CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မွတ်ဆလင် လွှတ်တော်အမတ် ကင်းမဲ့သွားသည့် အိန္ဒိယအာဏာရပါတီ

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

NLD ရုံးချုပ် ပြန်ဖွင့်ရေး ကြိုးစားခြင်းမှာ တရုတ်သဘောထားဟု ပြော

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က နစကနဲ့ LDU တွေ့ဆုံစဉ်

ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေး နစကနှင့် LDU ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1919

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (ဇူလိုင် ၇ ရက်) နေပြည်တော်မှာ နစကနှင့် LDU မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်နှင့်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး စသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

နစကဥက္ကဋ္ဌက ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံး ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပေါ်ထွက်လာရန် အဓိက လိုအပ်သည့်အတွက် တစ်နိုင်ငံလုံးတိုင်းရင်းသား ဒေသများပါမကျန် ပညာရည် မြှင့်တင်ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ချပြ ဆွေးနွေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇ ရက်က နစကနဲ့ LDU တွေ့ဆုံစဉ်

နစကသည်  ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို အာဏာပြန်လွှဲပေးမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့နောက် LDU အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ သဘောထား တူညီချက်အမြင်များကို ပြန်လည် ဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို တင်ပြခဲ့သည်ဟု နစကမှ ထုတ်ပြန်ခဲ့သည်။

LDU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ထိုးထားသည့် လားဟူ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်လည်း ဖြစ်သည်။

 

 

Share
Tweet
Share
Share
powered by social2s

စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှု သေချာစေရေးဆောင်ရွက်သွားမည်ဟု NUG ပြော

By CNI
CNI
Category: Watch TV
Hits: 735

Share
Tweet
Share
Share
powered by social2s
သီရိလင်္ကာ စီးပွားရေး ကျပ်တည်းမှုနဲ့အတူ ပြည်သူများ၏ ရုန်းကန်နေမှု (AP)

သီရိလင်္ကာက အခြားနိုင်ငံများ၏ စီးပွားရေးပြဿနာကို အချက်ပေးနေ

By CNI News
CNI News
Category: စီးပွားရေး
Hits: 1735

 

CNI International News

ကိုလံဘို၊ ဇူလိုင် ၇            

သီရိလင်္ကာသည် ၎င်း၏သမိုင်းတလျှောက် အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အပူတပြင်း အကူ အညီ တောင်းနေရသည်။ လောင်စာဆီ ပြတ်လပ်၍ ကျောင်းများ ပိတ်ထားရပြီး ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများမှာ စာသင်ခန်းပြင်ပသို့ ရောက်နေရသည်။

ချွတ်ခြုံကျသွားသော တိုင်းပြည်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဘဏ္ဍာရေး ကယ်တင်မည့် အစီအစဉ်မှာ ရှေ့မရောက်နိုင်ဘဲ ခက်ခဲနေသည်ဟု ဝန်ကြီးချုပ်က ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းစစ်ကြောင့် စားသောက်ကုန်၊ လောင်စာဆီနှင့် အခြားပစ္စည်းများ ဈေးတက်ကုန်ခြင်းမှာ သီရိလင်္ကာ တစ်နိုင်ငံတည်း ပြဿနာပေါ်နေသည်တော့ မဟုတ်ပေ။

လာအို၊ ပါကစ္စတန်မှသည် ဗင်နီဇွဲလားနှင့် ဂီနိနိုင်ငံများအထိ ကမ္ဘာတဝန်းရှိ နိုင်ငံအများအပြားတွက် အချက်ပေး ခေါင်းလောင်းသံများ ဆူညံလာပြီ ဖြစ်သည်။

နိုင်ငံပေါင်း ၉၄ နိုင်ငံတွင် လူဦးရေ ၁ ဒသမ ၆ ဘီလီယံခန့်သည် စားနပ်ရိက္ခာ၊ စွမ်းအင်၊ ဘဏ္ဍာရေးစနစ် အကျပ်အတည်းများ ခံစားနေရပြီး ၎င်းတို့အနက် ၁ ဒသမ ၂ ဘီလီယံမှာ ကြမ်းတမ်းလှသည့် မုန်တိုင်းဒဏ် သင့်နေကြသည်။

သီရိလင်္ကာရဲ့ လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို ခံနေရတဲ့ ပြည်သူများ (AP)

လူနေမှုစရိတ် ခက်ခဲမှုနှင့် အခြားစရိတ်စကများက နေရာတိုင်းတွင် ဖိစီးနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ ကမ္ဘာ့အကျပ်အတည်း တုံ့ပြန်ရေးအဖွဲ့က ယခင်လ၌ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

အဆိုပါ နိုင်ငံများ၏ မပြေလည်မှုများမှာ အကြောင်းအရင်းအားဖြင့် ကွဲပြားသော်လည်း အားလုံးကတော့ ရုရှားက ယူကရိန်း ကျူးကျော်စစ်ကြောင့် စားနပ်ရိက္ခာနှင့် လောင်စာဆီ စရိတ်တက်လာခြင်း၏ ဒုက္ခကို မျှဝေခံစားနေရသည်။

ရလဒ်အားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ လူတစ်ဦးချင်း ဝင်ငွေမှာ ယခုနှစ်တွင် ကပ်ရောဂါ အကြိုကာလ (၂၀၁၉) ခုနှစ်အောက်သို့ ၅ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ၏ ထက်ဝက်ကျော်သည် အကြွေးထူနေခြင်း (သို့မဟုတ်) အကြွေးဖိစီးမှု ပြဿနာ ကြီးထွားလာ ခြင်း ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အဆိုးဆုံး အကျပ်အတည်းထဲမှ အချို့ကို အကျင့်ပျက်ခြစားမှု၊ ပြည်တွင်းစစ်၊ စစ်တပ် အာဏာသိမ်းမှု (သို့မဟုတ်) အခြား ဘေးဆိုးများကြောင့် ထိခိုက်ခဲ့ရသော နိုင်ငံများတွင် တွေ့ရသည်။ ထိုနိုင်ငံများသည် ကသောင်းကနင်း ဖြစ်နေကြပြီး မတန်တဆ ဝန်ထုပ်ဝန်ပိုး အောက်သို့ ရောက်သွားကြသည်။

ကျပ်တည်းကျဉ်းမြောင်း၍ စီးပွားရေး အန္တရာယ်များနေသော နိုင်ငံအချို့ကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။

 

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ ထိန်းချုပ်ပြီးနောက် ခက်ခဲလာမှု(AP)

အာဖဂန်နစ္စတန်

*****************

အာဖဂန်နစ္စတန်တွင် ယမန်နှစ်က အမေရိကန်နှင့် နေတိုး မဟာမိတ်တပ်များ ထွက်ခွာချိန်မှစ၍ စီးပွားရေး အကျပ်အတည်း ပိုမို ဆိုးရွားလာခဲ့သည်။ တာလီဘန်အစိုးရကို ကမ္ဘာက အသိအမှတ်မပြုဘဲ နိုင်ငံတကာအကူအညီများ လုံးဝရပ်တန့်သွားခဲ့ရာ ဘဏ်ငွေလွှဲမှုနှင့် ရောင်းဝယ် ဖောက်ကားခြင်းများလည်း တုံ့ဆိုင်းသွားခဲ့သည်။

နိုင်ငံ၏လူဦးရေ ၃၉ သန်းသည် စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်နေရသည်။ ဆရာဝန် များ၊ သူနာပြုများနှင့် ကျောင်းဆရာများ လအတန်ကြာ လုပ်ခလစာ မရရှိကြပေ။ မကြာသေးမီက ငလျင်လှုပ်ခတ်၍ လူ ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး ဆင်းရဲဒုက္ခများ ဗူးလေးရာ ဖရုံဆင့်ခဲ့သည်။

 

အာဂျင်တီးနား နိုင်ငံအတွင်းပြည်သူများ ငွေကြေးဖောင်းပွမှုဒဏ်ခံနေရ(AP)

 

အာဂျင်တီးနား

***************

အာဂျင်တီးနားနိုင်ငံသား ၁၀ ဦးလျှင် ၄ ဦးမှာ ဝင်ငွေ နိမ့်ပါးသွားခဲ့ပြီး ဗဟိုဘဏ်၏ ငွေကြေးခိုင်မာမှု လျော့ကျလာခဲ့သည့် အပြင် နိုင်ငံခြားအရန်ငွေကြေး အလွန်နည်းပါးနေသည်။ နိုင်ငံသား သန်းနှင့်ချီ၍ မီးချောင်သုံး ပစ္စည်းများနှင့် စားသောက်ကုန် အခက်အခဲဖြစ်ရပြီး အစိုးရ၏ သက်သာချောင်ချိရေး အစီအစဉ်ကို စောင့်ဆိုင်းနေကြသည်။

အကြွေးဒေါ်လာ ၄၄ ဘီလီယံ အတွက် IMF နှင့် မကြာသေးမီက သဘောတူညီချက် ရခဲ့သော်လည်း စီးပွားရေး နာလန်ထမှု နှေးကွေးနေခြင်းကြောင့် မေးခွန်း ထုတ်စရာများ ပေါ်ပေါက်နေသည်။

 

အီဂျစ်နိုင်ငံအတွင်းက ပြည်သူများ လှုပ်ရှားရုန်းကန်နေရမှု(AP)

အီဂျစ်

********

အီဂျစ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြီးခဲ့သည့် ဧပြီလတွင် ၁၅ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ပြီး လူဦးရေ ၁၀၃ သန်း၏ သုံးပုံတစ်ပုံမှာ ဆင်းရဲတွင်း နက်နေခဲ့သည်။ ပြည်တွင်းသုံး ငွေကြေး တန်ဖိုးကျဆင်းနေခဲ့သည်။

လောင်စာဆီ၊ သောက်သုံးရေနှင့် လျှပ်စစ်တို့ ဦးစားပေးရသဖြင့် အစိုးရ ထောက်ပံ့ကြေးများ ဖြတ်တောက်ခဲ့ရပြီး ခြိုးခြံချွေတာ ရေး အစီအမံများ ချမှတ်ထားရသည်။ အီဂျစ်ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုထိန်းရန် အတိုးနှုန်းမြှင့်တင်ခဲ့ပြီး နိုင်ငံခြား ကြွေး မြီများ ပြန်ဆပ်ရန် ခက်ခဲနေခဲ့သလို အသားတင် နိုင်ငံခြား အရန်ငွေကြေး ထိုးကျသွားခဲ့သည်။

အိမ်နီးချင်း ဆော်ဒီအာရေဗျ၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တို့က ငွေသားနှင့် တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုတို့ကို အကူအညီအဖြစ် ဒေါ်လာ ၂၂ ဘီလီယံတန်ဖိုး အီဂျစ်အစိုးရထံ ပေးအပ်ရန် ကတိပြုခဲ့သည်။

 

လာအိုနိုင်ငံအတွင်းက အလုပ်သမားများ

 

လာအို

********

သေးငယ်သော ကုန်းပိတ်နိုင်ငံဖြစ်သည့် လာအိုတွင် ကပ်ရောဂါ မဖြစ်မီအထိ စီးပွားရေးတိုးတက်မှု လျင်မြန်သွက်လက် နေခဲ့ သော်လည်း ယခုအခါ ကြွေးမြီများ ဖိစီးလာခဲ့သည်။ သီရိလင်္ကာကဲ့သို့ ဒေါ်လာဘီလီယံနှင့်ချီသော ချေးငွေများ မည်သို့ ပြန်ဆပ် ရမည်ကို ကြွေးရှင်များနှင့် ညှိနေရသည်။

ကပ်ရောဂါကြောင့် ကုန်ဈေးနှုန်းတက်ခြင်း၊ အလုပ်အကိုင် ဆုံးရှုံးခြင်းတို့က လာအို၏ ဆင်းရဲမွဲတေမှုကို ပိုဆိုးလာစေခဲ့သည်။

 

လက်ဘနွန်နိုင်ငံအတွင်းက မတည်ငြိမ်မှု(AP)

 

လက်ဘနွန်

************

လက်ဘနွန်နိုင်ငံတွင် ငွေကြေးစနစ် ယိုင်လဲခြင်း၊ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်လာခြင်းနှင့် အငတ်ဘေး ဆိုက်လာခြင်း၊ လောင်စာဆီ တန်းစီးဝယ်ရခြင်းနှင့် လူလတ်တန်းစား လျော့ပါးလာခြင်းတို့မှာ သီရီလင်္ကာကဲ့သို့ ဖြစ်လာသည်။

ပြည်တွင်းစစ်ဒဏ်၊ အစိုးရ၏ စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေခြင်းတို့ကြောင့် မလူးသာ မလွန့်သာ ဖြစ်နေသည်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်း အဆိုပြုခဲ့သော အခွန်မူဝါဒကို အကြောင်းပြု၍ အုပ်ချုပ်သူ လူတန်းစားအပေါ် လူထုဒေါသ ပုံကျလာခဲ့ပြီး လနှင့်ချီ၍ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ကြွေးမြီ ဒေါ်လာ ဘီလီယံ ၉၀ (သို့မဟုတ်) ၎င်းနိုင်ငံ အသားတင် ထုတ်ကုန်တန်ဖိုး GDP ၏ ၁၇၀ ရာခိုင်နှုန်းအထိ ပြန်ဆပ်ရန် ပျက်ကွက်ခဲ့သဖြင့် ကမ္ဘာ့အကျပ်တည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။

 

မြန်မာနိုင်ငံအတွင်းက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ 

 

မြန်မာ

********

ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ရင်ဆိုင်ခဲ့ရပြီး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဖြုတ်ချ၍ စစ်တပ်က အာဏာရယူပြီးနောက် မြန်မာ့စီးပွားရေး ထိခိုက်သွားခဲ့သည်။

စစ်တပ်က ချုပ်ကိုင်ထားသော စီးပွားရေး ပိုင်ဆိုင်မှုများကို အနောက်အုပ်စု ပစ်မှတ်ထား၍ ပိတ်ဆို့ အရေးယူခဲ့သည်။ စီးပွားရေးမှာ ယမန်နှစ်၌ ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သေးကွေးခဲ့သည်။

လူပေါင်း ၇ သိန်းကျော်သည် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံရေး အကြမ်းဖက်မှုဒဏ်ကြောင့် နေရပ်များကို စွန့်ခွာ ထွက်ပြေးရခြင်း (သို့မဟုတ်) အတင်းအကျပ် မောင်းထုတ်ခံရခြင်းတို့ ခံစားနေခဲ့ရသည်။ ကမ္ဘာ့ဘဏ်က ၂၀၂၂-၂၀၂၄ ခုနှစ် အတွက် ခန့်မှန်းတွက်ချက်ရာတွင် မြန်မာနိုင်ငံကို ဖယ်ထုတ်ထားသည်။

 

ပါကစ္စတန်နိုင်ငံရဲ့ ငွေကြေး အကျပ်အတည်း (AP)

 

ပါကစ္စတန်

***********

ပါကစ္စတန်သည် ပြီးခဲ့သည့် ဧပြီလတွင် ဝန်ကြီးချုပ် အီမရန်ခမ်းကို ဖြုတ်ချပြီးနောက် ဆိုင်းငံထားသော ဒေါ်လာ ၆ ဘီလီယံ တန်ဖိုး ထောက်ပံ့ရေး အစီအစဉ်ကို ပြန်လည် အသက်သွင်းရန် မျှော်လင့်ထားသော်လည်း အခြေအနေမှာ သီရိလင်္ကာ ကဲ့သို့ပင် IMF နှင့် အရေးပေါ် ဆွေးနွေးရသည့်အဖြစ်သို့ ဆိုက်ရောက်သွားသည်။

ရေနံစိမ်း ဈေးတက်လာခြင်းကြောင့် လောင်စာဆီ ရှားပါးလာခဲ့ပြီး ပါကစ္စတန် ငွေကြေးဖောင်းပွမှုမှာ ၂၁ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့သည်။ လက်ဖက်ခြောက်တင်သွင်းမှု ဒေါ်လာ သန်း ၆၀၀ လျှော့ချရန် အစိုးရဝန်ကြီးတစ်ဦးက မေတ္တာရပ်ခဲ့ရာ နိုင်ငံသားများ ဒေါသထွက်ခဲ့ကြသည်။

IMF အကူအညီကို တောင့်တလျက် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်က အဓိက စက်မှုလုပ်ငန်းကြီးများအတွက် ၁၀ ရာခိုင်နှုန်းအထိ စူပါအခွန်အသစ် ချမှတ်ခဲ့သည်။ ပါကစ္စတန် မက်ခရိုစီးပွားရေးမှာ အန္တရာယ်များနေပြီး အကျဘက်သို့ တိမ်းစောင်းလာနေ သည်ဟု ကမ္ဘာ့ဘဏ်က နောက်ဆုံး အကဲဖြတ်ချက်တွင် သတိပေးခဲ့သည်။

 

တူရကီ ငွေကြေးကျပ်တည်းမှုကနေ စားနပ်ရိက္ခာမလုံလောက်မှု(AP)

 

တူရကီ

**********

တူရကီနိုင်ငံတွင် အစိုးရဘဏ္ဍာရေး ပိုမိုဆိုးရွားလာနေပြီး ကုန်သွယ်ရေးနှင့် အရင်းအနှီးစာရင်း လိုငွေ ပြလာမှုသည် ပြဿနာကို ပိုမိုကြီးထွားစေခဲ့သည်။ ငွေကြေးဖောင်းပွမှုမှာ ၆၀ ရာခိုင်နှုန်းကျော်ရှိနေပြီး အလုပ်လက်မဲ့ များပြားနေသည်။ နိုင်ငံအတွင်းရှိ အိမ်ထောင်စု အသီးသီးသည် စားနပ်ရိက္ခာနှင့် အခြားပစ္စည်းများ ဝယ်ယူရန် ရုန်းကန်နေရသည်။ တူရကီ၏ နိုင်ငံခြားကြွေးမြီမှာ GDP ၏ ၅၄ ရာခိုင်နှုန်း ဖြစ်နေသည်။

 

ဇင်ဘာဘွေနိုင်ငံသားများရဲ့ ရုန်းကန်နေမှု

ဇင်ဘာဘွေ

***********

ဇင်ဘာဘွေနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၁၃၀ ရာခိုင်နှုန်းကျော် ရှိနေပြီး ၂၀၀၈ ခုနှစ်၌ အမြင့်ဆုံး ငွေကြေး ဖောင်းပွမှု အဖြစ်သို့ ပြန်ရောက်သွားနိုင်သည်။ ၎င်းနိုင်ငံ၏ ထိခိုက်လွယ်သော စီးပွားရေးတွင် ပြဿနာ တစ်ခုပြီးတစ်ခု တိုးလာနေသည်။

ဇင်ဘာဘွေ၏ စီးပွားရေးမှာ နှစ်ပေါင်းများစွာ တိုင်အောင် စက်မှုလုပ်ငန်း ပျက်သုဉ်းခြင်း၊ အကျင့်ပျက် ခြစားခြင်း၊ ရင်းနှီးမြှုပ်နှံ မှု နည်းပါးခြင်း၊ ပို့ကုန် နည်းပါးခြင်းနှင့် ကြွေးမြီထူခြင်းတို့ ဖိစီးနေသည်။

ဇင်ဘာဘွေ ငွေကြေးကို လူထုက အယုံအကြည် မရှိ တော့သဖြင့် ဒေါ်လာဝယ်လိုအားမှာ တိုးနေခဲ့သည်။ အတော်များများမှာ ရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်ရင်း နံနက်စာနှင့်ညစာ နပ်မမှန်ကြတော့ပေ။

Source: AP

 

 

Share
Tweet
Share
Share
powered by social2s

အိန္ဒိယနိုင်ငံသား ၂ ဦးသေဆုံးမှု နစက ဘာပြောလဲ

By CNI
CNI
Category: Watch TV
Hits: 918

Share
Tweet
Share
Share
powered by social2s
ယူကရိန်းတပ်သားတစ်ဦးသည် ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ရှိ ရုရှားတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ရသော အမျိုးသားသင်ကြားရေးတက္ကသိုလ်ကို ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)

ရုရှားက ဒွန်ဘတ်စ်တွင် စစ်ရေးတိုးမြှင့်သော်လည်း ယူကရိန်းတွန်းလှန်နိုင်ဆဲ

By CNI
CNI
Category: ရုရှား-ယူကရိန်းအရေး
Hits: 1309

 

CNI International News

ကိယက်ဗ်၊ ဇူလိုင် ၇

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် ဇူလိုင် ၆ ရက်၌ ရုရှားက စစ်ရေးနှစ်ဆတိုးမြှင့်၍ ထိုးစစ်ဆင်နေခဲ့သလို ယူကရိန်းစစ်တပ်ကလည်း တိုးတက်မှုတချို့တဝက်နှင့်အတူ တွန်းလှန်ခုခံနေဆဲဖြစ်ကြောင်း၊ နှစ်ဘက်စလုံးမှ အသေအပျောက်များရှိကြောင်း အေပီသတင်းအရ သိရသည်။

မော်စကို၏အဓိကပစ်မှတ်တစ်ခုဖြစ်သော ဒွန်ဘတ်စ်ဒေသကြီး၏အစိတ်အပိုင်း၊ ဒွန်နက်စ်ပြည်နယ်၊ စလိုဗီယန်စ် (Sloviansk) မြို့သို့ ချီတက်လာသော ရန်သူများကို မိမိတို့တပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်မှ စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ယူကရိန်း-ရုရှားနယ်စပ်မှ မိုင်အနည်းငယ်သာဝေးသော ယူကရိန်းပိုင်နက်၊ ခါကိဗ် (Kharkiv) မြို့မြောက်ဘက် ကျေးလက်တောရွာတစ်ရွာ၌ ရုရှား၏တိုက်ခိုက်မှုများကို တန်ပြန်ချေမှုန်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အရပ်သားသေဆုံးမှုအများဆုံးမှာ ဒွန်နက်စ်ပြည်နယ်တွင်ဖြစ်ကြောင်း ယူကရိန်းသမ္မတရုံးက သတင်းထုတ်ပြန် ခဲ့သည်။

ယူကရိန်းနိုင်ငံ၊ Kramatorsk ရှိ လူသားချင်းစာနာမှုအကူအညီပေးရေးဌာနချုပ် မြင်ကွင်း(ဓါတ်ပုံ-အေပီ)

အေဗီဒစ်ဗာ (Avdiivka) မြို့ငယ်တွင် လူနှစ်ဦးသေဆုံးကြောင်း၊ စလိုဗီယန်စ်၊ ကရာနိုဟိုရီဗကာနှင့် ကူရက်ဟော့ မြို့အသီးသီးတွင်လည်း အရပ်သားများ သေဆုံးမှုရှိခဲ့ကြောင်း ဒွန်နက်စ်ပြည်နယ်အုပ်ချုပ်ရေးမှူး ပါဗလိုကီရီလန် ကို (Pavlo Kyrylenko) က ပြောကြားခဲ့သည်။

“ကျူးလွန်သမျှ ရာဇဝတ်မှုတိုင်းအတွက် ပြစ်ဒဏ်ခံစားရမှာဖြစ်တယ်” ဟု ပါဗလိုကီရီလန်ကိုက လူမှုကွန်ရက် မီဒီယာတွင် ရေးသားခဲ့သည်။

ဒွန်နက်စ်ပြည်နယ်ကို ကယ်တင်ရန် လိုအပ်နေသလို ယူကရိန်းစစ်တပ်ကိုလည်း ပိုမိုအားကောင်းသော ခုခံ ကာကွယ်နိုင်မှုစွမ်းရည် မြှင့်တင်ပေးရန် လိုအပ်နေကြောင်း ၎င်းက ဇူလိုင် ၅ ရက် နှောင်းပိုင်းတွင် ပြောကြား ခဲ့သည်။ ပြည်နယ်အတွင်း ကျန်ရှိနေသေးသော အရပ်သား ၃၅၀,၀၀၀(သုံးသိန်းငါးသောင်း) ကျော်ကို တိမ်းရှောင် ထွက်ခွာကြဖို့ ၎င်းက တိုက်တွန်းခဲ့သည်။

ဒွန်နက်စ်ပြည်နယ်သည် ယူကရိန်း၏အတွေ့အကြုံအများဆုံးသော စစ်မှုထမ်းများ စုစည်းရာလည်းဖြစ်ပြီး အများစု မှာ ရုရှားဘာသာစကား ပြောဆိုသုံးစွဲကြသည်။ ၎င်းပြည်နယ်သည် ဒွန်ဘတ်စ်စက်မှုဒေသကြီး၏ အစိတ်အပိုင်း အဖြစ် တည်ရှိနေသည်။

ရုရှားလိုလားသော ခွဲထွက်ရေးသမားများသည် ယူကရိန်းတပ်ဖွဲ့များနှင့် ၈ နှစ်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ဒွန်ဘတ်စ်နယ်မြေအများစုကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။

Source: AP

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ် ပြန်ရောက်သည်မှာ သတင်းအမှားသာဖြစ်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1460

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်သို့ ပြန်ရောက်ပြီဆိုသည့် သတင်းများသည် သတင်း အမှားသာ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းမှ CNI သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ယနေ့ (ဇူလိုင် ၇ ရက်)တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိ လာပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ရှေ့နေအသိုင်းအဝိုင်းက “အဲဒါသတင်းအမှားဗျ။ မှားတယ်ဗျ အဲဒီသတင်းက။ အကျဉ်းထောင်မှာပဲ”ဟု CNI သို့ ပြောသည်။

သြစတေးလျနိုင်ငံသား စီပွားရေးပညာရှင် မစ္စတာရှောင်တာနယ်နှင့်အတူ စွဲဆိုခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မဖြင့် အမှုကို တရားသူကြီး နေမကောင်း၍ ခွင့်ယူသည့်အတွက် ယနေ့ (ဇူလိုင် ၇ ရက်)တွင် မစစ်ဆေးဖြစ်ခဲ့‌‌‌‌ကြောင်း ၎င်း က ပြောသည်။

 ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်က သက်ဆိုင်ရာ တရားရုံးများမှာ တရားစီရင်ပြီးဖြစ်၍ ပြစ်မှုဆိုင်ရာ ဥပဒေများ အရ နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ၎င်းအား သီးသန့် အဆောက်အဦတွင် ကောင်းမွန်စွာ ထားရှိထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ ကို ပြောကြားခဲ့သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှု များအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
နေပြည်တော်ရှိ NLD ပါတီရုံးရှေ့တွင် NLD ခေါင်းဆောင်များကိုတွေ့ရစဉ်

NLD ရုံးချုပ် ပြန်ဖွင့်ရေး ကြိုးစားခြင်းမှာ တရုတ်သဘောထားဟု ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1739

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရုံးများပြန်ဖွင့်ရေး ကြိုးစားခြင်းမှာ တရုတ်၏ သဘောထားနှင့် ဆိုင်လိမ့်မည်ဟု ယူဆ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစက အနေဖြင့် NLD ပါတီကို မဖျက်သိမ်းဘဲ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ပြချင်သည့် သဘောထားဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “အဲဒီကိစ္စက တရုတ်ပြည်ရဲ့ သဘောထားနဲ့ ဆိုင်ပါလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့ တရုတ်ပြည်က ၂၀၀၈ အခြေခံဥပဒေ ဆက်လက်ကိုင်ဆွဲဖို့ တိုက်တွန်းတယ်။ နောက်တစ်ခုက NLD ပါတီကို ဖျက်သိမ်းတာကို မလိုလားတဲ့ သဘောထား၊ မစ္စတာ ဆွန်ကော်ရှန် လာတုန်းက သဘောထားတွေ ဖော်ပြခဲ့တယ်။ အဲဒီလို သဘောထားတွေ ဖော်ပြထားတဲ့အတွက် ဒီစစ်အစိုးရဘက်ကလည်း NLD ပါတီကို သူတို့ မဖျက်ဘူး။ NLD ပါတီ ဆက်လက် တည်ရှိခွင့် ရှိတယ်ဆိုတာ ဖော်ပြချင်တဲ့ သဘောထားနဲ့ ဒီလုပ်ငန်းတွေ NLD ပါတီ တည်ရှိကြောင်းကို ပြဖို့အတွက် ယနေ့ လုပ်ငန်းတွေ လုပ်တယ်လို့ ကျ‌နော်တော့ ယူဆပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

NLD ပါတီရုံးအား ဖွင့်လှစ်ရန် ကြံစည်သူများ၏ လုပ်ရပ်အား ခွင့်မပြုကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ပါက တရား ဥပဒေကြောင်းအရ အ‌ရေးယူမည်ဟု ဦးအောင်ကြည်ညွန့်တို့ ဖွဲ့စည်းထားသည့် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ခဲ့သည်။

 ရန်ကုန်ရှိ NLD ပါတီရုံးချုပ်

အဆိုပါ ထုတ်ပြန်ချက်တွင် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော ပါတီရုံးများနှင့် အဖွဲ့ဝင်များကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေချိန်၌ ပြည်သူ့ဆန္ဒနှင့် သွေဖီဆန့်ကျင်လျက် အဖွဲ့ချုပ်ရုံးများအား နည်းမျိုးစုံ ဖြင့် အကြောင်းပြ၍ ရုံးခန်း အဆောက်အဦများ ဖွင့်လှစ်ရန် ကြံစည် ကြိုးပမ်းနေကြသူများ၏ လုပ်ရပ်အား (လုံးဝ)ခွင့်ပြုခြင်း မရှိ ခွင့်မပြုပါကြောင်းနှင့် အဖွဲ့ချုပ်ရုံးခန်း အဆောက်အဦများ အတွင်းသို့ ခွင့်ပြုချက်မရှိပဲ ကျူးလွန် ဝင်ရောက်လာပါကလည်း တရားဥပဒေကြောင်းအရ လည်းကောင်း၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင် ရွက် သွားမည် ဖြစ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်” ဟု ဖော်ပြထားသည်။

လက်ရှိ တိုင်းပြည်အာဏာကို ရယူထားသည့် အဖွဲ့အစည်းအနေဖြင့် အမိန့်အာဏာဖြင့် လုပ်လို့မရကြောင်း ရခိုင်အမျိုးသား ပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနကို ပြောသည်။

“အဲဒါကတော့ ပါတီတစ်ခုရဲ့ ရပ်တည်ချက်က မိမိတို့ရဲ့ Free Consent ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒ၊ နောက်တစ်ခုက ပါတီရဲ့ ခံယူချက်၊ ရည်ရွယ်ချက် မူဝါဒတွေနဲ့ လုပ်ရတာပဲ။ အဲဒီတော့ တိုင်းပြည်မှာ အာဏာယူထားတဲ့ အဖွဲ့အစည်းတစ်ခုကနေ ဒါလုပ်ပါဆိုလို့ အမိန့်အာဏာနဲ့ ပေးလို့ကတော့ အဲဒီလို လုပ်လို့ရတဲ့ ကမ္ဘာပေါ်မှာ ထုံးစံဆိုတာတော့ ကျ‌နော်တို့ မတွေ့ဖူးသေးဘူးဆရာ” ဟု ပြောသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံရေးပါတီတစ်ခုကို အာဏာနှင့် တည်ဆောက်ရမည်ဟု မပါရှိကြောင်း ၎င်းက ပြောသည်။

NLD ထောက်ခံကြသူများ အောင်ပွဲခံနေစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အရပ်သားအစိုးရကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို ရယူပြီး‌နောက် NLD ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီကိုယ်စားလှယ်များ၊ ပါတီဝင် ၆၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း NLD ၏ ထုတ်ပြန်ချက်အရ သိရသည်။

လတ်တလော သတင်းများထွက်ပေါ်နေသည့် NLD ပါတီရုံး ပြန်ဖွင့်ရေး ကြိုးပမ်းနေသူများဆိုသည်မှာ မည်သူ (သို့မဟုတ်) မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း တိတိကျကျ ထုတ်ဖော်ရေးသားထားခြင်း မရှိသည်ကို တွေ့ရသည်။

တခြားတစ်ဖက်မှာတော့ NLD ပါတီအတွင်းမှာ ပြည်တွင်းရှိ NLD ခေါင်းဆောင် တချို့က ပါတီဆက်လက် ရှင်သန်နေရေး ကြိုး ပမ်းနေမှုအပေါ် နွေဦးတော်လှန်ရေးအရ ပြည်ပသို့ ထွက်ခွာ၍ ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် NLD ပါတီ ခေါင်းဆောင် တချို့နှင့် သဘောထား ရပ်တည်ချက်များ ကွဲလွဲနေခြင်းကြောင့် အထက်ပါ ထုတ်ပြန်ချက် ထွက်လာခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ အီရန်ရေနံကို အဓိကဝယ်ယူသူအဖြစ် ဆက်လက်တည်ရှိနေသည့် တရုတ်နိုင်ငံရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ၂၀၂၂ ခုနှစ် မတ်လက မြင်တွေ့ရစဉ်(ဓါတ်ပုံ-အေအက်ဖ်ပီ)

အီရန်ရေနံရောင်းသည့်ကွန်ရက်ကို အမေရိကန်ပိတ်ဆို့အရေးယူ

By CNI
CNI
Category: စီးပွားရေး
Hits: 1654

CNI International News

ဝါရှင်တန်၊ ဇူလိုင် ၇

အရှေ့အာရှသို့ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော အီရန်ရေနံဓါတုပစ္စည်းများ တင်ပို့ရောင်းချခြင်းဖြင့် အီရန်အစိုးရသည် ရေနံပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်လိုက်သည့်အတွက် ၎င်းနှင့် ဆက်စပ်ရောင်းချရာ နိုင်ငံတကာ ကွန်ရက်များ၏ပိုင်ဆိုင်မှုများကိုပါ ဆိုင်းငံ့စေလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပိတ်ဆို့အရေးယူမှုသည် အီရန်အစိုးရပိုင်ကုမ္ပဏီ၊ ထရေလိုင်းယန့်ကုမ္ပဏီ (Trilliance)တို့နှင့်ဆက်စပ်၍ တရုတ်နှင့်အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)တို့ကို ပစ်မှတ်ထားလုပ်ဆောင်ခြင်းဖြစ်သည်။ ထရေလိုင်းယန့်သည် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အီရန်နှင့်ဆက်ဆံမှုရှိသဖြင့် အမေရိကန်၏ ပိတ်ဆို့ အရေးယူများ ခံနေရသည်။

ဝါရှင်တန်သည် ပြီးခဲ့သည့် ဇွန်လ၌ အီရန်ရေနံဓါတုပစ္စည်းများ ထုတ်လုပ်သူများအပြင် အိန္ဒိယနှင့်တရုတ် ပွဲစားများ ကိုပါ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

အီရန်၏နျူကလီးယားအစီအစဉ်ကို ဟန့်တားရန်အတွက် ၂၀၁၅ ခုနှစ်က သဘောတူညီချက်ကို ပြန်လည် အသက် သွင်းရန် စေ့စပ်ညှိနှိုင်းနေချိန်၌ အမေရိကန်ဘက်မှ အီရန်အပေါ် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများနှင့် ဖိအားများ တိုးလာခဲ့ခြင်း ဖြစ်သည်။

 “ပူးတွဲဘက်စုံလုပ်ဆောင်ချက် အစီအစဉ်များ လိုက်နာဖို့ အပြန်အလှန်ဆွေးနွေးကြရင်း အီရန်နှင့် သဘော တူညီ ချက်တစ်ရပ်ရရှိရန် အမေရိကန်က ကတိပြုထားသော်လည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ရေးအတွက် မိမိတို့ အခွင့်အာဏာများကို ဆက်လက်အသုံးချသွားမည်” ဟု အဆိုပါနျူကလီးယားသဘောတူညီချက်ကို ရည်ညွှန်း လျက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အစ္စရေးနှင့် ဆော်ဒီအာရေဗျသို့ လာမည့်သီတင်းပတ်တွင် သမ္မတဂျိုးဘိုင်ဒန်၏ ခရီးစဉ်စတင်ရန် မျှော်မှန်းထား ချိန် ဇူလိုင် ၆ ရက်၌ အထက်ပါ ထုတ်ပြန်ချက်ကြေညာချက် ထွက်ရှိလာခဲ့သည်။ အမေရိကန်သည် အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ထိန်းချုပ်ဟန့်တားရန်မှာ ၎င်း၏အစီအစဉ်များထဲ၌ ထိပ်ဆုံးတွင် ထားရှိသည်။

ထရေလိုင်းယန့်ကုမ္ပဏီ၏လုပ်ငန်းလည်ပတ်မှုတွင် စီမံခန့်ခွဲပေးသည်ဟု စွပ်စွဲခံရထားသူ အိန္ဒိယနိုင်ငံသား မိုဟာမက်ရှီဟီးရက်ခ်နော့ဒင်ဘီဟိုး (Mohammad Shaheed Ruknooddin Bhore) နှင့် တရုတ်အခြေစိုက်ပွဲစား ဂျက်ဂါအို (Jeff Gao) တို့ကိုလည်း အမေရိကန်၏ပိတ်ဆို့အရေးယူသည့်စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

ယခု ပိတ်ဆို့အရေးယူမှုများအရ ၎င်းတို့၏ အမေရိကန်နိုင်ငံတွင် ထားရှိသော ပိုင်ဆိုင်မှုများနှင့် အကျိုးစီးပွား အားလုံးကို ဆိုင်းငံ့စေလိုက်ပြီး အမေရိကန်အခြေစိုက် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် ၎င်းတို့နှင့် စီးပွားရေးအရ ထိတွေ့ဆက်ဆံခြင်းကိုပါ ပိတ်ပင်လိုက်ပြီဟု သိရသည်။

Source: AFP, Bangkok Post

 

 

 

 

Share
Tweet
Share
Share
powered by social2s
နုတ်ထွက်သွားတဲ့ မူခါတာအေဘတ်နာကွီ (GETTY IMAGES)

မွတ်ဆလင် လွှတ်တော်အမတ် ကင်းမဲ့သွားသည့် အိန္ဒိယအာဏာရပါတီ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1810

CNI International News

နယူးဒေလီ၊ ဇူလိုင် ၇

ပြည်ထောင်စုဝန်ကြီးတစ်ဦး နုတ်ထွက်ခြင်းဖြင့် အိန္ဒိယ၏ အာဏာရပါတီ သမိုင်းတလျှောက် ပထမဆုံးအကြိမ် မွတ်ဆလင် လွှတ်တော်အမတ် ကင်းမဲ့သွားသည့်အဖြစ်သို့ ရောက်ရှိသွားကြောင်း အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

လူနည်းစုရေးရာဝန်ကြီးဖြစ်သည့် မူခါတာအေဘတ်နာကွီ (Mukhtar Abbas Naqvi) သည် လွှတ်တော်အမတ်အဖြစ် သက်တမ်းမကုန်ဆုံး တစ်ရက်အလို ဇူလိုင် ၆ ရက်တွင် နုတ်ထွက်သွားခဲ့သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သည့် အဆိုပါ လွှတ်တော်အမတ်သည် ဝန်ကြီးချုပ် နရိန္ဒရာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP ပါတီတွင် လွှတ်တော်အမတ် ၄၀၀ နီးပါး ရှိသည့်အနက် တစ်ဦးတည်းသော မွတ်ဆလင်ဝန်ကြီး ဖြစ်သည်။

BJP ပါတီသည် ၂၀၁၄ ခုနှစ် အာဏာရလာစဉ်ကတည်းက လူနည်းစု အသိုင်းအဝိုင်းကို ဖိနှိပ်သည့် စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ ရပြီးနောက် ယခုကဲ့သို့ လွှတ်တော်အမတ်နှင့် မွတ်ဆလင်ဝန်ကြီးဖြစ်သူ မူခါတာအေဘတ်နာကွီ နုတ်ထွက်သွားခဲ့ခြင်း ဖြစ် သည်။

အစ္စလာမ် ဆန့်ကျင်ရေး သဘောထား မှတ်ချက်ပေးနေသည့် အစိုးရတာဝန်ရှိသူတစ်ဦးအပေါ် တကမ္ဘာလုံးက အမြင်စောင်းနေ ချိန်၌ BJP ပါတီသည် အိန္ဒိယ၏ ဒုတိယသမ္မတရာထူးအတွက် နာကွီကို ထည့်သွင်းစဉ်းစားဖွယ်ရာ ရှိသည်။

  မိုဒီနဲ့အတူ တွေ့ရတဲ့ ဒရော့ပသီမာမူ (GETTY IMAGES)

လက်ရှိသမ္မတ အမ်ဗန်ကိယာ့နိုင်ဒူ (M Venkaiah Naidu) ၏ ရာထူးသက်တမ်းသည် လာမည့် ဩဂုတ် ၁၀ ရက်တွင် ကုန်ဆုံး မည်ဖြစ်ပြီး ဒုတိယသမ္မတ ရွေးကောက်ပွဲများကို ဩဂုတ် ၆ ရက်တွင် ကျင်းပပေးရန် စီစဉ်ထားသည်။

ပြီးခဲ့သည့်လတွင် BJP ပါတီသည် သမ္မတရာထူး လျာထားခြင်းအတွက် ဒရော့ပသီမာမူ (Droupadi Murmu) ကို ရွေးကောက် ပွဲ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သည်။

အကယ်၍ မာမူ အနိုင်ရခဲ့လျှင် ၎င်းသည် အိန္ဒိယ၏ပထမဆုံး လူမျိုးစုတစ်စုထဲမှ နိုင်ငံရေးသမားအနေဖြင့် တင်မြှောက်ခံရသူ အမျိုးသမီးခေါင်းဆောင် ဖြစ်လာမည်ဟု သိရသည်။

အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်နှင့် ၎င်း၏အစိုးရအဖွဲ့က အုပ်ချုပ်ရေးအာဏာကို ဆုတ်ကိုင်ထားပြီး သမ္မတ နှင့် ဒုတိယသမ္မတများအတွက် အခမ်းအနားဆိုင်ရာ ကဏ္ဍကိုသာ ပေးထားသည်။

“ကမ္ဘာ့အကြီးဆုံး နိုင်ငံရေးပါတီ” ဟု အခိုင်အမာ ပြောထားသည့် မိုဒီ၏ BJP တွင် လူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက် သော အောက်လွှတ်တော်အမတ် ၃၀၁ ဦးအထိ ရှိသည်။

မွတ်ဆလင်ဝန်ကြီး နာကွီ ယခုနုတ်ထွက်လိုက်ခြင်းဖြင့် လက်ယာယိမ်း BJP ပါတီ၏ အထက်လွှတ်တော်ထဲတွင် မွတ်ဆလင် အမတ် လုံးဝကင်းမဲ့သွားပြီ ဖြစ်သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘလင်ကင်က ရုရှားကို ဖိအားပေးရန် G-20 အား တိုက်တွန်း၊ ယူကရိန်းအရေး တရုတ်ကို သတိပေး

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s

စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှု သေချာစေရေးဆောင်ရွက်သွားမည်ဟု NUG ပြော

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1445

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး ယခု နွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ (ဇူလိုင် ၇ ရက်) ထုတ်ပြန် ပြောကြားလိုက်သည်။

ယနေ့ (ဇူလိုင် ၇ ရက်)သည် ဆဲဗင်းဂျူလိုင်နေ့ဖြစ်ပြီး ထိုအထိမ်းအမှတ်နေ့နှင့်ပတ်သက်ပြီး NUG က ထုတ်ပြန်၍ အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

NUG က “သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏ အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ  ၂၁ ရာစု အထိ ဆက်လက် ကျူးလွန်နေကြခြင်းမှာ ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားပေသည်”ဟု ပြောသည်။

ထို့နောက် NUG က ယနေ့ (ဇူလိုင် ၇ ရက်)သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ် ကို တပ်ဦးမှ တော်လှန်ခဲ့ကြသော ကျောင်းသားလူငယ်သူရဲကောင်းများစွာ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေတွင် ကျောင်းသားတို့ သွေးမြေခခဲ့ရသည့် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ်(၆၀) ပြည့်မြောက်သည့် အခါသမယ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာ့သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသည့် လက်နက်မဲ့ကျောင်းသားလူငယ်များကို လက်နက်ဖြင့် အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို အပြီးသတ်အမြစ်ဖြတ်၍ နောင်အနာဂတ်တွင် မည်သည့် အခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးနှင့် ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေး အရေးယူခံရမှုကို သေချာစေရေး ယခုနွေဦးတော်လှန်ရေးတွင် ရည်မှန်းချက်ထားကာ ကျောင်းသားထု၏ သမဂ္ဂစိတ်ဓာတ်၊ ပြည်သူလူထု တစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဋ္ဌာန်ပြုအပ် ပါသည်ဟု NUG က ထုတ်ပြန်ခဲ့သည်။

 

Share
Tweet
Share
Share
powered by social2s

၂၀၂၃ ရွေးကောက်ပွဲကို အာဆီယံအထူးကိုယ်စားလှယ်က လက်ခံဟုပြော

By CNI
CNI
Category: Watch TV
Hits: 908

Share
Tweet
Share
Share
powered by social2s

တိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော်များကို KNDF အလေးပြုသင်္ဂြိုဟ်

By CNI
CNI
Category: Watch TV
Hits: 903

Share
Tweet
Share
Share
powered by social2s

သေဆုံးခဲ့သူအလောင်း ပြန်မရ၍ မြန်မာရဲကင်းကို အိန္ဒိယဘက်က မီးရှို့

By CNI
CNI
Category: Watch TV
Hits: 896

Share
Tweet
Share
Share
powered by social2s
  • 93
  • 94
  • 95
  • 96
  • 97
  • 98
  • 99
  • 100
  • 101
  • 102

Page 98 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar