CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဗြိတိန်ဝန်ကြီးချုပ်သစ်နေရာ အိန္ဒိယနွယ်ဖွား ရီရှီဆူနက် တစ်ပြေးနေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1275

CNI International News

လန်ဒန်၊ ဇူလိုင် ၁၅

ဗြိတိန်နိုင်ငံတွင် လစ်လပ်သွားသည့် ဝန်ကြီးချုပ် ရာထူးအတွက် ဇူလိုင် ၁၄ ရက်၌ ကျင်းပသော တိုရီပါတီ ခေါင်းဆောင် နေရာ အတွက် ပြိုင်ဆိုင်မှုအဖြစ် ကွန်ဆာဗေးတစ် အမတ်များ၏ ဒုတိယအကျော့ မဲပေးခဲ့ကြရာ အိန္ဒိယနွယ်ဖွား ရီရှီဆူနက် (Rishi Sunak) သည် ၁၀၁ မဲဖြင့် ထိပ်ဆုံးမှ တစ်ပြေးနေခဲ့ကြောင်း Times of India မီဒီယာက ရေးသား ဖော်ပြသည်။

ထို့နောက် ရှေ့နေချုပ် ဆူလီယာ ဘရေ့ဗားမင်း ကတော့ အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်း လန်ဒန်မှ လာသော သတင်းများ ကို စုစည်းလျက် Time of India မီဒီယာက ဆက်လက် ရေးသားဖော်ပြသည်။

၈၃ မဲဖြင့် ဒုတိယနေရာမှာ ရပ်တည်နေသူမှာ ကုန်သွယ်ရေးဝန်ကြီး ပဲင်နီမော်ဒန့်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ၆၄ မဲဖြင့် တတိယနေရာ၌ ရှိနေသည်။

ထို့နောက် သာတူညီမျှရေးဝန်ကြီးဟောင်း ကီမီဘီဒီနော့ချ်က ၄၉ မဲဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေပြီး နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ တွမ်ကျူဂန်ဟက်က ၃၂ မဲဖြင့် ပဉ္စမနေရာသို့ ရောက်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ငါးဦးတို့သည် ဇူလိုင် ၁၈ ရက်တွင် ကျင်းပမည့် တတိယအကျော့ မဲပေးပွဲတွင် ထပ်မံ ယှဉ်ပြိုင် ရဦးမည် ဖြစ်သည်။

ဗြိတိန် ဝန်ကြီးချုပ်ရာထူးသစ်အတွင် ယှဉ်ပြိုင်နေကြသူများ

ရရှီဆူနက်သည် ဗြိတိသျှ အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့ဖူးပြီး အိန္ဒိယအခြေစိုက် Infosys ကုမ္ပဏီ တည်ထောင်သူ အန်အာရ်နာရာယနာမာဖီ၏ သမက်ဖြစ်ပြီး ယခုယှဉ်ပြိုင်မှု၏ ပထမဆုံးအကျော့၌ ၈၈ မဲ ရရှိခဲ့သည်။

သို့သော် တိုရီလွှတ်တော် အမတ်များကြားတွင် အလားအလာ ကောင်းနေပြီး နောက်ဆုံးအဆင့် ကိုယ်စားလှယ်လောင်းနှစ်ဦး ကျန်ရှိသည်အထိ ဆက်လက် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်ထားသော်လည်း ပြိုင်ဘက်များဖြစ်ကြသည့် ပဲင်နီမော်ဒန့်နှင့် ကီမီဘီဒီ နော့ တို့ကလည်း YouGov ဝက်ဘ်ဆိုက်၏ စစ်တမ်းကောက်ယူမှုအရ ရေပန်းစားနေကြသည်။

ထို စစ်တမ်း၏ ရလဒ်အရ ဗြိတိန်ဝန်ကြီးချုပ်သစ်အဖြစ် ကြိုတင်ခန့်မှန်းကြရာတွင် ပဲင်နီမော်ဒန့်က စစ်တမ်းဝင်ရောက် ဖြေဆို သူများ၏ အနှစ်သက်ဆုံး ဖြစ်ခဲ့သဖြင့် ဆူနက်ကို ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

နုတ်ထွက်သွားတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ရီရှီဆူနက်

အလားတူ ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို ချိန်ရွယ်ခဲ့သူ ရှေ့နေချုပ် ဆူလီယာဘရေ့ဗားမင်းသည် ဇူလိုင် ၁၄ ရက် ပါတီအတွင်း အမတ်များ မဲပေးမှု၌ ၂၇ မဲသာ ရခဲ့သည်။ ဘရေ့ဗားမင်း၏ ဖခင်ဖြစ်သူမှာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့နှင့် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ တို့မှ အဆက်အနွယ်များ ဖြစ်ကြပြီး မိခင်ဖြစ်သူမှာ တမီလ်အမျိုးသမီး ဖြစ်သည်။

Brexit အရေးကိစ္စ၌ ညှိနှိုင်းရေးမှူးချုပ်ဟောင်း ဖြစ်ခဲ့ဖူးသူ လော့ဒ်ဖော့စ်က “ပဲင်နီမော်ဒန့် အနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာဖို့ အလေးအနက် မျှော်လင့်မိကြောင်း၊ Brexit အတွက် ဗြိတိန်၏ ရပ်တည်ချက် အောင်မြင်ဖို့ သူမသည် အခက်အခဲမရှိ ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း” Talk TV သို့ ပြောကြားခဲ့သည်။

“သူ့လို အမျိုးသမီး တစ်ယောက်က အခုခေါင်းဆောင်နေရာမျိုး ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့အပေါ်မှာ ကျနော် တကယ့်ကိုပဲ အံ့အား သင့် ဝမ်းသာမိပါတယ်” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

Source: Times of India

 

 

Share
Tweet
Share
Share
powered by social2s

ယူကရိန်းခွဲထွက်ဒေသများ၏ လွတ်လပ်ရေးကို မြောက်ကိုရီးယားထောက်ခံ

By CNI
CNI
Category: Watch TV
Hits: 793

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌ မဟိန္ဒာယာပါ အဘီဝါဒါနာသည် ဇူလိုင်လ ၁၅ ရက် သောကြာနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်(ဓါတ်ပုံ-အေပီ)

သီရိလင်္ကာသမ္မတ နုတ်ထွက်ပြီးနောက် လွှတ်တော်ခေါ်မည်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1290

CNI International News

ကိုလံဘို၊ ဇူလိုင် ၁၅

သီရိလင်္ကာနိုင်ငံတွင် အစိုးရအဆောက်အဦများ သိမ်းပိုက်ခံရလျက် သမ္မတကို ရာထူးမှ နုတ်ထွက်စေခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက တိုင်းပြည်အတွက် နောက်ထပ်ခေါင်းဆောင်အသစ်ကို ရွေးချယ်ရန် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အေပီသတင်းအရ သိရသည်။

သမ္မတသစ် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို စတင်ရန်အတွက် သီရိလင်္ကာလွှတ်တော်ကို ဇူလိုင် ၁၆ ရက် (မနက်ဖြန်) တွင် စတင်ခေါ်ယူသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မဟိန္ဒာယာပါ အဘီဝါဒါနာ (Mahinda Yapa Abeyweardana) က ဇူလိုင် ၁၅ ရက် (ယနေ့)တွင် ပြောကြားခဲ့သည်။

သမ္မတသစ်ရွေးချယ်ခန့်အပ်မှုသည် ၂၀၂၄ ခုနှစ်ကျမှ ကုန်ဆုံးမည့် သမ္မတဟောင်း ရာဂျာပက်ဆာ၏ လက်ကျန် ရာထူးသက်တမ်းကို ဆက်လက်ထမ်းဆောင်စေရန် ရည်ရွယ်သည်။ အဆိုပါသမ္မတသစ်ကို လွှတ်တော်က အတည်ပြုပေးမည်ဖြစ်ပြီး ၎င်းက ဝန်ကြီးချုပ်အသစ်ကို ဆက်လက်ခန့်အပ်နိုင်ဖွယ်ရှိသည်။

ရာဂျာပက်ဆာသည် ၎င်းကို ရာထူးမှ နုတ်ထွက်စေရေး ဆန္ဒပြမှု အရှိန်ကောင်းနေစဉ် ဇူလိုင် ၁၃ ရက်၌ ပြည်တွင်း မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ၎င်းသည် ဇူလိုင် ၁၄ ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရာဂျာ ပက်ဆာ၏ သမ္မတအဖြစ်မှ နုတ်ထွက်လွှာသည် ထိုနေ့၌ပင် အကျုံးဝင်(အသက်ဝင်)ကြောင်း လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုပြောကြားခဲ့သည်။

“ဒီလိုအတည်ပြုနိုင်တာ ကြီးကြီးမားမာ ရလဒ်ပါ။ အဲဒါအတွက် ညပေါင်း ၆၀ (ဒါမှမဟုတ်) ၇၀ လောက် စောင့်စား ခဲ့ရတယ်လို့ မှန်းဆမိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရရင် အကြမ်းဖက်မှုအနည်းဆုံးနဲ့ သမ္မတကို ဖြုတ်ချနိုင်တဲ့လှုပ်ရှားမှုတစ်ခုကို ကျနော်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီနေရာမှာ အောင်ပွဲနဲ့ သက်သာရာ ရမှု နှစ်ခု ရောထွေးနေပါတယ်” ဟု ပြီးခဲ့သည့် ဧပြီလကတည်းက ဆန္ဒပြခဲ့သူ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ဗီရာဂါပီရီရာ (Viraga Perera) က အေပီသို့ ပြောကြားခဲ့သည်။

အစိုးရအဆောက်အဦများကို သိမ်းပိုက်ခဲ့ကြသည့် ဆန္ဒပြသူများသည် ဇူလိုင် ၁၄ ရက်တွင် ဆုတ်ခွာသွားခဲ့ကြပြီး မြို့တော်ကိုလံဘို၌ တင်းမာမှုများ လျော့ကျကာ ပြန်လည်ငြိမ်သက်လာခဲ့သည်။

သို့သော် ကျိုးပဲ့ကြေမွနေသော ဆန့်ကျင်ဘက်ရပ်တည်ချက်များဖြင့် သီရိလင်္ကာအရေး ပြေလည်စေမည့်အဖြေမှာ နီးစပ်လာပုံ မရသေးပေ။
သမ္မတသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်သည် လျင်မြန်စွာဖြင့် ပွင့်လင်းမြင်သာရှိစေမည်ဟု လွှတ်တော်ဥက္ကဋ္ဌ အဘီဝါ ဒါနာက ကတိပြုခဲ့သည်။

“ငြိမ်းချမ်းတဲ့အငွေ့အသက်တွေ ဖန်တီးပေးဖို့ ဒီနိုင်ငံရဲ့လေးစားချစ်ခင်ရတဲ့ နိုင်ငံသားတွေကို မေတ္တာရပ်ခံချင်ပါ တယ်။ ဒီလိုမေတ္တာရပ်ခံရတာကတော့ မှန်ကန်တဲ့ လွှတ်တော်ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင် ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး လွတ်လွတ်လပ်လပ် သိက္ခာရှိရှိနဲ့ အခုခေါ်ယူမယ့်အစည်းအဝေးမှာ ပါဝင် နိုင်ဖို့အတွက် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် သမ္မတ၏နေအိမ်၊ ရုံးခန်းနှင့် ၀န်ကြီးချုပ် ရာနေးဝီကရီမီဆင်၏နေအိမ်တို့ကို ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ကြပြီး လပေါင်းများစွာကြာသော ဆန္ဒပြမှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ဇူလိုင် ၁၃ ရက်တွင် ၎င်းတို့သည် ဝန်ကြီးချုပ်၏ရုံးခန်းကို သိမ်းပိုက်ခဲ့ကြသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် မဲထည့်နေစဉ်

တိုင်းပြည်၏ နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲ တစ်ခုတည်းမဟုတ်ဘူးဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1901

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး နည်းလမ်းရှာဖွေရာတွင် ရွေးကောက်ပွဲကသာ နိုင်ငံရေးထွက်ပေါက် ဖြစ်သည်ဟု မှတ်ယူခြင်းက မဖြစ်သင့်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

နစက-က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရသည့် ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောဆိုထား သော်လည်း ထိုရွေးကောက်ပွဲမှာ နစကအတွက် ထွက်ပေါက် ဖြစ်နိုင်သော်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေးတွင် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “တချို့ပါတီတွေကတော့ ဒီရွေးကောက်ပွဲမှာ ဝင်မယ်ဆိုတော့ တစ်ဖက်က သူ့မှာတော့ အင်အားတစ်ခု၊ သူ့ကို ထောက်ခံတယ်။ သူနဲ့ ပူးပေါင်း ဆောင်ရွက်တယ်ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေတော့ သူ့အတွက်က နည်းနည်း အသာစီး ရသွားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက PR စနစ်နဲ့ သွားမှာဆိုတော့ ဒါက တိုင်းပြည်ရဲ့ တကယ့် ထွက်ပေါက် တော့ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ ထွက်ပေါက်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ တိုင်းပြည်မှာ အဲဒီလို ရွေးကောက်ပွဲကို အတိုက်အခံပါတီတွေ မရှိတဲ့ အချိန်မှာ၊ အားမကောင်းတဲ့ အချိန်မှာ ဒီ PR စနစ်နဲ့ သွားတယ်ဆိုတော့ ဒါက သူ့အနေနဲ့ တိုင်း ပြည်ကို တကယ့်ကို ရေရှည်သွားမယ့် ဖွံ့ဖြိုးတိုးတက်ရေးက အစ၊ ပြည်တွင်းစစ် ရပ်စဲရေးကအစ အဲဒီအပေါ်မှာတော့ အခြေ မခံဘူး။ အဲဒီအပေါ်မှာတော့ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ လုပ်ရုံဖြင့် တိုင်းပြည်တည်ငြိမ်မှု ဖန်တီးနိုင်မည်ဆိုသည်မှာ မရေရာသည့် အခြေအနေ ဖြစ်နေကြောင်း၊ တိုင်းပြည် တည်ငြိမ်ရေးမှာ တွေ့ဆုံဆွေးနွေးမှုက အရေးပါကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီ တောင်းဆိုခြင်း (AP)

စိုင်းထွန်းအောင်လွင်က “ရွေးကောက်ပွဲ တစ်ခုတည်း လုပ်ရုံနဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ဒီ ၂၀၁၀ နောက်ပိုင်းလို ဖန်တီးပေး နိုင်မလားဆိုတာ မရေရာတဲ့ အခြေအနေမျိုးပေါ့။ အဲဒီတော့ တွေ့ဆုံဆွေးနွေးရေးတွေ၊ ဘာတွေက အရေးပါတာ‌ပေါ့ဗျာ။ အဲဒီ တော့ ဘယ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှာလဲတို့ ဘာတို့ကလည်း အဲဒီနေရာမှာ အရေးကြီးလာမယ်နဲ့ တူပါတယ်။ ဒီတိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ပဲ ပြီးမလားဆိုတာလည်း မသေချာပါဘူးနော်။ အခု ဒီတိုင်းရင်းသား တပ်ဖွဲ့တွေကြီးပဲ ခေါ်တာတောင်မှ လာတဲ့ အဖွဲ့လာတယ်၊ မလာတဲ့ အဖွဲ့မလာဘူး၊ ဒါမျိုးတွေ ဖြစ်နေတာကို။ အဲဒီတော့ ဇာတ်လမ်းတွေက ရှေ့ဆက် အများကြီး ရှုပ်နေ ဦးမယ်လို့တော့ ယူဆပါတယ်။ သူ့အနေနဲ့ကတော့ ရွေး‌ကောက်ပွဲတို့ ဘာတို့နဲ့က သူ့ထွက်‌ပေါက်လုပ်တာ‌ပေါ့။ ဟုတ်တာပေါ့ လေ။ ရွေးကောက်ပွဲတို့၊ ဘာတို့နဲ့ ထွက်ပေါက်လုပ်တယ်။ ဒါကတော့ ရေရှည်စဉ်းစားစရာ ကိစ္စတစ်ခုပေါ့” ဟု ပြောသည်။

ထို့နောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မည်ဟု တချို့က မှတ်ယူထားသော နစက ကျင်းပပေးမည့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထု လက်ခံခြင်း ရှိ/မရှိဆိုသည်မှာ လက်ရှိ အနေအထားအရ ပြောဖို့ခက်ခဲကြောင်း ၎င်းက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

အဆိုပါ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောကြားခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဖိလစ်ပိုင်သတင်းထောက် မာရီယာရက်ဆာ(ဓါတ်ပုံ-အေအက်ဖ်ပီ)

လွတ်လပ်ခွင့်အတွက် ဖိလစ်ပိုင်နိုဘယ်ဆုရှင် ရက်ဆာ တိုက်ပွဲဝင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1802

CNI International News

မနီလာ၊ ဇူလိုင် ၁၅

လွတ်လပ်စွာထုတ်ဖော်ရေးသားပိုင်ခွင့်ကို ကာကွယ်ရန် ကြိုးပမ်း၍ “နိုဘယ်ငြိမ်းချမ်းရေးဆု”ရရှိပြီး တစ်နှစ်မပြည့် သေးသော ဖိလစ်ပိုင်သတင်းထောက် မာရီယာရက်ဆာ (Maria Ressa) သည် ထောင်မှလွတ်မြောက်ရန် ကြိုးစားနေစဉ်မှာပင် ၎င်း၏သတင်းဝက်ဘ်ဆိုက်ဖြစ်သော ရက်ပလာ (Rappler) ပိတ်သိမ်းခံရမည့်အရေးနှင့် လည်း ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။

သို့သော် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးနှင့် ၎င်း၏သေမင်းတမန် မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သူ ဝါရင့်သတင်းထောက် ရက်ဆာသည် နှုတ်ဆိတ်နေရန် ငြင်းဆန်နေခဲ့သည်။

“ဒါက ၆ နှစ်လုံးလုံး အတိုက်အခိုက်ခံနေရတဲ့ သတင်းခန်းဖြစ်ပါတယ်။ ကျမတို့ ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ထား ပြီးသားပါ” ဟု အသက် ၅၈ နှစ်ရှိ ရက်ဆာက မနီလာမြို့တော်၏ဆင်ခြေဖုံးရှိ ရက်ပလာသတင်းဝက်ဘ်ဆိုက်၏ ရုံးခန်းတွင် ယခုသီတင်းပတ်၌ အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ကျမတို့ရဲ့အခွင့်အရေးတွေကို ကျမတို့ဆန္ဒအလျောက် စွန့်လွှတ်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ရက်ဆာ ပူးတွဲတည်ထောင်ခဲ့သော Rappler ဝက်ဘ်ဆိုက်အပေါ် နိုင်ငံခြား ပိုင်ဆိုင်မှုတားမြစ်ပိတ်ပင်ခံရသည့်အပြင် အခွန်ရှောင်၍ စည်းမျဉ်းချိုးဖောက်သည်ဟု ဖိလစ်ပိုင်အစိုးရက စွပ်စွဲ ခဲ့သဖြင့် သမ္မတ ဒူတာတေးလက်ထက်တွင် မီဒီယာတစ်ခုအနေဖြင့် ရှင်သန်နိုင်ရေး တိုက်ပွဲဝင်ခဲ့ရသည်။

မာရီယာရက်ဆာ တည်ထောင်ထားသော သတင်းဝက်ဘ်ဆိုဒ်ဖြစ်သည့် Rappler

ဒူတာတေး၏ သမ္မတရာထူးသက်တမ်းမကုန်ဆုံးမီ ရက်ပိုင်းအလိုတွင် Rappler မီဒီယာကုမ္ပဏီထံသို့ ပိတ်သိမ်းရန် အမိန့်ထုတ်ပြန်ချက်ကို ဖိလစ်ပိုင်ငွေချေးလုပ်ငန်းနှင့်လဲလှယ်ရေးကော်မရှင် (SEC) က ပေးပို့ခဲ့သည်။

သီတင်းနှစ်ပတ်မပြည့်မီတွင် ရက်ဆာသည် ဆိုက်ဘာအသရေဖျက်မှုစွဲချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၌ ပြစ်ဒဏ်ချမှတ်ခံ ရခြင်းအတွက် အယူခံဝင်ရာ အရေးနိမ့်ခဲ့တာကြောင့် ထောင်ဒဏ် ၇ နှစ် ကျခံရန် နီးကပ်လာခဲ့သည်။

ပဋိပက္ခဇုန်များအပါအဝင် အာရှတဝန်း၌ သတင်းထောက်တစ်ဦးအဖြစ် ဆယ်စုနှစ်များစွာ ကျင်လည်ခဲ့သူ ရက်ဆာ က “ဘာမဆို အဆင်သင့်ဖြစ်ရမယ်” ဟု ပြောကြားခဲ့သည်။

“ဒါဟာ ပြည်သူတစ်ဦးအနေနဲ့ ကျမ လုပ်သင့်တာ လုပ်တာပါ။ ကြောက်ဖို့အကောင်းဆုံးနဲ့ အဆိုးဆုံးအဖြစ်အပျက် တွေကို ကြိုတင်စဉ်းစားပြီး အာမခံရဖို့ စီစဉ်နေပါတယ်” ဟု CNN သတင်းထောက်ဟောင်းလည်းဖြစ်ခဲ့သူ ရက်ဆာ က ဆက်လက်ပြောကြားခဲ့သည်။

ရက်ဆာသည် ဆိုက်ဘာအသရေဖျက်မှုအပါအဝင် တရားရုံး ၇ ရုံးတွင် အမှုရင်ဆိုင်နေရသည်။ Rappler ဝက်ဘ်ဆိုဒ်ကတော့ မီဒီယာလုပ်ငန်းအနေဖြင့် အမှု ၈ မှု ရင်ဆိုင်နေရသည်။

အဆိုပါအမှုများသည် “နိုင်ငံတော်က ကမကထပြုသော ဥပဒေရေးရာအပေါ် နှောင့်ယှက်မှု” များဖြစ်ကြကြောင်း ၎င်းတို့၏ရှေ့နေများက ပြောကြားခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ ဒူတာတေးအာဏာရလာပြီးနောက် ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ မူးယစ်နှိမ်နင်းမှုစစ်ဆင်ရေး၌ လူပေါင်း ၆,၂၀၀ သေဆုံးခဲ့ကြောင်း တရားဝင်အချက်အလက်များနှင့်တကွ ရက်ဆာနှင့် ၎င်း၏မီဒီယာက ထုတ်ဖော် ရေးသားခဲ့ခြင်းသည် ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။

Source: AFP, Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s

အီရန်နျူဆန့်ကျင်ရေးပူးတွဲကြေညာချက် အမေရိကန်နှင့်အစ္စရေးတို့လက်မှတ်ရေးထိုး

By CNI
CNI
Category: နိုင်ငံရေး
Hits: 2214

CNI International News

ဂျေရုဆလင်၊ ဇူလိုင် ၁၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အစ္စရေးဝန်ကြီးချုပ် ယာယစ်လာပစ် (Yair Lapid) တို့သည် အီရန် နျူကလီးယားလက်နက် မထုတ်လုပ်နိုင်စေရန် တားဆီးရေး ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်လျက် ၎င်းတို့၏ရပ်တည်ချက်များကို ထပ်လောင်းပြောကြားခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဘိုင်ဒန်၏ ၄ ရက်ကြာ အရှေ့အလယ်ပိုင်းခရီးစဉ်၏ ဒုတိယနေ့တွင် အနောက်ဂျေရုဆလင်၌ ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းမှာ တစ်ဦးချင်းတွေ့ဆုံခဲ့ကြပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် အဆိုပါကြေညာချက်ကို လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် အွန်လိုင်းထိပ်သီးအစည်းအဝေး ကျင်းပခဲ့ကြသည်။

အီရန်အပေါ် နျူကလီးယားလက်နက်ဖြင့် ၎င်းဘာသာ လက်နက်တပ်ဆင်နိုင်စွမ်းကို ဟန့်တားရန်အတွက် အမေရိကန်၏နိုင်ငံတော်အဆင့် စွမ်းအားအလုံးစုံကို အသုံးပြုသွားမည်ဟု အဆိုပါပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးကို အမေရိကန်၏စစ်ရေးအကူအညီ ဆက်လက်ပေးအပ်ရန် ဝါရှင်တန်က ကတိပြုကြောင်း ကြေညာချက် တွင် ဆက်လက်ဖော်ပြထားသည်။

သမ္မတဟောင်း ဘာရတ်အိုဘားမားလက်ထက် ဘိုင်ဒန် ဒုတိယသမ္မတအဖြစ် တာဝန်ယူစဉ်က အစ္စရေးကို ၁၀ နှစ် တာကာလအတွက် စံချိန်တင်အကူအညီ ဒေါ်လာ ၃၈ ဘီလီယံပေးအပ်ရေးအစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခု လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပရာ ဘိုင်ဒန်နှင့် လာပစ်တို့က “အမေရိကန်-အစ္စရေးဆက်ဆံရေးအတွက် မိမိအတည်ပြုကြောင်းနှင့် အီရန်ထံမှ ခြိမ်းခြောက်မှုရှိနေသည်ဟု ယူဆကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“အီရန်နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လွတ်လပ်တဲ့ကမ္ဘာကနေ အင်အားသုံးမယ်ဆိုတာ အီရန်သိဖို့ပါပဲ” ဟု လာပစ်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘိုင်ဒန်က “သံတမန်ဆက်ဆံရေးသည် အီရန် နျူလက်နက် မထုတ်နိုင်စေရန် တားဆီးရေး အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ယုံကြည်သော်လည်း အစ္စရေးအတွက် လုံခြုံရေးအာမခံချက်ရှိရန် လိုအပ်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။

Source: Aljazeera

Share
Tweet
Share
Share
powered by social2s

ပြည်ပအစိုးရများ ပြုတ်ကျရေးလုပ်ရာ၌ ပါဝင်ခဲ့ဖူးကြောင်း ဂျွန်ဘော်လ်တန် ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s

ယူကရိန်းပဋိပက္ခသည် ရုရှားကို အနောက်အုပ်စုတိုက်နေသော ကမ္ဘာစစ်ဟု ဆားဘီးယားပြော

By CNI
CNI
Category: Watch TV
Hits: 784

Share
Tweet
Share
Share
powered by social2s

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြု၍ ဗြိတိန်သံအမတ်ကို နှင်ထုတ်ခြင်းဟု ပြော

By CNI
CNI
Category: Watch TV
Hits: 842

Share
Tweet
Share
Share
powered by social2s
နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles

ဗြိတိန်သံအမတ် ထွက်ခွာသွားမှု ဖြစ်ရပ်အမှန်နှင့်ကွဲလွဲနေဟု နစကပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1844

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မိမိကို မြန်မာနိုင်ငံကနေ ဖိအားပေး ထွက်ခွာခိုင်းနေသည် ဟု တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားချက်သည် ဖြစ်စဉ်နှင့်ကွဲလွဲနေဟု နစက၏  နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်ပြန် ကြေညာခဲ့သည်။

Mr. Pete Vowles က နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဇူလိုင် ၁၃ ရက်တွင် တွစ်တာမှာ ပြောထားသည်။

ထိုရေးသားဖော်ပြမှုသည် မှန်ကန်မှု မရှိသည့်အပြင် ဖြစ်ရပ် မှန်နှင့် ကွဲလွဲလျက်ရှိနေသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောသည်။

 

ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ရေးသားချက်

၎င်းက “ ဗြိတိန်အစိုးရက Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗြိတိန်သံအ မတ်ကြီး အဖြစ် ခန့်အပ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် အဆိုပြုသဖြင့် မြန်မာအစိုးရက ဇွန်လ ၂၂ ရက်တွင် သဘောတူ ညီကြောင်း ပြန်ကြားခဲ့သည်။ Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိခဲ့ ပြီးနောက် သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ တစ်ဦးအနေဖြင့် သံတမန်လုပ်ထုံး လုပ်နည်းများနှင့် အညီ ၎င်း၏ ခန့်အပ်လွှာမိတ္တူကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ ခန့်အပ်လွှာကို နိုင်ငံတော်အကြီးအကဲထံသို့ လည်း ကောင်း ပေးအပ်ရန်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးပြ၍ ပေးအပ်ရန် ရှောင်လွှဲခဲ့သည်”ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံရေးဝန်ကြီးဌာနက ဗြိတိန်နိုင်ငံဘက်သို့ Mr. Pete Vowles ၏ ပြည်ဝင်ဗီဇာကို ကန့်သတ်ခဲ့ကြောင်း၊ ထို အခြေအနေတွင် ဗြိတိန်နိုင်ငံဘက်က Mr. Pete Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် အဆိုပြု ထား မှုကို ရုပ်သိမ်းကြောင်းနှင့် ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၊ သံရုံးယာယီ တာဝန်ခံအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း ပြောင်းလဲ အဆိုပြု ခဲ့ရာ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့်အတွက် သံရုံး ယာယီ တာဝန်ခံ ခန့်အပ်မည်ဆိုပါက ၎င်းအစား အခြား ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် အဆိုပြုရန်ဖြစ်ကြောင်း မြန်မာဘက်က အကြောင်း ကြားခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်

နိုင်ငံခြားရေးဝန်ကြီးဌာနက “ ယင်းနောက် Mr. Pete Vowles က ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုကြောင်း ဗြိတိန်ဘက်မှ မေတ္တာရပ်ခံခဲ့မှုကို နိုင်ငံခြား ရေးဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့သည့်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခု Mr. Pete Vowles မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းမှာ ၎င်း၏ ပြည်ဝင် ဗီဇာသက်တမ်း မကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ ယခုကိစ္စတွင် Mr. Pete Vowles အနေဖြင့် ခန့်အပ်လွှာ ပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌ သံအမတ်ကြီး အဖြစ် လာရောက် နေထိုင်လိုခြင်းဖြစ် ပြီး ဗြိတိန်ဘက်က သံတမန်ကျင့်ထုံး၊ ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှု မပြုခဲ့ခြင်းသာ ဖြစ် သည်”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေဖြင့် သံတမန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ ခြင်းကြောင့် Mr. Pete Vowles သည် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် အရပ်သား အစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီ နည်းကျမဟုတ်သည့် အာဏာရယူခြင်းကို ဆောင်ရွက် ထားခြင်းကြောင့် နစက အဖွဲ့ဝင် တချို့နှင့် လုပ်ငန်းများကို ပိတ်ဆို့ အရေးထားသည်။

 

Share
Tweet
Share
Share
powered by social2s
SNA တပ်ဖွဲ့ကိုတွေ့ရစဉ်

ရှမ်းနီလူထုအပေါ် သတ်ဖြတ်မှုနှင့် သွေးခွဲသော လုပ်ရပ်အား SNA သတိပေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 2764

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းနီပြည်သူလူထုအပေါ် ကြမ်းကြုတ်စွာ၊ ရက်စက်စွာ သတ်ဖြတ်မှုနှင့်အတူ သွေးခွဲသပ်လျှိုနေသော လုပ်ရပ်များကို ရှမ်းနီ အမျိုးသားများ တပ်မတော် (SNA) မှ ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် သတိပေး ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လက်ရှိ ပြည်တွင်း မငြိမ်မသက်မှု ဖြစ်နေစဉ် ရှမ်းနီဒေသတွင်း၌ ပိုမိုရှုတ်ထွေးပြီး အထင်အမြင် လွဲမှားစေမည့် လုပ်ရပ်များ၊ အပြောအဆိုများ၊ အရေးအသားများနှင့် ထုတ်ပြန်ချက်များသည် ပကတိ အခြေအနေများကို ပျက်စီးစေကြောင်း၊ ရှမ်းနီလူထုနှင့် SNA ကို သွေးခွဲသပ်လျှိုခြင်း၊ ပြိုကွဲစေနိုင်မည့် လုပ်ရပ်များကို အစီအစဉ်တကျ ဆောင် ရွက်ခြင်း စသည့် လူမဆန်သည့် လုပ်ရပ်များအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အတွက်ကြောင့် ရှမ်းနီလူထုများ အနေဖြင့် ဆိုရှယ်မီဒီယာမှ လည်းကောင်း၊ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေ၍ လည်း ကောင်း ဆောင်ရွက်မှုမှန်သမျှအား သတိပြု ရှောင်ရှားကြရန်နှင့် ကာကွယ်တိုက်ဖျက်နိုင်ကြရန် SNA မှ တိုက်တွန်းခဲ့သည်။

SNA ထုတ်ပြန်ချက်

ရှမ်းနီလူမျိုးအပေါ် လူမျိုးသုန်း ပျက်စီးစေလိုသော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို ၎င်းတို့၏ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုများ၊ ရှမ်းနီသစ္စာဖောက်များနှင့် အပေါင်းအပါ အများ၏ အကြောင်းမဲ့ နှိပ်စက် အကြမ်းဖက် သတ်ဖြတ် အနိုင် ကျင့်မှုများကို အမြစ်ပြတ် ချေမှုန်းသွားမည်ဟု SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းနီအမျိုးသား အလုံးစုံ ပျက်စီးရေးနှင့် လူမျိုးရေး ပဋိပက္ခကို ဦးတည် လုပ်ဆောင်နေသူများ၏ နေ့စဉ်သွေးခွဲ သပ်လျှိုခြင်း၊ သစ္စာဖောက် လက်ဝေခံများ အသုံးချ၍ ဖိနှိပ်ခြင်း၊ ပြည်သူလူထု အမြင်ဝေဝါးစေမည့် သတင်း အတုအယောင်များ၊ လုပ်ကြံ ဖန်တီးခြင်း၊ မမှန်မကန်သော လုပ်ရပ်များကို လွှဲချဖုံးဖိခြင်း၊ အသံကောင်းဟစ် ကြွေးကြော်ခြင်း စသည့် လုပ်ရပ်များအား လုံးဝ ရပ်တန့်ရန်နှင့် လုံးဝရှုတ်ချကြောင်း၊ SNA ၏ သည်းခံနိုင်မှုသည် အတိုင်းအတာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုစွန်ဟွိုင်ကိုတွေ့ရစဉ်

ယူကရိန်းခွဲထွက်ဒေသများ၏ လွတ်လပ်ရေးကို မြောက်ကိုရီးယားထောက်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1397

CNI International News

ပြုံယမ်း၊ ဇူလိုင် ၁၄

ရုရှား ကျူးကျော်စစ်နှင့်အတူ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသည့် ခွဲထွက်ရေး ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိ အမှတ်ပြု ထောက်ခံသည့် နိုင်ငံအနည်းငယ်သာရှိရာမှ ယခုအခါ မြောက်ကိုရီးယားလည်း တစ်နိုင်ငံအဖြစ် တိုးလာကြောင်း အေပီသတင်းတွင် ရေးသားထားသည်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ယခုကဲ့သို့ မိမိတို့ ခွဲထွက် ဒေသများ၏ လွတ်လပ်ရေးကို ထောက်ခံသည့် ပြုံယမ်း(မြောက်ကိုရီးယား)ဆုံးဖြတ်ချက်မှာ ယူကရိန်း အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိခိုက်စေကြောင်း ပြောကြား၍ ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယား အစိုးရမီဒီယာက ယနေ့ (ဇူလိုင် ၁၄ ရက်) ထုတ်လွှင့်ချက်ထဲတွင် “မိမိတို့ နိုင်ငံခြားရေးဝန်ကြီး ချိုစွန်ဟွိုင်သည် ဒွန်နက်စ်နှင့် လူဟန့်စ် ခွဲထွက်ရေးဒေသများမှ ခေါင်းဆောင်များထံသို့ စာအသီးသီး ရေးသားပေးပို့ခဲ့ကြောင်း၊ စာပါ အကြောင်းအရာမှာ ၎င်းတို့ဒေသ လွတ်လပ်ရေးကို မြောက်ကိုရီးယားအနေဖြင့် အသိအမှတ်ပြု ထောက်ခံကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရန် ဆန္ဒရှိကြောင်း စသည်ဖြင့် ဖော်ပြထားသည်” ဟု သိရသည်။

အဆိုပါ စာလွှာများကို ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဆုံးဖြတ်ချက်များအား ထုတ်ဖော်ကြေညာရန် တစ်ရက်အလိုတွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင်

အထက်ပါ ဆုံးဖြတ်ချက်ကို ဒွန်နက်စ်ဒေသ ခွဲထွက်ရေးခေါင်းဆောင် ဒန်းနစ်ပွတ်ရှီလင် (Denis Pushilin) က သိရှိပါကြောင်း ဇူလိုင် ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဒွန်နက်စ်နှင့် လူဟန့်စ်တို့သည် ယူကရိန်း အရှေ့ဘက်ပိုင်းရှိ ဒွန်ဘတ်စ် ဒေသကြီးထဲတွင် ယှဉ်တွဲတည်ရှိကြပြီး သံမဏိစက်ရုံများ၊ သတ္တုတွင်းများနှင့် အခြား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးသည်။

အဓိကသုံးစွဲသော ဘာသာစကားမှာ ရုရှားဘာသာစကား ဖြစ်သည်။

အဆိုပါ ဒေသနှစ်ခု စလုံးကို ခွဲထွက်ရေးသမားများက ၂၀၁၄ ခုနှစ်ကတည်းက ထိန်းချုပ်ခဲ့သော်လည်း ရုရှားသမ္မတ ပူတင်က ၎င်း၏ ကျူးကျော်စစ် မစတင်မီ အချိန်ပိုင်းအတွင်း ဒေသနှစ်ခု၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

၎င်းတို့၏ လွတ်လပ်ရေးကို ဆီးရီးယားနိုင်ငံကလည်း အသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်။

“မြောက်ကိုရီးယားကို ယခုလို ထောက်ခံဖို့ ရုရှား၏ မေတ္တာရပ်ခံချက်သည် မော်စကိုထံတွင် ငွေကြေးနှင့်နိုင်ငံရေးအရ မှီခိုနေရသော နိုင်ငံ များမှအပ ကမ္ဘာပေါ်တွင် မဟာမိတ်များ မရှိတော့ကြောင်း ပြသရာရောက်သည်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ (Dmytro Kuleba) က ပြောကြားခဲ့သည်။

“ရုရှားဖက်ဒရေးရှင်း၏ အထီးကျန်အဆင့်သည် မကြာမီ DPRK ၏ အထီးကျန်အဆင့်သို့ ရောက်ရှိလိမ့်မည်” ဟု မြောက်ကိုရီးယား၏ တရားဝင် အမည်ဖြစ်သော ကိရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ အတိုကောက် DPRK ဟု သုံးနှုန်းလျက် ကူလီဘာက ကြေညာ ချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တပ်မတော်နှင့် SSPP တွေ့ဆုံ ဆွေးနွေးနေစဉ်(KT)

SSPP နှင့် တပ်မတော် တွေ့ဆုံ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2149

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (ဇူလိုင် ၁၄ ရက်) တွေ့ဆုံ ဆွေးနွေးကြသည်။

မိုင်းနောင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်းမှာပါဝင်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းရာမှာ အကျေလည် ဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်း နီးစပ်သူများက ပြောသည်။

တပ်မတော်က မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဇွန်လ ၄ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က SSPP ထံ စာပို့ခဲ့သည်။

သို့သော် အဆင်မပြေသည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြား ခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးခြင်းပေ။

ထို့နောက် ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှာ SSPP နှင့် တပ်မတော် တို့ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အီတလီက တက္ကစီယာဉ်မောင်းများ အစိုးရကို ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1345

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄


အင်တာနက် ဝက်ဘ်ဆိုက် အခြေခံ၍ မော်တော်ယာဉ် ငှားရမ်းစီးနင်းခြင်း ဝန်ဆောင်မှု အပါအဝင် အစိုးရ၏ ယှဉ်ပြိုင်မှု ပိုမို ခွင့်ပြုရေး ဥပဒေမူကြမ်းကို မကျေနပ်ကြသော တက္ကစီယာဉ်မောင်းများသည် အီတလီနိုင်ငံ၊ ရောမမြို့၊ ချီဂီနန်းတော်အနီးရှိ Via del Corso နေရာတွင် စုဝေး၍ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှု နေရာအနီးတွင် ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်၌ လုံခြုံရေးအစီအမံများ ချမှတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

အီတလီနိုင်ငံ တဝန်းမှ တက္ကစီယာဉ်များသည် အစိုးရချပြသည့် ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်ကြရာတွင် Uber ကုမ္ပဏီ၏ မှတ်တမ်းများနှင့် ဆက်နွှယ်မှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုမှတ်တမ်းများ၌ ပေါက်ကြား ခဲ့သည့် စာရွက်စာတမ်းပေါင်း ၁၂၄,၀၀၀ ကျော်ကို အခြေခံ၍ Uber အငှားယာဉ် ကုမ္ပဏီအကြောင်း အချက်အလက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ခုလည်း ပါဝင်သည်။

နိုင်ငံအသီးသီးရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ဟန့်တားရာရောက်သည့် အစပျိုး လုပ်ဆောင်ချက် (start-up) များသည် တည်ဆဲဥပဒေများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်နေစေပြီး အစိုးရဘက်လိုက်ရန် အတွက် လော်ဘီနည်း ပရိယာယ်များကို အသုံးချနေကြောင်း ပေါ်လွင်နေသည်ဟု သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ကိုတွေ့ရစဉ်

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြု၍ ဗြိတိန်သံအမတ်ကို နှင်ထုတ်ခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1906


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြုသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကို နစကမှ နှင်ထုတ်လိုက်ခြင်း ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစကမှ အတင်း ဖိအား ပေးလာကြောင်း ဇူလိုင် ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။

ဦးရဲထွန်းက “သူက သံအမတ်အဖြစ်နဲ့ ခန့်လိုက်တယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ရောက်လာပြီးတော့ မြန်မာနိုင်ငံမှာလည်း သူက ခန့်အပ်လွှာ မပေးဘူးလေ။ မပေးဘဲနဲ့ အဲဒီလိုနေတဲ့ အခါကြ‌တော့ ဒီနိုင်ငံကို မထီမဲ့မြင် ပြုသလို ဖြစ်တာပေါ့။ အဲဒီတော့ နောက်တစ်ခါ ဂျီနီဗာကွန်ဗင်းရှင်းမှာပါတဲ့ သံတမန် ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေအပိုဒ်တွေနဲ့ ကြည့်မယ်ဆိုလို့ ရှိရင်လည်း ဒီ ပြဋ္ဌာန်းချက်တွေနဲ့ မညီဘူးပေါ့ဗျာ။ အဲဒီတော့ ဒီနိုင်ငံကို သူက နည်းနည်း မထီမဲ့မြင်ပြုတဲ့ သဘောလို့ ယူဆတာပေါ့နော်။ ဒီနစက-က အဲဒါကြောင့် သူ့ကို နှင်ထုတ်လိုက်တာလို့ အဲဒီလို သိရပါတယ်” ဟု CNI သို့ ပြောသည်။

နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က တွစ်တာမှာ ပြောထားသည်။

Mr. Pete Vowles ရေးသားထားတဲ့ စာကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ ရက်နေ့တွင် တပ်မတော်က အာဏာရယူပြီးနောက် တရားဝင် အသိအမှတ် ပြုမှုရရှိရန် နစက‌ရော၊ အတိုက်အခံ အုပ်စုပါ ကြိုးစားနေသည်ကို တွေ့ရကြောင်း၊ တရားဝင် အသိအမှတ် ပြုမှုဆိုသည့် လွန်ဆွဲပွဲအောက်တွင် ဗြိတိန် သံရုံးတာဝန်ခံ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်သွားရခြင်းဟု မြင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “နိုင်ငံကြီးတွေအနေနဲ့ ဒီတိုင်းပြည်ကို ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ် ရှုမြင်တာမျိုး မတူကြသလို တစ်ဖက်မှာလည်း Legitimacy အရ အုပ်စုတစ်စုစုကို လုံးဝကြီး ပေးလိုက်တဲ့ဟာမျိုး ဖြစ်မှာကိုလည်း နိုင်ငံတွေက အနည်းနဲ့ အများ စိုးရိမ်ရတာ တွေ့ရတယ်။ အဲဒီတော့ ဗြိတိန်သံအမတ်ဆိုရင် စစချင်း သူ့ကို ခန့်တုန်းက သံအမတ်အနေနဲ့ ခန့်တယ်၊ ဒါက တရားဝင်မှု ပေးသလို ဖြစ်မယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်မျိုးတွေ ရှိတယ်။ အဲဒီအသံ မျိုးတွေလည်း ထွက်လာတဲ့ အခါကြတော့ တစ်ဖက်မှာသူက သံရုံးတာဝန်ခံအဖြစ် ပြန်ပြောင်းလိုက်တာလည်း တွေ့ရတာပေါ့ နော်။ သူ့ကို စခန့်တာ ၂၀၂၁ ဇူလိုင်လ ကတည်းက ပထမတော့ အထဲကို ပေးမဝင်ခဲ့ဘူး။ နောက်ပိုင်းမှာ အထဲကို ပေးဝင်လာ တယ်။ အခုပေးဝင်လာပြီးမှ သူပြန်သွားတဲ့ အခြေအနေမျိုး တွေ့ရတာပေါ့နော်။ အဲဒီတော့ ဒီတရားဝင် အသိအမှတ် ပြုမှုဆိုတဲ့ လွန်ဆွဲပွဲ အောက်ထဲမှာပဲ အခြေအနေတစ်ရပ်က ဒီလို သူ့အနေနဲ့ ဗြိတိန်သံရုံးတာဝန်ခံ အနေနဲ့ ဒီလိုမျိုး မြန်မာနိုင်ငံကနေ ထွက်သွားရတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အဆောက်အအုံများ သိမ်းပိုက်မှု အဆုံးသတ်ရန် ဆန္ဒပြသူများ သဘောတူ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1080

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

သီရိလင်္ကာ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် တရားဝင် အဆောက်အအုံများ သိမ်းပိုက်မှုကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြသည်ဟု AFP က ရေးသားဖော်ပြခဲ့သည်။

ဆိုးရွားလှသည့် စီးပွားရေး အကျပ်အတည်းမှုသည် သမ္မတနှင့် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူများအား တွန်းအားပေးလာခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် နုတ်ထွက်ရေးကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ကတိပြုခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
  • 89
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98

Page 94 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar