CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဂျွန်ဘော်လ်တန်နဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြည်ပအစိုးရများ ပြုတ်ကျရေးလုပ်ရာ၌ ပါဝင်ခဲ့ဖူးကြောင်း ဂျွန်ဘော်လ်တန် ဝန်ခံ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1470

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၄

ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များကို ဖြုတ်ချရန် ကြိုးပမ်းမှုများနှင့် ပြည်ပနိုင်ငံအချို့၏ အစိုးရအပြောင်းအလဲများ ဖြစ် ပေါ်ရန် ကြိုးပမ်းရာ တခန်းတကဏ္ဍတွင် မိမိလည်း ပါဝင်ခဲ့ဖူးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဟောင်း ဂျွန်ဘော်လ်တန် (John Bolton)က ဝန်ခံပြောကြားခဲ့သည်။

အမေရိကန်ပြည်တွင်း၌ အင်အားသုံး၍ အစိုးရတစ်ရပ် ဖြုတ်ချရေး လုပ်ဆောင်ရာတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ လုပ်ရပ်များ အမျှော်အမြင် ကင်းမဲ့ကြောင်း ဝေဖန်နေကြချိန်၌ ယခုကဲ့သို့ ဂျွန်ဘော်လ်တန်၏ ဝန်ခံချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် အမေရိကန်၊ ကာပီတို အဓိကရုဏ်း အမှုကို ယခု ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်တွင် ကြားနာပြီး နောက် CNN သတင်းဌာနမှ ဂျက်တက်ပါ (Jake Tapper) နှင့် တွေ့ဆုံမေးမြန်းတွင် ဂျွန်ဘော်လ်တန်က “သေချာစွာ စီစဉ် ထားသော အာဏာသိမ်းမှုကို ဦးစီးချုပ်ဟောင်းက မရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် ဒေါ်နယ်ထရမ့်၏ လုပ်ဆောင်ပုံ ဟန်မကျကြောင်း” ပြောကြားခဲ့သည်။

“အာဏာသိမ်းဖို့ကိစ္စမှာ ထက်မြက်စရာ မလိုဘူးလား” ဟု CNN က စောဒတက်ခဲ့ရာ ဘော်လ်တန်က ပြည်ပအစိုးရများကို ဖြုတ်ချရာတွင် မိမိလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ဖူးကြောင်း၊ ထိုသို့ စီမံချက်များအတွက် သိသာထင်ရှားသော အစီအစဉ် များ ချမှတ်ရန် လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဗင်နီဇွဲလား သမ္မတ နီကိုလပ်မာဒျူရိုနဲ့ လုံခြုံရေးတပ်ဖွဲ့များ

“အဲဒါကို ကျနော် လက်မခံဘူးဗျ။ အာဏာသိမ်းဖို့ စီမံချက်ကို ကူညီခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဒီနေရာမှာတင် မဟုတ်ဘဲ တခြားနေရာတွေမှာ အများကြီး လုပ်စရာတွေ လိုတယ်ဗျ။ နောက်ပြီးတော့ အဲဒီမျိုးလည်း ထရမ့်က မစီမံခဲ့ဘူး။ စိတ်ကူးတစ်ခု ကနေ နောက်တစ်ခု လှည့်ပတ်နေတာ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အသေးစိတ် အချက်အလက်များကို CNN မှ တက်ပါက မေးမြန်းခဲ့သော်လည်း ဘော်လ်တန်က အသေးစိတ် ရှင်းပြရန် ငြင်းဆန်ခဲ့သည်။ သို့သော် ဗင်နီဇွဲလား အရေးကိစ္စကိုတော့ ဆက်လက် ဖြေကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ သမ္မတ နီကိုလပ်မာဒျူရို (Nicolas Maduro) ကို ဖြုတ်ချရန် အမေရိကန် ကျောထောက် နောက်ခံ ပေးထားသည့် အတိုက်အခံ သမားများက ကြိုးပမ်းခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် ဘက်ပြောင်း ရေး လှုံ့ဆော်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဗင်နီဇွဲလားအတွက် အမေရိကန် ကြိုးပမ်းချက်မှာ “မအောင်မြင်ခဲ့ပါဘူး” ဟု ဂျွန်ဘော်လ်တန်က ဖြေကြားခဲ့သည်။

“ကျနော်တို့ အဲဒီနိုင်ငံမှာ ပါဝင်ပတ်သက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တရားမဝင် ရွေးကောက် တင်မြှောက်ခံရတဲ့ သမ္မတကို ဖြုတ်ချနိုင်ဖို့ အတိုက်အခံတွေဘက်မှာ ဘာတွေလိုတယ်ဆိုတာ ကျနော်တို့ မြင်ပါတယ်။ မအောင်မြင်ခဲ့ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန

 

 

 

Share
Tweet
Share
Share
powered by social2s

ကျူးကျော်မှုကို ဟန့်တားရန် ရုရှားရေနံဈေးကန့်သတ်ဖို့ အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်း

By CNI
CNI
Category: Watch TV
Hits: 1062

Share
Tweet
Share
Share
powered by social2s

NUCC မှ KPICT နုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေဟုပြော

By CNI
CNI
Category: Watch TV
Hits: 887

Share
Tweet
Share
Share
powered by social2s

မိမိကို နစက-က မြန်မာပြည်ကနေ ထွက်ခွာခိုင်းခဲ့ဟု ဗြိတိန်သံအမတ်ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1110
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃
 
မြန်မာနိုင်ငံကနေ ထွက်ခွာသွားရန် နစက-က အတင်းဖိအားပေးလာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles က ဇူလိုင် ၁၃ ရက်တွင် သူ​၏တွစ်တာ စာမျက်နှာမှာ ရေးသားခဲ့သည်။
 
Mr. Pete Vowels က "ကျနော့်ကို စစ်ကောင်စီက မြန်မာပြည်ကနေ ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြား လာတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အာဏာသိမ်းမှုကို တရားဝင် ဖြစ်အောင် ဖိအားပေးမှုကို ကျနော်တို့ ငြင်းဆန်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်"ဟု တွစ်တာမှာ ပြောထား သည်။
 
ဗြိတိန်သံအမတ်ကြီး Mr. Pete Vowles သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။
 
ဗြိတိန်အစိုးရသည် နစကအား အရပ်သားအစိုးရကို ဖြုတ်ချ၍ ဒီမိုကရေစီနည်းကျမဟုတ်သော အာဏာရယူခဲ့ခြင်းကြောင့် လူပုဂ္ဂိုလ်များအလိုက် ပိတ်ဆို့အရေး ယူမှုများ ပြုလုပ်ခဲ့သည်။
 
Share
Tweet
Share
Share
powered by social2s

နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်တိုင်းပြည်မှ သီရိလင်္ကာသမ္မတ ထွက်ပြေး

By CNI
CNI
Category: Watch TV
Hits: 803

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မိန့်ခွန်းပြောနေတဲ့ ဝမ်ယိ

လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချဆောင်ရွက်မှုကို အမြဲလိုက်နာရမည်ဟု ဝမ်ယိပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1809

CNI International News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချဆောင်ရွက်သည့် နိယာမကို အမြဲလိုက်နာပြီး မိမိ၏ ကံကြမ္မာနှင့် ဒေသ၏ အနာဂတ်ကို မိမိလက်ထဲတွင် စွဲမြဲစွာ ဆုပ်ကိုင်ထားရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ပြောသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၁၁ ရက်က အာဆီယံအတွင်းရေးမှူးချုပ်ရုံး သို့ သွားရောက်ခဲ့ပြီးနောက် မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝမ်ယိက အာရှသည် ဖွံ့ဖြိုးတိုးတက်သည့် မြင့်မားသောနေရာ၊ ပူးပေါင်းဆောင်ရွက်မှု အရေးပါသည့် နေရာ၊ ကမ္ဘာလုံး ဆိုင် ရာ စီမံအုပ်ချုပ်မှုစံနမူနာတို့ ဖြစ်ကြောင်း၊ အာရှအံ့ဖွယ်၏ သော့ချက်မှာ တံခါးဖွင့်လှစ်သော ဒေသစနစ်ကို လက်ကိုင်စွဲထား ခြင်းကြောင့် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေး သဘောတရားကို အမြဲလက်ကိုင်စွဲ၍ ဘုံဇာတိမြေကို အတူတကွ ထိန်းသိမ်းကြရမည်ဖြစ်ကာ ငြိမ်းချမ်းရေးကို အတူတကွ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မိန့်ခွန်းပြောနေတဲ့ ဝမ်ယိ

ဝမ်ယိက “ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည် ရှင်သန်ရေး ရည်မှန်းချက်များကို အမြဲလိုက်နာ၍ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်း များကို မျှဝေကာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို အတူမြှင့်တင်ရမည်ဖြစ်ကြောင်း၊ လွတ်လပ်၍ မိမိဘာသာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်သည့် နိယာမကို အမြဲလိုက်နာပြီး မိမိ၏ ကံကြမ္မာနှင့်ဒေသ၏ အနာဂတ်ကို မိမိလက်ထဲတွင် စွဲမြဲစွာ ဆုပ်ကိုင် ထားရမည်”ဟု ပြောသည်။

ထို့နောက် တံခါးဖွင့် လှစ်၍ အားလုံးပါဝင်နိုင်မှု စိတ်ဓာတ်ကို အမြဲလိုက်နာကိုင်စွဲ၍ ကိုယ်စီဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုများကို တန်ဖိုးထား၍ အခြား သူများ၏ ယဉ်ကျေးမှုကိုလည်း လေးစားတန်ဖိုးထားရမည်ဟု ဝမ်ယိက ဆက်ပြောသည်။

ဝမ်ယိသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ မဲခေါင်-လန်ချန်း ညီလာခံကို တက်ရောက်ရန် လာရောက်ခဲ့ ပြီးနောက် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံများသို့ နိုင်ငံတော်ခရီးစဉ်များ အဖြစ် သွားရောက်ခဲ့သည်။

 

 

 

Share
Tweet
Share
Share
powered by social2s
၂၀၂၁ ခုနှစ်၊ နို၀င်ဘာလက KPICT နဲ့ CRPH အဖွဲ့၀င်များတွေ့ဆုံကြစဉ်

NUCC မှ KPICT နုတ်ထွက်မှု နွေဦးတော်လှန်ရေးကို အားနည်းစေဟုပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 2548


CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၏ အမြဲတမ်း အဖွဲ့ဝင်အဖြစ် ကချင်နိုင်ငံရေးကြားကာလ ညှိနှိုင်းရေး အဖွဲ့ (KPICT) နုတ်ထွက်မှုမှာ နွေဦးတော်လှန်ရေးကို အားနည်းစေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

NUCC သည် လက်ရှိ နွေဦးတော်လှန်ရေးတွင် အကြံပေးအဖွဲ့ကဲ့သို့ ရှိနေကြောင်း၊ ထိုကိစ္စကို ညှိနှိုင်းဆောင်ရွက်ကြစေလို ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “ကျနော်တော့ ဘာမှ သိပ်ထူးထူးခြားခြား ပြောလိုတဲ့ ဆန္ဒမရှိပါဘူးဗျာ။ ဒီလို နုတ်ထွက်တာဟာ ကျနော်တို့ နွေဦးတော်လှန်ရေးအတွက် အားလျော့စရာ ဖြစ်တဲ့အတွက် ကျနော်တော့ အဲဒီလိုကိစ္စတွေ မဖြစ်ပေါ်အောင် ဝိုင်းဝန်းတားဆီး ပေးကြဖို့ ကျ‌နော်တို့ကတော့ မေတ္တာရပ်ခံရုံပဲ ရှိတော့တယ်။ သူတို့နဲ့ သဘောထားမတူတာ အမြင်မတူတဲ့ ကိစ္စတွေကြောင့် ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုကျယ်ပြန့်တဲ့ တပ်ပေါင်းစု သဏ္ဍာန်ဆောင်တဲ့ အကြံပေးအဖွဲ့က ကျနော်တို့ လက်ရှိ နွေဦးတော်လှန်ရေးအတွက် အင်အားတစ်ခုပါ။ လိုအပ်ပါတယ်။ အဲဒါတွေ ညီညွတ်ရေးက အရေးကြီးပါတယ်။ ဒါကြောင့်မို့ နုတ်ထွက်တယ်၊ မပါဝင်တော့ဘူးဆိုတဲ့ စကားတွေက ပြည်သူတွေကို နှလုံးစိတ်ဝမ်း မချမ်းမြေ့စရာတွေ ဖြစ်တဲ့အတွက် ဒါ တွေကို ထောက်ထားပြီးတော့ အချင်းချင်း ပြန်လည်ညှိနှိုင်းကြပါ။ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးစားကြပါ၊ ညီညွတ်ကြ ပါလို့ ကျနော်တို့ မေတ္တာရပ်ခံရုံမှ တစ်ပါး အခြားမရှိပါဘူး” ဟု CNI သို့ ပြောသည်။

KPICT အနေဖြင့် အမြဲတမ်း အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ထားသော်လည်း လိုအပ်သည်များကို ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

NUCC သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုတွေ့ရစဉ်

NUCC မှ KPICT နုတ်ထွက်မှုမှာ အင်အားတစ်ခု အနေဖြင့် အားနည်းမှုများ ဖြစ်သွားနိုင်ကြောင်း ကချင်နိုင်ငံရေး သမားတစ်ဦး ဖြစ်သူ ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးကွမ်ဂေါင်အောင်ခမ်းက “ကျနော် သုံးသပ်သလောက်တော့ တကယ်လို့များ ဒီဟာက မှန်ကန်တယ်ဆိုရင်တော့ NUCC ဟာ အင်အားတစ်ခုအနေနဲ့တော့ အားနည်းမှုတော့ ဖြစ်သွားပါလိမ့်မယ်၊ ဒါပေမဲ့ KPICT အနေနဲ့ သိသလောက်ဆို NUGနဲ့ သူက တော့ ဆက်စပ်ပြီးတော့ လုပ်နေတယ်လို့ပဲ ဒီလိုပဲမြင်တယ်၊ နောက်တစ်ခုကလည်း NUCC ကနေ နုတ်ထွက် လိုက်တယ်ဆို တာကတော့ အတိုင်းအတာ တစ်ခုတော့ သက်ရောက်မှုတော့ ဖြစ်ပါလိမ့်မယ်၊ အထူးသဖြင့် စည်းလုံးညီညွတ်မှု ဆိုတဲ့ဟာ ပြရုပ်မှာတော့ တစ်ခုအနေနဲ့တော့ ပြည်သူ အမြင်မှာတော့ တစ်မျိုးတော့ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လောက်အထိ ဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့ မခန့်မှန်းနိုင်ဘူးပေါ့။ ဒါပေမဲ့ အတိုင်းအတာတစ်ခုတော့ ဒီဟာတော့ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျ‌နော်ထင်တာကတော့ NUCC မှာ နားတယ်ဆိုပေမဲ့လည်း NUG နဲ့ လုပ်နေတဲ့ အပိုင်းတွေ ဖြစ်နေတော့ သိပ်တော့ အကျိူးသက်ရောက်မှု ရှိမလား။ ဒါကတော့ စောင့်ကြည့်ရမယ့် အခြေအနေမျိုးတော့ ဖြစ်တာပေါ့” ဟု ပြောသည်။

နွေဦးတော်လှန်ရေး (AP)

ပြီးခဲ့သည့် မေလကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ NUCC တွင် ကိုယ်စားပြုမှု မပါဝင်တော့ဘဲ မိတ်ဖက် ဆက်ဆံရေး အဖြစ်သာ ရပ်တည်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သလို သတင်းဌာနအချို့တွင်လည်း ရေးသားဖော်ပြခဲ့ ကြသည်။

NUCC အား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အခြေခံ၍ အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအထဲတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ မတူညီသည့် ပုံစံတွင် ပါဝင်နေကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ် သည့် NUCC ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် NUCC သည် ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိသော်လည်း အင်အားကြီး အဖွဲ့အစည်းများဖြစ်သည့် NLD နှင့် KPICT အဖွဲ့ဝင်အဖြစ်ကနေ ရပ်နားခဲ့ခြင်းကြောင့် နွေဦးတော်လှန်ရေးအပေါ် အကျိုး သက်ရောက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်နဲ့ EU မဟာမိတ်များ (GETTY IMAGES)

ကျူးကျော်မှုကို ဟန့်တားရန် ရုရှားရေနံဈေးကန့်သတ်ဖို့ အမေရိကန်နှင့်မဟာမိတ်များ ကြိုးပမ်း

By CNI
CNI
Category: နိုင်ငံရေး
Hits: 1337

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၃

ရုရှားနိုင်ငံအပေါ် ထောင်နှင့်ချီသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် အမေရိကန်နှင့်၎င်း၏ မဟာမိတ်များသည် ယခု တိုက်ခိုက်နေသော ယူကရိန်းသို့ ရုရှားကျူးကျော်စစ်ကို ဟန့်တားနိုင်ရန်အတွက် ရုရှားရေနံဈေးကွက်ကို ကန့်သတ်ရန် ကြိုး ပမ်းနေသည်ဟု အေပီက ရေးသားသည်။

ထို့နောက် အစီအမံအသစ်များ ရေးဆွဲလျက်ရှိကြောင်း၊ ရေနံနှင့် လောင်စာဆီ ဈေးတက်ခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်စေနိုင်သည့် အဆင့်ကို ရပ်တန့်စေနိုင်ခဲ့ကြောင်း အေပီက ဆက်လက် ဖော်ပြထားသည်။

အခြားတဖက်တွင်လည်း ကရင်မလင်၏ အဓိက အားထားရာ မဏ္ဍိုင်ဖြစ်သည့် ရေနံသည် ပို့ကုန်ပိတ်ဆို့မှု၊ ဒဏ်ခတ်အရေး ယူများနှင့်အတူ ရုရှားဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများ ဆိုင်းငံ့ခံထားရသော်လည်း ရုရှားစီးပွားရေးကို မယိမ်းမယိုင်အောင် ထိန်းနိုင် ခဲ့သည်။

အမေရိကန်၏ ဥရောပမဟာမိတ်များသည် ဘိုင်ဒန်အစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ရုရှားရေနံ သုံးစွဲခြင်းကို ယခု နှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်မည့် ခြေလှမ်းများ လုပ်ဆောင်ရန် စီစဉ်ထားကြသည်။

ထိုသို့ အခင်းအကျင်းများသည် ယခုအခါ ကမ္ဘာတလွှား ရေနံ‌ရောင်းလိုအား ကျဆင်းစေပြီး ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၂၀၀ အထိ ဈေးတက်လာစေနိုင်ကြောင်း စီးပွားရေးပညာရှင်အချို့က ထောက်ပြနေကြသည်။

ပူတင် ကိုတွေ့ရစဉ် (GETTY IMAGES)

ထိုသို့ အန္တရာယ်များနေချိန်တွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ရုရှား၏ ရေနံဈေးနှုန်းကို ကန့်သတ် ထိန်းချုပ်ရန် အတွက် ဝယ်လက် အစုအဖွဲ့တစ်ခုကို တည်ထောင်ရန် ကြိုးပမ်းနေကြပြီး စက်မှုထိပ်သီး (G-7) ၇ နိုင်ငံမှ ခေါင်းဆောင်များက ထိုသို့ ကန့်သတ်ထိန်းချုပ်ရေးအတွက် အကြိုသဘောတူထားကြသည်။

ရိုးရှင်းစွာ ပြောရလျှင် ထိုအစီအစဉ်ကို လက်ခံကြသည့် နိုင်ငံများအနေဖြင့် ရေနံကို ဈေးကွက် ပေါက်ဈေးထက် သက်သာ သော နှုန်းထားဖြင့် ဝယ်ယူရန် လိုလိုလားလား သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်စစ်ကြောင့် ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်သည့် နိုင်ငံများ၌ စွမ်းအင် စရိတ် မြင့်မားလာခြင်းမှာ ၎င်းတို့နိုင်ငံ အသီးသီး၏ စီးပွားရေးကို ကျပ်တည်းစေခဲ့ပြီး ပြတ်လပ်မှုများ၏ ခြိမ်းခြောက်မှု ခံနေ ရပြီ ဖြစ်သည်။

ဗြိတိန်၊ ဂျာမနီနှင့် အီတလီရှိ ခေါင်းဆောင်များသည် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ခပ်ကင်းကင်း နေကြည့်ကြရာမှ ဖြစ်ပေါ်လာသော စီးပွားရေး ပျက်သုဉ်းမှုနှင့် ရင်ဆိုင်နေကြရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံတွင် သမ္မတ ဂျိုးဘိုင်ဒန်သည် ကြားဖြတ်ရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ်ပါတီဝင်များ အခွင့်အလမ်း ထိခိုက်စေသည့် ၎င်းအပေါ် လူထုထောက်ခံမှု အင်အား ကျဆင်းနေခဲ့သည်။

ထိုသို့ အခင်းအကျင်းများ၏ နောက်ကွယ်၌ ရှိနေသည့် အယူအဆများမှာ စားသုံးသူများအတွက် ဓာတ်ငွေ့နှင့်လောင်စာဆီ ဈေးလျှော့ ချပေးရေးနှင့် ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး အကူအညီပေးကြဖို့ ဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျာနက်ယဲလန်း (Janet Yellen) ဿည် လက်ရှိကာလ၌ အထက်ပါ အဆိုပြုချက်များအတွက် စည်းရုံးဆွဲဆောင်နိုင်ရန် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများသို့ ခရီးလှည့်လည်နေကြောင်း အေပီသတင်းအရ သိရသည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (ဓါတ်ပုံ-အေပီ)

နိုင်ငံရေး၊ စီးပွားရေးကျပ်တည်းနေသည့်တိုင်းပြည်မှ သီရိလင်္ကာသမ္မတ ထွက်ပြေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1329

CNI International News

ကိုလံဘို၊ ဇူလိုင် ၁၃

သီရိလင်္ကာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့၍ ရာထူးမှ နုတ်ထွက်ပေးမည်ဟု ကတိပြုခဲ့သော သမ္မတသည် ယခုအခါ တိုင်းပြည်မှ ထွက်ပြေးသွားပြီဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတ ရာဂျာပက်ဆာ၊ ၎င်း၏ဇနီးနှင့် သက်တော်စောင့်နှစ်ဦးတို့သည် သီရိလင်္ကာလေတပ်မှ လေယာဉ်ဖြင့် မော်လ်ဒိုက်နိုင်ငံ၏မြို့တော် မေးလ် (Male) သို့ ဦးတည်ပျံသန်းသွားကြောင်း ၎င်းလေတပ်က ဇူလိုင် ၁၃ ရက် (ယနေ့) အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အစိုးရရဲ့တောင်းဆိုမှုအရ သမ္မတ၊ ဇနီးနဲ့ သူ့ရဲ့လုံခြုံရေးအရာရှိ နှစ်ဦးတို့ကို မော်လ်ဒိုက်နိုင်ငံထဲ ပျံသန်းပို့ဆောင်ပေးဖို့ သီရိလင်္ကာလေတပ်က ဒီကနေ့ အစောပိုင်းမှာ လေယာဉ် တစ်စင်း ပေးအပ်ခဲ့ပါတယ်” ဟု ၎င်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူ အစိုးရဘက်မှ လူဝင်မှုကြီးကြပ်ရေးအရာရှိများကို ကိုးကားလျက် သမ္မတ ထွက်ပြေးသွားသည့် သတင်းကို သတင်းဌာနများက ကနဦးတွင် ရေးသားခဲ့ကြသည်။

သောင်းနှင့်ချီသော ဆန္ဒပြသူများက ဇူလိုင် ၉ ရက်တွင် သမ္မတ၏အိမ်တော်ကို ဝင်ရောက်စီးနင်းခဲ့ကြရာ စည်းလုံး ညီညွတ်သည့်အစိုးရသစ်တစ်ရပ်အတွက် လမ်းဖွင့်ပေးရန် သမ္မတက မိမိရာထူးမှ ဇူလိုင် ၁၃ ရက် (ယနေ့) နုတ်ထွက်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်သည်။

 သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုရှိ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏နေအိမ်၌ ဆန္ဒပြသူများကို စနေနေ့က တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က ၎င်းအစ်ကိုဖြစ်သူ မဟိန္ဒာ၏ အစိုးရအာဏာရှိနေစဉ်အတွင်း ထိုစဉ်က ပြည်တွင်းစစ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အထောက်အကူပြုခဲ့ဖူးသော ရာဂျာပက်ဆာသည် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် အလားအလာရှိသော သမ္မတအဖြစ် လူထုမျှော်လင့်လျက် ၂၀၁၉ ခုနှစ်တွင် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

သို့သော် ၎င်း၏လက်ထက်အတွင်း အစိုးရ၏ အခွန်ဘဏ္ဍငွေလျော့နည်းလာခဲ့ပြီး ပြည်တွင်း၌ လောင်စာဆီ၊ စားသောက်ကုန်နှင့် ဆေးဝါးများ မတင်သွင်းနိုင်တော့ခြင်းကြောင့် ဆိုးဝါးသော အကျပ်အတည်းများ ရင်ဆိုင် လာရသည်။

သီရိလင်္ကာနိုင်ငံရေးကို နှစ်ပေါင်း ၂၀ နီးပါး လွှမ်းမိုးထားခဲ့သော သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ၏မိသားစုကို စီးပွားရေးဖြစ်ထွန်းရန် အရည်အချင်းမရှိဟု စွပ်စွဲခဲ့ကြပြီး ၎င်းတို့သည် လူထု၏သဘောထားနှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ဝေဖန်ခဲ့ကြသည်။

ပြီးခဲ့သည့်မတ်လတွင် စတင်ခဲ့သော လူထုဆန္ဒပြပွဲများ ပြင်းထန်လာပြီးနောက် မေလတွင် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မဟိန္ဒာရာဂျာပက်ဆာသည် ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

စစ်ရာဇဝတ်မှုများနှင့် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲခံထားရသည့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာသည် ပုံမှန်ရုံးတက်စဉ် ဖမ်းဆီးခံရသည့်ဘေးမှ ကင်းလွတ်ခွင့်ရခဲ့ပြီးနောက် ၎င်းသည် ဇူလိုင် ၈ ရက် ကတည်းက အများပြည်သူမြင်ကွင်းမှ ပျောက်ဆုံးနေခဲ့သည်။

Source: Aljazeera

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

လက်နက်ကိုင်တိုက်ပွဲက ပထမဦးစားပေးဖြစ်တယ်လို့ ပုလဲလူထုသပိတ်ပြော

By CNI
CNI
Category: Watch TV
Hits: 832

Share
Tweet
Share
Share
powered by social2s

နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နစကနှင့်ရုရှား ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2869

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၂

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations)၏ အထွေထွေညွှန်ကြားရေးမှူးချုပ် မစ္စတာအလက်စီ လီခါချော့ဖ် (Mr. Alexey Likhachev) တို့ ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် နစကဥက္ကဋ္ဌနှင့် မစ္စတာအလက်စီ လီခါချော့ဖ်တို့  တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၂ ရက်) နစက-က ထုတ်ပြန်ခဲ့သည်။

နျူကလီးယားစွမ်းအင် နည်းပညာပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍများတွင် အသုံးပြု ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း နစက-က ပြောသည်။

ထို့နောက် ဇူလိုင် ၁၁ ရက်တွင် ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ မစ္စတာ အီဗန် ပါလျာကော့ (Mr. lvan Polyakov) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ တွေ့ဆုံ၍ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့ နိုင်ရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် နည်းပညာလိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန် ကဏ္ဍအဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း (State Space Corporation Roscosmos)သို့ သွားရောက်၍ ရုရှား သမ္မတ၏ နိုင်ငံတကာအာကာသဆိုင်ရာ အထူးသံတမန်နှင့် Roscosmos ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒီမီတရီ ရာဂိုဇင် (Dr. Dmitry Rogozin) နှင့်တွေ့ဆုံ၍ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံ ပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်တင်ခြင်း အခမ်းအနားကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ်၊ တဖက်က မဆွေးနွေးဘူးဆိုတာ စွန့်လွှတ်ရမယ်

By CNI
CNI
Category: Exclusive Interview
Hits: 1567

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ အာကာသနှင့်နျူကလီယားအစည်းအဝေးများ တက်ရောက်ရန် စီစဉ်ထား

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2049

 

CNI International News

မော်စကို၊ ဇူလိုင် ၁၂

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက် ၍ ရုရှားအာကာသအေဂျင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရုရှားသတင်းဌာန တစ်ခုဖြစ်သော RIA Nosvosti က ယနေ့ (ဇူလိုင် ၁၂ ရက်)တွင် ရေးသားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဂျကာတာပို့စ်က ဖော်ပြ သည်။

ယခုအခါ ၎င်းသည် မော်စကိုမြို့သို့ ပုဂ္ဂလိက အလည်အပတ် (a private visit) အဖြစ် ရောက်ရှိနေပြီဟု မြန်မာနိုင်ငံရှိ ရုရှား သံရုံးက အင်တာဖက်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“မြန်မာ့ယဉ်ကျေးမှုဌာနဖွင့်ပွဲ တက်ရောက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းသံရုံးက ဆက်လက် ပြောကြားကြောင်း  အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မော်စကိုမြို့ရှိ အာကာသနှင့် နျူကလီးယား အေဂျင်စီများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ရုရှားမီဒီယာများက ရေးသားကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထီးတင်ပွဲ တင်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရွှေစည်းခုံ စေတီတော် 

၎င်း၏ ခရီးစဉ်သတင်းသည် မြန်မာကို ဖိအားပေးရန် ပြောကြားခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ၏ ထိုင်းခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် အမေရိကန်က ဦးစားပေး ဆန့်ကျင်နေသော်လည်း မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ အရေးယူမှု မဟာဗျူဟာ လတ်တလော အကောင်အထည် မပေါ်သေးကြောင်း ဘလင်ကင်က ထိုင်းနိုင်ငံတွင် ပြောကြားခဲ့ သည်။

“အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရဘဲ ဆန့်ကျင်ဘက်အနေနဲ့ မြန်မာပြည်သူကို ဆက်ဖိနှိပ်နေတာကိုပဲ တွေ့ရတဲ့ အတွက် ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ပြောရမှာပါ” ဟု ဘလင်ကင်က မြန်မာနိုင်ငံ၏ ယခင်အမည်ဖြစ်သော Burma ဟု သုံးနှုန်းလျက် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ တတ်နိုင်သမျှ နည်းလမ်းတွေ ဆက်ပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကလည်း သူတို့ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ထိထိရောက်ရောက် ဖိအားပေးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် နစကနှင့် သဘောတူညီမှု အချက် ၅ ချက် ရရှိခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ၎င်း၏ ကတိကဝတ်များနှင့်ပတ်သက်၍ နစကကို တာဝန်ခံရန် ဘလင်ကင်က တောင်းဆိုခဲ့သည်။

Source: The Jakarta Post

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်နှင့်ဆက်ဆံရေး မြှင့်တင်ရန် ထိုင်းသဘောတူ

By CNI
CNI
Category: Watch TV
Hits: 808

Share
Tweet
Share
Share
powered by social2s

အာဘေးလုပ်ကြံခံရပြီးနောက် ဂျပန် လက်ရှိအာဏာရပါတီ အကြီးအကျယ်အနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 739

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီများ မှတ်ပုံတင်အသစ် ပြန်တင်ရမည်ဟု သတင်းထွက်ပေါ်နေ

By CNI
CNI
Category: Watch TV
Hits: 793

Share
Tweet
Share
Share
powered by social2s
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98
  • 99

Page 95 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar