CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာအယ်လ်ဘာဟန်(ဓါတ်ပုံ-အေအက်ဖ်ပီ)

နိုင်ငံရေးဆွေးနွေးမှုမှ စစ်တပ်ထွက်မည်ဟု ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1650

CNI International News

ခါတွမ်း၊ ဇူလိုင် ၅

စစ်တပ်သည် အရပ်သားအစိုးရအတွက် လမ်းဖွင့်ပေးမည်ဖြစ်သဖြင့် လက်ရှိနိုင်ငံရေးဆွေးနွေးပွဲမှ နုတ်ထွက်ပြီး နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့များကို အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့ခွင့်ပြုမည်ဖြစ်ကြောင်း ဆူဒန်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်ဖာအယ်လ်ဘာဟန် (Abdel Fattah al-Burhan) က ပြောကြား ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

ဇွန်လ ၃၀ ရက်ကတည်းက ခါတွမ်းမြို့တော်တဝိုက် စစ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ တောင်းဆိုသည့် ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ယခုသီတင်းပတ် ဇူလိုင်လ ၄ ရက်တွင် အထက်ပါအတိုင်း ဆူဒန် စစ်ဗိုလ်ချုပ် ကြီး၏ ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။

ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့၏ဖြိုခွင်းမှုကြောင့် လူ ၉ ဦးသေ၍ အနည်းဆုံး ၆၂၉ ဦးဒဏ်ရာရခဲ့ကြောင်း ဆူဒန် ဆရာဝန်များကော်မတီက ပြောကြားခဲ့သည်။

“မိမိတို့လက်နက်ကိုင်တပ်ဖွဲ့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းတွင် ရပ်တည်မည် မဟုတ်ကြောင်း၊ ဆူဒန်ပြည်သူများအနေဖြင့် ၎င်းတို့ကို အုပ်ချုပ်မည့်သူများအား ရွေးချယ်သည့် ရွေးကောက်ပွဲ ဖြစ်မြောက် ရန်အတွက် စစ်တပ်၏ကတိကဝတ်ကို အခိုင်အမာပြုပါကြောင်း” အယ်လ်ဘာဟန်က ရုပ်သံလိုင်းမိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

မိမိဦးဆောင်သည့် လက်ရှိအချုပ်အခြာအာဏာပိုင်ကောင်စီသည် အစိုးရသစ်ဖွဲ့စည်းပြီးသည့်အခါ ဖျက်သိမ်းမည် ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ ခါတွမ်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့က စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို တွေ့ရစဉ်(ဓါတ်ပုံ- Anadolu Agency)

အစိုးရသစ်ဖွဲ့စည်းပြီးသည့်အခါ မိမိတို့က စစ်တပ်အဆင့်မြင့်ကောင်စီဖွဲ့စည်း၍ လုံခြုံရေးနှင့်ကာကွယ်ရေး တာဝန် များကို အစိုးရနှင့်သဘောတူညီယူကာ ဆက်စပ်တာဝန်များအဖြစ် ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမှ စစ်တပ်နုတ်ထွက်ရခြင်းမှာ နိုင်ငံရေးနည်းလမ်းဖြင့် အစိုးရဖွဲ့နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများအတွက် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ ပြန်တင်ပေးနိုင်ရန် အလေး အနက်ဆွေးနွေးမှုများ ချက်ချင်းစတင်ရန် အယ်လ်ဘာဟန်က တောင်းဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုရလဒ်များကို အကောင်အထည်ဖော်သွားရန် ဆူဒန်စစ်တပ်က ကတိပြုထားသော်လည်း အနာဂတ်နိုင်ငံရေးအခန်းကဏ္ဍတွင် စစ်တပ်က မည်မျှပါဝင်မည်ကိုမူ ရှင်းရှင်းလင်းလင်း မပြောကြားခဲ့ပေ။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆူဒန်နိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဏာပိုင်များသည် အပတ်စဉ်လမ်းပေါ်ထွက် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ရာ ကလေးသူငယ် ၁၈ ဦးအပါအဝင် ၁၁၃ ဦးအထိ အသေ အပျောက်ရှိခဲ့သည်။

ဆန္ဒပြသူများအနေဖြင့် စစ်တပ်ကို အာဏာဆက်လက်မတည်မြဲစေလိုတော့ကြောင်း အယ်လ်ဂျာဇီးယား သတင်းထောက် ဟီဘာမော်ဂန်က ဆူဒန်မြို့တော် ခါတွမ်းမှ သတင်းပေးပို့ထားသည်။

ယခု ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်၏ကြေညာချက်သည် စစ်တပ်ဆန့်ကျင်သည့် ဆန္ဒပြသူများကို ကျေနပ် နှစ်သိမ့်မှုမပေးနိုင်ကြောင်း မော်ဂန်က သတင်းသုံးသပ်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုသိမ်တပ်နယ်တွေ့ဆုံပွဲတွင် တွေ့ရစဉ်

အမျိုးသားနိုင်ငံရေးဦးဆောင်မှုတွင် ဆက်လက်ပါဝင်နေရမည်ဟု တပ်ချုပ်ပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1565

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရမည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ဇူလိုင် ၄ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “လက်ရှိ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တပ်မတော်မှဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး မိမိတို့အနေဖြင့် နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ တွင် ဆက်လက် ပါဝင်နေရမည်ဖြစ်ပြီး လုပ်သင့် လုပ်ထိုက်သည်များကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက် ဆောင်ရွက်နေရ မည်”ဟု ပြောသည်။

ထို့နောက် မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပုသိမ်တပ်နယ်တွေ့ဆုံပွဲတွင် တွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “ ဒီဟာတော့ ကျနော်တို့ အစောပိုင်းကတည်းကပေါ့။ ဒီ ၂၀၀၈ အခြေခံဥပဒေမှာ လည်း သူတို့က အတိအလင်း ပြောထား တယ်။ ၂၀၀၈ အခြေခံဥပဒေအတိုင်း ဆက်သွားမယ်ဆိုရင် တပ်မတော်က နိုင်ငံ ရေးမှာ ဆက်လက် ပါဝင်နေမယ်ဆိုတာကို အတည်ပြု လက်ခံထားတဲ့သဘောပေါ့ဗျာ။ အဲလိုသက်ရောက်တာပေါ့။ သူတို့ ကတော့ တပ်မတော်က နိုင်ငံရေးက ထွက်ခွာ ဖို့ လိုအပ်တယ်ဆိုတာတော့ အသိအမှတ်ပြုထားတယ်။ လိုအပ်တယ်။ ဒါပေမယ့် တိုင်းပြည်က ပြိုကွဲမယ် အန္တရာယ် မရှိ တော့ဘူး။ ငြိမ်းချမ်းတဲ့ အချိန်ရောက်မှလို့ ပြောတယ်။ အဲဒါက ကျနော်တို့ ကာလ အပိုင်းအခြားနဲ့တော့ မပြောဘူး၊ NLD ကတော့ တပ်မတော် နိုင်ငံရေးက ထွက်ခွာဖို့အတွက် ကာလအပိုင်းအခြား သတ်မှတ်ချက်နဲ့ အဲဒါကြောင့် ပြီးခဲ့တဲ့ လွှတ် တော် ကာလတုန်းက NLD က အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်က အဆင့်လိုက် အဆင့်လိုက် ထွက်ခွာဖို့ အရေ အတွက်တွေ လျှော့ချဖို့ ပြင်ဆင်ချက်အဆိုတင်ခဲ့တာပေါ့နော်”ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ (စ)တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကတော့ တပ်မတော် နိုင်ငံရေးကနေ နောက်ဆုတ်ပေးရန် လိုအပ်ကြောင်း ပြောသည်။

ထို့နောက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစိုက် ပါဝင်နိုင်ရေးဆိုသော စကားရပ်အစား သင့်တော်သည့် အချိန်တွင် ထွက်ခွာရန် သို့မဟုတ် သင့်တော်သည့် အချိန်အထိ ပါဝင် ခွင့်ပြုကြောင်း ပြင်ဆင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက မျှော်လင့်နေကြသည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

နှစ်နှစ်အတွင်း ထိုင်းအစိုးရ အချိုးအကွေ့ဖြစ်မည်ဟု ဝန်ကြီးချုပ်ဟောင်းပြော

By CNI
CNI
Category: Watch TV
Hits: 915

Share
Tweet
Share
Share
powered by social2s

လောင်စာဆီနှင့်ငွေသားမရှိ၍ သီရိလင်္ကာစာသင်ကျောင်းများ ပိတ်ထား

By CNI
CNI
Category: Watch TV
Hits: 852

Share
Tweet
Share
Share
powered by social2s

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၇၄ သန်းဖိုး ဩစတြေးလျကြေညာ

By CNI
CNI
Category: Watch TV
Hits: 836

Share
Tweet
Share
Share
powered by social2s

ဒေါ်အောင်ဆန်းစုကြည်နှင့် နစက တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်

By CNI
CNI
Category: Watch TV
Hits: 877

Share
Tweet
Share
Share
powered by social2s
ကျောက်ကြီးဒေသအတွင်းက တိုက်ပွဲရှောင်များ (KNU)

တိုက်ပွဲကြောင့် ကျောက်ကြီးဒေသမှာ တိုက်ပွဲရှောင်သူ သုံးသောင်းကျော်ရှိလာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1974

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဘက်တွင် တပ်မတော်နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် အနီးနားရှိ ကျေးရွာများမှ ဒေသခံ ၃၉၄၂၈ ဦး တိုက်ပွဲရှောင်နေကြ ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ခဲ့သည်။

KNLA သည် KNU ၏စစ်ရေး လက်အောက်ခံ အဖွဲ့အစည်းဖြင့်ပြီး ဇူလိုင် ၂ ရက်က ကျောက်ကြီးမြို့နယ်အတွင်းရှိ တပ်မတော် စခန်း ၅ ခုကို တပ်မဟာ(၃) KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

KNU က “ တိုက်ခိုက်သိမ်းယူမှုနှင့် ပတ်သက်၍ စခန်းသိမ်း တိုက်ပွဲနှင့် နီးသည့် ကျေးရွာများသည် ဘေးလွတ်ရာသို့ ထွက် ပြေး တိမ်းရှောင်လျက်ရှိသည်။

ကျောက်ကြီးဒေသအတွင်းက တိုက်ပွဲရှောင်များ (KNU)

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်မှ သိမ်းယူထားသည့် တပ်စခန်း များကို ပြန်လည် ရယူရန်အတွက် လေကြောင်းစစ်ကူဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ် မှုကြောင့် ဒေသခံပြည်သူများ ကြောက်လန့်လျက်ရှိပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်”ဟု ပြော သည်။

ထို့နောက် ဇူလိုင် ၃ ရက်နေ့မှစ၍ ရရှိထားသည့် စာရင်းများအရ ကျေးရွာပေါင်း ၂၆ ရွာမှ လူဦးရေ ၃၉၄၂၈ ဦး ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ ခမရ ၅၉၀ ရေအိုးစဉ် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း ထိုထုတ်ပြန် ချက်ဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဥကရစ်ထ စခန်း သိမ်းနိုင်ရေးအတွက် KNLA နှင့် PDF ပူးပေါင်းအဖွဲ့ များက တိုက်ခိုက်လျက်ရှိပြီး အနီးနားရှိ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဝန်ကြီးချုပ် ပရာယွက်ချန်အိုချာ

နှစ်နှစ်အတွင်း ထိုင်းအစိုးရ အချိုးအကွေ့ဖြစ်မည်ဟု ဝန်ကြီးချုပ်ဟောင်းပြော

By CNI
CNI
Category: နိုင်ငံရေး
Hits: 1486

CNI International News

ဘန်ကောက်၊ ဇူလိုင် ၄

ထိုင်းနိုင်ငံ၊ အမျိုးသား စာနယ်ဇင်းကောင်စီ၏ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် အနာဂတ်ရေးရာ နှီးနှောဖလှယ် ပွဲတွင် မစ္စတာအဘီဆစ်က ယခုနှစ်နှစ်တာ ကာလသည် ထိုင်းအစိုးရအတွက် အရေးကြီးသော အချိုးအကွေ့ဖြစ်လာမည်ဟု ဟောကိန်းထုတ်ခဲ့သည်။

ထိုင်းနိုင်ငံတွင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသော်လည်း ဝန်ကြီးချုပ် ပရာယွက်ချန်အိုချာ၏ အစိုးရသည် ၎င်းရာထူး သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက်ရပ်တည်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် (Abhisit Vejjajiva)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြသည်။

“လက်ရှိအစိုးရနဲ့ ဝန်ကြီးချုပ်ဟာ သူတို့ရဲ့ သက်တမ်းအပြီးအထိ ဆက်ရှိနေမယ်လို့ ယုံကြည်ပါတယ်” ဟု အဘီဆစ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ လက်ရှိအစိုးရ၏သက်တမ်းမှာ လာမည့်နှစ် မတ်လမတိုင်ခင် ကုန်ဆုံးတော့မည်ဖြစ်သည်။ သို့သော် အစိုးရနှင့် ဝန်ကြီးချုပ်တို့က ရွေးကောက်ပွဲကို စောစောစီးစီး ကျင်းပပေးမည့် အလားအလာတော့ မတွေ့ရသေးပေ။

“အစိုးရသက်တမ်းက တစ်နှစ်တောင် မပြည့်တော့တဲ့ ကာလပဲ ကျန်တဲ့အချိန်မှာ အစိုးရကို လူကြိုက်နည်းစေမယ့် စီးပွားရေးနဲ့ လူမှုရေး ပြဿနာတွေကနေ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်” ဟု ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဟောင်းဖြစ်သူ အဘီဆစ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အဘီဆစ်

“တစ်ချိန်တည်းမှာပဲ အစိုးရအနေနဲ့ ပြဿနာတွေ ထပ်မံရင်ဆိုင်ရလိမ့်မယ်လို့ အတိုက်အခံတွေက ယုံကြည်တဲ့အတွက် မြန် မြန်ဆန်ဆန် ကိုင်တွယ်ဖို့ မလိုပါဘူး။ အထူးသဖြင့် ဖူထိုင်းပါတီကတော့ လာမယ့် ရွေးကောက်ပွဲကျရင် အတိုက်အခံ ဘက်က နေ အသာစီးရမှာဗျ” ဟု အဘီဆစ်က မှန်းဆ ပြောကြားခဲ့သည်။

ဘူဂျေထိုင်း (Bhumjaithai) ပါတီသည် လာမည့် ရွေးကောက်ပွဲအပြီး အစိုးရသစ် ဖွဲ့စည်းချိန်အထိ အဓိကကျသည့် နေရာ၌ ဆက်လက် တည်ရှိနေမည် ဖြစ်သည့်တိုင်အောင် အာဏာရ ပါတီတစ်ရပ်အနေဖြင့် ယခင် ရွေးကောက်ပွဲများကဲ့သို့ နေရာ အများစု အနိုင်ရရေး အထောက်အကူဖြစ်စေမည့် အောက်လွှတ်တော် အမတ်နေရာများကို ပုံသေတွက်ချက်ခြင်း မပါဝင်ဘဲ ရွေးကောက်ပွဲ စည်းမျဉ်းကို ပြန်လည် ပြင်ဆင်မိခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

သို့သော်လည်း အစိုးရအဖွဲ့ သက်တမ်း ကုန်ဆုံးတော့မည့် ကိစ္စသည် အထက်လွှတ်တော်(ဆီးနိတ်)က ဝန်ကြီးချုပ် ရွေး ကောက် တင်မြှောက်ရာတွင် လွှတ်တော်အမတ်များ ပါဝင်ခွင့်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၇၂ နှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း မစ္စတာအဘီဆစ်က ပြောကြားခဲ့သည်။

(ဒီမိုကရက်တစ်ပါတီ) ခေါင်းဆောင် အဘီဆစ်သည် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ၂၇ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် အာဏာရ ခဲ့ဖူးသည်။

Source: Bangkok Post

 

 

 

Share
Tweet
Share
Share
powered by social2s
ဝမ်ယိနဲ့ ပရတ်ဆိုခွန်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ရစဉ်

မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ တရုတ်က အချက် ၃ ချက် ချပြဆွေးနွေး

By CNI
CNI
Category: နိုင်ငံရေး
Hits: 1549

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော သွေးမြေကျနေသည့် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် ပြည်သူများထံ အာဏာပြန်လည် အပ်နှင်းနိုင်ရေး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အချက် ၃ ချက် ချပြ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (ဇူလိုင် ၄ ရက်) ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် ဇူလိုင် ၃ ရက်က ပုဂံမြို့မှာ တွေ့ဆုံစဉ် ချပြ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဝမ်ယိက “ပထမအချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေ မူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည် သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့် သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အသီးသီးက နိုင်ငံ၏ အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန် နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်း ဆီလျော် သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေး သည်”ဟု ပြောသည်။

ဝမ်ယိနဲ့ ပရတ်ဆိုခွန်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃ ရက်က တွေ့ရစဉ်

ထို့နောက် ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည် အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူ တွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏဆောင်သော နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။

ဝမ်ယိက “တတိယအချက်အနေဖြင့် အာဆီယံက အာဆီယံနည်းလမ်းကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက် မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှု များကို ဖယ်ရှားပြီး စိတ်ရှည် လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ တူညီဆန္ဒငါးရပ်ကို အပြုသဘောဆောင်စွာ အကောင် အထည်ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှု အခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့် သည်”ဟု ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပနေသော မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံ အထူးကိုယ်စား လှယ်ဖြစ်သူ ပရတ်ဆိုခွန်သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရန် နည်းလမ်းရှာဖွေရန် ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ဝမ်ယိနှင့် ပရတ်ဆိုခွန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဩစတြေးလျ ဝန်ကြီးချုပ်က အန်သိုနီအယ်လ်ဘာနိစ်(ဓါတ်ပုံ-အေပီ)

ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၇၄ သန်းဖိုး ဩစတြေးလျကြေညာ

By CNI
CNI
Category: နိုင်ငံရေး
Hits: 1785

CNI International News

ဆစ်ဒနီ၊ ဇူလိုင် ၄

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီအယ်လ်ဘာနိစ်က ယူကရိန်းနိုင်ငံသို့ နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ ၇၄ သန်းဖိုး ပေးအပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဇူလိုင် ၄ ရက် (ယနေ့) တွင် ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်၌ ဖော်ပြထားသည်။

“ယူကရိန်းသမ္မတ ဗိုလိုဒီမီဘာ ဇာလန်းစကီး ရဲ့ နောက်ထပ်အကူအညီတောင်းခံမှုကို တုံ့ပြန်သော အောက်ဖော်ပြပါ စာရင်းအတိုင်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စစ်ရေးအကူအညီအဖြစ် ဩစတြေးလျဒေါ်လာ ၉၉ ဒသမ ၅ သန်း (အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၈ သန်း) ၊ သံချပ်ကာတင်သင်္ဘော ၁၄ စင်း၊ Bushmaster (ဘွတ်ရှ်မာစတာ) ရွေ့လျားယာဉ် အစီးရေ ၂၀၊ ဩစတြေးလျကာကွယ်ရေးစက်မှုလုပ်ငန်းမှ အခြားစစ်လက်နက် ပစ္စည်းများ၊ ယူကရိန်းအတွက် နေတိုးအဖွဲ့၏ဘက်စုံထောက်ပံ့မှုငွေကြေးတို့ ပေးအပ်ရန် စီစဉ်ထားကြောင်း” ဩစတြေးလျအစိုးရက ကြေညာခဲ့သည်။

သို့ဖြစ်၍ ယူကရိန်းနိုင်ငံသို့ ဩစတြေးလျ၏ စုစုပေါင်းစစ်ရေးအကူအညီသည် ခန့်မှန်းခြေ ဩစတြေးလျဒေါ်လာ ၃၈၈ သန်း (အမေရိကန်ဒေါ်လာ ၂၃၀.၆ သန်း) ရှိသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည် ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

နယ်ခြားစောင့်လုံခြုံရေးကိရိယာများ အဆင့်မြှင့်တင်ရန်၊ ဆိုင်ဘာလုံခြုံရေးမြှင့်တင်ရန်နှင့် နယ်စပ်စစ်ဆင်ရေး တိုးချဲ့ရန်အတွက် ယူကရိန်း၏နယ်ခြားစောင့်တပ်များအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်းတန်ဖိုး ခွဲဝေပေးအပ်သွားရန်လည်း ရှိကြောင်း ဝန်ကြီးချုပ် အယ်လ်ဘာနိစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ဩစတြေးလျသို့ ယူကရိန်းတင်သွင်းကုန်များအတွက် အခွန်ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာ တရားရုံး (ICJ) ၌ ရုရှားကို စွဲဆိုထားသော ယူကရိန်းအမှုအတွက် ယူကရိန်းဘက်မှ ဝင်ရောက်စွက်ဖက်၍ ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ကျနော့်ရဲ့ ကိယက်ဗ်ခရီးစဉ်နဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေ ယူကရိန်းကို လာရောက်မှုတွေဟာ ဩစတြေးလျ လို ဒီမိုကရေစီနိုင်ငံတွေက ယူကရိန်းပြည်သူတွေ လိုအပ်ချိန်မှာ အနီးကပ်အတူယှဉ်တွဲရှိနေမယ်ဆိုတဲ့အကြောင်း အတိအလင်းပြောကြားလိုပါတယ်” ဟု ဝန်ကြီးချုပ် အယ်လ်ဘာနိစ်က အသိပေးပြောကြားခဲ့သည်။

ဩစတြေးလျသည် ရုရှား၏ရွှေသတ္တုတင်သွင်းမှုကို တားမြစ်ရန်ရှိပြီး ရုရှားအစိုးရဝန်ကြီးအချို့ကို ဒဏ်ခတ်ပိတ်ဆို့ မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယူကရိန်းတွင် ဖြစ်ပွားခဲ့သော စစ်ရေးကိစ္စများနှင့် ပတ်သက်၍ ရုရှားနှင့် ဘယ်လာရုစ် သမ္မတနှစ်ဦးအပါအဝင် ၎င်းနှစ်နိုင်ငံမှ နိုင်ငံသား ၈၂၈ ဦးတို့ကို ဩစတြေးလျက ဒဏ်ခတ် ပိတ်ဆို့သည့်စာရင်းထဲသို့ သွတ်သွင်းခဲ့သည်။

၎င်းအပြင် ဩစတြေးလျသည် ရုရှားအဖွဲ့အစည်း ၄၇ ခုကိုလည်း ပိတ်ဆို့အရေးယူခဲ့ပြီး ရုရှားထံမှ လက်နက်နှင့် ခဲယမ်းမီးကျောက်များ၊ ရေနံနှင့်သဘာဝထုတ်လုပ်ရေးကုန်ကြမ်း၊ စက်ကိရိယာများ တင်ပို့ရေး ၊စွမ်းအင်ကဏ္ဍတို့ကို လည်း တားမြစ်ထားသည်။

Source: တာ့စ်သတင်းဌာန

Share
Tweet
Share
Share
powered by social2s
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့် နစက တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1865

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄

နိုင်ငံသူ/ နိုင်ငံသားများ၏ အကျိုးစီးပွားအရ ဒေါ်အောင်ဆန်းစုကြည်နှင့် နစက တို့ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

အကျိုးစီးပွားအရ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်လာနိုင်သလို၊ ရန်ဘက်မှ မိတ်ဖက်လည်း ဖြစ်သွားနိုင်ကြောင်း ၎င်းက ပြော သည်။

ဒေါက်တာအေးမောင်က “ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ မဖြစ်နိုင်ဘူးဆိုတာ မဖြစ်ဘူး။ မဖြစ်နိုင်ဘူးဆိုတာလေ။ မတွေ့ဆုံ ဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ တွေ့ဆုံတာလည်း ဖြစ်နိုင်တာပေါ့။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့လည်း ဆိုင်တာ ကိုးဗျ။ အကျိုးစီးပွားအရ တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်လာနိုင်တာပေါ့။ ရန်ဘက်ကနေ မိတ်ဖက်လည်း ဖြစ်သွားနိုင်တာပေါ့။ မိတ်ဖက်ကနေ ရန်ဖက်လည်း ဖြစ်သွားနိုင်တာပေါ့။ အဲဒါကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအတိုင်း မြန်မာနိုင်ငံ လွတ်လပ်ရေးကို ပွင့်ပွင့်လင်းလင်း ပြောရင်ဗျာ အပြင်မှာတွေ့တာထက် House arrest လုပ်တဲ့ကာလမှာ တွေ့တာက ပိုပြီး ထဲထဲဝင်ဝင် ပိုရှိမှာ ပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် နစကနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးရန် မဖြစ်နိုင်တာ ဘာမျှမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းမှုများ လုပ်နေသလို ပရတ်ဆိုခွန် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။

ဒေါက်တာ အေးမောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုတွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်နေကြောင်း၊ တရားဥပဒေစိုးမှုများ လိုအပ်နေ ကြောင်း၊ ရန်ဖက်များမှ မိတ်ဖက်ဖြစ်ရန် လိုအပ်ကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

၎င်းက “ခုနပြောသလိုပေါ့၊ တည်ငြိမ်အေးချမ်းမှုက လိုတာပေါ့ဗျာ။ ဖွံ့ဖြိုးတိုးတက်မှုက လိုတာပေါ့။ အဲဒီတော့ တည်ငြိမ် အေး ချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုက လိုတာပေါ့ဗျာ။ အဲဒီအတွက် ရန်ဘက် ရန်ခါတွေ အကုန်လုံးက မိတ်ဖက်ဖြစ်ဖို့ လိုတာပေါ့။ အဲဒီလိုဖြစ်ဖို့အတွက် ဆွေးနွေးကြရမှာပေါ့ဗျာ။ ပြဿနာဖြစ်တယ်၊ ပဋိပက္ခဖြစ် တယ်ဆိုရင် အဲဒီ ပဋိပက္ခကို ရပ်နိုင်အောင် ကျနော်တို့ ပထမလုပ်ရမှာပေါ့။ ရပ်ပြီးရင် ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာပြီး ဆွေးနွေးရမှာပေါ့။ အဲဒီတော့ ပဋိပက္ခဟာ ဘယ်လောက် ကြီးကြီးမားမား ဖြစ်နေပြီလဲ၊ လူတစ်စုနဲ့ တစ်စု ဟူဒီတို့ ရဝမ်ဒါတို့လို ဖြစ်နေပြီလား။ အဲလောက်ဖြစ်ဖို့ လိုအပ်လို့လား မာနတွေပေါ့ဗျာ၊ ရပ်တည်ချက်တွေ ငါ၊ ငါဆိုတာလေးတွေ ခဝါချနိုင်ရင် သင်ပုန်းချေနိုင်ရင် ကျနော်တို့ level တစ်ခု၊ Neutral တစ်ခုကို မရောက်နိုင်ဘူးလားပေါ့။ ဒါကို တွေးရမှာပေါ့။ ရေရှည်အတွက် ပါ၊ သမိုင်းကျန်ဖို့ လိုတာပေါ့။ ဒီလိုပဲ သတ်ဖြတ် ပတ်ချာလည်ပြီးမှ ဖွံ့ဖြိုးမှု အနည်းဆုံးနဲ့ ဟိုးငရဲထဲကို ကျသွားစေမှာလားပေါ့။ အဆိုးဆုံး အခြေအနေ ဒါကြီးကို အမှန်လည်းပဲ သုံးသပ်ဖို့ လိုတာပေါ့ဗျာ။ ဖြစ်ပျက်မှန်တွေသည် ဘယ်လို ရှေ့ဆက်သွားကြမှာ လဲ လမ်းကတော့ မမြင်တော့ဘူး။ လမ်းတို့ကို မြင်အောင် ကျနော်တို့ တွေ့ဆုံဆွေးနွေးပြီးမှ ဘယ်ဖက်သွားမှာတုန်း အဲဒီလိုမျိုး တွေကြ ညှိနှိုင်းမှုတွေ လိုအပ်တာပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံကို ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကလည်း နစက အနေဖြင့် အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ရန်တိုက်တွန်းလျက်ရှိသည်။

လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် မဖြေရှင်းနိုင်ကြောင်း၊ အားလုံးပါဝင် ဆွေးနွေးဖြေရှင်းမှသာ ပြေလည်နိုင်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်များက ပြောကြားထားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို နစကမှ ပုဒ်မ ၆ ခုနှင့် ထောင် ၁၁ နှစ် ချမှတ်ထားပြီး စွဲချက်တင် ခံထားရသည့် အမှုများအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပုံ-၂၀၂၂ ခုနှစ်၊ ဧပြီလက ဝမ်ယိနဲ့ ဦးဝဏ္ဏမောင်လွင် တွေ့ဆုံစဉ်

ကုလနှင့်အာဆီယံတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် နစကနှင့် ဝမ်ယိ ဆွေးနွေး

By CNI News
CNI News
Category: နိုင်ငံရေး
Hits: 1631

 

CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃

ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး နစက၏ နိုင်ငံခြားရေးဝန် ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ယနေ့ (ဇူလိုင် ၃ ရက်)တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမမှာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများ မြန်မာနိုင်ငံသို့ ပိုမို တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး စသည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

နစက-က “မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ ကုန်သွယ်မှု ချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့သည်”ဟု ပြောသည်။

ထို့နောက် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးကြသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံ တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နစက ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတွင် ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ ကျင်းပနေသည့် မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက်နေသည်။

 

Share
Tweet
Share
Share
powered by social2s

အမေရိကန်နိုင်ငံသား ၂၉ ရာခိုင်နှုန်းကသာ ၂၀၂၄ တွင် ဘိုင်ဒန် ပြန်အရွေးခံစေလို

By CNI
CNI
Category: Watch TV
Hits: 868

Share
Tweet
Share
Share
powered by social2s

ဆူဒန်ဆန္ဒပြပွဲများအတွင်း လူသေဆုံးမှုရှိခဲ့ပြီး လုံခြုံရေးအရ ဆက်လက်ဖြိုခွင်း

By CNI
CNI
Category: Watch TV
Hits: 859

Share
Tweet
Share
Share
powered by social2s

နိုင်ငံရေးဆွေးနွေးပွဲ ဖန်တီးပေးရန် အာဆီယံအထူးကိုယ်စားလှယ်ကို PPST တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 855

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့စားနပ်ရိက္ခာအခြေအနေ ပူတင်နှင့်မိုဒီ ဆွေးနွေး

By CNI
CNI
Category: Watch TV
Hits: 940

Share
Tweet
Share
Share
powered by social2s
  • 95
  • 96
  • 97
  • 98
  • 99
  • 100
  • 101
  • 102
  • 103
  • 104

Page 100 of 138

  1. You are here:  
  2. Home
  3. နိင်ငံရေး
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar