CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က တပ်မတော်နှင့် SSPP တွေ့ဆုံ ဆွေးနွေးနေစဉ်(KT)

SSPP နှင့် တပ်မတော် တွေ့ဆုံ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1878

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော် သား ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ (ဇူလိုင် ၁၄ ရက်) တွေ့ဆုံ ဆွေးနွေးကြသည်။

မိုင်းနောင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်အတွင်းမှာပါဝင်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့နှင့် ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် SSPP ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၃ ခုကို ပြန်ဆုတ်ခိုင်းရာမှာ အကျေလည် ဖြစ်နေသည့် အခြေအနေများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်း နီးစပ်သူများက ပြောသည်။

တပ်မတော်က မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၃ ခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာသွားရန် ဇွန်လ ၄ ရက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က SSPP ထံ စာပို့ခဲ့သည်။

သို့သော် အဆင်မပြေသည့်အတွက် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာရန် ဒုတိယအကြိမ် အကြောင်းကြား ခဲ့သော်လည်း ယနေ့အချိန်ထိ သဘောတူညီချက် မရသေးခြင်းပေ။

ထို့နောက် ယနေ့ (ဇူလိုင် ၁၄ ရက်)တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့နယ်မှာ SSPP နှင့် တပ်မတော် တို့ တွေ့ဆုံ ဆွေးနွေးနေကြခြင်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

အီတလီက တက္ကစီယာဉ်မောင်းများ အစိုးရကို ဆန္ဒပြ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1164

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄


အင်တာနက် ဝက်ဘ်ဆိုက် အခြေခံ၍ မော်တော်ယာဉ် ငှားရမ်းစီးနင်းခြင်း ဝန်ဆောင်မှု အပါအဝင် အစိုးရ၏ ယှဉ်ပြိုင်မှု ပိုမို ခွင့်ပြုရေး ဥပဒေမူကြမ်းကို မကျေနပ်ကြသော တက္ကစီယာဉ်မောင်းများသည် အီတလီနိုင်ငံ၊ ရောမမြို့၊ ချီဂီနန်းတော်အနီးရှိ Via del Corso နေရာတွင် စုဝေး၍ ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှု နေရာအနီးတွင် ရဲတပ်ဖွဲ့က ဇူလိုင် ၁၃ ရက်၌ လုံခြုံရေးအစီအမံများ ချမှတ် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

အီတလီနိုင်ငံ တဝန်းမှ တက္ကစီယာဉ်များသည် အစိုးရချပြသည့် ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်ကြရာတွင် Uber ကုမ္ပဏီ၏ မှတ်တမ်းများနှင့် ဆက်နွှယ်မှုရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုမှတ်တမ်းများ၌ ပေါက်ကြား ခဲ့သည့် စာရွက်စာတမ်းပေါင်း ၁၂၄,၀၀၀ ကျော်ကို အခြေခံ၍ Uber အငှားယာဉ် ကုမ္ပဏီအကြောင်း အချက်အလက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစ်ခုလည်း ပါဝင်သည်။

နိုင်ငံအသီးသီးရှိ စည်းကမ်းထိန်းသိမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ဟန့်တားရာရောက်သည့် အစပျိုး လုပ်ဆောင်ချက် (start-up) များသည် တည်ဆဲဥပဒေများနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ခဲ့ကြောင်း ထင်ဟပ်နေစေပြီး အစိုးရဘက်လိုက်ရန် အတွက် လော်ဘီနည်း ပရိယာယ်များကို အသုံးချနေကြောင်း ပေါ်လွင်နေသည်ဟု သိရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles ကိုတွေ့ရစဉ်

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြု၍ ဗြိတိန်သံအမတ်ကို နှင်ထုတ်ခြင်းဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1674


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံကို မထီမဲ့မြင်ပြုသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးကို နစကမှ နှင်ထုတ်လိုက်ခြင်း ဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစကမှ အတင်း ဖိအား ပေးလာကြောင်း ဇူလိုင် ၁၃ ရက်တွင် ၎င်း၏ တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။

ဦးရဲထွန်းက “သူက သံအမတ်အဖြစ်နဲ့ ခန့်လိုက်တယ်ဆိုပြီးတော့ မြန်မာနိုင်ငံ ရောက်လာပြီးတော့ မြန်မာနိုင်ငံမှာလည်း သူက ခန့်အပ်လွှာ မပေးဘူးလေ။ မပေးဘဲနဲ့ အဲဒီလိုနေတဲ့ အခါကြ‌တော့ ဒီနိုင်ငံကို မထီမဲ့မြင် ပြုသလို ဖြစ်တာပေါ့။ အဲဒီတော့ နောက်တစ်ခါ ဂျီနီဗာကွန်ဗင်းရှင်းမှာပါတဲ့ သံတမန် ခန့်အပ်ခြင်းဆိုင်ရာ ဥပဒေအပိုဒ်တွေနဲ့ ကြည့်မယ်ဆိုလို့ ရှိရင်လည်း ဒီ ပြဋ္ဌာန်းချက်တွေနဲ့ မညီဘူးပေါ့ဗျာ။ အဲဒီတော့ ဒီနိုင်ငံကို သူက နည်းနည်း မထီမဲ့မြင်ပြုတဲ့ သဘောလို့ ယူဆတာပေါ့နော်။ ဒီနစက-က အဲဒါကြောင့် သူ့ကို နှင်ထုတ်လိုက်တာလို့ အဲဒီလို သိရပါတယ်” ဟု CNI သို့ ပြောသည်။

နစက-က မိမိကို မြန်မာပြည်မှ ထွက်ခွာရန် ဖိအားပေးလာသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ ထို့အတူ စစ်တပ်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ဖိအားပေးမှုအား ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်း ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က တွစ်တာမှာ ပြောထားသည်။

Mr. Pete Vowles ရေးသားထားတဲ့ စာကို တွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ ရက်နေ့တွင် တပ်မတော်က အာဏာရယူပြီးနောက် တရားဝင် အသိအမှတ် ပြုမှုရရှိရန် နစက‌ရော၊ အတိုက်အခံ အုပ်စုပါ ကြိုးစားနေသည်ကို တွေ့ရကြောင်း၊ တရားဝင် အသိအမှတ် ပြုမှုဆိုသည့် လွန်ဆွဲပွဲအောက်တွင် ဗြိတိန် သံရုံးတာဝန်ခံ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်သွားရခြင်းဟု မြင်မိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်က CNI သတင်းဌာနသို့ ပြောသည်။

စိုင်းထွန်းအောင်လွင်က “နိုင်ငံကြီးတွေအနေနဲ့ ဒီတိုင်းပြည်ကို ဘယ်လိုဆက်ဆံမလဲ ဆိုတဲ့ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ် ရှုမြင်တာမျိုး မတူကြသလို တစ်ဖက်မှာလည်း Legitimacy အရ အုပ်စုတစ်စုစုကို လုံးဝကြီး ပေးလိုက်တဲ့ဟာမျိုး ဖြစ်မှာကိုလည်း နိုင်ငံတွေက အနည်းနဲ့ အများ စိုးရိမ်ရတာ တွေ့ရတယ်။ အဲဒီတော့ ဗြိတိန်သံအမတ်ဆိုရင် စစချင်း သူ့ကို ခန့်တုန်းက သံအမတ်အနေနဲ့ ခန့်တယ်၊ ဒါက တရားဝင်မှု ပေးသလို ဖြစ်မယ်ဆိုတဲ့ စိုးရိမ်ပူပန်ချက်မျိုးတွေ ရှိတယ်။ အဲဒီအသံ မျိုးတွေလည်း ထွက်လာတဲ့ အခါကြတော့ တစ်ဖက်မှာသူက သံရုံးတာဝန်ခံအဖြစ် ပြန်ပြောင်းလိုက်တာလည်း တွေ့ရတာပေါ့ နော်။ သူ့ကို စခန့်တာ ၂၀၂၁ ဇူလိုင်လ ကတည်းက ပထမတော့ အထဲကို ပေးမဝင်ခဲ့ဘူး။ နောက်ပိုင်းမှာ အထဲကို ပေးဝင်လာ တယ်။ အခုပေးဝင်လာပြီးမှ သူပြန်သွားတဲ့ အခြေအနေမျိုး တွေ့ရတာပေါ့နော်။ အဲဒီတော့ ဒီတရားဝင် အသိအမှတ် ပြုမှုဆိုတဲ့ လွန်ဆွဲပွဲ အောက်ထဲမှာပဲ အခြေအနေတစ်ရပ်က ဒီလို သူ့အနေနဲ့ ဗြိတိန်သံရုံးတာဝန်ခံ အနေနဲ့ ဒီလိုမျိုး မြန်မာနိုင်ငံကနေ ထွက်သွားရတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။

ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s

အဆောက်အအုံများ သိမ်းပိုက်မှု အဆုံးသတ်ရန် ဆန္ဒပြသူများ သဘောတူ

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 892

 

CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

သီရိလင်္ကာ၏ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် တရားဝင် အဆောက်အအုံများ သိမ်းပိုက်မှုကို အဆုံးသတ်ရန် သဘောတူညီခဲ့ကြသည်ဟု AFP က ရေးသားဖော်ပြခဲ့သည်။

ဆိုးရွားလှသည့် စီးပွားရေး အကျပ်အတည်းမှုသည် သမ္မတနှင့် ဝန်ကြီးချုပ်ကို ဖြုတ်ချရန် ဆန္ဒပြသူများအား တွန်းအားပေးလာခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် နုတ်ထွက်ရေးကိုတော့ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆန္ဒပြသူများက ကတိပြုခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s
ဂျွန်ဘော်လ်တန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြည်ပအစိုးရများ ပြုတ်ကျရေးလုပ်ရာ၌ ပါဝင်ခဲ့ဖူးကြောင်း ဂျွန်ဘော်လ်တန် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1271

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၄

ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုများနှင့် ပြည်ပနိုင်ငံအချို့၏ အစိုးရအပြောင်းအလဲများ ဖြစ် ပေါ်ရန် ကြိုးပမ်းရာ တခန်းတကဏ္ဍတွင် မိမိလည်း ပါဝင်ခဲ့ဖူးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဟောင်း ဂျွန်ဘော်လ်တန် (John Bolton)က ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်ပြည်တွင်း၌ အင်အားသုံး၍ အစိုးရတစ်ရပ် ဖြုတ်ချရေး လုပ်ဆောင်ရာတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လုပ်ရပ်များ အမျှော်အမြင် ကင်းမဲ့ကြောင်း ဝေဖန်နေကြချိန်၌ ယခုကဲ့သို့ ဂျွန်ဘော်လ်တန်၏ ဝန်ခံချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန်၊ ကာပီတို အဓိကရုဏ်း အမှုကို ယခု ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်တွင် ကြားနာပြီး နောက် CNN သတင်းဌာနမှ ဂျက်တက်ပါ (Jake Tapper) နှင့် တွေ့ဆုံမေးမြန်းတွင် ဂျွန်ဘော်လ်တန်က “သေချာစွာ စီစဉ် ထားသော အာဏာသိမ်းမှုကို ဦးစီးချုပ်ဟောင်းက မရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ပုံ ဟန်မကျကြောင်း” ပြောကြားခဲ့သည်။

“အာဏာသိမ်းဖို့ကိစ္စမှာ ထက်မြက်စရာ မလိုဘူးလား” ဟု CNN က စောဒတက်ခဲ့ရာ ဘော်လ်တန်က ပြည်ပအစိုးရများကို ဖြုတ်ချရာတွင် မိမိလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးကြောင်း၊ ထိုသို့ စီမံချက်များအတွက် သိသာထင်ရှားသော အစီအစဉ် များ ချမှတ်ရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒျူရိုနဲ့ လုံခြုံရေးတပ်ဖွဲ့များ

“အဲဒါကို ကျနော် လက်မခံဘူးဗျ။ အာဏာသိမ်းဖို့ စီမံချက်ကို ကူညီခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီနေရာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာ အများကြီး လုပ်စရာတွေ လိုတယ်ဗျ။ နောက်ပြီးတော့ အဲဒီမျိုးလည်း ထရမ့်က မစီမံခဲ့ဘူး။ စိတ်ကူးတစ်ခု ကနေ နောက်တစ်ခု လှည့်ပတ်နေတာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသေးစိတ် အချက်အလက်များကို CNN မှ တက်ပါက မေးမြန်းခဲ့သော်လည်း ဘော်လ်တန်က အသေးစိတ် ရှင်းပြရန် ငြင်းဆန်ခဲ့သည်။ သို့သော် ဗင်နီဇွဲလား အရေးကိစ္စကိုတော့ ဆက်လက် ဖြေကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ သမ္မတ နီကိုလပ်မာဒျူရို (Nicolas Maduro) ကို ဖြုတ်ချရန် အမေရိကန် ကျောထောက် နောက်ခံ ပေးထားသည့် အတိုက်အခံ သမားများက ကြိုးပမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် ဘက်ပြောင်း ရေး လှုံ့ဆော်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဗင်နီဇွဲလားအတွက် အမေရိကန် ကြိုးပမ်းချက်မှာ “မအောင်မြင်ခဲ့ပါဘူး” ဟု ဂျွန်ဘော်လ်တန်က ဖြေကြားခဲ့သည်။

“ကျနော်တို့ အဲဒီနိုင်ငံမှာ ပါဝင်ပတ်သက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမဝင် ရွေးကောက် တင်မြှောက်ခံရတဲ့ သမ္မတကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံတွေဘက်မှာ ဘာတွေလိုတယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်။ မအောင်မြင်ခဲ့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

ကျူးကျော်မှုကို ဟန့်တားရန် ရုရှားရေနံဈေးကန့်သတ်ဖို့ အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 881

Share
Tweet
Share
Share
powered by social2s

NUCC မှ KPICT နုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေဟုပြော

By CNI
CNI
Category: Watch TV
Hits: 733

Share
Tweet
Share
Share
powered by social2s

မိမိကို နစက-က မြန်မာပြည်ကနေ ထွက်ခွာခိုင်းခဲ့ဟု ဗြိတိန်သံအမတ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 914
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
 
မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစက-က အတင်းဖိအားပေးလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က ဇူလိုင် ၁၃ ရက်တွင် သူ​၏တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။
 
Mr. Pete Vowels က "ကျနော့်ကို စစ်ကောင်စီက မြန်မာပြည်ကနေ ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြား လာတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် ဖိအားပေးမှုကို ကျနော်တို့ ငြင်းဆန်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်"ဟု တွစ်တာမှာ ပြောထား သည်။
 
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
 
ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။
 
Share
Tweet
Share
Share
powered by social2s

နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်တိုင်းပြည်မှ သီရိလင်္ကာသမ္မတ ထွက်ပြေး

By CNI
CNI
Category: Watch TV
Hits: 676

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မိန့်ခွန်းပြောနေတဲ့ ဝမ်ယိ

လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချဆောင်ရွက်မှုကို အမြဲလိုက်နာရမည်ဟု ဝမ်ယိပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1557

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချဆောင်ရွက်သည့် နိယာမကို အမြဲလိုက်နာပြီး မိမိ၏ ကံကြမ္မာနှင့် ဒေသ၏ အနာဂတ်ကို မိမိလက်ထဲတွင် စွဲမြဲစွာ ဆုပ်ကိုင်ထားရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၁၁ ရက်က အာဆီယံအတွင်းရေးမှူးချုပ်ရုံး သို့ သွားရောက်ခဲ့ပြီးနောက် မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝမ်ယိက အာရှသည် ဖွံ့ဖြိုးတိုးတက်သည့် မြင့်မားသောနေရာ၊ ပူးပေါင်းဆောင်ရွက်မှု အရေးပါသည့် နေရာ၊ ကမ္ဘာလုံး ဆိုင် ရာ စီမံအုပ်ချုပ်မှုစံနမူနာတို့ ဖြစ်ကြောင်း၊ အာရှအံ့ဖွယ်၏ သော့ချက်မှာ တံခါးဖွင့်လှစ်သော ဒေသစနစ်ကို လက်ကိုင်စွဲထား ခြင်းကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲ၍ ဘုံဇာတိမြေကို အတူတကွ ထိန်းသိမ်းကြရမည်ဖြစ်ကာ ငြိမ်းချမ်းရေးကို အတူတကွ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မိန့်ခွန်းပြောနေတဲ့ ဝမ်ယိ

ဝမ်ယိက “ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် ရှင်သန်ရေး ရည်မှန်းချက်များကို အမြဲလိုက်နာ၍ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များကို မျှဝေကာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို အတူမြှင့်တင်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်သည့် နိယာမကို အမြဲလိုက်နာပြီး မိမိ၏ ကံကြမ္မာနှင့်ဒေသ၏ အနာဂတ်ကို မိမိလက်ထဲတွင် စွဲမြဲစွာ ဆုပ်ကိုင် ထားရမည်”ဟု ပြောသည်။

ထို့နောက် တံခါးဖွင့် လှစ်၍ အားလုံးပါဝင်နိုင်မှု စိတ်ဓာတ်ကို အမြဲလိုက်နာကိုင်စွဲ၍ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထား၍ အခြား သူများ၏ ယဉ်ကျေးမှုကိုလည်း လေးစားတန်ဖိုးထားရမည်ဟု ဝမ်ယိက ဆက်ပြောသည်။

ဝမ်ယိသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ မဲခေါင်-လန်ချန်း ညီလာခံကို တက်ရောက်ရန် လာရောက်ခဲ့ ပြီးနောက် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်များ အဖြစ် သွားရောက်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၁ ခုနှစ်၊ နို၀င်ဘာလက KPICT နဲ့ CRPH အဖွဲ့၀င်များတွေ့ဆုံကြစဉ်

NUCC မှ KPICT နုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2312


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏ အမြဲတမ်း အဖွဲ့ဝင်အဖြစ် ကချင်နိုင်ငံရေးကြားကာလ ညှိနှိုင်းရေး အဖွဲ့ (KPICT) နုတ်ထွက်မှုမှာ နွေဦးတော်လှန်ရေးကို အားနည်းစေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

NUCC သည် လက်ရှိ နွေဦးတော်လှန်ရေးတွင် အကြံပေးအဖွဲ့ကဲ့သို့ ရှိနေကြောင်း၊ ထိုကိစ္စကို ညှိနှိုင်းဆောင်ရွက်ကြစေလို ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “ကျနော်တော့ ဘာမှ သိပ်ထူးထူးခြားခြား ပြောလိုတဲ့ ဆန္ဒမရှိပါဘူးဗျာ။ ဒီလို နုတ်ထွက်တာဟာ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် အားလျော့စရာ ဖြစ်တဲ့အတွက် ကျနော်တော့ အဲဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင် ဝိုင်းဝန်းတားဆီး ပေးကြဖို့ ကျ‌နော်တို့ကတော့ မေတ္တာရပ်ခံရုံပဲ ရှိတော့တယ်။ သူတို့နဲ့ သဘောထားမတူတာ အမြင်မတူတဲ့ ကိစ္စတွေကြောင့် ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုကျယ်ပြန့်တဲ့ တပ်ပေါင်းစု သဏ္ဍာန်ဆောင်တဲ့ အကြံပေးအဖွဲ့က ကျနော်တို့ လက်ရှိ နွေဦးတော်လှန်ရေးအတွက် အင်အားတစ်ခုပါ။ လိုအပ်ပါတယ်။ အဲဒါတွေ ညီညွတ်ရေးက အရေးကြီးပါတယ်။ ဒါကြောင့်မို့ နုတ်ထွက်တယ်၊ မပါဝင်တော့ဘူးဆိုတဲ့ စကားတွေက ပြည်သူတွေကို နှလုံးစိတ်ဝမ်း မချမ်းမြေ့စရာတွေ ဖြစ်တဲ့အတွက် ဒါ တွေကို ထောက်ထားပြီးတော့ အချင်းချင်း ပြန်လည်ညှိနှိုင်းကြပါ။ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားကြပါ၊ ညီညွတ်ကြ ပါလို့ ကျနော်တို့ မေတ္တာရပ်ခံရုံမှ တစ်ပါး အခြားမရှိပါဘူး” ဟု CNI သို့ ပြောသည်။

KPICT အနေဖြင့် အမြဲတမ်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသော်လည်း လိုအပ်သည်များကို ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

NUCC သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုတွေ့ရစဉ်

NUCC မှ KPICT နုတ်ထွက်မှုမှာ အင်အားတစ်ခု အနေဖြင့် အားနည်းမှုများ ဖြစ်သွားနိုင်ကြောင်း ကချင်နိုင်ငံရေး သမားတစ်ဦး ဖြစ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော် သုံးသပ်သလောက်တော့ တကယ်လို့များ ဒီဟာက မှန်ကန်တယ်ဆိုရင်တော့ NUCC ဟာ အင်အားတစ်ခုအနေနဲ့တော့ အားနည်းမှုတော့ ဖြစ်သွားပါလိမ့်မယ်၊ ဒါပေမဲ့ KPICT အနေနဲ့ သိသလောက်ဆို NUGနဲ့ သူက တော့ ဆက်စပ်ပြီးတော့ လုပ်နေတယ်လို့ပဲ ဒီလိုပဲမြင်တယ်၊ နောက်တစ်ခုကလည်း NUCC ကနေ နုတ်ထွက် လိုက်တယ်ဆို တာကတော့ အတိုင်းအတာ တစ်ခုတော့ သက်ရောက်မှုတော့ ဖြစ်ပါလိမ့်မယ်၊ အထူးသဖြင့် စည်းလုံးညီညွတ်မှု ဆိုတဲ့ဟာ ပြရုပ်မှာတော့ တစ်ခုအနေနဲ့တော့ ပြည်သူ အမြင်မှာတော့ တစ်မျိုးတော့ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ မခန့်မှန်းနိုင်ဘူးပေါ့။ ဒါပေမဲ့ အတိုင်းအတာတစ်ခုတော့ ဒီဟာတော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျ‌နော်ထင်တာကတော့ NUCC မှာ နားတယ်ဆိုပေမဲ့လည်း NUG နဲ့ လုပ်နေတဲ့ အပိုင်းတွေ ဖြစ်နေတော့ သိပ်တော့ အကျိူးသက်ရောက်မှု ရှိမလား။ ဒါကတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုးတော့ ဖြစ်တာပေါ့” ဟု ပြောသည်။

နွေဦးတော်လှန်ရေး (AP)

ပြီးခဲ့သည့် မေလကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ NUCC တွင် ကိုယ်စားပြုမှု မပါဝင်တော့ဘဲ မိတ်ဖက် ဆက်ဆံရေး အဖြစ်သာ ရပ်တည်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို သတင်းဌာနအချို့တွင်လည်း ရေးသားဖော်ပြခဲ့ ကြသည်။

NUCC အား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အခြေခံ၍ အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအထဲတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ မတူညီသည့် ပုံစံတွင် ပါဝင်နေကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ် သည့် NUCC ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် NUCC သည် ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိသော်လည်း အင်အားကြီး အဖွဲ့အစည်းများဖြစ်သည့် NLD နှင့် KPICT အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားခဲ့ခြင်းကြောင့် နွေဦးတော်လှန်ရေးအပေါ် အကျိုး သက်ရောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ EU မဟာမိတ်များ (GETTY IMAGES)

ကျူးကျော်မှုကို ဟန့်တားရန် ရုရှားရေနံဈေးကန့်သတ်ဖို့ အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1079

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၃

ရုရှားနိုင်ငံအပေါ် ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်နှင့်၎င်း၏ မဟာမိတ်များသည် ယခု တိုက်ခိုက်နေသော ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ဟန့်တားနိုင်ရန်အတွက် ရုရှားရေနံဈေးကွက်ကို ကန့်သတ်ရန် ကြိုး ပမ်းနေသည်ဟု အေပီက ရေးသားသည်။

ထို့နောက် အစီအမံအသစ်များ ရေးဆွဲလျက်ရှိကြောင်း၊ ရေနံနှင့် လောင်စာဆီ ဈေးတက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်စေနိုင်သည့် အဆင့်ကို ရပ်တန့်စေနိုင်ခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။

အခြားတဖက်တွင်လည်း ကရင်မလင်၏ အဓိက အားထားရာ မဏ္ဍိုင်ဖြစ်သည့် ရေနံသည် ပို့ကုန်ပိတ်ဆို့မှု၊ ဒဏ်ခတ်အရေး ယူများနှင့်အတူ ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများ ဆိုင်းငံ့ခံထားရသော်လည်း ရုရှားစီးပွားရေးကို မယိမ်းမယိုင်အောင် ထိန်းနိုင် ခဲ့သည်။

အမေရိကန်၏ ဥရောပမဟာမိတ်များသည် ဘိုင်ဒန်အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ရုရှားရေနံ သုံးစွဲခြင်းကို ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်မည့် ခြေလှမ်းများ လုပ်ဆောင်ရန် စီစဉ်ထားကြသည်။

ထိုသို့ အခင်းအကျင်းများသည် ယခုအခါ ကမ္ဘာတလွှား ရေနံ‌ရောင်းလိုအား ကျဆင်းစေပြီး ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၂၀၀ အထိ ဈေးတက်လာစေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က ထောက်ပြနေကြသည်။

ပူတင် ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသို့ အန္တရာယ်များနေချိန်တွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ရုရှား၏ ရေနံဈေးနှုန်းကို ကန့်သတ် ထိန်းချုပ်ရန် အတွက် ဝယ်လက် အစုအဖွဲ့တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေကြပြီး စက်မှုထိပ်သီး (G-7) ၇ နိုင်ငံမှ ခေါင်းဆောင်များက ထိုသို့ ကန့်သတ်ထိန်းချုပ်ရေးအတွက် အကြိုသဘောတူထားကြသည်။

ရိုးရှင်းစွာ ပြောရလျှင် ထိုအစီအစဉ်ကို လက်ခံကြသည့် နိုင်ငံများအနေဖြင့် ရေနံကို ဈေးကွက် ပေါက်ဈေးထက် သက်သာ သော နှုန်းထားဖြင့် ဝယ်ယူရန် လိုလိုလားလား သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်သည့် နိုင်ငံများ၌ စွမ်းအင် စရိတ် မြင့်မားလာခြင်းမှာ ၎င်းတို့နိုင်ငံ အသီးသီး၏ စီးပွားရေးကို ကျပ်တည်းစေခဲ့ပြီး ပြတ်လပ်မှုများ၏ ခြိမ်းခြောက်မှု ခံနေ ရပြီ ဖြစ်သည်။

ဗြိတိန်၊ ဂျာမနီနှင့် အီတလီရှိ ခေါင်းဆောင်များသည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ခပ်ကင်းကင်း နေကြည့်ကြရာမှ ဖြစ်ပေါ်လာသော စီးပွားရေး ပျက်သုဉ်းမှုနှင့် ရင်ဆိုင်နေကြရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံတွင် သမ္မတ ဂျိုးဘိုင်ဒန်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ်ပါတီဝင်များ အခွင့်အလမ်း ထိခိုက်စေသည့် ၎င်းအပေါ် လူထုထောက်ခံမှု အင်အား ကျဆင်းနေခဲ့သည်။

ထိုသို့ အခင်းအကျင်းများ၏ နောက်ကွယ်၌ ရှိနေသည့် အယူအဆများမှာ စားသုံးသူများအတွက် ဓာတ်ငွေ့နှင့်လောင်စာဆီ ဈေးလျှော့ ချပေးရေးနှင့် ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး အကူအညီပေးကြဖို့ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလန်း (Janet Yellen) ဿည် လက်ရှိကာလ၌ အထက်ပါ အဆိုပြုချက်များအတွက် စည်းရုံးဆွဲဆောင်နိုင်ရန် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများသို့ ခရီးလှည့်လည်နေကြောင်း အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (ဓါတ်ပုံ-အေပီ)

နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်တိုင်းပြည်မှ သီရိလင်္ကာသမ္မတ ထွက်ပြေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1150

CNI International News

ကိုလံဘို၊ ဇူလိုင် ၁၃

သီရိလင်္ကာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့၍ ရာထူးမှ နုတ်ထွက်ပေးမည်ဟု ကတိပြုခဲ့သော သမ္မတသည် ယခုအခါ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတ ရာဂျာပက်ဆာ၊ ၎င်း၏ဇနီးနှင့် သက်တော်စောင့်နှစ်ဦးတို့သည် သီရိလင်္ကာလေတပ်မှ လေယာဉ်ဖြင့် မော်လ်ဒိုက်နိုင်ငံ၏မြို့တော် မေးလ် (Male) သို့ ဦးတည်ပျံသန်းသွားကြောင်း ၎င်းလေတပ်က ဇူလိုင် ၁၃ ရက် (ယနေ့) အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အစိုးရရဲ့တောင်းဆိုမှုအရ သမ္မတ၊ ဇနီးနဲ့ သူ့ရဲ့လုံခြုံရေးအရာရှိ နှစ်ဦးတို့ကို မော်လ်ဒိုက်နိုင်ငံထဲ ပျံသန်းပို့ဆောင်ပေးဖို့ သီရိလင်္ကာလေတပ်က ဒီကနေ့ အစောပိုင်းမှာ လေယာဉ် တစ်စင်း ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိများကို ကိုးကားလျက် သမ္မတ ထွက်ပြေးသွားသည့် သတင်းကို သတင်းဌာနများက ကနဦးတွင် ရေးသားခဲ့ကြသည်။

သောင်းနှင့်ချီသော ဆန္ဒပြသူများက ဇူလိုင် ၉ ရက်တွင် သမ္မတ၏အိမ်တော်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ စည်းလုံး ညီညွတ်သည့်အစိုးရသစ်တစ်ရပ်အတွက် လမ်းဖွင့်ပေးရန် သမ္မတက မိမိရာထူးမှ ဇူလိုင် ၁၃ ရက် (ယနေ့) နုတ်ထွက်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်သည်။

 သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုရှိ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏နေအိမ်၌ ဆန္ဒပြသူများကို စနေနေ့က တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ၎င်းအစ်ကိုဖြစ်သူ မဟိန္ဒာ၏ အစိုးရအာဏာရှိနေစဉ်အတွင်း ထိုစဉ်က ပြည်တွင်းစစ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အထောက်အကူပြုခဲ့ဖူးသော ရာဂျာပက်ဆာသည် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အလားအလာရှိသော သမ္မတအဖြစ် လူထုမျှော်လင့်လျက် ၂၀၁၉ ခုနှစ်တွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

သို့သော် ၎င်း၏လက်ထက်အတွင်း အစိုးရ၏ အခွန်ဘဏ္ဍငွေလျော့နည်းလာခဲ့ပြီး ပြည်တွင်း၌ လောင်စာဆီ၊ စားသောက်ကုန်နှင့် ဆေးဝါးများ မတင်သွင်းနိုင်တော့ခြင်းကြောင့် ဆိုးဝါးသော အကျပ်အတည်းများ ရင်ဆိုင် လာရသည်။

သီရိလင်္ကာနိုင်ငံရေးကို နှစ်ပေါင်း ၂၀ နီးပါး လွှမ်းမိုးထားခဲ့သော သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏မိသားစုကို စီးပွားရေးဖြစ်ထွန်းရန် အရည်အချင်းမရှိဟု စွပ်စွဲခဲ့ကြပြီး ၎င်းတို့သည် လူထု၏သဘောထားနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဝေဖန်ခဲ့ကြသည်။

ပြီးခဲ့သည့်မတ်လတွင် စတင်ခဲ့သော လူထုဆန္ဒပြပွဲများ ပြင်းထန်လာပြီးနောက် မေလတွင် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပက်ဆာသည် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

စစ်ရာဇဝတ်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲခံထားရသည့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် ပုံမှန်ရုံးတက်စဉ် ဖမ်းဆီးခံရသည့်ဘေးမှ ကင်းလွတ်ခွင့်ရခဲ့ပြီးနောက် ၎င်းသည် ဇူလိုင် ၈ ရက် ကတည်းက အများပြည်သူမြင်ကွင်းမှ ပျောက်ဆုံးနေခဲ့သည်။

Source: Aljazeera

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

လက်နက်ကိုင်တိုက်ပွဲက ပထမဦးစားပေးဖြစ်တယ်လို့ ပုလဲလူထုသပိတ်ပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နစကနှင့်ရုရှား ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2536

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၂

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations)၏ အထွေထွေညွှန်ကြားရေးမှူးချုပ် မစ္စတာအလက်စီ လီခါချော့ဖ် (Mr. Alexey Likhachev) တို့ ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌနှင့် မစ္စတာအလက်စီ လီခါချော့ဖ်တို့  တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၂ ရက်) နစက-က ထုတ်ပြန်ခဲ့သည်။

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြု ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစက-က ပြောသည်။

ထို့နောက် ဇူလိုင် ၁၁ ရက်တွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ပါလျာကော့ (Mr. lvan Polyakov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ၍ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့ နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (State Space Corporation Roscosmos)သို့ သွားရောက်၍ ရုရှား သမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် Roscosmos ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒီမီတရီ ရာဂိုဇင် (Dr. Dmitry Rogozin) နှင့်တွေ့ဆုံ၍ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်တင်ခြင်း အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ်၊ တဖက်က မဆွေးနွေးဘူးဆိုတာ စွန့်လွှတ်ရမယ်

By CNI
CNI
Category: Exclusive Interview
Hits: 1370

Share
Tweet
Share
Share
powered by social2s
  • 89
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98

Page 94 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar