CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌ အာကာသနှင့်နျူကလီယားအစည်းအဝေးများ တက်ရောက်ရန် စီစဉ်ထား

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1749

 

CNI International News

မော်စကို၊ ဇူလိုင် ၁၂

နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက် ၍ ရုရှားအာကာသအေဂျင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရုရှားသတင်းဌာန တစ်ခုဖြစ်သော RIA Nosvosti က ယနေ့ (ဇူလိုင် ၁၂ ရက်)တွင် ရေးသားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် ဂျကာတာပို့စ်က ဖော်ပြ သည်။

ယခုအခါ ၎င်းသည် မော်စကိုမြို့သို့ ပုဂ္ဂလိက အလည်အပတ် (a private visit) အဖြစ် ရောက်ရှိနေပြီဟု မြန်မာနိုင်ငံရှိ ရုရှား သံရုံးက အင်တာဖက်စ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“မြန်မာ့ယဉ်ကျေးမှုဌာနဖွင့်ပွဲ တက်ရောက်ဖို့ ဖြစ်ပါတယ်” ဟု ၎င်းသံရုံးက ဆက်လက် ပြောကြားကြောင်း  အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် မော်စကိုမြို့ရှိ အာကာသနှင့် နျူကလီးယား အေဂျင်စီများမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ရုရှားမီဒီယာများက ရေးသားကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထီးတင်ပွဲ တင်ရောက်ခဲ့တဲ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရွှေစည်းခုံ စေတီတော် 

၎င်း၏ ခရီးစဉ်သတင်းသည် မြန်မာကို ဖိအားပေးရန် ပြောကြားခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် ၏ ထိုင်းခရီးစဉ်အပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယူကရိန်းကို ရုရှားကျူးကျော်မှုအပေါ် အမေရိကန်က ဦးစားပေး ဆန့်ကျင်နေသော်လည်း မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ အရေးယူမှု မဟာဗျူဟာ လတ်တလော အကောင်အထည် မပေါ်သေးကြောင်း ဘလင်ကင်က ထိုင်းနိုင်ငံတွင် ပြောကြားခဲ့ သည်။

“အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရဘဲ ဆန့်ကျင်ဘက်အနေနဲ့ မြန်မာပြည်သူကို ဆက်ဖိနှိပ်နေတာကိုပဲ တွေ့ရတဲ့ အတွက် ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ပြောရမှာပါ” ဟု ဘလင်ကင်က မြန်မာနိုင်ငံ၏ ယခင်အမည်ဖြစ်သော Burma ဟု သုံးနှုန်းလျက် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ကျနော်တို့ တတ်နိုင်သမျှ နည်းလမ်းတွေ ဆက်ပြီး ရှာဖွေသွားမှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကလည်း သူတို့ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ထိထိရောက်ရောက် ဖိအားပေးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် နစကနှင့် သဘောတူညီမှု အချက် ၅ ချက် ရရှိခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ၎င်း၏ ကတိကဝတ်များနှင့်ပတ်သက်၍ နစကကို တာဝန်ခံရန် ဘလင်ကင်က တောင်းဆိုခဲ့သည်။

Source: The Jakarta Post

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်နှင့်ဆက်ဆံရေး မြှင့်တင်ရန် ထိုင်းသဘောတူ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

အာဘေးလုပ်ကြံခံရပြီးနောက် ဂျပန် လက်ရှိအာဏာရပါတီ အကြီးအကျယ်အနိုင်ရ

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးပါတီများ မှတ်ပုံတင်အသစ် ပြန်တင်ရမည်ဟု သတင်းထွက်ပေါ်နေ

By CNI
CNI
Category: Watch TV
Hits: 659

Share
Tweet
Share
Share
powered by social2s

ဆန္ဒပြမှုအပြီး သမ္မတနုတ်ထွက်မည်ဟု သီရိလင်္ကာဝန်ကြီးချုပ်ရုံးအတည်ပြုကြေညာ

By CNI
CNI
Category: Watch TV
Hits: 610

Share
Tweet
Share
Share
powered by social2s
ဘိုင်ဒန်ကိုတွေ့ရစဉ်

ဘိုင်ဒန်၏အိုမင်းမှုသည် အိမ်ဖြူတော်အတွက် ပြဿနာတစ်ရပ်ဟု နယူးယောက်တိုင်းမ်ဖွင့်ချ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1316

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၁

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အသက်အရွယ်သည် အိမ်ဖြူတော်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနေကြောင်း အမည် မဖော်လိုသူ အမေရိကန်အရာရှိများကို ကိုးကားလျက် နယူးယောက်တိုင်းမ် သတင်းစာက ဇူလိုင် ၉ ရက်တွင် ရေးသားခဲ့ကြောင်း အာရ်တီသတင်းဝက်ဘ်ဆိုက်မှ ဖော်ပြသည်။

သမ္မတသည် ယခင်ကဲ့သို့ မဟုတ်ကြောင်း အဆိုပါအရာရှိများက ပြောကြားခဲ့ပြီး အပြုအမူများကို ၎င်းတို့ တိတ်တဆိတ် စောင့်ကြည့်ခဲ့ကြသည်ဟု နယူးယောက်တိုင်းမ်က ဆက်လက်ရေးသားသည်။

သမ္မတ၏ အသက်အရွယ်သည် ၎င်းတာဝန်ဝတ္တရားအပေါ် သက်ရောက်မှု ရှိနေပြီဖြစ်ကြောင်း၊ ၎င်း၏ နိုင်ငံခြားခရီးစဉ် အချိန် ဇယားကို အိမ်ဖြူတော်အား အပြောင်းအလဲလုပ်ရန် ညွှန်ကြားခဲ့ကြောင်း အဆိုပါအရာရှိများက ဖွင့်ချခဲ့ကြသည်။

ဘိုင်ဒန်သည် လာမည့်သီတင်းပတ်၌ အရှေ့အလယ်ပိုင်းဒေသသို့ ၄ ရက်ကြာ ခရီးစဉ် စတင်တော့မည်ဟု သိရသည်။ အဆိုပါ ခရီးစဉ်သည် ယခင်လ၌ ဘိုင်ဒန်၏ ဥရောပခရီးစဉ် အပြီးတွင် ဆက်လက် သွားရောက်မည်ဟု ကနဦးတုန်းက အိမ်ဖြူတော် အရာရှိများ မျှော်လင့်ခဲ့ကြသည်။

သမ္မတသည် လက်ရှိရာထူး တာဝန်ထမ်းဆောင်စဉ် တလျှောက် ဉာဏ်ရည်ဉာဏ်သွေး စေ့စပ်သေချာခဲ့ကြောင်း အမေရိကန် အကြီးတန်းအရာရှိဟောင်းများနှင့် လက်ရှိအရာရှိများကတော့ အခိုင်အမာ ပြောကြားလျက် ရှိနေသည်။

အစည်းအဝေးများ၌ သမ္မတက ပိရိသေသပ်သော မေးခွန်းများ မေးနေစဉ် ၎င်း၏လက်ထောက်များကို အချက်အလက် အမျိုးမျိုး ဆွေးနွေးစေပြီး မိန့်ခွန်းများကို နောက်ဆုံးမိနစ် ပြောကြားချက်အထိ ပြန်လည် ကူးရေးစေကြောင်း နယူးယောက်တိုင်းမ်၏ အိမ်ဖြူတော်သတင်းထောက် ပီတာဘေကာ (Peter Baker) က သတင်းရေးသားထားသည်။

ဘိုင်ဒန် ဆွေးနွေးနေစဉ်

ထိုသို့ဖြစ်သည့်တိုင်အောင် အမေရိကန်အရာရှိများက ပေါ်ပေါက်လာနိုင်ခြေရှိသော ပြဿနာများအတွက် ၎င်းကို တိတ်တဆိတ် စောင့်ကြည့်နေကြောင်း ဝန်ခံခဲ့ကြသည်။

စိုးရိမ်စရာ ကောင်းသော အပြုအမူများထဲတွင် သမ္မတသည် ဝါယာကြိုးကို ခလုတ်တိုက်မိခြင်း (သို့မဟုတ်) အများအရှေ့ ပြောကြားသော မိန့်ခွန်းများ၌ စကားလုံး လွဲချော်ခြင်း တို့ကိုလည်း ပါဝင်သည်။

“မိန့်ခွန်းပြီးတဲ့အထိ အဆင်ပြေပါ့ မလားဆိုပြီး ရင်တမမ ဖြစ်နေရတယ်” ဟု အိမ်ဖြူတော် အရာရှိများ၏ ပြောကြားချက်ကို နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

အစောပိုင်းက ဘိုင်ဒန်သည် နှစ်နှစ်အတွင်း ၎င်း၏သမ္မတရာထူး ဒုတိယသက်တမ်းအတွက် အရွေးခံရန် ရည်ရွယ်ထားကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် ဇွန်လတွင်လည်း “မိမိသည် ၂၀၂၄ ခုနှစ်အတွက် တာဝန်ဆက်လက် ထမ်းဆောင်ရန်” အစီအစဉ်ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။

ထိုသို့ အလားအလာများသည် အမေရိကန် အစိုးရအရာရှိဟောင်းများနှင့် သက်ကြီးရွယ်အိုဆိုင်ရာ အထူးကု ဆရာဝန်အချို့က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုရန် စေ့ဆော်ပေးခဲ့သည်။

ရစ်ချက်နစ်ကဆင်၊ ဂဲရက်ဖို့ဒ်၊ ရော်နယ်ရေဂင်နှင့် ဘီလ်ကလင်တန် စသည့် သမ္မတ ၄ ဦး လက်ထက်တို့တွင် တာဝန် ထမ်း ဆောင်ခဲ့ဖူးသူ အမေရိကန်အရာရှိဟောင်း ဒေးဗစ်ဂါဂျန်က ဘိုင်ဒန်၏ အစီအစဉ်မှာ မသင့်လျော်ဟု မှတ်ချက်ချခဲ့သည်။

Soure: အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘလင်ကင်နဲ့ ပရာယွတ်ကို တွေ့ရစဉ်

အမေရိကန်နှင့်ဆက်ဆံရေး မြှင့်တင်ရန် ထိုင်းသဘောတူ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1704

CNI International News

ဘန်ကောက်၊ ဇူလိုင် ၁၁

လာမည့်နှစ်တွင် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၁၉၀ ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ဘက်စလုံးက ပြင်ဆင်နေကြစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် ၎င်းတို့ကြား မိတ်ဖက် ဆက်ဆံရေး မြှင့်တင်ရန် ထိုင်းနှင့်အမေရိကန်တို့ ဇူလိုင် ၁၀ ရက်တွင် သဘောတူလက်ခံခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

ဇူလိုင် ၁၀ ရက်၌ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်တို့ တွေ့ဆုံ စဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတု ပြောင်းလဲလာမှု၊ သန့်ရှင်းသော စွမ်းအင်၊ လူကုန်ကူးမှု၊ ဒေသတွင်း ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးစားပေး ဆွေးနွေးခဲ့ကြသည်။

ဘန်ကောက်မြို့သို့ ဘလင်ကင်သည် တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ကို အစိုးရအိမ်တော်သို့ သွားရောက်၍ ဂါရဝပြု နှုတ်ဆက်ခဲ့သည်။

မစ္စတာဘလင်ကင်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်းတို့သည် နှစ်နိုင်ငံ ဆက်ဆံရေး သဘောတူညီချက် နှစ်ရပ် ဖြစ်သည့် ‘ ထိုင်း-အမေရိကန် မဟာဗျူဟာမြောက် မဟာမိတ်နှင့်မိတ်ဖက် ဆက်ဆံရေးဆိုင်ရာ ကြေညာချက်’ နှင့် ‘ရေရှည် တည်တံ့မည့် ထောက်ပံ့ ပို့ဆောင်ရေး ကွင်းဆက်များ မြှင့်တင်ရေး နားလည်မှု စာချွန်လွှာ” တို့ကို အသီးသီး လက်မှတ် ရေးထိုး ခဲ့ကြသည်။

ဘလင်ကင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒဝီနိုင်းတို့ စာချုပ်လက်မှတ်ရေးထိုးနေစဉ် 

အထက်ပါ အစီအစဉ်များအပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သနက်ကွန်ဝမ်ဘောင် ကောင်ချာနာက “နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဗိုလ်ချုပ်ကြီးပရာယွတ် ဝမ်းမြောက်ပါကြောင်း၊ လာမည့်နှစ်တွင် မိမိတို့ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၁၉၀ တိုင်ပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ယခု နှစ်နိုင်ငံ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခြင်းကို ပရာယွတ်က ကြိုဆိုပါကြောင်း၊ တူညီသော ရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံအချင်းချင်း ပိုမိုနီးကပ်စွာ လုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထံသို့ ဆုတောင်းမေတ္တာ ပို့သပါကြောင်း၊ လာမည့် မေလတွင် ဝါရှင်တန်ဒီစီ၌ ကျင်းပမည့် အမေရိကန်-အာဆီယံ အထူးထိပ်သီး အစည်းအဝေးသို့ ဖိတ်ကြားမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ပြင် လာမည့် နိုဝင်ဘာလ၌ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးသို့ မစ္စတာဘိုင်ဒန်ကို ဧည့်ခံကြိုဆိုနိုင်ရန် မိမိတို့ ဝန်ကြီးချုပ် အနေဖြင့် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုင်း-အမေရိကန် မဟာမိတ်ဖွဲ့ခြင်းကို ထပ်လောင်း အတည်ပြုပါကြောင်း မစ္စတာဘလင်ကင်က မိမိတို့ ဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်ဟု ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ရှင်းပြခဲ့သည်။

Source: Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ သူ၏ ပါတီရွေးကောက်ပွဲအပြတ်သတ်အနိုင်ရမှုကိုကြည့်နေစဉ် (AP)

အာဘေးလုပ်ကြံခံရပြီးနောက် ဂျပန် လက်ရှိအာဏာရပါတီ အကြီးအကျယ်အနိုင်ရ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1287

CNI International News

တိုကျို၊ ဇူလိုင် ၁၁

ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရပြီးနောက် ဇူလိုင် ၁၀ ရက်နေ့ ကျင်းပသော လွှတ်တော် ရွေးကောက်ပွဲတွင် လက်ရှိ အစိုးရအဖွဲ့ဝင်များနှင့် ညွန့်ပေါင်းမဟာမိတ်များ အကြီးအကျယ် အနိုင်ရသွားခဲ့ကြောင်း အေပီ သတင်းအရ သိရသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏ ညွန့်ပေါင်းမဟာမိတ် ကိုမီတို (Komeito) တို့သည် အထက်လွှတ်တော်တွင် စုစုပေါင်း ၂၄၈ နေရာရှိသည့်အနက် အမတ်ဦးရေ ထက်ဝက်မျှဖြစ်သော ၁၄၆ နေရာအထိ တိုးမြှင့် ရရှိလာခဲ့သည်။

ထိုရလဒ်နှင့်အတူ လက်ရှိဝန်ကြီးချုပ် ဖူမီယိုကီရှီဒါသည် ၂၀၂၅ ခုနှစ်၌ စီစဉ်ထားသော ရွေးကောက်အထိ အနှောင့်အယှက် ကင်းကင်းဖြင့် ဆက်လက် အုပ်ချုပ်သွားနိုင်တော့မည် ဖြစ်သည်။

ကီရှီဒါသည် အမျိုးသားလုံခြုံရေး ကဲ့သို့သော ရေရှည်မူဝါဒများကို ချမှတ်နိုင်မည်ဖြစ်ပြီး ၎င်း လက်မှတ် ရေးထိုးထားသော် လည်း မသေချာ မရေရာသေးသော အရင်းရှင်စနစ်သစ် စီးပွားရေးမူဝါဒကလည်း အခြားတဖက်တွင် ရှိနေသေးသည်။

ဂျပန်ပြည်သူများ ရှင်ဇိုအာဘေး လုပ်ကြံခံရမှု ၀မ်းနည်းနေစဉ် (Reuters)

ထို့ပြင် ၎င်းပါတီ၏ ကြာမြင့်စွာ တောင့်တခဲ့သော ရည်မှန်းချက် တစ်ရပ်မှာ ဒုတိယကမ္ဘာစစ်ပြီးခေတ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို ဦးတည်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်ဖြစ်သည်။

အဆိုပါ ဖွဲ့စည်းပုံကို စစ်ပြီးခေတ်၌ အမေရိကန်နှင့် ပူးပေါင်း ရေးဆွဲခဲ့ရခြင်း ဖြစ်သည်။ အမေရိကန်နှင့် ရယူခဲ့သော ပဋိညာဉ် သည် ယနေ့ခေတ် ဂျပန်အတွက် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ထဲ၌ ဖြစ်နိုင်ခြေတစ်ခု ဖြစ်သည်။

ယခုအခါ အုပ်ချုပ်ရေး တာဝန်ယူထားသော အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံပြင်ဆင်ချက် အဆိုပြုရန် လိုအပ်သော အမတ်နေရာ သုံးပုံနှစ်ပုံအထိ အများစု ရရှိခဲ့သဖြင့် လက်တွေ့ကျသော ဖြစ်နိုင်ခြေအတွက် လမ်းပွင့်သွားခဲ့သည်။

အာဘေးကို လက်လွတ် ဆုံးရှုံးလိုက်ရပြီးနောက် ၎င်းမရှိတော့သည့် ပါတီအတွင်း စည်းလုံးရေး ခက်ခက်ခဲခဲ လုပ်ဆောင်နေရ သဖြင့် ယခုကဲ့သို့ လွှတ်တော်အမတ်နေရာ အများစု အောင်ပွဲရခဲ့သည့်တိုင်အောင် လက်ရှိဝန်ကြီးချုပ် ကီရှီဒါသည် ပြုံးပန်းဆင် နိုင်ခြင်း မရှိပေ။

ဂျပန်ပြည်သူများ ရွေးကောက်ပွဲ မဲထည့်နေစဉ် (AP)

ပါတီစည်းလုံးရေးသည် အခြားကိစ္စများထက် ပိုအရေးကြီးကြောင်း ဇူလိုင် ၁၀ ရက် နှောင်းပိုင်း အင်တာဗျူးများထဲတွင် ကီရှီဒါ က ထပ်တလဲလဲ ပြောကြားခဲ့သည်။

Covid-19 ကို တုံ့ပြန် ချေဖျက်နေရခြင်း၊ ယူကရိန်းသို့ ရုရှားကျူးကျော်မှုနှင့် ဈေးနှုန်းများ မြင့်တက်လာမှုတို့သည် မိမိ၏ ဦးစားပေး ကိစ္စရပ်များဖြစ်သည်ဟု ကီရှီဒါက ပြောကြားခဲ့ပြီးလည်း ဖြစ်သည်။

ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အားဖြည့်သွားမည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို စဉ်ဆက်မပြတ် တွန်းအားပေး လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

Source: AP

 

 

 

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ (ဓါတ်ပုံ-ရိုက်တာ)

ဆန္ဒပြမှုအပြီး သမ္မတနုတ်ထွက်မည်ဟု သီရိလင်္ကာဝန်ကြီးချုပ်ရုံးအတည်ပြုကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1191

CNI International News

ကိုလံဘို၊ ဇူလိုင် ၁၁

သီရိလင်္ကာနိုင်ငံတွင် ထောင်နှင့်ချီသော ဆန္ဒပြသူများက သမ္မတနှင့်ဝန်ကြီးချုပ်တို့၏နေအိမ်အသီးသီးကို ဝင်ရောက်စီးနင်းကြပြီးနောက် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ဇူလိုင် ၁၁ ရက် (ယနေ့) အတည်ပြုကြေညာခဲ့သည်ဟု ရိုက်တာသတင်းအရ သိရ သည်။

စီးပွားရေးအကျပ်အတည်းကြောင့် ဇူလိုင် ၉ ရက်တွင် ဆန္ဒပြမှုများအကြီးအကျယ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရာဂျာပက်ဆာသည် သမ္မတရာထူးမှ ဇူလိုင် ၁၃ ရက်၌ နုတ်ထွက်တော့မည်ဖြစ်ကြောင်း သီရိလင်္ကာ လွှတ်တော် ဥက္ကဋ္ဌကလည်း ပြောကြားခဲ့သည်။ သို့သော် ယင်းသို့နုတ်ထွက်မည့်အကြောင်း ရာဂျာပက်ဆာထံမှ တိုက်ရိုက် ပြောကြားသည့် စကားသံတော့ မကြားရပေ။

ပါတီအားလုံးပါဝင်သည့် အစိုးရတစ်ရပ် တာဝန်ယူနိုင်ရန်အတွက် မိမိလည်း ရာထူးမှ ဆင်းပေးတော့မည်ဟု ဝန်ကြီးချုပ် ဝီကရီမီဆင်ကလည်း ပြောကြားခဲ့သည်။

ကိုလံဘိုမြို့တော်ရှိ သမ္မတနှင့်ဝန်ကြီးချုပ်တို့၏နေအိမ်များကို ၎င်းတို့ရာထူးမှ နုတ်ထွက်သည်အထိ ၎င်းတို့ လူအုပ်စုအနေဖြင့် ဆက်လက်သိမ်းပိုက်ထားမည်ဖြစ်ကြောင်း ဆန္ဒပြလှုပ်ရှားမှုကို ဦးဆောင်နေသူများက ပြောကြား ခဲ့ကြသည်။

သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နေအိမ်သို့ ဝင်ရောက်ဆန္ဒပြသူများကိုတွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

ဇူလိုင် ၁၁ ရက် (ယနေ့)တွင် သီရိလင်္ကာ၏အကြီးဆုံးမြို့ဖြစ်သော ကိုလံဘိုတွင် ရာနှင့်ချီသော လူအုပ်စုသည် သမ္မတ၏ အတွင်းဝန်ရုံးနှင့်နေအိမ်များသို့ လမ်းလျှောက်ဝင်ခဲ့ကြပြီး ကိုလိုနီခေတ်အဆောက်အအုံများကို လှည့်လည်ကြည့်ရှုနေခဲ့ကြပြီး အခြေအနေငြိမ်သက်လျက်ရှိကြောင်း ရိုက်တာက ဆက်လက်ရေးသားထားသည်။ ထိုသို့ လှည့်လည်ကြည့်ရှုများကို ရဲများက တစုံတရာ အဟန့်အတား မပြုခဲ့ပေ။

“ဒီသမ္မတ မထွက်အချင်း ကျနော်တို့ ဘယ်မှ မသွားတော့ဘူး။ ပြည်သူတွေ လက်ခံနိုင်တဲ့အစိုးရတစ်ရပ် ကျနော် တို့မှာ ရှိတယ်။ ပြည်သူတွေရဲ့ကြိုးစားရုန်းကန်မှုကို နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့ပါ။ သမ္မတ ထွက်သွားရုံတင်မဟုတ်ပါဘူး။ အခု ဒါက အစပဲရှိသေးတယ်” ဟု ဧပြီလအစောပိုင်းကတည်းက ဆန္ဒပြ နေသူ အသက် ၃၁ နှစ်အရွယ်ရှိ ဂျူးဟန်ဆာနာဆိုသူက ပြောကြားခဲ့သည်။

သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်ခဲ့ပြီး အဆိုပါ နေအိမ်ရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေသော အမျိုးသားတစ်ဦး ကို တွေ့ရစဉ်(ဓါတ်ပုံ-ရိုက်တာ)

အခြားဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒက်ရှ်ဟန်သာဂူနာဆင်းက ၎င်းသည် လောင်စာဆီမရသဖြင့် ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ဝေးကွာသော ကိုလံဘိုမြို့သို့ ဦးတည်လျက် လမ်းလျှောက်ချီတက်ခဲ့ရာ နောက်ဆုံး ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် သမ္မတနှင့် ဝန်ကြီးချုပ်တို့၏နေအိမ်ခြံဝင်းအသီးသီးအတွင်းသို့ ဇူလိုင် ၈ ရက်ကတည်းက တိုးဝှေ့ဝင်ရောက်ခဲ့ကြသော်လည်း သမ္မတ ရာဂျာပက်ဆာနှင့် ဝီကရီမီဆင်တို့ကို နေအိမ်များထဲတွင် မတွေ့ရ ကြောင်း၊ ၎င်းတို့မည်သည့်နေရာတွင် ရောက်နေသည်ကို မသိရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

Source: Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
နိုင်ငံရေးပါတီများကို တွေ့ရစဉ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်အသစ် ပြန်တင်ရမည်ဟု သတင်းထွက်ပေါ်နေ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1883

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

လက်ရှိ တည်ဆဲနိုင်ငံရေးပါတီများ အနေဖြင့် ပါတီမှတ်ပုံတင်အသစ် ပြန်တင်ရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ အသိုင်း အဝန်းကြားမှာ သတင်းများထွက်ပေါ်နေသည်။

အဆိုပါ သတင်းကို မိမိတို့အနေဖြင့် ကြားမိကြောင်း၊ နိုင်ငံရေးပါတီများ ပြန်မှတ်ပုံတင်ခြင်းနှင့် သတ်မှတ်ချက် အသစ်များ ပြုလုပ်ပါက တိုင်းရင်းသားပါတီငယ်များ ရပ်တည်ရန် ခက်ခဲနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်က “ကျနော်တို့က ဦးသိန်းစိန် လက်ထက်ကတည်းက သုံးသိန်းပဲဗျ။ မှတ်ပုံတင်ကြေး ပေးတာရှိတယ်။ အဲဒါကိုများ ရွေးကောက်ပွဲကော်မရှင်က ဘယ်လောက်ထိများ ထပ်မြှင့်သလဲပေါ့နော်။ နောက် ပါတီဝင် ဦးရေကလည်း ဒေသ ဆိုင်ရာ သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်မှာဆိုရင် ၅၀၀ ပဲ သတ်မှတ်တယ်ဗျ။ တစ်နိုင်ငံလုံးဆို ၁၀၀၀ သတ်မှတ်ထား တာကိုး။ အဲဒါကို ကောလာဟလကလည်း အမျိုးမျိုးဗျ။ တစ်သိန်းဆိုတာလည်း ထွက်တယ်။ တစ်နိုင်ငံလုံးနဲ့ချီတဲ့ ပါတီမျိုး ဆိုရင် ပါတီဝင်အင်အား တစ်သိန်းဖြစ်ဖို့ လိုတယ်။ နောက် ပါတီ မှတ်ပုံတင်ကြေးကလည်း သိန်းတစ်ထောင်ဆိုတဲ့ ဥစ္စာလေး တွေ ထွက်နေတယ်ဗျ။ ဒေသဆိုင်ရာပါတီဆို သိန်း ၁၀၀ ပါတီဝင် အင်အားကတော့ မပြောတတ်ဘူး၊ ဒါပေမဲ့ ၁၀ ဆ ၁ ဆ ဆိုရင်တော့ တစ်သောင်းဖြစ်မှာပေါ့။ တစ်သောင်းရယ်၊ တစ်သိန်းရယ်၊ သိန်း ၁၀၀ ရယ်၊ သိန်း ၁၀၀၀ ရယ် အဲဒါမျိုးဖြစ်မှာပေ့ါ။ အဲဒီလိုမျိုးသာ ပြဋ္ဌာန်းခဲ့ရင် တိုင်းရင်းသား ပါတီငယ်လေးတွေကတော့ ရပ်တည်နိုင်ဖို့ ခက်ခဲမှာပေါ့။ ပြည်မပါတီ တချို့က လည်း မှတ်ပုံတင်ကြေးနဲ့ ပါတီဝင်အင်အား တစ်သိန်းဆိုတာနဲ့ အခက်အခဲတွေ ကြုံရမယ်ထင်တယ်” ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က လာမည့် ၂၀၂၃ ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစနစ်(PR) ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(AFP)

အဆိုပါ PR စနစ်ဖြင့် ပြိုင်ရမည်ဆိုပါက ပါတီအရေအတွက် လျှော့ချရမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ပါတီဝင် အင်အားနှင့် ပါတီမှတ်ပုံတင်ကြေးကို အဓိကထား ကန့်သတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

တစ်နိုင်ငံလုံး ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းထားကာ တစ်နိုင်ငံလုံး ကိုယ်စားပြုနိုင်ရန် မလုပ်ဆောင်သည့် ပါတီများ ရှိသည့်အတွက် လုပ်ဆောင်လာနိုင်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်း က CNI သတင်းဌာနသို့ ပြောသည်။

ဦးစိန်ဝင်းက “နံပါတ်တစ်ကတော့ ပါတီတွေများတယ်၊ ပါတီတွေ များတဲ့အတွက် အနောက်က အင်အားဘာမှ လူလေး အယောက် ၂၀၊ ၃၀၊ ၁၀၀၀ လောက်နဲ့ တစ်နိုင်ငံလုံး ကိုယ်စားပြုတဲ့ ပါတီကြီး ဖွဲ့ထားပြီးတော့ တစ်နိုင်ငံလုံးလည်း ကိုယ်စား ပြု နိုင်အောင်လည်း မလုပ်နိုင်ဘူးဆိုတဲ့ ပါတီတွေလည်း ရှိတာပဲဗျ။ အဲဒါကိုလည်း သူတို့က တွေ့ရှိထားလို့ နေမှာပေါ့။ သူတို့ က စစ်ဆေးထားပြီးပြီလေ။ ယေဘုယျအားဖြင့် သူတို့ စစ်ဆေးပြီးပြီ ဖြစ်သည့်အတွက် ပါတီတွေရဲ့ အခြေအနေမှန်တွေ သူတို့ သိတာပေါ့။ ဒုတိယတစ်ချက်က ပါတီတစ်ခု ထောင်ပြီဆိုရင်တော့ ဘာပဲပြောပြော အထိုက်အလျှောက် ပါတီအင်အားတော့ ရှိဖို့လိုတယ်။ တချို့ကြတော့ ပါတီနာမည်တာ ခံထားတယ်၊ ဘာမှလည်း အင်အားမရှိဘူးဆိုတဲ့ အနေအထားတွေ အင်အား မရှိ သလို တစ်ဖက်ကလည်း နာမည်အမည်တပ်တာ လုပ်ထားတာပဲ ရှိတယ်။ အဲဒီလို ပါတီတွေရှိတော့ သူ့အနေနဲ့ ဖောင်းပွစရာ ဖြစ်တဲ့အတွက် တစ်နည်းအားဖြင့် PR စနစ်ကို အထောက်အကူ တစ်ဖက်တစ်လမ်းကနေ ဖြစ်စေချင်တဲ့ သဘောလည်း ရှိမှာ ပေါ့ဗျာ” ဟု ပြောသည်။

 NLD ပါတီအလံကိုတွေ့ရစဉ်

နိုင်ငံရေးပါတီများ မှတ်ပုံ ပြန်လည်တင်ရမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး နစက ဘက်သို့ CNI က မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅(စ)တွင် ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

ရခိုင်ပြည်နယ်အတွင်း အပြန်အလှန်ဖမ်းဆီးမှုများ ရပ်တန့်ရန် AFP ပါတီတောင်းဆို

By CNI
CNI
Category: နိုင်ငံရေး
Hits: 1643

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား အပြန်အလှန် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ရပ်တန့်ရန် ရခိုင့်ဦးဆောင်ပါတီ(AFP)က ယနေ့ (ဇူလိုင် ၁၁ ရက်) ထုတ်ပြန် တောင်းဆိုလိုက်သည်။

ရခိုင့်ဦးဆောင်ပါတီက “ ယခုကာလမှာ လယ်သမားများ၏ မိုးရာသီ လယ်ယာလုပ်ငန်းခွင်အစဖြစ်ရာ စစ်ဒဏ်ခံ ရခိုင်ဒေသ ၏ စားနပ်ရိက္ခာ လုံခြုံမှုအတွက် စစ်ပွဲ၏ ထိခိုက်မှုကို မခံရဘဲ လယ်ယာ လုပ်ငန်းများကို ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင် နိုင်ရန် လိုအပ်လျက်ရှိနေပါသည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့နောက် ရခိုင်စစ်ပွဲ တကျော့ပြန် မဖြစ်ပွားနေရးအတွက် ရခိုင်ပြည်သူများ၏ဆန္ဒအား ထင်ဟပ်လျက် မိမိတို့ ရခိုင့်ဦး ဆောင်ပါတီက လိုလားပါကြောင်း၊ စစ်မဖြစ်စေရေးအတွက် နှစ်ဘက်တင်းမာမှုများကို လျှော့ချနိုင်သည့် နည်းလမ်းများဖြင့် အပြန်အလှန် ချဉ်းကပ်ကြရန် လိုအပ်လျက်ရှိနေကြောင်း ပြောသည်။

ရခိုင့်ဦးဆောင်ပါတီက “သို့အတွက် အပြန်အလှန် ဖမ်းဆီးမှုများအား ရပ်တန့်ခြင်း၊ ဖမ်းဆီးထားသူများအား ပြန်လွှတ်ခြင်း၊ အမှုတစ်မှုချင်းအလိုက် တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဘောင်အတွင်းမှ စွဲဆိုမှု ရပ်တန့်ကာ ပြန်လွှတ်ပေးခြင်းတို့ အား လုပ်ဆောင်ကြလျက် တင်းမာမှုကို လျော့ပါးစေလိုပါသည်။ မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ရှင်းလင်းရေးကဏ္ဍအား အရှိန်ရအောင်လည်း သက်ဆိုင်သူများက ပါဝင်ကြစေလိုပါသည်”ဟု ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ ထုတ်ပြန်ချက်

လက်ရှိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာလျက်ရှိပြီး အုပ်ချုပ်ရေး အားပြိုင်နေသည်။ ထို့နောက် အပြန်အလှန် ဖမ်းဆီးမှုများ အများအပြား ဖြစ်နေခြင်းကြောင့် ဒေသခံများ လမ်းပေါ်ထွက်၍ အလုပ်လုပ်ကိုင်ကာ စားဝတ် နေရေးအတွက် ဖြေရှင်းရန် ခက်ခဲလာကြောင်း ဒေသခံများက ပြောသည်။

အများပြည်သူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများအား လုံခြုံရေးဂိတ်များတွင် ပိတ်ဆို့ခြင်း ကြန့်ကြာစေခြင်းများ မဖန်တီး ကြရန် ရခိုင့်ဦးဆောင်ပါတီက တိုက်တွန်းထားသည်။

ထို့နောက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တာရှည်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် လတ်တလော ယာယီတည်ငြိမ်မှု ပုံစံတစ်မျိုးမျိုးမှသည် ဂုဏ်သိက္ခာရှိရှိ သာယာဝ ပြောသည့် လူ့အဖွဲ့အစည်းများအဖြစ်သို့ ပြန်လည် တည် ဆောက်သွားနိုင်ရေးဟူသည့် ပန်းတိုင် အလို့ငှာ ရန်ဘက်တိုက်ပွဲဝင် အုပ်စုများအကြား နိုင်ငံရေး သဘောတူညီချက်များ တည်ဆောက်နိုင်ရေးမှာ ဖြစ်သန်းရမည့် လုပ်ငန်းစဉ်အဆင့်တစ်ရပ်ဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA ကြား နားလည်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲထားသည်။ သို့သော် စစ်ရေးနှင့် အုပ်ချုပ်ရေး အားပြိုင်မှုများ ဖြစ်ပွားနေခြင်းကြောင့် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ယာယီအပစ်အခတ်ရပ်စဲထားမှု ခိုင်မာစေရေးနှင့် တကျော့ပြန် တိုက်ပွဲများ မဖြစ်ပွားလာရေး ရခိုင်နိုင်ငံရေးပါတီများ နှင့် ငြိမ်းချမ်းရေးဖော်ဆောင်သူများက ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေကြောင်း သိရသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
PNO အထူးဒေသ(၆)

ပအိုဝ်းဒေသ ကာကွယ်ရေး PNO စစ်သင်တန်းပေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 2661

 

CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀

ပအိုဝ်းဒေသနှင့် လူမျိုးကို ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသား ပအိုဝ်းအမျိုးသား/အမျိုးသမီးများ စစ်သင်တန်း တက်ရောက်ရန် နှိုးဆော်၍ အထူးဒေသ(၆) ငြိမ်းချမ်းရေး PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) က စစ်သင်တန်းများ ပေးလျက်ရှိသည်။

အဆိုပါ စစ်သင်တန်းကို ပအိုဝ်း အမျိုးသား/အမျိုးသမီး အများအပြား တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး အထူးဒေသ(၆) အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည်။ ၂၀၁၁ ခုနှစ်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ နိုင်ငံရေး ဦးဆောင်အဖွဲ့အဖြစ် ရပ်တည်လျက်ရှိသည်။

 ခွန်အောင်ခမ်းထီကို တွေ့ရစဉ်

PNO/PNA ကို ဦးဆောင်ခဲ့သူမှာ ခွန်အောင်ခမ်းထီ ဖြစ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် အစပ်မှာ တပ်မတော်နှင့် နွေဦးတော်လှန်ရေးမှ ဖွဲ့ စည်းလာသော ဒေသကာကွယ်ခံတပ်ဖွဲ့များဖြင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပအိုဝ်းဒေသနှင့် ပအိုဝ်းလူမျိုး များ အကျိုးစီးပွားကို ကာကွယ်ရန် PNO က ပြင်ဆင်လျက်ရှိနေသည်။

စစ်သင်တန်းတက်နေသည့် ပအိုဝ်းတိုင်းရင်းသားများ (PNO အထူးဒေသ-၆)

အလားတူ PNO လှုပ်ရှားနေသော ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတူညီသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့များလည်း လှုပ်ရှားလျက်ရှိနေသည်။

 

 

Share
Tweet
Share
Share
powered by social2s

စစ်ပညာသင်ကြားရန်နှင့် လုံခြုံရေးတပ်ဖွဲ့ များ ဖွဲ့စည်းရန် PNO ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 3658
 
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၀
 
ပအိုဝ်းဒေသနှင့် ပအိုဝ်လူထု ကာကွယ်ရေးအတွက် အရွယ်ရောက်ပြီးသူများအား အခြေခံ စစ်ပညာများကို လေ့ကျင့်သင်ကြားပေးပြီး စည်းကမ်းပြည့်ဝသည့် လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းသွားမည်ဟု အထူးဒေသ(၆) ပအိုဝ်း ငြိမ်းချမ်းရေး(PNO)အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)က ထုတ်ပြန်ခဲ့သည်။
 
PNO သည် ခွန်အောင်ခမ်းထီး ဦးဆောင်ခဲ့သည့် ပအိုဝ်းပြည်သူ့စစ်ဖြစ်သည်။
 
Share
Tweet
Share
Share
powered by social2s

ရွေးကောက်ပွဲ အာမခံချက်ကို နစက ချပြရန်လိုအပ်ဟု ဒေါက်တာအေးမောင်ပြော

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံး တရုတ်ထောက်ခံဟု လာဗရော့ကို ဝမ်ယိပြော

By CNI
CNI
Category: Watch TV
Hits: 623

Share
Tweet
Share
Share
powered by social2s

ဘလတ္တာနှင့် ပလာတီနီ အပြစ်မရှိ၍ တရားသေလွတ်

By CNI
CNI
Category: Watch TV
Hits: 638

Share
Tweet
Share
Share
powered by social2s
  • 90
  • 91
  • 92
  • 93
  • 94
  • 95
  • 96
  • 97
  • 98
  • 99

Page 95 of 137

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar