ်ခြင်းဖြစ်စေနိုင်ဟု ထိုင်းရဲတပ်ဖွဲ့ပြော

By CNI
CNI
Category: Watch TV
Hits: 807

Share
Tweet
Share
Share
powered by social2s

ယာယီသမ္မတက သီရိလင်္ကာကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

By CNI
CNI
Category: Watch TV
Hits: 757

Share
Tweet
Share
Share
powered by social2s

၇၅ နှစ်ပြည့် အာဇာနည်နေ့အတွက် နိုင်ငံရေးသမားများ၏ စကားစု

By CNI
CNI
Category: Watch TV
Hits: 1112

Share
Tweet
Share
Share
powered by social2s

ယူကရိန်းစစ်မြေပြင်မှာ တွေ့ရတဲ့ ချေချင်ညာ တပ်ဖွဲ့

By CNI
CNI
Category: Watch TV
Hits: 866

Share
Tweet
Share
Share
powered by social2s
ဇာလန်းစကီး၊ အီရန်းနား ဗန်းနားဒစ်တိုဗာ၊ အိုင်ဗင်ဘာကာနော့ဗ် တို့ကိုတွေ့ရစဉ်

သစ္စာဖောက်မှုဖြင့် ယူကရိန်းလုံခြုံရေးအကြီးအကဲနှင့် အစိုးရရှေ့နေချုပ်ကို ဇာလန်းစကီး ထုတ်ပယ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1366

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၁၈

ယူကရိန်းနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် ရုရှားတပ်များ ထိုးစစ်အရှိန် မြှင့်နေစဉ်အတွင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက နိုင်ငံတော် လုံခြုံရေး အကြီးအကဲနှင့် အစိုးရရှေ့နေချုပ်ကို ဇူလိုင် ၁၇ ရက်၌ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အေပီသတင်း က ရေးသားဖော်ပြသည်။

ယူကရိန်းနိုင်ငံအတွင်း ရာနှင့်ချီသော ရာဇဝတ်မှုများရှိခဲ့ပြီး အစိုးရဌာနများ၊ တရားဥပဒေ စိုးမိုးရေး ကိုင်တွယ်ရသော ဌာနများ မှ ဝန်ထမ်းအချို့ နိုင်ငံတော် ပုန်ကန်မှုများနှင့် ဆက်နွှယ်နေကြောင်း ယခုရာထူး အပြောင်းအလဲ ကိစ္စအပေါ် ဇာလန်းစကီးက အကြောင်းပြခဲ့သည်။

“အထူးသဖြင့် အစိုးရရှေ့နေရုံးနဲ့ SBU (နိုင်ငံတော်လုံခြုံရေးဝန်ဆောင်မှုဌာန)က ဝန်ထမ်း ၆၀ ဦးလောက်ဟာ အသိမ်းပိုက်ခံရ တဲ့ နယ်မြေထဲမှာ ကျန်ရှိခဲ့ပြီးတော့ သူတို့က ကျနော်တို့နိုင်ငံကို ဆန့်ကျင်တဲ့အလုပ်တွေ လုပ်နေကြတယ်” ဟု ဇာလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ် (AP)

“နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေး အခြေခံအုတ်မြစ်ကို ထိပါးလာတဲ့ ရာဇဝတ်မှုတွေ၊ ယူကရိန်းတပ်တွေနဲ့ ရုရှားအထူး ဝန်ဆောင်မှုကြားမှာ ချိတ်ဆက်ကြတဲ့ မှတ်တမ်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ခံတွေကို ပြင်းပြင်းထန်ထန် မေးခွန်းထုတ်စရာ ရှိလာပါတယ်” ဟု ၎င်းက ပြည်သူများထံ ညစဉ်ပြောကြားသော ဗွီဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

ဇာလန်းစကီးသည် SBU ကို ဦးဆောင်ရန်အတွက် ၎င်းခန့်အပ်ခဲ့သော ငယ်သူငယ်ချင်းနှင့် စီးပွားရှာဖက် ဖြစ်ခဲ့ဖူးသူ အိုင်ဗင် ဘာကာနော့ဗ်ကို ထုတ်ပယ်ခဲ့သည်။

ရုရှား ကျူးကျော်စစ် စတင်စဉ်ကတည်းက အိုင်ဗင်ဘာကာနော့ဗ် အပေါ် အပြစ်တင် ဝေဖန်သံများ ကျယ်လောင်နေခဲ့သည်။ ၎င်း၏နေရာကို အစားထိုးရန်အတွက် နောက်ထပ်တစ်ဦးကို ဇာလန်းစကီး ရှာဖွေနေသည်ဟု အမည်မဖော်လိုသူ သတင်းရင်း မြစ်များကို ကိုးကားလျက် Politico မီဒီယာနှင့် အနောက်တိုင်း သတင်းရပ်ကွက်များက ရေးသားဖော်ပြကြသည်။

ဇာလန်းစကီးသည် အစိုးရရှေ့နေချုပ် အီရန်းနား ဗန်းနားဒစ်တိုဗာကို ထုတ်ပယ်လိုက်ပြီးနောက် လစ်လပ်နေရာအတွက် ဒစ်တိုဗာ၏ လက်ထောက်ဖြစ်သူ အိုလက်ဆိုင်း စီမိုနန်ကိုအား အစားထိုး ခန့်အပ်ခဲ့သည်။ ဒစ်တိုဗာသည် စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေးကို ဦးဆောင် ကိုင်တွယ်ခဲ့ရသူ ဖြစ်သည်။

ယူကရိန်းသူတစ်ဦးကိုတွေ့ရစဉ် (AP)

လတ်တလော ကာလအတွင်း ယူကရိန်းတောင်ပိုင်းရှိ အဓိက သင်္ဘောတည်ဆောက်ရေး အချက်အချာဌာနဖြစ်သော မိုင်ကိုလေ့ဗ်မြို့ တဝိုက်သို့ ရုရှားတို့က ဒုံးကျည်ဖြင့် ပစ်ခတ်လျက်ရှိရာ ဇူလိုင် ၁၇ ရက် အစောပိုင်းတွင် စက်မှုဇုန်များထဲသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ဒုံးကျည်များကြောင့် စက်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံ အချို့ကို ထိခိုက်ပျက်စီးခဲ့ကြောင်း မိုင်ကိုလေ့ဗ် မြို့တော်ဝန် အိုလက် ဇန်းဒါးဆန် ကေညက်က ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားစစ်တပ်က ရိုမေးနီးယား နယ်စပ်အထိ ယူကရိန်း၏ ပင်လယ်နက် ကမ်းရိုးတန်း တစ်ခုလုံးကို အဆက်အသွယ် ဖြတ်တောက်ပစ်ရန် စစ်ရေးရည်မှန်းချက် တစ်ခုကို ကြေညာထားသည်။

အကယ်၍ ထိုစစ်ရေး ရည်မှန်းချက် အောင်မြင်ခဲ့လျှင် ယူကရိန်း စီးပွားရေးနှင့် ကုန်သွယ်ရေးတို့ကို ထိခိုက်စေမည်ဖြစ်ပြီး ရုရှား စစ်အခြေစိုက် စခန်းအတွက် အထူးအရေးကြီးသော မော်လ်ဒိုဗာ ခွဲထွက်ရေး ဒေသတစ်ခု ဖြစ်သည့် ထရန်နစ် စတြီးယား ဒေသအား ပေါင်းကူး ဆက်သွယ်ရေးကို လုံခြုံစိတ်ချစေမည်ဟု အေပီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ PDF ရဲဘော်များကိုတွေ့ရစဉ်

တပ်မတော် ချိနဲ့နေပြီပြောခြင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်ပြီးအသက်သွင်းခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1994

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

တပ်မတော်ကို ယိုင်နဲ့ချိနဲ့နေပြီဟု ပြောခြင်းမှာ လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်ပြီး အသက်သွင်းချင်သည့် အနေဖြင့် ပြောခြင်းဖြစ်ကြောင်း ‌သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

နွေဦးတော်လှန်ရေး သမိုင်းမှာ ထူးခြားသည့် တော်လှန်ရေးဖြစ်ပြီး ယိုင်နဲ့ ချိနဲ့နေပြီဖြစ်သည့် တပ်မတော်ကို အပြီးတိုင် ဖြိုလှဲ ချရန် အကောင်းဆုံးအချိန် ဖြစ်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

ဦးသိန်းထွန်းဦးက “ခက်တာက အဲဒီစကားမျိုးကတော့ တော်တော်များများ သူတို့ ဒီ NUG ဘက်က အကြိမ်တိုင်းနီးပါး ပြောနေ ကြတာပဲ။ ဘယ်အချက်အလက်ကို ယူသလဲဆိုတာ ခုချိန်ထိ ကျနော်တို့ မသိရဘူး။ ဒီထက်ပိုဆိုးတာက ဆိုလိုတာက မြေပြင် အခြေအနေ ဘယ်အခြေအနေပေါ် မူတည်ပြီး သူတို့ ယူထားတာလဲပေါ့။ အဲဒါတွေ မရှိဘဲ ပြောနေတဲ့ အခါကြတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် ကျနော်တို့ သုံးသပ်ရမယ်ဆိုရင် ဒါက သီးသန့်ပြောတဲ့ စကားလို့ သုံးသပ်လို့ ရပါတယ်။ အဓိကကတော့ ကျနော်တို့ အနည်းဆုံးတော့ Research data လေးတော့ သင့်တန်လောက်တဲ့ ခိုင်မာတဲ့ အနေအထားမျိုးကတော့ ကျနော်တို့ ယူဖို့ လိုအပ်တယ်။ အဲဒါတွေ မပါဘဲ ပြောတယ်ဆိုရင်တော့ ဒါက ဝါဒဖြန့်ရေးရာ သက်သက်ပဲ။ ဆိုလိုတာကတော့ လူတွေ စိတ်ဓာတ် တက်ကြွလာအောင် အနည်းဆုံး‌တော့ သူတို့ရဲ့ အခက်အခဲ ရှိနေပြီဖြစ်တဲ့ လက်နက်ကိုင်လှုပ်ရှားမှု လမ်းစဉ်ကို ဆက်ပြီး အသက်သွင်းချင်တဲ့ အနေနဲ့ ပြောတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု CNI သို့ ပြောသည်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ လူအင်အား၊ ငွေအင်အားများကို ယခုအချိန်အထိ အားမလျှော့ပဲ ပါဝင်ခဲ့ကြကြောင်း၊ ယခု တော်လှန်ရေးသည် မိမိတို့ မြန်မာနိုင်ငံသမိုင်းမှာ ကွဲပြားမှုများ ရှိနေသည့် လူမျိုးပေါင်းစုံ၊ ဘာဘာပေါင်းစုံ၊ နေရာဒေသ အသီးသီးက ပြည်သူများ စုစည်းမိသည့် ထူးထူးခြားခြား တော်လှန်ရေးဖြစ်ကြောင်း မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ PDF ရဲဘော်များ

နယ်မြေ လွှမ်းမိုးနိုင်မှု ၄၈ ရာခိုင်နှုန်း ရှိနေပြီဟု NUG မှ ကြေညာထားကြောင်း၊ တပ်ရင်းပေါင်း ၂၀၀ ကျော် ဖွဲ့စည်းထားနိုင် သည့်အတွက် ယခုလို ပြောခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းစိုးနိုင်က “အခုဆိုလို့ရှိရင် သူတို့ ပြောတဲ့ သဘောထားအရ နယ်မြေတွေ ကျနော်တို့ အုပ်စိုးနိုင်မှု၊ လွှမ်းမိုးနိုင်မှု ၄၈ ရာခိုင်နှုန်း သူတို့ ရှိနေပြီလို့ NUG က ကြေညာတယ်လေ။ နောက်တစ်ခုက NUG ကာကွယ်ရေးဌာနက ဖွဲ့စည်းထားတဲ့ ကျနော်တို့ တပ်ရင်းပေါင်းက ၂၀၀ ကျော်ရှိပြီ။ နောက် သီးခြားလှုပ်ရှားနေတဲ့ PDF အဖွဲ့အစည်း အားလုံးက ၅၀၀ ကျော် ရှိ တယ်လို့ ဆိုတာပေါ့ဗျာ။ အဲဒီလို အခြေအနေတွေ ရှိနေတဲ့အောက်မှာ အခြေအနေကတော့ မျှခြေ အခြေအနေတော့ ရောက် နေပြီ။ သူတို့ ပြောတဲ့ သဘောအရ” ဟု ပြောသည်။

NUG ၏ ယာယီသမ္မတမှ တုံ့ပြန်သည့် တိုက်ပွဲများ၊ ထိုးစစ်များ လုပ်ဆောင်ရန် လှုံ့ဆော်မှုကြောင့် ယခု ရက်ပိုင်းအတွင်း မြို့ပြတိုက်ပွဲများ၊ ဒေသတွင်း တိုင်းဒေသနှင့် ပြည်နယ်များတွင် တိုက်ပွဲ အရှိန်အဟုန်များ မြင့်မားလာကြောင်း ၎င်းက ပြော သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မ‌တော်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် ပဋိပက္ခ များ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ် တို့မှာ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူ ၁ သန်း နီးပါး ရှိကြောင်းလည်း UN က ထုတ်ပြန်ထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (GETTY IMAGES)

အမေရိကန်သည် အီရန်အကြောက်လွန်ရောဂါ ပိုမိုစေ့ဆော်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1891

CNI International News

တီဟီရန် ဇူလိုင် ၁၈

အမေရိကန်သည် အီရန်အကြောက်လွန်ရောဂါ (Iranophobia) ဖြင့် မိမိတို့ဒေသတွင်း တင်းမာအောင် စေ့ဆော်ဖို့ ကြိုးစားနေကြောင်း အီရန်အစိုးရက စွပ်စွဲခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းအရ သိရသည်။

ဂျိုးဘိုင်ဒန်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အရှေ့အလယ်ပိုင်းဒေသသို့ ပထမဆုံးခရီးစဉ်အဖြစ် မကြာသေးခင်က ဆော်ဒီနှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အပြီး အီရန်ဘက်က အထက်ပါအတိုင်း စွပ်စွဲချက် ထွက်လာခြင်း ဖြစ်သည်။

“အီရန် အကြောက်လွန်ရောဂါနဲ့ အမုန်းတရား ဖန်တီးရေးမူဝါဒကို ကိုင်စွဲပြီး ကျနော်တို့ ဒေသတွင်းမှာ တင်းမာမှုတွေနဲ့ အကျပ်အတည်းတွေ ဖန်တီးဖို့ နောက်တစ်ကြိမ် ကြိုးစားနေပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီက ဇူလိုင် ၁၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် အခြားနိုင်ငံများ၏ အရေးကို အဆက်မပြတ် ဝင်ရောက်စွက်ဖက်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ စတင်စေခြင်းနှင့် မိမိတို့ ဒေသအနှံ့အပြား လက်နက် အမြောက်အမြား ရောင်းချသည့် ပထမဆုံးနိုင်ငံ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

အမေရိကန်အနေဖြင့် ပါလက်စတိုင်း နယ်မြေများကို ဆက်လက် သိမ်းပိုက်ရေး အဓိက ဆက်စပ်နေကြောင်း၊ ပါလက်စတိုင်း လူမျိုးများအပေါ် နေ့စဉ်ရာဇဝတ်မှုနှင့် အသားအရောင် ခွဲခြားဆက်ဆံရေးတို့တွင် အမေရိကန် ပတ်သက် ဆက်စပ်နေကြောင်း နက်ဆာကာနာနီက ဆက်လက်ပြောကြားခဲ့သည်။

ဘိုင်ဒန်နဲ့ GCC အဖွဲ့၀င်များ

သူ၏ ပြောကြားချက်မှာ အီရန်၏ရန်သူတော် အစ္စရေးကို ဝါရှင်တန်(အမေရိကန်) ဆက်လက် ထောက်ခံနေခြင်းအား ရည်ညွှန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင် ၆ နိုင်ငံအပြင် အီဂျစ်၊ ဂျော်ဒန်နှင့် အီရတ်တို့ ပါဝင်ခဲ့ကြသည့် ဂျဒတ် ထိပ်သီးအစည်းအဝေး၌ “ဝါရှင်တန်သည် အရှေ့အလယ်ပိုင်း ဒေသတွင်းကို ချန်ရစ်ထွက်ခွာမည် မဟုတ်ကြောင်း” ဘိုင်ဒန်က အာရပ်ခေါင်းဆောင်များကို ကတိပြုခဲ့သည်။

အဆိုပါ ထိပ်သီး အစည်းအဝေးကို ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒတ် (Jeddah) မြို့တွင် ကျင်းပခဲ့သည်။

“တရုတ်၊ ရုရှား (ဒါမှမဟုတ်) အီရန်တို့ ဖြည့်ဆည်းလာမယ့် လစ်ဟာမှုမျိုးကို ကျနော်တို့ ချန်ထားခဲ့မှာ မဟုတ်ပါဘူး” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

“အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် အီရန်နှင့်ပတ်သက်ပြီး “အမှား” ကျူးလွန်လာပါက ပြင်းပြင်းထန်ထန်နှင့် ကြေကွဲသွားအောင် တုံ့ပြန်မည်”ဟု ယခုသီတင်းပတ် အစောပိုင်း၌ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ (Ebrahim Raisi) က သတိပေးခဲ့သည်။

ဘိုင်ဒန်၏ အစ္စရေး ခရီးစဉ်နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒတ်မြို့၌ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် “အီရန်ထံ တွင် နျူကလီးယားလက်နက် မရအောင် အမေရိကန်ဦးဆောင်၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” အလေးပေး ဖော်ပြခဲ့သည်။

Source: Aljazeera

 

 

 

Share
Tweet
Share
Share
powered by social2s
လုံခြုံရေးတပ်ဖွဲ့များ မြို့တွင်း လှည့်လည်နေစဉ် (AP)

ယာယီသမ္မတက သီရိလင်္ကာကို အရေးပေါ်အခြေအနေ ထပ်မံကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 2076

CNI International News

ကိုလံဘို ဇူလိုင် ၁၈

သီရိလင်္ကာအစိုးရအဖွဲ့သည် လူမှုရေး မငြိမ်မသက် ဖြစ်နေမှုများကို ထိန်းသိမ်းရန်နှင့် ချွတ်ခြုံကျနေသော စီးပွားရေး ကုစားရန် အတွက် ကြိုးပမ်းနေစဉ် ဇူလိုင် ၁၇ ရက် နှောင်းပိုင်း၌ ယာယီသမ္မတ ရာနေးဝီကရီမီဆင်က နိုင်ငံတဝန်း အရေးပေါ် အခြေ အနေ ကြေညာလိုက်ကြောင်း ရိုက်တာသတင်းတွင် တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက စီးပွားရေး ချွတ်ခြုံကျမှုနှင့် မရှိမဖြစ်ပစ္စည်းများ ဝယ်ယူ၍ မရတော့ဘဲ ပြတ်လပ်ခဲ့ခြင်းအတွက် လူထုဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရာ သီရိလင်္ကာ အာဏာပိုင်များသည် အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်းကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရသည်။

“ပြည်သူ့လုံခြုံရေးနှင့် ရပ်ရွာအတွင်းရှိ လူမှုဘဝအတွက် မရှိမဖြစ် လိုအပ်သော အသုံးအဆောင်နှင့် ဝန်ဆောင်မှုများ ရရှိရေး ကိုက်ညီဆီလျော်အောင် ယခု အရေးပေါ် အခြေအနေကို ထုတ်ပြန်သည်”ဟု အစိုးရကြေညာချက်တွင် ဖော်ပြထားသည်။

ယခင် သီတင်းပတ်က သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာသည် ၎င်း၏အစိုးရကို ဆန့်ကျင်သည့် လူထုအုံကြွမှုအ တွင်း တကိုယ်တော်ရုန်းထွက်၍ ပြည်ပသို့ ထွက်ပြေးသွားခဲ့ပြီးနောက် ယာယီသမ္မတအဖြစ် တာဝန်ယူလိုက်ရသည့် ဝီကရီမီ ဆင် က ယခုကဲ့သို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၁၅ ရက်တွင် ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယခင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော အရေးပေါ် အခြေအနေ အမိန့်ကို ရုပ်သိမ်းလိုက်ခြင်း (သို့မဟုတ်) ပျက်ပြယ်သွားခြင်း ရှိ/မရှိနှင့် ယခုအမိန့်ကို ယာယီပြန်လည် ထုတ်ပြန် ခဲ့ခြင်း ဟုတ်/မဟုတ် စသည်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရိုက်တာက ဆက်လက် ရေးသားထားသည်။

ယာယီသမ္မတ ရာနေးဝီကရီမီဆင်နဲ့ ပြည်ပြေး သမ္မတဟောင်း(AP)

ထိုအကြောင်းကို ရိုက်တာသတင်းဌာနက ဝီကရီမီဆင်၏ရုံးမှ ပြောရေးဆိုခွင့်ရှိထံသို့ သဘောထား မှတ်ချက်ပေးရန် တောင်းခံ ခဲ့သော်လည်း တုံ့ပြန်ခြင်းမရှိပေ။ယခု နောက်ဆုံး ကြေညာခဲ့သည့် အရေးပေါ် အခြေအနေနှင့် စပ်လျဉ်း၍ သီးခြားဥပဒေပါ ပြဋ္ဌာန်းချက်များကို အစိုးရက မထုတ်ပြန် သေးသော်လည်း မသင်္ကာသူများကို ဖမ်းဆီးရန်၊ ပုဂ္ဂလိပိုင် ပစ္စည်းများကို ရှာဖွေရန်နှင့် ဆန္ဒပြသူများကို နှိမ်နင်းရန် စစ်တပ်၏ ယခင်အရေးပေါ် အခြေအနေ စည်းမျဉ်းများကို အသုံးပြုထားသည်။

နိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သော ကိုလံဘိုတွင် ဇူလိုင် ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် အခြေအနေ တည်ငြိမ်နေပြီး ယာဉ်ကြော ပိတ်ဆို့မှုများနှင့် လမ်းသွားလမ်းလာများ ပုံမှန်အတိုင်း ရှိနေသည်။

အရေးပေါ် အခြေအနေ ကြေညာခြင်းသည် အစိုးရ၏ ပုံသေတုံ့ပြန်မှု ဖြစ်လာကြောင်း မူဝါဒ ရွေးချယ်ရေးဆိုင်ရာ ဗဟိုဌာနမှ အကြီးတန်းသုတေသီ ဘာဗနီဖွန်စီကာ (Bhavani Fonseka) က ပြောကြားခဲ့သည်။

“ဒါဟာ အရင်ကလည်း ထိရောက်မှု မရှိဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ” ဟု ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောသည်။

သမ္မတဟောင်း ရာဂျာပက်ဆာ၏ နုတ်ထွက်လွှာကို ဇူလိုင် ၁၅ ရက်တွင် သီရိလင်္ကာလွှတ်တော်က လက်ခံခဲ့ပြီး ဖြစ်သည်။

Source: Reuters

 

 

 

Share
Tweet
Share
Share
powered by social2s
တိုက်ပွဲကြောင်း မိုးဗြဲမြို့အတွင်းက နေအိမ်တစ်လုံး မီးလောင်နေစဉ် (Kayan Generation Youth)

မိုးဗြဲမှာ တိုက်ပွဲဖြစ် နေအိမ်တစ်လုံး မီးလောင်

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1507

 

CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်းမှာ တပ်မတော်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့ (PDF)တို့ ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး နေအိမ်တစ်လုံး လက်နက်ကြီးကျ ရောက် ပေါက်ကွဲမှုကြောင့် မီးလောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်မီးလောင်မှုမှာ တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွ့ဲဘက်က ပြောသည်။

ထို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

Share
Tweet
Share
Share
powered by social2s
Photo-Simple Light,MRS,Poison

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမှာ ဆန္ဒပြ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1360
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင်
 
မနက်ဖြန် (ဇူလိုင် ၁၉ ရက်)ကျရောက်မည့် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့မှာ သပိတ်ကော် မတီနှင့် သံဃာသမဂ္ဂတို့ ပူးပေါင်း၍ ယနေ့ (ဇူလိုင် ၁၈ ရက်)က ဆန္ဒပြခဲ့ကြပါတယ်။
 
အဆိုပါ ဆန္ဒပြရာတွင် အာဇာနည်မျိုး သေရိုးမရှိ၊ အာဇာနည်တို့ အရိုးဖြင့် ဖက်ဒရယ်အလံတော် လွှင့်ထူကြ၊ လူမျိုးကြီးဝါဒ တိုက်ဖျက်ကြ၊ အာဇာနည်ဟာ ကိုးဦးမက၊ မနိုင်ရင်သေမယ် မသေရင်နိုင်မယ် စသည့် ကြွေးကြော်သံ စာတမ်းများ ကိုင် ဆောင်ခဲ့ကြသည်။
Share
Tweet
Share
Share
powered by social2s

ဟေတီဒုစရိုက်ဂိုဏ်းများထံသို့ လက်နက်ပေးပို့မှု ရပ်ရန် UN ပြော

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s

ပခုက္ကူမြို့တဝိုက် ဆေးဝါး၊ မြေဆီ၊ ဝါယာကြိုး၊ သံထည်များ သယ်ဆောင်ခွင့်မရ

By CNI
CNI
Category: Watch TV
Hits: 718

Share
Tweet
Share
Share
powered by social2s

ဘောရစ်ဂျွန်ဆင်ပြီးလျှင် အမှတ် ၁၀ ဒေါင်းနင်းလမ်းကို ဘယ်သူရောက်လာမှာလဲ

By CNI News
CNI News
Category: ဆောင်းပါး
Hits: 1561

 

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၇

ယခုအခါ ဗြိတိန်နိုင်ငံတွင် အုတ်အော်သောင်းနင်း ဂယက်ထနေသည့် နိုင်ငံရေး ရှုပ်ထွေးမှုများနှင့် ထူးခြား ဖြစ်စဉ်များ အကြောင်း ကမ္ဘာတဝန်း စိတ်ဝင်တစားဖြင့် မေးခွန်းထုတ်လျက် ရှိကြသည်။ ထိုမေးခွန်းများကို ဖြေရှင်းဖို့ ကြိုးစားနေသူများ ထဲတွင် ဗြိတိန်ရုပ်ရှင်မင်းသား ဟက်ဂရန့် (Hugh Grant) လည်း ပါသည်။  

“ချစ်လှစွာသော ကမ္ဘာ့ပြည်သူများခင်ဗျား …  ဗြိတိန်ဖွဲ့စည်းပုံ ဥပဒေနဲ့အညီ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်နေမှာပါ” ဟု ၎င်းက တွစ်တာတွင် ရေးသားခဲ့သည်။

“အဖြေကတော့ အခွန်ကိစ္စအတွက် ဗြိတိန်မှာ အခြေချ နေထိုင်ခြင်းမရှိတဲ့ သတင်းစာတိုက် ပိုင်ရှင် ၃ ဦး ပေါင်းပြီး ကျနော်တို့ ရဲ့ နောက်ထပ် ဝန်ကြီးချုပ် (ဒါမှမဟုတ်) ချစ်စရာကောင်းမယ့် အမွေးပွ ခွေးလေးတစ်ကောင်ကို ရွေးပေးတော့မှာပါ။ ရွေးပြီး ရင် ဘုရင်မကြီးက သူ့ကို သနပ်ခါးလိမ်းပြီး ပန်းပန်ပေးလိမ့်မယ်” ဟု ဟက်ဂရန့်က တွစ်တာတွင် ဆက်လက်ရေးသားခဲ့သည်။

စင်စစ် ဗြိတိန်ပြည်တွင်း ထုတ်ဝေနေသည့် သတင်းစာများ၏ ပရိသတ်တစ်ဦး မဟုတ်သော ဂရန့်သည် Grant—ကွန်ဆာဗေး တစ်ပါတီ ဘက်လိုက်သော သတင်းစာများ၏ ပါဝါနှင့်သြဇာ လွှမ်းမိုးမှုတို့ကို ရည်ညွှန်း၍ အသောအထေ့ ရေးသားခဲ့ခြင်းပဲ ဖြစ်သည်။

သူ(ဂရန့်)၏ တွစ်တာ account တွင် ဗြိတိန်နိုင်ငံရေးအကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ထားသော်လည်း ဗြိတိန်၏ နောက်ထပ် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် ရွေးချယ်စရာ အနည်းငယ်သာ ရှိသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဘောရစ်ဂျွန်ဆင်၏ နေရာကို ဆက်ခံမည့်သူကို မည်သို့မည်ပုံ ရွေးချယ်ကြမည်နည်း။

ဗြိတိန်ရုပ်ရှင်မင်းသား ဟက်ဂရန့်နဲ့ ဘောရစ်ဂျွန်ဆင်

ဤတွင် သိမှတ်စရာ အချက်အလက်အချို့ကို ကောက်နုတ်ဖော်ပြလိုပါသည်။

ဗြိတိသျှလွှတ်တော်ထဲတွင် ကွန်ဆာဗေးတစ် အမတ်များသည် နောက်ဆုံးတွင် အပြီးသတ် မဲပေးသူနှစ်ဦးကို စုပြုံ မဲပေးကြရ မည် ဖြစ်သည်။ ကွန်ဆာဗေးတစ်များက ၎င်းတို့၏ ပါတီဝင် စာရင်းတွင် လူ နှစ်သိန်းခန့်ရှိကြောင်း၊ ဂျွန်ဆင်၏ ရာထူး သက်တမ်းအတွင်း ပါတီဝင်ဦးရေ များလာသည်ဟု ပြောကြသည်။

အဆိုပါ အရေအတွက်သည်ပင် ဗြိတိန်လူဦးရေနှင့် အချိုးချကြည့်လျှင် စုစုပေါင်းလူဦးရေ (၀ ဒသမ ၃) ရာခိုင်နှုန်းအောက် လျော့နည်း နေသေးသည်။  ထို့ပြင် အွန်လိုင်းမှ မဲပေးကြသူများ၏ မဲအချို့ကိုလည်း သေချာပေါက် ရေတွက်၍ မရသေးပေ။

ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်မည့် ကိုယ်စားလှယ်လောင်း ထက်ဝက်သည် လူနည်းစုဖြစ်ပြီး ၆ ဦးအနက် ၄ ဦးမှာ အမျိုးသမီးများ ဖြစ်သော်လည်း ပါတီကို လူဖြူများက လွှမ်းမိုးထားဆဲ ဖြစ်သည်။ နောက်ဆုံး ဆန်ခါတင် နှစ်ဦးကြားတွင် ၎င်းတို့၏ ရွေးချယ်မှုသည် ကျယ်ပြန့်သော မဲဆန္ဒရှင်များက ဆုံးဖြတ်မည်ဖြစ်ပြီး သူသူငါငါ မီဒီယာနှင့်အဖွဲ့အစည်း တချို့က ကောက်ယူသော စစ်တမ်းများ၏ ရလဒ်များနှင့် ကိုက်ညီလိမ့်မည်တော့ မဟုတ်။

တစ်ခါတရံတွင် ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာကို အမှန်တကယ် ခိုင်ခိုင်မာမာ အပ်နှင်းခြင်း မပြုနိုင်သည့်အခါ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ လိုအပ်သည်။

လွှတ်တော်အတွင်း ပထမအကျော့ မဲပေးကြတုန်းက အရှိန်အဟုန်မှာ လျင်မြန်သည်။ အမည်စာရင်း တင်သွင်းမှုများကို ဇူလိုင်လဆန်းပိုင်းတွင် အဆုံးသတ် စေခဲ့ပြီးနောက် ပထမအကျော့ မဲပေးခြင်း အစီအစဉ်ကို တစ်ပတ်အတွင်း ချက်ချင်း ပြုလုပ်ခဲ့သည်။

ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်နေသူ ရီရှီဆူနက်

ရုပ်သံလိုင်းများမှ ထုတ်လွှင့်သည့် စကားစစ်ထိုးပွဲများကို ဇူလိုင် ၁၅ ရက်နှင့် ဇူလိုင် ၁၇ ရက်တို့တွင် တစ်ရက်ခြား စီစဉ်ထားပြီး လာမည့် သီတင်းပတ် အစပိုင်း ဇူလိုင် ၁၈ ရက်တွင်တော့ နောက်ထပ် မဲပေးပွဲများကို ထပ်မံကျင်းပ စီစဉ်ထားပြီး ၎င်းနောက် တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ပြုလုပ်မည်ဖြစ်သည်။

ဆန်ကာတင်နှစ်ဦးကို ဖော်ထုတ်ပြီးသည်နှင့် ပါတီတွင်း မဲဆွယ်စည်းရုံးမှုများကို ဆက်လက် နားစွင့်နိုင်ရန် လာမည့် နွေရာသီ တွင် ကျန်ရှိသည့် အောက်ခြေ ပါတီဝင်များထံသို့ မဲများ ထုတ်ပေးမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရာထူးအတွက် ပါတီ၏ ခေါင်းဆောင်အဖြစ် အရွေးခံသူ ရှစ်ဦးသည် ပထမအကျော့ မဲအတွက် အရည်အချင်း ပြည့်မီပြီး တစ်မဲစီအတွက် တိုရီ -Tory (ကွန်ဆာဗေးတစ်ပါတီ) လုပ်ဖော်ကိုင်ဖက် အယောက် ၂၀ ၏ ကျောထောက်နောက်ခံ ကို ရယူထားသည်။

နိုင်ငံခြားရေး၀န်ကြီး လစ်ဇ်ထရပ်စ်

ဇူလိုင် ၁၃ ရက် မဲပေးပြီးနောက်တွင် ကိုယ်စားလှယ်လောင်း ၆ ဦး ကျန်ရှိခဲ့သလို ဇူလိုင် ၁၄ ရက် ဆက်လက် မဲပေးကြရာ  လက်ရှိတွင် ၅ ဦးသာ ကျန်တော့သည်။ သို့ဖြစ်၍ ဇူလိုင် ၁၈ ရက်၌ ထို ၅ ဦးထဲမှ ဆန်ခါတင် ထပ်ရွေးကြ၊ မဲပေးကြရမည် ဖြစ်သည်။

ထိပ်တန်း ပြိုင်ဖက်များတွင် ဘဏ္ဍာရေးအတွင်းဝန်အဖြစ်မှ နုတ်ထွက်ခဲ့သော ရီရှီဆူနက်သည် ဂျွန်ဆင်အား အာဏာရပါတီ အတွင်း ပုန်ကန်မှု စတင်ရန် အကူအညီပေးခဲ့သူ ဖြစ်သည်။ နောက်တစ်ယောက်တော့ ဗြိတိန်၏ ငယ်ငယ်ရွယ်ရွယ်နှင့် ကုန်သွယ်ရေးဝန်ကြီးဖြစ်လာသူ ပဲန်နီမော်ဒန့် ဖြစ်သည်။

သူနှင့်အပြိုင် အမျိုးသမီးဝန်ကြီး တစ်ဦးဖြစ်သည့် လစ်ဇ်ထရပ်စ်လည်း ဇူလိုင် ၁၈ ရက်အတွက် အားကောင်းနေသည်။ လစ်ဇ်ထရပ်စ်သည် ယူကရိန်းစစ်ပွဲအတွင်း သူ့လုပ်ဆောင်ချက်များအတွက် ချီးကျူးခံရသူဖြစ်သည်။ ပဲန်နီမော်ဒန့်ကတော့  အမျိုးသမီး ကုန်သွယ်ရေးဝန်ကြီးအနေဖြင့် ဥရောပသမဂ္ဂထဲမှ ဗြိတိန်နုတ်ထွက်မှု (Brexit) နှင့်ပတ်သက်၍ အတော်လေး တင်းမာသော ရပ်တည်ချက်ရှိ၍ အငြင်းပွားမှုများ ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်နေသူ ပဲန်နီမော်ဒန့်

ကျန်သူနှစ်ဦးကတော့ ယခင် သာတူညီမျှရေးဝန်ကြီးဟောင်း ကီနီဘေးနော့နှင့် လွှတ်တော်အမတ် တွမ်တူဂျန်းဟက်တို့ ဖြစ်ကြသည်။ တွမ်တူဂျန်းဟက်သည် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကို တစ်တစ်ခွခွ ဝေဖန်ခဲ့သော အမတ်တစ်ဦး လည်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက်သည် ကွန်ဆာဗေးတစ် ပါတီဝင်များ၏ မဲဆန္ဒများတွင် ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း ၎င်းအနေဖြင့် သေချာစွာ စဉ်းစားပြီးနောက် ယခုပွဲထဲ ဝင်ရောက် အရွေးမခံရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။   

ပဲင်နီမော်ဒန့်သည် ကွန်ဆာဗေးတစ် ပါတီဝင်များ၏ အကြိုစစ်တမ်းများတွင် ထိပ်တန်း ကိုယ်စားလှယ်လောင်းအဖြစ် တစ်ပြေး နေသည်။ ဗြိတိန်လူထု၏ ၁၁ ရာခိုင်နှုန်းကသာ သူ့အမည်နှင့် ဓာတ်ပုံကို တွဲလျက်သိကြသည်။ သို့သော် သူကတော့ ယခုပွဲ တွင် ထိပ်ဆုံးမှ တစ်ပြေးသူ ဖြစ်နေသည်။

ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလက်

ထုံးတမ်းစဉ်လာအရ ဗြိတိန်နိုင်ငံ၏ အထိတ်အထိပ်ဖြစ်သူ ဘုရင်မကြီးက ဝန်ကြီးချုပ်အသစ် ရွေးချယ်ခြင်း၏ အဆုံးသတ် အဖြစ် “လက်ဖမိုးနမ်းရှုံ့၍ အသိအမှတ်ပြု” အခမ်းအနား ကျင်းပလေ့ရှိသည်။ (ယခုခေတ် အင်္ဂလန်နိုင်ငံရေးတွင် အမှန် တကယ် နမ်းရှုံ့ခြင်းမျိုး မရှိတော့ပါ)

နုတ်ထွက်သွားသော (သို့မဟုတ်) ရာထူးသက်တမ်း ကုန်ဆုံးသွားသော ဝန်ကြီးချုပ်များသည် ပုံမှန်အားဖြင့် အောက်လွှတ် တော် အစည်းအဝေးသို့ နောက်ဆုံး အကြိမ်အဖြစ် တက်ရောက်လေ့ရှိပြီး ဘက်ကင်ဟမ် နန်းတော်သို့ မော်တော်ယာဉ်ဖြင့် မထွက်ခွာမီ လန်ဒန်မြို့၊ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်အပြင်ဘက်တွင် သဘောထား မှတ်ချက်စကားများ ပြောကြား တတ်သည်။

ဘုရင်မကြီး

သူ့ကို ဘုရင်မကြီး၏ ကိုယ်ရေးအတွင်းဝန်က ကြိုဆိုပြီး နှုတ်ထွက်စာတင်သည့် သီးသန့်အခန်းထဲသို့ ပို့ပေးရသည်။ အနားယူ တော့မည့် ဝန်ကြီးချုပ်နှင့် ဘုရင်မကြီးတို့ ခဏတဖြုတ် စကားစမြည်ပြောကြသည်။ သို့သော် သိပ်မကြာခင်မှာပဲ အစိုးရ အနေ ဖြင့် ဝန်ကြီးချုပ် နုတ်ထွက်တာကို “ကျေနပ်စွာ လက်ခံပါကြောင်း” ကြေညာချက် ထုတ်ပြန်ရန် ဘုရင်မကြီးက နန်းတော်သို့ အမိန့်ပေးရသည်။  

ထို့နောက် ဝန်ကြီးချုပ်ဟောင်း၏ မော်တော်ယာဉ် နန်းတွင်းမှ ထွက်ခွာသွားပြီး ချက်ချင်းဆိုသလို ဝန်ကြီးချုပ်အသစ်ကို တင် လာသည့် မော်တော်ယာဉ်က နန်းတော်မုခ်ဝသို့ ဆိုက်ရောက်လာလေသည်။ ၎င်းက အင်္ဂလန် အဆောင်အယောင်များဖြင့် အစိုးရသစ် ဖွဲ့ခွင့်ပြုပါရန် နန်းတော်သို့ ခွင့်ပြုချက် တောင်းခံရသည်။ ဘုရင်မကြီးက ခေါင်းညိတ်မှ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်သည်။

ဘုရင်မကြီး အဲလိဇဘက် (၂) သည် ၎င်း၏ နန်းစံသက်အတွင်း ဝန်ကြီးချုပ် ၁၄ ဦးတိတိ ရှိခဲ့ပြီ ဖြစ်သည်။

ယခု ခန့်အပ်မည့် ဝန်ကြီးချုပ်သစ်သည် ၎င်း၏လက်ထက် ၁၅ ဦးမြောက် ဖြစ်သည်။ ၁၅ ဦးမြောက် ဝန်ကြီးချုပ်တာဝန် စတင် ခြင်း၊ နိုင်ငံရေးယန္တရား ရွေ့လျားခြင်းတို့အတွက် အသက် ၉၆ နှစ်အရွယ်ရှိ ဘုရင်မကြီးကတော့ ဘာကင်ဟမ် နန်းတော်ထဲမှ စောင့်မျှော်နေမည်ဖြစ်သတည်း။        ။

Source: Washington Post

 

(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်၌ ဇူလိုင် ၁၄ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Marisa Bellack ၏ ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)

 

Share
Tweet
Share
Share
powered by social2s
  • 87
  • 88
  • 89
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96

Page 92 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar